ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...

By TtTt04419

49.3K 2.2K 114

Yizhan More

Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final

Ep_22

1.4K 62 3
By TtTt04419

မနက်တုန်းကလည်းကျန့်ကျန့်ကထမင်းသိပ်မစားပဲထွက်သွားတာဆိုတော့အခုနေ့လည်လောက်ကျရှောင်းကျန့်ဗိုက်တအားဆာနေလောက်ပြီဆိုတဲ့စိတ်ကလေးဝင်လာတော့ဝမ်ရိချန်းကရှောင်းကျန့်စားဖို့မတွက်ဆိုပြီးခေါက်ဆွဲဘူးပြုတ်ပေးကာ၊စတော်ဘယ်ရီအအေးလေးပါကိုယ်တိုင်ဖျော်ပေးခဲ့ကာ၊မှန်ရှေ့မှာရပ်နေတဲ့ကိုယ်ကိုယ့်ကိုယ်တစ်ချက်ကြည့်ပြီးမှ ရှောင်းကျန့်ရှိရာအိမ်သို့ထွက်လာခဲ့လိုက်တယ်။

အိမ်တံခါးမခေါက်ပဲအကိုပါဟုအော်ပြောတဲ့အခါ ကျန့်ကျန့်ကအခန်းတံခါးဖွင့်ပေးလာတယ်။သူ့လက်ထဲမှာကိုင်ထားတဲ့ခေါက်ဆွဲဘူးနဲ့စတော်ဘယ်ရီအအေးခွက်လေးကိုကြည့်ပြီး " ကျန့်ကျန့် အတွက်လား " ဟုဆိုကာကျန့်ကျန့်ကမေးလာလို့ ဝမ်ရိချန်းကပြုံးပြကာခေါင်းညိမ့်ပြလိုက်တော့ ကျန့်ကျန့်ကခေါက်ဆွဲဘူးနဲ့စတော်ဘယ်ရီအအေးကိုယူပြီး အိမ်ထဲဝင်ခိုင်းတယ်။ဆိုဖာခုံပေါ်နှစ်ယောက်တူတူထိုင်
ကာ ကျန့်ကျန့်ကခေါက်ဆွဲဘူးစားလိုက်၊စတော်ဘယ်ရီအအေးသောက်လိုက်နဲ့ ဇိမ်ပဲ၊ဝမ်ရိချန်းကတော့ ကျန့်ကျန့်ကိုတစ်စိမ့်စိမ့်ပြုံးပြုံးလေးထိုင်ကြည့်နေတာကို ကျန့်ကျန့်ကတော့သတိမထားမိပေ။

" ကောင်းလိုက်တာ အကို "

" ကြိုက်လား "

ကြိုက်လားလို့မေးတော့ကျန့်ကျန့်ကစားရင်းခေါင်းညိမ့်ပြလာတယ်။

ကိုယ်ကိုယ့်ကိုယ်စိတ်ထဲကနေ " ဒီအချိန်ကကျန့်ကျန့်ကိုဖွင့်ပြောဖို့အကောင်းဆုံးအချိန်ပဲ " ဟု အားပေးရင်း စကားစပြောဖို့ကြံလိုက်သည်။

" ကိုယ်လေ ပြောစရာရှိတယ် "

ပြောစရာရှိတယ်လို့ပြောတော့ကျန့်ကျန့်ကစားရင်းကနေရပ်ပြီး ဝမ်ရိချန်းဘက်လှည့်ကြည့်ကာ ကျန့်ကျန့်ကပြောလေဆိုပြီးမျက်နှာဖြင့်ကြည့်လာတော့ ဝမ်ရိချန်း​လည်းဤအခွင့်အရေးကိုလက်လွှတ်မခံပဲ စပြောခါနီး~~~~

ဘုန်းခနဲဆိုပြီးအခန်းတံခါးကိုဖွင့်ကာဝင်လာတဲ့ဝမ်ရိချန်းရဲ့အကိုဝမ်ရိပေါ်ကြောင့်ပြောဖို့စကားတွေကသိမ်းထားလိုက်ရဆဲနီးပါး~~~~~~

