🔺 This part includes abuse and rude words
ထိုနေ့မှစ၍ ယူဂျင်းရဲ့အိမ်ကို ဂယူဘင်းက မကြာ၊မကြာ ရောက်လာတတ်၏။
လမ်းကြုံလို့ ဟူသော အကြောင်းပြချက်က တစ်ဖုံ၊ ယူဂျင်းမေမေရဲ့ ဟင်းချက်လက်ရာကို သဘောကျလို့ဆိုတဲ့ အကြောင်းပြချက်က တစ်ဖုံ...ဂယူဘင်းတွင်ယူဂျင်းအိမ်ကို လာလည်ဖို့ အကြောင်းပြချက်က မျိုးစုံရှိနေတယ်သည်။
နောက်ပိုင်း...စာကိုတောင်မှ ယူဂျင်းအိမ်မှာမှ လာသင်တတ်တာမျိုး။
ထိုအခါ ယူဂျင်းရဲ့ မေမေ က အိမ်မှာရှိလျှင် အသီးတွေ ခွဲကျွေးတတ်၏။
စာကို ဧည့်ခန်းထဲမှာ သင်တဲ့အတွက် ယူဂျင်းရှင်းပြတဲ့ သင်္ချာသီအိုရီတွေကို ဂယူဘင်းနားမလည်တဲ့အခါ ဆူခံရတာမျိုးတွေရှိ၏။
ထိုအခါ ယူဂျင်းမေမေက အထိပ်တစ်လန့်ဖြင့် သူ့သားကို သတိလှမ်းပေးရတယ်။
"သား..ကိုယ့်ထက်အကြီးကို အဲ့လို လေသံနဲ့မပြောရဘူးလေ" လို့ ပြောခံထိတဲ့ အခါ ယူဂျင်းက မကျေနပ်တဲ့ အကြည့်တွေကို ဂယူဘင်းကို ပေးဖြစ်သည်။
ပြီးတော့ ပါးစပ်လှုပ်ရုံ ဖြင့်
"နောက်နေ့တွေ အိမ်လာမသင်နဲ့"တဲ့။
ထိုအခါ ဂယူဘင်းက နူတ်ခမ်းကိုရှေ့ထော်ကာ ကင်မ်ချီစိမ်နေတဲ့ ယူဂျင်းမေမေကို အော်ပြောကာ တိုင်၏။
"မေမေ့သားက ကျွန်တော့်ကို နောက်တစ်ခါ အိမ်မလာနဲ့ တဲ့ မောင်းထုတ်နေတယ်"
ယူဂျင်းမှာ ပြူးပြူးပြဲပြဲ ဂယူဘင်း တစ်ကိုယ်လုံးကို ရူးသွားပြီလားဆိုတဲ့အကြည့်မျိုးဖြင့် ကြည့်ကာ
"ရူးနေလား...ဒါကျွန်တော့်အိမ်လေ" တဲ့။
ဂယူဘင်းကလဲ အဲ့တော့မှ အူကြောင်ကြောင်ဖြင့်
"ဟုတ်သားပဲ" တဲ့။
•Star- Crossed Lovers•
အခုနောက်ပိုင်းတွင် ယူဂျင်း ညဘက်ဆိုလျှင် အိမ်အပြင်ကို မထွက်ဖြစ်တော့ပါ။ ညဘက် အဆာပြေစားဖို့အတွက် ဆ်ိုရင်တောင်မှ မနက်ကတည်းက ဝယ်ထားတတ်သည်။
နေပြန်ကောင်းပြီးတဲ့နေ့ကနေ စပြီး ယူဂျင်းသည် သူ့စုဗူးလေးကို ခဏခဏထုတ်ကြည့်တတ်တယ်။ စုဗူးအစား ဘဏ်ကဒ်လုပ်ရင်ကောင်းမလားလို့တွေးမိပေမဲ့ အသက်မပြည့်သေးတဲ့ အတွက် လုပ်လို့မရလောက်ဘူးလို့လဲတွေးမိသည်။
ပိုက်ဆံခိုးစုရတဲ့ အဖြစ်က လွယ်တော့မလွယ်။
ဒါကြောင့်မို့ ထိုစုဗူးကို အလုံခြုံဆုံးဖြစ်တဲ့ ကြောင်အိမ်ရဲ့ ပန်းကန်းတွေထားထားတဲ့ နောက်ဘက်မှာ ထားထားသည်။
ရူးကြောင်ကြောင်နိုင်ပေမဲ့ အလုံခြုံဆုံးက အဲ့သည်နေရာပဲလို့ ယူဂျင်းထင်မိတယ်။
အကယ်၍များ ဖေဖေ အိမ်ထဲကို တံခါးရိုက်ချိုးလို့ ဝင်လာပြီး အကုန်ရိုက်ခွဲလို့တွေ့တဲ့ ပိုက်ဆံယူသွားရင်တောင် ယူဂျင်း ပိုက်ဆံက ပါသွားမှာမဟုတ်တာ။
