(ကိုကိုနဲ့ ငယ်ငယ်ဟာ လက်ထပ်ပြီးသား)
Unicode
"မေကြီး ဟင့်..."
"မငိုရဘူးလေ ယောကျာ်းဖြင့်ရနေပြီ"
"အဲ့ ယောကျာ်းမယူပဲ မေကြီးနဲ့နေခဲ့လို့မရဘူးလားဟင်"
"ဟဲ့ ဒီကလေး ပေါက်ကရတွေ ၊ ရိုက်မှာနော် ဆက်ငိုနေရင်"
"ဟင့်....မငိုတော့ဘူး"
"ကဲပါ တိမ်မှူးငယ်ရာ မင်းက ကလေးလဲမဟုတ်ပဲ ငိုနေတယ် ၊ ဟိုရောက်ရင်ဂရုစိုက်ဦး မင်းယောကျာ်းက မင်းကိုအနိုင်ကျင့်ရင် ငါ့ကိုပြောနော် မင်းယောကျာ်းကို ငါလာရိုက်ပစ်မယ်"
"တိမ်စိုင် ပေါက်ကရတွေမပြောနဲ့ ၊ တိမ်လေးသွားတော့ ဟိုမှာ သားယောကျာ်းက စောင့်နေတာ ကြာပြီ"
"ဟုတ်...တိမ်လေး ဖုန်းဆက်မယ်နော် မေကြီး"
"အေးအေး"
မေကြီးနဲ့တိမ်စိုင်ကို ထားခဲ့ကာ ကိုကြီးကုဋေဘေး ဝင်ထိုင်လိုက်သည် ကားထဲဝင်ခါနီး မေကြီးတို့ကို လှည့်ကြည့်ဖို့လဲ မမေ့ပေ။တစ်ခါမှ မခွဲဖူးတော့ မျက်ရည်တို့ ကျကာ အသံတိတ် ကြိတ်ငိုနေမိသည်။ဒါကို ကိုကြီးကုဋေက သတိထားမိသွားတယ်ထင် တိမ်လေး လက်ကို လာကိုင်၍
"ငယ်ငယ် သတိရရင် ကိုကိုနဲ့ပြန်လို့ရတယ်လေ ၊ ဟိုမှာလဲ မာမီတို့ရှိနေတာပဲဟာ"
"ဒါပေမဲ့ ငယ်ငယ်မှ မေကြီးတို့နဲ့မခွဲဖူးတာ ...ဟင့်"
"မငိုနဲ့တော့နော် ခေါင်းကိုက်နေမယ် ၊ ဟိုရောက်ရင်ဖုန်းနေ့တိုင်းပြောလို့ရတယ်လေ"
"ဟုတ်"
ပါးစပ်ကသာ ဟုတ်လို့ပြောခဲ့သော်လည်း မျက်ရည်များကတော့ ပါးပေါ် တတောက်တောက် ကျနေလေသည်။မိဘနှင့် ခွဲရတာ ဒီလိုမျိုးတဲ့လား။ကိုကြီးကုဋေကို ကြည့်လိုက်တော့ လက်တစ်ဖက်ဖြင့် ကားမောင်းကာ ကျန်လက်တစ်ဖက်က တိမ်လေးလက်ပေါ်တင်ပြီး နှစ်သိမ့်ပေးနေလေသည်။
နောက်ဆုံးတိမ်လေးလဲ ငိုရတာမောလို့ အိပ်ပျော်သွားသည်မှာ ကိုကြီးကုဋေ နှိုးမှပြန်နိုးလာလေသည်။
"ငယ်ငယ် ထတော့ ၊ ကိုကိုတို့အိမ်ရောက်ပြီ"
"ဟင် ရောက်ပြီလား"
"အင်း ရောက်ပြီဆင်းတော့"
ကားနောက်ခန်းကို လှည့်ကြည့်တော့ မာမီနှင့်ဒယ်ဒီကို မတွေ့တော့ပေ။အိမ်ထဲမှာပဲဟု ထင်ကာ အိမ်ထဲပတ်ရှာသော်လဲမတွေ့ပေ။
"ငယ်ငယ် ဘာရှာနေတာလဲ ရေသောက်မလို့လား"
