အချစ်ရဲ့ အလိုအတိုင်း

By Silas3110

10.8K 318 2

ချစ်မိသွားတဲ့အခါ အရာအားလုံး အလိုအလျောက် ဖြစ်တည်လာတတ်တယ် ချစ်ရသူကို ပျော်ရွှင်မှု စိတ်ကျေနပ်မှု ကြည်လင်အေးမြမှ... More

Part-2
Part-3
Part-4!!!
Part-5!!!
Part-6
Part-7
Part-8
Part-9
Part-10 Final

part-1

2.5K 53 0
By Silas3110

ဖုန်းအသစ်လှဲချင်တဲ့စိတ်က ထိန်းမရတာနဲ့ laptop ရောင်းပြီး ဖုန်းအသစ်ဝယ်ပစ်လိုက်သည်...

လက်ရှိအလုပ်မှာ လုပ်နေတာလည်း ခြောက်နှစ်လောက်ရှိပြီ....

အိမ်နဲ့အလုပ် အဝေးကြီးဆိုပေမယ့် အသစ်ထပ်ပြောင်းဖို့လည်း မကြိုက်တာကြောင့် ပေတေပြီးနေခဲ့သည်.....

နောက်ပိုင်း အလုပ်မှာ တိုးတက်မှုမရှိတော့တဲ့ ‌အခြေအနေအရပ်ရပ်‌ကြောင့် အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတယ်....

၆နှစ်လောက် နေ့ဓူတဝ ကျင်လည်နေရင်းက ရုတ်တရက် အလုပ်မလုပ်တော့တဲ့အခါ စိတ်က‌ တော်တော် depression ဝင်လာတယ် တနေ့ကုန် တညလုံး လိုင်းသုံးရင်းနဲ့ပဲ အချိန်တွေ ကုန်ဆုံးနေခဲ့သည်....

မထင်မှတ်ဘဲ လိုင်းပေါ်မှာ တွေ့တဲ့ ကောင်းမလေးတစ်ယောက်က ကျွန်တော့် အတွေးတွေထဲ စိုးမိုးလာခဲ့တယ်....

*****

မိဘတွေမရှိတော့တဲ့နောက်ပိုင်း company ကို တာဝန်ယူရမယ့် အပိုင်းဟာ ကျွန်မ ပုခုံးပေါ် အလိုလို ရောက်လာသည်...

အားကိုးစရာ လူကြီးဆိုလည်း ကိုယ်ပဲ ချွဲနွဲ့ဆိုးသွမ်းချင်မိတဲ့ လူငယ်လေးဆိုလည်း ကိုယ်ပဲ အဲ့လို ကျွန်မမှာ ကျွန်မပဲ ရှိတယ်ဆို‌တဲ့ အသိက ရင့်ကျက်ချင်ယောင်ဆောင် ခက်ထန်ချင်ယောင်ဆောင်တဲ့ နေရာမှာ ဆရာကျခဲ့တယ်လေ....

ညနေပိုင်း companyမှာ meeting ထိုင်ပြီး‌တော့ လူကတော်တော် ပင်ပန်းနေပြီး အိမ်ပြန်ရောက်တော့ ဝိုင်လေးနည်းနည်း သောက်ဖြစ်သည်...

ဝရံတာကို ထွက်ပြီး လေညှင်းခံနေတုန်း ဖုန်း message သံကြားလို့ ကြည့်မိတော့ ဘယ်က ချာတိတ်မှန်းမသိပါဘူး

"Hi"...

"စားpb လား..."

သူနဲ့ ကျွန်မနဲ့လည်း မရင်းနှီး ပဲနဲ့လေ ဒီလိုစာလာ‌ပို့တော့ ပုံမှန် ရိသဲ့သဲ့ လုပ်ချင်လို့ စကားစတယ်ဆိုတဲ့စိတ်နဲ့ စာမပြန်ဖြစ်ခဲ့ဘူး....

ကျွန်တော်က စာရေးတာ ဝါသနာပါတယ်ဆိုပေမယ့် လုံးဝမသိတဲ့ လူတစ်ယောက်ကို ကြူးဖို့တော့ မကျွမ်းပြန်ဘူးလေ....

