"နင့်ကိုငါ သခင်လေးအိမ်နား မသွားပါနဲ့ ဘယ်နှစ်ခါပြောရမလဲ"
"ဟင့် ရဘူး။ ရဘူး။ သွားမှာပဲ။ ကောကောလှလှလေးကိုကြည့်ချင်တယ်။"
"ဟယ်ဒီကောင်လေးပြောလေကဲလေပါလား။ သခင်ကြီးကြားရင်တော့ငါ ဒီကနေမောင်းချခံရတော့မှာပဲ။"
၅နှစ်သား ရိပေါ်ရဲလက်သေးသေးလေးကိုသူ့အမေကစောင့် ဆွဲသွားတော့ နာတာကြောင့်ငိုယိုပြီးတရွတ်တိုက်ပါသွားတယ်။ အမေဖြစ်သူက အလုပ်ပင်ပန်းလွန်းတာကြောင့် ကလေးအပေါ်စိတ်မရှည်ဖြစ်ပြီး လုပ်ခဲ့မိပေမယ့် လက်ကလေးကိုင်ပြီးငိုနေရှာတော့ စိတ်မကောင်းဖြစ်ပြီး သူပါမျက်ရည်ကျလာတယ်။
"မာမားတောင်းပန်ပါတယ်။သားလေးရာယ်။ နောက်တစ်ခါ အဲ့နားကိုမသွားပါနဲ့နော်။"
အလိုက်သိတဲ့ရိပေါ်လေးက အမေစိတ်ချမ်းသာအောင်ပြောလိုက်ပေမယ့် သခင်လေးကိုခိုးကြည့်တာကိုတော့ရပ်မှာမဟုတ်ပေ။ ခိုကိုးရာမဲ့နေတဲ့သားအမိနှစ်ယောက်ကို ရှောင်အိမ်တော်မှာ အစေခံအဖြစ်နေခွင့်ရအောင် ပြောထားပေးတဲ့ဦးလေးရန် မျက်နှာကလည်းရှိသေးတယ်။ အလုပ်ပြုတ်ရင်အကုန်ပြုတ်မှာ။ ဒါကိုဝမ်မားစိုးရိမ်တယ်။ ရှောင်းသခင်လေးက သူ့ထက် ၆ နှစ်ကြီးတယ်။ သူကရိပေါ်မျက်စိထဲမှာအရမ်းလှတယ်။ ဒါပမယ့် ရှောင်းသခင်လေးကသူ့ကိုရှိတယ်လို့တောင်မထင်ဘူး။ သူက ဘေးအိမ်က သခင်မလေး ချင်းချင်းနဲ့ပဲ ဆော့တယ်။ ရိပေါ်ရဲ့အမေဟာ ဘယ်လောက်ပဲတားတား ရိပေါ်က အမြဲခိုးကြည့်တယ်။ မားရဲ့စကားတွေထဲမှာ အဲ့တစ်ခုတော့ သူမနာခံနိုင်ဘူး။
_________
"ခွပ်....ခွပ်....ခွပ်...."