စုမိထားတဲ့ ပိုက်ဆံတွေကို ရေတွက်လိုက်တာ မနည်းတော့ပါ။ ဒါပေမဲ့ ဂယူဘင်းအတွက် ဝယ်ပေးမယ့်လက်ဆောင်ကို တန်ဖိုးကြီးကြီး ဖြစ်စေချင်တဲ့အတွက် ထပ်စုရဦးမည်ဟုတွေးမိတယ်။
ဒီနေ့ ယူဂျင်းအစောကြီးအိပ်ရာ ဝင်ဖြစ်သည်။
ကိုကိုရဲ့ ဂီတာသံတစ်တောင်တောင်ကြောင့် အိပ်မရဘူးဆိုပေမဲ့ ကိုကို့ရဲ့ သီချင်းဆိုသံတွေအောက်မှာ မှေးစင်းလာတဲ့ မျက်လုံးကြောင့် အိပ်ပျော်သွားရတာ တစ်ချိုးတည်း။
မနက်ကျောင်းလာတာတောင်မှ အိပ်ချင်စိတ်ကတစ်ဖွားဖွား။
သို့ပေမဲ့ ရုတ်တရက်ကြီး ဘယ်ကနေ ဘယ်လိုရောက်ချလာမှန်းမသိတဲ့ ဟွမ်ဝန်းက အအေးခဲဒိန်ချဉ်ဗူးဖြင့် ပါးကို လာကပ်တာမို့ မျက်ဝန်းတွေ ပြူးကျယ်သွားရသည်။
"ဟာ..ဟွမ်ဝန်း"
"ဟဲဟဲ..."
ယူဂျင်းကို စနောက်လိုက်ရတာမို့လို့ ဟွမ်ဝန်းက တစ်ဟဲဟဲ။
ဟွမ်ဝန်းနဲ့ကလဲ အတန်းဖော်တွေဆိုပေမဲ့ အပြင်လျှောက်လည်တာမျိုးလဲ မလုပ်ဖြစ်တာကြောင့် တစ်အား ရင်းနှီးတာ မျိုးလဲ မဟုတ်ပေ။
"အော် ဒါနဲ့ ယူဂျင်း...ကျောင်းမှာ သင်္ချာ် အိုလံပစ်ပြိုင်ပွဲရှိတယ် မင်း ဝင်ပြိုင်မှာလား"
"ဟင်..."
ယူဂျင်းတွေဝေသွား၏။
ပြီးတော့ နှစ်ခါမစဉ်းစားပဲ ဟွမ်ဝန်းကို ပြန်ဖြေလိုက်တယ်။
"မပြိုင်ဖြစ်လောက်တော့ဘူး တက္ကသိုလ်ဝင်တန်း စာမေးပွဲ နီးပြီလေ...ငါအဲ့အတွက်ပဲ အာရုံစိုက်တော့မယ်"
"အေး..မင်း ဘယ်တက္ကသိုလ်ကိုရွေးမှာလဲ"
ဒီမေးခွန်းအတွက် ယူဂျင်းမှာဖြေစရာ အဖြေမရှိ။
သေချာပေါက် အမှတ်က ကောင်းမှာဆိုပေမဲ့ ယူဂျင်း ဘာရွေးရမှန်းမသိ။
ပြီးတော့ ဟိုအစ်က်ိုကြီး ကရော ဘာတက္ကသိုလ်ကိုရွေးမှာလဲ မသိဘူးဆိုတဲ့ မေးခွန်းက ရင်ထဲ ဖြစ်ပေါ်လာ၏။
ဒီတစ်ခါမှာတော့ ထိုအစ်ကိုကြီး ကင်မ်ဂယူဘင်းကို သူနဲ့ အတူ တစ်နှစ်တည်း အောင်စေချင်သည်။ ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် တက္ကသိုလ်အတူတူ တက်ချင်ပါသည်။
အစ်ကိုကြီး ကင်မ်ဂယူဘင်းက တစ်ခါတစ်လေ စိတ်ပျက်ဖို့ကောင်းစွာ စကားတစ်အားများပေမဲ့ ယူဂျင်းကို ပြုံးအောင်လုပ်ပေးနိုင်သည်လေ။ ယူဂျင်းခဏခဏပြုံရတာပဲမဟုတ်လား။
"ဟင်...ဘာတက္ကသိုလ်တက်မှာလဲလို့..မေးနေတာကို"
ဟွမ်ဝန်းက ဒုတိယအကြိမ်မြောက်မေးခြင်းမှာ ယူဂျင်းက သက်ပြင်းချလိုက်ပြီး ပြန်ဖြေတော့ဖို့အလုပ် အတန်းထဲကို ဝင်လာတဲ့ ဂယူဘင်းကိုတွေ့တော့ ဟွမ်ဝန်းကို ပြန်ဖြေဖို့ အာရုံကရှိမနေတော့ပါ။
"ဟိုင်း..ယူဂျင်းလေး အိပ်ရေးဝရဲ့လား"
"အင်း...ဝတယ်ပေးဦး..."