"ဟို..မာမီတို့ရောဟင်"
"အာ ဒါက ကိုကိုတို့အိမ်လေ မာမီတို့က သူတို့အိမ်မှာ"
"ဟင် အာ့ဆို ငယ်ငယ်တို့က မာမီတို့နဲ့ အတူမနေရဘူးလား"
"အင်း ကိုကို တို့က သပ်သပ်နေရမှာ"
ပြောလိုက်တော့ ခေါင်းငုပ်သွားကာ အင်္ကျီအောက်နားစလေးတွေကို လုံးချေရင်း
"ငယ်ငယ်...ငယ်ငယ်မှ ထမင်းမချက်တတ်တာ ဘယ်သူက ချက်ကျွေးမှာလဲ ၊ အိမ်မှာ ကိုကြီးကုဋေနဲ့ ငယ်ငယ်ပဲရှိတာ"
"ဟာ ငယ်ငယ်ရာ ဦးနှောက်ပိစိလေးက ဘာတွေ လျှောက်တွေးနေတာလဲ ၊ ကိုကိုက ငယ်ငယ့်ကို ခိုင်းရက်ပါ့မလားကွာ ၊ အိမ်မှာ အိမ်အလုပ် လုပ်ဖို့ လူတွေရှိတယ် ငယ်ငယ်ဘာမှလုပ်စရာမလိုဘူး ၊ မနက်ကျ သူတို့နဲ့မိတ်ဆက်ပေးမယ်"
"ဒါပေမဲ့ ငယ်ငယ်က အိမ်မှာ အလကားနေသလိုဖြစ်နေမှာပေါ့"
တိမ်လေးစကားကြားတော့ ကုဋေက တိမ်လေးပုခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် လှမ်းကိုင်၍ သူ့ဘက် လှည့်စေကာ
"ငယ်ငယ် ကိုကို့ ကိုကြည့် ၊ ငယ်ငယ်က ကိုကိုနဲ့တရားဝင်လက်ထပ်ထားတဲ့လူ ၊ ဒီအိမ်ရဲ့အရှင်သခင် ၊ ငယ်ငယ်သာအလိုရှိရင် သူတို့ကိုခိုင်းနိုင်တယ် ၊ ကိုကို့ပိုက်ဆံနဲ့ပိုင်ဆိုင်မှုတွေက ငယ်ငယ့်ဟာတွေပဲ ၊ နားလည်လား"
"ဟုတ် ငယ်ငယ် နားလည်ပါပြီ"
"နောက်တစ်ခု ကိုကြီးကုဋေလို့မခေါ်ပဲ ကိုကိုလို့ ပြောင်းခေါ်ပေး"
"အဲ့တာက ငယ်ငယ်ရှက်တယ်"
"အိမ်ထောင်သည်တွေပဲဖြစ်နေပြီ ရှက်စရာမဟုတ်ပါဘူး ခေါ်ကြည့်"
"ကို...ကိုကို"
ကုဋေက သဘောတကျရယ်ကာ တိမ်လေးခေါင်းပေါ် လက်ဖြင့် ဖွဖွပွတ်သပ်ကာ
"လိမ္မာတယ် နောက်လဲအဲ့လိုပဲခေါ်နော်"
"ဟုတ်"
"လာ အိမ်အပေါ်သွားရအောင်"
တိမ်လေး လက်ကို ဆွဲကာ လှေကားထစ်တွေပေါ် တတ်နေသည့် နောက်ကျောပြင်ကို သေချာကြည့်မိသည်။နောက်ဆို ဒီအမျိုးသားကိုပဲ သူအားကိုးရတော့မယ်။ဒီအမျိုးသားက သူ့ကိုရော မေကြီးတို့လိုသည်းခံနိုင်ပါ့မလား။
