ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

29.1K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အပိုင်း(၁၂)

336 39 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၂)

ယွမ်ကျိုး  အပိုင်း(၁၂)

စွန်းမင်က ကားမောင်းနေစဉ် bluetoothကို အသုံးပြုပြီး ဖုန်းခေါ်လိုက်သည်။ နေ့ခင်းဖက်ဖြစ်သောကြောင့် လမ်းက အတော်ကလေး လူစည်ကားနေသည်။ ကားလမ်းကြောပိတ်ဆို့မှုကို သတိထားစောင့်ကြည့်ကာ သူ့သူငယ်ချင်းများကို လမ်းညွှန်ပေးနေသည်။ သူက တစ်ပြိုင်နက်တည်း ကိစ္စတော်တော်များများကို လုပ်ဆောင်ခြင်းတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည်။

"မျောက်ကြီး...အရှေ့ဖက်ကိုရောက်ရင် ဘယ်ကွေ့လိုက်။ မင်းတို့၂ယောက်ကို စားသောက်ဆိုင်အပေါက်မှာ စောင့်နေမယ်" စွန်းမင်သည် ယွမ်ကျိုး၏ စားသောက်ဆိုင်အနီးအနားသို့ ရောက်ရှိလာခြင်းကို သတိပြုမိ၍ သူ့သူငယ်ချင်းများကို နောက်ဆုံးအကြိမ် လမ်းညွှန်မှုပေးပြီး ကျဉ်းမြောင်းသောလမ်းလေးထဲ ဂရုတစိုက် မောင်းနှင်လာခဲ့သည်။

"စွန်း...မင်းကို တခုတော့ ပြောမယ်နော်။ မင်း လမ်းညွှန်တဲ့အစားအသောက်က ထင်သလောက် စိတ်ကျေနပ်မှု မပေးနိုင်ရင် မင်း ငါ့ကို အဘိုးလို့ ခေါ်ရမယ်။ စောင့်ကြည့်ရသေးတာပေါ့" ဖုန်း၏တခြားတစ်ဖက်ကမှ အမျိုးသားသည် ကားလမ်းကြောပိတ်ဆို့မှုကြောင့် အလွန်အမင်း စိတ်ပျက်နေသည်။ စွန်းမင် လမ်းညွှန်သော စားသောက်ဆိုင်က အရသာရှိသော ဟင်းလျာများကို ရောင်းချရန် မျှော်လင့်မိသည်။

"အေးဆေးပေါ့။ ငါ့လူရာ။ အလီနဲ့ အတူတူ ဒီနေရာကိုပဲ မြန်မြန်လာခဲ့စမ်းပါ" စွန်းမင်က ကားပါကင်ထိုးလိုက်ပြီး ယွမ်ကျိုးက စားသောက်ဆိုင်တံခါးပေါက်မှာ သူ့ကို စောင့်ကြိုနေခြင်းကို မြင်တွေ့ရသည်။ သူက ယွမ်ကျိုးကို လက်လှမ်းပြလိုက်ပြီး ဖုန်းချလိုက်သည်။ သူ့သူငယ်ချင်း မျောက်ကြီးနှင့်အလီတို့သည် သူလမ်းညွှန်သည့်အတိုင်း ကားကို ဆက်လက်မောင်းနှင်လာသည်။ စွန်းမင်ကို အစားအသောက်QQ groupမှတစ်ဆင့် သိကျွမ်းခဲ့သည်။ Groupထဲမှ အဖွဲ့ဝင်များသည် အနီးအနားရှိ စားကောင်းသော အစားအသောက်များကို အကြံပြုကြပြီး ပါတီပွဲ ကျင်းပရန် မကြာခဏ လူစုလေ့ရှိသည်။ ထို့ကြောင့်လည်း အဖွဲ့ဝင်အချင်းချင်း ရင်းနှီးမှု ပို၍ တိုးလာသည်။ အရသာရှိသော အစားအသောက်ကောင်းများကို မြည်းစမ်းရလျှင် သူငယ်ချင်းများကို မျှဝေပေးသင့်သည်။ ထို့အပြင် စွန်းမင်က သူငယ်ချင်းများကို ဂျင်းထည့်ရန်လည်း မမေ့လျော့ခဲ့ပေ။ ကြက်ဥထမင်းကြော်၏အရသာက သာမန်ထက် ထူးခြားကောင်းမွန်သော်လည်း သတ်မှတ်ထားသော စည်းမျဥ်းက ကြောက်ခမန်းလိလိပင်။

