Still holding on

By at-12pm-

780 70 30

- More

1

780 70 30
By at-12pm-

မှောင်မည်း​နေတဲ့ အခန်းငယ်​လေးမှာ
တိပ်ခွေကလာတဲ့ ခပ်တိုးတိုးအသံကသာ
စိုးမိုး​နေတယ်။

ရုတ်ခြည်း အပြင်ကမိုးစက်သံ​တွေက
အခန်းထဲက အသံ​တွေကို ဖုံးလွှမ်းသွားတယ်။
တ​​ဖြောက်​ဖြောက်ကျဆင်းလာတဲ့
မိုးစက်​တွေက ဂယူဗင်း အကြားအားရုံကို
သိသိသာသာ စိုးမိုးနိုင်တယ်။

အတိတ်က ​ပျော်ဖို့သိပ်မ​ကောင်းပါဘူး။
ဂယူဗင်းက​တော့ ရုပ်ရှင်တစ်ကားကို
ပြန်ကြည့်​နေတယ်လို့ပဲ အလွယ်တကူ
စဥ်းစားလိုက်တယ်။​မ​ရေတွက်နိုင်​အောင်
ကြည့်ခဲ့ဖူးတဲ့ တိပ်ခွေကို ပြန်ရစ်လိုက်တယ်။
အတိတ်မှာစမယ် ပစ္စုပ္ပန်မှာ အဆုံးသတ်မယ်။

အဖြူ၊အမည်း​ရော​နေတဲ့ အရိပ်​တွေ​ကြောင့်
ဂယူဗင်းက တစ်ဖက်လူကို ​သေချာမ​တွေ့ရဘူး။
ဒါ​ပေမဲ့ ရင်ထဲမှာ ​မေ့မရ​တော့ အင်္ကျီအ​ရောင်က
အစ ဂယူဗင်း မှတ်ဉာဏ်ထဲ သံမှိုစွဲသလို
စွဲကပ်​နေတယ်။

1.

"မင်း ကင်မရာတစ်လုံးနဲ့ ရှုပ်​နေမဲ့အစား
ငါတို့ကို လာကူဦး"

ဂယူဗင်းက ကင်မရာကို သူမ လက်ထဲ​ပေးလိုက်ပြီး
ရစ်ခီ နဲ့အတူတူ မီး​​မွှေးဖို့ပြင်တယ်။

အိမ်မပိုင်တဲ့  ရစ်ခီ က ချစ်သူနဲ့ အတူတူ
ခရီးထွက်ချင်တာကို သူငယ်ချင်းနဲ့ သွားပါမယ်ဆိုပြီး လိမ်တယ်။ နာကျင်ရမဲ့ကံပါလာ​တော့လည်း
ဂယူဗင်းက အတူပါလာရတယ်။

"မင်းနဲ့ သူငယ်ချင်းဖြစ်ရတာ ​
တော်​တော်ကံဆိုးတာပဲ"

ဆန္ဒ​တွေကို စသလို၊​နောက်သလို
ထုတ်​ပြောဖြစ်တယ်။ အစကတည်းက
အလွယ်လမ်းကို ဂယူဗင်းက မလိုက်ခဲ့ရမှာ
အခု​တော့ မလွတ်​မြောက်နိုင်တဲ့ သံသရာထဲ
လည်​နေပြီ။

"ဒီ​ကောင် ​မောင်ကို​ပြောတာ ကြားလား မင်း သူငယ်ချင်းကို ကြည့်​ပြောထား"

ရစ်ခီ က တိုင်တန်းပြန်တယ်။​မောင် ဆိုတဲ့
အသုံးနှုန်းက ဂယူဗင်း ရင်ထဲဆစ်ကနဲ။
ဘယ်သူကိုမုန်းမရလဲ။ တစ်ဖက်ကလည်း သူငယ်ချင်း၊​အော် ​နောက်တစ်ဖက်ကလည်း သူငယ်ချင်း။

သံ​ယောဇဥ်ဆိုတာ ဖြတ်ဖို့ခက်သလို၊
ချစ်မိတဲ့စိတ်ကိုလည်း ​ဖျောက်ဖို့ခက်သား။

2.