"ဟဲ့ ဘာလို့အားနဲ့မာန်နဲ့လုပ်နေတာလဲ။ မြေကြီးပါကွဲတော့မယ်။"
ထင်းတုံးတွေကို အငြိုးတစ်ကြီး ခုတ်ထစ်နေတဲ့ရိပေါ်ကို အမေဖြစ်သူက လှမ်းအော်တယ်။ ဒါပေမယ့်ရိပေါ်ကဘာမှ မပြောပဲ ထင်းတွေကိုသာခုတ်ထစ်နေတယ်။
သူ့အမေလည်း သက်ပြင်းချကာ သူ့အလုပ်သူပြန်လုပ်နေတယ်။
" ဘာဖြစ်လို့ဖြစ်မှန်မသိဘူး။ မေးလို့ရဖို့ ဝေလာဝေး။ တစ်နေ့လုံး စကားငါးခွန်းပြည့်အောင်မပြောဘူး။ ဘယ်လိုကောင်လေးလဲမသိဘူး။"
၁၆ နှစ်အရွယ်ရိပေါ်က အရွယ်နဲ့မလိုက်အောင်ပဲသန်မာထွားကျိုင်းလွန်းတယ်။ သူကအမြဲ ချည်ကြမ်းဘောင်းဘီနဲ့ နွမ်းဖက်နေတဲ့ဂျိုင်းပြတ် အင်္ကျီကိုသာဝတ်ဆင်တယ်။ ဆံပင်တွေကိုတော့စုည်းပြီးချည်ထားကာ နှဖူးမှာ ဆံပင်တိုအနည်းငယ်ကျနေတယ်။ ရိပေါ်ကချောတဲ့အထဲပါပြီး မိန်းကလေးတွေအကြိုက်ဖြစ်ပေမယ့် သူကငယ်ငယ်တည်းက ခုချိန်ထိ သဘောကျတာတစ်ယောက်တည်း။
အခုရိပေါ်စိတ်အရမ်းတိုနေတယ်။ ရှောင်းသခင်လေးက အသက်ကြီးတာနဲ့ပိုပိုလှလာတယ်။ အဲ့ဒီတော့ အခုအုပ်ချုပ်နေတဲ့ဘုရင်ဆိုးက မျက်စိကျနေတဲ့သတင်းကိုသူကြားခဲ့တယ်။ အဲ့သတင်းကြောင့်ရှောင်းသခင်ကြီးလည်း တစ်အားကိုဒေါသထွက်နေပြီး သားဖြစ်သူရဲ့လုံခြုံရေးကိုတင်းကြပ်ထားတယ်။တစ်ချိန်လုံးမူးရူးနေပြီး။ကာမလိုက်စားနေတဲ့ရွံစရာဘုရင်လက်ထဲ သူ့သားကိုမထည့်နိုင်ဘူး။ အဲ့ဒီလိုပဲရိပေါ်လည်းစိတ်တိုတယ်။ ဒါပေမယ့် အစေခံတစ်ယောက်ဖြစ်တဲ့သူက သခင်လေးအတွက်ဘာမှ မလုပ်ပေးနိုင်တာကို ဒေါသထွက်မိတယ်။ ရိပေါ်ထင်းခုတ်တာကိုရပ်ပြီး ထွက်လာခဲ့တယ်။ ပြီးတော့ သခင်လေးနဲ့ချင်းချင်း အမြဲစကားပြောတဲ့ ဝါးရုံပင်အောက်ကို အရဲစွန့်ပြီးထွက်လာခဲ့တယ်။
သူရောက်တာနဲ့ နှစ်ယောက်လုံးကရယ်နေတာကိုရပ်ပြီး ရိပေါ်ကိုကြည့်လာတယ်။ သခင်လေးကဆံပင်ရှည်ကိုတစ်ဝက်သာထုံးဖွဲ့ပြီး အထက်တန်းစားတွေဝတ်တဲ့ ဆင်ဆွယ်ရောင်ပိုးထည်ဝတ်ရုံရှည်ကိုဝတ်ထားတယ်။
"နင်ဘယ်သူလဲ။"
ချင်းချင်းမေးတာကို ရိပေါ်မဖြေ။ ရှောင်းကျန့်က ရိပေါ်ကိုစိုက်ကြည့်ပြီး ရှေ့တိုးလာတယ်။ ရှောင်းကျန့်မျက်နှာမှာ မာနအငွေ့သက်တွေ ဖုံးလွမ်းနေတယ်။
"အစေခံလျို့ရဲ့ သားမဟုတ်လား။"
*သ သခင်လေးကငါ့ကိုသိနေတယ်တဲ့လား"*
ရိပေါ်ဝမ်းသာအားရ ခေါင်းတဆက်ဆက်ညိမ့်ပြီး
