သခင်ကြီးက အားမေနဲ့ဝမ်ရိပေါ်ကိုစေ့စပ်ပေးဖို့ ညွှန်ကြားလာတယ်။ သခင်ကြီးကိုယ်တိုင်က လုပ်ပေးတဲ့စေ့စပ်ပွဲဖြစ်ပြီး သူတို့အတွက် ကျွန်ဘကလွတ်မြောက်မယ့် အခွင့်ရေးလည်းရှိတယ်။ ဒါပေမယ့် ရိပေါ်မှကျွန်ဘဝက မလွတ်ချင်တာ။ အားမေဆိုတာကလည်း ငယ်ငယ်တည်းကမောင်နှမလိုခင်နေတဲ့သူမျိုး။
"သခင်ကြီးကငါတို့ကိုအပြစ်မပေးတာ ကံကောင်းတယ်ရိပေါ်။ မင်းက မင်းမိသားကို ကယ်တင်ရုံတင်မကဘူး။အားမေတို့မိသားစုကိုလည်း ကယ်တင်ရာရောက်တယ်။"
အဲ့လိုပြောတော့ စကားနည်းတဲ့ရိပေါ်က ခပ်တိုးတိုးလေးပြောလာတယ်။
"အားမေနဲ့ မစေ့စပ်ချင်ဘူး။"
"အခု မင်းမှာရွေးချယ်ပိုင်ခွင့်မရှိဘူးနော်။"
ရိပေါ်က မှိုင်တွေနေတယ်။ အဲ့ချိန်မှာအားမေရောက်လာပြီး
"ရိပေါ်။ ငါနင့်ခံစားချက်ကိုနား လည်တယ်။"
"ငါမလုပ်ချင်ဘူး။"
"မလုပ်ရင်နင်အသေခံမလို့လား။ နင်တစ်ယောက်တည်းသေမှာမဟုတ်ဘူးနော်။"
ရိပေါ်စကားဆက်မပြောတော့ဘူး။ သူစိတ်အခြေနေမကောင်းတာမို့ အားမေလည်းပြန်သွားခဲ့တယ်။
ရိပေါ်ခေါင်းငိုက်စိုက်ကျနေချိန် သူ့ရှေ့မှာလာရပ်တဲ့ခြေထောက်တစ်စုံကြောင့် သူ့ခေါင်းဟာဆက်ကနဲထောင်လာတယ်။ သူ့ရှေ့မှာ သစ်လွင်တောက်ပနေတဲ့ သခင်လေးကဒီအလုပ်သမားတန်းလျားနဲ့ လုံးဝကိုပနံမသင့်ဘူး။ ရိပေါ်ကပြာပြာသလဲ သူ့ရှေ့မှာဒူးထောက်ပြီး
"သ သခင်လေး။ ဘာလို့ဒီနေရာထိလာတာလဲ။ ကျွန်တော့်ကိုခေါ်လိုက်ရောပေါ့။"
ရှောင်းကျန့်က ခပ်မဲ့မဲ့ပြုံးတယ်။
"စေ့စပ်ပွဲကိုသဘောကျရဲ့လား။"
ရိပေါ်ခေါင်းခါတယ်။
"ငါစီစဉ်ပေးတာကို မင်းကသဘောမကျဘူးပြောရဲတယ်ပေါ့။"
"သ သခင်လေးစီစဉ်ပေးတာလား။"
"ဒါပေါ့..."
