ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၅)
ကြက်ဥထမင်းကြော်စားပြီးနောက် ယင်ယာက လန်းဆန်းတက်ကြွသော စိတ်အခြေအနေဖြင့် သူမ၏အမှားကို သူမကိုယ်တိုင် အကြီးအကဲထံ ဝန်ခံခဲ့သည်။
ဤသည်ကား အလုပ်နှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းဖြစ်သည်။ အထက်လူကြီးများသည် ရလဒ်ကိုသာ အာရုံစိုက်ကြပြီး မည်သည့်အကြောင်းကြောင့် မှားယွင်းခဲ့လဲ စိတ်မဝင်စားကြပေ။ သို့သော်လည်း ယင်ယာကိုယ်တိုင်က အမှားကို ဝန်ခံလာ၍ အထက်လူကြီး အတော်အတန် ကျေနပ်မိသည်။ ထို့နောက် သူမကို နှစ်သိမ့်သော စကားတချို့ ပြောကြားပြီး သူ့အခန်းမှ ထွက်သွားစေသည်။
ပြဿနာရပ်အားလုံးက အဆင်ပြေချောမွေ့သွား၍ ယင်ယာ၏စိတ်အခြေအနေ ပိုကောင်းမွန်လာသည်။
ကြက်ဥထမင်းကြော်က ကံကောင်းခြင်းကို ယူဆောင်လာပေးသည်ဟု ယူဆကာ သူမ၏ ဖုန်းကိုထုတ်လိုက် ပြီး Wechat တွင် ပို့စ်တင်လိုက်သည်။
“ဒီနေ့ နေ့လည်ခင်းတုန်းက အရမ်းအရသာရှိတဲ့ ကြက်ဥထမင်းကြော်ကို စားခဲ့တယ်။ စားဖူးသမျှထဲမှာ အရသာ အရှိဆုံးပဲ။ ဒါကြောင့်မို့ ထပ်တလဲလဲ စားချင်စိတ် ဖြစ်နေတယ်”
မိန်းမလှလေး၏ ထောက်ခံအားပေးမှုကြောင့် သူမ၏ပို့စ်ကို ကြိုက်နှစ်သက်သူ ရာကျော် ရှိခဲ့သည်။ သူမ အသစ်တင်လိုက်သော ပို့စ်ကို ငေးကြည့်ပြီး ဒွိဟဖြစ်သော ခံစားချက်များ ဖြစ်ပေါ်နေသည့် အမျိုးသားများလည်း ရှိသည်။
ယွမ်ကျိုးက စနစ်မှ ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် လေးလေးနက်နက် စဥ်းစားရင်း အိပ်ရာမှ ထလာခဲ့သည်။
တခြားသော စားသောက်ဆိုင်များသည် သူတို့ဆိုင်ကို အရောင်းမြှင့်တင်ရန် Weibo နှင့် WeChat ကို အသုံးပြုလေ့ရှိသည်။ သူလည်း တစ်ခုခုတွင် ကြော်ငြာရန် စိတ်ကူးရသည်။
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ယွမ်ကျိုးက သူ့အကြံအစည်ကို အကောင်အထည် မဖော်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့လို ရည်မှန်းချက်ကြီးမားပြီး ဉာဏ်ရည်ထက်မြက်သော ယောက်ျားကောင်းက သာမန်အချိန်မှာပင် QQ appကို အသုံးမပြုခဲ့သည့်အတွက် Weibo နှင့် WeChat ကို အသုံးပြုရန် အဆင်မပြေလောက်ပေ။
ညနေ ၄နာရီ၊ သူက နာရီကို တစ်ချက်ကြည့်လိုက်ပြီး အိပ်ရာပေါ်မှ ကမန်းကတန်း ထလိုက်သည်။ သပ်ရပ်စွာပြင်ဆင်ပြီးနောက် အောက်ထပ်သို့ဆင်းကာ ဆိုင်တံခါးကိုဖွင့်လိုက်သည်။
စားဖိုမှူးတစ်ယောက်အနေဖြင့် ယွမ်ကျိုးသည် သူ၏တစ်ကိုယ်ရည်သန့်ရှင်းမှု နှင့် ခန္ဓာကိုယ်ကျန်းမာရေးကို အလေးအမြတ်ထားရမည်။
သို့သော် ဤစနစ်တွင် သာမန်ထူးခြားသော ကျန်းမာရေးစစ်ဆေးမှု ရှိသည်။ ယွမ်ကျိုး၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် သူ့ခန္ဓာကိုယ်ကို နေ့စဉ် ဓာတ်မှန်ရိုက်သည်။