"သခင်လေးကျွန်တော့်ကိုသိတယ်။"
"ယောက်ျားချင်းကို ရွံစရာမျက်လုံးနဲ့လိုက်ကြည့်နေတဲ့ မင်းကိုငါသတိမထားပဲနေမလား။"
ရိပေါ်တိတ်ဆိတ်သွားပြီး ချင်းချင်းကရွံသလိုနဲ့ကြည့်နေတယ်။
"ချင်းချင်း ငါတို့ပြန်မယ်။ ပါးကိုတိုင်ပြီး ဒီကောင်ကို အလုပ်ထုတ်မယ်။"
"ကောင်းတယ်ကော။"
______
လူတွေပြောနေကြသလိုပဲ သခင်လေးကမာနသိပ်ကြီးတယ်။
ရိပေါ်အရမ်းထိတ်လန့်သွားတယ်။ သွေးပူနေတာနဲ့ မားရဲ့စကားကိုနားမထောင်ခဲ့မိဘူး။ သခင်လေး ကိုနောက်ထပ်မတွေ့ရမှာသူသိပ်ကြောက်တယ်။ ဖြစ်နိုင်ရင် သခင်လေးကို တစ်နေရာရာမှာ ဘယ်သူမှမမြင်နိုင်အောင်ဖွက်ထားလိုက်ချင်တယ်။
အလုပ်မလုပ်နိုင်ပဲမှိုင်နေတဲ့ ရိပေါ်ကို သူ့အမေက လာတို့တယ်။
"ဘာဖြစ်နေတာလဲငူငူငိုင်ငိုင်နဲ့။ ငါနင့်အမေပါ။ နင်စကားပြောလို့ရပါတယ်။"
"သခင်လေးကို သွားတွေ့ခဲ့မိတယ်။"
"ဘာ..."
"သူကအနီးကပ်မြင်ရတာပိုလှတယ်။"
"မင်း.....ငါအတန်တန်ပြောထားတာကို။"
ထိုစဉ်
"အစေခံလျို့ မင်းရဲ့သားကိုသခင်ကြီးခေါ်ခိုင်းလိုက်တယ်။"
"ရှင်....ဒုက္ခပါပဲ။ "
ရိပေါ်မားကစိတ်ပူနေပေမယ့် ရိပေါ်ကအိမ်တော်ကိုလိုက်သွားလိုက်တယ်။ အိမ်တော်ထဲရာက်တော့ သခင်ကြီးက အသင့်ထိုင်စောင့်နေတယ်။ ရိပေါ်သခင်ကြီးရှေ့ဒူးထောက်ထိုင်လိုက်ပြီးအရိုသေပေးလိုက်တယ်။
"အစေခံလျို့ရဲ့သား..."
"ဟုတ်ကဲ့ ဝမ်ရိပေါ်ပါ။"
အခန်းရဲ့အကွယ်မှာသခင်လေးချောင်းကြည့်နေတာမြင်တော့ ရိပေါ်သူ့နာမည်ကို သိအောင်တမင်ပြောလိုက်တယ်။
"ထားပါတော့။ မင်းကိုတည့်တည့်ပဲမေးမယ်။ ငါ့သားကိုဘာလို့ကြည့်နေတာလဲ။"
"......."
"ကလေးဘဝတည်းကခုထိ လိုက်ကြည့်နေတယ်ဆိုတာဟုတ်လား။"
ရိပေါ်အံ့ဩသွားရပြီး တစ်ဆက်တည်းကျေနပ်သလိုဖြစ်သွားတယ်။ သခင်လေးက သူ့ကိုသတိထားမိနေခဲ့တယ်။
"ဘာလို့ငါ့သားကိုကြည့်တာလဲ။"
"သဘောကျလို့။"
တည့်ပဲပြောချလိုက်တာကြောင့် ခိုးနားထောင်နေတဲ့ရှောင်းကျန့်ကသူ့ကိုပြေးထိုးချင်စိတ်ပေါက်သွားတယ်။ သူကသာစိတ်တိုနေပေမယ့် သခင်ကြီးကတည်ငြိမ်ဆဲပဲ။
"ဘယ်လိုသဘောကျတာလဲမသိပေမယ့် သခင်လေးကယောက်ျားလေးဆိုတာသိတယ်မလား။"
"ဟုတ်ကဲ့။သိပါတယ်။ "
"ခုလိုရိုးရိုးသားသားဖြေတာကောင်းတယ်။ ဒါပေမယ့် မင်းသိတယ်မလား။ သူ့သခင် မင်းကကျွန်....."