"Hi" "စားpbလား" "နေကောင်လား" ဒီသုံးခုကိုပဲ reply မရှိတဲ့ account ကို တပတ်လောက် ပို့ခဲ့မိတယ်😂

သူမ စိတ်ရှုပ်သွားဟန်တူပါရဲ့ နောက်ရက် ကျွန်တော့ account ကို blocked သွားတယ်...

*****

တလလောက်ကြာတော့

ကျွန်တော် နှစ်သက်တဲ့ စာအုပ်တွေ ဝယ်ဖို့ shopping center တစ်ခုကို ရောက်လာတယ် လူများတဲ့နေရာ သွားရတာ မကြိုက်လို့ တမင် စနေ တနင်္ဂနွေ ရက်တွေရှောင်ပြီး ထွက်ခဲ့တယ်ဆိုပါတော့...

မျက်လုံးထဲအလင်းတန်းလေးတစ်ခု ဖြတ်သွားတယ်မှတ်တာ မဟုတ်ဘူး ဟိုကောင်မလေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့တာ....

ကျွန်တော့အသက်က ၂၃နှစ်ဆိုပေမယ့် လူကောင်သေးတဲ့ထဲပါတယ်ပြောရမယ် ကျွန်တော့အရပ် ၄'၉"ပဲရှိသည်။

အပြင်မှာတွေ့တော့ အဲ့ကောင်မလေးဆိုဒ်က ကျွန်တော့်ထပ် ခေါင်းတလုံး စာတောင်ပိုမြင့်နေတယ်လေ...

"Wtf...."

"ရင်ခွင်မှီလို့ ရတာပေါ့လေ ...ဟဲဟဲ"

-----

အချိန်တွေ တရာသီပြောင်းကုန်တော့ account အသစ်မှာ သူမနဲ့ ဆက်ဆံလေး အနည်းငယ်လေး စိုပြေလာသည်။

ဒီတိုင်း မြင်မြင်ခြင်း ချစ်ခဲ့ရပေမယ့် အကြောင်းသိလာတော့ သူမက စီပွားရေးလုပ်ငန်းရှင်တစ်ဦး မှန်းသိခဲ့ရတယ်။ အရာရာ ပြည့်စုံတဲ့ သူပေါ့လေ။

မမှီနိုင်မယ့် ပန်းလေးမို့ မလှမ်းတော့ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါကျမှ

"မင်း တို့ကို သဘောကျနေတာလား"

ဘယ်လိုကြီးပါလိမ့် သိနေရင်တောင် ဟန်ဆောင်ပြီး မနေပါဘဲ ဒီလို တည့်မေးလာဖို့ထိ လိုလို့လား။

မတတ်နိုင်ပါ မေးသူရှိရင် ဖြေပေးရမည်မဟုတ်လား။

"ဟုတ်ကဲ့... မြတ်နိုးမိပါတယ်ခဗျာ"

ချစ်နေပါတယ်လည်းမဟုတ် မြတ်နိုးမိပါတယ်တဲ့လား တမျိုးပါလား စကားပြောပုံက....

ဟုတ်သည်... ပုံမှန်ဆို စကားလာပြောနေကျ ယောင်္ကျားလေးများက "ချစ်တယ် " "အပြင်မှာတွေ့ရအောင်" နောက် အဆင့်တွေတက် "လက်ထပ်ရအောင်" ဒါပဲ ခဏခဏ ကြားဖူးလာခဲ့သည်။

အခုတစ်ယောက်ကျ ‌ယောင်္ကျားလေးပုံ ဝတ်စားတဲ့ မိန်းကလေး ဖြစ်နေသည့်အလျောက် စကားကလည်း ကြွယ်ပါသည်။

"မင်းက စာအုပ်ဖတ်တာ ကြိုက်တာလား"

"ဟုတ်ကဲ့ နှစ်သက်ပါတယ်ခဗျ အစ်မရော ဝါသနာပါလို့လားခဗျ"

မေးခွန်းနဲ့ မတူတဲ့ အဖြေပေးပုံပေးနည်းတွေလေ...

"ဖတ်ရတာထပ် နားထောင်ရတာ ပိုကြိုက်တယ် အလုပ်များတော့ မအားဘူးလေ"

"ဒါဆို ကျွန်တော် ဖတ်ပြမယ်လေ နားထောင်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့အခါမှသာ နားထောင်ပေါ့"

"အင်း"....