ရှောင်းကျန့်ကပြုံးလျှက် ပြောတော့ရိပေါ်အကြာကြီးငေးကြည့်နေမိတယ်။ ပြီးတော့မှ သတိပြန်ကပ်လိုက်ပြီး
"သခင်လေးလုပ်တာ ဘာမဆိုသဘောကျတယ်။"
ရှောင်းကျန့်သူ့ကိုနားတော့မလည်ဘူး။သူ့ကိုသဘောကျတယ် လည်းပြောသေးတယ်။ တစ်ခြားမိန်းကလေးနဲ့စေ့စပ်မှာကိုလည်း နဲနဲမှမငြင်းဘူး။ ဘာဖြစ်ဖြစ်တစ်ရန်အေးတယ်။ သူ့ကိုလာကြောင်တဲ့ဟာတွေကိုရှင်းထုတ်ရတာသိပ်ပင်ပန်းနေပြီ။
ရိပေါ်က သခင်လေးစီစဉ်တာကိုလက်ခံလိုက်ပေမယ့် သခင်လေးနဲ့ တစ်သတ်လုံးဝေးနိုင်ခြေရှိတယ်။ ဒါပေမယ့်သူတို့မိသားစုနှစ်စုကို အစေခံဘဝကလွတ်မြောက်ခွင့်ပေးပြီး အိမ်တော်နဲ့ ဝေးတဲ့ မြို့မှာအခြေချစေမှာဖြစ်တယ်။
"ကျွန်တော်သခင်လေးကိုထပ်တွေ့ခွင့်မရှိဘူးလား။"
ရှောင်းကျန့်ကျေနပ်စွာ ပြုံးလိုက်ပြီး
"မင်းရဲ့စေ့စပ်ပွဲကို ငါကိုယ်တိုင်ဂုဏ်ပြုမယ်။ ပြီးတော့ မင်းအသက်ပြည့်လို့ လက်ထပ်ရင်လည်း ငါကိုယ်တိုင်လာပြီး ဂုဏ်ပြုမယ်။"
*ဒါဆို ငါလက်ထပ်တဲ့နေ့ကြရင် သခင်လေးကိုထပ်မြင်ခွင့်ရမှာပေါ့။*
"ဟုတ်ကဲ့ ကျွန်တော်လက်ခံပါ့မယ်။"
ရိပေါ်ဖက်က ခါးခါသီးသီး ခံစားမနေရတာမို့ ရှောင်းကျန့် နဲနဲတော့အလိုမကျဖြစ်သွားတယ်။သူတွေးတာမှားနေလား...?
"အဟမ်း....ဒါနဲ့ မင်းငါ့ကိုဘယ်လိုသဘောကျတာလဲ။ ညီအစ်ကိုလိုလား။ သူငယ်ချင်းလိုလား။"
"ကျွန်တော်အကုန်သဘောကျတယ်။ ဘာဖြစ်ဖြစ်ရတယ်။"
"အရူး"
ရှောင်းကျန့် တည့်မမေးချင်လို့ကွေ့ဝိုက်မေးတာကို ငတုံးလိုအရူးလိုလုပ်နေတာမို့ မျက်စောင်းထိုးကာပြန်သွားတယ်။
ဒီညတော့ရိပေါ်အိပ်လို့မရလောက်ဘူး။ သခင်လေးနဲ့စကားကောင်းပြောဖူးတာ ပထမဆုံးပဲ။ သခင်လေးကသူ့ကိုလက်ခံပြီးစကားပြောတယ်။ သခင်လေးစကားပြောတာ အရမ်းလှတယ်။ ကြည့်လို့ကိုမဝနိုင်ဘူး။
________
စေ့စပ်ပွဲကို တစ်ကယ်ပဲရှောင်းကျန့်က ကိုယ်တိုင်ဂုဏ်ပြုပေးတယ်။ ရိပေါ်ရဲ့မျက်နှာမှာတော့ အပြုံးတွေနဲ့ ဝမ်မားနဲ့အားမေကတော့ အံ့ဩနေတယ်။ စေ့စပ်ပွဲမလုပ်ချင်လို့မျောက်မှိုင်မှိုင်နေတဲ့လူက အခုတော့ ဖြီးလို့။ ရိပေါ်ကတစ်ချိန်လုံး သူ့စေ့စပ်ပွဲကိုလာပေးတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး မှိုရသလိုမျက်နှာဖြစ်နေတယ်။ ကြာလာရင် လူတွေသတိထားမိမှာစိုးလို့ရှောင်းကျန့် ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။