ဝတ္ထုဖတ်လွန်း၍ မူးဝေသော ဝေဒနာကို ခံစားလာရလျှင်ပင် ဟင်းချက်ရာတွင် အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် စနစ်က ယွမ်ကျိုးကို ဆေးကုပေးသည်။ သူ့လက်တလော ကျန်းမာရေး အခြေအနေဖြင့် သုတ်ပိုးလှူဒါန်းလျှင်ပင် ပြဿနာ လုံးဝ မရှိပေ။ သို့တိုင် သူက လှူချင်သောဆန္ဒ မရှိချေ။
"မျောက်ကြီး၊ အလီ ငါတို့ဒီမှာလေ" လူနှစ်ယောက်က တခြားသူကို လိုက်ရှာနေသည်။ ခေါ်သံကြား၍ လှည့်ကြည့်လိုက်စဥ် တခြားတစ်ဖက်တွင် လူလေးယောက် မတ်တတ်ရပ်နေခြင်းကို မြင်တွေ့ရသည်။
အရပ်ပုပုနှင့် ခန္ဓာကိုယ်တောင့်တင်းသော အမျိုးသားတစ်ဦးက သူတို့ကို လှမ်းခေါ်ခြင်း ဖြစ်သည်။ သူ့ ID က "ငါက အစားမက်သူ တစ်ယောက်ပါ"ဖြစ်ပြီး နာမည်အစစ်က ချန်ကျန်းရှီ ဖြစ်ပါတယ်။ တီရှပ်လက်တိုနှင့် ဘောင်းဘီတိုကို ၀တ်ဆင်ထားစဉ် လမ်းလျှောက်ထွက်နေသော အဘိုးအိုတစ်ဦးကဲ့သို့ဖြစ်နေပြီး လျှပ်စစ် ရုံးတွင် အလုပ်လုပ်နေသော ဝန်ထမ်းတစ်ဦးအဖြစ် မည်သူက သူ့ကို မှတ်မိလိမ့်မည်နည်း။
ချန်ကျန်းရှီ အနားတွင် မတ်တတ ရပ်နေသူမှာ အရည်အသွေးမြင့် ဝတ်စုံကို ၀တ်ဆင်ထားသည့် အဖွဲ့၏ခေါင်းဆောင် ရိယွမ် ဖြစ်သည်။ သူ၏၀တ်စားပုံသည် အလွန်သားနားပြီး အခြားသူများကို အားကိုးအားထားပြုချင်စိတ် ဖြစ်ပေါ်စေသည်။
သူ့က လစာကောင်းသော်လည်း အမှန်တကယ်တော့ သူက အာမခံ အရောင်းဝန်ထမ်း ဖြစ်သည်။ ထို့ကြောင့်လည်း သူ့ဖောက်သည်များကို ညစာဖိတ်ကျွေးလျှင် ဆိုင်ကောင်းကောင်းကို တစ်စုံတစ်ယောက်က လမ်းညွှန်ပေးနိုင်ရန် ဤအဖွဲ့ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဖောက်သည်ကို ညစာဖိတ်ကျွေးရာတွင် ကျေနပ်မှုမရလျှင် အရှက်ရဖွယ်ဖြစ်လိမ့်မည်။ ဤသို့ဖြင့် သူတို့အဖွဲ့လေးသည် အစားအသောက်ဝါသနာရှင်များ စုဝေးနေသော အဖွဲ့လေး ဖြစ်လာခဲ့သည်။
စွန်းမင်း ဘေးနားက အမျိုးသားက “ဆန်ပုံးကြီး” ဖြစ်ပြီး သူ့နာမည်အရင်းက ကျန်းတာ့မင် ဖြစ်သည်။
ဤလူငယ်သည် အဖွဲ့၏ အသက်အငယ်ဆုံးအဖွဲ့ဝင် ဖြစ်သည်။ သူ့ကိုယ်သူတော့ ၂၃ နှစ်ဟု ဖော်ပြထားသည်။ အမည် နှင့် အသက်မှလွဲ၍ တခြား အချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။
သို့သော်လည်း အရသာရှိသော ဟင်းလျာများကို အကြံပြုသောအခါ ၎င်းလူငယ်သည် မပျက်မကွက် ရောက်လာလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့နောက်ကြောင်း ရာဇဝင်ကို စိတ်ဝင်စားခြင်း မရှိတော့ဘဲ လေးနက်သော မိတ်ဖွဲ့မှုထက် စားသောက်ရန်အတွက်သာ လူစုလေ့ရှိကြသည်။
