မမအကြောင်းသိရကတည်းက
ဘာဒါ အလုပ်ပိုကြိုးစားတယ်။
အပြင်အချိန်ပိုင်းအလုပ်ထက်
ရုပ်ရှင်ထုတ်လုပ်ရေးဘက်တွေမှာ ရရာဝင်လုပ်ဖြစ်တယ်။
Texasကိုသွားမယ်။
လောလောဆယ် ရည်မှန်းချက်က ဒါပဲ။
နာဟီးတို့ကိုလည်း မပြောဖြစ်။
နာဟီးတို့သိလို့ မတော်လို့ မမပြန်သိရရင် ထပ်ပြီးထွက်ပြေးမလားမသိတာမို့
တစ်ယောက်ထဲပဲ ကြိတ်ပြီး စီစဥ်ရတယ်။
Texasမှာ ကျောင်းဆက်တက်လို့ရမလားစုံစမ်းကြည့်ပေမယ့်
ဘာဒါတို့ကျောင်းတွေက ဒီနှစ် စကော်လာပေးတာလည်းနားထားတယ်တဲ့။
ဟိုမှာလည်းအလုပ်လုပ်ချင်တယ်ဆိုရင်တော့
ဒီမှာ ကျောင်းပြီးအောင်တက်မှဖြစ်မယ်။
ဟိုက ကျောင်းကိုလည်း စုံစမ်းနေရသေးတာပေါ့။
ဘာတစ်ခုမှအပြစ်မတင်ခဲ့တဲ့ ပတ်ချယ်ယောင်း။
ဘာဒါ့လက်က လက်စွပ်ကိုမြင်ရင်
ဘာပြောမလဲသိချင်ပါရဲ့။
အခုတော့ သူမလက်မှာ လက်စွပ်က နေရာမယူနိုင်လောက်တော့ဘူးပဲထင်ပါတယ်။
၆လလောက်ကြာတော့
ဟိုက ကျောင်းကို စုံစမ်းလို့ရတယ်။
အလုပ်ကလည်း အဆင်ပြေလောက်တယ်။
ဒီကကျောင်းကလည်းပြီးတော့မှာဆိုပေမယ့်
မစောင့်နိုင်တော့ဘူး တကယ်။
ချက်ချင်းပြေးတွေ့ချင်စိတ်ကို
၆လ လောက်အောင့်ထားရတာမို့။
ကျောင်းပြီးဖို့ ၅လလောက်အလိုမှာ
ကျောင်းထွက်လိုက်တယ်။
ကျောင်းက ဆရာတွေက တားကြတယ်။
အလားအလာရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကို တတ်နိုင်သမျှနားချကြတယ်။
Film Festival မှာ ပြပြီး
ဆုတွေရခဲ့တဲ့ ဘာဒါတို့Documetryလေးကြောင့်
ပိုပြီး နှမြောတသဖြစ်နေပုံရသလို
ပြီးခါနီးအချိန်လေးကို သည်းခံပြီး တက်လိုက်စေချင်ပုံရတယ်။
ဒီကျောင်းက ဘွဲ့ရတယ်ဆိုတာမျိုးကို ဖြစ်စေချင်တာ။
တကယ်လည်းအဲလိုပါပဲ။
ဒီကျောင်းက သင်ခဲ့ရတဲ့ပညာတွေပဲလေ။
ဒါပေမယ့်..တဖက်က
ပတ်ချယ်ယောင်းမလား..။
နာဟီးတို့ကိုပြောတော့ နားမလည်နိုင်ကြ။
အကြောင်းအရင်းကိုမေးတော့
အိမ်ကလွှတ်တာလို့ပဲ ထိုးချလိုက်တော့တယ်။
ခိုင်လုံတဲ့အကြောင်းပြချက်လည်းရှာမရ။
မမဆီသွားတာလို့လည်းမပြောနိုင်။
အဖေတို့လည်းသိလို့မရသလို
မမလည်းပြန်သိလို့မရတဲ့ကိစ္စ။
သိလို့ထပ်ပြီး ထွက်ပြေးသွားရင်
ဘယ်လိုလုပ်မလဲ
Texasကိုလို့လည်း မပြောနိုင်ခဲ့သလို..
ဘာကိုမှရေရေရာရာမပြောနိုင်ခဲ့။
သေချာတစ်ခုကတော့
ပတ်ချယ်ယောင်းနဲ့တွေ့ရဖို့ပဲ။
ဘာဒါ Texasကို သွားမယ်ဆိုတော့
အမေ့ကိုတော့ လှမ်းပြောလိုက်တယ်။
အမေတို့အထောက်အပံ့လည်းမလိုပေမယ့်
အသိတော့ပေးရမယ်မလား။
အမေသိတော့ ထုံးစံအတိုင်းအဖေသိတာပေါ့။
အိမ်ကိုခဏလာခဲ့ပါလို့ခေါ်တယ်။
မသွားချင်ပေမယ့်
သွားလိုက်ရတယ်။
''အင်း အဲ့တော့
ဘာသွားလုပ်မှာလဲ''
''အလုပ်လုပ်ရင်း ကျောင်းတက်မယ်''
''အလုပ်လုပ်စရာမလိုဘူးလေ''
''ကိုယ့်ဘာသာပဲရပ်တည်ချင်တယ် အမေ''
အလုပ်မလုပ်နဲ့ပြောတာက အဖေဆိုပေမယ့်
အမေ့ကိုပဲဦးတည်ပြီး ပြန်ဖြေလိုက်တယ်။
''ဘာဒါရယ်
မင်းလည်း ဟိုခလေးမနဲ့အဆက်အသွယ်မရှိတော့ဘူးမလား
အဖေကလည်း စိတ်ပြေနေပါပြီ
သမီးတက်ချင်တဲ့ကျောင်းကို အိမ်ကပဲထားပေးမှာပေါ့
ဘာလို့ ဒုက္ခခံနေမလဲ''
''ဒုက္ခခံရတယ်လို့လည်းမမှတ်ပါဘူး
အမေတို့အထောက်အပံ့ယူရင် စကားနားထောင်နေရဦးမယ်''
''အီဘာဒါ''
ဟိန်းထွက်လာတဲ့အဖေ့အသံကြောင့်
အမေလန့်သွားပေမယ့်
ဘာဒါကတော့ တုပ်တုပ်မလှုပ်။
''ဒီတိုင်းပဲ ဘယ်မှာရှိနေလဲ အသိပေးချင်ရုံပါပဲ
ကျောင်းကတော့ ကိုယ့်ဘာသာပဲတက်မယ်''
''မင်း ဟိုတစ်ယောက်နဲ့ပြန်ဆက်သွယ်နေလို့မလား''
''အဲလိုလုပ်လို့ရရင် ကောင်းတာပေါ့
တခါတလေတော့လည်း ရှာမတွေ့နိုင်လွန်းလို့
ကောင်းလွန်းတဲ့အဖေ့အဆက်အသွယ်တွေကို သုံးကြည့်ချင်သား''
''ဘာဒါ တော်တော့ အဖေ့ကိုဆွမနေနဲ့တော့
သမီးအဖေက စေတနာနဲ့ ကျောင်းထားပေးမလို့ခေါ်တာကို
ဘယ်လိုတွေပြောနေတာလဲ''
''ပြန်တော့
အီဘာဒါ
ပြန်လိုက်တော့''
''အမေကျန်းမာရေးဂရုစိုက်နော်''
အဖေကတော့ ကြည့်ကျက်နေပေါ့ ဟွန်း။
