ဒီလိုနဲ့ စာသင်နှစ် ၂ နှစ်ကုန်သွားတယ်။
နောက် ၂ နှစ်ထပ်တက်ရမှာဆိုပေမယ့်
အခုကတည်းက သတင်းဌာနတွေမှာ ဝင်လုပ်နေပြီ။
အိမ်ကလည်း အဘွားအိမ်မှာပဲ ငှားနေတုန်းပဲ။
ကိုယ့်ဘာသာနေနိုင်ပြီဆိုပေမယ့်
မလိုအပ်ပဲမပြောင်းချင်သေးတာကြောင့်
အဲဒီမှာပဲနေဖြစ်တယ်။
တခါတခါ
ဘာဒါ့အကြောင်းတွေးရင် လူက မှိုင်ကျသွားတယ်။
အခုတော့ ချယ်ယောင်းကို ထားခဲ့ရက်လေခြင်းလို့စိတ်နာနေဦးမလား။
မေ့နေလောက်ပြီလား။
အသစ်တွေ့နေလောက်မလား။
၂နှစ်ဆိုတဲ့ အတိုင်းအတာက လူတစ်ယောက်ကို မေ့ဖို့လုံလောက်တယ်မလား
နောက်လလောက်တော့
koreaကို ပြန်မယ်လို့တွေးထားတယ်။
ဘယ်ကစရမယ်မှန်းမသိပေမယ့်
ဘာဒါ့ကို ကျောင်းပိတ်ရက်တွေတိုင်း သွားရှာမယ်။
တွေ့ရင်ရော..
တွေ့ရင်..
တောင်းပန်ရမှာပေါ့..
အရင်ဆုံး..
ဘာမှမပြောပဲ ထားခဲ့မိလို့..။
အလုပ်သွားဖို့ အပြင်ထွက်လာတော့
အပြင်မှာ အဘွားနဲ့တွေ့တယ်။
''Ariel
အလုပ်သွားတော့မလို့လား''
''ဟုတ်တယ် အဘွား''
''နောက်တပါတ် စနေနေ့ကျ အဘွားမွေးနေ့လေ
သမီးအားတယ်မလား''
''အားတယ်ထင်တယ်အဘွား
ခြံထဲမှာပဲလား''
''ဟုတ်တယ် ခြံထဲမှာပဲ
Maryလည်းပြန်လာမှာလေ''
''ဟုတ်
သမီးဘေးအခန်းက ညီမလေးတွေကို ပြောလိုက်မယ်''
''ရပါတယ် အဘွားနဲ့တွေ့ရင် ပြောလိုက်မယ်''
နောက်တပါတ်က
ဘာဒါ့မွေးနေ့ရှိတယ်။
သောကြာနေ့ September 22nd.
ဆိုတော့ အဘွားက 23rdပေါ့။
ဘာဒါ့မွေးနေ့တိုင်းတော့
ချယ်ယောင်းက ခွင့်ယူတယ်။
ဘုရားကျောင်းသွားတယ်။
ကျန်းမာပါစေဆုတောင်းပေးတယ်။
တနေရာရာမှာထိုင်ပြီး အဝေးကြီးကိုငေးတယ်။
ဝေးနေရတဲ့ ထုထည်တွေကို နည်းလာစေချင်ပြီဆိုပေမယ့်
မှန်းဆလို့မရလောက်အောင်များပြားနေခဲ့ပြီ..
ဘယ်တော့များမှ ပြန်တွေ့ရမှာလဲ..
..........
ဘာဒါတို့ကျောင်းက ၃နှစ်ဆိုပြီးပြီ။
Masterထပ်တက်လို့တော့ရတာပေါ့လေ။
ထပ်တက်ချင်ပေမယ့်
နောက်မှ
မမကိုတွေ့ပြီးမှ
အလုပ်အကိုင်အတည်တကျရှိပြီးမှလို့တွေးတယ်။
အခုတော့ short filmလေးတွေ ရိုက်ဖြစ်နေပြီ။
ဝင်ငွေကတော့ ချိန်ဆနေရတဲ့အထဲတော့မပါတော့ဘူးပေါ့။
ဒီမှာက တော်ရင်တော်သလို တက်လမ်းကအဆင်ပြေတာမို့လို့
ကိုယ့်ဘက်က ကြိုးစားဖို့ပဲလိုတာ။
အခုတော့ ကျောင်းပိတ်ရက်ဆိုပေမယ့်
Maryက မပြန်သေးပဲ
သူ့အဘွားမွေးနေ့ကို လိုက်ခဲ့ပေးဖို့ ဂျီကျနေတာ။
''ငါမအားဘူးလို့ Mary''
''ပြီးတော့မယ်ဆို
သောကြာနေ့ဟိုကိုရောက်ရင်ရပြီ''
''ပြီးတော့မယ်ဆိုပေမယ့်
ဒီကြားထဲ ဘာကိစ္စပေါ်မလဲမသိသေးဘူးလေ
ထပ်ပြင်ရရင် ဘယ်လိုလုပ်မလဲ
ငါ့ကိုစောင့်ရင်း နင်မသွားလိုက်ရရင်ရော''
''ငါရှေ့က သွားနှင့်ရင် နင်က လိုက်လာမှာမဟုတ်တာ ငါသိတယ်
ငါ့အဘွားကို နင်လည်းလိုက်လာမယ်ပြောထားတာလေ
အရင်ကလည်း တခါမှမလိုက်တော့
စောင့်နေရတာပေါ့''
''ငါ ပြီးသွားရင် လိုက်ခဲ့မယ် ကတိပေးတယ်
ရှေ့ကသွားနှင့်''
''မလိုက်လာရင်တော့
ငါပြန်လာရင် ခေါ်ဖို့ပြောဖို့စိတ်မကူးနဲ့တော့''
''အေးပါ သိပါတယ်
ဒီနှစ်မလာလည်း နောက်နှစ်တော့ လိုက်လို့ရတာပဲ''
''ငါ့အဘွားက နင်လာလို့ရအောင် နှစ်တိုင်းမွေးနေ့လုပ်ပေးနေရမှာလား''
''သြော် မလုပ်ရင်တော့မလာဘူးပေါ့''
''ဟွန်း
၂၂ရက်နေ့က နင့်မွေးနေ့လား''
''အင်း''
''စောစောလာခဲ့ ဟိုမှာမွေးနေ့လုပ်ရအောင်''
''အင်း ပြီးရင် လာမယ်လို့''
''ဘာဒါ''
''အင်း''
''ငါတို့ ကျောင်းပြီးရင်
California ကိုသွားနေကြမလား''
''နင်နေလေ
ငါကဘာကိစ္စ''
''ငါပြောတယ်မလား
ငါ့ဦးလေးက ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ရင်းနှီးတယ်လို့''
''အင်းး
ငါ ဒီမှာလည်း ရင်းနှီးနေပြီ''
''နင့်ကောင်မလေးက California ကိုရောက်နေရင် ဘယ်လိုလုပ်မလဲ''
ဘာဒါ ထရယ်တော့
Maryက ချက်ကောင်းကိုပစ်လိုက်နိုင်တဲ့ စနိုက်ပါတစ်ယောက်လို ကြည့်တယ်။
''အဆက်အစပ်မရှိ
နင်နေချင်တဲ့ California ကိုရောက်နေရမယ်ပေါ့''
''ငါပြောသားပဲ
အဘွားအိမ်က ကောင်မလေးက နင့်ကောင်မလေးဖြစ်မယ်လို့''
''အေး အေး
ဒီတခါ မွေးနေ့ကျရင် ကြည့်ပြီးပြောပေးမယ်
သူမဟုတ်ရင်တော့
California မှာ အလုပ်လိုက်လုပ်ဖို့ဆိုတာလည်း ထပ်မပြောနဲ့တော့ ကြားလား''
Maryနဲ့ငြင်းခုန်ရတိုင်း နာဟီးနဲ့ဟယ်ဝန်းကိုသတိရတယ်။
တခါတလေဆက်သွယ်ချင်ပေမယ့်
မမပြန်သိပြီး ထပ်ပြီးထွက်ပြေးသွားမှာစိုးတယ်။
ဘာဒါအပြင်မှာ အဆောင်ငှားနေတာဖြစ်ပြီး
Maryက ဘာဒါ့အခန်းမှာလိုက်နေတာပေါ့။
အရင်က ကျောင်းကအဆောင်မှာနေပေမယ့်
အလုပ်လုပ်တော့ ပြန်ချိန်နောက်ကျတာကြောင့်
အပြင်မှာပဲ ငှားနေဖြစ်တော့တယ်။
ရုပ်ရှင်အတိုလေးတစ်ခုရိုက်နေကြတာဖြစ်ပြီး
အခုနောက်ပိုင်း Cinemaphotographyပိုင်းကိုလည်း သေချာပြင်ဆင်ကြတာမို့
ဘာဒါ့အခန်းကဏ္ဍကလည်း တော်တော်အရေးပါတာမို့ ဖြစ်သလိုမလုပ်ပေးတတ်ဘူး။
စေတနာပါပါနဲ့သေချာလုပ်ပေးတတ်တာကြောင့်
အခုဆိုအဆက်အသွယ်တွေလည်းများနေပြီ။
ဒါကြောင့် Maryနဲ့လိုက်မယ်လို့လည်း အာမမခံနိုင်တာပေါ့..