" ရှောင်းကျန့်လိုက်ခဲ့ "

" ဟင် ဘယ်ကိုလဲ "

" ငါဆိုင်မှာထမင်းသွားစားမို့ အဖော်မပါလို့ မင်းခေါ်တာ "

" ဟို ကျန့်ကျန့်လေဘာမှမစားရသေးဘူး အခုမှအကိုရိချန်းပေးတဲ့ခေါက်ဆွဲပြုတ်လေးပဲစားရုံတင်ပဲရှိသေးတာပါ "

" လိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့  ငါအမိန့်ကိုငြင်းတာလား "

အကိုကမတ်တပ်ရပ်ပြီးဆိုဖာမှာထိုင်နေတဲ့ကျန့်ကျန့်ကိုလက်ကနေဆွဲကာပြောလာသည်။အကိုရိချန်းကလည်း ကျန့်ကျန့်လက်ကိုဆုပ်ကိုင်ထားတဲ့အကိုရိပေါ်ရဲ့လက်ကိုကိုင်ပြီးပြန်ပြောလာသည်။

" ကျန့်ကျန့်မလိုက်ချင်ရင်မလိုက်ခိုင်းနဲ့လေ "

" သူမလိုက်ချင်လဲငါနဲ့လိုက်ကိုလိုက်ရမှာပဲ ဝမ်ရိ
ချန်း!!! "

ညီအစ်ကိုနှစ်ယောက်လုံးကအကြည့်ချင်းဆုံပြီးစစ်ခင်းနေကြတော့ အလယ်ကနေထိုင်နေတဲ့ရှောင်းကျန့်ကိုယ်တိုင်ပဲစိတ်တွေညစ်လာရပြီ။မနေ့ညကလဲအကိုကလည်းသူ့လက်ဆွဲ၊အကိုရိချန်းကလဲသူ့လက်ဆွဲ အခုလည်းညီအစ်ကိုနှစ်ယောက်စလုံးက~~~~ထပ်ပြီး ကိုယ့်ကြောင့်နဲ့စကားများရန်ဖြစ်တော့မှာထင်တယ်။အကိုရိပေါ်ကသူ့နောက်မလိုက်ရင်ရုံးဖွင့်တဲ့အခါကျ ကျန့်ကျန့်ကိုအလုပ်တွေအတင်းခိုင်းအုံးမှာသိလို့ အကိုနောက်ကိုပဲလိုက်ဖို့ဆုံးဖြတ်ရတော့မယ်။

" ကျန့်ကျန့် လိုက်ခဲ့ပါမယ် "

အစ်ကိုဖြစ်သူဝမ်ရိပေါ်ကအနိုင်ရသွားသလိုအပြုံးကြီးဖြင့် ရိချန်းကိုပြုံးပြတော့စိတ်ကတိုသွားသည်။ရှောင်းကျန့်ရှိနေတာကြောင့်စိတ်ကိုအတက်နိုင်ဆုံးသာထိန်းထားလိုက်ရင်း~~~~~

" ကိုယ်စောင့်နေမယ်နော် ကျန့်ကျန့် "

" ဟုတ်ကဲ့အကိုအဲ့ဒါဆိုကျန့်ကျန့်သွားပြီနော် အ့ "

ရှောင်းကျန့်က​စကားပြောနေတုန်းအကိုရိပေါ်ကရှောင်းကျန့်လက်ကိုအကြမ်းကြီးဆွဲကာ ခေါ်ထုတ်သွားတော့ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့ဝမ်ရိချန်းကစိတ်တိုတိုဖြင့် တံခါးဆောင့်ပိတ်ပြီး ဝမ်အိမ်တော်ထဲကိုပြန်ဝင်သွားလေသည်။

စုယွဲ့ယွဲ့နား နားလေးကပ်ကာတိုးတိုးပြောလာတဲ့ချင့်ချိုးစကားကြောင့် စုယွဲ့ယွဲ့လန့်သွားရတယ်။ဘုရားရေဆိုပြီးအကြိမ်ကြိမ်ရေရွတ်မိသား~~~~

