မင်းနဲ့တွေ့ပြီးတဲ့နောက်

Por LinnThetNyein14

172K 3.7K 1K

🔞Unicode မဟုတ်ဘူး တို့ မင်းကို မချစ်ဘူး ဒီတိုင်းပဲ ဒီတိုင်းဖြစ်သွားခဲ့တာ #ပတ်ချယ်ယောင်း ဟုတ်တယ် ဒီတိုင်းဖြစ်... Más

Author's Note
1
2 🌚🔞
3
4
5
6
7
8🌚🔞
9🌚🔞
10🌚🔞
11🔞
12🔞
Letter For Today
13🔞🙂
15
16
17
18
19
20
21🌚
22🌚
23🌚
24(Ending)

14🔞

5.7K 117 44
Por LinnThetNyein14

တနေကုန်ပဲ မမက စကားအကြာကြီးအပြောမခံပဲ အလုပ်တွေရှုပ်ပြနေတယ်။
ဘာဒါဆိုင်မှာ ခဏဝင်ကူပေးပေမယ့်
လူလည်းမလစ်တော့ ဘာမှမေးလို့မရ။
ကြာတော့ လူလည်း အကြံထုတ်ရတော့တယ်။

''မမ အခုပြင်ထားတာလေး ခဏလိုက်ကြည့်ပြီး လိုတာလေးပြောပေးပါလား''

''ဟင် ညမှကြည့်ပေးမယ်လေ''

ပတ်ချယ်ယောင်းက ရှောင်တယ်ပေါ့။

''မဟုတ်ဘူး ပြင်ပြီးတာနဲ့ ဟိုကိုပို့ပေးရမှာ အဲဒါကြောင့်''

''ဒီမှာလည်း မအားသေး..''

''လိုက်လုပ်ပေးလိုက်လေ ချယ်ယောင်း''

မမအဖေက ဝင်ပြောတယ်။

''ဟို..''

''ရပါတယ် ဒီမှာ အဖေတို့ လုပ်နိုင်တယ် သွားသွား''

မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာပြီး
အိမ်ထဲရောက်တော့

''မမ ဘာလို့ရှောင်နေတာလဲ''

''ရှက်လို့''

ဟင်..ဘာဒါတို့အိမ်ကကိစ္စသိလို့မဟုတ်ဘူးလား။

''ဟင် ဘာကိုရှက်တာလဲ''

''ခုနက အမေက လျှောက်မေးနေလို့လေ''

''အာ မမကလည်း အဲဒါရှက်စရာလား''

''ရှက်တာပေါ့ အခုခေတ်မှာ ဘယ်သူက အဲလိုမေးတော့လို့လဲ''

''မသိပါဘူး
ကိုယ့်အိမ်က သိတာကို မမများသိနေလားလို့''

''အဲဒါက
ဘာဒါမှမပြောတာ''

အင်းလေ။
မပြောထားပဲ ဘယ်လိုသိမှာလဲ။

''အင်း အမေသိတယ်
အဖေတော့မသိသေးဘူးထင်တာပဲ''

''ဘာတဲ့လဲဟင်''

''ဟင်..သြော်
ဒီလိုပါပဲ.. အမေ့ကိုတော့
တော်တော်လိုက်ထားရတာလို့ပြောထားတာ
ထားလိုက်ပါ
အမေနဲ့လက်ထပ်မှာမှမဟုတ်တာ
ကိုယ်နဲ့လက်ထပ်မှာပဲ အမေ့သဘောမလိုပါဘူး''

မမက အသာပြုံးတယ်။

''ဒါနဲ့ ခုနက အဒေါ်က ရိပ်မိနေတာလား''

''ထင်တာပဲ ဘာမှတော့မမေးပါဘူး''

''မမ ကိုယ်မနက်ဖြန်လောက်ပြန်ရမယ်ထင်တယ်''

''ဟုတ်လား''

''အင်း အတူတူပြန်ချင်ပေမယ့်
ဘယ်လိုလုပ်ရမလဲ
မြန်မြန်ပြန်ခဲ့နော်
ဒါမှမဟုတ် ကိုယ်နဲ့အတူပြန်လိုက်ခဲ့မလား''

''မလိုက်ပါဘူး ပြန်နှင့်''

''မကြာစေနဲ့နော်
ကြာနေရင် နောက်တစ်ခေါက်ပြန်လာမှာ''

''အင်းပါ သိပါတယ်''

အဲဒီညကတော့ မမက ဘာအတွေးပေါ်လဲမသိဘူး။
သူ့ကုတင်ကျဥ်းကျဥ်းလေးမှာ နှစ်ယောက်အိပ်ရအောင်တဲ့။
ကုတင်ပေါ်နှစ်ယောက်သားလှဲနေကြရင်း

''ဘာဒါ''

''အင်း''

''တို့ကိုချစ်လား''

''မချစ်ဘူး''

မမက ရယ်ပြီးတော့
သူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်နေရာက မော့ကြည့်တယ်။

''ဘာလို့လဲ''

မေးပြီးတော့
ဘာဒါ ပေါင်တစ်ဖက်ကိုလည်း ခွပြီး ခြေထောက်တင်တယ်။
ပတ်ချယ်ယောင်းတော့ နာချင်ပြီထင်တယ်။

''အတူတူပြန်မလိုက်လို့ပေါ့''

''လူကြီးဖြစ်နေပြီဆို''

''ခြေထောက်ဖယ်နော်
ပြီးမှအမေကြားမှာစိုးလို့ အဖေကြားမှာစိုးလို့လို့မပြောနဲ့''

''ဟင် ဘာဆိုင်လို့လဲ
ချစ်လို့တင်ထားတာကို
ဘာလို့လဲ ခြေထောက်လေးတစ်ဖက်တင်ထားတာ လေးလို့လား''

''လေးလို့ဖြစ်မလား
ဟင် မသိဘူးလား''

''နှာဘူးလေး''

''သိရင်ပြီးတာပဲ''

''ဘာဒါ''

''အင်း''

''မင်းဒီက ပြန်ရင် လက်စွပ်ကို လက်မှာပဲဝတ်နော်''

''အင်းး ဘာလို့လဲ''

''ပိုင်ရှင်ရှိတာလူသိအောင်ပေါ့
ငတုံးလေးရဲ့''

''ဟားဟား အင်းပါ
အတူကျ မလိုက်ချင်ဘူး ဥစ္စာကတော့ခြောက်တယ်''

''တို့လည်းဝတ်ထားမှာ''

''အင်း ဝတ်ထားရမှာပေါ့
ဆိုင်လာတဲ့လူတွေထဲ ကောင်လေးတွေပါရင် လက်စွပ်ကိုပြထား ကြားလား''

''အင်းပါ
မင်းလည်း ကျောင်းကကောင်မလေးတွေကို ပြထား..
ရေချိုးရင်တောင်မချွတ်နဲ့''

''ရေချိုးရင် ဘယ်သူရှိမှာမို့လို့လဲ''

''ပျောက်သွားရင်ဘယ်လိုလုပ်မလဲ''

''ပျောက်သွားရင် ပြန်ဝယ်ကြတာပေါ့''

''မပျောက်ရဘူးနော်
မနက်ဖြန် ဘယ်အချိန်ပြန်မှာ''

''နေ့လည်မှ''

''အင်းး တို့ကိုနမ်း''

''ဟော ပြန်ခါနီးမှ ချွဲနေပြန်ပြီ
တွဲခဲ့တဲ့ရက်တွေအတွင်း ဒါပထမဆုံးပြောတာနော် သတိထားမိလား''

''အဲလိုဖြစ်သွားလား''

နဖူးကိုငုံ့နမ်းလိုက်တော့
မျက်လုံးလေးက မှိတ်ကျသွားတယ်။
မျက်ခွံလေးတွေပါ နှုတ်ခမ်းနဲ့ထိကပ်နမ်းရင်း
ပါးပြင်ကို နှာခေါင်းနဲ့ပွတ်ဆွဲကာ
နားရွက်ဖျားလေးကို ကိုက်လိုက်မိတယ်။
အသဲယားလိုက်တာ..ပတ်ချယ်ယောင်းရေ..။
တို့ကိုနမ်းတဲ့လား..။
မေးဖျားလေးကိုပါ နမ်းပြီး လည်တိုင်ဆီငုံ့ချလိုက်တော့
ဘာဒါ့မျက်နှာကို မမက ဆွဲယူပြီး နှုတ်ခမ်းတွေကို နမ်းတယ်..