______________________________
မနက်နေရောင်ကြောင့် ကုဋေ နိုးလာတော့ ဖက်လုံး ကိုခွကာ တစ်ဖက်လှည့်အိပ်နေသည့် ကောင်လေးကို တွေ့လိုက်ရသည်။ညက ခရီးပန်းလာလို့ အစောကြီးအိပ်သွားတာကြောင့် ကုဋေဘေးမှာ ဝင်အိပ်တာတောင်သိရဲ့လားမသိပေ။အိပ်ယာဘေးက စားပွဲပေါ်ကို ကြည့်လိုက်တော့ မနက် ကိုးနာရီ ရှိနေပြီဖြစ်သည်။
"ငယ်ငယ် ထတော့ ၊ မျက်နှာသစ်ပြီးမှ ထပ်အိပ်နော်"
လက်မောင်းလေးကို ဖွဖွလေးဆွဲကာ နှိုးတော့ အင်း ...အဲ လုပ်ကာ ပြန်အိပ်သွားလေသည်။
ကုဋေ ခေါင်းတစ်ချက်ခါကာ အိပ်နေတဲ့ ကလေးကို ဂျိုင်းကနေ ချီ မ တော့ အိပ်လျှက်ပုခုံးပေါ် ပါလာလေသည်။
အခုထိ မျက်လုံးမပွင့်သေးတဲ့ ကလေးကို ဘေစင်ပေါ် တင်ပေးပြီး လက်ကို ရေးနည်းနည်းစွတ်၍ မျက်နှာပေါ် ပွတ်ပေးတော့ မျက်လုံးပွင့်လာလေသည်။
"အမ်.... ကိုကို ချီလာတာလား"
"အိပ်ပုပ်လေးက နှိုးမရတော့ ချီလာရတာပေါ့ဗျာ"
"ကိုကိုကလည်း နိူးအောင်မနှိုးပဲ ရှက်စရာကြီး"
"ဟောဗျာ ကျွန်တော်မျိုးအပစ်ပေါ့"
"ဟီးဟီး...အဲ့လိုပဲ"
"ကဲ ကျွန်တော်မျိုးရဲ့ ရှင်ဘုရင်လေးရေ သွားတိုက်ပါတော့ဗျာ"
"ဟီး...ဟုတ် ကိုကို"
နှစ်ယောက်သား သန့်ရှင်းရေးလုပ်ပြီး မနက်စာ စားဖို့အောက်ဆင်းလာတော့ အောက်မှာ ဒီအိမ်ရဲ့ အလုပ်သမားတွေထင် သူတို့ကို စောင့်နေတာတွေ့ရသည်။
"ငယ်ငယ် လာထိုင် ကြီးမေရဲ့လက်ရာက ရှယ်ကောင်းတာနော်"
"ဟုတ်လား"
"ဟုတ်ပါ့ဗျာ"
တိမ်လေးကို ခုံ နေရာချပေးပြီ ကုဋေက တိမ်လေးဘေးဝင်ထိုင်ကာ
"မစားခင် ကိုကိုပြောတာနားထောင်ဦးနော်"
"ဟုတ်"
"ဒီဘက်မှာ ထိုင်နေတဲ့ အန်တီကို ကိုကိုအပါအဝင် တစ်အိမ်လုံးက ကြီးမေလို့ခေါ်တယ် ၊ ငယ်ငယ်စားချင်တာရှိရင်ပြော ကြီးမေက ချက်ပေးလိမ့်မယ် ၊ ဟိုဘက်မှာ ရပ်နေတဲ့ လင်မယားတွေက ကိုလှဇော်နဲ့မမော်တဲ့ ၊ ကြီးမေဘေးမှာ ရပ်နေတဲ့ ကောင်မလေးနှစ်ယောက်က မိအေးနဲ့မိလုံးတဲ့"
"ဟုတ် ၊ တိမ်လေးပါဗျ မသိတာရှိရင် ပြောပေးပါဦးနော်"
"ကုဋေလေးရဲ့ အိမ်ထောင်ဘက်က ချစ်စရာလေး"
"ဟီး...ကျေးဇူးပါဗျ"
"ကြီးမေရေ နောက်ကျ ဒီလို ချစ်စရာလေးလို့ ပြောပါ့မလား သိချင်သား"
"ကိုကိုနော်"