ယူဂျင်းက ဂယူဘင်းထိုင်ခုံမှာတောင် မထိုင်ရသေး၊ လက်ဖြန့်တောင်းနေတာကြောင့် ဂယူဘင်းကြောင်သွားရသည်။ ဟန်ယူဂျင်းက သူ့ကို ဘာတောင်းနေတာပါလိမ့်။
ယူဂျင်းဘေးခုံက ဟွမ်ဝန်းကတော့ အတန်းထဲ ဂယူဘင်းဝင်လာကတည်းက သိသည်။ ဟန်ယူဂျင်းက သူ့မေးတာကို ဖြေတော့မှာမဟုတ်ဘူးဆိုတာ။
"ဟာ...ဘာတောင်းရမှာလဲ အိမ်စာ စာအုပ်ပေါ့"
တကယ်က မေ့ချင်ယောင်ဆောက်နေတဲ့ ဂယူဘင်း။
ယူဂျင်းဆီက စိတ်ညစ်တဲ့ အသံပိစိလေးဟာ ထွက်လာရသည်။
"စိတ်ညစ်တယ် စာမေးပွဲကြီး နီးပြီဗျ..စာလုပ်ပါဆိုမှ..တက္ကသိုလ် မတက်ချင်တော့ဘူးလား"
"တက်မှာပေါ့!! ယူဂျင်းနဲ့ တစ်နှစ်တန်းအောင် အောင် လုပ်ပြီး ယူဂျင်းတက်တဲ့ တက္ကသိုလ် လိုက်တာမှာ ဟားဟား"
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့လေသံဖြင့်ကိုယ်ကို မတ်ကာ ရင်ဘတ်ကို ထုကာ ပြောလိုက်တဲ့ ဂယူဘင်းကြောင့် ယူဂျင်း နူတ်ခမ်းကို လျှာဖြင့်တစ်ချက် သပ်ကာ နူတ်ခမ်းအစုံလုံးဟာ ကွေးညွှတ်သွားရသည်။
မကြာပါ...ယူဂျင်းဘေးခုံက ဟွမ်ဝန်းဆီမှ အထင်သေးတဲ့ အသံဟာထွက်လာတော့ တစ်တန်းလုံးဟာ ခွီးကနဲ။
"ဟမ်...စီနီယာက ယူဂျင်းတက်တဲ့ တက္ကသိုလ် လိုက်တက်မယ်ဟုတ်လား၊ ဘုန်းကြီးကျောင်းမှာ ဖင်ထောင်ပြီး ဆုတောင်းရင်တောင် မပြည့်ဘူး"
ထိုအခါ ဂယူဘင်းဆီက ဆဲသံတွေဟာ ထွက်လာရတော့သည်။
Star- Crossed Lovers•
ဒီနေ့ ည ၊ ညစားစားကြတုန်းက မေမေက စကားတစ်ခွန်းကို အစပြုကာတိုင်ပင်တဲ့ သဘောဖြင့် ပြောလာ၏။
"မေမေတို့ အိမ်ပြောင်းကြမလား" တဲ့လေ။
ယူဂျင်းရဲ့ ထမင်း ခပ်ယူနေတဲ့ လက်တွဟာ ရပ်တန့်သွားသည်။
အကြောင်းအရင်းက်ို သိသည်မို့ ထပ်မပေးမိတော့။
ယူဂျင်းရဲ့ဖေဖေဟာ ဒီမိသားစုနဲ့ ပတ်သတ်မှုမရှိတော့သော်လဲ ယနေ့ထက်တိုင် ယူဂျင်းတို့ မိသားစု သုံးယောက်ကို စိတ်ပိုင်းဆိုင်ရင် ဒုက္ခပေးနေတုန်းပင်။
မကြာခင် ယူဂျင်း တက္ကသိုလ်တက်ရတော့မည် ဆိုတာ က တစ်ကြောင်း၊ တက္ကသိုလ်တက်ရင် ပိုကုန်ကျလာမည် ဆိုပေမဲ့ ယူဂျင်းတို့ မိသားစု သုံးယောက်ရဲ့ လုံခြုံရေးက ပိုအရေးကြီးသည် ဟု ထင်သည်။
ရဲကို တိုင်ကြားသော်ငြားလဲ အရာ မရောက်။
ဒါကြောင့်မို့ ယူဂျင်းတို့သုံးယောက်ဟာ သက်ပြင်းတစ်ချချနဲ့သာ နေနေရသည်။ ရဲတွေ လာဖမ်းသွားပေမဲ့လဲ ထိုလူဟာ ရည်းအနည်းငယ်ကြာရင် ပြန်ရောက်လာတာပဲကို။