ဒါပေမယ့်
နောက်ဆုံးတော့ Maryက တစ်ယောက်ထဲ
ပြန်သွားရတယ်။
ဘာဒါ နောက်ကလိုက်ခဲ့ဖို့ တဖွဖွပြောသွားတယ်။
တခြားခင်တဲ့သူငယ်ချင်းတွေရှိသားနဲ့
သူက သူ့အဘွားအိမ်က ကောင်မလေးနဲ့အောင်သွယ်ချင်နေတာကြောင့် ဘာဒါ့ကိုမရအရခေါ်နေတော့တာလေ။
Maryပြန်ပြီး နှစ်ရက်လောက်ကြာတော့
ဂျူဟျော့က ဆက်သွယ်လာတယ်။
''ဘာဒါရေ Texasမှာပဲလား''
ဂျူဟျော့က ဘယ်လိုသိတာပါလိမ့်
ဘယ်သူ့ကိုမှမပြောပဲ ထားပါတယ်ဆိုမှ..
''အင်းးး ဘယ်လိုသိတာလဲ''
''အမေတို့တွေ့ဖြစ်ကြလို့''
ငါ့အမေကတော့ တကယ်ပါးစပ်ဖွာတာ။
ဘာမှကိုပြောလို့မရဘူး။
''အင်း''
''ဟို ကိုယ်ရော အမေရိကမှာကျောင်းတက်မယ်ပြောလို့
အန်တီကပြောတာပါ
ဘာဒါဘယ်ရောက်နေတယ်ဆိုတာကိုပေါ့''
''အင်း ဂျူဟျော့က ဘယ်မှာတက်မှာလဲ''
''ကျောင်းကတော့ ဝါရှင်တန်မှာတက်မှာ
အကိုတို့အိမ်မှာနေမှာလေ''
''သြော်''
''အင်း အဲဒါ အန်တီက ဘာဒါ့အတွက်
ပစ္စည်းထည့်ပေးလိုက်လို့''
ပစ္စည်း??
အမေကတော့
နှစ်နှစ်အတွင်း ဘာမှမပို့ပဲနဲ့
အခုမှ ဘာလဲ
အမေ့အကွက်တွေကို သိနေတယ်
အီဂျူဟျော့နဲ့တွေ့စေချင်တာ..
ဘာဖြစ်စေချင်တာလဲ
သူ့သမီး မိန်းမယူမှာသိရဲ့သားနဲ့
''အင်း ဘာတဲ့လဲ''
''မာဖလာတဲ့''
သြော် အမေရိကမှာ September က နွေရာသီပါ အမေရယ်..။
ငိုရခက် ရယ်ရခက်..
''အင်း ဘယ်တော့လာမှာလဲ''
''ငါက ဝါရှင်တန်ကိုရောက်နေပြီ
Texasကိုလာခဲ့မလို့ လှမ်းမေးတာ''
''အင်းးး မလာရင်မလာနဲ့
ငါ ရှေ့ရက်လောက် California ကိုလာဖို့ရှိတယ်
San Franciscoက သူငယ်ချင်းဆီသွားမလို့
အဲဒီမှာ ဆုံမယ်လေ
တကူးတကဒီကိုမလာခဲ့နဲ့''
California နဲ့ပိုနီးတာမို့
အဲဒီမှာပဲတွေ့မယ်လို့ပြောလိုက်တော့တယ်။
တကူးတက ကိုယ့်ဆီလာတွေ့တာမျိုးမဖြစ်စေချင်ဘူး..
ရိုးရိုးသားသားဆိုပေမယ့်
မလိုအပ်တဲ့အပြုအမူတွေကို မလုပ်တာကောင်းတယ်လေ..
.......
ဒီနေ့ ဘာဒါ့မွေးနေ့။
ချယ်ယောင်းမနက်စောစောကတည်းက
ထွက်လာပြီး
ဘုရားကျောင်းကိုရောက်နေတာ..
အလုပ်က ဒီနေ့ခွင့်ယူလို့မရတာကြောင့်
နေ့တစ်ဝက်ပဲအချိန်ပေးနိုင်ပြီး
ညလည်း ညဥ့်နက်မှ ပြန်ရတော့မယ်။
မနက်ဖြန်တော့ အဘွားမွေးနေ့။
ဘယ်သူ့ကိုမှ အထူးတည်ဖိတ်ထားတာမျိုးမဟုတ်ပဲ
အဘွားရဲ့သားသမီးတွေရယ်
အိမ်နီးချင်အနည်းအကျဥ်းလောက်ရယ်
အဘွားမြေးရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နှစ်ယောက်ရယ်ပေါ့..
Maryကတော့ ရောက်နေပြီ..
သူ့သူငယ်ချင်းက ဒီနေ့မှရောက်မှာတဲ့။
Mary သူ့အဘွားကိုပြောနေတာတခါကြားဖူးတာတော့ သူ့သူငယ်ချင်းက အရမ်းချစ်တတ်တယ်။
ကောင်မလေးကိုအရမ်းချစ်တာတဲ့။
အဲလိုကြားတော့ တစ်စုံတစ်ယောက်ကို သတိရလို့ပြုံးမိသေးတယ်။
အခုတော့ ချစ်သေးရဲ့လားမသိပေမယ့်ပေါ့။
မွေးနေ့မှာ ပျော်ရွှင်ပါစေ ကလေးရေ..
ပျော်ရွှင်ဖို့ပဲ ဆုတောင်းပေးပါတယ်..
တစ်နေ့မှ မေ့မရခဲ့တဲ့အကြောင်းကိုတော့
မင်းအဆင်ပြေရင် ပြောပြချင်တယ်..။
ရာသီဥတုကောင်းတဲ့ ဒီလိုနေ့မျိုးမှာ
မင်းလက်ကိုတွဲပြီး
မင်းမျက်နှာလေးကို ခဏခဏမော့ကြည့်ပြီး
လမ်းလျှောက်ထွက်ချင်လိုက်တာ..
အတူမရှိဖူးလည်း အတူရှိချင်တဲ့စိတ်တွေနဲ့ တမ်းတမိတယ်..
အတူလုပ်ဖူးတဲ့အရာတွေကို ပြန်အမှတ်ရပြီး
သတိရမိတယ်..
နှလုံးသားက မင်းအကြောင်းတွေနဲ့ပဲ လည်ပတ်နေတာမလား..
ချစ်တယ် အီဘာဒါ..
အရမ်း..ချစ်တယ်..
...
အဲဒီနေ့ ရုံးကိုပြန်သွားရပြီး ညလည်း ပြန်မအိပ်ရ။
သတင်းတွေ ဆက်တိုက်လုပ်နေရပြီး
တင်ဆက်သူမလုပ်ရသေးပေမယ့်
စီစဥ်သူအဖွဲ့ထဲပါနေတော့
အစစအရာရာ လစ်ဟင်းလို့မရဘူး။
သတင်းတစ်ခု တင်ဆက်မယ်လုပ်ထားပြီးမှ
ပြောင်းသွားပြီး
အရင်Conceptနဲ့အဆင်မပြေတော့တာကြောင့်
အစားထိုးသတင်းတစ်ခု အသည်းအသန်ရှာကြရပြီး
နောက်ရက်သတင်းအတွက်လည်း ပြန်ပြင်ကြရတယ်။
အဘွားမွေးနေ့ရက်ကိုတော့ အားမယ်ထင်ထားတာ..