"ဂုဏ်ပြုပါတယ်။ မင်းတို့နှစ်ယောက်အိုအောင်မင်းအောင်ပေါင်းရပါစေလို့ငါဆုတောင်းတယ်။"
ရိပေါ်က သခင်လေးကိုကြည့်ပြီး ခေါင်းတဆက်ဆက်ညိမ့်ရင်းပြုံးတယ်။ အရမ်းပျော်တယ်။ သူသခင်လေးနဲ့ စကားပြောနေရတယ်ဆိုတာ မယုံနိုင်ဘူး။ စိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး။ ထီပေါက်တာထက်သူပျောတယ်။
ရိပေါ်ရဲ့မားကလည်းအံ့ဩနေတယ်။ရိပေါ်က အားမေနဲ့စေ့စပ်ချင်နေခဲ့တာလား။ သူ့သားအဲ့လိုရယ်ဖို့မပြောနဲ့ ပြုံးတာတောင် မြင်ရဖို့ရှားတယ်။ စကားပြောဖို့ဆိုဝေလာဝေး။
စေ့စပ်ပွဲပြီးတာနဲ့ရိပေါ် ရှောင်အိမ်တော်ကို စွန့်ခွာရမယ်ဆိုတာသိပေမယ့်လည်း သခင်လေးအပြုံးနဲ့လုံလောက်နေပြီ။ ရှောင်းကျန့်ကသူ့ကို အလိမ္မာနည်းနဲ့မောင်းထုတ်လိုက်တယ်ဆိုတာလည်း သူမသိဘူး။ သခင်လေးက သူ့အပေါ်စေတနာအရမ်းရှိတာပဲလို့တွေးရင်းပျော်နေတယ်။ သခင်လေးကိုသဘောကျတယ်။ သခင်ကြီး နာမည်တပ်ပြောသလို ညီအစ်ကိုလိုသဘောကျတာလား။ သူငယ်ချင်းလိုသဘောကျတာလား။ သူမသိပါဘူး။ ဒီတိုင်းသဘောကျတာပဲသိတာ။
ရှောင်းကျန့် စေ့စပ်ပွဲကပြန်လာတော့ ယပ်တောင်တစ်ချောင်းကို ဖွင့်လိုက်ပိတ်လိုက်နဲ့ လုပ်ပြီးစဉ်းစားခန်းဖွင့်နေတယ်။ ရိပေါ်ကသူ့ကိုကြိုက်နေတယ်ထင်ပြီး စေ့စပ်ပွဲစီစဉ်ပေးလိုက်ပေမယ့် ရိပေါ်ကပျော်နေပုံပဲ။ သူထင်တာမှားသွားပြီလား။ ကိုယ့်ထင်မြင်ချက်မှားတယ်ဆိုတော့ ကိုယ်ပဲခံရတော့မှာပေါ့။ အနည်းဆုံးတော့ ထူးထူးဆန်းဆန်းအကြည့်တွေနဲ့ ကြည့်တာမခံရတော့ဘူး။ ငယ်ငယ်လေးထဲကသူ့ကို ပြုံးစိစိနဲ့ခိုးချောင်းနေပုံကအမြင်ကတ်စရာလေး။
------
"သခင်ကြီး နန်းကျမင်းသား ချန် မကြာခင်မြို့ထဲရောက်တော့မယ်။"
"ကောင်းတယ်။ နန်းကျမင်းသားလို့မခေါ်နဲ့တော့။ မကြာခင်မင်းကြီးချန်ဖြစ်တော့မှာ။"
"ဟုတ်ကဲ့။"
အဲ့ဒီအချိန်မှာပဲ ခြံထဲမှာရုတ်ရုတ်သဲသဲတွေဖြစ်နေတယ်။
"ဘာဖြစ်တာလဲ။"
"မင်း မင်းကြီးဝမ်ချောင်ရောက်လာတယ်။"
"ဘာ..."
ပြောနေရင်းမှာပဲ ဝမ်ချောင်က သခင်ကြီးရှောင်းရဲ့အခန်းထဲကို ဓားကိုင်ပြီဝင်လာတယ်။
"မြေခွေးအိုကြီးကျုပ်ကိုဖြုတ်ချဖို့ကြံစဉ်ရဲတယ်။"
"အရှင်မင်းကြီးနဲ့ မတန်တဲ့ ပုလ္လင်ကိုစွန့်လွှတ်လိုက်ပါ။"
"ဒါပေါ့....ပုလ္လင်ကိုငါမမက်မောပါဘူး။ ခင်ဗျားရဲ့သားလေးကိုပဲမက်မောတယ်။"
"ပါး...."