ထယ်ဆန်းက ဝင်ပြောသည်။
"ကျွန်တော်တို့ပြောင်းလာတဲ့နေရာကို အဲ့လူ သိပြီးလိုက်လာရင်ရော"
ထိုအခါ မေမေနဲ့ အတူ ယူဂျင်းပါ သက်ပြင်းချမိသည်။
*တီး....." ဆိုတဲ့ ဘဲလ်သံကြောင့် ညဘက်ကြီး ဘယ်သူလာတာပါလိမ့်ဆိုပြီး ဖြစ်ကုန်ကြသည်။
ထိုအခါ စကားလမ်းကြောင်းက ပြတ်တောက်သွားတယ်။
ယူဂျင်းကတော့ ဘယ်သူလာသလဲဆိုတာကို သိသွားပြီဖြစ်တာကြောင့် မနိုင်ဟန် သက်ပြင်းချဟန် နောက်ဖေးသို့သွားကာ ပန်းကန် အပိုတစ်ချပ်ကို ယူကာ ထမင်းခူးပြီး ပြန်ထွက်လာခဲ့လေသည်။
တံခါးဖွင့်ပေးလိုက်တော့ ထုံးစံအတိုင်း မုန့်တွေ ယူပြီး အိမ်ကိုရောက်ချလာတဲ့ ဂယူဘင်းက တကယ့်ကို သူ့အိမ် အတိုင်း ဝင်ထွက်နေတော့တာ။
အိမ်ထဲဝင်လာတဲ့ ဂယူဘင်းက ဆူပုတ်နေတဲ့ ယူဂျင်းကိုတွေ့တော့ မျက်နှာငယ်လေးဖြင့် ယူဂျင်း၏မေမေကို လှမ်းကြည့်သည်။
"မေမေ့ ယူဂျင်းက သားကို မကြည်ဖြူဘူးထင်တယ်"
"အဲ အဲ့လို မထင်ပါနဲ့ လာလာ...ထမင်းဝင်စား"
"ဟီး..ဟုတ်ကဲ့.."
ယူဂျင်းဘေးမှာ ဝင်ထိုင်လိုက်တဲ့ ဂယူဘင်းက ထယ်ဆန်းကိုလဲ ပြုံးပြရင်း
"အစ်ကိုထယ်ဆန်း မင်္ဂလာပါ"
"အေးအေး..အမြဲလာနေတော့ မင်းကို ငါ့ညီနဲ့ တောင် မှားချင်လာပြီ"
ထယ်ဆန်းက ရုပ်တည်းနဲ့ ထနောက်တော့ ဂယူဘင်း သဘောတစ်ကျ ရယ်နေတော့သည်။
ဒီနေ့ည ယူဂျင်းအိမ်ကို ဂယူဘင်းလာရတဲ့ အကြောင်းပြချက်က 'ဒီနေ့ အိမ်မှာ ဘယ်သူ့မှမရှိလို့ ထမင်းကျွေးမယ့် သူ မရှိဘူး' ဟု ၍သာ။
မေမေကတောင် သနားလွန်းလို့ ရှိသမျှ ဟင်းတွေကို အကုန့် ပလီပလာ ဂယူဘင်းရဲ့ ပန်းကန်ထဲထည့်ပေးနေတော့တာပဲ။
"ဒါနဲ့ အစ်ကိုထယ်ဆန်း..သီချင်းတွေရေးတယ်မလား"
ဂယူဘင်းက မေမေ ချကျွေးထားတဲ့ စပျစ်သီးကို ဝါးရင်းမေးတော့ ထယ်ဆန်းက
"အင်း ဟုတ်တယ်လေ ဘာလို့လဲ"
"အော...ကျွန်တော့် အသိတစ်ယောက်က နာမည်ကြီး entertainment တစ်ခုမှာ director လေ အဲ့ဒါ သူက တော်တဲ့ producer တစ်ယောက်ကိုရှာနေလို့ အစ်ကို များ စိတ်ဝင်စားမလားလို့"
ထယ်ဆန်း စိတ်ဝင်စားသွားတာအမှန်။
"မင်း စိတ်မရှိရင် သူ့ဖုန်းနံပါတ်ကို အစ်ကို့ကို ပေးမလား"
"ဟာ..ရတာပေါ့...ဒီမှာ"
"ကျေးဇူးနော်"
"မလိုတာဗျာ..အောင်မြင်မှာ အစ်ကို့ ညီ ကျွန်တော့်ကို ပေးလိုက်"
"ဟေ့ကောင်!!!"