"ဒီ​နေ့က​တော့ ဂယူဗင်း ​မွေး​နေ့ပါ"

မကြိုက်ပါဘူးဆိုတဲ့ ကင်မရာကို ကိုင်ပြီး
တစ်​ကိုယ်​တော် ရှိုး​လုပ်​နေတဲ့ ရစ်ခီကို ကြည့်ပြီး
ဂယူဗင်းပြုံး​​နေမိတယ်။

ရည်းစား​လေးရပြီးမှ စကား​တွေ​များလာတာ။

"ချစ် လက်​​ဆောင်ကို ဂယူဗင်းကို ​ပေးလိုက်ဦး ​​​"

ရစ်ခီက ​ပြောလည်း​ပြော ကင်မရာနဲ့လည်း
လိုက်ရိုက်​နေပြတယ်။ ည​နေကျရင်​ ပြန်ကြည့်ပြီး အဲဒီအပိုင်း​တွေကို ဖြတ်ထုတ်ရင်​ကောင်းမလား
ဆိုသည့် အ​တွေး၀င်သွား​တော့ ဂယူဗင်းက
အပြစ်ရှိစိတ်​တွေ တနင့်တပိုး၀င်လာတယ်။

ဒါ​ပေမဲ့လည်း​လေ  သီးသန့်ကမ္ဘာ​လေးထဲမှာ
ရစ်ခီ ကိုပဲ ရှိ​နေ​စေချင်တာက ဂယူဗင်းရဲ့
အတ္တ​သေး​သေး​လေးပါ။ဘယ်သူကိုမှ
မထိခိုက်​အောင် ထိန်းသိမ်းထားနိုင်မယ်ဆိုတာကိုလည်း ဂယူဗင်းက ယုံကြည်လို့
ဆက်မိုက်ဖြစ်​နေတာ။

"ငါတို့ မင်းအတွက် ၀ယ်လာ​ပေးတာ၊
ပိုက်ဆံက ငါ​ပေးရတာ ​သေချာသိမ်းထား"

ဂယူဗင်းက ထိုလက်​ဆောင်​လေးကို ​ရွှေထက်ပင်
ပိုတန်ဖိုးထားခဲ့တယ်။ပိုက်ဆံ​ပေးတဲ့လူက
အဲပစ္စည်းကိုပိုင်တယ်လို့ သတ်မှတ်လို့ရတယ်မလား။

3.

"မင်းသာ ငါ​နေရာမှာဆို ဘာ​ပေးမှာလဲ
အရင်လ​တွေက နှုတ်ခမ်းနီ​ပေး​ပေးပြီး၊
ပိုက်ဆံအိတ်၊ပန်း၊လက်​​​ရေးစာ ဟာ ကုန်​နေပြီ
ဘာ​​ပေးရမလဲ"

ချစ်သူကို လက်​ဆောင်​ပေးဖို့ ပူပန်​နေတဲ့
ရစ်ခီထက် ဂယူဗင်းက ပိုပူ​လောင်​နေရပါတယ်။
ရစ်ခီရှန်တို့ ရိုးသားပုံများ ဂယူဗင်းက
စိတ်မဆိုးနိုင်တဲ့အထိ။ဘယ်​လောက်​တောင်မှ
သူ့ကို အရင်းနှီးဆုံး သူငယ်ချင်းလို့
သတ်မှတ်ထားပါလိမ့်။

"​ရေ​မွှေး​ပေးရင်​ရော၊အရင်တစ်​ခေါက်က
​ရေ​မွှေး၀ယ်ရမယ်ဆိုပြီး ငါကို​တောင်
လာ​ပြောပြ​နေ​သေးတယ်"

မှတ်ဉာဏ်​ကောင်းတဲ့ ဦး​နှောက်ကိုပဲ
အပြစ်တင်ရမလား။ရစ်ခီ ကို ​
အဆင်​ပြေသွားစေချင်တဲ့ စိတ်ကိုပဲ
အပြစ်တင်ရမလား။ ဂယူဗင်းက ​ဝေခွဲလို့မရ။

"အာ ဟုတ်သား ငါကိုလည်း ​ပြော​သေးတယ်
အခုနာမည်ကြီး​နေ​တဲ့ ​ရေ​မွှေးအနံ့​လေး
ကြိုက်တယ်ဆိုပြီး ​ကျေးဇူးကွာ
ကင်ဂယူဗင်းရှိ​နေလို့ ​တော်​သေးတယ်"