အဲ့အချိန်မှာ သူ့အဖေဆီရှောင်းကျန့်ပြေးဝင်လာတယ်။
"မလာနဲ့.."
သခင်ကြီးက ထလာတော့ ဝမ်ချောင်ကသခင်ကြီးကို ဓားနဲ့ခုတ်ချလိုက်ပြီးရှောင်းကျန့်ကို ဆွဲခေါ်သွားတယ်။
"လာကြစမ်း သူ့ကိုခေါ်သွား"
"တဏှာရူးကောင် ငါ့ကိုလွှတ်စမ်း။"
"အဟက် အခုတော့တဏှာရူးလို့ပြောထားအုံးပေါ့။ နောက်မှ....ဟား ဟား ဟား။"
ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ရှောင်အိမ်တော်ဟာ ခနအတွင်း တိတ်ဆိတ်သွားတယ်။ထိန်ထိန်သာနေတဲ့ လမင်းကြီးကတော့ ဒီအဖြစ်ပျက်တွေကိုဒီအတိုင်း ကြည့်နေသလိုပဲ။
Zawgyi
သခင္ႀကီးက အားေမနဲ႕ဝမ္ရိေပၚကိုေစ့စပ္ေပးဖို႔ ၫႊန္ၾကားလာတယ္။ သခင္ႀကီးကိုယ္တိုင္က လုပ္ေပးတဲ့ေစ့စပ္ပြဲျဖစ္ၿပီး သူတို႔အတြက္ ကြၽန္ဘကလြတ္ေျမာက္မယ့္ အခြင့္ေရးလည္းရွိတယ္။ ဒါေပမယ့္ ရိေပၚမွကြၽန္ဘဝက မလြတ္ခ်င္တာ။ အားေမဆိုတာကလည္း ငယ္ငယ္တည္းကေမာင္ႏွမလိုခင္ေနတဲ့သူမ်ိဳး။
"သခင္ႀကီးကငါတို႔ကိုအျပစ္မေပးတာ ကံေကာင္းတယ္ရိေပၚ။ မင္းက မင္းမိသားကို ကယ္တင္႐ုံတင္မကဘူး။အားေမတို႔မိသားစုကိုလည္း ကယ္တင္ရာေရာက္တယ္။"
အဲ့လိုေျပာေတာ့ စကားနည္းတဲ့ရိေပၚက ခပ္တိုးတိုးေလးေျပာလာတယ္။
"အားေမနဲ႕ မေစ့စပ္ခ်င္ဘူး။"
"အခု မင္းမွာေ႐ြးခ်ယ္ပိုင္ခြင့္မရွိဘူးေနာ္။"
ရိေပၚက မွိုင္ေတြေနတယ္။ အဲ့ခ်ိန္မွာအားေမေရာက္လာၿပီး
"ရိေပၚ။ ငါနင့္ခံစားခ်က္ကိုနား လည္တယ္။"
"ငါမလုပ္ခ်င္ဘူး။"
"မလုပ္ရင္နင္အေသခံမလို႔လား။ နင္တစ္ေယာက္တည္းေသမွာမဟုတ္ဘူးေနာ္။"
ရိေပၚစကားဆက္မေျပာေတာ့ဘူး။ သူစိတ္အေျခေနမေကာင္းတာမို႔ အားေမလည္းျပန္သြားခဲ့တယ္။
ရိေပၚေခါင္းငိုက္စိုက္က်ေနခ်ိန္ သူ႕ေရွ႕မွာလာရပ္တဲ့ေျခေထာက္တစ္စုံေၾကာင့္ သူ႕ေခါင္းဟာဆက္ကနဲေထာင္လာတယ္။ သူ႕ေရွ႕မွာ သစ္လြင္ေတာက္ပေနတဲ့ သခင္ေလးကဒီအလုပ္သမားတန္းလ်ားနဲ႕ လုံးဝကိုပနံမသင့္ဘူး။ ရိေပၚကျပာျပာသလဲ သူ႕ေရွ႕မွာဒူးေထာက္ၿပီး
"သ သခင္ေလး။ ဘာလို႔ဒီေနရာထိလာတာလဲ။ ကြၽန္ေတာ့္ကိုေခၚလိုက္ေရာေပါ့။"
ေရွာင္းက်န႔္က ခပ္မဲ့မဲ့ၿပဳံးတယ္။
"ေစ့စပ္ပြဲကိုသေဘာက်ရဲ႕လား။"
ရိေပၚေခါင္းခါတယ္။
"ငါစီစဥ္ေပးတာကို မင္းကသေဘာမက်ဘဴးေျပာရဲတယ္ေပါ့။"
"သ သခင္ေလးစီစဥ္ေပးတာလား။"
"ဒါေပါ့..."