ရိပေါ်တစ်သက် အဲ့စကားကခံရခက်ဆုံးပဲ။ အခြေနေမတူလို့သဘောမကျရဘူးလား။ပြန်မေးချင်ပေမယ့် မေးခွင့်မရှိ
"မင်းတို့က အဆင့်တန်းမတူလို့ သူငယ်ချင်လုပ်လို့မရဘူး။ "
သခင်ကြီးကအတင်းကို သူငယ်ချင်းဇုန်ထဲထည့်လိုက်တယ်။ သူငယ်ချင်းလို သဘောကျတယ်လို့ရိပေါ်မပြောပါပဲ။
"နောက်တစ်ခါ အိမ်တော်ဖက်ကိုမင်းလာခွင့်မရှိဘူး။"
"......."
"ပြန်တော့"
ရိပေါ်ကအရိုသေပေးပြီး ထပြန်သွားတော့ရှောင်းကျန့်ထွက်လာပြီး
"ပါး......သူ့ကိုဘာလို့အလုပ်မထုတ်တာလဲ။"
"အားကျန့်လေး။ ကိုယ့်မှာရှိတဲ့အစေခံတွေကို သက်သက်မဲ့အဆုံးရှုံးမခံနဲ့။ သူတို့သားအမိက မ နေ့တစ်နေ့ကမှရောက်တာမဟုတ်ဘူး။ တစ်ခြားနည်းနဲ့ဖြေရှင်းလို့ရတယ်။"
ရှောင်းကျန့်ကနှုတ်ခမ်းလေးဆူတော့သခင်ကြီးကရယ်တယ်။
"ဒီလောက်ချစ်စရာကောင်းတာကို သဘောမကျတဲ့လူရှိမလား။ ပါးကိုယုံ ဒီကောင်လေးမျက်လုံးထဲမှာ မဟုတ်တာလုပ်ချင်တဲ့အရိပ်ယောင်မတွေ့ကဘူး။"
"ကျွန်တော် ဟိုဘုရင်ငမူးကြီးကိုရွံတယ်။"
"စိတ်မပူနဲ့ နန်းတော်တစ်ခုလုံးက ပါးရဲ့ဘက်တော်သားတွေပဲ။ မကြာခင် နန်းချခံရတဲ့မင်းသားကိုပြန်ခေါ်ပြီး အခုဘုရင်ကိုဖြုတ်ချတော့မှာ။"
"တို့ပါပါးက ပညာရှိအမက်ကြီးပီသပါတယ်။"
ရှောင်းကျန့်က သူ့အဖေရဲ့ရင်ခွင်ထဲတိုးဝင်ဖက်ထားလိုက်တယ်။
Zawgyi
"နင့္ကိုငါ သခင္ေလးအိမ္နား မသြားပါနဲ႕ ဘယ္ႏွစ္ခါေျပာရမလဲ"
"ဟင့္ ရဘူး။ ရဘူး။ သြားမွာပဲ။ ေကာေကာလွလွေလးကိုၾကည့္ခ်င္တယ္။"
"ဟယ္ဒီေကာင္ေလးေျပာေလကဲေလပါလား။ သခင္ႀကီးၾကားရင္ေတာ့ငါ ဒီကေနေမာင္းခ်ခံရေတာ့မွာပဲ။"