ပြန်မနမ်းပဲ ငြိမ်ခံနေတာတောင်
ဘာမှမပြောပဲ ဆက်နမ်းနေပြီး
ဘာဒါ့နှုတ်ခမ်းတွေကို အကြာကြီးနမ်းနေခဲ့တယ်။
မမလည်း လွမ်းနေတာပဲဆိုတဲ့အသိနဲ့
လူက တော်တော်ကြည်နူးသွားတယ်။
မျက်နှာလေးကို လက်ဖဝါးနဲ့ထဲထည့်ကိုင်ပြီး
အပေါ်နှုတ်ခမ်းလေးကို ပြန်နမ်းလိုက်တော့
မမက ဘာဒါ့အောက်နှုတ်ခမ်းကို ပြန်နမ်းတယ်။
အသာအယာပဲဆွဲစုပ်နေကြရင်းပဲ ကိုယ်ချင်းလည်း ပိုပူးကပ်သထက် ကပ်အောင် တစ်ယောက်နဲ့တစ်ယောက်ဆွဲယူရင်းမှ
မမနဖူးလေးကို နမ်းလိုက်တယ်။
ပတ်ချယ်ယောင်းက သူ့အကြိုက်ဆုံး ဘာဒါ့လည်တိုင်မှာ မျက်နှာအပ်ပြီး

''ချစ်တယ်''

ပြောပြီး လည်တိုင်မှာ markingရာပေါ်အောင်လုပ်တယ်။
အကြာကြီးဆွဲစုပ်နေပြီးမှ

''အသဲပုံလေးပေါ်အောင်လုပ်ပေးရမလား''

''လုပ်လေ ကိုယ်ကတော့ ကြိုက်တာပေါ့''

''မနက်ကျ ပတ်ဂျွန်ယောင်းက မေးနေမလားမသိဘူးနော်''

''မေးရင်ဖြေလိုက်မယ်လေ
ဟုတ်တယ်လို့''

''ဟွန့် မလုပ်တော့ဘူး''

''ပြန်လာမှလုပ်တော့
ကျောင်းကို အဲ့လိုအသဲပုံလေးနဲ့တက်ပေးမယ်
မမလည်း ရုံးကိုအသဲပုံလေးနဲ့တက်
ဘယ်လိုလဲ''

''အင်း''

''ဘာလို့အတင်းဖက်နေတာလဲ ပတ်ချယ်ယောင်းရဲ့''

''ကုတင်ကျဥ်းလို့လေ ပြုတ်ကျမှာစိုးလို့''

''နှစ်ယောက်ထပ်ပြီး အိပ်မလား''

''တို့အပေါ်က''

''ဟားဟား အင်းပါ
အိပ်ပေါ့ အပေါ်က
အပေါ်မှာအိပ်လည်း B က Bပဲ''

''ဘာဖြစ်ဖြစ်''

ဘာဒါ့ရင်ဘတ်ပေါ်လာမှောက်ရင်း အိပ်သွားတဲ့ ပိစိလေးကို အသာပြန်ဖက်ရင်း
အိပ်ပျော်အောင်အိပ်လိုက်တော့တယ်။
ပတ်ချယ်ယောင်းကို အမြဲတမ်းဒီလိုချွဲပျစ်နေအောင် ဘာဆေးကျွေးရပါ့။

.......

နောက်ရက်ကျ မမက သူ့အဖေရဲ့Light truckကိုမောင်းပြီး ကားဂိတ်ထိလိုက်ပို့ပေးတယ်။
ကားမောင်းတာ တစ်ခါမှမမြင်ဖူးလို့
မြင်ရတာ တကယ်အထူးအဆန်း။
လွမ်းလို့ဆိုပြီး ဘာဒါ့တီရှပ်နှစ်ထည်လည်းယူထားလိုက်သေးတယ်။
တစ်ထည်က အခုဝတ်လာတယ်လေ။
အင်္ကျီပွပွကို ဘောင်းဘီထဲထည့်ဝတ်ထားပေမယ့် မတော်တရော်လေးနဲ့တောင် လှနေရော။

''မမ ကိုယ်တို့ ဒီမှာပဲ အမေတို့ဆိုင်ကို ကူရောင်းရင်းနေကြမလား''

''ဟင် ဘာလို့လဲ''

''ကိုယ် ဒီမှာပျော်လို့လေ''

''ဒီလိုနေနိုင်လို့လား
ခဏတဖြုတ်မို့ ပျော်တာပါ ရှင်ရယ်''

''မမပါရင် ကိုယ်နေနိုင်တာပေါ့''

''အပြောကတော့နော်''

''အပြောပဲထင်လို့လား''

''ဂိတ်ရောက်ရင်လေ တို့ကို မနမ်းခဲ့နဲ့နော်''

''နမ်းမှာပဲ''

''လူကအိမ်မရောက်ခင်
နမ်းတဲ့သတင်းက အိမ်ရောက်နှင့်နေမှာ အီဘာဒါရဲ့''

ကားပေါ်တက်ခါနီး တင်းနေအောင်ဖက်နေပြန်တယ်။
လာတုန်းကတော့ ဂိတ်ရောက်ရင် သူ့ကိုမနမ်းပါနဲ့လို့ တဖွဖွမှာနေခဲ့ပြီးတော့လေ။

''ဘာဒါ ချစ်တယ်နော်''

''ချစ်ရင် မြန်မြန်ပြန်ခဲ့
အဲဒါမှ ယုံပေးမယ်''

''လက်စွပ်ရော်''

''ဒီမှာ''

အင်္ကျီထဲက ထုတ်ပြတော့

''ကားပေါ်ရောက်တာနဲ့ထုတ်ဝတ်နော်
ဟိုခုံက ကောင်မလေးက ချောတယ်''

''ဟားဟား ဟုတ်လား
ပတ်ချယ်ယောင်း​လောက်ချောလား''

''မင်းအမြင်ပေါ်မူတည်တာပေါ့''

''ကိုယ့်အမြင်က မမအချောဆုံးပဲ
စိတ်မပူနဲ့
ကိုယ် လက်စွပ်ထုတ်ဝတ်လိုက်မယ်''

ကားထွက်ခါနီးမှ ကားပေါ်တက်လိုက်တယ်..
ကားထွက်တော့ လှမ်းကြည့်နေတဲ့ မမမျက်လုံးတွေက ဘာလို့ဝမ်းနည်းစရာကောင်းနေမှန်းမသိ။
နာနာကျင်ကျင်လှမ်းငေးနေခဲ့ပြီး..တဖြည်းဖြည်းဝေးသွားတဲ့ ပုံရိပ်လေးကြောင့်
အခုပဲခွဲခွာရတာကို ချက်ချင်းကြီး လွမ်းရတော့တယ်..။

.....

ချယ်ယောင်းအိမ်မရောက်ခင် တောင်ကုန်းလေးမှာသွားထိုင်ပြီး
ငေးနေမိတယ်။
ငိုချင်နေပေမယ့်
ဝမ်းနည်းလွန်းလို့ လူက တစ်ဆို့နေတယ်။
ခဏပါပဲလို့တွေးပေမယ့်
အဲဒီခဏကို ခံနိူင်ရည်ရှိပါ့မလား။
အဲဒီခဏမှာ သူပြောင်းလဲသွားရင်ရော..။
သူမပါတဲ့နေ့ရက်တွေကို တကယ်ပဲဖြတ်သန်းနိူင်ရဲ့လား။
တလိမ့်လိမ့်စီးကျလာတဲ့ မျက်ရည်တွေကို အသာသုတ်နေပေမယ့်
တာကျိုးသလို မရပ်မနား။
ရှိုက်သံမထွက်အောင် ကြိုးစားနေပေမယ့်
ရှုံးပွဲချလည်းငိုပစ်ချင်နေပြီ။
နှာခေါင်းထိပ်တွေနီရဲနေပြီး
နှုတ်ခမ်းတွေလည်းတုန်ယင်နေပြီ..
ဟုတ်တယ်..
ပြတ်မှဖြစ်မယ်..
ပြတ်သွားမှပဲ အဆင်ပြေသွားမှာ..
ပြတ်တယ်လို့သိမှ အဆင်ပြေမှာ..