မသွားရလောက်တော့ဘူးထင်ပါတယ်..
ညနေတော့ ပြန်ရရင်ကောင်းမယ်။
.......
ဘာဒါ ဒီနေ့ပဲ California ကိုရောက်တယ်..
မွေးနေ့ဆိုပေမယ့်
ထူးထူးခြားခြားဘာမှမလုပ်ဖြစ်တာကြာလှပြီလေ။
Maryကတော့ မွေးနေ့လက်ဆောင်ဝယ်ပြီးစောင့်နေလေရဲ့။
သူ့အဘွားအိမ်ရောက်တော့
ခြံဝန်းကျယ်လေးထဲမှာ အိမ်သေးသေးလေးတွေ သုံးလေးလုံးဆောက်ထားတဲ့ပုံလေး။
အစဆုံးက သုံးခန်းတွဲအိမ်လေးက ငှားထားတာတဲ့။
ပြီးတော့ ကြားက တစ်အိမ်က လူမရှိဘူး။
ပြီးတော့
အဘွားနေတဲ့အိမ်။
ပြီးတော့ Maryဦးလေးမိသားစုနေတဲ့အိမ်။
ဘာဒါရောက်လာတော့
အဘွားက သူ့အိမ်မှာနေစေချင်ပေမယ့်
ဧည့်သည်တွေလည်းရောက်နေတာကြောင့်
ဧည့်သည်တွေက
အဘွားအိမ်မှာနေ။
Maryမိဘတွေက
အိမ်အလွတ်မှာပဲ နေဖို့ဖြစ်သွားတယ်။
ဘာဒါကတော့ သုံးခန်းတွဲအိမ်မှာ အလယ်ကအခန်းမှာနေရမယ်တဲ့။
ရှေ့သုံးလေးရက်ကမှ ငှားနေတဲ့ကောင်မလေးက ပစ္စည်းတွေသိမ်းပြီးအိမ်ပြန်သွားလို့တဲ့။
Maryကတော့ သူ့အခန်းမှာလိုက်နေစေချင်ပေမယ့်
နားညည်းလို့ ညတော့မအိပ်နိုင်ပါ။
အဘွားက
မွေးနေ့ဆိုလို့ ကိတ်မုန့်ဖုတ်ပေးထားတယ်တဲ့။
Maryတို့မိသားစုက တကယ့်ကို နွေးနွေးထွေးထွေးရှိတယ်။
မမတို့ မိသားစုလေးကိုတောင်သတိရသွားတယ်။
ခရီးပန်းလာလို့ အိပ်ချင်နေပေမယ့်
Maryက သူ့အမျိုးတွေနဲ့ မိတ်ဆက်ပေးလို့မဆုံးနိုင်တော့ဘူး။
''ဘာဒါ
ဟိုဘက်အစကအခန်းလေ
Arielနေတာ''
''အင်း''
သူ့Arielကိုလည်း စိတ်မဝင်စားနိုင်တော့ဘူး။
ဟိုမှာ အလုပ်ပြီးတာနဲ့တန်းလာခဲ့တာဆိုတော့။
''ညနေပြန်လာရင် ကြည့်ကြည့်လိုက်''
''အေးပါ''
Maryပြောသွားပေမယ့်
သူ့Arielက ညပြန်မအိပ်ပါ။
အိမ်ထောင်ရှိတယ်လည်းပြောသေးတယ်
အတင်းကိုပေးစားနေတော့တာပဲ..
.......
မနက်ကျ အဘွားမွေးနေ့။
ခြံထဲမှာပဲ Barbecue လုပ်စားကြ..
ကိတ်ကလည်း အိမ်မှာပဲဖုတ်ပြီး
အစားအသောက်ကလည်း
အိမ်မှာပဲ ပြင်ဆင်ကြတာမို့
တော်တော်ပျော်စရာကောင်းတယ်။
အဘွားကလည်းတော်တော်ပျော်နေတာ။
အဘွားက အသက်၈၀ ပြည့်တာတဲ့။
ဘာဒါ့မှာတော့ အဖေဘက်က အဘွားပဲရှိတော့တာ။
အမေဘက်က အဘွားက ဆုံးတာကြာပြီလေ။
အဖေဘက်က အဘွားနဲ့က သိပ်မရင်းနှီးပဲ
ဆုံးသွားတဲ့အဘွားနဲ့ပဲ ပိုရင်းနှီးတာဆိုတော့
Maryအဘွားကိုတွေ့ရတော့
ကိုယ့်အဘွားနဲ့ပြန်တွေ့ရသလိုပဲ။
''ဘာဒါ
ငါ့အဘွားက နင့်ကိုအရမ်းချစ်နေတာ
မွေးစားမယ်တဲ့''
''ငါလည်းအဘွားကိုချစ်ပါတယ်''
''ငါ့အဘွားက သူဌေးမကြီးနော်
သူမွေးစားမယ်ပြောရင် သဘောတူလိုက် ကြားလား''
''ဟားဟား အေးပါ''
''ငါ့အဘွားကို နင့်ကောင်မလေးကိုရှာပေးဖို့ပြောလိုက်လေ သူရှာပေးမှာသေချာတယ်..
ပြောမှ Arielက မွေးနေ့လည်းမလာဘူး
အဘွားက လာမယ်ဆိုပြီး မျှော်နေတာ''
မနေ့ကတည်းက ညပြန်မအိပ်တာတော့ မပြောလိုက်တော့ဘူး
''သူ့ယောင်္ကျားဆီ သွားတာများလား''
''သူ့ယောင်္ကျားက ဘယ်မှာမို့လို့လဲ''
''အဲဒါတော့မသိဘူး
ဒါပေမယ့်
ဝေးနေတာမျိူးတော့မဟုတ်လောက်ဘူး
သူ့ယောင်္ကျားအကြောင်းပြောရင်များ ပြုံးနေတာတဲ့''
''အင်း ဒါနဲ့
ငါ သဘက်ခါလောက်ပြန်မှာနော်''
''နေတောင်မနေရသေးဘူးလေ''
''အသစ်တစ်ခု လာပြောတာရှိလို့
အရင်ရိုက်ပြီးသားရုပ်ရှင်ကိုပဲ
တချို့ဇာတ်ကွက်တွေပြန်လုပ်ချင်လို့တဲ့''
''ခရီးထွက်နေတယ်ပြောလိုက်ပေါ့''
''မိတ်မပျက်ချင်လို့လေ''
''ဘယ်မှတောင်မလည်ရသေးဘူး''
''အင်း နောက်တခေါက်ပေါ့''
ဝတ်ထားတဲ့ ရှပ်အင်္ကျီလက်ရှည်ကို တခေါက်ထပ်ခေါက်လိုက်ရင်းဖြေလိုက်တယ်
''ဘာဒါ သိလား
ငါ ဒီရောက်တော့လေ
ငါ့ရည်းစားဟောင်းနဲ့သွားတွေ့ပြီး
အိပ်လိုက်သေးတယ်''
Maryက သူ့ရည်းစားဟောင်းကို မပြတ်နိုင်တာ။
ဟိုလူက ပြန်ခေါ်တိုင်း သွားသွားအိပ်နေတော့တာ။
''နင် ရူးနေပြီဆိုတာ သိလား''
''ဒါပေမယ့် ဒီတခေါက်ကတော့ သေချာတယ်
သူ ငါနဲ့ပြန်တွဲမယ့်ပုံ''
ဘာဒါခေါင်းခါလိုက်ရင်း
''နင် ဟိုတခါလည်း အဲလိုပြောတယ်နော်''
''နင်နားမလည်ပါဘူး
ရည်းစားဟောင်းဆိုတာ မိသားစုလိုဖြစ်သွားတာ
သူစိမ်းလို့ပြောနေလည်း အမှတ်တရတွေအများကြီးဆိုတော့ ဘယ်မေ့လို့ရမလဲ''
အမယ် သူ့ဒဿနတွေ။
သူ့ဘာသာမပြတ်တိုင်း။
''ဘာမှမဆိုင်ဘူး''
မနက်ဖြန်မနက် အီဂျူဟျော့နဲ့ချိန်းထားတာသိပေမယ့်
ရည်းစားဟောင်းလို့တော့မပြောထားတော့ဘူး။
သိရင် သူ့လိုတွေးနေဦးမယ်။
မိသားစုတွေ လာလုပ်နေသးတယ်။
Maryမ သူသွားအိပ်ချင်တိုင်း။
ညနေစောင်းလောက်ကျ
ဘာဒါအခန်းထဲ ဝင်နေလိုက်တော့တယ်။
အလုပ်လည်း လုပ်လို့ရသလောက်လုပ်ပြီး mailပို့ပေးလိုက်တယ်။
မနက်ဖြန်တော့ ဂျူဟျော့နဲ့မနက်ပိုင်းတွေးပြီး
Maryနဲ့မြို့ထဲလျှောက်လည်ကြမယ်လို့ပြောထားကြတယ်။
ဒီညတော့ စောစောအိပ်ရမယ်။
.......