၅ႏွစ္သား ရိေပၚရဲလက္ေသးေသးေလးကိုသူ႕အေမကေစာင့္ ဆြဲသြားေတာ့ နာတာေၾကာင့္ငိုယိုၿပီးတ႐ြတ္တိုက္ပါသြားတယ္။ အေမျဖစ္သူက အလုပ္ပင္ပန္းလြန္းတာေၾကာင့္ ကေလးအေပၚစိတ္မရွည္ျဖစ္ၿပီး လုပ္ခဲ့မိေပမယ့္ လက္ကေလးကိုင္ၿပီးငိုေနရွာေတာ့ စိတ္မေကာင္းျဖစ္ၿပီး သူပါမ်က္ရည္က်လာတယ္။
"မာမားေတာင္းပန္ပါတယ္။သားေလးရာယ္။ ေနာက္တစ္ခါ အဲ့နားကိုမသြားပါနဲ႕ေနာ္။"
အလိုက္သိတဲ့ရိေပၚေလးက အေမစိတ္ခ်မ္းသာေအာင္ေျပာလိုက္ေပမယ့္ သခင္ေလးကိုခိုးၾကည့္တာကိုေတာ့ရပ္မွာမဟုတ္ေပ။ ခိုကိုးရာမဲ့ေနတဲ့သားအမိႏွစ္ေယာက္ကို ေရွာင္အိမ္ေတာ္မွာ အေစခံအျဖစ္ေနခြင့္ရေအာင္ ေျပာထားေပးတဲ့ဦးေလးရန္ မ်က္ႏွာကလည္းရွိေသးတယ္။ အလုပ္ျပဳတ္ရင္အကုန္ျပဳတ္မွာ။ ဒါကိုဝမ္မားစိုးရိမ္တယ္။ ေရွာင္းသခင္ေလးက သူ႕ထက္ ၆ ႏွစ္ႀကီးတယ္။ သူကရိေပၚမ်က္စိထဲမွာအရမ္းလွတယ္။ ဒါပမယ့္ ေရွာင္းသခင္ေလးကသူ႕ကိုရွိတယ္လို႔ေတာင္မထင္ဘူး။ သူက ေဘးအိမ္က သခင္မေလး ခ်င္းခ်င္းနဲ႕ပဲ ေဆာ့တယ္။ ရိေပၚရဲ႕အေမဟာ ဘယ္ေလာက္ပဲတားတား ရိေပၚက အၿမဲခိုးၾကည့္တယ္။ မားရဲ႕စကားေတြထဲမွာ အဲ့တစ္ခုေတာ့ သူမနာခံနိုင္ဘူး။
_________
"ခြပ္....ခြပ္....ခြပ္...."
"ဟဲ့ ဘာလို႔အားနဲ႕မာန္နဲ႕လုပ္ေနတာလဲ။ ေျမႀကီးပါကြဲေတာ့မယ္။"
ထင္းတုံးေတြကို အၿငိဳးတစ္ႀကီး ခုတ္ထစ္ေနတဲ့ရိေပၚကို အေမျဖစ္သူက လွမ္းေအာ္တယ္။ ဒါေပမယ့္ရိေပၚကဘာမွ မေျပာပဲ ထင္းေတြကိုသာခုတ္ထစ္ေနတယ္။
သူ႕အေမလည္း သက္ျပင္းခ်ကာ သူ႕အလုပ္သူျပန္လုပ္ေနတယ္။
" ဘာျဖစ္လို႔ျဖစ္မွန္မသိဘူး။ ေမးလို႔ရဖို႔ ေဝလာေဝး။ တစ္ေန႕လုံး စကားငါးခြန္းျပည့္ေအာင္မေျပာဘူး။ ဘယ္လိုေကာင္ေလးလဲမသိဘူး။"