အမေတို့အိမ်က ပြန်လာတော့
လူက လွတ်လပ်နေသလိုမြောက်ကြွကြွ။
ဘာပဲပြောပြော ဟိုရောက်ရင် ပတ်ချယ်ယောင်းကို ငေးခွင့်ရတော့မှာလေ။
အနားသွားတာနဲ့ အဖေ့ရဲ့အကြံဉာဏ်တွေက ဘယ်လိုထွက်လာမလဲမသိနိုင်တာမို့
ခပ်ဝေးဝေးက ကြည့်ရဦးမှာဆိုပေမယ့်ပေါ့။
အဲ့လိုနဲ့တပါတ်လောက်ကြာတော့
ဘာဒါ Texasကိုရောက်လာတယ်။
ကျောင်းက အပ်ထားပြီးသားဖြစ်တဲ့အပြင်
အဆောင်လည်းရတာကြောင့် နေစရာကလည်းအဆင်ပြေတယ်။
ရောက်တာနဲ့
မမရဲ့ ကျောင်းကို သွားစုံစမ်းရတယ်။
Texas Christian University ရောက်တော့
သူမတက်နေတဲ့ကျောင်းပါလားဆိုတဲ့ စိတ်နဲ့ ရင်ထဲနွေးလို့။
ကျောင်းသားရေးရာဌာနမှာ စုံစမ်းတော့
နာမည်ပြောင်းထားလို့လားပဲ ရှာမရ။
ရှေ့နှစ်က စတက်တဲ့ ကျောင်းသူစာရင်းထဲရှာတယ်။
ရှာမတွေ့။
Majorအတိုင်းရှာတယ်။
မတွေ့။
စကော်လာနဲ့မဟုတ်ပဲ ဒီတိုင်းတက်လိုက်တာများလား။
ရိုးရိုးကျောင်းသားတွေထဲရှာတယ်မတွေ့ပြန်ဘူး။
ဒုက္ခပဲ။
ပြန်လာခဲ့ရပေမယ့်
စိတ်ထဲ တော်တော်ရှုပ်ထွေးနေပြီ။
ကျောင်းထွက်ပြီး လာခဲ့ပေမယ့်
ဒီရောက်တာနဲ့ တွေ့မယ်ပဲထင်ခဲ့တာလေ။
ဘယ်လိုလုပ်ရမလဲ။
နာမည်ပြောင်းထားလို့ဖြစ်မယ်။
ဒါမှမဟုတ်
တခြားmajorတက်နေတာများလား။
တခြားကျောင်းကို တက်နေတာများလား။
ဘာဒါ ကိုယ့်ကျောင်းကို တက်ရင်း
Journalism ကျောင်းတွေကို စုံစမ်းကြည့်တော့
University က ၁၉ခုနဲ့
တခြား collegesတွေ Institute တွေလည်းရှိတယ်။
ဟူး လပိုင်းလောက်တော့ရှာရမယ်ထင်တယ်။
........
ချယ်ယောင်းကျောင်းတစ်ဖက်နဲ့အလုပ်လုပ်ရင်း ပင်ပန်းပေမယ့်
နေသားကျနေပြီ။
နေသားမကျတာက အီဘာဒါ့ကိုလွမ်းတဲ့စိတ်တစ်ခုပဲ။
ပင်ပန်းပြီး အိမ်ပြန်လာရင်
အိမ်မှာအသင့်စောင့်နေမယ့် သူ့ရင်ခွင်ထဲဝင်လိုက်ချင်တာပဲ။
နေ့တွေညတွေက ပိုအေးစက်ပြီး
ပိုပြီးသူစိမ်းဆန်တယ်။
ဘာဒါ့ကိုလွမ်းတိုင်း ပုံလေးတွေထုတ်ကြည့်ဖြစ်ပြီး
သူဆိုပြဖူးတဲ့သီချင်းလေးတွေကို နားထောင်မိတယ်။
ယူထားလိုက်တဲ့ သူ့တီရှပ်လေးတွေ ထုတ်ဝတ်တတ်ပြီး
အင်္ကျီအသစ်ဝယ်တိုင်း
သူ့sizeတစ်ထည်ပါ ထည့်ဝယ်တတ်တာ
အကျင့်ဖြစ်နေပြီ။
သူ့အတွက် အဝတ်ဗီဒိုတစ်ခုပါ သပ်သပ်ထားပြီး
တချိန်ကျ သူလာရင် အတူနေဖို့စိတ်ကူးလေးနဲ့။
ဒီနေ့တော့ ဘာရယ်မဟုတ် အရမ်းသတိရနေတာနဲ့ သူ့အကြောင်းစုံစမ်းမိတယ်။
စုံစမ်းတာကလည်း တကယ်တော့
ဘာဒါတို့ကျောင်းမှာ ချယ်ယောင်းအသိညီမလေးတစ်ယောက်တက်နေတာနဲ့
လှမ်းလှမ်းမေးဖြစ်တာ။
သိလည်းမသိသာရအောင်ပေါ့။
အခုနောက်ပိုင်းတော့ မမေးဖြစ်တာလည်းကြာပြီ။
ခဏခဏမေးနေရင်လည်း မကောင်းဘူးလေ။
SNSက စကားသွားပြောပြီးမေးကြည့်တော့
''Her careerလေးတောင် အစ်မတို့ဆီမှာ ရုံတင်နေတယ်''
Her Careerက ဘာဒါတို့Documentryလေးပေါ့။
''သြော် Her Careerဆိုလို့
Bada sunbaenimက ကျောင်းထွက်သွားတယ်
ကျောင်းပြီးခါနီးမှ ထွက်သွားတော့ တစ်ကျောင်းလုံးပွတ်လောရိုက်သွားတာပဲ''
''ဟင် ကျောင်းထွက်တာ??
ဘာဖြစ်လို့လဲဟင်''
''အဲဒါတော့မသိဘူး
ဆရာတွေလည်းမသိကြဘူး
သူ့သူငယ်ချင်းတွေကိုတောင်မပြောခဲ့ဘူးတဲ့
ဘယ်သူမှတားလို့မရဘူး''
ဟယ်.. အိမ်က တခုခုသိသွားလို့လား။
သိရအောင်..အဆက်အသွယ်မှမရှိကြတာပဲ။ဘာဖြစ်တာလဲ ဘာဒါရယ်..
နာဟီးတို့လည်းမသိဘူးဆိုတော့..
ဘယ်သူ့ကိုမေးရမလဲ..။
အိမ်က ကျောင်းထုတ်ပစ်လိုက်တာလား
ဘာပြဿနာတွေရှိနေတာလဲကွယ်..
လှမ်းကြည့်လိုက်တိုင်း အဲ့ဒီနေရာလေးမှာ ရှိနေမယ်လို့ တစ်ထစ်ချတွေစမိတဲ့ တို့အမှား။
ဘယ်ရောက်သွားတာလဲ။
ဘယ်မှာလိုက်ရှာရမလဲ..။
တကယ်ကြီးဝေးပြီလား။
တို့ကြောင့်..
တို့ကြောင့်ဝေးသွားရပြီလား..။
သူရှိမယ့်နေရာကို အပြေးပြန်ချင်စိတ်တွေက တားမရ ဆီးမရ။
ဒီအတောအတွင်း နေ့စဥ်ရက်ဆက် မစုံစမ်းနေမိတဲ့တို့အမှားပါကွယ်..
ဘယ်လိုလုပ်ရပါ့။
ဘာဒါရေ..
မင်းနဲ့ပြန်မတွေ့ရရင်တော့ တို့တော့ သေမှာပဲ..