တို့ကိုယုံပေးပါ ဘာဒါ
ချစ်တယ်..
တို့ မင်းဆီကို
ပြန်လာမှာပါ..။

....

ဘာဒါပြန်ရောက်တော့ ကျောင်းကိစ္စနဲ့လူကသိပ်မအားဘူး။
ကိုယ်အားတဲ့အချိန်လည်း မမက မအားဘူး။
အတူနေခဲ့တော့ ဒီအချိန်ဆို ဘာလုပ်နေလောက်တယ်ဆိုတာမျိုးတွေးပြီး အရင်လောက်တော့ မပူပန်ဖြစ်တော့ဘူး။
Filmတွေ ကျောင်းမှာ သေချာအပ်ပြီး
Festival အတွက် ပြင်ဆင်ကြတယ်။
ဟိုဘက်ကို ချိတ်ရတယ်။
သွားတွေ့ရတဲ့လူတွေရှိတယ်။
တစ်ရက်နှစ်ရက်တော့ မမဆီဖုန်းမဆက်အား။
ပတ်ချယ်ယောင်းကလည်း မပြန်ခင်သာ
ချွဲတာ ပြီးတော့ ဖုန်းလေးတောင်တချက်မဆက်တော့ဘူး။
လက်စွပ်ကိုမြင်တိုင်း သဝန်တိုတတ်သူလေးကိုတွေးမိပြီး ပြုံးရတယ်။

နာဟီးတို့နဲ့တွေ့တော့

''ပြန်ရောက်လာသားပဲ''

''အင်း နင်တို့ကိုသတိရလို့ပြန်လာတာ''

''ဟုတ်နေဦးမယ် ဟိုရောက်တော့
ဖုန်းတောင်မဆက်ပဲနဲ့
ငါ့မှာတော့မမကိုပြောပေးလိုက်ရတာ''

''မမက နင့်ကိုမဆူဘူးလား''

''မဆူပါဘူး''

''တော်တော်အလိုလိုက်ခံထားရတာပဲ အီဘာဒါတို့''

''ငါ့မမက ချစ်တာကိုး ဆူရက်ပါ့မလား''

''နင်သဲသဲလှုပ်နေပုံနဲ့ သူ့အိမ်က မရိပ်မိဘူးလား''

''အင်းးး နှစ်ယောက်လောက်တော့ ရိပ်မိသွားတယ်ထင်တယ်''

''ဟုတ်လား အိမ်မှာဘယ်နှယောက်ရှိတာလဲ''

''သုံးယောက်''

''ဟယ် ''

ဝိုင်းရယ်ကြတော့တယ်။

''နင့်ကိုမောင်းမထုတ်ကြဘူးလား''

''မောင်းမထုတ်ပါဘူး
ငါက ပြန်​တောင်မလာချင်ဘူး
အဲဒီမှာပဲ မမအဖေနဲ့အမေလို ဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်းနေချင်တော့တာ''

''နေပါလား ဘာလို့ပြန်လာလဲ''

''Festival ကိစ္စကြီးတန်းလန်းမို့လို့လေ''

''ဟယ်ဝန်း တချို့တွေ လက်စွပ်နဲ့နော်''

''အင်း ငါလက်ထပ်ခွင့်တောင်းခဲ့ပြီ''

''ဟေးးးးးး''

တဖတ်ဖတ်နဲ့ဝိုင်းရိုက်ပြီး မေးကြတော့တယ်

''မေးရင်လည်းမေး ဘာလို့လာရိုက်နေတာလဲ''

''ဘာလဲ ဘာလဲ တကယ်ကြီးလား
မမကဘာပြောလဲ လက်ခံလား''

''အင်း လက်ခံတယ်''

''ဟယ် နင့်ကို အလုပ်မရှိအကိုင်မရှိကိုလေ''

''နောက်ရှိလာမှ ယူမှာပေါ့ ငတုံးတွေရဲ့
ငါ့မမက ကျောင်းကကောင်မလေးတွေမြင်အောင် လက်စွပ်အမြဲတမ်းဝတ်ထားပါတဲ့''

''အားးးးးး ချိုလိုက်တာ''

''အဲ့တော့ ဒူးထောက်ပြီး proposeလုပ်ခဲ့တယ်ပေါ့''

''ဟုတ်တယ် ဒူးထောက်ပြီးတော့''

ဟုတ်တယ်လေ
ဒူးထောက်ထားတာပဲ..
သူတို့ထင်သလိုထောက်တာမဟုတ်တာတစ်ခုပဲ။
ဒူးတော့ထောက်ထားတယ်။

''အဲ့တော့ မမက ဘယ်တော့ပြန်လာမှာတဲ့လဲ''

''အင်း ဖုန်းဆက်ရဦးမယ် အခုတလော ဖုန်းမဆက်ဖြစ်ဘူး ငါအားတဲ့အချိန်လည်း သူမအားလောက်ဘူးထင်တာနဲ့''

''ညရော''

''ညကျ ပင်ပန်းနေပြီ
ဟိုမှာ စောစောအိပ်လို့လေ
သနားလို့ မဆက်တော့တာ''

''အရမ်းကဲနော်''

ဟယ်ဝန်းတို့ နာဟီးတို့နဲ့ လမ်းခွဲပြီး အိမ်ပြန်လာတော့
ရေမိုးချိုးပြီး အိပ်ယာပေါ်လှဲကာ မမကိုဖုန်းဆက်ရမလားလို့နာရီကြည့်လိုက်တယ်။
စောသေးတယ်ဆိုတော့ ဆက်လိုက်ပါမယ်လေ။

''လူကြီးမင်းခေါ်ဆိုသော..''

ဖုန်းပိတ်ထားတာလား
အားကုန်နေတယ်ထင်တယ်။
မနက်မှခေါ်ကြည့်ဦးမယ်
အသံလေးမကြားရတာကြာပြီ။
ပြန်လာမယ်ဆို လာသင့်နေပြီမလား။
အိမ်ရှေ့တံခါးဝမှာ ရပ်နေပြီး surpriseလုပ်ချင်လို့လား။
အဲလိုနဲ့ ပတ်ချယ်ယောင်းအသံ ပတ်ချယ်ယောင်းအထိအတွေ့မပါပဲ ပတ်ချယ်ယောင်းရဲ့ အိပ်ရာမှာ တစ်ယောက်ထဲအိပ်လိုက်ရပြန်တယ်။

........