၁၆ ႏွစ္အ႐ြယ္ရိေပၚက အ႐ြယ္နဲ႕မလိုက္ေအာင္ပဲသန္မာထြားက်ိဳင္းလြန္းတယ္။ သူကအၿမဲ ခ်ည္ၾကမ္းေဘာင္းဘီနဲ႕ ႏြမ္းဖက္ေနတဲ့ဂ်ိဳင္းျပတ္ အကၤ်ီကိုသာဝတ္ဆင္တယ္။ ဆံပင္ေတြကိုေတာ့စုည္းၿပီးခ်ည္ထားကာ ႏွဖူးမွာ ဆံပင္တိုအနည္းငယ္က်ေနတယ္။ ရိေပၚကေခ်ာတဲ့အထဲပါၿပီး မိန္းကေလးေတြအႀကိဳက္ျဖစ္ေပမယ့္ သူကငယ္ငယ္တည္းက ခုခ်ိန္ထိ သေဘာက်တာတစ္ေယာက္တည္း။
အခုရိေပၚစိတ္အရမ္းတိုေနတယ္။ ေရွာင္းသခင္ေလးက အသက္ႀကီးတာနဲ႕ပိုပိုလွလာတယ္။ အဲ့ဒီေတာ့ အခုအုပ္ခ်ဳပ္ေနတဲ့ဘုရင္ဆိုးက မ်က္စိက်ေနတဲ့သတင္းကိုသူၾကားခဲ့တယ္။ အဲ့သတင္းေၾကာင့္ေရွာင္းသခင္ႀကီးလည္း တစ္အားကိုေဒါသထြက္ေနၿပီး သားျဖစ္သူရဲ႕လုံၿခဳံေရးကိုတင္းၾကပ္ထားတယ္။တစ္ခ်ိန္လုံးမူး႐ူးေနၿပီး။ကာမလိုက္စားေနတဲ့႐ြံစရာဘုရင္လက္ထဲ သူ႕သားကိုမထည့္နိုင္ဘူး။ အဲ့ဒီလိုပဲရိေပၚလည္းစိတ္တိုတယ္။ ဒါေပမယ့္ အေစခံတစ္ေယာက္ျဖစ္တဲ့သူက သခင္ေလးအတြက္ဘာမွ မလုပ္ေပးနိုင္တာကို ေဒါသထြက္မိတယ္။ ရိေပၚထင္းခုတ္တာကိုရပ္ၿပီး ထြက္လာခဲ့တယ္။ ၿပီးေတာ့ သခင္ေလးနဲ႕ခ်င္းခ်င္း အၿမဲစကားေျပာတဲ့ ဝါး႐ုံပင္ေအာက္ကို အရဲစြန႔္ၿပီးထြက္လာခဲ့တယ္။
သူေရာက္တာနဲ႕ ႏွစ္ေယာက္လုံးကရယ္ေနတာကိုရပ္ၿပီး ရိေပၚကိုၾကည့္လာတယ္။ သခင္ေလးကဆံပင္ရွည္ကိုတစ္ဝက္သာထုံးဖြဲ႕ၿပီး အထက္တန္းစားေတြဝတ္တဲ့ ဆင္ဆြယ္ေရာင္ပိုးထည္ဝတ္႐ုံရွည္ကိုဝတ္ထားတယ္။
"နင္ဘယ္သူလဲ။"
ခ်င္းခ်င္းေမးတာကို ရိေပၚမေျဖ။ ေရွာင္းက်န႔္က ရိေပၚကိုစိုက္ၾကည့္ၿပီး ေရွ႕တိုးလာတယ္။ ေရွာင္းက်န႔္မ်က္ႏွာမွာ မာနအေငြ႕သက္ေတြ ဖုံးလြမ္းေနတယ္။
"အေစခံလ်ိဳ႕ရဲ႕ သားမဟုတ္လား။"
*သ သခင္ေလးကငါ့ကိုသိေနတယ္တဲ့လား"*