ပြန်လိုက်သွားရအောင်လည်း
ပညာသင်ဆုနဲ့ကျောင်းတက်နေတာဆိုတော့
မလုပ်သင့်ဘူးလေ။
ဒီနှစ်ကုန်ထိ ဒီနှစ်ကုန်ထိပဲ သည်းခံလိုက်ရအောင်။
တကယ်တော့ ချယ်ယောင်း ဒီက သတင်းဌာနတွေမှာ အချိန်ပိုင်းလေး ဝင်လုပ်နေပြီ။
ဝင်ငွေလေးလည်း ကိုယ့်ဟာကိုယ်အဆင်ပြေနေပြီ။
ကျောင်းပြီးချိန်လောက်ဆိုရင်
ဘာဒါ့ကိုခေါ်ထားနိုင်ပြီ။
တွေးထားသမျှကတော့
ကိုရီးယားကိုမပြန်ပဲ
ဒီမှာ နှစ်ယောက်အတူအခြေချကြဖို့ပေါ့။
ဘာဒါသာ သဘောတူရင်လို့တွေးထားပေမယ့်
ဘာဒါသာ ပျောက်သွားခဲ့ရင်လို့တော့ ကြိုတွေးထားတဲ့အထဲ မပါခဲ့။
.........
ဒီလိုနဲ့ ဘာဒါ Texasက ရှိသမျှကျောင်းတွေကို လိုက်ရှာတာ စာသင်နှစ်တဝက်ပြီးသွားတယ် ။
ပတ်ချယ်ယောင်းကို ရှာမတွေ့ခဲ့။
လမ်းစပျောက်လွန်းလို့ အူလှိုက်သည်းလှိုက်အော်ငိုပစ်ချင်ပေမယ့်
ကလေးဆန်တယ်လို့အထင်မခံနိုင်လို့
အံကြိတ်သည်းခံရင်း
ကျောင်းမှာလည်း စာကြိုးစားရတယ်။
အလုပ်လည်းလုပ်ရတယ်။
အားတဲ့အချိန်တိုင်း ကျောင်းတွေမှာ သူမကိုတွေ့လိုတွေ့ငြား သွားသွားရှာရတယ်။
ဘာဒါ့အတန်းဖော် Maryကတောင်
ဘာဒါ့ကို ဘယ်သူ့ကိုရှာတာလဲလို့မေးတော့တယ်။
ရောက်ကတည်းက ဘယ်သူနဲ့မှ မိတ်မဖွဲ့နိုင်။
ကိုယ့်ကိစ္စနဲ့ကိုယ် အာရုံများနေတာမို့။
Maryတောင် အဆောင်မှာပါ အခန်းချင်းကပ်ရပ်မို့ မျက်မှန်းတန်းရင်းက ခင်သွားကြတာ။
ဘာဒါ လက်စွပ်ကိုထောင်ပြလိုက်ပြီး
''ငါ့ကောင်မလေးကိုရှာနေတာ''
''သြော် သူမက Texasမှာတဲ့လား''
''ငါတော့ အဲလိုကြားပြီး ဟိုကကျောင်းပါထွက်ခဲ့တာပဲ''
''Oh God
နင်တကယ် စွန့်စားရဲတာပဲ''
''ချစ်တာကိုး
နင်ချစ်ဖူးတဲ့အခါ သိလိမ့်မယ်''
အဲဒီရက်က စလို့ Maryလည်း အားတိုင်း
ဘာဒါနဲ့လိုက်ပေးတယ်။
သူလည်းတွေ့အောင်ရှာပေးချင်တယ်တဲ့။
''သူမက လှလား ဘာဒါ''
''လှတာပေါ့
အလှဆုံးပဲ
မင်းကို လူရှာဖို့ခေါ်လာပေမယ့် ဘာလို့ဓာတ်ပုံမပြထားလဲသိလား''
''ဘာလို့လဲ''
''ကျောင်းဝန်းထဲ အာရှသူတစ်ယောက်ကိုမြင်လိုက်ပြီး အဲ့မိန်းကလေးကို ကြည့်ပြီး လှလိုက်တာလို့ညည်းမိသွားမယ်ဆိုရင်
အဲဒါ ပတ်ချယ်ယောင်းပဲ''
''အဲ့လောက်တောင်ပဲပေါ့
နင့်မျက်လုံးထဲလှနေတာမဟုတ်လောက်ဘူးလား''
''မဟုတ်ပါဘူး
တွေ့ရင် သိသွားလိမ့်မယ်''
''အင်းပါ''
......
စာသင်နှစ်တစ်နှစ်ကုန်သွားတော့
Maryက သူအဘွားဆီကိုပြန်မှာမို့လို့ လိုက်ခဲ့ဖို့ခေါ်တယ်။
သူ့မိဘတွေက Texas မှာနေတာ။
သူက အဖေဘက်က အဘွားရှိတဲ့ Califoniaမှာနေရင်း
ဒီမှာကျောင်းလာတက်တာ။
ကျောင်းပိတ်ရက်တိုင်းအဘွားဆီပြန်တယ်တဲ့။
ဘာဒါကတော့ ကျောင်းပိတ်ရင် အလုပ်အများကြီးလုပ်လို့ရမယ်
အလုပ်လုပ်ရင်းလည်း မမကိုရှာဖို့အချိန်ပေးနိုင်မယ်လို့တွေးနေတာကြောင့် မလိုက်ချင်ဘူးလို့ ငြင်းရတယ်။
Maryက အတင်းခေါ်ချင်ပေမယ့်
ဘာဒါ့ရဲ့ရှာပုံတော်ကိုလည်း မနှောင့်ယှက်ချင်တာကြောင့်
မပြန်ချင်ပြန်ချင်နဲ့ ပြန်သွားတယ်။
ကျောင်းပိတ်တော့ ဘာဒါတနေကုန်အလုပ်လုပ်ဖြစ်တယ်။
Maryကတော့ အိမ်ပြန်သွားပြီး
ပျော်နေတယ်ထင်တယ်။
ဘာဒါ့ဆီကို စာတွေပို့ထားပေမယ့် မအားလို့ ပြန်ရောက်ရင်လည်း တန်းအိပ်ပစ်တာဆိုတော့
စာတွေမဖတ်ဖြစ်သလို
စာလည်းမပြန်ဖြစ်။
တစ်ရက်တော့
အလုပ်က စောစောပြန်လာရင်း
Maryပို့ထားတဲ့စာတွေကို စိမ်ပြေနပြေထိုင်ဖတ်ရင်း ရယ်နေမိတယ်။
သူ့အဘွားနဲ့သူ့ရဲ့အကြောင်းတွေပေါ့
Maryက တကယ်စကားများတဲ့ကောင်မလေး။
စာတွေဖတ်ရင်း နောက်ဆုံးနားရောက်လာတော့
''ဘာဒါသိလား
ငါ့အဘွားရဲ့ငှားထားတဲ့အိမ်မှာနေတဲ့ ကောင်မလေးက အရမ်းချောတာ
သူမလည်း koreanပဲ''
ဟော Maryလည်း
ငါ့လိုဖြောင့်ရာက ကွေးပြီထင်တယ်လို့တွေးလိုက်မိတယ်။
အဲဒီစာလေးတစ်ကြောင်းနဲ့တင် သိလိုက်ပြီ။
နောက်ရက်တွေမှာလည်း Maryစာတွေထဲ သူ့ကောင်မလေးက ဆက်တိုက်ပါလာတယ်။
''နင်ပြောတဲ့ မြင်ရင် ဘယ်လောက်ချောတာသိသွားလိမ့်မယ်ဆိုတဲ့စကားကို ပြန်သတိရသွားတယ်
သူမ နာမည်က Arielတဲ့''
''နင်သဘောကျနေပြီလား''
''မဟုတ်ဘူး
နင့်ကောင်မလေးကိုသတိရသွားတာ
Texasမှာ မြင်တာဆိုရင်တော့
ငါ နင့်ကောင်မလေးလို့တန်းထင်မိမှာပဲ''
''သူက ငါ့ကောင်မလေးလောက်မချောလောက်ပါဘူး''
''နင့်ကောင်မလေးထက်ပိုချောမယ်လို့ ငါပြောရဲသွားပြီ
သူမက ကျောင်းလာတက်နေတာ
တစ်ယောက်ထဲပဲ''
''ဟုတ်လား''
''ငါစုံစမ်းပေးရမလား
ပုံပို့ဖို့က privacy ထိခိုက်မှာစိုးလို့''
''နေပါစေ ရတယ်''
''နာမည်လေးကလည်း Arielတဲ့
နင့်နာမည်က ပင်လယ်ဆို
Arielက ရေသူမလေးမလား ကွက်တိပဲ''
ဒီDisneyရူးကတော့လေ။
''ငါ့အဘွားကတော့ ငါ့ထက် Arielကို ချစ်နေပြီ ဘာဒါ
ငါ နင့်ဆီပဲပြန်လာရတော့မယ်''
''မြန်မြန်ပြန်ခဲ့''
Maryက Extrovertဆိုတော့ ရောက်ရာနေရာမှာ ပျော်ရွှင်တက်ကြွနေတတ်တယ်။
Energetic ဖြစ်လွန်းလို့ တချို့ဆို မခံနိူင်ဘူး။
ဘာဒါကတော့ တနေကုန် Maryပြောသမျှ နားထောင်ပြီး သူနဲ့အတူတူအူမြူးနေနိူင်တယ်။
ညဆိုရင်တော့ တစ်ယောက်ထဲ နားအေးပါးအေးနေလိုက်ရမှ။
မမရေ..