စကားဝိုင်းလေး ရပ်စဲလိုက်တော့သည် ကျွန်မ အလုပ်တွေ ရှိသေးသည်လေ...

ည 1နာရီခွဲလောက် အလုပ်ပီးသွားတော့ မျက်လုံးကြောင်နေတာနဲ့ လိုင်းခဏ သုံးမိတယ်

Messenger ကနေ စာတစ်စောင်‌ဝင်လာတယ်။ခဏက ကလေးပို့တာပါ သေချာပါသည်။

ဖွင့်ကြည့်လိုက်တော့ အသံဖိုင်လေး သူအသံ ဩရှရှလေးနဲ့ ကဗျာလေး တစ်ပုဒ်ရွတ်ထားသည်။

-----

"ဟိုနေ့က ကဗျာလေးက နားထောင်လို့တော့ ကောင်းသား ကြားတော့ မကြားဖူးဘူး ဘယ်သူရေးတာလဲဟင်"

"ဟီး အဲ့တာလား ကျွန်တော် ကိုယ်တိုင်ရေးတာလေ ကဗျာရယ်တော့ မဟုတ်ပါဘူး ချစ်မိကြောင်းဖြစ်ခဲ့တဲ့ ရည်းစားစာလေးပေါ့ ကြိုက်ရဲ့လား"

"အိုရ်... ရည်းစားစာကို စာသ့ပေသ့နဲ့ ဖတ်ပြရသလား မင်းနဲ့..."

"ဒီတိုင်းပို့ရင် မဖတ်ချင်ဘူးမလား မအားတာလည်း ပါမှာပေါ့ အဲ့တာကြောင့် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် ဖတ်ပြလိုက်တာ"

"အင်း... ဆိုးတော့ မဆိုးပါဘူး"

"တို့ကို ဘာလို့ကြိုက်တာ......"

ဒဲ့တိုးမှ မေးပါ့မလားလို့လေ မေးလာတာပါပဲ...

"မကြိုက်ပါဘူး မြတ်နိုးမိတာ ကြိုက်တယ် ဆိုတာ တခဏ‌ပဲလေ လူတွေ စိတ်က အမြဲ ပြောင်းလဲနေတာ မဟုတ်လား မြတ်နိုးတာကျ ထာဝရတည်‌တယ်လေ အဲ့တော့ အစ်မကို မြတ်နိုးမိတာ..."

"အမှတ်ပေးချင်စရာပါလား မင်းစကားက"

"ဟီး စဉ်းစားပေးရင်ဖြင့် ပျော်မိမှာပါ"

"မင်းမြန်မာ ဝတ်စုံလေးဝတ်ပြီး တို့ချိန်းတဲ့ နေရာလာခဲ့လေ အဖြေပေးမယ်"

"ရင်ခုန်မိပါရဲ့ ဒါပေမယ့် ကျွ‌န်တော့် ဖြစ်တည်မှုကိုတော့ မပြောင်းလဲ ပါရစေနဲ့"

"ချစ်ခြင်းမေတ္တာမှာ နေထိုင်မှု ပုံစံတွေမှမပါပဲလေ နော့်........"

"ဒါဆို နောက်တခေါက်ပေါ့ ချာတိတ်ရေ..."

-----

စာတောင် မပြန်တော့ပါ ကိုယ်ဝတ်ခိုင်းတာ ပုဆိုးပါ သူဘာထင်သွားတယ်မသိ။ ပြောတာလည်း မှန်ပါရဲ့ ဖြစ်တည်မှုဟာ အချစ်ကြောင့် ပြောင်းလဲစရာ မလိုဘူးလေ။ ဒီ ဖြစ်တည်မှု ဒီနေထိုင်မှု ကို လက်ခံနိုင်မှ အချစ်ကို လက်ခံဖို့ တန်တာမဟုတ်လား။

သူ့ဘက်ကိုတောင် စဉ်းစားပေးနေမိပြန်တယ်လေ ခက်ရဲ့။

---------နောက်ရက်တွေလည်း စာမလာပါ...

"ဟိတ်..."