ဂယူဘင်းရဲ့ စနောက်မှုကြောင့် ယူဂျင်းရဲ့နားဖျားလေးတွေ သာမက ပါးနှစ်ဖက်ဟာ မက်မွန်းသီးအရောင်သို့ ပြောင်းလဲ သွား၏။
ဒီတိုင်း စနောက်တဲ့ဟာသဆိုပေမဲ့ ယူဂျင်းရဲ့ နှလုံးခုန်နူန်းဟာ မမှန်မှန်း သိသည်။
*ဒုန်း အုန်း *
ရုတ်တရက် စနောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပျော်စရာစကားဝိုင်းဟာ အပြင်က ဆူညံသံကြောင့် အကုန်လုံးမျက်လုံးပြူးသွားရတယ်။
ဂယူဘင်းသည်လည်း ပါးစပ်ထဲထည့်တော့မယ့် စပျစ်သီးကို ကိုင်ထားလျှက် တံခါးကို ပြူးကြည့်နေ၏။
ယူဂျင်းကိုလှည့်ကြည့်လိုက်တော့ ကြောက်လန့်နေတဲ့ပုံပေါ်တာကြောင့် ဂယူဘင်းရဲ့ မျက်ခုံးဟာ တွန့်ကွေးသွားမိတယ်။
"ခွေးမ တံခါးဖွင့်စမ်း"
တံခါးအပြင်ဘက်ကနေ ရင်ဂေါင်းအသံဖြင့် လျှာလေး အာလေးဖြင့် အော်ပြောသံကြောင့် ယူဂျင်း ရဲ့ ကိုယ် တုန် တက်သွားရသည်။
"ဒီလူဘာလဲဟ"
ဂယူဘင်းကတော့ ဒီလိုတွေးလိုက်သည်။
ဒီအတိုင်း အိမ်နီးနားချင်းအမူးသမားတစ်ယောက်က အိမ်မှားပြီး လာတံခါးခေါက်တာလို့ထင်လိုက်ခြင်းသာ။
သို့ပေမဲ့ အကြည့်တွေမတည်ငြိမ်ပဲ တုန်ရီချင်နေတဲ့လက်ကို ဂယူဘင်းတွေ့လိုက်တဲ့အခါမှာ အတွေးများလာရသည်။
*ဒုန်း ဒုန်း...ခွေးသားအမိတွေ တံခါးဖွင့်စမ်း ရဲတိုင်လဲ ငါကကြောက်မယ်ထင်နေလား တောက်"
ထပ်ကြားလိုက်ရတဲ့ ရိုင်းစိုင်းတဲ့ အသုံးအနူန်းကြောင့် ဂယူဘင်း ထိုင်ရာကနေ ထရပ်မိလိုက်တော့သည်။
ထယ်ဆန်းသည်လဲ ထရပ်ကာ တုန်ချင်နေတဲ့ ယူဂျင်းကို လက်မောင်းကနေ ဆွဲပြီး အသာ ထခိုင်းကာ
"ယူဂျင်းအခန်းထဲသွားနေ သွား...ဂယူဘင်း မင်း ယူဂျင်းကို ခေါ်သွား"
ထယ်ဆန်း၏အသံသည် မာဆတ်ဆတ်ဖြစ်လာပြီး သဘောကောင်းတဲ့ အစ်ကို ထယ်ဆန်းမဟုတ်တော့ပါ။
ဂယူဘင်း ဒီနေရာမှာ နားမလည်ဖြစ်သွားသည်။
ဂယူဘင်း က ယူဂျင်းနဲ့ ပတ်သတ်ပြီး မသိသေးတာတွေများ၏ ။
ယူဂျင်းကို ပြန်ကြည့်တော့လဲ ယူဂျင်းရဲ့မျက်ဝန်းတွေထဲမှာ ကြောက်ပြီးသိမ်ငယ်နေတာတွေကို ဂယူဘင်းမြင်လိုက်ရတယ်။
ဒီလို ပျော့ညံ့တဲ့ ယူဂျင်းရဲ့ပုံစံကို ဂယူဘင်းမတွေ့ဖူးပါ။
ထယ်ဆန်းရဲ့ လှုံ့ဆော်မှုကြောင့် ဂယူဘင်းက ယူဂျင်းကို ခေါ်ကာ အခန်းထဲကို ခပ်သွက်သွက်ဝင်သွားလိုက်တယ်။
" စောက်ဆင့်မရှိတဲ့ ကောင်မ! အိမ်တံခါးဖွင့်စမ်း!!! ဘာလဲ အိမ်မှာမရှိဘူးလား၊ မင်းရဲ့ ခွေးသားတွေကို လာဖွင့်ခိုင်းစမ်း..."