"ကိုကိုက စတာပါဗျာ"
ထို့နောက် ရယ်ရယ်မောမောဖြင့် မနက်စာဝိုင်းသည် အသံတစ်ဆာဆာလေး ဖြင့် ဆူညံ့နေလေသည်။
"ဟဲ့ မိအေး"
"ဘာတုန်းဟဲ့"
"သခင်းလေးက ဘယ်တုန်းက အဲ့လောက်စကားများသွားတာလဲ"
"ငါလဲ စဉ်းစားနေတာ ဘယ်တုန်းက အဲ့လို စကားများဖူးလို့လဲ"
"နှစ်ယောက်သား ဘာတွေပြောနေတာလဲ"
"သခင်လေးက စကားအများကြီးပြောနေလို့ ထူးဆန်းလို့ပါ ကြီးမေ"
"အဲ့တာကိုကြည့်ပြီး မှတ်ထား ၊ နင်တို့သခင်းလေးရဲ့ အိမ်ထောင်ဖက်ကို စိတ်မညစ်စေနဲ့ ၊ ကုဋေလေးက အလိုလိုက်ထားတဲ့ပုံပြထဲက အရမ်းအရေးပါမှန်းသိသာတယ် ငါပြောတာကြားလား"
"ဟုတ် ကြီးမေ"
ကောင်မလေးနှစ်ယောက်၏ခေါင်းထဲတွင် နောက်ဆို အသစ်ရောက်လာတဲ့ သခင်ကို စိတ်ညစ်အောင်မလုပ်မိစေရန် မြဲမြဲမှတ်ထားလေသည်။
_________________________________
တိမ်မှူးငယ်က မင်းဘုဏ်းကုဋေနဲ့ဆို သူ့ကိုယ်သူ ငယ်ငယ်လို့ပဲသုံးတာ၊ အခြားလူနဲ့ဆို တိမ်လေး။ ရှုပ်မှာဆိုးလို့ဗျ။
___________________________________
(ကိုကိုနဲ႕ ငယ္ငယ္ဟာ လက္ထပ္ၿပီးသား)
Zawgyi
"ေမႀကီး ဟင့္..."
"မငိုရဘူးေလ ေယာက်ာ္းျဖင့္ရေနၿပီ"
"အဲ့ ေယာက်ာ္းမယူပဲ ေမႀကီးနဲ႕ေနခဲ့လို႔မရဘူးလားဟင္"
"ဟဲ့ ဒီကေလး ေပါက္ကရေတြ ၊ ရိုက္မွာေနာ္ ဆက္ငိုေနရင္"
"ဟင့္....မငိုေတာ့ဘူး"
"ကဲပါ တိမ္မႉးငယ္ရာ မင္းက ကေလးလဲမဟုတ္ပဲ ငိုေနတယ္ ၊ ဟိုေရာက္ရင္ဂ႐ုစိုက္ဦး မင္းေယာက်ာ္းက မင္းကိုအနိုင္က်င့္ရင္ ငါ့ကိုေျပာေနာ္ မင္းေယာက်ာ္းကို ငါလာရိုက္ပစ္မယ္"
"တိမ္စိုင္ ေပါက္ကရေတြမေျပာနဲ႕ ၊ တိမ္ေလးသြားေတာ့ ဟိုမွာ သားေယာက်ာ္းက ေစာင့္ေနတာ ၾကာၿပီ"
"ဟုတ္...တိမ္ေလး ဖုန္းဆက္မယ္ေနာ္ ေမႀကီး"
"ေအးေအး"
ေမႀကီးနဲ႕တိမ္စိုင္ကို ထားခဲ့ကာ ကိုႀကီးကုေဋေဘး ဝင္ထိုင္လိုက္သည္ ကားထဲဝင္ခါနီး ေမႀကီးတို႔ကို လွည့္ၾကည့္ဖို႔လဲ မေမ့ေပ။တစ္ခါမွ မခြဲဖူးေတာ့ မ်က္ရည္တို႔ က်ကာ အသံတိတ္ ႀကိတ္ငိုေနမိသည္။ဒါကို ကိုႀကီးကုေဋက သတိထားမိသြားတယ္ထင္ တိမ္ေလး လက္ကို လာကိုင္၍