"ကြက်ဥထမင်းကြော်က စွန်းမင်ပြောသလောက် အရသာရှိမယ်လို့ မင်းထင်သလား" မျောက်ကြီးက အရင်ဆုံး မေးမြန်းသည်။ မျောက်ကြီးက သူ၏ နာမည်ပြောင်နှင့် လိုက်ဖက်စွာ သူ့ရုပ်ရည်က မျောက်နှင့်အမှန်တကယ်တူသည်။ ထို့အပြင် ပိန်လှီသည့်အပြင် သူ့လက်တံများက ရှည်လျားသည်။ ကြည့်ကောင်းသောမျက်နှာ၊ဆံပင်ခပ်တိုတိုနှင့် စိတ်အားတက်ကြွသောအမူအရာကို ပြသသည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" အလီက ငိုက်မျဉ်းနေသောပုံစံဖြင့် စိတ်ပျက်အားလျော့စွာ ပြန်ဖြေသည်။ မျောက်ကြီးက
ငိုက်မျဉ်းနေသော အလီကို ကြည့်လိုက်သည်။

"မနေ့ညက မင်း မအိပ်ပြန်ဘူးလား။ မင်းပုံစံကြည့်ရတာ ဖျားနေသလိုပဲ"

"ငါ သက်သာခါနီးပါပြီ။ ကားမောင်းတာကိုသာ အာရုံစိုက်စမ်းပါ။ ငါတို့တွေ ဆိုင်နားကို ရောက်နေပြီ" အလီက လမ်းအရှေ့ဖက်ကို ကြည့်လိုက်ပြီး မျောက်ကြီးကို သတိပေးသည်။ အလီက ခရီးသည်ထိုင်ခုံမှာထိုင်ကာ ‌ဆံပင်ကို လက်ဖြင့် သပ်လိုက်သည်။

"အာမချောင်စမ်းနဲ့။ ငါသိတယ်။ ကိုယ့်ဘာသာအိပ်စရာရှိတာ မအိပ်ဘူး။ ခဏနေရင် အဲ့ဆိုင်ကို ရောက်တော့မယ်" မျောက်ကြီးက လမ်းထဲသို့ ကားကွေ့လိုက်စဉ် စွန်းမင်၏ကားကို လှမ်းမြင်လိုက်သည်။

"ဒီနေရာပဲ" သူက အရှေ့ဖက်သို့ ဆက်လက်မောင်းနှင်လိုက်ပြီး စွန်းမင်၏ ကားဘေးနားမှာ ကားပါကင်ထိုးလိုက်သည်။

"သွားကြမယ်။ ငါ့သူငယ်ချင်း‌‌တွေ ရောက်နေပြီ။ အရသာအရှိဆုံးအစားအသောက်တွေနဲ့ တည်ခင်းရမှာ မင်းတာဝန်ပဲ" စွန်းမင်က ယွမ်ကျိုးကို နှုတ်ဆက်စကားပြောခါနီး သူ့ကားအနားမှာ ကားထိုးရပ်လိုက်သော မျောက်ကြီး၏ ကားကို လှမ်းမြင်လိုက်သည်။