ကောင်ဆိုးလေးရှောင်းကျန့်အနားကိုသူ့သားနှစ်ယောက်စလုံးကကပ်နေတယ်တဲ့ဆိုသောကြောင့် စုယွဲ့ယွဲ့ဘာပြောရမှန်းတောင်မသိ၊အရင်တုန်းကသူမသားအကြီးဝမ်ရိပေါ်ကရှောင်းကျန့်ကြောင့်သေမလိုဖြစ်ခဲ့ပြီပဲ၊အခုတော့သူမသားနှစ်ယောက်စလုံးရဲ့သေတွင်းထဲကိုဒီတစ်ကြိမ်အပို့မခံနိုင်ဘူး။

အကယ်လို့သူမသားနှစ်ယောက်စလုံးကရှောင်းကျန့်ကြောင့်တစ်ခုခုဖြစ်ခဲ့ရင် အမလေး မတွေးရဲစရာပဲ~~~

" ငါတို့တွေရှောင်းကျန့်ကိုပညာကောင်းကောင်းပြရအောင် ချင့်ချိုး "

ပညာကောင်းကောင်းပြရမယ်ဆိုတော့ချင့်ချိုးရဲ့မျက်နှာကပြုံးဖြီးလို့၊ဘေးကအထိန်းတော်ကြီးရောအပါအဝင်ပေါ့။

" ဟုတ်ကဲ့ သခင်မကြီး "

________________________

နေပူလို့အပြင်မထွက်ချင်ပါဘူးဆိုမှအကိုကစားသောက်ဆိုင်ကိုခေါ်လာတော့တာပဲ။သူ့အမိန့်လွန်ဆန်ရင်လဲစိတ်ကတိုသေး၊ကြားထဲသူ့အမိန်လွန်ဆန်လို့ဆိုပြီးအလုပ်ဖွင့်ရက်ကျရင်အသေခိုင်းတာလည်းအကိုဝမ်ရိပေါ်ပဲ။အခုလည်းကိုယ့်ရှေ့အကိုဝမ်ကစားချင်လာအောင် တမင်ထိုင်စားပြနေတာ။

" ကောင်းလိုက်တာကွာ ဝက်အူချောင်းလေးနဲ့ထမင်းပေါင်းပူပူလေး!! ဘယ်လောက်တောင်ကောင်းလိုက်လဲ "

အသံထွက်အောင်အပီးအပြင်စားပြနေတော့ ရှောင်းကျန့်ဗိုက်ကလည်းမနေနိုင်မထိုင်နိုင်ဂွီဆိုပြီးမြည်းလာတော့တာပဲ။

သေစမ်းဆိုပြီးစိတ်ထဲကနေကိုယ်ကိုယ့်ကိုယ်ကျိန်းဆဲနေလည်း~~~အကိုဝမ်ကတော့အစားမပြတ်ပါပဲ။

အာတွေကလည်းခြောက်နေတော့စားပွဲပေါ်တင်ထားတဲ့ရေခွက်ကိုယူကာသောက်ခါနီးအကိုကကျန့်ကျန့်လက်ထဲကနေကိုင်ထားတဲ့ရေခွက်ကိုဆွဲယူပြီး ရေသောက်လိုက်တော့ ရှောင်းကျန့်စိတ်ထဲမကျေနပ်ဖြစ်သွားရပြန်တယ်။

ဘာကြီးလဲမသိဘူး၊အကိုတစ်ယောက်လိုမနေဘူး
အရင်ကမကျေနပ်တဲ့စိတ်တွေနဲ့အကိုကကလေးတစ်ယောက်လိုတဇွတ်တထိုးအနိုင်ကျင့်နေတာ တကယ်ပါပဲဟွန့်~~~~~~

" ဗိုက်တင်းပြီ ဆက်မစားနိုင်တော့ဘူး !!! ဝက်အူချောင်းကလည်း၃ချောင်းကျန်သေးတယ်ထမင်းပေါင်းကလည်းအများကြီးကျန်သေးတာဆိုတော့ မင်းကို အကိုကျွေးမယ်နော် "