မနက်ကျတော့ ကျောင်းကစောစောလာခဲ့ဖို့ပြောတာကြောင့် အပြေးသွားပြီး ဖုန်းလည်းမဆက်ဖြစ်။
msgလေးတွေပို့ထားလိုက်ပြီး တနေကုန်အလုပ်များနေတော့တယ်။
ညနေစောင်းလောက်ဖုန်းခေါ်တော့လည်း ဖုန်းကပိတ်ထားပြန်တယ်။
မက်ဆေ့ပို့ထားတာတွေလည်းဖွင့်မဖတ်။
ဘာဖြစ်တာလဲ။
နည်းနည်းတော့တမျိုးဖြစ်သွားတယ်။
ပတ်ဂျွန်ယောင်းဖုန်းနံပါတ်လည်းမယူခဲ့ရဘူး။
နာဟီးဆီလှမ်းဖုန်းဆက်လိုက်တယ်။

''အင်း ဘာဒါပြော''

''အိမ်မှာလား''

''အေး''

''မမဂျယ်ဟီး ငါ့မမနဲ့အဆက်အသွယ်ရလားမေးပေးဦး''

''မေးလိုက်မယ် ခဏလေး''

''မရဘူးတဲ့ ဘာဒါ ဘာလို့လဲ''

''ငါဖုန်းဆက်တာမရလို့''

''တော်ရုံပဲကဲနော်''

''သုံးရက်လောက်ရှိပြီ
စက်ပိတ်ထားတယ်ဆိုလို့''

''ဟယ် ဖုန်းတခုခုဖြစ်လို့လား''

''တခုခုဖြစ်ရင် တခြားဖုန်းနဲ့ခေါ်လို့ရတာပဲအေးပါ..ဒါပဲ ဒါပဲ''

လိုက်သွားလို့လည်းမရ။
ဒီရက်တွေလုံးဝမအားဘူးဖြစ်နေတာ။
ကျောင်းကိစ္စပြီးရင်တော့ လိုက်သွားမှဖြစ်မယ်။

ဒါပေမယ့် အခန်းရှေ့က အသံကြားရင်
ပြန်လာပြီလားလို့ ထွက်ကြည့်ရတာအမော။

တမင်နှိပ်စက်ထားတာလား မမရယ်။
တကယ်လိုက်လာ မလာသိချင်လို့လား။
ကိုယ်တကယ်မနေနိုင်ဘူးနော်..
ကိုယ်တကယ်လိုက်လာမှာ..။

အခုဆိုရင် ဘယ်ရောက်ရောက် ဖုန်းထုတ်ပြီး မမဖုန်းကိုခေါ်ကြည့်ရတယ်။
တခါတလေများဖုန်းဖွင့်မလားလို့။
အဲလိုနဲ့ တပါတ်ကြာသွားတယ်။
သူများတွေ ပွဲတော်အတွက် ဂျပန်လိုက်သွားကြပေမယ့်
ဘာဒါမလိုက်နိုင်ပါ။
မနက်ဖြန်
မမတို့ဆီလိုက်သွားမယ်လို့ပဲ တွေးလိုက်တော့တယ်။
ထပ်ပြီး မခံစားနိုင်တော့ဘူး
အိမ်ကလူတွေဘယ်လိုထင်ထင်
မေးရင်လည်း ဟုတ်တယ်လို့ပဲပြောလိုက်တော့မယ်။
အိမ်ပြန်လာတော့
အိမ်ထဲမှာ ပတ်ချယ်ယောင်းရဲ့ကိုယ်သင်းနံ့လေးဖျတ်ခနဲ။
ပြန်ရောက်နေပြီလား။
ပြန်လာပြီပေါ့။

''မမ''

''မမ ''

''ပတ်ချယ်ယောင်း''

မီးမဖွင့်ထားပေမယ့်
စနောက်နေတာများလားလို့တွေးပြီး
တစ်အိမ်လုံးကို လျှောက်သွားပြီး အော်ခေါ်နေပေမယ့်
ထူးမယ့်သူမရှိပါ။
တကယ်ကို ဘယ်သူမှစောင့်မနေသလို..
ဘယ်သူမှလည်းပြန်မလာခဲ့..

''ပတ်ချယ်ယောင်း..''

အိပ်ယာပေါ်ပစ်လှဲပြီး မျက်နှာကြက်ကို အဓိပ္ပါယ်မဲ့စွာ ကြည့်နေမိတယ်။

ကိုယ့်အဖြစ်ကို တစ်ယောက်ယောက်ကြည့်နေရင် အရူးလိုပဲလိုပြောမှာမလား။
မင်းကြည့်နေရင်ရော ဘယ်လိုပြောမှာလဲ မမ။

လက်ဆန့်လိုက်တော့
ဘေးက စားပွဲပေါ်မှာ တခုခုစမ်းမိတယ်။
ခေါင်းထောင်ပြီး ကြည့်လိုက်တော့ စာရွက်ခေါက်လေး။

အိပ်ယာက ထထိုင်ပြီး ဖွင့်ဖတ်ကြည့်တော့

''ဘာဒါရေ..

တောင်းပန်ပါတယ်..
တို့တွေ ဒီတိုင်းတော့ မဖြစ်ဘူးမလား..

မင်းတစ်နေ့တော့ နားလည်မှာပါ..

ချစ်တဲ့
ပတ်ချယ်ယောင်း''

ဘာဒါစာကိုကိုင်ပြီး
အောက်ကိုပြေးဆင်းခဲ့တယ်။
ဓာတ်လှေကားက ခါတိုင်းထက်ပိုကြာနေပြီး
ရပ်စောင့်မနေနိုင်လောက်အောင် စိတ်ကအလျင်လိုနေပြီ။
လှေကားထစ်တွေအတိုင်း ပြေးဆင်းခဲ့ပြီး
နှစ်လွှာမှာလည်း ခါတိုင်းလိုမရပ်ခဲ့နိုင်။
အောက်ကိုရောက်ပြီး ဘယ်ဘက်ကိုလိုက်ရမှန်းမသိပဲ လိုက်ခဲ့ရပြီး
ဘယ်တုန်းကလာသွားမှန်းမသိတဲ့သူကို အပြေးအလွှားလိုက်ရှာမိတယ်။
ပတ်ချယ်ယောင်း သူ့ကိုထားခဲ့ပြီလား
ဘာလို့လဲ..
လမ်းတွေမှာ ဘယ်လောက်ကြာအောင်ပြေးလွှားနေခဲ့မှန်းမသိပဲ ညသန်းခေါင်လောက်အထိ လမ်းမပေါ်မှာ။
လမ်းဘေးမှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး
စက်ပိတ်ထားတဲ့ဖုန်းကို အကြိမ်ကြိမ်ခေါ်နေမိတယ်။
ဘာမှားသွားလို့လဲ။
အားလုံးကို ပဟေဠိဆက်သလိုဆက်နေပေမယ့်
မေးခွန်းမှားနေတဲ့လူတစ်ယောက်လို အဖြေကိုရှာမရနိုင်ခဲ့။

ချစ်ရပါသော ပတ်ချယ်ယောင်းက သူ့ကို
အိမ်မွေးကြောင်လေးတစ်ကောင်ကို
လမ်းဘေးမှာစွန့်ပစ်သလို စွန့်ပစ်ခဲ့တာတဲ့။
ရာသီဥတုက ပိုအေးသလိုခံစားရပြီး
လူတွေကလည်း လှောင်နေသလိုခံစားရတယ်။
တစ်လောကလုံးမှာ တစ်ယောက်ထဲရှိပြီး
အဲ့ဒီတစ်ယောက်ဖြစ်တဲ့ကိုယ်တိုင်ကလည်း
ကိုယ့်ကိုကိုယ်တောင်မရပ်တည်ပေးချင်တော့..။

နောက်တစ်ပိုင်းမျှော်

ချစ်တဲ့လင်း(စောစောUpပေးလို့ အာဘွားပေးကြ)

( အချစ်ရဆုံး သူစိမ်းလေး)

Zawgyi

တေနကုန္ပဲ မမက စကားအၾကာႀကီးအေျပာမခံပဲ အလုပ္ေတြရႈပ္ျပေနတယ္။
ဘာဒါဆိုင္မွာ ခဏဝင္ကူေပးေပမယ့္
လူလည္းမလစ္ေတာ့ ဘာမွေမးလို႔မရ။
ၾကာေတာ့ လူလည္း အႀကံထုတ္ရေတာ့တယ္။

''မမ အခုျပင္ထားတာေလး ခဏလိုက္ၾကည့္ၿပီး လိုတာေလးေျပာေပးပါလား''

''ဟင္ ညမွၾကည့္ေပးမယ္ေလ''

ပတ္ခ်ယ္ေယာင္းက ေရွာင္တယ္ေပါ့။

''မဟုတ္ဘူး ျပင္ၿပီးတာနဲ႕ ဟိုကိုပို႔ေပးရမွာ အဲဒါေၾကာင့္''

''ဒီမွာလည္း မအားေသး..''

''လိုက္လုပ္ေပးလိုက္ေလ ခ်ယ္ေယာင္း''

မမအေဖက ဝင္ေျပာတယ္။

''ဟို..''