"စိတ်မပူနဲ့။ ငါ့အခုပဲ သွားပြင်ဆင်ထားလိုက်မယ်" ယွမ်ကျိုးက စွန်းမင်၏သူငယ်ချင်းနှစ်ယောက်ကို သွားရောက်မနှုတ်ဆက်ခဲ့ပေ။ သူက ရောက်ရှိလာသော ဧည့်သည်နှစ်ယောက်စလုံးကို မသိကျွမ်း၍ ဖြစ်သည်။ ထို့အပြင် ယွမ်ကျိုးက တက်တက်ကြွကြွ နေထိုင်တတ်သူမဟုတ်ပေ။ သူက လိုအပ်မှသာ စကားပြောလေ့ရှိပြီး အထီးကျန်မှုနှင့် ကျင့်သားရနေသည်။ တခြားသူများနှင့် စကားပြောခြင်းထက် သီချင်းနားထောင်ခြင်းကို ပို၍ နှစ်သက်သည်။ သူစိတ်အနှောင့်အယှက်ဖြစ်‌သောအခါ သူ့စိတ်ခံစားချက်ကို ပို၍ ကောင်းမွန်‌စေသော ပိုက်ဆံရေတွက်ခြင်းကို လုပ်ဆောင်လေ့ရှိသည်။

သူ့အိပ်မက်က သူ့လက်များ ထုံကျဥ်လာသည်အထိ ပိုက်ဆံများကို ရေတွက်ပြီးမှ အိပ်စက်ချင်သော ဆန္ဒဖြစ်သည်။ သို့သော်လည်း အမှန်တရားက ခါးသီးလွန်းသည်။

"ကောင်းပြီ"

"မျောက်ကြီး၊အလီ ဒီနားကိုလာခဲ့" စွန်းမင်က အရှေ့သို့ လှမ်းလာပြီး သူတို့ကို နှုတ်ဆက်သည်။

"စွန်း၊မင်းက နေရာကောင်းကို ရှာတွေ့ထားတယ်လို့သာ ပြောတယ်။ လမ်းတစ်လမ်းလုံး လူ‌တွေ ပြည့်ကျပ်ပြီး လမ်း‌တွေ ပိတ်ဆို့နေတာဘဲ။ ဒါတောင် ဒီနေရာက လူအနည်းဆုံးပဲ" အလီ ကားပေါ်မှ ဆင်းသည့်အချိန်ကို စောင့်ပြီး မျောက်ကြီးက ကားတံခါးပိတ်ကာ စကားပြောသည်။

"ဒါပေါ့။ ဒီနေရာတစ်နေရာပဲ တိတ်ဆိတ်ပြီး သန့်ရှင်းနေတာပဲ။ ဒါမှလည်း အရသာရှိတဲ့အစားအသောက်တွေကို မြည်းစမ်းနိုင်မှာလေ" ထိုစကားကို ပြောပြီးနောက် စွန်းမင်က ကျောခိုင်းကာ ယွမ်ကျိုး၏စားသောက်ဆိုင်ကို လက်ညှိုးထိုးပြသည်။

"ဒီဆိုင်က မင်းတို့ကို ပြောပြောနေတဲ့ငါ့အစ်ကိုပိုင်တဲ့ စားသောက်ဆိုင်လေ" မျောက်ကြီးနှင့်အလီက ခေါင်းမော့ကာ သူတို့အရှေ့က စားသောက်ဆိုင်ကို ကြည့်လိုက်သည်။ မထင်မရှားသေးငယ်သော စားသောက်ဆိုင်လေး ဖြစ်သော်လည်း အတော်အတန် သန့်ရှင်းသပ်ရပ်နေခြင်းက ထူးခြားချက်ဖြစ်သည်။ သို့တိုင် ဆိုင်၏ ဆိုင်းဘုတ်ကို မချိတ်ဆွဲထားပေ။