ကျွေးမယ်ဆိုတော့စိတ်ညစ်နေတဲ့ရှောင်းကျန့်မျက်နှာကရွင်းလန်းလာလို့ပေ။ရှောင်းကျန့်ကထမင်းပေါင်းပန်းကန်းကိုဆွဲယူဖို့လက်ဖြန့်ကာပြုံးပြုံးကြီးစောင့်နေတော့ ရိပေါ်စနောက်ချင်လာတယ်။

အကိုဝမ်ကကျန့်ကျန့်ကိုပေးမလိုလိုဘာလိုလိုနဲ့ထမင်းပန်းကန်းယူပြီးထသွားတာကြောင့် ဘယ်များသွားတာလဲဆိုကာလှည့်ကြည့်လိုက်တော့ ပုပုလုံးလုံးခွေးအဖြူကောင်လေးရှေ့ အကိုကပန်းကန်းလေးချကာ ခွေးလေးခေါင်းကိုပွတ်သတ်ကာကျွေးနေသည်။

အကိုကခွေးလေးခေါင်းကိုပွတ်သတ်နေရင်းထိုင်နေတဲ့ကျန့်ကျန့်ဘက်ကိုပြုံးပြုံးလေးလှည့်ကြည့်လာတော့ ကျန့်ကျန့်ကချက်ချင်းအကြည့်လွဲလိုက်မိသား။

ဒါအကိုတမင်လုပ်တာပဲ~~~~~ကျန့်ကျန့်မှာတကယ်ထင်သွားတာ။

________________________

" ကျန့်ကျန့်ကို ဘာမကျေနပ်တာလဲ အကို "

အိမ်အပေါ်တက်ခါနီးကျန့်ကျန့်ပြောလာတဲ့စကားကြောင့် ရိပေါ်ခြေလှမ်းတွေရပ်သွားကာ ကျန့်ကျန့်ဘက်ကို ခြေလှမ်းပြန်လှမ်းလိုက်တယ်။

ထို့နောက် ကျန့်ကျန့်ရှေ့တည့်တည့်မျက်နှာချင်းဆိုင်ရပ်ကာ လေချွန်ပြတော့ ကျန့်ကျန့်ကနှုတ်ခမ်းတင်းတင်းစေ့ပြီးမျက်မှောင်ကျုတ်ကြည့်တော့ ရိပေါ်မျက်နှာလွဲကာပြုံးလိုက်မိတယ်။

"  အကိုနော် မေးတာဖြေ "

" အယ် ပိုးဟပ်ကြီး "

ပိုးဟပ်ကြီးလို့ဆိုပြီးစနောက်ပြောလိုက်တော့ ရိပေါ်ရင်ခွင်ထဲအတင်းတိုးဝင်ပြီးဖက်လာတဲ့ရှောင်းကျန့်။

" ကျန့်ကျန့် ပိုးဟပ်ကြောက်လို့ပါ အကို "

" အသားယူတာမလား "

ထိုသို့ပြောလိုက်တော့ကျန့်ကျန့်ကသူ့ရင်ခွင်ထဲကရုန်းထွက်ဖို့လုပ်တော့ရိပေါ်လည်းကျန့်ကျန့်ခါးကိုပြန်လည်ဖက်တွယ်လိုက်တော့ ရင်ခွင်ထဲကအကောင်ပေါက်လေးကျန့်ကျန့်က​ပြန်ပြောလာတယ်~~~

" အကိုနော် "

ကိုယ့်ရင်ခွင်ထဲကနေထွက်ပြီး ကျန့်ကျန့်ကသက်ပြင်းချကာ ဝမ်အိမ်တော်ထဲကနေထွက်သွားတဲ့အထိ ရိပေါ်ကရပ်ကြည့်ရင်းပြုံးလိုက်မိတယ်။

_________________________

ဒေါက် ဒေါက်
ဒေါက် ဒေါက်

အခန်းတံခါးခေါက်သံကြောင့် ဝင်ခဲ့ဟု​ရိပေါ်ကပြောလိုက်တော့ညီဖြစ်သူဝမ်ရိချန်းကတံခါးဖွင့်ကာဝင်လာတယ်။ရိပေါ်ကလေချွန်ပြီးTvအေးဆေးထိုင်ကြည့်နေသည်။