ချယ်ယောင်းတို့တနေကုန်အလုပ်တွေရှုပ်နေပြီး
ညနေစောင်းမှ အိမ်ပြန်လာရတော့တယ်။
ခြံထဲကြည့်လိုက်တော့
မွေးနေ့ပွဲက ပြီးသွားပြီထင်တယ်။
အဘွားအတွက် Scarfလှလှလေးဝယ်လာတာမို့
အဘွားအိမ်ကို တန်းသွားလိုက်တယ်။
''Ariel လာ လာ သမီး''
''အဘွား ကျမ အလုပ်များလို့ အခုမှအိမ်ပြန်လာရတာ
အရမ်းနောက်ကျနေပြီမလား''
''နားလည်ပါတယ်
ဘာမှမဖြစ်ဘူးနော်''
''Bd presentလေး ''
''အိုးးးး ကျေးဇူးပါ
လက်ဆောင်တကူးတကပေးစရာမလိုပါဘူး''
''အလုပ်သွားရင်း လှလှလေးတွေ့လို့ အဘွားကိုသတိရလို့ဝယ်ခဲ့တာပါ''
''လာ မုန့်စားသွားဦး''
''ဟုတ်''
''ဘေးအခန်းမှာလေ''
''ဟုတ်''
''Maryသူငယ်ချင်းလေးရှိတယ်နော်
လူသံကြားရင် လန့်နေမှာစိုးလို့''
''ဟုတ်ကဲ့''
''Maryအခန်းမှာ ထားမလို့ပေမယ့်
တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး အဲဒီမှာထားပေးလိုက်တာ''
''ဟုတ်ကဲ့''
အဘွားအိမ်က ပြန်လာတော့
အလယ်ခန်းကိုတချက်ဝေ့ကြည့်မိသေးတယ်။
Texasက Maryသူငယ်ချင်းဆိုတဲ့တစ်ယောက်ပေါ့။
ကောင်မလေးကိုသိပ်ချစ်တာဆိုတော့
ယောင်္ကျားလေးလား။
မိန်းကလေးအခန်းနှစ်ခန်းကြားမှာလေ..
မဟုတ်သေးပါဘူး
Maryအခန်းမှာ ထားမယ်ဆိုတော့
မိန်းကလေးမို့လို့ပေါ့..
ရေစိမ်ချိုးပြီး အိပ်ယာပေါ်လှဲချလိုက်တယ်။
ခါတိုင်းတော့ ဝရန်တာလေးမှာ ထွက်ထိုင်နေကျ ဆိုပေမယ့်
ဒီနေ့တော့ ဧည့်သည်လည်း ရှိနေတော့ မထိုင်ချင်တော့ဘူး။
ရေးနေကျ ဒိုင်ယာရီလေးကိုပဲ ထုတ်ပြီး
နှစ်ရက်စာခံစားချက်တွေ
အတွေ့အကြုံတွေ
အတွေးတွေကို
ချရေးလိုက်တယ်။
အီဘာဒါကို တိုင်တည်တဲ့ စကားလုံးလေးတွေပေါ့..။
ဝေးခဲ့ပြီးတဲ့နောက်
နေ့စဥ်လုပ်တဲ့ လုပ်ငန်းဆောင်တာထဲမှာ
ဘာဒါရေလို့အစချီတဲ့
စာမျက်နှာများစွာပါဝင်တယ်။
ရယ်ရတဲ့အကြောင်းတွေရေးပြီး
ရယ်ရတယ်မလားလို့အဆုံးသတ်ပြီးရင်
ငိုချရတာလည်းအမော။
ဘာဒါရေ
နောက်နှစ်မွေးနေ့တွေမှာ အတူတူရှိရအောင်..
ဘယ်လိုလဲ..
လွမ်းရတဲ့ရက်တွေအတွက် တို့ပေးဆပ်ပါ့မယ်
ချယ်ယောင်းကတော့ အခုနေ ကျောင်းထွက်ပြီး သူ့ကိုရှာကျွေးရမယ်ဆိုရင်တောင် ခေါင်းငြိမ့်မိတော့မှာ။
ဝေးနေရတာက ပိုပင်ပန်းတယ်မလား။
ဗီဒိုထဲက
သူ့ကိုယ်သင်းနံ့တွေလည်းမရှိတော့တဲ့
သူ့ရှပ်အင်္ကျီလေးကိုထုတ်ဝတ်ပြီး
ဘာဒါကြိုက်တဲ့သီချင်းတွေကို ညတိုင်း အ်ိပ်ခါနီးခပ်တိုးတိုးဖွင့်နေကျအတိုင်းဖွင့်ပြီး
အိပ်လိုက်တယ်။
အဲ့လိုပဲ တနေ့တာက သူနဲ့စပြီး
သူနဲ့ပဲ အဆုံးသတ်အောင်
ကိုယ့်ကိုကိုယ်နှစ်သိမ့်ထားရတဲ့ အရာတွေက မနည်းမနော။
ဘယ်သူနဲ့များရှိနေမလဲ အချစ်ရေ..
နောက်တစ်ပိုင်းမျှော်
ဒါဒါတို့ရေ
မျှော်နေသေးလား..
ဖတ်မဝဘူးဖြစ်မှာသိပေမယ့်
ကိုယ်လည်းမအားတဲ့ကြားက Upပေးလိုက်တာမို့
ဖတ်ရတာတိုလည်းသည်းခံပေးကြနော်
နေမကောင်းသေးဘူးလားမေးတဲ့အချစ်တွေအတွက်
ကိုယ်နေမကောင်းသေးဘူးလို့
နားချိန်လည်းမရတော့ ပိုဆိုးတယ်ထင်ပါတယ်..
ရာသီဥတုကလည်း အေးတယ်လေနော်..
အအေးကြိုက်ပေမယ့် မခံနိုင်ဘူး..
ဒါဒါတို့လည်း ဂရုစိုက်ကြနော်
နွေးနွေးထွေးထွေးနေ
ဒီအချိန်ဆို အိပ်နေကြလောက်ပြီလား👀
ချစ်တဲ့
လင်း💙🌊
စလုံးရောက် တစ်စုံတဘာ💙🌊
Zawgyi
ဒီလိုနဲ႕ စာသင္ႏွစ္ ၂ ႏွစ္ကုန္သြားတယ္။
ေနာက္ ၂ ႏွစ္ထပ္တက္ရမွာဆိုေပမယ့္
အခုကတည္းက သတင္းဌာနေတြမွာ ဝင္လုပ္ေနၿပီ။
အိမ္ကလည္း အဘြားအိမ္မွာပဲ ငွားေနတုန္းပဲ။
ကိုယ့္ဘာသာေနနိုင္ၿပီဆိုေပမယ့္
မလိုအပ္ပဲမေျပာင္းခ်င္ေသးတာေၾကာင့္
အဲဒီမွာပဲေနျဖစ္တယ္။
တခါတခါ
ဘာဒါ့အေၾကာင္းေတြးရင္ လူက မွိုင္က်သြားတယ္။
အခုေတာ့ ခ်ယ္ေယာင္းကို ထားခဲ့ရက္ေလျခင္းလို႔စိတ္နာေနဦးမလား။
ေမ့ေနေလာက္ၿပီလား။
အသစ္ေတြ႕ေနေလာက္မလား။
၂ႏွစ္ဆိုတဲ့ အတိုင္းအတာက လူတစ္ေယာက္ကို ေမ့ဖို႔လုံေလာက္တယ္မလား
ေနာက္လေလာက္ေတာ့
koreaကို ျပန္မယ္လို႔ေတြးထားတယ္။
ဘယ္ကစရမယ္မွန္းမသိေပမယ့္
ဘာဒါ့ကို ေက်ာင္းပိတ္ရက္ေတြတိုင္း သြားရွာမယ္။
ေတြ႕ရင္ေရာ..