ချက်ချင်းကို ​အော်ဒါတင်ဖို့ လုပ်​နေ​သော
ရစ်ခီ စိတ်ကို ဂယူဗင်း နားလည်ပါတယ်။
ချစ်ရသူနဲ့ ပတ်သက်ရင် လူတိုင်းက
တက်ကြွသွားကြတာပဲမလား။ အခုဂယူဗင်းကိုယ်တိုင်​တောင် ရစ်ခီ မျက်နှာ​​ပေါ်က
အပြုံးကိုမြင်​တော့ တက်ကြွသွားတာဆိုတာ
ရစ်ခီ သူ့ချစ်သူကို​ပေးဖို့အတွက် ​
လက်​​ဆောင်၀ယ်ခိုင်းရင်​တောင်
ကိုယ်တိုင်သွား၀ယ်​ပေးချင်တဲ့အထိပါပဲ။

4.

" မင်း သူငယ်ချင်းကလည်း ငါကို ​မွေး​နေ့
လက်​ဆောင်​ပေးတာတဲ့ ကြည့်ဦး"

ရစ်ခီက ​ခေတ်ဆန်တဲ့ ဂျာကင်တစ်ထည်ကို
ထုတ်လာပြတယ်။

"ငါက အနက်​တွေပဲ ၀တ်လို့ ​တခြားအ​ရောင်​လေး​တွေ၀တ်​ဖို့ဆိုပြီး ရွေး​ပေးတဲ့ အ​​ရောင်ကိုလည်း
ကြည့်ဦး"

အသည်းယားစရာ​ကောင်း​​လောက်​​အောင်
ရစ်ခီက မျက်နှာရှုံ့မဲ့ပြပါတယ်။ ​ရစ်ခီ နဲ့
လိုက်​လောက်​ပေမဲ့ ရစ်ခီ မကြိုက်တဲ့
ခပ်ထင်းထင်းအ​ရောင်။

"အ​ရောင်ထင်းတာ​တွေထဲ မင်းနဲ့ဆို
အနီ​လေးက ပိုလိုက်မှာ"

"ဟုတ်တယ်​​နော် တကယ်​ယောကျာ်း​​လေး​တွေဖက်ရှင်အမြင်ကို ​ယောကျာ်း​လေးချင်းပဲ
နားလည်တယ်"

အ​ဖြေရသွားတဲ့ က​လေးတစ်​ယောက်လို။
ချစ်ရသူမို့လို့ ဂယူဗင်းက အကုန်နားလည်​နေ​ကြောင်းကို​တော့ သိ​အောင်ထုတ်မ​ပြောခဲ့။
ထုတ်​ပြောနိုင်ခွင့်လည်း ဂယူဗင်းထဲမှာ မရှိခဲ့။

မ​​နေ့ကထိ မကြိုက်သလိုလုပ်​နေတဲ့ ရစ်ခီက
အဲဒီ ဂျာကင်ကို ဒီ​နေ့၀တ်လာပါတယ်။

"အစက မကြိုက်​ပေမဲ့ ​ချစ် ၀ယ်​ပေးလို့
၀တ်ကြည့်​တော့လည်း ​မောင် နဲ့ လိုက်သားပဲ"

ဂယူဗင်းက​တော့ ခပ်သဲ့သဲ့ရယ်မိတဲ့အထိပါပဲ။
အကုန်နားလည်​နေ​တော့ ဘာအ​ရေးလဲ။

5.

မနက်နှစ်​နာရီ​လောက်ဖြစ်မယ်။ ပတ်၀န်းကျင်က တိတ်ဆိတ်​နေပြီး အလင်း​ကောင်း​ကောင်းမရတဲ့ အချိန်မှာ ဂယူဗင်းက​တော့ လမ်းမကြီး​ထက်မှာ။

အ​သိ​ပေးခြင်းမရှိဘဲ မိုးက ရွာလာ​တော့၊
လှမ်းပြီးအသိ​ပေးတဲ့ ရစ်ခီကို လိုက်ရှာ​နေရပြီ။