"မင်းရဲ့အစ်ကိုက ဆိုင်းဘုတ်တောင် မချိတ်ထားပါလား" မျောက်ကြီးက တအံ့တဩပြောဆိုသည်။

"မင်း အရမ်းကို အမေးအမြန်းထူလွန်းတယ်။ ဆိုင်ထဲဝင်ပြီး စားစရာရှိတာသာစား" သူတို့ပြောမှ ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ဆိုင်းဘုတ်မရှိမှန်း စွန်းမင် သတိထားမိသည်။ သူမသိခြင်းကို ဝန်ခံရန် မသင့်လျော်၍ သူ့သူငယ်ချင်းနှစ်ယောက်ကို စားသောက်ဆိုင်ထဲဝင်ရန် တိုက်တွန်းခြင်းဖြစ်သည်။

အလီ၏ငိုက်မျဉ်းနေသော မျက်နှာအမူအရာကို တချက်ကြည့်ရုံဖြင့် ဖျားနေမှန်း သိနိုင်သည်။

"မစိုးရိမ်နဲ့။ မင်း အခုအချိန်မှာ စားချင်စိတ်မရှိရင်တောင် ဟင်းလျာရဲ့မွေးရနံ့ကြောင့် မင်း အစာစားချင်လာလိမ့်မယ်"

"တကယ်လား။ တကယ့်ကို အံ့ဩစရာကောင်းတာလား" ထိုစကားသံကိုကြားပြီးနောက် အလီက နေထိုင်မကောင်းသည့်တိုင်အောင် အစားအသောက်ကို နည်းနည်း စိတ်ဝင်စားလာသည်။

စွန်းမင်က သူ့ရင်ဘတ်ကို စကားပြောသည်။ "ဟုတ်တယ်။ ဒါအမှန်ပဲ"

"ခဏတော့ စောင့်ပေးပါ။ ကြက်ဥထမင်းကြော် ပြင်ဆင်ဖို့ အချိန်မကြာပါဘူး" ယွမ်ကျိုးက စားသောက်ဆိုင်ထဲ ယခုမှ ရောက်လာသော ဧည့်သည်သုံးယောက်ကို စကားလှည့်ပြောသည်။ စိတ်အားတက်ကြွသော မျောက်ကြီးက အရင်ဆုံး ပြန်‌ပြောသည်။

"ပြဿနာမရှိဘူး။ လုပ်စရာရှိတာလုပ်။ ငါတို့တွေ ဆိုင်ကို လျှောက်ပတ်ကြည့်လိုက်အုံးမယ်"

ထို့နောက် သူတို့သုံးယောက်က စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်ရှုသည်။ ပရိဘောဂပစ္စည်းများနှင့် အလှဆင်သော ဖန်တီးမှုများ သိပ်မတွေ့ရပေ။ အခန်းက သေးငယ်သည့်အပြင် ထိုင်ခုံကလည်း နည်းနည်းပဲ ရှိသည်။ ဟင်းလျာဈေးနှုန်းတန်ဖိုးက အထူးဆန်းဆုံး ဖြစ်သည်။ စားသုံးသူတစ်ယောက်က ဟင်းလျာတစ်မျိုးကို တစ်ကြိမ်သာ မှာယူခွင့်ရခြင်းက အထူးဆန်းဆုံးသော စည်းမျဉ်းဖြစ်သည်။ ယခုခေတ်ကာလတွင် စီးပွားရေးကို ချဲ့ထွင်ချင်လျှင် စားသုံးသူ၏ လိုအင်ကို ဖြည့်ဆည်းပေးရမည်။ သို့တိုင် ဤစားသောက်ဆိုင်သည် စားသုံးသူ၏လိုအင်ကို သွေဖယ်နေသည်။ ထို့ကြောင့် မျောက်ကြီးက သူသိချင်‌သောအကြောင်းအရာကို ချက်ချင်း မေးမြန်းလိုက်သည်။ "မင်းက ကြက်ဥထမင်းကြော်တစ်မျိုးထဲ ရောင်းတာလား"

ကြက်ဥထမင်းကြော်သုံးပွဲကို ‌ကြော်ပြီးနောက် တစ်ပွဲချင်းစီ အပြင်ဘက်သို့ သယ်လာကာ ပြန်ဖြေသည်။ "ဟုတ်တယ်။ အခုတော့ ဒါပဲ ရောင်းသေးတယ်"