ေတြ႕ရင္..
ေတာင္းပန္ရမွာေပါ့..
အရင္ဆုံး..
ဘာမွမေျပာပဲ ထားခဲ့မိလို႔..။
အလုပ္သြားဖို႔ အျပင္ထြက္လာေတာ့
အျပင္မွာ အဘြားနဲ႕ေတြ႕တယ္။
''Ariel
အလုပ္သြားေတာ့မလို႔လား''
''ဟုတ္တယ္ အဘြား''
''ေနာက္တပါတ္ စေနေန႕က် အဘြားေမြးေန႕ေလ
သမီးအားတယ္မလား''
''အားတယ္ထင္တယ္အဘြား
ၿခံထဲမွာပဲလား''
''ဟုတ္တယ္ ၿခံထဲမွာပဲ
Maryလည္းျပန္လာမွာေလ''
''ဟုတ္
သမီးေဘးအခန္းက ညီမေလးေတြကို ေျပာလိုက္မယ္''
''ရပါတယ္ အဘြားနဲ႕ေတြ႕ရင္ ေျပာလိုက္မယ္''
ေနာက္တပါတ္က
ဘာဒါ့ေမြးေန႕ရွိတယ္။
ေသာၾကာေန႕ September 22nd.
ဆိုေတာ့ အဘြားက 23rdေပါ့။
ဘာဒါ့ေမြးေန႕တိုင္းေတာ့
ခ်ယ္ေယာင္းက ခြင့္ယူတယ္။
ဘုရားေက်ာင္းသြားတယ္။
က်န္းမာပါေစဆုေတာင္းေပးတယ္။
တေနရာရာမွာထိုင္ၿပီး အေဝးႀကီးကိုေငးတယ္။
ေဝးေနရတဲ့ ထုထည္ေတြကို နည္းလာေစခ်င္ၿပီဆိုေပမယ့္
မွန္းဆလို႔မရေလာက္ေအာင္မ်ားျပားေနခဲ့ၿပီ..
ဘယ္ေတာ့မ်ားမွ ျပန္ေတြ႕ရမွာလဲ..
..........
ဘာဒါတို႔ေက်ာင္းက ၃ႏွစ္ဆိုၿပီးၿပီ။
Masterထပ္တက္လို႔ေတာ့ရတာေပါ့ေလ။
ထပ္တက္ခ်င္ေပမယ့္
ေနာက္မွ
မမကိုေတြ႕ၿပီးမွ
အလုပ္အကိုင္အတည္တက်ရွိၿပီးမွလို႔ေတြးတယ္။
အခုေတာ့ short filmေလးေတြ ရိုက္ျဖစ္ေနၿပီ။
ဝင္ေငြကေတာ့ ခ်ိန္ဆေနရတဲ့အထဲေတာ့မပါေတာ့ဘူးေပါ့။
ဒီမွာက ေတာ္ရင္ေတာ္သလို တက္လမ္းကအဆင္ေျပတာမို႔လို႔
ကိုယ့္ဘက္က ႀကိဳးစားဖို႔ပဲလိုတာ။
အခုေတာ့ ေက်ာင္းပိတ္ရက္ဆိုေပမယ့္
Maryက မျပန္ေသးပဲ
သူ႕အဘြားေမြးေန႕ကို လိုက္ခဲ့ေပးဖို႔ ဂ်ီက်ေနတာ။
''ငါမအားဘူးလို႔ Mary''
''ၿပီးေတာ့မယ္ဆို
ေသာၾကာေန႕ဟိုကိုေရာက္ရင္ရၿပီ''
''ၿပီးေတာ့မယ္ဆိုေပမယ့္
ဒီၾကားထဲ ဘာကိစၥေပၚမလဲမသိေသးဘူးေလ
ထပ္ျပင္ရရင္ ဘယ္လိုလုပ္မလဲ
ငါ့ကိုေစာင့္ရင္း နင္မသြားလိုက္ရရင္ေရာ''
''ငါေရွ႕က သြားႏွင့္ရင္ နင္က လိုက္လာမွာမဟုတ္တာ ငါသိတယ္
ငါ့အဘြားကို နင္လည္းလိုက္လာမယ္ေျပာထားတာေလ
အရင္ကလည္း တခါမွမလိုက္ေတာ့
ေစာင့္ေနရတာေပါ့''
''ငါ ၿပီးသြားရင္ လိုက္ခဲ့မယ္ ကတိေပးတယ္
ေရွ႕ကသြားႏွင့္''
''မလိုက္လာရင္ေတာ့
ငါျပန္လာရင္ ေခၚဖို႔ေျပာဖို႔စိတ္မကူးနဲ႕ေတာ့''
''ေအးပါ သိပါတယ္
ဒီႏွစ္မလာလည္း ေနာက္ႏွစ္ေတာ့ လိုက္လို႔ရတာပဲ''
''ငါ့အဘြားက နင္လာလို႔ရေအာင္ ႏွစ္တိုင္းေမြးေန႕လုပ္ေပးေနရမွာလား''
''ေၾသာ္ မလုပ္ရင္ေတာ့မလာဘူးေပါ့''
''ဟြန္း
၂၂ရက္ေန႕က နင့္ေမြးေန႕လား''
''အင္း''
''ေစာေစာလာခဲ့ ဟိုမွာေမြးေန႕လုပ္ရေအာင္''
''အင္း ၿပီးရင္ လာမယ္လို႔''
''ဘာဒါ''
''အင္း''
''ငါတို႔ ေက်ာင္းၿပီးရင္
California ကိုသြားေနၾကမလား''
''နင္ေနေလ
ငါကဘာကိစၥ''
''ငါေျပာတယ္မလား
ငါ့ဦးေလးက ႐ုပ္ရွင္အသိုင္းအဝိုင္းနဲ႕ရင္းႏွီးတယ္လို႔''
''အင္းး
ငါ ဒီမွာလည္း ရင္းႏွီးေနၿပီ''
''နင့္ေကာင္မေလးက California ကိုေရာက္ေနရင္ ဘယ္လိုလုပ္မလဲ''
ဘာဒါ ထရယ္ေတာ့
Maryက ခ်က္ေကာင္းကိုပစ္လိုက္နိုင္တဲ့ စနိုက္ပါတစ္ေယာက္လို ၾကည့္တယ္။
''အဆက္အစပ္မရွိ
နင္ေနခ်င္တဲ့ California ကိုေရာက္ေနရမယ္ေပါ့''
''ငါေျပာသားပဲ
အဘြားအိမ္က ေကာင္မေလးက နင့္ေကာင္မေလးျဖစ္မယ္လို႔''
''ေအး ေအး
ဒီတခါ ေမြးေန႕က်ရင္ ၾကည့္ၿပီးေျပာေပးမယ္
သူမဟုတ္ရင္ေတာ့
California မွာ အလုပ္လိုက္လုပ္ဖို႔ဆိုတာလည္း ထပ္မေျပာနဲ႕ေတာ့ ၾကားလား''
Maryနဲ႕ျငင္းခုန္ရတိုင္း နာဟီးနဲ႕ဟယ္ဝန္းကိုသတိရတယ္။
တခါတေလဆက္သြယ္ခ်င္ေပမယ့္
မမျပန္သိၿပီး ထပ္ၿပီးထြက္ေျပးသြားမွာစိုးတယ္။
ဘာဒါအျပင္မွာ အေဆာင္ငွားေနတာျဖစ္ၿပီး
Maryက ဘာဒါ့အခန္းမွာလိုက္ေနတာေပါ့။
အရင္က ေက်ာင္းကအေဆာင္မွာေနေပမယ့္
အလုပ္လုပ္ေတာ့ ျပန္ခ်ိန္ေနာက္က်တာေၾကာင့္
အျပင္မွာပဲ ငွားေနျဖစ္ေတာ့တယ္။
႐ုပ္ရွင္အတိုေလးတစ္ခုရိုက္ေနၾကတာျဖစ္ၿပီး
အခုေနာက္ပိုင္း Cinemaphotographyပိုင္းကိုလည္း ေသခ်ာျပင္ဆင္ၾကတာမို႔
ဘာဒါ့အခန္းက႑ကလည္း ေတာ္ေတာ္အေရးပါတာမို႔ ျဖစ္သလိုမလုပ္ေပးတတ္ဘူး။
ေစတနာပါပါနဲ႕ေသခ်ာလုပ္ေပးတတ္တာေၾကာင့္
အခုဆိုအဆက္အသြယ္ေတြလည္းမ်ားေနၿပီ။
ဒါေၾကာင့္ Maryနဲ႕လိုက္မယ္လို႔လည္း အာမမခံနိုင္တာေပါ့..