ထပ်ပြီး တံခါးကိုထုရိုက်လာတဲ့ အဲ့လူကြောင့် ထယ်ဆန်း မျက်နှာကြောတွေ တင်းသွားသည်။
မေမေလဲ ကလေးတွေရှေ့မှာမို့ မကြောက်ပြပေမဲ့ ကြောက်နေတယ်ဆိုတာကို ထယ်ဆန်းသိတာပေါ့။
အိမ်နီးနားချင်းတွေ တိုင်လဲ ထိုင်လူဟာ မမှုပါ။
ရပ်ကွက် ဆူပူစေမှုဖြင့် ထောင်ထဲမှာ ဘယ်လောက်နေရမှာမို့လို့လဲ။ အလွန်ဆုံး သုံးရက်ပေါ့။
ပတ်သတ်မှုကိုဖြတ်တောက်ထားပေမဲ့ ....ဝဋ်ကြွေးကကြီးပါပေ့။
ငယ်ငယ်ကတော့ ပျော့ညံ့သည်။
အခုတော့ ပျော့ညံ့ပြီး ကြောက်ရွံ့မှုကို ပြသနေရမယ့် အရွယ်မဟုတ်တော့တာကြောင့် ထယ်ဆန်း က မေမေ့ကို သူ့အနောက်ကို ပို့ထားလိုက်သည်။
"မေမေ...မကြောက်နဲ့...ဘာမှ မဖြစ်စေရဘူး"
ထယ်ဆန်းသည် ပြိုကျမတတ် ထုရိုက်ခံနေရတဲ့ တံခါးကို အကြမ်းပတမ်းဖွင့်လိုက်တော့ ယိုင်နဲ့လာတဲ့ ထိုလူ။
အဖေ လို့ မခေါ်ထိုက်တဲ့ ထိုလူကို ထယ်ဆန်း လူလို့တောင် မသတ်မှတ်ချင်ပါ။
ထယ်ဆန်း ကျောင်းတက်ခါစအရွယ် အိမ်မှာမရှိတဲ့ အချိန်ဆိုရင် မေမေ့ကို ရိုက်သည်၊ အရက်ဖိုး မပေးလျှင်၊ အလောင်းကစားအတွက် ပိုက်ဆံမပေးလျှင် ခါးပတ်နဲ့ ရိုက်တတ်သည်။
ထိုအခါ ကြောက်ပြီးအော်ငိုတဲ့ ယူဂျင်းလေးကိုပါ ခါးပတ်နဲ့ရိုက်ဖို့လုပ်သည်။ အဲ့နေ့ကသာ ထယ်ဆန်းရဲ့ ဖယ်ရီကားလေးဟာ အိမ်ကို အမှီမရောက်လာခဲ့ရင် ယူဂျင်း၏မျက်နှာသည် ရစရာရှိမှာမဟုတ်တော့ပေ။
အဲ့အစား ထယ်ဆန်းရဲ့ ကျောကသာ စုပ်ပြတ်သတ်သွားရ၏။
ဟင်းမကောင်းလျှင် စားပွဲကိုမှောက်ကာ သောင်းကြမ်းသည်။ မေမေ့ကို ဟင်းရည်ခွက်နဲ့ ပစ်ပေါက်၏။
ထယ်ဆန်းကိုယ်တိုင်က ငယ်ရွယ်သေးပေမဲ့ ယူဂျင်းက ပိုပြီး ငယ်ရွယ်ခဲ့တယ်မဟုတ်ပါလား။ ယူဂျင်းက ကြောက်လို့ လဲကျနေတဲ့ အမေဖြစ်သူကို မေမေ ဟု ငိုမဲ့မဲ့ ဖြစ် အော်ငိုဖို့ လုပ်တိုင်း ထိုလူက ယူဂျင်းကိုပါ ပတ်ရမ်းသည်။ ထိုအခါ ထယ်ဆန်းက ယူဂျင်းကို ဖက်ထားရင်း ယူဂျင်းကို ကန်လာမယ့် ခြေထောက်တွေကို ကျောပေးလိုက်မိသည်။
ကလေးတွေရဲ့ မုန့်ဖိုးကိုလဲ လုယူတတ်တဲ့အထိ ထိုလူဟာ ဖခင်ကောင်းတစ်ယောက် မပီသခဲ့သလို ဖခင်လို့လဲ မသတ်မှတ်ခဲ့ပါ။
ငွေရပြီး အိမ်ပေါ်ကဆင်းသွားတိုင်း မေမေက သူတို့ ညီအစ်ကို နှစ်ယောက်ကို ဖက်ကာ အမြဲတောင်းပန်၏။
အခုလဲ ထယ်ဆန်းသည် သူ့ရှေ့မှာ မူးရူးနေတဲ့ ထိုလူကို ရွံစရာမျက်စိနဲ့ ကြည့်လိုက်တော့
"အရိုင်းအစိုင်းကောင် ဖအေကို အဲ့မျက်လုံးနဲ့ ကြည့်ရလား၊ ဖောက်ထုတ်လိုက်ရ..ပေးစမ်း ပိုက်ဆံ"
"ဒီအိမ်က ခင်ဗျားကို မကြိုဆိုတာမို့လို့ ထွက်သွားပေးပါ"