"ငါတို့ လမ်းခွဲလိုက် ပြီ"
ဆိုတဲ့ စကားတစ်ခွန်း​ကြောင့်နဲ့ ဂယူဗင်းက
အရူးမီးဝိုင်း ​ပျော်ရမဲ့ ကိစ္စဆို​ပေမဲ့ ဆို့နင့်​နေတဲ့
ရစ်ခီ အသံက ဂယူဗင်းကို ​
ကောင်း​ကောင်းဒုက္ခ​ပေးပြန်တယ်။

​ခန့်မှန်းရခက်တဲ့ ခံစားချက်​တွေကြား
ဂယူဗင်းက လမ်း​ပျောက်ရပြန်တယ်။

"​မိုးရွာ​နေတာကို ဒီတိုင်း ဆက်ထိုင်​နေရလား
မင်းတို့ ရန်ဖြစ်ထားလည်း ​မနက်ကျမှ​ပြော
ထိုင်မ​နေနဲ့​တော့ ငါအိမ်သွားမယ်လာ"

အရှုံးသမားလို မိုး​ရေထဲ ထိုင်​နေတဲ့ ရစ်ခီ ကို
ဆွဲရတာက ဂယူဗင်းအ​တွက်
အပင်ပန်းဆုံးအရာတစ်ခုဖြစ်မယ်။
ရစ်ခီကိုဆို ​ကျောကိုမတ်ပြီး ​ခေါင်းကိုသာ ​
မော့​နေ​စေချင်တာပါ။

.
.
.
.

ရစ်ခီက ဘာတစ်ခွန်းမှမ​ပြောလာခဲ့ဘူး။
ဂယူဗင်းကလည်း
အလိုက်တသိ ဘာမှလည်း မ​မေးခဲ့ဘူး။

"မင်း ​ရေစို​အ၀တ်​တွေနဲ့​တော့ ထိုင်မ​နေနဲ့
အ၀တ်စားလဲချင်ရင် ဗီရိုထဲမှာရှိတယ်"

ကြည့်မ​နေနိုင်​တဲ့ ဂယူဗင်းကပဲ
ထွက်သွားဖို့လုပ်ရတယ်။ရစ်ခီ​တော့မသိ
ဂယူဗင်းက​တော့ ရူး​တော့မလိုပါပဲ။

"ငါ သူနဲ့မခွဲနိုင်ဘူး"

ဘုရားသခင်က ဂယူဗင်းကို မျက်နှာသာ
မ​ပေးပြန်ဘူး။ဂယူဗင်းကလည်း အခွင့်​ရေးကို
မဖမ်းဆုပ်ခဲ့ဘူး။လက်လှမ်းလိုက်ရင်​တောင်
လွှတ်​မြောက်နိုင်မယ့် အခွင့်​ရေးကို ဂယူဗင်းက
ရစ်ခီ စကားတစ်ခွန်းတည်းနဲ့ မျက်နှာလွှဲခဲ့တယ်။

​ကြေကွဲ​နေတဲ့ ရစ်ခီ အသံက ဂယူဗင်းကို
တံခါး၀က​နေ လှည့်လာ​​စေတယ်။နာကျင်စရာ​ကောင်းလည်း ရစ်ခီ သာ အဆင်​ပြေမယ်ဆို
ဂယူဗင်းက နား​ထောင်​ပေးဖို့ အဆင်သင့်။

"အဆင်​ပြေသွားမှာပါ မင်းတို့က ချစ်ကြတာပဲ
စိတ်တို​နေတုန်းမို့လို့ ခဏ​ပြောတာ​နေမှာ မင်းလည်း
သူ့အ​ကြောင်းသိရဲ့သားနဲ့"

သူတို့က အပြန်အလှန်ချစ်ကြတာပဲ။ရစ်ခီ ကို
နှစ်သိမ့်​ပေးတဲ့စကားလား ဂယူဗင်းကိုယ်တိုင်
သတိ​ပေးတဲ့စကားလားမသဲကွဲ။

"မနက်ကျမှ ငါ ကူ​ပြော​ပေးမယ် သူငယ်ချင်း​လေး
နှစ်​ယောက်ရှိပါတယ် မင်းတို့​ကြောင့်
ငါအိပ်​ရေးပျက်ရပြီ"

မ​တောင်းဆိုဖူးတဲ့ ​မေတ္တာ​တွေကို ဂယူဗင်း​​ပေးတယ်။
အခုလည်း အကူညီ​မ​တောင်းဘဲ
ကူညီ​ပေးချင်ပြန်တယ်။

ကမ္ဘာမှာ အချစ်နဲ့ပတ်သင်ရင် ရူးသွားတတ်ကြတာ သဘာ၀​ပေမဲ့ ဂယူဗင်းက​တော့ နာကျင်တာကို ရူးသွပ်​နေခြင်းထင်ပါတယ်။

6.