ဒါေပမယ့္
ေနာက္ဆုံးေတာ့ Maryက တစ္ေယာက္ထဲ
ျပန္သြားရတယ္။
ဘာဒါ ေနာက္ကလိုက္ခဲ့ဖို႔ တဖြဖြေျပာသြားတယ္။
တျခားခင္တဲ့သူငယ္ခ်င္းေတြရွိသားနဲ႕
သူက သူ႕အဘြားအိမ္က ေကာင္မေလးနဲ႕ေအာင္သြယ္ခ်င္ေနတာေၾကာင့္ ဘာဒါ့ကိုမရအရေခၚေနေတာ့တာေလ။
Maryျပန္ၿပီး ႏွစ္ရက္ေလာက္ၾကာေတာ့
ဂ်ဴေဟ်ာ့က ဆက္သြယ္လာတယ္။
''ဘာဒါေရ Texasမွာပဲလား''
ဂ်ဴေဟ်ာ့က ဘယ္လိုသိတာပါလိမ့္
ဘယ္သူ႕ကိုမွမေျပာပဲ ထားပါတယ္ဆိုမွ..
''အင္းးး ဘယ္လိုသိတာလဲ''
''အေမတို႔ေတြ႕ျဖစ္ၾကလို႔''
ငါ့အေမကေတာ့ တကယ္ပါးစပ္ဖြာတာ။
ဘာမွကိုေျပာလို႔မရဘူး။
''အင္း''
''ဟို ကိုယ္ေရာ အေမရိကမွာေက်ာင္းတက္မယ္ေျပာလို႔
အန္တီကေျပာတာပါ
ဘာဒါဘယ္ေရာက္ေနတယ္ဆိုတာကိုေပါ့''
''အင္း ဂ်ဴေဟ်ာ့က ဘယ္မွာတက္မွာလဲ''
''ေက်ာင္းကေတာ့ ဝါရွင္တန္မွာတက္မွာ
အကိုတို႔အိမ္မွာေနမွာေလ''
''ေၾသာ္''
''အင္း အဲဒါ အန္တီက ဘာဒါ့အတြက္
ပစၥည္းထည့္ေပးလိုက္လို႔''
ပစၥည္း??
အေမကေတာ့
ႏွစ္ႏွစ္အတြင္း ဘာမွမပို႔ပဲနဲ႕
အခုမွ ဘာလဲ
အေမ့အကြက္ေတြကို သိေနတယ္
အီဂ်ဴေဟ်ာ့နဲ႕ေတြ႕ေစခ်င္တာ..
ဘာျဖစ္ေစခ်င္တာလဲ
သူ႕သမီး မိန္းမယူမွာသိရဲ႕သားနဲ႕
''အင္း ဘာတဲ့လဲ''
''မာဖလာတဲ့''
ေၾသာ္ အေမရိကမွာ September က ႏြေရာသီပါ အေမရယ္..။
ငိုရခက္ ရယ္ရခက္..
''အင္း ဘယ္ေတာ့လာမွာလဲ''
''ငါက ဝါရွင္တန္ကိုေရာက္ေနၿပီ
Texasကိုလာခဲ့မလို႔ လွမ္းေမးတာ''
''အင္းးး မလာရင္မလာနဲ႕
ငါ ေရွ႕ရက္ေလာက္ California ကိုလာဖို႔ရွိတယ္
San Franciscoက သူငယ္ခ်င္းဆီသြားမလို႔
အဲဒီမွာ ဆုံမယ္ေလ
တကူးတကဒီကိုမလာခဲ့နဲ႕''
California နဲ႕ပိုနီးတာမို႔
အဲဒီမွာပဲေတြ႕မယ္လို႔ေျပာလိုက္ေတာ့တယ္။
တကူးတက ကိုယ့္ဆီလာေတြ႕တာမ်ိဳးမျဖစ္ေစခ်င္ဘူး..
ရိုးရိုးသားသားဆိုေပမယ့္
မလိုအပ္တဲ့အျပဳအမူေတြကို မလုပ္တာေကာင္းတယ္ေလ..
.......
ဒီေန႕ ဘာဒါ့ေမြးေန႕။
ခ်ယ္ေယာင္းမနက္ေစာေစာကတည္းက
ထြက္လာၿပီး
ဘုရားေက်ာင္းကိုေရာက္ေနတာ..
အလုပ္က ဒီေန႕ခြင့္ယူလို႔မရတာေၾကာင့္
ေန႕တစ္ဝက္ပဲအခ်ိန္ေပးနိုင္ၿပီး
ညလည္း ညဥ့္နက္မွ ျပန္ရေတာ့မယ္။
မနက္ျဖန္ေတာ့ အဘြားေမြးေန႕။
ဘယ္သူ႕ကိုမွ အထူးတည္ဖိတ္ထားတာမ်ိဳးမဟုတ္ပဲ
အဘြားရဲ႕သားသမီးေတြရယ္
အိမ္နီးခ်င္အနည္းအက်ဥ္းေလာက္ရယ္
အဘြားေျမးရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္ႏွစ္ေယာက္ရယ္ေပါ့..
Maryကေတာ့ ေရာက္ေနၿပီ..
သူ႕သူငယ္ခ်င္းက ဒီေန႕မွေရာက္မွာတဲ့။
Mary သူ႕အဘြားကိုေျပာေနတာတခါၾကားဖူးတာေတာ့ သူ႕သူငယ္ခ်င္းက အရမ္းခ်စ္တတ္တယ္။
ေကာင္မေလးကိုအရမ္းခ်စ္တာတဲ့။
အဲလိုၾကားေတာ့ တစ္စုံတစ္ေယာက္ကို သတိရလို႔ၿပဳံးမိေသးတယ္။
အခုေတာ့ ခ်စ္ေသးရဲ႕လားမသိေပမယ့္ေပါ့။
ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ ကေလးေရ..
ေပ်ာ္႐ႊင္ဖို႔ပဲ ဆုေတာင္းေပးပါတယ္..
တစ္ေန႕မွ ေမ့မရခဲ့တဲ့အေၾကာင္းကိုေတာ့
မင္းအဆင္ေျပရင္ ေျပာျပခ်င္တယ္..။
ရာသီဥတုေကာင္းတဲ့ ဒီလိုေန႕မ်ိဳးမွာ
မင္းလက္ကိုတြဲၿပီး
မင္းမ်က္ႏွာေလးကို ခဏခဏေမာ့ၾကည့္ၿပီး
လမ္းေလွ်ာက္ထြက္ခ်င္လိုက္တာ..
အတူမရွိဖူးလည္း အတူရွိခ်င္တဲ့စိတ္ေတြနဲ႕ တမ္းတမိတယ္..
အတူလုပ္ဖူးတဲ့အရာေတြကို ျပန္အမွတ္ရၿပီး
သတိရမိတယ္..
ႏွလုံးသားက မင္းအေၾကာင္းေတြနဲ႕ပဲ လည္ပတ္ေနတာမလား..
ခ်စ္တယ္ အီဘာဒါ..
အရမ္း..ခ်စ္တယ္..
...
အဲဒီေန႕ ႐ုံးကိုျပန္သြားရၿပီး ညလည္း ျပန္မအိပ္ရ။
သတင္းေတြ ဆက္တိုက္လုပ္ေနရၿပီး
တင္ဆက္သူမလုပ္ရေသးေပမယ့္
စီစဥ္သူအဖြဲ႕ထဲပါေနေတာ့
အစစအရာရာ လစ္ဟင္းလို႔မရဘူး။
သတင္းတစ္ခု တင္ဆက္မယ္လုပ္ထားၿပီးမွ
ေျပာင္းသြားၿပီး
အရင္Conceptနဲ႕အဆင္မေျပေတာ့တာေၾကာင့္
အစားထိုးသတင္းတစ္ခု အသည္းအသန္ရွာၾကရၿပီး
ေနာက္ရက္သတင္းအတြက္လည္း ျပန္ျပင္ၾကရတယ္။
အဘြားေမြးေန႕ရက္ကိုေတာ့ အားမယ္ထင္ထားတာ..