"ငယ္ငယ္ သတိရရင္ ကိုကိုနဲ႕ျပန္လို႔ရတယ္ေလ ၊ ဟိုမွာလဲ မာမီတို႔ရွိေနတာပဲဟာ"
"ဒါေပမဲ့ ငယ္ငယ္မွ ေမႀကီးတို႔နဲ႕မခြဲဖူးတာ ...ဟင့္"
"မငိုနဲ႕ေတာ့ေနာ္ ေခါင္းကိုက္ေနမယ္ ၊ ဟိုေရာက္ရင္ဖုန္းေန႕တိုင္းေျပာလို႔ရတယ္ေလ"
"ဟုတ္"
ပါးစပ္ကသာ ဟုတ္လို႔ေျပာခဲ့ေသာ္လည္း မ်က္ရည္မ်ားကေတာ့ ပါးေပၚ တေတာက္ေတာက္ က်ေနေလသည္။မိဘႏွင့္ ခြဲရတာ ဒီလိုမ်ိဳးတဲ့လား။ကိုႀကီးကုေဋကို ၾကည့္လိုက္ေတာ့ လက္တစ္ဖက္ျဖင့္ ကားေမာင္းကာ က်န္လက္တစ္ဖက္က တိမ္ေလးလက္ေပၚတင္ၿပီး ႏွစ္သိမ့္ေပးေနေလသည္။
ေနာက္ဆုံးတိမ္ေလးလဲ ငိုရတာေမာလို႔ အိပ္ေပ်ာ္သြားသည္မွာ ကိုႀကီးကုေဋ ႏွိုးမွျပန္နိုးလာေလသည္။
"ငယ္ငယ္ ထေတာ့ ၊ ကိုကိုတို႔အိမ္ေရာက္ၿပီ"
"ဟင္ ေရာက္ၿပီလား"
"အင္း ေရာက္ၿပီဆင္းေတာ့"
ကားေနာက္ခန္းကို လွည့္ၾကည့္ေတာ့ မာမီႏွင့္ဒယ္ဒီကို မေတြ႕ေတာ့ေပ။အိမ္ထဲမွာပဲဟု ထင္ကာ အိမ္ထဲပတ္ရွာေသာ္လဲမေတြ႕ေပ။
"ငယ္ငယ္ ဘာရွာေနတာလဲ ေရေသာက္မလို႔လား"
"ဟို..မာမီတို႔ေရာဟင္"
"အာ ဒါက ကိုကိုတို႔အိမ္ေလ မာမီတို႔က သူတို႔အိမ္မွာ"
"ဟင္ အာ့ဆို ငယ္ငယ္တို႔က မာမီတို႔နဲ႕ အတူမေနရဘူးလား"
"အင္း ကိုကို တို႔က သပ္သပ္ေနရမွာ"
ေျပာလိုက္ေတာ့ ေခါင္းငုပ္သြားကာ အကၤ်ီေအာက္နားစေလးေတြကို လုံးေခ်ရင္း
"ငယ္ငယ္...ငယ္ငယ္မွ ထမင္းမခ်က္တတ္တာ ဘယ္သူက ခ်က္ေကြၽးမွာလဲ ၊ အိမ္မွာ ကိုႀကီးကုေဋနဲ႕ ငယ္ငယ္ပဲရွိတာ"
"ဟာ ငယ္ငယ္ရာ ဦးႏွောက္ပိစိေလးက ဘာေတြ ေလွ်ာက္ေတြးေနတာလဲ ၊ ကိုကိုက ငယ္ငယ့္ကို ခိုင္းရက္ပါ့မလားကြာ ၊ အိမ္မွာ အိမ္အလုပ္ လုပ္ဖို႔ လူေတြရွိတယ္ ငယ္ငယ္ဘာမွလုပ္စရာမလိုဘူး ၊ မနက္က် သူတို႔နဲ႕မိတ္ဆက္ေပးမယ္"
"ဒါေပမဲ့ ငယ္ငယ္က အိမ္မွာ အလကားေနသလိုျဖစ္ေနမွာေပါ့"
တိမ္ေလးစကားၾကားေတာ့ ကုေဋက တိမ္ေလးပုခုံးႏွစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္ လွမ္းကိုင္၍ သူ႕ဘက္ လွည့္ေစကာ
