5

16.5K 577 26
                                    

(သားကုဋေ နှာခေါင်းသွေးလျှံနေတယ်)

Unicode

"ငယ်ငယ် ဒီနေ့ ကျောင်းသွား အပ်ရမယ်မဟုတ်လား"

"ဟုတ်တယ် ကိုကို ၊ ရန်ကုန်ရောက်တာဖြင့် တစ်ရက်မပြည့်သေးဘူး ကျောင်းသွားရတော့မယ်"

"နောက်အားမှ လျှောက်လည်ကြတာပေါ့ ၊ အခု သွားဖို့ပြင်တော့နော် ၊ ကိုကို ကားထဲက စောင့်နေမယ်"

"ဟုတ်ကဲ့ဗျ"

ကုဋေ ပြုံးကာ သောက်လက်စ ကော်ဖီကို လက်စဖြတ်ကာ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားဆီလျှောက်လာခဲ့လိုက်သည်။

"မိအေး"

"ရှင် ၊ သခင်လေး"

"ညနေ ကျရင် ငါးသွားဝယ်ပြီး ငယ်ငယ်တစ်ယောက်စာ ကြော်ထားပေး ကြားလား"

"ဟုတ်ကဲ့ သခင်လေး"

မိအေးကို မှာစရာရှိတာ မှာပြီးသည်နှင့် အိမ်ပေါ်ထပ်က နေ ပြေးဆင်လာသည့် ကောင်လေးကိုတွေ့လိုက်ရသည်။

"ငယ်ငယ် ဖြေးဖြေးလာ ချော်လဲမယ်"

"ဟီးဟီး မလဲပါဘူး ကိုကိုရ"

ကားထဲဝင်ထိုင်တော့မယ့် ငယ်ငယ့်ကို လက်မောင်းရင်းကနေဆွဲကာ ကားအပြင် ပြန်ဆွဲထုတ်လိုက်တော့ ဘာဖြစ်လို့လဲဆိုသည့် အူလည်လည် အကြည့်လေးဖြင့် ပြန်ကြည့်လာလေသည်။

"ဘောင်ဘီ အရမ်းတိုတယ် သွားလဲခဲ့ ငယ်ငယ်"

တကယ်လဲတိုနေတာပင်။ဒူးခေါင်းပေါ် ဘောင်ဘီ အဖြူလေးကို လက်ရှည်အင်္ကျီ ထည့်ပြီးဝတ်ထားသည်မှာ တကယ်ကလေးလေးလိုပင်။

"ကိုကို ၊ ငယ်ငယ် အရင်ကလည်း ဝတ်နေကျလေ အပြင်သွားဖ်ို့ဒါတွေပဲရှိတယ်"

နှုတ်ခမ်းဆူကာ ပြန်အထွန့်တတ်သူကို ပွေ့ချီလျှက် အိမ်ပေါ်ထပ် သို့ တတ်လာလိုက်တော့ အလန့်တကြားအော်လာသည့် အကောင်ပေါက်

"ကိုကို ၊ ငယ်ငယ်ပြုတ်ကျတော့မယ်"

"မကျချင်ရင် ကိုကို့ ကို ဖက်ထား"

လည်တိုင်ပေါ် ‌လက်နှစ်ဖက်လုံး သိုင်းဖက်လာကာ ပါးစပ်ကလည်း အငြိမ်မနေပေ။

"ဟွန့်... သူများ ဒါလေး ကြိုက်တာကို ၊ ကိုကို အကျင့် ပုတ် ၊ ရေချိုးရင် အအေးလွန်ပြီး ဟိုဟာ တိုပါစေ"

Dear CEO ( or ) တိမ်လေးရဲ့ ကိုကို [Complete]Wo Geschichten leben. Entdecke jetzt