မသြားရေလာက္ေတာ့ဘူးထင္ပါတယ္..
ညေနေတာ့ ျပန္ရရင္ေကာင္းမယ္။
.......
ဘာဒါ ဒီေန႕ပဲ California ကိုေရာက္တယ္..
ေမြးေန႕ဆိုေပမယ့္
ထူးထူးျခားျခားဘာမွမလုပ္ျဖစ္တာၾကာလွၿပီေလ။
Maryကေတာ့ ေမြးေန႕လက္ေဆာင္ဝယ္ၿပီးေစာင့္ေနေလရဲ႕။
သူ႕အဘြားအိမ္ေရာက္ေတာ့
ၿခံဝန္းက်ယ္ေလးထဲမွာ အိမ္ေသးေသးေလးေတြ သုံးေလးလုံးေဆာက္ထားတဲ့ပုံေလး။
အစဆုံးက သုံးခန္းတြဲအိမ္ေလးက ငွားထားတာတဲ့။
ၿပီးေတာ့ ၾကားက တစ္အိမ္က လူမရွိဘူး။
ၿပီးေတာ့
အဘြားေနတဲ့အိမ္။
ၿပီးေတာ့ Maryဦးေလးမိသားစုေနတဲ့အိမ္။
ဘာဒါေရာက္လာေတာ့
အဘြားက သူ႕အိမ္မွာေနေစခ်င္ေပမယ့္
ဧည့္သည္ေတြလည္းေရာက္ေနတာေၾကာင့္
ဧည့္သည္ေတြက
အဘြားအိမ္မွာေန။
Maryမိဘေတြက
အိမ္အလြတ္မွာပဲ ေနဖို႔ျဖစ္သြားတယ္။
ဘာဒါကေတာ့ သုံးခန္းတြဲအိမ္မွာ အလယ္ကအခန္းမွာေနရမယ္တဲ့။
ေရွ႕သုံးေလးရက္ကမွ ငွားေနတဲ့ေကာင္မေလးက ပစၥည္းေတြသိမ္းၿပီးအိမ္ျပန္သြားလို႔တဲ့။
Maryကေတာ့ သူ႕အခန္းမွာလိုက္ေနေစခ်င္ေပမယ့္
နားညည္းလို႔ ညေတာ့မအိပ္နိုင္ပါ။
အဘြားက
ေမြးေန႕ဆိုလို႔ ကိတ္မုန့္ဖုတ္ေပးထားတယ္တဲ့။
Maryတို႔မိသားစုက တကယ့္ကို ႏြေးႏြေးေထြးေထြးရွိတယ္။
မမတို႔ မိသားစုေလးကိုေတာင္သတိရသြားတယ္။
ခရီးပန္းလာလို႔ အိပ္ခ်င္ေနေပမယ့္
Maryက သူ႕အမ်ိဳးေတြနဲ႕ မိတ္ဆက္ေပးလို႔မဆုံးနိုင္ေတာ့ဘူး။
''ဘာဒါ
ဟိုဘက္အစကအခန္းေလ
Arielေနတာ''
''အင္း''
သူ႕Arielကိုလည္း စိတ္မဝင္စားနိုင္ေတာ့ဘူး။
ဟိုမွာ အလုပ္ၿပီးတာနဲ႕တန္းလာခဲ့တာဆိုေတာ့။
''ညေနျပန္လာရင္ ၾကည့္ၾကည့္လိုက္''
''ေအးပါ''
Maryေျပာသြားေပမယ့္
သူ႕Arielက ညျပန္မအိပ္ပါ။
အိမ္ေထာင္ရွိတယ္လည္းေျပာေသးတယ္
အတင္းကိုေပးစားေနေတာ့တာပဲ..
.......
မနက္က် အဘြားေမြးေန႕။
ၿခံထဲမွာပဲ Barbecue လုပ္စားၾက..
ကိတ္ကလည္း အိမ္မွာပဲဖုတ္ၿပီး
အစားအေသာက္ကလည္း
အိမ္မွာပဲ ျပင္ဆင္ၾကတာမို႔
ေတာ္ေတာ္ေပ်ာ္စရာေကာင္းတယ္။
အဘြားကလည္းေတာ္ေတာ္ေပ်ာ္ေနတာ။
အဘြားက အသက္၈၀ ျပည့္တာတဲ့။
ဘာဒါ့မွာေတာ့ အေဖဘက္က အဘြားပဲရွိေတာ့တာ။
အေမဘက္က အဘြားက ဆုံးတာၾကာၿပီေလ။
အေဖဘက္က အဘြားနဲ႕က သိပ္မရင္းႏွီးပဲ
ဆုံးသြားတဲ့အဘြားနဲ႕ပဲ ပိုရင္းႏွီးတာဆိုေတာ့
Maryအဘြားကိုေတြ႕ရေတာ့
ကိုယ့္အဘြားနဲ႕ျပန္ေတြ႕ရသလိုပဲ။
''ဘာဒါ
ငါ့အဘြားက နင့္ကိုအရမ္းခ်စ္ေနတာ
ေမြးစားမယ္တဲ့''
''ငါလည္းအဘြားကိုခ်စ္ပါတယ္''
''ငါ့အဘြားက သူေဌးမႀကီးေနာ္
သူေမြးစားမယ္ေျပာရင္ သေဘာတူလိုက္ ၾကားလား''
''ဟားဟား ေအးပါ''
''ငါ့အဘြားကို နင့္ေကာင္မေလးကိုရွာေပးဖို႔ေျပာလိုက္ေလ သူရွာေပးမွာေသခ်ာတယ္..
ေျပာမွ Arielက ေမြးေန႕လည္းမလာဘူး
အဘြားက လာမယ္ဆိုၿပီး ေမွ်ာ္ေနတာ''
မေန႕ကတည္းက ညျပန္မအိပ္တာေတာ့ မေျပာလိုက္ေတာ့ဘူး
''သူ႕ေယာကၤ်ားဆီ သြားတာမ်ားလား''
''သူ႕ေယာကၤ်ားက ဘယ္မွာမို႔လို႔လဲ''
''အဲဒါေတာ့မသိဘူး
ဒါေပမယ့္
ေဝးေနတာမ်ိဴးေတာ့မဟုတ္ေလာက္ဘူး
သူ႕ေယာကၤ်ားအေၾကာင္းေျပာရင္မ်ား ၿပဳံးေနတာတဲ့''
''အင္း ဒါနဲ႕
ငါ သဘက္ခါေလာက္ျပန္မွာေနာ္''
''ေနေတာင္မေနရေသးဘူးေလ''
''အသစ္တစ္ခု လာေျပာတာရွိလို႔
အရင္ရိုက္ၿပီးသား႐ုပ္ရွင္ကိုပဲ
တခ်ိဳ႕ဇာတ္ကြက္ေတြျပန္လုပ္ခ်င္လို႔တဲ့''
''ခရီးထြက္ေနတယ္ေျပာလိုက္ေပါ့''
''မိတ္မပ်က္ခ်င္လို႔ေလ''
''ဘယ္မွေတာင္မလည္ရေသးဘူး''
''အင္း ေနာက္တေခါက္ေပါ့''
ဝတ္ထားတဲ့ ရွပ္အကၤ်ီလက္ရွည္ကို တေခါက္ထပ္ေခါက္လိုက္ရင္းေျဖလိုက္တယ္
''ဘာဒါ သိလား
ငါ ဒီေရာက္ေတာ့ေလ
ငါ့ရည္းစားေဟာင္းနဲ႕သြားေတြ႕ၿပီး
အိပ္လိုက္ေသးတယ္''
Maryက သူ႕ရည္းစားေဟာင္းကို မျပတ္နိုင္တာ။
ဟိုလူက ျပန္ေခၚတိုင္း သြားသြားအိပ္ေနေတာ့တာ။
''နင္ ႐ူးေနၿပီဆိုတာ သိလား''
''ဒါေပမယ့္ ဒီတေခါက္ကေတာ့ ေသခ်ာတယ္
သူ ငါနဲ႕ျပန္တြဲမယ့္ပုံ''
ဘာဒါေခါင္းခါလိုက္ရင္း
''နင္ ဟိုတခါလည္း အဲလိုေျပာတယ္ေနာ္''
''နင္နားမလည္ပါဘူး
ရည္းစားေဟာင္းဆိုတာ မိသားစုလိုျဖစ္သြားတာ
သူစိမ္းလို႔ေျပာေနလည္း အမွတ္တရေတြအမ်ားႀကီးဆိုေတာ့ ဘယ္ေမ့လို႔ရမလဲ''
အမယ္ သူ႕ဒႆနေတြ။
သူ႕ဘာသာမျပတ္တိုင္း။
''ဘာမွမဆိုင္ဘူး''
မနက္ျဖန္မနက္ အီဂ်ဴေဟ်ာ့နဲ႕ခ်ိန္းထားတာသိေပမယ့္
ရည္းစားေဟာင္းလို႔ေတာ့မေျပာထားေတာ့ဘူး။
သိရင္ သူ႕လိုေတြးေနဦးမယ္။
မိသားစုေတြ လာလုပ္ေနသးတယ္။
Maryမ သူသြားအိပ္ခ်င္တိုင္း။
ညေနေစာင္းေလာက္က်
ဘာဒါအခန္းထဲ ဝင္ေနလိုက္ေတာ့တယ္။
အလုပ္လည္း လုပ္လို႔ရသေလာက္လုပ္ၿပီး mailပို႔ေပးလိုက္တယ္။
မနက္ျဖန္ေတာ့ ဂ်ဴေဟ်ာ့နဲ႕မနက္ပိုင္းေတြးၿပီး
Maryနဲ႕ၿမိဳ႕ထဲေလွ်ာက္လည္ၾကမယ္လို႔ေျပာထားၾကတယ္။
ဒီညေတာ့ ေစာေစာအိပ္ရမယ္။
.......