ရိေပၚဝမ္းသာအားရ ေခါင္းတဆက္ဆက္ညိမ့္ၿပီး
"သခင္ေလးကြၽန္ေတာ့္ကိုသိတယ္။"
"ေယာက္်ားခ်င္းကို ႐ြံစရာမ်က္လုံးနဲ႕လိုက္ၾကည့္ေနတဲ့ မင္းကိုငါသတိမထားပဲေနမလား။"
ရိေပၚတိတ္ဆိတ္သြားၿပီး ခ်င္းခ်င္းက႐ြံသလိုနဲ႕ၾကည့္ေနတယ္။
"ခ်င္းခ်င္း ငါတို႔ျပန္မယ္။ ပါးကိုတိုင္ၿပီး ဒီေကာင္ကို အလုပ္ထုတ္မယ္။"
"ေကာင္းတယ္ေကာ။"
______
လူေတြေျပာေနၾကသလိုပဲ သခင္ေလးကမာနသိပ္ႀကီးတယ္။
ရိေပၚအရမ္းထိတ္လန႔္သြားတယ္။ ေသြးပူေနတာနဲ႕ မားရဲ႕စကားကိုနားမေထာင္ခဲ့မိဘူး။ သခင္ေလး ကိုေနာက္ထပ္မေတြ႕ရမွာသူသိပ္ေၾကာက္တယ္။ ျဖစ္နိုင္ရင္ သခင္ေလးကို တစ္ေနရာရာမွာ ဘယ္သူမွမျမင္နိုင္ေအာင္ဖြက္ထားလိုက္ခ်င္တယ္။
အလုပ္မလုပ္နိုင္ပဲမွိုင္ေနတဲ့ ရိေပၚကို သူ႕အေမက လာတို႔တယ္။
"ဘာျဖစ္ေနတာလဲငူငူငိုင္ငိုင္နဲ႕။ ငါနင့္အေမပါ။ နင္စကားေျပာလို႔ရပါတယ္။"
"သခင္ေလးကို သြားေတြ႕ခဲ့မိတယ္။"
"ဘာ..."
"သူကအနီးကပ္ျမင္ရတာပိုလွတယ္။"
"မင္း.....ငါအတန္တန္ေျပာထားတာကို။"
ထိုစဥ္
"အေစခံလ်ိဳ႕ မင္းရဲ႕သားကိုသခင္ႀကီးေခၚခိုင္းလိုက္တယ္။"
"ရွင္....ဒုကၡပါပဲ။ "
ရိေပၚမားကစိတ္ပူေနေပမယ့္ ရိေပၚကအိမ္ေတာ္ကိုလိုက္သြားလိုက္တယ္။ အိမ္ေတာ္ထဲရာက္ေတာ့ သခင္ႀကီးက အသင့္ထိုင္ေစာင့္ေနတယ္။ ရိေပၚသခင္ႀကီးေရွ႕ဒူးေထာက္ထိုင္လိုက္ၿပီးအရိုေသေပးလိုက္တယ္။
"အေစခံလ်ိဳ႕ရဲ႕သား..."
"ဟုတ္ကဲ့ ဝမ္ရိေပၚပါ။"
အခန္းရဲ႕အကြယ္မွာသခင္ေလးေခ်ာင္းၾကည့္ေနတာျမင္ေတာ့ ရိေပၚသူ႕နာမည္ကို သိေအာင္တမင္ေျပာလိုက္တယ္။
"ထားပါေတာ့။ မင္းကိုတည့္တည့္ပဲေမးမယ္။ ငါ့သားကိုဘာလို႔ၾကည့္ေနတာလဲ။"
"......."