ကျိုးရန် (ကြည့်ရှုသူ 1234) သည် ဘေးနားတွင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။ သာမန်အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားပြီး သပ်ရပ်သန့်ရှင်းနေသည်။ သူ့အနေအထိုင် အပြုအမူကို ကြည့်ရုံဖြင့် ကျောင်းဆရာ အလုပ်လုပ်ကိုင်လိမ့်မည်ဟု ခန့်မှန်းမိသည်။
"မင်းတို့နှစ်ယောက်ကို ငါတို့က စောင့်နေတာ။ ငါတို့အားလုံးကားပါလာတော့ စွန်းနဲ့မျောက်ကြီးတို့ကားက အရှေ့ကလမ်းပြပေး။
ငါတို့က နောက်ကနေ လိုက်ခဲ့မယ်။"
“ဆောရီးပါကွာ ငါတို့တွေက
ကားပါကင်မှာ အချိန်ကြာသွားတာ။ ဒါဆိုရင် သွားကြတာပေါ့"
မျောက်ကြီးက ရှင်းပြပြီးနောက် ယွမ်ကျိုး စားသောက်ဆိုင်သို့ သွားသည်။
…
"ယင်ယာ ဒီနေ့ မင်း အလုပ်အားလား။ ထမင်းအတူတူစားရအောင်လား" လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဇောင်းဟန်သည် အလုပ်မဆင်းမီတွင် သူမ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး မေးမြန်းခဲ့သည်။
ဇောင်းဟန် ၏ လေးနက်သောအကြည့်ကြောင့် ယင်ယာ အနည်းငယ် ထိတ်လန့်သွားသည်။
ဇောင်းဟန်က သူမကို ဆွဲဆောင်ရန် ကြိုးစားနေသည်ဟု ခံစားမိသည်။ သို့သော်လည်း သူမက ငြင်းပယ်ရန် ကြိုးစားတိုင်း အလုပ်ကိစ္စကို အကြောင်းပြလေ့ရှိ၍ ငြင်းပယ်ရခက်နေသည်။
ဇောင်းဟန်က လုပ်ငန်းကျွမ်းကျင်သော အလုပ်သမား ဖြစ်သည့်အပြင် ရိုးသားဖြောင့်မတ်သူ ဖြစ်သည်။
ရုပ်ရည်အသင့်အတင့်ရှိသော်လည်း ယင်ယာက သူ့ကို ခံစားချက် မရှိခြင်းက အဓိက ပြဿနာ ဖြစ်သည်။ ယင်ယာက သူ့ကို ငြင်းပယ်ရန် အကြံထုတ်နေစဉ် ဇောင်းဟန်က စကားဆက်ပြောသည်။
“ယင်ယာ အခုဆွေးနွေးမယ့် ကိစ္စက စစ်ဆေးရေးမှူးချုပ်ဝမ် အဆိုပြုတဲ့ စီးပွားရေးကိစ္စနဲ့ သက်ဆိုင်တယ်။ မင်းက အရောင်းဌာနနဲ့ ပူးပေါင်း အလုပ်လုပ်ရမှာလေ။ ငါက အရောင်းဌာနရဲ့ တာဝန်ခံပဲ"
ထို့နောက် လက်ကိုမြှောက်ကာ နာရီကို ကြည့်လိုက်သည်။
"အခုပဲ သွားကြမယ်။ ထမင်းစားနေရင်း စကားဆက်ပြောကြတာပေါ့။ ဆွေးနွေးမှုပြီးတာနဲ့ ဒီကိစ္စကို အကောင်အထည်ဖော်မယ်"
"နေ့လည်စာစားမယ့် နေရာကို မင်းပဲရွေးလိုက်" ဇောင်းဟန်က ယင်ယာကို စူးစူးစိုက်စိုက်ကြည့်ပြီးပြောသည်။
"အိုကေ။ ကြက်ဥထမင်းကြော်သွားစားကြမယ်" ယင်ယာသည် ကူကယ်ရာမဲ့သော လေသံဖြင့် သဘောတူလိုက်သည်။
နေ့လည်ခင်းမှာ အရသာရှိသော
ကြက်ဥထမင်းကြော်ကိုစားကာ စကားပြောရင်း သူမ၏ စိတ်ခံစားချက်ကို မြှင့်တင်ချင်သည်။
သူ့ရည်ရွယ်ချက် အောင်မြင်သွားသောကြောင့် ဇောင်းဟန်က ယင်ယာကို ကုမ္ပဏီ ဝင်ပေါက်နား သွားစောင့်ကြိုရန် ပြင်ဆင်သည်။
ယွမ်ကျိုးက စားသောက်ဆိုင်ဖွင့်ဖွင့်ချင်း စပ်စုတတ်သောဧည့်သည်တစ်ယောက် ရသည်။