ဒီတစ်ခေါက်တော့ဝမ်ရိချန်းမေးနိုင်ရမယ်။ရှောင်းကျန့်ကိုမချစ်ဘူးလို့လဲပြောပြီးကိုယ်ကရှောင်းကျန့်နဲ့အတူရှိပြီဆိုရင်ရှောင်းကျန့်ကိုခဏခဏသူ့ဆီကနေဆွဲခေါ်ထုတ်သွားတာအကြိမ်ကြိမ်ရှိပြီ။အစောကလည်းပိုးဟပ်ကြီးဆိုပြီးလိမ်ပြောပြီးရှောင်းကျန့်ကအကို့ကိုဖက်အောင်တမင်ပြောခဲ့တာကိုလည်း ဝမ်ရိချန်းမြင်ခဲ့တယ်။အခုအပြုမှုတွေကဘာတွေလဲဆိုတာသေချာရှင်းလင်းအောင်လို့မေးရမယ်။

"  အကို့ကိုမေးမယ် "

အကိုကTvကိုကြည့်နေရင်းပြန်ပြောလာတယ်။

" အင်းမေးလေ "

" ရှောင်းကျန့်ကိုချစ်နေတာလား ? "

ထိုသို့ပြောလိုက်တော့Tvကိုသေချာအာရုံစိုက်ကြည့်နေတဲ့အကို့မျက်ဝန်းတွေကရိချန်းဘက်ကိုလှည့်ကာကြည့်လာတယ်။ထို့နောက်အကိုကထိုင်ရင်းကနေမတ်တပ်ရပ်ပြီး ​​ပြန်ပြောသည်။

" အကိုလား? အကိုက "

" ဘာ ဘာလို့အဲ့ကောင်လေးကို....ချစ်ရမှာလဲ .... မ..မချစ်ပါဘူး "

မချစ်ပါဘူးစကားပြောတာတောင်ဖြေဖို့ကြာနေတာ။

ဘာပဲဖြစ်ဖြစ်တော့သူ့အကိုရိပေါ်ကိုယ်တိုင်နှုတ်မှ ရှောင်းကျန့်ကိုမချစ်ပါဘူးလို့ဖြေတာကိုကျေနပ်သလိုစိတ်ချမ်းသာသွားပြီ။

ဝမ်ရိချန်းကလည်းပြန်ပြောကာ~~~~

" ရှောင်းကျန့်ကိုမချစ်ရင် ကျွန်တော်တို့နှစ်ယောက်အတူရှိတဲ့အချိန်ကျလာလာဝင်မဖျက်ပါနဲ့ ကျွန်တော်မကြိုက်ဘူး !!! "

" ဒါ ... ဒါပေါ့ အကို ....မ...မဖျက်ပါဘူးကွာ "

__________________________

Zawgyi



" ကောင်းလိုက်တာ အကို "

" ကြိုက်လား "







" ဟင် ဘယ်ကိုလဲ "



လား "



ချန်း!!! "












" ဟုတ်ကဲ့ သခင်မကြီး "

________________________












________________________




"  အကိုနော် မေးတာဖြေ "

" အယ် ပိုးဟပ်ကြီး "



" အသားယူတာမလား "


" အကိုနော် "


_________________________

ဒေါက် ဒေါက်
ဒေါက် ဒေါက်



"  အကို့ကိုမေးမယ် "


" အင်းမေးလေ "



" အကိုလား? အကိုက "







__________________________










Continue Reading

You'll Also Like

526K 8.1K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
81K 2.9K 50
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...
185K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
434K 10.9K 60
𝐋𝐚𝐝𝐲 𝐅𝐥𝐨𝐫𝐞𝐧𝐜𝐞 𝐇𝐮𝐧𝐭𝐢𝐧𝐠𝐝𝐨𝐧, 𝐝𝐚𝐮𝐠𝐡𝐭𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐰𝐞𝐥𝐥-𝐤𝐧𝐨𝐰𝐧 𝐚𝐧𝐝, 𝐦𝐨𝐫𝐞 𝐢𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭𝐥𝐲, 𝐰𝐞𝐥𝐥-𝐫...