"ကေလးဘဝတည္းကခုထိ လိုက္ၾကည့္ေနတယ္ဆိုတာဟုတ္လား။"
ရိေပၚအံ့ဩသြားရၿပီး တစ္ဆက္တည္းေက်နပ္သလိုျဖစ္သြားတယ္။ သခင္ေလးက သူ႕ကိုသတိထားမိေနခဲ့တယ္။
"ဘာလို႔ငါ့သားကိုၾကည့္တာလဲ။"
"သေဘာက်လိဳ႕။"
တည့္ပဲေျပာခ်လိဳက္တာေၾကာင့္ ခိုးနားေထာင္ေနတဲ့ေရွာင္းက်န႔္ကသူ႕ကိုေျပးထိုးခ်င္စိတ္ေပါက္သြားတယ္။ သူကသာစိတ္တိုေနေပမယ့္ သခင္ႀကီးကတည္ၿငိမ္ဆဲပဲ။
"ဘယ္လိုသေဘာက်တာလဲမသိေပမယ့္ သခင္ေလးကေယာက္်ားေလးဆိုတာသိတယ္မလား။"
"ဟုတ္ကဲ့။သိပါတယ္။ "
"ခုလိုရိုးရိုးသားသားေျဖတာေကာင္းတယ္။ ဒါေပမယ့္ မင္းသိတယ္မလား။ သူ႕သခင္ မင္းကကြၽန္....."
ရိေပၚတစ္သက္ အဲ့စကားကခံရခက္ဆုံးပဲ။ အေျခေနမတူလို႔သေဘာမက်ရဘူးလား။ျပန္ေမးခ်င္ေပမယ့္ ေမးခြင့္မရွိ
"မင္းတို႔က အဆင့္တန္းမတူလို႔ သူငယ္ခ်င္လုပ္လို႔မရဘူး။ "
သခင္ႀကီးကအတင္းကို သူငယ္ခ်င္းဇုန္ထဲထည့္လိုက္တယ္။ သူငယ္ခ်င္းလို သေဘာက်တယ္လို႔ရိေပၚမေျပာပါပဲ။
"ေနာက္တစ္ခါ အိမ္ေတာ္ဖက္ကိုမင္းလာခြင့္မရွိဘူး။"
"......."
"ျပန္ေတာ့"
ရိေပၚကအရိုေသေပးၿပီး ထျပန္သြားေတာ့ေရွာင္းက်န႔္ထြက္လာၿပီး
"ပါး......သူ႕ကိုဘာလို႔အလုပ္မထုတ္တာလဲ။"
"အားက်န႔္ေလး။ ကိုယ့္မွာရွိတဲ့အေစခံေတြကို သက္သက္မဲ့အဆုံးရႈံးမခံနဲ႕။ သူတို႔သားအမိက မ ေန႕တစ္ေန႕ကမွေရာက္တာမဟုတ္ဘူး။ တစ္ျခားနည္းနဲ႕ေျဖရွင္းလို႔ရတယ္။"
ေရွာင္းက်န႔္ကႏႈတ္ခမ္းေလးဆူေတာ့သခင္ႀကီးကရယ္တယ္။
"ဒီေလာက္ခ်စ္စရာေကာင္းတာကို သေဘာမက်တဲ့လူရွိမလား။ ပါးကိုယုံ ဒီေကာင္ေလးမ်က္လုံးထဲမွာ မဟုတ္တာလုပ္ခ်င္တဲ့အရိပ္ေယာင္မေတြ႕ကဘူး။"
"ကြၽန္ေတာ္ ဟိုဘုရင္ငမူးႀကီးကို႐ြံတယ္။"
"စိတ္မပူနဲ႕ နန္းေတာ္တစ္ခုလုံးက ပါးရဲ႕ဘက္ေတာ္သားေတြပဲ။ မၾကာခင္ နန္းခ်ခံရတဲ့မင္းသားကိုျပန္ေခၚၿပီး အခုဘုရင္ကိုျဖဳတ္ခ်ေတာ့မွာ။"
"တို႔ပါပါးက ပညာရွိအမက္ႀကီးပီသပါတယ္။"
ေရွာင္းက်န႔္က သူ႕အေဖရဲ႕ရင္ခြင္ထဲတိုးဝင္ဖက္ထားလိုက္တယ္။