ဘယ်နိူင်ငံရောက်နေပြီလဲ..
Texasမှာရော ဟုတ်ရဲ့လား..
ဟိုလူ ကိုယ့်ကိုညာလိုက်ပြီလား..
နောက်ရက်ကျ အရူးမလေး Maryက စာလှမ်းပို့ထားသေးတယ်။
Arielက အိမ်ထောင်နဲ့တဲ့။
သူ့အဘွားကိုမေးကြည့်တော့
Marriedလို့ပြောတယ်တဲ့လေ။
Maryတစ်ယောက်
တစ်ယောက်ထဲ စိတ်ကူးယဥ်ပေးနေရာကနေ
အသဲကွဲသွားပါတယ်တဲ့...။
......
ချယ်ယောင်း အိမ်ပြန်တော့
အရင်လိုအိမ်ရှင်အဘွားတစ်ယောက်ထဲ လမ်းလျှောက်တာမဟုတ်ပဲ. ကောင်မလေးတစ်ယောက်ပါ တွဲလျှောက်နေတာတွေ့တယ်။
အဘွားမြေးထင်တယ်။
ချယ်ယောင်း အဘွားအိမ်ကိုပြောင်းလာတာ ခြောက်လလောက်ပဲရှိသေးတာမို့
အဘွားမြေးမလေးအကြောင်း ကြားဖူးပေမယ့်
မမြင်ဖူးပါ။
ချယ်ယောင်းငှားနေတာက
သုံးခန်းတွဲအိမ်လေး။
အဘွားက ဘေးမှာ တစ်အိမ်သပ်သပ်။
ဒီဘက်က သုံးခန်းတွဲအိမ်ကိုတော့ မိန်းကလေးသုံးယောက်ကို တစ်ခန်းစီငှားထားတာ။
စျေးလည်းတန်ပြီး အဘွားက သဘောလည်းကောင်းတော့
အားလုံးအဆင်ပြေကြတယ်။
အဘွားမြေးမလေးကလည်း အဘွားလိုပဲသဘောကောင်းတယ်။
Texasမှာ ကျောင်းတက်နေတာတဲ့။
Cinemaphotograpy majorတဲ့လေ။
ဘာဒါ့ကိုတောင် တော်တော်လွမ်းမိသွားတယ်။
ကောင်မလေးက ခင်တတ်ပုံပေါ်ပေမယ့်
ချယ်ယောင်းက
မအားတာကများတာကြောင့်
သိပ်တော့စကားမပြောဖြစ်ကြ။
ကျောင်းမြန်မြန်ပြီးအောင် တက်ပြီး
ဘာဒါ့ကိုလိုက်ရှာဖို့ပဲ စိတ်ရောက်နေတာကြောင့်
တခြား လူမှုရေးတော့ သိပ်မလုပ်နိုင်ပါ
အရင်က အားရင် အဘွားနဲ့စကားထိုင်ပြော
လမ်းအတူလျှောက်လုပ်ပေးဖြစ်ပေမယ့်
အခုတော့ မြေးမလေးရောက်နေတော့ အဘွားဆီတောင်မရောက်ဖြစ်တော့ဘူး။
တခါတလေတော့
အမေ့ဆီဆက်သွယ်ဖြစ်တယ်
ချယ်ယောင်းဒီရောက်နေတာလည်း အမေပဲသိတာလေ။
အမေနဲ့ဖုန်းပြောပြီးရင်တော့
ခေါင်းအုံးမှာ မျက်နှာအပ်ပြီး ငိုရစမြဲ။
အဆင်ပြေတယ်လို့ဖြေလည်း
အဆင်မပြေဘူးလို့ အမေက နားလည်တယ်။
အားတင်းထားပါ သမီးရယ်
တစ်နေ့တော့အဆင်ပြေမှာပါတဲ့..။
ဘာဒါ့ကို ရှာမတွေ့တဲ့အကြောင်းတော့
အမေ့ကို မပြောဖြစ်လိုက်တော့ဘူး...