ေရွာင္းက်န႔္ကၿပဳံးလွ်က္ ေျပာေတာ့ရိေပၚအၾကာႀကီးေငးၾကည့္ေနမိတယ္။ ၿပီးေတာ့မွ သတိျပန္ကပ္လိုက္ၿပီး
"သခင္ေလးလုပ္တာ ဘာမဆိုသေဘာက်တယ္။"
ေရွာင္းက်န႔္သူ႕ကိုနားေတာ့မလည္ဘူး။သူ႕ကိုသေဘာက်တယ္ လည္းေျပာေသးတယ္။ တစ္ျခားမိန္းကေလးနဲ႕ေစ့စပ္မွာကိုလည္း နဲနဲမွမျငင္းဘူး။ ဘာျဖစ္ျဖစ္တစ္ရန္ေအးတယ္။ သူ႕ကိုလာေၾကာင္တဲ့ဟာေတြကိုရွင္းထုတ္ရတာသိပ္ပင္ပန္းေနၿပီ။
ရိေပၚက သခင္ေလးစီစဥ္တာကိုလက္ခံလိုက္ေပမယ့္ သခင္ေလးနဲ႕ တစ္သတ္လုံးေဝးနိုင္ေျခရွိတယ္။ ဒါေပမယ့္သူတို႔မိသားစုႏွစ္စုကို အေစခံဘဝကလြတ္ေျမာက္ခြင့္ေပးၿပီး အိမ္ေတာ္နဲ႕ ေဝးတဲ့ ၿမိဳ႕မွာအေျခခ်ေစမွာျဖစ္တယ္။
"ကြၽန္ေတာ္သခင္ေလးကိုထပ္ေတြ႕ခြင့္မရွိဘူးလား။"
ေရွာင္းက်န႔္ေက်နပ္စြာ ၿပဳံးလိုက္ၿပီး
"မင္းရဲ႕ေစ့စပ္ပြဲကို ငါကိုယ္တိုင္ဂုဏ္ျပဳမယ္။ ၿပီးေတာ့ မင္းအသက္ျပည့္လို႔ လက္ထပ္ရင္လည္း ငါကိုယ္တိုင္လာၿပီး ဂုဏ္ျပဳမယ္။"
*ဒါဆို ငါလက္ထပ္တဲ့ေန႕ၾကရင္ သခင္ေလးကိုထပ္ျမင္ခြင့္ရမွာေပါ့။*
"ဟုတ္ကဲ့ ကြၽန္ေတာ္လက္ခံပါ့မယ္။"
ရိေပၚဖက္က ခါးခါသီးသီး ခံစားမေနရတာမို႔ ေရွာင္းက်န႔္ နဲနဲေတာ့အလိုမက်ျဖစ္သြားတယ္။သူေတြးတာမွားေနလား...?