"ဟက်...ဒီကောင်...ငါ့ကျေးဇူးကြောင့် လူဖြစ်လာတဲ့ကောင်ကများ...လောင်းကစားရှုံးလာလို့ ဘူနေတာ..စောက်စကားတွေအများကြီးမပြောချင်ဘူး..ပိုက်ဆံပေးဆို ပေးလိုက်"
ထယ်ဆန်းသည် ဒေါသထွက်လွန်းလို့ နားထင်ကြောတွေပါ ထင်းလာကုန်၏။
မေမေ က တစ်ခုခုဝင်ပြောဟန်ပြင်နေသော်လဲ ထယ်ဆန်းက တားသည်။ မေမေသည် ထိုလူ့ဟာ လူသတ်ချင်စိတ် အပြည့် ဖြစ်နေမှန်းရိပ်မိသော်လဲ အောင့်အီးထားရမှန်းသိသာလွန်းသည်။
"နင်တို့ သားအမိမှာ ပိုက်ဆံရှိတာသိတယ် ပေးစမ်း အဲ့ငွေတွေ"
"ရှင်က ဓားပြတိုက်နေတာ သိရဲ့လား..လူစိတ်မရှိတဲ့ကောင်"
"ဟာ ကွာ ဒီကာင်မ!!"
ထိုလူက မေမေကို လက်ဖြင့်ရွယ်တော့ဖို့ အလုပ်ထယ်ဆန်းသည် ထိုလူ၏လက်ကို အားပြင်းပြင်းဖြင့် ဖမ်းဆုပ်ကိုင်လိုက်သည်။
တစ်ဖက်လက်ကလဲ ဖုန်းကောက်ခေါ်နေပြီး
"ဟယ်လို ရဲစခန်းကပါလား...အမှုတစ်ခုတိုင်ကြားချင်လို့ပါ..အိမ်တွင်းထိုးဖောက်မှုနဲ့!!ပြီးတော့ လက်နက်မပါပဲ ဓားပြတိုက်မှုနဲ့"
•Star-Crossed Lovers•
အခန်းထဲက နံရံထောင့်တွင် ကပ်ထိုင်နေတဲ့ ယူဂျင်းသည် သူ့နားသူ ပိတ်ထား၏။
ဂယူဘင်းလဲ အပြင်က စကားသံတွေကို ကြားမိတော့ အခြေနေကို သဘောပေါက်ဟန်ရှိလာသလိုပင်။
ဂယူဘင်း ရင်ဘတ်တွေတောင်အောင့်လာရသည်။ သူမသိသေးတဲ့ ယူဂျင်းရဲ့ အခြား ဘက်ခြမ်းဟာ ဝမ်းနည်းစရာကောင်းသည်။ အမြဲတမ်း သန်မာတာကိုပဲပြသသည့် ဒီကလေးတွင် နာကျင်စရာ ဖြစ်ရပ်တွေလဲရှိတာပဲလား။
ယူဂျင်းရှေ့တွင့် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ယူဂျင်းသူ့နားသူအုပ်ထားတဲ့ လက်တွေပေါ်မှာ ဂယူဘင်းက သူ့လက် ခပ်ကြီးကြီးတွေကို အုပ်လိုက်တယ်။
"ဒီအစ်ကိုကြီး လက်က ပိုကြီးတော့ မင်းကို ကာကွယ်ပေးနိုင်မှာပါ"
ဘယ်လောက်ပဲ နားအုပ်ထားပါစေ၊ အသံက ထိုးဖောက်ဝင်တာပဲမဟုတ်လား။ ဂယူဘင်းရဲ့စကားကြောင့် ယူဂျင်းက မော့ကြည့်လာတယ်။
မျက်ရည်ဥတွေပြည့်နှက်နေတဲ့ ယူဂျင်းရဲ့ မျက်လုံးလှလှလေးတွေဟာ သိပ်ကိုကြောက်နေပါရောလား။
တစ်ဖြေးဖြေးကျလာတဲ့ မျက်ရည်တွေကို လက်ခုံဖြင့် သုတ်ပေးလိုက်သည်။
မအော်ငိုပဲ မျက်ရည်တွေချည်းသာ ကျနေတဲ့ ယူဂျင်းကြောင့် ဂယူဘင်းရဲ့ထဲ လှိုက်ကနဲဖြစ်လာကာ သူပါ ငိုချင်လာရ၏။
ဂယူဘင်းသည် ပြောစရာစကားလဲ မရှိတော့သလို ယူဂျင်းကို သာ နစ်နေအောင်ဖက်ထားလိုက်တဲ့ အခါ ယူဂျင်းရဲ့ လက်ကလေးတွေက သူ့ခါးပေါ်ကို ပြန်လည်ရစ်သိုင်းကာ ဖက်လာသည်။
"ငါတို့ ယူဂျင်းလေး ပင်ပန်းခဲ့တာပဲ..ဒါပေမဲ့ တော်တယ်..အရမ်းတော်တာမို့ ဒီအစ်ကိုကြီးက ချီးကျူးတယ်"
တစ်အောင့်လောက်အကြာမှ ယူဂျင်းဆီက အသံခပ်တိုးတိုးလေးထွက်လာ၏။
"ကြောက်တယ်..."