''ရပါတယ္ ဒီမွာ အေဖတို႔ လုပ္နိုင္တယ္ သြားသြား''

မလိုက္ခ်င္လိုက္ခ်င္နဲ႕ လိုက္လာၿပီး
အိမ္ထဲေရာက္ေတာ့

''မမ ဘာလို႔ေရွာင္ေနတာလဲ''

''ရွက္လို႔''

ဟင္..ဘာဒါတို႔အိမ္ကကိစၥသိလို႔မဟုတ္ဘူးလား။

''ဟင္ ဘာကိုရွက္တာလဲ''

''ခုနက အေမက ေလွ်ာက္ေမးေနလို႔ေလ''

''အာ မမကလည္း အဲဒါရွက္စရာလား''

''ရွက္တာေပါ့ အခုေခတ္မွာ ဘယ္သူက အဲလိုေမးေတာ့လို႔လဲ''

''မသိပါဘူး
ကိုယ့္အိမ္က သိတာကို မမမ်ားသိေနလားလို႔''

''အဲဒါက
ဘာဒါမွမေျပာတာ''

အင္းေလ။
မေျပာထားပဲ ဘယ္လိုသိမွာလဲ။

''အင္း အေမသိတယ္
အေဖေတာ့မသိေသးဘူးထင္တာပဲ''

''ဘာတဲ့လဲဟင္''

''ဟင္..ေၾသာ္
ဒီလိုပါပဲ.. အေမ့ကိုေတာ့
ေတာ္ေတာ္လိုက္ထားရတာလို႔ေျပာထားတာ
ထားလိုက္ပါ
အေမနဲ႕လက္ထပ္မွာမွမဟုတ္တာ
ကိုယ္နဲ႕လက္ထပ္မွာပဲ အေမ့သေဘာမလိုပါဘူး''

မမက အသာၿပဳံးတယ္။

''ဒါနဲ႕ ခုနက အေဒၚက ရိပ္မိေနတာလား''

''ထင္တာပဲ ဘာမွေတာ့မေမးပါဘူး''

''မမ ကိုယ္မနက္ျဖန္ေလာက္ျပန္ရမယ္ထင္တယ္''

''ဟုတ္လား''

''အင္း အတူတူျပန္ခ်င္ေပမယ့္
ဘယ္လိုလုပ္ရမလဲ
ျမန္ျမန္ျပန္ခဲ့ေနာ္
ဒါမွမဟုတ္ ကိုယ္နဲ႕အတူျပန္လိုက္ခဲ့မလား''

''မလိုက္ပါဘူး ျပန္ႏွင့္''

''မၾကာေစနဲ႕ေနာ္
ၾကာေနရင္ ေနာက္တစ္ေခါက္ျပန္လာမွာ''

''အင္းပါ သိပါတယ္''

အဲဒီညကေတာ့ မမက ဘာအေတြးေပၚလဲမသိဘူး။
သူ႕ကုတင္က်ဥ္းက်ဥ္းေလးမွာ ႏွစ္ေယာက္အိပ္ရေအာင္တဲ့။
ကုတင္ေပၚႏွစ္ေယာက္သားလွဲေနၾကရင္း

''ဘာဒါ''

''အင္း''

''တို႔ကိုခ်စ္လား''

''မခ်စ္ဘူး''

မမက ရယ္ၿပီးေတာ့
သူ႕လက္ေမာင္းေပၚေခါင္းအုံးအိပ္ေနရာက ေမာ့ၾကည့္တယ္။

''ဘာလို႔လဲ''

ေမးၿပီးေတာ့
ဘာဒါ ေပါင္တစ္ဖက္ကိုလည္း ခြၿပီး ေျခေထာက္တင္တယ္။
ပတ္ခ်ယ္ေယာင္းေတာ့ နာခ်င္ၿပီထင္တယ္။

''အတူတူျပန္မလိုက္လို႔ေပါ့''

''လူႀကီးျဖစ္ေနၿပီဆို''

''ေျခေထာက္ဖယ္ေနာ္
ၿပီးမွအေမၾကားမွာစိုးလို႔ အေဖၾကားမွာစိုးလို႔လို႔မေျပာနဲ႕''

''ဟင္ ဘာဆိုင္လို႔လဲ
ခ်စ္လို႔တင္ထားတာကို
ဘာလို႔လဲ ေျခေထာက္ေလးတစ္ဖက္တင္ထားတာ ေလးလို႔လား''

''ေလးလို႔ျဖစ္မလား
ဟင္ မသိဘူးလား''

''ႏွာဘူးေလး''

''သိရင္ၿပီးတာပဲ''

''ဘာဒါ''

''အင္း''

''မင္းဒီက ျပန္ရင္ လက္စြပ္ကို လက္မွာပဲဝတ္ေနာ္''

''အင္းး ဘာလို႔လဲ''

''ပိုင္ရွင္ရွိတာလူသိေအာင္ေပါ့
ငတုံးေလးရဲ႕''

''ဟားဟား အင္းပါ
အတူက် မလိုက္ခ်င္ဘူး ဥစၥာကေတာ့ေျခာက္တယ္''

''တို႔လည္းဝတ္ထားမွာ''

''အင္း ဝတ္ထားရမွာေပါ့
ဆိုင္လာတဲ့လူေတြထဲ ေကာင္ေလးေတြပါရင္ လက္စြပ္ကိုျပထား ၾကားလား''

''အင္းပါ
မင္းလည္း ေက်ာင္းကေကာင္မေလးေတြကို ျပထား..
ေရခ်ိဳးရင္ေတာင္မခြၽတ္နဲ႕''

''ေရခ်ိဳးရင္ ဘယ္သူရွိမွာမို႔လို႔လဲ''

''ေပ်ာက္သြားရင္ဘယ္လိုလုပ္မလဲ''

''ေပ်ာက္သြားရင္ ျပန္ဝယ္ၾကတာေပါ့''

''မေပ်ာက္ရဘူးေနာ္
မနက္ျဖန္ ဘယ္အခ်ိန္ျပန္မွာ''

''ေန႕လည္မွ''

''အင္းး တို႔ကိုနမ္း''

''ေဟာ ျပန္ခါနီးမွ ခြၽဲေနျပန္ၿပီ
တြဲခဲ့တဲ့ရက္ေတြအတြင္း ဒါပထမဆုံးေျပာတာေနာ္ သတိထားမိလား''

''အဲလိုျဖစ္သြားလား''

နဖူးကိုငုံ႕နမ္းလိုက္ေတာ့
မ်က္လုံးေလးက မွိတ္က်သြားတယ္။
မ်က္ခြံေလးေတြပါ ႏႈတ္ခမ္းနဲ႕ထိကပ္နမ္းရင္း
ပါးျပင္ကို ႏွာေခါင္းနဲ႕ပြတ္ဆြဲကာ
နား႐ြက္ဖ်ားေလးကို ကိုက္လိုက္မိတယ္။
အသဲယားလိုက္တာ..ပတ္ခ်ယ္ေယာင္းေရ..။
တို႔ကိုနမ္းတဲ့လား..။
ေမးဖ်ားေလးကိုပါ နမ္းၿပီး လည္တိုင္ဆီငုံ႕ခ်လိဳက္ေတာ့
ဘာဒါ့မ်က္ႏွာကို မမက ဆြဲယူၿပီး ႏႈတ္ခမ္းေတြကို နမ္းတယ္..