"ငယ္ငယ္ ကိုကို႔ ကိုၾကည့္ ၊ ငယ္ငယ္က ကိုကိုနဲ႕တရားဝင္လက္ထပ္ထားတဲ့လူ ၊ ဒီအိမ္ရဲ႕အရွင္သခင္ ၊ ငယ္ငယ္သာအလိုရွိရင္ သူတို႔ကိုခိုင္းနိုင္တယ္ ၊ ကိုကို႔ပိုက္ဆံနဲ႕ပိုင္ဆိုင္မႈေတြက ငယ္ငယ့္ဟာေတြပဲ ၊ နားလည္လား"
"ဟုတ္ ငယ္ငယ္ နားလည္ပါၿပီ"
"ေနာက္တစ္ခု ကိုႀကီးကုေဋလို႔မေခၚပဲ ကိုကိုလို႔ ေျပာင္းေခၚေပး"
"အဲ့တာက ငယ္ငယ္ရွက္တယ္"
"အိမ္ေထာင္သည္ေတြပဲျဖစ္ေနၿပီ ရွက္စရာမဟုတ္ပါဘူး ေခၚၾကည့္"
"ကို...ကိုကို"
ကုေဋက သေဘာတက်ရယ္ကာ တိမ္ေလးေခါင္းေပၚ လက္ျဖင့္ ဖြဖြပြတ္သပ္ကာ
"လိမၼာတယ္ ေနာက္လဲအဲ့လိုပဲေခၚေနာ္"
"ဟုတ္"
"လာ အိမ္အေပၚသြားရေအာင္"
တိမ္ေလး လက္ကို ဆြဲကာ ေလွကားထစ္ေတြေပၚ တတ္ေနသည့္ ေနာက္ေက်ာျပင္ကို ေသခ်ာၾကည့္မိသည္။ေနာက္ဆို ဒီအမ်ိဳးသားကိုပဲ သူအားကိုးရေတာ့မယ္။ဒီအမ်ိဳးသားက သူ႕ကိုေရာ ေမႀကီးတို႔လိုသည္းခံနိုင္ပါ့မလား။
______________________________
မနက္ေနေရာင္ေၾကာင့္ ကုေဋ နိုးလာေတာ့ ဖက္လုံး ကိုခြကာ တစ္ဖက္လွည့္အိပ္ေနသည့္ ေကာင္ေလးကို ေတြ႕လိုက္ရသည္။ညက ခရီးပန္းလာလို႔ အေစာႀကီးအိပ္သြားတာေၾကာင့္ ကုေဋေဘးမွာ ဝင္အိပ္တာေတာင္သိရဲ႕လားမသိေပ။အိပ္ယာေဘးက စားပြဲေပၚကို ၾကည့္လိုက္ေတာ့ မနက္ ကိုးနာရီ ရွိေနၿပီျဖစ္သည္။
"ငယ္ငယ္ ထေတာ့ ၊ မ်က္ႏွာသစ္ၿပီးမွ ထပ္အိပ္ေနာ္"
လက္ေမာင္းေလးကို ဖြဖြေလးဆြဲကာ ႏွိုးေတာ့ အင္း ...အဲ လုပ္ကာ ျပန္အိပ္သြားေလသည္။
ကုေဋ ေခါင္းတစ္ခ်က္ခါကာ အိပ္ေနတဲ့ ကေလးကို ဂ်ိဳင္းကေန ခ်ီ မ ေတာ့ အိပ္လွ်က္ပုခုံးေပၚ ပါလာေလသည္။
အခုထိ မ်က္လုံးမပြင့္ေသးတဲ့ ကေလးကို ေဘစင္ေပၚ တင္ေပးၿပီး လက္ကို ေရးနည္းနည္းစြတ္၍ မ်က္ႏွာေပၚ ပြတ္ေပးေတာ့ မ်က္လုံးပြင့္လာေလသည္။
"အမ္.... ကိုကို ခ်ီလာတာလား"
"အိပ္ပုပ္ေလးက ႏွိုးမရေတာ့ ခ်ီလာရတာေပါ့ဗ်ာ"
"ကိုကိုကလည္း နိူးေအာင္မႏွိုးပဲ ရွက္စရာႀကီး"
"ေဟာဗ်ာ ကြၽန္ေတာ္မ်ိဳးအပစ္ေပါ့"
"ဟီးဟီး...အဲ့လိုပဲ"
"ကဲ ကြၽန္ေတာ္မ်ိဳးရဲ႕ ရွင္ဘုရင္ေလးေရ သြားတိုက္ပါေတာ့ဗ်ာ"
"ဟီး...ဟုတ္ ကိုကို"