။ ။
(ဒီနေ့ နည်းသွားတယ်
စိတ်မကောက်ကြနဲ့နော်
ကလေးတို့သာသာက weekend တိုင်းဖျားနေတာဟေ့🤒
ငါ့နှယ် ကိုယ့်ဘာသာတောင်စိတ်မရှည်တော့ဘူး
အလုပ်ကလည်းမအားဘူး
Upလည်းUpပေးဖို့လို ဖျားလည်းဖျား
လုံးပါးပါးနေပါပြီ🙃)
ချစ်တဲ့
လင်း
Her way to Singapore 💙🌊
Zawgyi
မမအေၾကာင္းသိရကတည္းက
ဘာဒါ အလုပ္ပိုႀကိဳးစားတယ္။
အျပင္အခ်ိန္ပိုင္းအလုပ္ထက္
႐ုပ္ရွင္ထုတ္လုပ္ေရးဘက္ေတြမွာ ရရာဝင္လုပ္ျဖစ္တယ္။
Texasကိုသြားမယ္။
ေလာေလာဆယ္ ရည္မွန္းခ်က္က ဒါပဲ။
နာဟီးတို႔ကိုလည္း မေျပာျဖစ္။
နာဟီးတို႔သိလို႔ မေတာ္လို႔ မမျပန္သိရရင္ ထပ္ၿပီးထြက္ေျပးမလားမသိတာမို႔
တစ္ေယာက္ထဲပဲ ႀကိတ္ၿပီး စီစဥ္ရတယ္။
Texasမွာ ေက်ာင္းဆက္တက္လို႔ရမလားစုံစမ္းၾကည့္ေပမယ့္
ဘာဒါတို႔ေက်ာင္းေတြက ဒီႏွစ္ စေကာ္လာေပးတာလည္းနားထားတယ္တဲ့။
ဟိုမွာလည္းအလုပ္လုပ္ခ်င္တယ္ဆိုရင္ေတာ့
ဒီမွာ ေက်ာင္းၿပီးေအာင္တက္မွျဖစ္မယ္။
ဟိုက ေက်ာင္းကိုလည္း စုံစမ္းေနရေသးတာေပါ့။
ဘာတစ္ခုမွအျပစ္မတင္ခဲ့တဲ့ ပတ္ခ်ယ္ေယာင္း။
ဘာဒါ့လက္က လက္စြပ္ကိုျမင္ရင္
ဘာေျပာမလဲသိခ်င္ပါရဲ႕။
အခုေတာ့ သူမလက္မွာ လက္စြပ္က ေနရာမယူနိုင္ေလာက္ေတာ့ဘူးပဲထင္ပါတယ္။
၆လေလာက္ၾကာေတာ့
ဟိုက ေက်ာင္းကို စုံစမ္းလို႔ရတယ္။
အလုပ္ကလည္း အဆင္ေျပေလာက္တယ္။
ဒီကေက်ာင္းကလည္းၿပီးေတာ့မွာဆိုေပမယ့္
မေစာင့္နိုင္ေတာ့ဘူး တကယ္။
ခ်က္ခ်င္းေျပးေတြ႕ခ်င္စိတ္ကို
၆လ ေလာက္ေအာင့္ထားရတာမို႔။
ေက်ာင္းၿပီးဖို႔ ၅လေလာက္အလိုမွာ
ေက်ာင္းထြက္လိုက္တယ္။
ေက်ာင္းက ဆရာေတြက တားၾကတယ္။
အလားအလာရွိတဲ့ ေက်ာင္းသားတစ္ေယာက္ရဲ႕ဆုံးျဖတ္ခ်က္ကို တတ္နိုင္သမွ်နားခ်ၾကတယ္။
Film Festival မွာ ျပၿပီး
ဆုေတြရခဲ့တဲ့ ဘာဒါတို႔Documetryေလးေၾကာင့္
ပိုၿပီး ႏွေျမာတသျဖစ္ေနပုံရသလို
ၿပီးခါနီးအခ်ိန္ေလးကို သည္းခံၿပီး တက္လိုက္ေစခ်င္ပုံရတယ္။
ဒီေက်ာင္းက ဘြဲ႕ရတယ္ဆိုတာမ်ိဳးကို ျဖစ္ေစခ်င္တာ။
တကယ္လည္းအဲလိုပါပဲ။
ဒီေက်ာင္းက သင္ခဲ့ရတဲ့ပညာေတြပဲေလ။
ဒါေပမယ့္..တဖက္က
ပတ္ခ်ယ္ေယာင္းမလာ..။
နာဟီးတို႔ကိုေျပာေတာ့ နားမလည္နိုင္ၾက။
အေၾကာင္းအရင္းကိုေမးေတာ့
အိမ္ကလႊတ္တာလို႔ပဲ ထိုးခ်လိဳက္ေတာ့တယ္။
ခိုင္လုံတဲ့အေၾကာင္းျပခ်က္လည္းရွာမရ။
မမဆီသြားတာလို႔လည္းမေျပာနိုင္။
အေဖတို႔လည္းသိလို႔မရသလို
မမလည္းျပန္သိလို႔မရတဲ့ကိစၥ။
Texasကိုလို႔လည္း မေျပာနိုင္ခဲ့သလို..
ဘာကိုမွေရေရရာရာမေျပာနိုင္ခဲ့။
ေသခ်ာတစ္ခုကေတာ့
ပတ္ခ်ယ္ေယာင္းနဲ႕ေတြ႕ရဖို႔ပဲ။
ဘာဒါ Texasကို သြားမယ္ဆိုေတာ့
အေမ့ကိုေတာ့ လွမ္းေျပာလိုက္တယ္။
အေမတို႔အေထာက္အပံ့လည္းမလိုေပမယ့္
အသိေတာ့ေပးရမယ္မလား။
အေမသိေတာ့ ထုံးစံအတိုင္းအေဖသိတာေပါ့။
အိမ္ကိုခဏလာခဲ့ပါလို႔ေခၚတယ္။
မသြားခ်င္ေပမယ့္
သြားလိုက္ရတယ္။
''အင္း အဲ့ေတာ့
ဘာသြားလုပ္မွာလဲ''
''အလုပ္လုပ္ရင္း ေက်ာင္းတက္မယ္''
''အလုပ္လုပ္စရာမလိုဘူးေလ''
''ကိုယ့္ဘာသာပဲရပ္တည္ခ်င္တယ္ အေမ''
အလုပ္မလုပ္နဲ႕ေျပာတာက အေဖဆိုေပမယ့္
အေမ့ကိုပဲဦးတည္ၿပီး ျပန္ေျဖလိုက္တယ္။
''ဘာဒါရယ္
မင္းလည္း ဟိုခေလးမနဲ႕အဆက္အသြယ္မရွိေတာ့ဘူးမလား
အေဖကလည္း စိတ္ေျပေနပါၿပီ
သမီးတက္ခ်င္တဲ့ေက်ာင္းကို အိမ္ကပဲထားေပးမွာေပါ့
ဘာလို႔ ဒုကၡခံေနမလဲ''
''ဒုကၡခံရတယ္လို႔လည္းမမွတ္ပါဘူး
အေမတို႔အေထာက္အပံ့ယူရင္ စကားနားေထာင္ေနရဦးမယ္''
''အီဘာဒါ''
ဟိန္းထြက္လာတဲ့အေဖ့အသံေၾကာင့္
အေမလန့္သြားေပမယ့္
ဘာဒါကေတာ့ တုပ္တုပ္မလႈပ္။
''ဒီတိုင္းပဲ ဘယ္မွာရွိေနလဲ အသိေပးခ်င္႐ုံပါပဲ
ေက်ာင္းကေတာ့ ကိုယ့္ဘာသာပဲတက္မယ္''
''မင္း ဟိုတစ္ေယာက္နဲ႕ျပန္ဆက္သြယ္ေနလို႔မလား''
''အဲလိုလုပ္လို႔ရရင္ ေကာင္းတာေပါ့
တခါတေလေတာ့လည္း ရွာမေတြ႕နိုင္လြန္းလို႔
ေကာင္းလြန္းတဲ့အေဖ့အဆက္အသြယ္ေတြကို သုံးၾကည့္ခ်င္သား''
''ဘာဒါ ေတာ္ေတာ့ အေဖ့ကိုဆြမေနနဲ႕ေတာ့
သမီးအေဖက ေစတနာနဲ႕ ေက်ာင္းထားေပးမလို႔ေခၚတာကို
ဘယ္လိုေတြေျပာေနတာလဲ''
''ျပန္ေတာ့