ျပန္မနမ္းပဲ ၿငိမ္ခံေနတာေတာင္
ဘာမွမေျပာပဲ ဆက္နမ္းေနၿပီး
ဘာဒါ့ႏႈတ္ခမ္းေတြကို အၾကာႀကီးနမ္းေနခဲ့တယ္။
မမလည္း လြမ္းေနတာပဲဆိုတဲ့အသိနဲ႕
လူက ေတာ္ေတာ္ၾကည္ႏူးသြားတယ္။
မ်က္ႏွာေလးကို လက္ဖဝါးနဲ႕ထဲထည့္ကိုင္ၿပီး
အေပၚႏႈတ္ခမ္းေလးကို ျပန္နမ္းလိုက္ေတာ့
မမက ဘာဒါ့ေအာက္ႏႈတ္ခမ္းကို ျပန္နမ္းတယ္။
အသာအယာပဲဆြဲစုပ္ေနၾကရင္းပဲ ကိုယ္ခ်င္းလည္း ပိုပူးကပ္သထက္ ကပ္ေအာင္ တစ္ေယာက္နဲ႕တစ္ေယာက္ဆြဲယူရင္းမွ
မမနဖူးေလးကို နမ္းလိုက္တယ္။
ပတ္ခ်ယ္ေယာင္းက သူ႕အႀကိဳက္ဆုံး ဘာဒါ့လည္တိုင္မွာ မ်က္ႏွာအပ္ၿပီး

''ခ်စ္တယ္''

ေျပာၿပီး လည္တိုင္မွာ markingရာေပၚေအာင္လုပ္တယ္။
အၾကာႀကီးဆြဲစုပ္ေနၿပီးမွ

''အသဲပုံေလးေပၚေအာင္လုပ္ေပးရမလား''

''လုပ္ေလ ကိုယ္ကေတာ့ ႀကိဳက္တာေပါ့''

''မနက္က် ပတ္ဂြၽန္ေယာင္းက ေမးေနမလားမသိဘူးေနာ္''

''ေမးရင္ေျဖလိုက္မယ္ေလ
ဟုတ္တယ္လို႔''

''ဟြန့္ မလုပ္ေတာ့ဘူး''

''ျပန္လာမွလုပ္ေတာ့
ေက်ာင္းကို အဲ့လိုအသဲပုံေလးနဲ႕တက္ေပးမယ္
မမလည္း ႐ုံးကိုအသဲပုံေလးနဲ႕တက္
ဘယ္လိုလဲ''

''အင္း''

''ဘာလို႔အတင္းဖက္ေနတာလဲ ပတ္ခ်ယ္ေယာင္းရဲ႕''

''ကုတင္က်ဥ္းလို႔ေလ ျပဳတ္က်မွာစိုးလို႔''

''ႏွစ္ေယာက္ထပ္ၿပီး အိပ္မလား''

''တို႔အေပၚက''

''ဟားဟား အင္းပါ
အိပ္ေပါ့ အေပၚက
အေပၚမွာအိပ္လည္း B က Bပဲ''

''ဘာျဖစ္ျဖစ္''

ဘာဒါ့ရင္ဘတ္ေပၚလာေမွာက္ရင္း အိပ္သြားတဲ့ ပိစိေလးကို အသာျပန္ဖက္ရင္း
အိပ္ေပ်ာ္ေအာင္အိပ္လိုက္ေတာ့တယ္။
ပတ္ခ်ယ္ေယာင္းကို အၿမဲတမ္းဒီလိုခြၽဲပ်စ္ေနေအာင္ ဘာေဆးေကြၽးရပါ့။

.......

ေနာက္ရက္က် မမက သူ႕အေဖရဲ႕Light truckကိုေမာင္းၿပီး ကားဂိတ္ထိလိုက္ပို႔ေပးတယ္။
ကားေမာင္းတာ တစ္ခါမွမျမင္ဖူးလို႔
ျမင္ရတာ တကယ္အထူးအဆန္း။
လြမ္းလို႔ဆိုၿပီး ဘာဒါ့တီရွပ္ႏွစ္ထည္လည္းယူထားလိုက္ေသးတယ္။
တစ္ထည္က အခုဝတ္လာတယ္ေလ။
အကၤ်ီပြပြကို ေဘာင္းဘီထဲထည့္ဝတ္ထားေပမယ့္ မေတာ္တေရာ္ေလးနဲ႕ေတာင္ လွေနေရာ။

''မမ ကိုယ္တို႔ ဒီမွာပဲ အေမတို႔ဆိုင္ကို ကူေရာင္းရင္းေနၾကမလား''

''ဟင္ ဘာလို႔လဲ''

''ကိုယ္ ဒီမွာေပ်ာ္လို႔ေလ''

''ဒီလိုေနနိုင္လို႔လား
ခဏတျဖဳတ္မို႔ ေပ်ာ္တာပါ ရွင္ရယ္''

''မမပါရင္ ကိုယ္ေနနိုင္တာေပါ့''

''အေျပာကေတာ့ေနာ္''

''အေျပာပဲထင္လို႔လား''

''ဂိတ္ေရာက္ရင္ေလ တို႔ကို မနမ္းခဲ့နဲ႕ေနာ္''

''နမ္းမွာပဲ''

''လူကအိမ္မေရာက္ခင္
နမ္းတဲ့သတင္းက အိမ္ေရာက္ႏွင့္ေနမွာ အီဘာဒါရဲ႕''

ကားေပၚတက္ခါနီး တင္းေနေအာင္ဖက္ေနျပန္တယ္။
လာတုန္းကေတာ့ ဂိတ္ေရာက္ရင္ သူ႕ကိုမနမ္းပါနဲ႕လို႔ တဖြဖြမွာေနခဲ့ၿပီးေတာ့ေလ။

''ဘာဒါ ခ်စ္တယ္ေနာ္''

''ခ်စ္ရင္ ျမန္ျမန္ျပန္ခဲ့
အဲဒါမွ ယုံေပးမယ္''

''လက္စြပ္ေရာ္''

''ဒီမွာ''

အကၤ်ီထဲက ထုတ္ျပေတာ့

''ကားေပၚေရာက္တာနဲ႕ထုတ္ဝတ္ေနာ္
ဟိုခုံက ေကာင္မေလးက ေခ်ာတယ္''

''ဟားဟား ဟုတ္လား
ပတ္ခ်ယ္ေယာင္းေလာက္ေခ်ာလား''

''မင္းအျမင္ေပၚမူတည္တာေပါ့''

''ကိုယ့္အျမင္က မမအေခ်ာဆုံးပဲ
စိတ္မပူနဲ႕
ကိုယ္ လက္စြပ္ထုတ္ဝတ္လိုက္မယ္''

ကားထြက္ခါနီးမွ ကားေပၚတက္လိုက္တယ္..
ကားထြက္ေတာ့ လွမ္းၾကည့္ေနတဲ့ မမမ်က္လုံးေတြက ဘာလို႔ဝမ္းနည္းစရာေကာင္းေနမွန္းမသိ။
နာနာက်င္က်င္လွမ္းေငးေနခဲ့ၿပီး..တျဖည္းျဖည္းေဝးသြားတဲ့ ပုံရိပ္ေလးေၾကာင့္
အခုပဲခြဲခြာရတာကို ခ်က္ခ်င္းႀကီး လြမ္းရေတာ့တယ္..။

.....

ခ်ယ္ေယာင္းအိမ္မေရာက္ခင္ ေတာင္ကုန္းေလးမွာသြားထိုင္ၿပီး
ေငးေနမိတယ္။
ငိုခ်င္ေနေပမယ့္
ဝမ္းနည္းလြန္းလို႔ လူက တစ္ဆို႔ေနတယ္။
ခဏပါပဲလို႔ေတြးေပမယ့္
အဲဒီခဏကို ခံနိူင္ရည္ရွိပါ့မလား။
အဲဒီခဏမွာ သူေျပာင္းလဲသြားရင္ေရာ..။
သူမပါတဲ့ေန႕ရက္ေတြကို တကယ္ပဲျဖတ္သန္းနိူင္ရဲ႕လား။
တလိမ့္လိမ့္စီးက်လာတဲ့ မ်က္ရည္ေတြကို အသာသုတ္ေနေပမယ့္
တာက်ိဳးသလို မရပ္မနား။
ရွိုက္သံမထြက္ေအာင္ ႀကိဳးစားေနေပမယ့္
ရႈံးပြဲခ်လည္းငိုပစ္ခ်င္ေနၿပီ။
ႏွာေခါင္းထိပ္ေတြနီရဲေနၿပီး
ႏႈတ္ခမ္းေတြလည္းတုန္ယင္ေနၿပီ..
ဟုတ္တယ္..
ျပတ္မွျဖစ္မယ္..
ျပတ္သြားမွပဲ အဆင္ေျပသြားမွာ..
ျပတ္တယ္လို႔သိမွ အဆင္ေျပမွာ..