"အဟမ္း....ဒါနဲ႕ မင္းငါ့ကိုဘယ္လိုသေဘာက်တာလဲ။ ညီအစ္ကိုလိုလား။ သူငယ္ခ်င္းလိုလား။"
"ကြၽန္ေတာ္အကုန္သေဘာက်တယ္။ ဘာျဖစ္ျဖစ္ရတယ္။"
"အ႐ူး"
ေရွာင္းက်န႔္ တည့္မေမးခ်င္လို႔ေကြ႕ဝိုက္ေမးတာကို ငတုံးလိုအ႐ူးလိုလုပ္ေနတာမို႔ မ်က္ေစာင္းထိုးကာျပန္သြားတယ္။
ဒီညေတာ့ရိေပၚအိပ္လို႔မရေလာက္ဘူး။ သခင္ေလးနဲ႕စကားေကာင္းေျပာဖူးတာ ပထမဆုံးပဲ။ သခင္ေလးကသူ႕ကိုလက္ခံၿပီးစကားေျပာတယ္။ သခင္ေလးစကားေျပာတာ အရမ္းလွတယ္။ ၾကည့္လို႔ကိုမဝနိုင္ဘူး။
________
ေစ့စပ္ပြဲကို တစ္ကယ္ပဲေရွာင္းက်န႔္က ကိုယ္တိုင္ဂုဏ္ျပဳေပးတယ္။ ရိေပၚရဲ႕မ်က္ႏွာမွာေတာ့ အၿပဳံးေတြနဲ႕ ဝမ္မားနဲ႕အားေမကေတာ့ အံ့ဩေနတယ္။ ေစ့စပ္ပြဲမလုပ္ခ်င္လို႔ေမ်ာက္မွိုင္မွိုင္ေနတဲ့လူက အခုေတာ့ ၿဖီးလို႔။ ရိေပၚကတစ္ခ်ိန္လုံး သူ႕ေစ့စပ္ပြဲကိုလာေပးတဲ့ ေရွာင္းက်န႔္ကိုၾကည့္ၿပီး မွိုရသလိုမ်က္ႏွာျဖစ္ေနတယ္။ ၾကာလာရင္ လူေတြသတိထားမိမွာစိုးလို႔ေရွာင္းက်န႔္ ျပန္ဖို႔ဆုံးျဖတ္လိုက္တယ္။
"ဂုဏ္ျပဳပါတယ္။ မင္းတို႔ႏွစ္ေယာက္အိုေအာင္မင္းေအာင္ေပါင္းရပါေစလို႔ငါဆုေတာင္းတယ္။"
ရိေပၚက သခင္ေလးကိုၾကည့္ၿပီး ေခါင္းတဆက္ဆက္ညိမ့္ရင္းၿပဳံးတယ္။ အရမ္းေပ်ာ္တယ္။ သူသခင္ေလးနဲ႕ စကားေျပာေနရတယ္ဆိုတာ မယုံနိုင္ဘူး။ စိတ္ကူးေတာင္မယဥ္ခဲ့ဖူးဘူး။ ထီေပါက္တာထက္သူေပ်ာတယ္။
ရိေပၚရဲ႕မားကလည္းအံ့ဩေနတယ္။ရိေပၚက အားေမနဲ႕ေစ့စပ္ခ်င္ေနခဲ့တာလား။ သူ႕သားအဲ့လိုရယ္ဖို႔မေျပာနဲ႕ ၿပဳံးတာေတာင္ ျမင္ရဖို႔ရွားတယ္။ စကားေျပာဖို႔ဆိုေဝလာေဝး။
ေစ့စပ္ပြဲၿပီးတာနဲ႕ရိေပၚ ေရွာင္အိမ္ေတာ္ကို စြန႔္ခြာရမယ္ဆိုတာသိေပမယ့္လည္း သခင္ေလးအၿပဳံးနဲ႕လုံေလာက္ေနၿပီ။ ေရွာင္းက်န႔္ကသူ႕ကို အလိမၼာနည္းနဲ႕ေမာင္းထုတ္လိုက္တယ္ဆိုတာလည္း သူမသိဘူး။ သခင္ေလးက သူ႕အေပၚေစတနာအရမ္းရွိတာပဲလို႔ေတြးရင္းေပ်ာ္ေနတယ္။ သခင္ေလးကိုသေဘာက်တယ္။ သခင္ႀကီး နာမည္တပ္ေျပာသလို ညီအစ္ကိုလိုသေဘာက်တာလား။ သူငယ္ခ်င္းလိုသေဘာက်တာလား။ သူမသိပါဘူး။ ဒီတိုင္းသေဘာက်တာပဲသိတာ။