အီဘာဒါ
ျပန္လိုက္ေတာ့''
''အေမက်န္းမာေရးဂ႐ုစိုက္ေနာ္''
အေဖကေတာ့ ၾကည့္က်က္ေနေပါ့ ဟြန္း။
အေမတို႔အိမ္က ျပန္လာေတာ့
လူက လြတ္လပ္ေနသလိုေျမာက္ႂကြႂကြ။
ဘာပဲေျပာေျပာ ဟိုေရာက္ရင္ ပတ္ခ်ယ္ေယာင္းကို ေငးခြင့္ရေတာ့မွာေလ။
အနားသြားတာနဲ႕ အေဖ့ရဲ႕အႀကံဉာဏ္ေတြက ဘယ္လိုထြက္လာမလဲမသိနိုင္တာမို႔
ခပ္ေဝးေဝးက ၾကည့္ရဦးမွာဆိုေပမယ့္ေပါ့။
အဲ့လိုနဲ႕တပါတ္ေလာက္ၾကာေတာ့
ဘာဒါ Texasကိုေရာက္လာတယ္။
ေက်ာင္းက အပ္ထားၿပီးသားျဖစ္တဲ့အျပင္
အေဆာင္လည္းရတာေၾကာင့္ ေနစရာကလည္းအဆင္ေျပတယ္။
ေရာက္တာနဲ႕
မမရဲ႕ ေက်ာင္းကို သြားစုံစမ္းရတယ္။
Texas Christian University ေရာက္ေတာ့
သူမတက္ေနတဲ့ေက်ာင္းပါလားဆိုတဲ့ စိတ္နဲ႕ ရင္ထဲႏြေးလို႔။
ေက်ာင္းသားေရးရာဌာနမွာ စုံစမ္းေတာ့
နာမည္ေျပာင္းထားလို႔လားပဲ ရွာမရ။
ေရွ႕ႏွစ္က စတက္တဲ့ ေက်ာင္းသူစာရင္းထဲရွာတယ္။
ရွာမေတြ႕။
Majorအတိုင္းရွာတယ္။
မေတြ႕။
စေကာ္လာနဲ႕မဟုတ္ပဲ ဒီတိုင္းတက္လိုက္တာမ်ားလား။
ရိုးရိုးေက်ာင္းသားေတြထဲရွာတယ္မေတြ႕ျပန္ဘူး။
ဒုကၡပဲ။
ျပန္လာခဲ့ရေပမယ့္
စိတ္ထဲ ေတာ္ေတာ္ရႈပ္ေထြးေနၿပီ။
ေက်ာင္းထြက္ၿပီး လာခဲ့ေပမယ့္
ဒီေရာက္တာနဲ႕ ေတြ႕မယ္ပဲထင္ခဲ့တာေလ။
ဘယ္လိုလုပ္ရမလဲ။
နာမည္ေျပာင္းထားလို႔ျဖစ္မယ္။
ဒါမွမဟုတ္
တျခားmajorတက္ေနတာမ်ားလား။
တျခားေက်ာင္းကို တက္ေနတာမ်ားလား။
ဘာဒါ ကိုယ့္ေက်ာင္းကို တက္ရင္း
Journalism ေက်ာင္းေတြကို စုံစမ္းၾကည့္ေတာ့
University က ၁၉ခုနဲ႕
တျခား collegesေတြ Institute ေတြလည္းရွိတယ္။
ဟူး လပိုင္းေလာက္ေတာ့ရွာရမယ္ထင္တယ္။
........
ခ်ယ္ေယာင္းေက်ာင္းတစ္ဖက္နဲ႕အလုပ္လုပ္ရင္း ပင္ပန္းေပမယ့္
ေနသားက်ေနၿပီ။
ေနသားမက်တာက အီဘာဒါ့ကိုလြမ္းတဲ့စိတ္တစ္ခုပဲ။
ပင္ပန္းၿပီး အိမ္ျပန္လာရင္
အိမ္မွာအသင့္ေစာင့္ေနမယ့္ သူ႕ရင္ခြင္ထဲဝင္လိုက္ခ်င္တာပဲ။
ေန႕ေတြညေတြက ပိုေအးစက္ၿပီး
ပိုၿပီးသူစိမ္းဆန္တယ္။
ဘာဒါ့ကိုလြမ္းတိုင္း ပုံေလးေတြထုတ္ၾကည့္ျဖစ္ၿပီး
သူဆိုျပဖူးတဲ့သီခ်င္းေလးေတြကို နားေထာင္မိတယ္။
ယူထားလိုက္တဲ့ သူ႕တီရွပ္ေလးေတြ ထုတ္ဝတ္တတ္ၿပီး
အကၤ်ီအသစ္ဝယ္တိုင္း
သူ႕sizeတစ္ထည္ပါ ထည့္ဝယ္တတ္တာ
အက်င့္ျဖစ္ေနၿပီ။
သူ႕အတြက္ အဝတ္ဗီဒိုတစ္ခုပါ သပ္သပ္ထားၿပီး
တခ်ိန္က် သူလာရင္ အတူေနဖို႔စိတ္ကူးေလးနဲ႕။
ဒီေန႕ေတာ့ ဘာရယ္မဟုတ္ အရမ္းသတိရေနတာနဲ႕ သူ႕အေၾကာင္းစုံစမ္းမိတယ္။
စုံစမ္းတာကလည္း တကယ္ေတာ့
ဘာဒါတို႔ေက်ာင္းမွာ ခ်ယ္ေယာင္းအသိညီမေလးတစ္ေယာက္တက္ေနတာနဲ႕
လွမ္းလွမ္းေမးျဖစ္တာ။
သိလည္းမသိသာရေအာင္ေပါ့။
အခုေနာက္ပိုင္းေတာ့ မေမးျဖစ္တာလည္းၾကာၿပီ။
ခဏခဏေမးေနရင္လည္း မေကာင္းဘူးေလ။
SNSက စကားသြားေျပာၿပီးေမးၾကည့္ေတာ့
''Her careerေလးေတာင္ အစ္မတို႔ဆီမွာ ႐ုံတင္ေနတယ္''
Her Careerက ဘာဒါတို႔Documentryေလးေပါ့။
''ေၾသာ္ Her Careerဆိုလို႔
Bada sunbaenimက ေက်ာင္းထြက္သြားတယ္
ေက်ာင္းၿပီးခါနီးမွ ထြက္သြားေတာ့ တစ္ေက်ာင္းလုံးပြတ္ေလာရိုက္သြားတာပဲ''
''ဟင္ ေက်ာင္းထြက္တာ??
ဘာျဖစ္လို႔လဲဟင္''
''အဲဒါေတာ့မသိဘူး
ဆရာေတြလည္းမသိၾကဘူး
သူ႕သူငယ္ခ်င္းေတြကိုေတာင္မေျပာခဲ့ဘူးတဲ့
ဘယ္သူမွတားလို႔မရဘူး''
ဟယ္.. အိမ္က တခုခုသိသြားလို႔လား။
သိရေအာင္..အဆက္အသြယ္မွမရွိၾကတာပဲ။ဘာျဖစ္တာလဲ ဘာဒါရယ္..
နာဟီးတို႔လည္းမသိဘူးဆိုေတာ့..
ဘယ္သူ႕ကိုေမးရမလဲ..။
အိမ္က ေက်ာင္းထုတ္ပစ္လိုက္တာလား
ဘာျပႆနာေတြရွိေနတာလဲကြယ္..
လွမ္းၾကည့္လိုက္တိုင္း အဲ့ဒီေနရာေလးမွာ ရွိေနမယ္လို႔ တစ္ထစ္ခ်ေတြစမိတဲ့ တို႔အမွား။
ဘယ္ေရာက္သြားတာလဲ။
ဘယ္မွာလိုက္ရွာရမလဲ..။
တကယ္ႀကီးေဝးၿပီလား။
တို႔ေၾကာင့္..
တို႔ေၾကာင့္ေဝးသြားရၿပီလား..။
သူရွိမယ့္ေနရာကို အေျပးျပန္ခ်င္စိတ္ေတြက တားမရ ဆီးမရ။
ဒီအေတာအတြင္း ေန႕စဥ္ရက္ဆက္ မစုံစမ္းေနမိတဲ့တို႔အမွားပါကြယ္..
ဘယ္လိုလုပ္ရပါ့။
ဘာဒါေရ..
မင္းနဲ႕ျပန္မေတြ႕ရရင္ေတာ့ တို႔ေတာ့ ေသမွာပဲ..