ခ်ယ္ေယာင္းတို႔တေနကုန္အလုပ္ေတြရႈပ္ေနၿပီး
ညေနေစာင္းမွ အိမ္ျပန္လာရေတာ့တယ္။
ၿခံထဲၾကည့္လိုက္ေတာ့
ေမြးေန႕ပြဲက ၿပီးသြားၿပီထင္တယ္။
အဘြားအတြက္ Scarfလွလွေလးဝယ္လာတာမို႔
အဘြားအိမ္ကို တန္းသြားလိုက္တယ္။
''Ariel လာ လာ သမီး''
''အဘြား က်မ အလုပ္မ်ားလို႔ အခုမွအိမ္ျပန္လာရတာ
အရမ္းေနာက္က်ေနၿပီမလား''
''နားလည္ပါတယ္
ဘာမွမျဖစ္ဘူးေနာ္''
''Bd presentေလး ''
''အိုးးးး ေက်းဇူးပါ
လက္ေဆာင္တကူးတကေပးစရာမလိုပါဘူး''
''အလုပ္သြားရင္း လွလွေလးေတြ႕လို႔ အဘြားကိုသတိရလို႔ဝယ္ခဲ့တာပါ''
''လာ မုန့္စားသြားဦး''
''ဟုတ္''
''ေဘးအခန္းမွာေလ''
''ဟုတ္''
''Maryသူငယ္ခ်င္းေလးရွိတယ္ေနာ္
လူသံၾကားရင္ လန့္ေနမွာစိုးလို႔''
''ဟုတ္ကဲ့''
''Maryအခန္းမွာ ထားမလို႔ေပမယ့္
တစ္ေယာက္ထဲ လြတ္လြတ္လပ္လပ္ေနပါေစဆိုၿပီး အဲဒီမွာထားေပးလိုက္တာ''
''ဟုတ္ကဲ့''
အဘြားအိမ္က ျပန္လာေတာ့
အလယ္ခန္းကိုတခ်က္ေဝ့ၾကည့္မိေသးတယ္။
Texasက Maryသူငယ္ခ်င္းဆိုတဲ့တစ္ေယာက္ေပါ့။
ေကာင္မေလးကိုသိပ္ခ်စ္တာဆိုေတာ့
ေယာကၤ်ားေလးလား။
မိန္းကေလးအခန္းႏွစ္ခန္းၾကားမွာေလ..
မဟုတ္ေသးပါဘူး
Maryအခန္းမွာ ထားမယ္ဆိုေတာ့
မိန္းကေလးမို႔လို႔ေပါ့..
ေရစိမ္ခ်ိဳးၿပီး အိပ္ယာေပၚလွဲခ်လိဳက္တယ္။
ခါတိုင္းေတာ့ ဝရန္တာေလးမွာ ထြက္ထိုင္ေနက် ဆိုေပမယ့္
ဒီေန႕ေတာ့ ဧည့္သည္လည္း ရွိေနေတာ့ မထိုင္ခ်င္ေတာ့ဘူး။
ေရးေနက် ဒိုင္ယာရီေလးကိုပဲ ထုတ္ၿပီး
ႏွစ္ရက္စာခံစားခ်က္ေတြ
အေတြ႕အႀကဳံေတြ
အေတြးေတြကို
ခ်ေရးလိုက္တယ္။
အီဘာဒါကို တိုင္တည္တဲ့ စကားလုံးေလးေတြေပါ့..။
ေဝးခဲ့ၿပီးတဲ့ေနာက္
ေန႕စဥ္လုပ္တဲ့ လုပ္ငန္းေဆာင္တာထဲမွာ
ဘာဒါေရလို႔အစခ်ီတဲ့
စာမ်က္ႏွာမ်ားစြာပါဝင္တယ္။
ရယ္ရတဲ့အေၾကာင္းေတြေရးၿပီး
ရယ္ရတယ္မလားလို႔အဆုံးသတ္ၿပီးရင္
ငိုခ်ရတာလည္းအေမာ။
ဘာဒါေရ
ေနာက္ႏွစ္ေမြးေန႕ေတြမွာ အတူတူရွိရေအာင္..
ဘယ္လိုလဲ..
လြမ္းရတဲ့ရက္ေတြအတြက္ တို႔ေပးဆပ္ပါ့မယ္
ခ်ယ္ေယာင္းကေတာ့ အခုေန ေက်ာင္းထြက္ၿပီး သူ႕ကိုရွာေကြၽးရမယ္ဆိုရင္ေတာင္ ေခါင္းၿငိမ့္မိေတာ့မွာ။
ေဝးေနရတာက ပိုပင္ပန္းတယ္မလား။
ဗီဒိုထဲက
သူ႕ကိုယ္သင္းနံ႕ေတြလည္းမရွိေတာ့တဲ့
သူ႕ရွပ္အကၤ်ီေလးကိုထုတ္ဝတ္ၿပီး
ဘာဒါႀကိဳက္တဲ့သီခ်င္းေတြကို ညတိုင္း အ်ိပ်ခါနီးခပ်တိုးတိုးဖွင့်နေကျအတိုင်းဖွင့်ပြီး
အိပ္လိုက္တယ္။
အဲ့လိုပဲ တေန႕တာက သူနဲ႕စၿပီး
သူနဲ႕ပဲ အဆုံးသတ္ေအာင္
ကိုယ့္ကိုကိုယ္ႏွစ္သိမ့္ထားရတဲ့ အရာေတြက မနည္းမေနာ။
ဘယ္သူနဲ႕မ်ားရွိေနမလဲ အခ်စ္ေရ..
ေနာက္တစ္ပိုင္းေမွ်ာ္
ဒါဒါတို႔ေရ
ေမွ်ာ္ေနေသးလား..
ဖတ္မဝဘူးျဖစ္မွာသိေပမယ့္
ကိုယ္လည္းမအားတဲ့ၾကားက Upေပးလိုက္တာမို႔
ဖတ္ရတာတိုလည္းသည္းခံေပးၾကေနာ္
ေနမေကာင္းေသးဘူးလားေမးတဲ့အခ်စ္ေတြအတြက္
ကိုယ္ေနမေကာင္းေသးဘူးလို႔
နားခ်ိန္လည္းမရေတာ့ ပိုဆိုးတယ္ထင္ပါတယ္..
ရာသီဥတုကလည္း ေအးတယ္ေလေနာ္..
ဒါဒါတို႔လည္း ဂ႐ုစိုက္ၾကေနာ္
ႏြေးႏြေးေထြးေထြးေန
ခ်စ္တဲ့
လင္း
စလုံးေရာက္ တစ္စုံတဘာ