ေရွာင္းက်န႔္ ေစ့စပ္ပြဲကျပန္လာေတာ့ ယပ္ေတာင္တစ္ေခ်ာင္းကို ဖြင့္လိုက္ပိတ္လိုက္နဲ႕ လုပ္ၿပီးစဥ္းစားခန္းဖြင့္ေနတယ္။ ရိေပၚကသူ႕ကိုႀကိဳက္ေနတယ္ထင္ၿပီး ေစ့စပ္ပြဲစီစဥ္ေပးလိုက္ေပမယ့္ ရိေပၚကေပ်ာ္ေနပုံပဲ။ သူထင္တာမွားသြားၿပီလား။ ကိုယ့္ထင္ျမင္ခ်က္မွားတယ္ဆိုေတာ့ ကိုယ္ပဲခံရေတာ့မွာေပါ့။ အနည္းဆုံးေတာ့ ထူးထူးဆန္းဆန္းအၾကည့္ေတြနဲ႕ ၾကည့္တာမခံရေတာ့ဘူး။ ငယ္ငယ္ေလးထဲကသူ႕ကို ၿပဳံးစိစိနဲ႕ခိုးေခ်ာင္းေနပုံကအျမင္ကတ္စရာေလး။
------
"သခင္ႀကီး နန္းက်မင္းသား ခ်န္ မၾကာခင္ၿမိဳ႕ထဲေရာက္ေတာ့မယ္။"
"ေကာင္းတယ္။ နန္းက်မင္းသားလို႔မေခၚနဲ႕ေတာ့။ မၾကာခင္မင္းႀကီးခ်န္ျဖစ္ေတာ့မွာ။"
"ဟုတ္ကဲ့။"
အဲ့ဒီအခ်ိန္မွာပဲ ၿခံထဲမွာ႐ုတ္႐ုတ္သဲသဲေတြျဖစ္ေနတယ္။
"ဘာျဖစ္တာလဲ။"
"မင္း မင္းႀကီးဝမ္ေခ်ာင္ေရာက္လာတယ္။"
"ဘာ..."
ေျပာေနရင္းမွာပဲ ဝမ္ေခ်ာင္က သခင္ႀကီးေရွာင္းရဲ႕အခန္းထဲကို ဓားကိုင္ၿပီဝင္လာတယ္။
"ေျမေခြးအိုႀကီးက်ဳပ္ကိုျဖဳတ္ခ်ဖိဳ႕ႀကံစဥ္ရဲတယ္။"
"အရွင္မင္းႀကီးနဲ႕ မတန္တဲ့ ပုလႅင္ကိုစြန႔္လႊတ္လိုက္ပါ။"
"ဒါေပါ့....ပုလႅင္ကိုငါမမက္ေမာပါဘူး။ ခင္ဗ်ားရဲ႕သားေလးကိုပဲမက္ေမာတယ္။"
"ပါး...."
အဲ့အခ်ိန္မွာ သူ႕အေဖဆီေရွာင္းက်န႔္ေျပးဝင္လာတယ္။
"မလာနဲ႕.."
သခင္ႀကီးက ထလာေတာ့ ဝမ္ေခ်ာင္ကသခင္ႀကီးကို ဓားနဲ႕ခုတ္ခ်လိဳက္ၿပီးေရွာင္းက်န႔္ကို ဆြဲေခၚသြားတယ္။
"လာၾကစမ္း သူ႕ကိုေခၚသြား"
"တဏွာ႐ူးေကာင္ ငါ့ကိုလႊတ္စမ္း။"
"အဟက္ အခုေတာ့တဏွာ႐ူးလို႔ေျပာထားအုံးေပါ့။ ေနာက္မွ....ဟား ဟား ဟား။"
႐ုတ္႐ုတ္သဲသဲျဖစ္ေနတဲ့ေရွာင္အိမ္ေတာ္ဟာ ခနအတြင္း တိတ္ဆိတ္သြားတယ္။ထိန္ထိန္သာေနတဲ့ လမင္းႀကီးကေတာ့ ဒီအျဖစ္ပ်က္ေတြကိုဒီအတိုင္း ၾကည့္ေနသလိုပဲ။