"ဒါဆိုရင် တခြားဟင်းလျာတွေကို ဘယ်တော့ရောင်းမှာလဲ" မျောက်ကြီးက တခြားသော ကြော်ငြာနည်းလမ်းဟု ယူဆကာ ခန့်မှန်းလိုက်သည်။ အစပိုင်းတွင် လူအများ၏ စိတ်ဝင်စားမှုကို ရယူချင်၍ ကြက်ဥထမင်းကြော်တစ်မျိုးတည်းသာ ရောင်းချပြီး လူအများ၏စိတ်အာရုံကို အတော်အတန် ဆွဲဆောင်နိုင်လျှင် သူ ပြင်ဆင်ထားသော ဟင်းလျာမီနူးကို ထုတ်ပြလိမ့်မည်ဟု ခန့်မှန်းထားသည်။ ဤသည်ကား သမရိုးကျနည်းလမ်းဖြစ်သည်။ သို့သော်လည်း သူ့ပုံမှန် ခန့်မှန်းလေ့ရှိသော တိကျသော ခန့်မှန်းချက် ဤတစ်ချိန်တွင် မမှန်ကန်ခဲ့ပေ။

ယွမ်ကျိုး ပြန်ဖြေသည်။ "တစ်ပတ်ကြာရင်တော့ ကြက်ဥထမင်းကြော်အစုံလိုက်ပွဲကို ရောင်းချပေးပါမယ်။ ကျန်တာကတော့ ငါ့စိတ်အခြေအနေပေါ်မူတည်တယ်"
ယွမ်ကျိုးပြောလိုက်သော စကားက မျောက်ကြီးကို အံ့ဩသင့်စေသည်။

ယွမ်ကျိုးက စကားဆက်မပြောချင်မှန်းသိ၍ စူးစမ်းသောအပြုအမူကို ရပ်တန့်လိုက်သည်။ "စားစရာရှိတာစား။ မင်း အခုမစားရင် ငါ့ပန်းကန်ကုန်တာနဲ့ မင်းရဲ့ထမင်းကြော်ကို ငါစားပစ်လိုက်မယ်" ကြက်ဥထမင်းကြော်ကို စားပွဲပေါ်တွင် တည်ခင်းလိုက်ခြင်းကို မြင်တွေ့ရသောအခါ စွန်းမင်က အလျင်စလို ပြောသည်။ သူက မျောက်ကြီး၏ ကြက်ဥထမင်းကြော်ကို စားပစ်လိုက်မည်ဟု ပြောသောစကားကို အလေးအနက်ပြောခဲ့ခြင်း ဖြစ်သည်။

"ကောင်းပြီ။ ကောင်းပြီ။ ငါ လာစားမယ်"

"မင်းတို့ မှာထားတဲ့ ဟင်းလျာတွေကို သုံးဆောင်ကြပါ" ယွမ်ကျိုးက ဂုဏ်သိက္ခာရှိသော စားဖိုမှူးတစ်ယောက်၏ ဟန်အမူအရာဖြင့် သူ့လက်ကို ဆန့်တန်းကာ စကားပြောသည်။

"ဟင်းချို ဘယ်မှာလဲ" ဤတစ်ကြိမ်တွင် စကားပြောလာသူက အလီ ဖြစ်သည်။ စားပွဲခုံပေါ်တွင် ကြက်ဥထမင်းကြော်မှလွဲ၍ တခြားသော အရံဟင်းလျာများကို မမြင်တွေ့ရ၍ ယွမ်ကျိုးကို မေးမြန်းခြင်း ဖြစ်သည်။