ျပန္လိုက္သြားရေအာင္လည္း
ပညာသင္ဆုနဲ႕ေက်ာင္းတက္ေနတာဆိုေတာ့
မလုပ္သင့္ဘူးေလ။
ဒီႏွစ္ကုန္ထိ ဒီႏွစ္ကုန္ထိပဲ သည္းခံလိုက္ရေအာင္။
တကယ္ေတာ့ ခ်ယ္ေယာင္း ဒီက သတင္းဌာနေတြမွာ အခ်ိန္ပိုင္းေလး ဝင္လုပ္ေနၿပီ။
ဝင္ေငြေလးလည္း ကိုယ့္ဟာကိုယ္အဆင္ေျပေနၿပီ။
ေက်ာင္းၿပီးခ်ိန္ေလာက္ဆိုရင္
ဘာဒါ့ကိုေခၚထားနိုင္ၿပီ။
ေတြးထားသမွ်ကေတာ့
ကိုရီးယားကိုမျပန္ပဲ
ဒီမွာ ႏွစ္ေယာက္အတူအေျခခ်ၾကဖို႔ေပါ့။
ဘာဒါသာ သေဘာတူရင္လို႔ေတြးထားေပမယ့္
ဘာဒါသာ ေပ်ာက္သြားခဲ့ရင္လို႔ေတာ့ ႀကိဳေတြးထားတဲ့အထဲ မပါခဲ့။
.........
ဒီလိုနဲ႕ ဘာဒါ Texasက ရွိသမွ်ေက်ာင္းေတြကို လိုက္ရွာတာ စာသင္ႏွစ္တဝက္ၿပီးသြားတယ္ ။
ပတ္ခ်ယ္ေယာင္းကို ရွာမေတြ႕ခဲ့။
လမ္းစေပ်ာက္လြန္းလို႔ အူလွိုက္သည္းလွိုက္ေအာ္ငိုပစ္ခ်င္ေပမယ့္
ကေလးဆန္တယ္လို႔အထင္မခံနိုင္လို႔
အံႀကိတ္သည္းခံရင္း
ေက်ာင္းမွာလည္း စာႀကိဳးစားရတယ္။
အလုပ္လည္းလုပ္ရတယ္။
အားတဲ့အခ်ိန္တိုင္း ေက်ာင္းေတြမွာ သူမကိုေတြ႕လိုေတြ႕ျငား သြားသြားရွာရတယ္။
ဘာဒါ့အတန္းေဖာ္ Maryကေတာင္
ဘာဒါ့ကို ဘယ္သူ႕ကိုရွာတာလဲလို႔ေမးေတာ့တယ္။
ေရာက္ကတည္းက ဘယ္သူနဲ႕မွ မိတ္မဖြဲ႕နိုင္။
ကိုယ့္ကိစၥနဲ႕ကိုယ္ အာ႐ုံမ်ားေနတာမို႔။
Maryေတာင္ အေဆာင္မွာပါ အခန္းခ်င္းကပ္ရပ္မို႔ မ်က္မွန္းတန္းရင္းက ခင္သြားၾကတာ။
ဘာဒါ လက္စြပ္ကိုေထာင္ျပလိုက္ၿပီး
''ငါ့ေကာင္မေလးကိုရွာေနတာ''
''ေၾသာ္ သူမက Texasမွာတဲ့လား''
''ငါေတာ့ အဲလိုၾကားၿပီး ဟိုကေက်ာင္းပါထြက္ခဲ့တာပဲ''
''Oh God
နင္တကယ္ စြန့္စားရဲတာပဲ''
''ခ်စ္တာကိုး
နင္ခ်စ္ဖူးတဲ့အခါ သိလိမ့္မယ္''
အဲဒီရက္က စလို႔ Maryလည္း အားတိုင္း
ဘာဒါနဲ႕လိုက္ေပးတယ္။
သူလည္းေတြ႕ေအာင္ရွာေပးခ်င္တယ္တဲ့။
''သူမက လွလား ဘာဒါ''
''လွတာေပါ့
အလွဆုံးပဲ
မင္းကို လူရွာဖို႔ေခၚလာေပမယ့္ ဘာလို႔ဓာတ္ပုံမျပထားလဲသိလား''
''ဘာလို႔လဲ''
''ေက်ာင္းဝန္းထဲ အာရွသူတစ္ေယာက္ကိုျမင္လိုက္ၿပီး အဲ့မိန္းကေလးကို ၾကည့္ၿပီး လွလိုက္တာလို႔ညည္းမိသြားမယ္ဆိုရင္
အဲဒါ ပတ္ခ်ယ္ေယာင္းပဲ''
''အဲ့ေလာက္ေတာင္ပဲေပါ့
နင့္မ်က္လုံးထဲလွေနတာမဟုတ္ေလာက္ဘူးလား''
''မဟုတ္ပါဘူး
ေတြ႕ရင္ သိသြားလိမ့္မယ္''
''အင္းပါ''
......
စာသင္ႏွစ္တစ္ႏွစ္ကုန္သြားေတာ့
Maryက သူအဘြားဆီကိုျပန္မွာမို႔လို႔ လိုက္ခဲ့ဖို႔ေခၚတယ္။
သူ႕မိဘေတြက Texas မွာေနတာ။
သူက အေဖဘက္က အဘြားရွိတဲ့ Califoniaမွာေနရင္း
ဒီမွာေက်ာင္းလာတက္တာ။
ေက်ာင္းပိတ္ရက္တိုင္းအဘြားဆီျပန္တယ္တဲ့။
ဘာဒါကေတာ့ ေက်ာင္းပိတ္ရင္ အလုပ္အမ်ားႀကီးလုပ္လို႔ရမယ္
အလုပ္လုပ္ရင္းလည္း မမကိုရွာဖို႔အခ်ိန္ေပးနိုင္မယ္လို႔ေတြးေနတာေၾကာင့္ မလိုက္ခ်င္ဘူးလို႔ ျငင္းရတယ္။
Maryက အတင္းေခၚခ်င္ေပမယ့္
ဘာဒါ့ရဲ႕ရွာပုံေတာ္ကိုလည္း မႏွောင့္ယွက္ခ်င္တာေၾကာင့္
မျပန္ခ်င္ျပန္ခ်င္နဲ႕ ျပန္သြားတယ္။
ေက်ာင္းပိတ္ေတာ့ ဘာဒါတေနကုန္အလုပ္လုပ္ျဖစ္တယ္။
Maryကေတာ့ အိမ္ျပန္သြားၿပီး
ေပ်ာ္ေနတယ္ထင္တယ္။
ဘာဒါ့ဆီကို စာေတြပို႔ထားေပမယ့္ မအားလို႔ ျပန္ေရာက္ရင္လည္း တန္းအိပ္ပစ္တာဆိုေတာ့
စာေတြမဖတ္ျဖစ္သလို
စာလည္းမျပန္ျဖစ္။
တစ္ရက္ေတာ့
အလုပ္က ေစာေစာျပန္လာရင္း
Maryပို႔ထားတဲ့စာေတြကို စိမ္ေျပနေျပထိုင္ဖတ္ရင္း ရယ္ေနမိတယ္။
သူ႕အဘြားနဲ႕သူ႕ရဲ႕အေၾကာင္းေတြေပါ့
Maryက တကယ္စကားမ်ားတဲ့ေကာင္မေလး။
စာေတြဖတ္ရင္း ေနာက္ဆုံးနားေရာက္လာေတာ့
''ဘာဒါသိလား
ငါ့အဘြားရဲ႕ငွားထားတဲ့အိမ္မွာေနတဲ့ ေကာင္မေလးက အရမ္းေခ်ာတာ
သူမလည္း koreanပဲ''
ေဟာ Maryလည္း
ငါ့လိုေျဖာင့္ရာက ေကြးၿပီထင္တယ္လို႔ေတြးလိုက္မိတယ္။