တို႔ကိုယုံေပးပါ ဘာဒါ
ခ်စ္တယ္..
တို႔ မင္းဆီကို
ျပန္လာမွာပါ..။

....

ဘာဒါျပန္ေရာက္ေတာ့ ေက်ာင္းကိစၥနဲ႕လူကသိပ္မအားဘူး။
ကိုယ္အားတဲ့အခ်ိန္လည္း မမက မအားဘူး။
အတူေနခဲ့ေတာ့ ဒီအခ်ိန္ဆို ဘာလုပ္ေနေလာက္တယ္ဆိုတာမ်ိဳးေတြးၿပီး အရင္ေလာက္ေတာ့ မပူပန္ျဖစ္ေတာ့ဘူး။
Filmေတြ ေက်ာင္းမွာ ေသခ်ာအပ္ၿပီး
Festival အတြက္ ျပင္ဆင္ၾကတယ္။
ဟိုဘက္ကို ခ်ိတ္ရတယ္။
သြားေတြ႕ရတဲ့လူေတြရွိတယ္။
တစ္ရက္ႏွစ္ရက္ေတာ့ မမဆီဖုန္းမဆက္အား။
ပတ္ခ်ယ္ေယာင္းကလည္း မျပန္ခင္သာ
ခြၽဲတာ ၿပီးေတာ့ ဖုန္းေလးေတာင္တခ်က္မဆက္ေတာ့ဘူး။
လက္စြပ္ကိုျမင္တိုင္း သဝန္တိုတတ္သူေလးကိုေတြးမိၿပီး ၿပဳံးရတယ္။

နာဟီးတို႔နဲ႕ေတြ႕ေတာ့

''ျပန္ေရာက္လာသားပဲ''

''အင္း နင္တို႔ကိုသတိရလို႔ျပန္လာတာ''

''ဟုတ္ေနဦးမယ္ ဟိုေရာက္ေတာ့
ဖုန္းေတာင္မဆက္ပဲနဲ႕
ငါ့မွာေတာ့မမကိုေျပာေပးလိုက္ရတာ''

''မမက နင့္ကိုမဆူဘူးလား''

''မဆူပါဘူး''

''ေတာ္ေတာ္အလိုလိုက္ခံထားရတာပဲ အီဘာဒါတို႔''

''ငါ့မမက ခ်စ္တာကိုး ဆူရက္ပါ့မလား''

''နင္သဲသဲလႈပ္ေနပုံနဲ႕ သူ႕အိမ္က မရိပ္မိဘူးလား''

''အင္းးး ႏွစ္ေယာက္ေလာက္ေတာ့ ရိပ္မိသြားတယ္ထင္တယ္''

''ဟုတ္လား အိမ္မွာဘယ္ႏွေယာက္ရွိတာလဲ''

''သုံးေယာက္''

''ဟယ္ ''

ဝိုင္းရယ္ၾကေတာ့တယ္။

''နင့္ကိုေမာင္းမထုတ္ၾကဘူးလား''

''ေမာင္းမထုတ္ပါဘူး
ငါက ျပန္ေတာင္မလာခ်င္ဘူး
အဲဒီမွာပဲ မမအေဖနဲ႕အေမလို ဆိုင္ေလးဖြင့္ၿပီး ေအးေအးခ်မ္းခ်မ္းေနခ်င္ေတာ့တာ''

''ေနပါလား ဘာလို႔ျပန္လာလဲ''

''Festival ကိစၥႀကီးတန္းလန္းမို႔လို႔ေလ''

''ဟယ္ဝန္း တခ်ိဳ႕ေတြ လက္စြပ္နဲ႕ေနာ္''

''အင္း ငါလက္ထပ္ခြင့္ေတာင္းခဲ့ၿပီ''

''ေဟးးးးးး''

တဖတ္ဖတ္နဲ႕ဝိုင္းရိုက္ၿပီး ေမးၾကေတာ့တယ္

''ေမးရင္လည္းေမး ဘာလို႔လာရိုက္ေနတာလဲ''

''ဘာလဲ ဘာလဲ တကယ္ႀကီးလား
မမကဘာေျပာလဲ လက္ခံလား''

''အင္း လက္ခံတယ္''

''ဟယ္ နင့္ကို အလုပ္မရွိအကိုင္မရွိကိုေလ''

''ေနာက္ရွိလာမွ ယူမွာေပါ့ ငတုံးေတြရဲ႕
ငါ့မမက ေက်ာင္းကေကာင္မေလးေတြျမင္ေအာင္ လက္စြပ္အၿမဲတမ္းဝတ္ထားပါတဲ့''

''အားးးးးး ခ်ိဳလိုက္တာ''

''အဲ့ေတာ့ ဒူးေထာက္ၿပီး proposeလုပ္ခဲ့တယ္ေပါ့''

''ဟုတ္တယ္ ဒူးေထာက္ၿပီးေတာ့''

ဟုတ္တယ္ေလ
ဒူးေထာက္ထားတာပဲ..
သူတို႔ထင္သလိုေထာက္တာမဟုတ္တာတစ္ခုပဲ။
ဒူးေတာ့ေထာက္ထားတယ္။

''အဲ့ေတာ့ မမက ဘယ္ေတာ့ျပန္လာမွာတဲ့လဲ''

''အင္း ဖုန္းဆက္ရဦးမယ္ အခုတေလာ ဖုန္းမဆက္ျဖစ္ဘူး ငါအားတဲ့အခ်ိန္လည္း သူမအားေလာက္ဘူးထင္တာနဲ႕''

''ညေရာ''

''ညက် ပင္ပန္းေနၿပီ
ဟိုမွာ ေစာေစာအိပ္လို႔ေလ
သနားလို႔ မဆက္ေတာ့တာ''

''အရမ္းကဲေနာ္''

ဟယ္ဝန္းတို႔ နာဟီးတို႔နဲ႕ လမ္းခြဲၿပီး အိမ္ျပန္လာေတာ့
ေရမိုးခ်ိဳးၿပီး အိပ္ယာေပၚလွဲကာ မမကိုဖုန္းဆက္ရမလားလို႔နာရီၾကည့္လိုက္တယ္။
ေစာေသးတယ္ဆိုေတာ့ ဆက္လိုက္ပါမယ္ေလ။

''လူႀကီးမင္းေခၚဆိုေသာ..''

ဖုန္းပိတ္ထားတာလား
အားကုန္ေနတယ္ထင္တယ္။
မနက္မွေခၚၾကည့္ဦးမယ္
အသံေလးမၾကားရတာၾကာၿပီ။
ျပန္လာမယ္ဆို လာသင့္ေနၿပီမလား။
အိမ္ေရွ႕တံခါးဝမွာ ရပ္ေနၿပီး surpriseလုပ္ခ်င္လို႔လား။
အဲလိုနဲ႕ ပတ္ခ်ယ္ေယာင္းအသံ ပတ္ခ်ယ္ေယာင္းအထိအေတြ႕မပါပဲ ပတ္ခ်ယ္ေယာင္းရဲ႕ အိပ္ရာမွာ တစ္ေယာက္ထဲအိပ္လိုက္ရျပန္တယ္။

........