ဂယူဘင်း ငိုချမိတော့မည်ဖြစ်သည်။
"အရင်က မေမေ့ကိုဆဲဆိုတဲ့အသံကိုကြောက်တယ်၊ ကိုကို့ ကျောကို ခါးပတ်နဲ့ရိုက်သံကိုကြောက်တယ်၊အိမ်မှာ ဖေဖေရှိနေရင်ကြောက်တယ်..."
အသံခပ်အစ်အစ်ရဲ့ အဆုံးမှာ ဂယူဘင်းသည် သူ့မျက်လုံးထဲက မျက်ရည်တွေကို ယူဂျင်းမျက်ရည်နဲ့ ထပ်တူ ကျဆင်းခွင့်ပေးလိုက်၏။
ယူဂျင်းရဲ့ ကျောက်ို ခပ်ဖွဖွပုတ်ပေးတော့ ရင်ခွင်ထဲက ယူဂျင်းက တစ်သိမ့်သိမ့်ရယ်။
"အခုကြောက်တာတစ်ခုထပ်တိုးလာတာ..."
ဂယူဘင်းသည် လန့်သွားကာ ချက်ချင်း ယူဂျင်းနဲ့ မျက်နှာချင်းပြန်ဆိုင်လိုက်သည်။ ကျသွားတဲ့ မျက်ရည်စီးကြောင်းတွေကို လက်ခုံနဲ့ အမြန်သုတ်လိုက်ပြီးမှ
"ဘာကြောက်တာလဲ..."
"စိတ်ပျက်သွားမှာ...ကျွန်တော့်ရဲ့ဒီပုံစံကိုမြင်ပြီး အိုပါးစိတ်ပျက်သွားမှာကို"
"ဟာ..."
ယူဂျင်းကိုပြန်ဖက်ထားလိုက်တော့၏။
"ဟန်ယူဂျင်း...ငါလေ..တစ်ခုမေးမယ် အရိုးသားဆုံးဖြေပေးရမယ်"
ခေါင်းညိမ့်လာတဲ့ အထိအတွေ့ကို ခံစားရတာမို့
"မင်း ငါနဲ့ရှိရင် ဘယ်လိုခံစားရလဲ"
"လုံခြုံတယ်..မျှော်လင့်ချက်တွေရှိလာတယ် ပြီးတော့ ပျော်တယ် အရမ်း"
"အင်း..မင်းအဖြေထက် ငါ့အဖြေက ပိုတယ် ဟန်ယူဂျင်းရဲ့..ဟမ် သိရဲ့လား ဒီအစ်ကိုကြီးက မင်းကို ဘယ်တော့မှ အဲ့လို ခပ်ညံ့ညံ့တွေးမှာမဟုတ်လို့ ၊ မင်းက ငါ့အနားမှာ ဆက်ရှိနေပေး"
"ကျွန်တော်က ဘယ်ကိုမှ သွားမှာမှမဟုတ်တာ"
ယူဂျင်းရဲ့စကားက ဟုတ်တယ်..ကျွန်တော် အနားမှာ ဆက်ရှိနေပေးမယ်လို့ အဓိပ္ပာယ်ရတာကြောင့် ဂယူဘင်း ပြုံးလိုက်မိသည်။
"ဒီအစ်ကိုကြီးကလဲ မင်းဘေးကနေ ဘယ်တော့မှ သွားမှာမဟုတ်ဘူး၊ အသက်ရှိနေသေးသရွေ့..မင်းကိုပြောချင်တဲ့စကားတွေ အများကြီးကျန်သေးတယ်"
"ကျွန်တော် သိပါတယ်"
နှစ်ယောက်လုံးရဲ့ ရင်ထဲဟာ နွေးထွေးသွားရပါတော့သည်။
#24.1.24
N- FBပေးညော် ⁽͑˙˚̀བ̇˚́˙⁾̉
မပေးရင်စိတ်ကောက်ပြီ တာ့တာ့။