အဲဒီစာေလးတစ္ေၾကာင္းနဲ႕တင္ သိလိုက္ၿပီ။
ေနာက္ရက္ေတြမွာလည္း Maryစာေတြထဲ သူ႕ေကာင္မေလးက ဆက္တိုက္ပါလာတယ္။
''နင္ေျပာတဲ့ ျမင္ရင္ ဘယ္ေလာက္ေခ်ာတာသိသြားလိမ့္မယ္ဆိုတဲ့စကားကို ျပန္သတိရသြားတယ္
သူမ နာမည္က Arielတဲ့''
''နင္သေဘာက်ေနၿပီလား''
''မဟုတ္ဘူး
နင့္ေကာင္မေလးကိုသတိရသြားတာ
Texasမွာ ျမင္တာဆိုရင္ေတာ့
ငါ နင့္ေကာင္မေလးလို႔တန္းထင္မိမွာပဲ''
''သူက ငါ့ေကာင္မေလးေလာက္မေခ်ာေလာက္ပါဘူး''
''နင့္ေကာင္မေလးထက္ပိုေခ်ာမယ္လို႔ ငါေျပာရဲသြားၿပီ
သူမက ေက်ာင္းလာတက္ေနတာ
တစ္ေယာက္ထဲပဲ''
''ဟုတ္လား''
''ငါစုံစမ္းေပးရမလား
ပုံပို႔ဖို႔က privacy ထိခိုက္မွာစိုးလို႔''
''ေနပါေစ ရတယ္''
''နာမည္ေလးကလည္း Arielတဲ့
နင့္နာမည္က ပင္လယ္ဆို
Arielက ေရသူမေလးမလား ကြက္တိပဲ''
ဒီDisney႐ူးကေတာ့ေလ။
''ငါ့အဘြားကေတာ့ ငါ့ထက္ Arielကို ခ်စ္ေနၿပီ ဘာဒါ
ငါ နင့္ဆီပဲျပန္လာရေတာ့မယ္''
''ျမန္ျမန္ျပန္ခဲ့''
Maryက Extrovertဆိုေတာ့ ေရာက္ရာေနရာမွာ ေပ်ာ္႐ႊင္တက္ႂကြေနတတ္တယ္။
Energetic ျဖစ္လြန္းလို႔ တခ်ိဳ႕ဆို မခံနိူင္ဘူး။
ဘာဒါကေတာ့ တေနကုန္ Maryေျပာသမွ် နားေထာင္ၿပီး သူနဲ႕အတူတူအူျမဴးေနနိူင္တယ္။
ညဆိုရင္ေတာ့ တစ္ေယာက္ထဲ နားေအးပါးေအးေနလိုက္ရမွ။
မမေရ..
ဘယ္နိူင္ငံေရာက္ေနၿပီလဲ..
Texasမွာေရာ ဟုတ္ရဲ႕လား..
ဟိုလူ ကိုယ့္ကိုညာလိုက္ၿပီလား..
ေနာက္ရက္က် အ႐ူးမေလး Maryက စာလွမ္းပို႔ထားေသးတယ္။
Arielက အိမ္ေထာင္နဲ႕တဲ့။
သူ႕အဘြားကိုေမးၾကည့္ေတာ့
Marriedလို႔ေျပာတယ္တဲ့ေလ။
Maryတစ္ေယာက္
တစ္ေယာက္ထဲ စိတ္ကူးယဥ္ေပးေနရာကေန
အသဲကြဲသြားပါတယ္တဲ့...။
......
ခ်ယ္ေယာင္း အိမ္ျပန္ေတာ့
အရင္လိုအိမ္ရွင္အဘြားတစ္ေယာက္ထဲ လမ္းေလွ်ာက္တာမဟုတ္ပဲ. ေကာင္မေလးတစ္ေယာက္ပါ တြဲေလွ်ာက္ေနတာေတြ႕တယ္။
အဘြားေျမးထင္တယ္။
ခ်ယ္ေယာင္း အဘြားအိမ္ကိုေျပာင္းလာတာ ေျခာက္လေလာက္ပဲရွိေသးတာမို႔
အဘြားေျမးမေလးအေၾကာင္း ၾကားဖူးေပမယ့္
မျမင္ဖူးပါ။
ခ်ယ္ေယာင္းငွားေနတာက
သုံးခန္းတြဲအိမ္ေလး။
အဘြားက ေဘးမွာ တစ္အိမ္သပ္သပ္။
ဒီဘက္က သုံးခန္းတြဲအိမ္ကိုေတာ့ မိန္းကေလးသုံးေယာက္ကို တစ္ခန္းစီငွားထားတာ။
ေစ်းလည္းတန္ၿပီး အဘြားက သေဘာလည္းေကာင္းေတာ့
အားလုံးအဆင္ေျပၾကတယ္။
အဘြားေျမးမေလးကလည္း အဘြားလိုပဲသေဘာေကာင္းတယ္။
Texasမွာ ေက်ာင္းတက္ေနတာတဲ့။
Cinemaphotograpy majorတဲ့ေလ။
ဘာဒါ့ကိုေတာင္ ေတာ္ေတာ္လြမ္းမိသြားတယ္။
ေကာင္မေလးက ခင္တတ္ပုံေပၚေပမယ့္
ခ်ယ္ေယာင္းက
မအားတာကမ်ားတာေၾကာင့္
သိပ္ေတာ့စကားမေျပာျဖစ္ၾက။
ေက်ာင္းျမန္ျမန္ၿပီးေအာင္ တက္ၿပီး
ဘာဒါ့ကိုလိုက္ရွာဖို႔ပဲ စိတ္ေရာက္ေနတာေၾကာင့္
တျခား လူမႈေရးေတာ့ သိပ္မလုပ္နိုင္ပါ
အရင္က အားရင္ အဘြားနဲ႕စကားထိုင္ေျပာ
လမ္းအတူေလွ်ာက္လုပ္ေပးျဖစ္ေပမယ့္
အခုေတာ့ ေျမးမေလးေရာက္ေနေတာ့ အဘြားဆီေတာင္မေရာက္ျဖစ္ေတာ့ဘူး။
တခါတေလေတာ့
အေမ့ဆီဆက္သြယ္ျဖစ္တယ္
ခ်ယ္ေယာင္းဒီေရာက္ေနတာလည္း အေမပဲသိတာေလ။
အေမနဲ႕ဖုန္းေျပာၿပီးရင္ေတာ့
ေခါင္းအုံးမွာ မ်က္ႏွာအပ္ၿပီး ငိုရစၿမဲ။
အဆင္ေျပတယ္လို႔ေျဖလည္း
အဆင္မေျပဘူးလို႔ အေမက နားလည္တယ္။
အားတင္းထားပါ သမီးရယ္
တစ္ေန႕ေတာ့အဆင္ေျပမွာပါတဲ့..။
ဘာဒါ့ကို ရွာမေတြ႕တဲ့အေၾကာင္းေတာ့
အေမ့ကို မေျပာျဖစ္လိုက္ေတာ့ဘူး...
(ဒီေန႕ နည္းသြားတယ္
စိတ္မေကာက္ၾကနဲ႕ေနာ္
ကေလးတို႔သာသာက weekend တိုင္းဖ်ားေနတာေဟ့
ငါ့ႏွယ္ ကိုယ့္ဘာသာေတာင္စိတ္မရွည္ေတာ့ဘူး
အလုပ္ကလည္းမအားဘူး
Upလည္းUpေပးဖို႔လို ဖ်ားလည္းဖ်ား
လုံးပါးပါးေနပါၿပီ🙃)
ခ်စ္တဲ့
လင္း
Her way to Singapore