" ငါလည်း သူ့ကို ချစ်ပါတယ် ဒါ​ပေမဲ့​​လေ
နင်သူငယ်ချင်းက သတ္တိကိုမရှိတာ သူ့ အိမ်ကို​တောင် ဖွင့်မ​ပြောရဲဘဲနဲ့ ငါကဘယ်လို​ရှေ့ဆက်တွဲရမှာလဲ"

" သူလည်း ​ပြောမှာပါ နင်က ခဏ​လောက်​စောင့်​ပေးလိုက်​လေ ဒီ​ကောင် အိမ်မပိုင်တာ နင်လည်း
သိသားနဲ့"

ဂယူဗင်းက ဘယ်လိုအ​ခြေ​နေမျိုးကိုမဆို ရစ်ခီ ဘက်လိုက်ဖို့ ​မတုံ့ဆိုင်း​နေတတ်။

"​နင်တို့​ယောကျာ်း​တွေကို ငါနားမလည်နိုင်​တော့ဘူး
ငါအတွက် အခွင့်​ရေး​တွေရှိတဲ့​နေရာကိုကျ​တော့လည်း ငါတစ်​ယောက်တည်း စိတ်မချလို့ဆိုပြီး
သူက မထွက်သွား​စေချင်ဘူး သူ စိတ်ချရ​အောင် ​စေ့စပ်သွားပါမယ်ဆို​တော့လည်း အိမ်ကို​တောင်
မ​ပြောရဲ​လောက်​အောင် သူက ဘာဖြစ်​​နေတာလဲ"

သူငယ်ချင်း​တွေထဲမှာ ဂယူဗင်း
သူငယ်ချင်းမ​လေးကသာ စိတ်ဓါတ်အမာ​ကျောဆုံး၊အပြတ်သားဆုံး၊အကြံ့ခိုင်ဆုံး။

တစ်ဖက်ကလည်းမမှား၊ရစ်ခီ ကိုလည်း
အပြစ်မတင်ရက်တဲ့ ဂယူဗင်းက​​တော့ " နင်ကို ရစ်ခီက ချစ်ပါတယ်" ဆိုတာကိုသာ အာဂုံ​ဆောင်ရင်း။
.
.
.
"  ချစ်က ငါကို ဘာ​ပြောလဲ ဂယူဗင်း"

ရစ်ခီက အလျင်လို​နေမှန်းသိသာစွာကို အသည်းသန်။

" မင်းက ဘာလို့ အိမ်ကိုမ​ပြောတာလဲ သူက မင်းနဲ့ ​စေ့စပ်သွားချင်တာ"

ငိုင်​တွေ​နေတဲ့ ရစ်ခီ နည်းတူ၊ဂယူဗင်းရင်ထဲမှာလည်း ကမ္ဘာပျက်​နေတယ်။

"ငါက ဒီလိုအ​ခြေ​နေနဲ့ အိမ်ကိုမ​ပြောပြချင်တာ၊
ငါ ​အစွမ်းအစရှိတဲ့ အ​ခြေ​​နေ​တစ်ခုကို​ရောက်မှ
ချစ်ကို ​တရား၀င် ​စေ့စပ်​ကြောင်းလမ်းချင်တာ၊
အခုချိန်မှာ ငါက ဘာ​ကောင်ကြီးမှ,
မဟုတ်တာ မင်းသိသားနဲ့"

ရစ်ခီမှာက​လေ သူ့ချစ်သူနဲ့ ပတ်သက်ပြီး
အနာဂတ်အစီစဥ်​တွေရှိတယ်နဲ့တူပါတယ်။ဒါဆို
ဂယူဗင်းက​​​ရော ဂယူဗင်းတစ်​ယောက်တည်း​လေထဲမှာ​ဆောက်ထားတဲ့ အိမ်​လေး​တောင် အခုဆို
ယိုင်နဲ့နဲ့ဖြစ်သွားရပြီ။

7.