မနက္က်ေတာ့ ေက်ာင္းကေစာေစာလာခဲ့ဖို႔ေျပာတာေၾကာင့္ အေျပးသြားၿပီး ဖုန္းလည္းမဆက္ျဖစ္။
msgေလးေတြပို႔ထားလိုက္ၿပီး တေနကုန္အလုပ္မ်ားေနေတာ့တယ္။
ညေနေစာင္းေလာက္ဖုန္းေခၚေတာ့လည္း ဖုန္းကပိတ္ထားျပန္တယ္။
မက္ေဆ့ပို႔ထားတာေတြလည္းဖြင့္မဖတ္။
ဘာျဖစ္တာလဲ။
နည္းနည္းေတာ့တမ်ိဳးျဖစ္သြားတယ္။
ပတ္ဂြၽန္ေယာင္းဖုန္းနံပါတ္လည္းမယူခဲ့ရဘူး။
နာဟီးဆီလွမ္းဖုန္းဆက္လိုက္တယ္။

''အင္း ဘာဒါေျပာ''

''အိမ္မွာလား''

''ေအး''

''မမဂ်ယ္ဟီး ငါ့မမနဲ႕အဆက္အသြယ္ရလားေမးေပးဦး''

''ေမးလိုက္မယ္ ခဏေလး''

''မရဘူးတဲ့ ဘာဒါ ဘာလို႔လဲ''

''ငါဖုန္းဆက္တာမရလို႔''

''ေတာ္႐ုံပဲကဲေနာ္''

''သုံးရက္ေလာက္ရွိၿပီ
စက္ပိတ္ထားတယ္ဆိုလို႔''

''ဟယ္ ဖုန္းတခုခုျဖစ္လို႔လား''

''တခုခုျဖစ္ရင္ တျခားဖုန္းနဲ႕ေခၚလို႔ရတာပဲေအးပါ..ဒါပဲ ဒါပဲ''

လိုက္သြားလို႔လည္းမရ။
ဒီရက္ေတြလုံးဝမအားဘူးျဖစ္ေနတာ။
ေက်ာင္းကိစၥၿပီးရင္ေတာ့ လိုက္သြားမွျဖစ္မယ္။

ဒါေပမယ့္ အခန္းေရွ႕က အသံၾကားရင္
ျပန္လာၿပီလားလို႔ ထြက္ၾကည့္ရတာအေမာ။

တမင္ႏွိပ္စက္ထားတာလား မမရယ္။
တကယ္လိုက္လာ မလာသိခ်င္လို႔လား။
ကိုယ္တကယ္မေနနိုင္ဘူးေနာ္..
ကိုယ္တကယ္လိုက္လာမွာ..။

အခုဆိုရင္ ဘယ္ေရာက္ေရာက္ ဖုန္းထုတ္ၿပီး မမဖုန္းကိုေခၚၾကည့္ရတယ္။
တခါတေလမ်ားဖုန္းဖြင့္မလားလို႔။
အဲလိုနဲ႕ တပါတ္ၾကာသြားတယ္။
သူမ်ားေတြ ပြဲေတာ္အတြက္ ဂ်ပန္လိုက္သြားၾကေပမယ့္
ဘာဒါမလိုက္နိုင္ပါ။
မနက္ျဖန္
မမတို႔ဆီလိုက္သြားမယ္လို႔ပဲ ေတြးလိုက္ေတာ့တယ္။
ထပ္ၿပီး မခံစားနိုင္ေတာ့ဘူး
အိမ္ကလူေတြဘယ္လိုထင္ထင္
ေမးရင္လည္း ဟုတ္တယ္လို႔ပဲေျပာလိုက္ေတာ့မယ္။
အိမ္ျပန္လာေတာ့
အိမ္ထဲမွာ ပတ္ခ်ယ္ေယာင္းရဲ႕ကိုယ္သင္းနံ႕ေလးဖ်တ္ခနဲ။
ျပန္ေရာက္ေနၿပီလား။
ျပန္လာၿပီေပါ့။

''မမ''

''မမ ''

''ပတ္ခ်ယ္ေယာင္း''

မီးမဖြင့္ထားေပမယ့္
စေနာက္ေနတာမ်ားလားလို႔ေတြးၿပီး
တစ္အိမ္လုံးကို ေလွ်ာက္သြားၿပီး ေအာ္ေခၚေနေပမယ့္
ထူးမယ့္သူမရွိပါ။
တကယ္ကို ဘယ္သူမွေစာင့္မေနသလို..
ဘယ္သူမွလည္းျပန္မလာခဲ့..

''ပတ္ခ်ယ္ေယာင္း..''

အိပ္ယာေပၚပစ္လွဲၿပီး မ်က္ႏွာၾကက္ကို အဓိပ္ပါယ်မဲ့စွာ ၾကည့္ေနမိတယ္။

ကိုယ့္အျဖစ္ကို တစ္ေယာက္ေယာက္ၾကည့္ေနရင္ အ႐ူးလိုပဲလိုေျပာမွာမလား။
မင္းၾကည့္ရင္ေနေရာ ဘယ္လိုေျပာမွာလဲ မမ။

လက္ဆန့္လိုက္ေတာ့
ေဘးက စားပြဲေပၚမွာ တခုခုစမ္းမိတယ္။
ေခါင္းေထာင္ၿပီး ၾကည့္လိုက္ေတာ့ စာ႐ြက္ေခါက္ေလး။

အိပ္ယာက ထထိုင္ၿပီး ဖြင့္ဖတ္ၾကည့္ေတာ့

''ဘာဒါေရ..

ေတာင္းပန္ပါတယ္..
တို႔ေတြ ဒီတိုင္းေတာ့ မျဖစ္ဘူးမလား..

မင္းတစ္ေန႕ေတာ့ နားလည္မွာပါ..

ခ်စ္တဲ့
ပတ္ခ်ယ္ေယာင္း''

ဘာဒါစာကိုကိုင္ၿပီး
ေအာက္ကိုေျပးဆင္းခဲ့တယ္။
ဓာတ္ေလွကားက ခါတိုင္းထက္ပိုၾကာေနၿပီး
ရပ္ေစာင့္မေနနိုင္ေလာက္ေအာင္ စိတ္ကအလ်င္လိုေနၿပီ။
ေလွကားထစ္ေတြအတိုင္း ေျပးဆင္းခဲ့ၿပီး
ႏွစ္လႊာမွာလည္း ခါတိုင္းလိုမရပ္ခဲ့နိုင္။
ေအာက္ကိုေရာက္ၿပီး ဘယ္ဘက္ကိုလိုက္ရမွန္းမသိပဲ လိုက္ခဲ့ရၿပီး
ဘယ္တုန္းကလာသြားမွန္းမသိတဲ့သူကို အေျပးအလႊားလိုက္ရွာမိတယ္။
ပတ္ခ်ယ္ေယာင္း သူ႕ကိုထားခဲ့ၿပီလား
ဘာလို႔လဲ..
လမ္းေတြမွာ ဘယ္ေလာက္ၾကာေအာင္ေျပးလႊားေနခဲ့မွန္းမသိပဲ ညသန္းေခါင္ေလာက္အထိ လမ္းမေပၚမွာ။
လမ္းေဘးမွာ အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်လိဳက္ၿပီး
စက္ပိတ္ထားတဲ့ဖုန္းကို အႀကိမ္ႀကိမ္ေခၚေနမိတယ္။
ဘာမွားသြားလို႔လဲ။
အားလုံးကို ပေဟဠိဆက္သလိုဆက္ေနေပမယ့္
ေမးခြန္းမွားေနတဲ့လူတစ္ေယာက္လို အေျဖကိုရွာမရနိုင္ခဲ့။

ခ်စ္ရပါေသာ ပတ္ခ်ယ္ေယာင္းက သူ႕ကို
အိမ္ေမြးေၾကာင္ေလးတစ္ေကာင္ကို
လမ္းေဘးမွာစြန့္ပစ္သလို စြန့္ပစ္ခဲ့တာတဲ့။
ရာသီဥတုက ပိုေအးသလိုခံစားရၿပီး
လူေတြကလည္း ေလွာင္ေနသလိုခံစားရတယ္။
တစ္ေလာကလုံးမွာ တစ္ေယာက္ထဲရွိၿပီး
အဲ့ဒီတစ္ေယာက္ျဖစ္တဲ့ကိုယ္တိုင္ကလည္း
ကိုယ့္ကိုကိုယ္ေတာင္မရပ္တည္ေပးခ်င္ေတာ့..။

Seguir leyendo

También te gustarán

110K 4.8K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
62.5M 2.6K 6
Brielle Newman A 21-year-old girl who was struggling to make life comfortable for herself and her niece, Delilah. Her sister left the baby the minute...
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
17.4K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...