"အားတော့နာပါတယ်။ စွပ်ပြုတ်နဲ့ အရံဟင်းတွေကို မပေးနိုင်သေးဘူး" ယွမ်ကျိုးက ဤဖောက်သည်များသည် သူ့သူငယ်ချင်းများ၏ သူငယ်ချင်းများဖြစ်မှန်း သိသော်လည်း စနစ်က သူ့ကို ကြိုးကိုင်ခြယ်လှယ်ထားသော သူဌေးဖြစ်နေသည်။ စနစ်က စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာ ချမှတ်ထားသည်။ ထို့ကြောင့် ကျွမ်းကျင်စားဖိုမှူး၏ စားသောက်ဆိုင်တွင် စနစ်က မထောက်ပံ့ထားသော ဟင်းလျာများကို ရောင်းချခွင့်မပြုပေ။ ထို့အပြင် စနစ်မှ မထောက်ပံ့ထားသော ပါဝင်ပစ္စည်းများကို အသုံးပြု၍ ကျွမ်းကျင်စားဖိုမှူး၏ စားသောက်ဆိုင်တွင် ချက်ပြုတ်၍ မရချေ။

"ကောင်းပြီလေ" အလီက စွန်းမင်ကိုကြည့်ပြီး ယွမ်ကျိုးကို ကူကယ်ရာမဲ့သောအမူအရာဖြင့် နောက်တစ်ကြိမ် ကြည့်သည်။

"အလီ၊မျောက်ကြီး မင်းတို့ ‌ရှေ့ရောက်နေသော ကြက်ဥထမင်းကြော်ကို ကြည့်စမ်းပါ။ အဲ့ဒီ ထမင်းကြော်မှာ တွဲဖက်စားရမည့် အရံဟင်းလျာတွေ မပါပေမည့် ဒီးအစားအသောက်က ပေးရတဲ့ဈေးနှုန်းနဲ့ တကယ့်ကို တန်ပါတယ်။

"ကောင်းပြီ။ ‌ကောင်းပြီ။ မင်းသူငယ်ချင်းရဲ့ဆိုင်က တကယ်ကို ထူးဆန်းတယ်။ ကြက်ဥထမင်းကြော်က မင်းပြောသလောက် ကောင်းနိုင်ပါ့မလား" အလီက ပုံမှန်အတိုင်း ဟင်းချိုချပေးရန် တောင်းဆိုသော်လည်း ဆိုင်ရှင်က ချက်ချင်း ငြင်းဆန်ပစ်၍ မျောက်ကြီး စိတ်ခုမိသည်။ နံရံပေါ်မှာ ရေးထိုးထားသော ကြက်ဥထမင်းကြော်၏ ဈေးနှုန်းက ၁၈၈ယွမ် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

စွန်းမင်က သူ့သူငယ်ချင်း စားသောက်ဆိုင် ဧည့်သည်ပိုရအောင် လိမ်လည်လှည့်ဖျားသည့်နည်းလမ်းကို အသုံးပြုနေသည်ဟု မျောက်ကြီး သံသယဝင်လာသည်။ မည်သို့ပင်ဆိုစေကာမူ ယခုလို ကိစ္စရပ်မျိုးကို ယခင်က တွေ့ကြုံဖူးသည်။

အပိုင်း(၁၂)

ပြီးပါပြီ။

Continue Reading

You'll Also Like

3.3M 176K 43
[FIRST BOOK IN THE 'HIS' SERIES] [2017] "Hi." Kyla smiles nervously. "Hi." Cole greets back, just as nervously. The boys and I share a roll of the ey...
9.6K 1.7K 87
မူရင်းဝတ္ထု: The Monk That Wanted To Renounce Asceticism မူရင်းစာရေးသူ: A Golden Millet Dream (Yi...
12.9K 1.2K 162
သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂ...
6.5K 630 34
Title - I Love Farming Description 💥 စွေ့ချီချောင်း၏ ရှေးဟောင်းဧကရာဇ်သွေး နိုးထလာခဲ့ချိန်တွင် သူက ဧကရာဇ်၏ ပင်ကိုဗီဇကို အရူးအမူးလယ်စိုက်ခြင်းဖြင့်...