ႏွစ္ေယာက္သား သန႔္ရွင္းေရးလုပ္ၿပီး မနက္စာ စားဖို႔ေအာက္ဆင္းလာေတာ့ ေအာက္မွာ ဒီအိမ္ရဲ႕ အလုပ္သမားေတြထင္ သူတို႔ကို ေစာင့္ေနတာေတြ႕ရသည္။
"ငယ္ငယ္ လာထိုင္ ႀကီးေမရဲ႕လက္ရာက ရွယ္ေကာင္းတာေနာ္"
"ဟုတ္လား"
"ဟုတ္ပါ့ဗ်ာ"
တိမ္ေလးကို ခုံ ေနရာခ်ေပးၿပီ ကုေဋက တိမ္ေလးေဘးဝင္ထိုင္ကာ
"မစားခင္ ကိုကိုေျပာတာနားေထာင္ဦးေနာ္"
"ဟုတ္"
"ဒီဘက္မွာ ထိုင္ေနတဲ့ အန္တီကို ကိုကိုအပါအဝင္ တစ္အိမ္လုံးက ႀကီးေမလို႔ေခၚတယ္ ၊ ငယ္ငယ္စားခ်င္တာရွိရင္ေျပာ ႀကီးေမက ခ်က္ေပးလိမ့္မယ္ ၊ ဟိုဘက္မွာ ရပ္ေနတဲ့ လင္မယားေတြက ကိုလွေဇာ္နဲ႕မေမာ္တဲ့ ၊ ႀကီးေမေဘးမွာ ရပ္ေနတဲ့ ေကာင္မေလးႏွစ္ေယာက္က မိေအးနဲ႕မိလုံးတဲ့"
"ဟုတ္ ၊ တိမ္ေလးပါဗ် မသိတာရွိရင္ ေျပာေပးပါဦးေနာ္"
"ကုေဋေလးရဲ႕ အိမ္ေထာင္ဘက္က ခ်စ္စရာေလး"
"ဟီး...ေက်းဇူးပါဗ်"
"ႀကီးေမေရ ေနာက္က် ဒီလို ခ်စ္စရာေလးလို႔ ေျပာပါ့မလား သိခ်င္သား"
"ကိုကိုေနာ္"
"ကိုကိုက စတာပါဗ်ာ"
ထို႔ေနာက္ ရယ္ရယ္ေမာေမာျဖင့္ မနက္စာဝိုင္းသည္ အသံတစ္ဆာဆာေလး ျဖင့္ ဆူညံ့ေနေလသည္။
"ဟဲ့ မိေအး"
"ဘာတုန္းဟဲ့"
"သခင္းေလးက ဘယ္တုန္းက အဲ့ေလာက္စကားမ်ားသြားတာလဲ"
"ငါလဲ စဥ္းစားေနတာ ဘယ္တုန္းက အဲ့လို စကားမ်ားဖူးလို႔လဲ"
"ႏွစ္ေယာက္သား ဘာေတြေျပာေနတာလဲ"
"သခင္ေလးက စကားအမ်ားႀကီးေျပာေနလို႔ ထူးဆန္းလို႔ပါ ႀကီးေမ"
"အဲ့တာကိုၾကည့္ၿပီး မွတ္ထား ၊ နင္တို႔သခင္းေလးရဲ႕ အိမ္ေထာင္ဖက္ကို စိတ္မညစ္ေစနဲ႕ ၊ ကုေဋေလးက အလိုလိုက္ထားတဲ့ပုံျပထဲက အရမ္းအေရးပါမွန္းသိသာတယ္ ငါေျပာတာၾကားလား"
"ဟုတ္ ႀကီးေမ"
ေကာင္မေလးႏွစ္ေယာက္၏ေခါင္းထဲတြင္ ေနာက္ဆို အသစ္ေရာက္လာတဲ့ သခင္ကို စိတ္ညစ္ေအာင္မလုပ္မိေစရန္ ၿမဲၿမဲမွတ္ထားေလသည္။
_________________________________
တိမ္မႉးငယ္က မင္းဘုဏ္းကုေဋနဲ႕ဆို သူ႕ကိုယ္သူ ငယ္ငယ္လို႔ပဲသုံးတာ၊ အျခားလူနဲ႕ဆို တိမ္ေလး။ ရႈပ္မွာဆိုးလို႔ဗ်။
___________________________________