"သူဌေး၊ မင်းရဲ့ ကြက်ဥထမင်းကြော်က တစ်ပွဲ ၁၈၈ယွမ်လား" ထူးဆန်းသောဧည့်သည်တွင် နှုတ်ခမ်းမွေးရှိပြီး အသက် ၃၀ သို့တည်းမဟုတ် ထိုထက်မက အသက်ကြီးနိုင်သည်။ သူပုံစံက အနုပညာသည်ဟု ထင်ရသည်။
“ဟုတ်တယ်၊ ခင်ဗျား စားကြည့်ချင်လို့လား"
“မင်းရဲ့ စားသောက်ဆိုင်ထဲကနေ
ရွှင်ရွှင်မြူးမြူး ထွက်သွားတဲ့ ဧည့်သည်တွေကို မြင်တယ်။ ဒါကအစားအသောက် အရသာရှိတဲ့ သဘောပဲ။ စကားမစပ်၊ ငါက မင်းတို့ဆိုင်ရဲ့မျက်နှာချင်းဆိုင် အဆောက်အဦး ဒုတိယထပ်မှာ နေတယ်" ထူးဆန်သော ဧည့်သည်က ယွမ်ကျိုးကို ရှင်းပြသည်။
"ခင်ဗျားစားပြီးရင် သိလိမ့်မယ်"ယွမ်ကျိုးက သူ့ကို ပြောပြီးထိုင်ခုံကို ညွှန်ပြလိုက်တယ်။
"သူဌေး၊ မင်းက ငါ့ကို အလကား မြည်းစမ်းဖို့ ဖိတ်နေတာလား" ၎င်းက ပြုံးပြီး မေးသည်။
"ဘယ်ဟုတ်မလဲ။ မြည်းစမ်းချင်ရင် တစ်ပွဲ မှာလို့ရပါတယ်။ ဒါပေမဲ့ အလကားကျွေးလို့ မရပါဘူး” ယွမ်ကျိုးက ယဉ်ကျေးစွာတုံ့ပြန်သည်။
သူ့စိတ်ထဲမှာတော့ “ဒါက ဘယ်လိုဟာသမျိုးလဲ။ဧည့်သည်ကိုအလကားကျွေးဖို့နေနေသာသာငါ့လိုဆိုင်ရှင်တောင်ပိုက်ဆံပေးစားနေရတာ"
“ဒါဆို မြည်းစမ်းဖို့အတွက် တစ်ပွဲလောက် လုပ်ပေးပါ” တစ်မိနစ်လောက် စဉ်းစားပြီးမှ နှုတ်ခမ်းမွှေးက ပါးစပ်ကိုဖွင့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ အခုပဲ ထမင်းကြော် ကြော်လိုက်မယ်"
သိပ်မကြာလိုက် မျောက်ကြီးတို့အဖွဲ့ လမ်းထဲ ဝင်လာသည်။
"မျောက်ကြီး မင်းစားဖို့ ဆိုင်ရှာလိုက်တိုင်း နေရာက အရမ်းကောင်းတယ်နော်။ အမြဲတမ်း လမ်းကြားထဲမှာပဲ"
ချန်ကျန်းရှီက သူ့ကားကို ဂရုတစိုက် ကားပါကင်ထိုးနေစဥ် စကားပြောလိုက်သည်။ သူ့လုပ်ဆောင်ချက်တွေက မြန်ဆန်ပြီး သပ်ရပ်သည်။ ထို့ကြောင့် သူက သူ့ကားကို ရပ်ရုံသာမက ယီယွမ်ကားကိုလည်း ရပ်ရန် ကူညီပေးခဲ့သည်။
“အဲဒီမှာ ဆိုင်းဘုတ်မပါတဲ့ စားသောက်ဆိုင်ကို မြင်လား။ ဒါပဲ။ သွားကြရအောင်"
ချန်ကျန်းရှီ၏ စကားကို ကြားသော်လည်း မျောက်ကြီးက သိပ်ဂရုမစိုက်တတ်ပေ။ သူက ရှေ့ကို ညွှန်ပြလိုက်သည်။
စကားတပြောပြောဖြင့် စားသောက်ဆိုင်ထဲ လျှောက်သွားသည်။
“ဆိုင်ပိုင်ရှင်သူဌေး၊ ငါတို့အဖွဲ့ ဒီကို ထပ်ရောက်လာပြီ။ မင်းရဲ့ထမင်းကြော်က အရမ်းကောင်းလို့ မင်းအတွက် နောက်ထပ်ဧည့်သည်တချို့ကို ခေါ်လာပေးတယ်။ ဒါဆို ဒီည နှစ်ပွဲစားလို့ရမလား" စားသောက်ဆိုင်ထဲကို ဝင်လိုက်သည်နှင့် မျောက်ကြီးက ရှည်ရှည်ဝေးဝေး စကားတစ်ခွန်း အော်ပြောသည်။
မျောက်ကြီးက ရိုးသားပွင့်လင်းစွာပြောခြင်းကို မြင်လိုက်ရသောအခါ
ယွမ်ကျိုးက တူညီသောသဘောထားဖြင့် တုံ့ပြန်ခဲ့သည်။ “နိုး....မရဘူး”
မျောက်ကြီး "... "
အပိုင်း(၁၅)
ပြီး၏။