"အခုတလော စာမလာပါလား ဘာလို့ မြတ်နိုးမိက ထာဝရမဟုတ်တော့ ပြန်ဘူးလား"

"ထာဝရပါ ဘယ်ချိန်မေးမေး ဒါမယ့် ကျွန်တော့် ဖြစ်တည်မှုက ကျွန်တော့် ဘဝဖြစ်နေခဲ့တယ်လေ"

"ဟုတ်ရဲ့... ဒါကို တို့ သိတယ်လေ ...လက်လည်းခံတယ်..."

"ဒီဘက်ခေတ်မှာ LGBT ဆိုတာ လူတွေလက်ခံလာတဲ့ အသိုင်းအဝိုင်းငယ်လေး မဟုတ်လား"

"ဟုတ်"

"အပြင်မှာ တွေ့ကြမလား တို့တွေ့"

"**လမ်း ***လမ်းရဲ့ ကော်ဖီ တိုင်မှာ တို့စောင့်နေမယ် တွေ့ချင်ရင်တော့ လာပေါ့ မတွေ့ချင်လည်း ရတယ်နော် တို့က အေးဆေး"

"ဟုတ်"

-----

အမယ် ချိန်းတာတောင် အထာကြီးနဲ့ပါလား ဒါမယ့် ချစ်ရသူ မဟုတ်လား မငြင်းရက်ပါ သူမစကားဆို အမိန့်လို နာခံတတ်တာ အဲ့နေ့က စခဲ့သည် ထင်ပါရဲ့....

"သိပ်ချစ်မိသွားတဲ့ အခါ မင်းခြေဖဝါးနုအောက် ဝဋ်ဆင်းဖို့တောင် ဝန်မလည်တတ်တော့ပါ"....."အင်း ဒါကြောင့်လည်း ချစ်မိလို့ ရူးကြတာလို့ လူတွေပြောကြတာပေါ့"
"ဟုတ်ရဲ့ ကျွန်တော်လည်း ရူးသွပ်သွားပြီ ထင်ရဲ့"....
------

အသန့်ဆုံးဖြစ်မယ့် အဝတ်တွေ ရွေးဝတ်တယ် အစ်မ ဝယ်ပေးတဲ့ ရေမွှေးလေး ဖျန်းတယ်...
နောက် မေမေ့နားက မုန့်ဖိုးတောင်းတယ် ဆိုင်ကယ်ကို အတတ်နိုင်ဆုံး ဖုန်ခါ လိုက်တယ်
"မင်းရဲ့ ရိုးရော ရိုးသလား အလုပ်မလုပ်တော့တဲ့ နောက်ပိုင်း အပြင်သိပ်မထွက်ပါဘူး ထွက်ရင်လည်း ဒီလောက်မပြင်ပါဘူး ခုတော့ ဘယ်လို ဖြစ် တအိမ်လုံးလည်း မင်းအနံ့တွေနဲ့ မွန်းနေပြီ မင်းဖေဖေပြောတော့မှာပဲ"

"မေ ကလည်း အခုသွားတော့ မှာပါ စာအုပ်ဝယ်စရာလေး ရှိလို့ သူငယ်ချင်းနဲ့လည်း ချိန်းထားလို့ပါ ဖေဖေမေးရင်လည်း ပြောပေးထားဦးနော် အရေးတကြီး ခိုင်းစရာ ရှိရင် ဖုန်းဆက်လိုက် မေမေရေ..."

"‌ဖြည်းဖြည်းမောင်းသွားကွဲ့ ဦးထုပ်လည်းစောင်းဦး ‌လိုင်စင်တွေရော ပါရဲ့လား"
"အဖမ်းအဆီးက သိပ်များတာကွဲ့"

"အားလုံး ‌စုံပါပြီ မေရဲ့ သွားပြီနော် bye"

"အေးအေ"
-----
"မလာတော့ဘူး မှတ်နေတာ တို့ ထင်နေတာ မမှားဘူး မင်းတို့ကို တွေ့ချင်နေတာပဲ"

"ဟုတ်ရဲ့.. တွေ့ချင်နေမိပါတယ်... နောက်ပြီး မြတတ်နိုး မိတဲ့ အကြောင်းလေးလည်း ပြောချင်မိပါရဲ့"

"စကားသံက တမျိုးနော် ခပ်ဝဲဝဲ ဩရှရှလေး...ဒါနဲ့ မြတ်နိုးအကြောင်းပြောမယ်ဆိုတော့ မြတ်နိုးက ဘယ်သူလဲဟင် တို့မသိလို့"

"ဟာဗျာ ခက်ချေပြီ"....

"ဟား ဟား မင်းကို စတာပါ တို့သိပါတယ် မင်းဆိုလိုရင်းကို"

"ဟုတ်ကဲ့"
ပြန်သာဖြေနေရတယ် မနေတတ်တော့ပါ လိုင်းပေါ်မှာသာ အာကျယ်ရဲလေ အပြင်မှာ ဒီ လိုတွေ့ရဲဖို့တောင် မနဲ အားယူခဲ့ရသည်မဟုတ်လား....

"ဟိတ်..."
"ဟိတ်...ချာတိတ်"
"တို့ခေါ်နေရင် ထူးပါဦး"

"ဗျာ... ဟုတ်ကဲ့ မကြားမိလို့ပါ"

"‌ဪ... အရမ်းဝေးနေလို့ ထင်တယ် လာ တို့နားတိုးခဲ့" "နားရွက်ဆွဲပြီး ခေါ်ပေးမယ်"

စနေပြန်ပြီတယ်လေ နားရွက်တွေများနီ နေမလား မျက်နှာတွေများ ပူနေမလား ထိန်းထားပေမယ့် မရတော့ပါ.....

"ဟော ကိုက်မစားပါဘူး စကားပြောကြမယ်လေ"
"မင်းအသက် ဘယ်လောက်ရှိပြီလဲ"

"ဟုတ်ကဲ့ 23 ပြည့်တော့မှာပါ"

"ဪ... တို့ထပ် 5နှစ်လောက်ငယ်တယ်"
"ကလေးလေးပေါ့... တို့ကလေးလေး လုပ်မလား"

"ဗျာ..."

"တဗျာဗျာ နဲ့ အလုပ်ချင်လဲ နေပါ"

အို ဘယ်လိုမေးလိုက်ပါလိမ့် အမိရယ် ကျုပ်မျှော်နေခဲ့ရသည့် အရာလေးမဟုတ်လား ကျုပ်မြတ်နိုးမိတဲ့ ပန်းလေး တစ်ပွင့်လေ ရှင်သန်ချင်မိတဲ့ အကြောင်းပြချက်လေး ဒုတိယအကြိမ် ထိတွေ့ခဲ့တဲ့ မေတ္တာ ဓာတ်ကလေး...
စိတ်ကသာ ရေရွတ်နေမိတာပါ မျက်နှာကြီး ရဲပြီး ခေါင်းညိတ်မိရုံကလွှဲပြီး ဘာမှ ဖြေလိုက်မှာ မဟုတ်တာကို ကိုယ့်ကိုကိုယ်သိတာပေါ့...

#စိတ်ကူးတည့်ရာ ဖွင့်လှစ်မိတဲ့ အခန်းငယ် တစ်ခန်းပါ ပြတင်းတံခါးတစ်ချပ်ပါ စိတ်ကူးယဉ်သပ်သပ် ဖြစ်ပါ၍ သဘောထားကွဲလွဲမှုများ အကြောင်းတိုက်ဆိုင်မှုများ ရှိခဲ့ပါက သာသာ၏ အမှားသာ ဖြစ်ပါသောကြောင့် ချစ်သော နှလုံးသားဖြင့်သာ ဖတ်ပါ ချစ်သော စိတ်ဖြင့် ခွင့်လွှတ်ပါ....
ကြိုးစားပါဦးမည်




Continue Reading

You'll Also Like

22.7K 767 30
Unicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းန...
18K 887 20
မောင်က ကျွန်မကောက်ရခဲ့တဲ့ ကော်ရုပ်လေးတစ်ရုပ်ဖြစ်ခဲ့သလို ကျွန်မအပိုင်းသိမ်းချင်မိတဲ့ ရပ်ဝန်းငယ်လေးဆိုလည်း ဟုတ်တယ်..... မမကို ကျွန်တော်က၅၂၈မေတ္တာနဲ့ မဟ...
131K 3.4K 14
My clan is special. Why? Simple We have spirit animals.
702K 16.4K 44
Broken by soul, broken by heart. Valeria is Alpha's daughter who has been through lot of loss. She's in no rush finding her mate, so you can imagine...