အခုဆို ရစ်ခီ သူ့ချစ်သူနဲ့ လမ်းခွဲတာ ၃လ ရှိပြီ။
​၃လအတွင်း ဂယူဗင်းနဲ့ သူငယ်ချင်းမ​လေးက
ဖုန်း​ပြောဖြစ်တာ​ကြောင့်  သူမ အဆင်​ပြေ​နေမှန်း
ဂယူဗင်းသိရတယ်။

အဆင်မ​ပြေကျန်​နေခဲ့တာက ရစ်ခီ ဖြစ်ပြီး
အဆင်မ​ပြေ​ကြောင်းကို ​ပေါ်တင်​ဖော်ပြခွင့်မရှိတာက ဂယူဗင်းဖြစ်မယ်။

ချစ်ရသူနဲ့ လမ်းခွဲလိုက်ပြီး​​တော့ ရစ်ခီ
အ​ခြေ​နေက အားရဖွယ်မရှိ။ ဂယူဗင်းကျ​​တော့​ရော မထူးခြားနားပါပဲ။

"စိတ်​ပြေလက်​ပျောက်ဖြစ်​အောင်
​ခရီးထွက်ကြမလား"

​​"..."
ရစ်ခီကပြန်မ​ဖြေ။

" မင်း ဆံပင်​ အမည်း​ရောင်​ပြန်​ပေါက်လာပြီ 
ထပ်ပြီး ​ဆေးဆိုးရမယ်ထင်တယ်"

ရစ်ခီက ဆံပင်အမည်း​​တွေထွက်လာမှာ
အ​ကြောက်ဆုံးမလား။

"..."

ဒါ​ပေမဲ့ ဂယူဗင်း ရစ်ခီ အာရုံကိုမဖမ်းစားနိုင်​သေး။

"မင်းအ​မေသိရင် စိတ်မ​ကောင်းဖြစ်ဦးမယ်
ထစမ်းပါကွာ မျက်နှာ​လေးဘာ​လေးသစ်ပြီး
သပ်သပ်ရပ်ရပ်​နေစမ်းပါ"

"ဖြစ်ချင်တာဖြစ်ကွာ သိသွားလည်း ​ကောင်းတာပဲ"

ရစ်ခီက ဂယူဗင်းကို ပြန်တုံ့ပြန်လာ​ပေမဲ့
မထိ​ရောက်​သေး။

"မင်း ဒီလိုဖြစ်​နေတာကို​သိ​ရင်
စိတ်​ကောင်းမယ်ထင်လား မင်းသိရဲ့သားနဲ့ သူ
က ဘယ်​လောက်..."

"​​အေး​နော် ချစ်က ရည်မှန်းချက်လည်းကြီးတယ်၊​​​တော်လည်း​တော်တယ်၊ ပြတ်လည်းပြတ်သားတယ်
ငါသာ ဒီလိုဖြစ်​​နေတာကို သိရင် ပိုပြီး
စိတ်ဆိုးသွားမှာ"

ရစ်ခီက အတင်းကုန်းရုန်းထပြီး ​ရေချိုးခန်းထဲ
၀င်သွားတယ်။ ဂယူဗင်းသွားမကြည့်ရင်​တောင်
ရစ်ခီဘာလုပ်​နေမှန်းသိပါတယ်။
အချစ်ရဲ့စွမ်းအား​တွေများ တစ်ဖက်အ​ပေါ်ကို​တော့ ​ကောင်း​​သောအကျိုး​တွေသက်​ရောက်​ပေမဲ့
ဂယူဗင်းက​​တော့ မျက်ရည်မ၀ဲမိ​အောင်
ထိန်းထားရတယ်။

တစ်ခါတစ်​လေ ဘယ်​လောက်ကြိုးစားကြိုးစား
တစ်ဖက်လူက အသိမှတ်မ​ပြု​ပေးရင်
ဘာမှဖြစ်မလာဘူး။

အချစ်ဆိုတာလည်း အတူတူပါပဲ။

8.

ရစ်ခီ ပြိုလဲ​နေတဲ့အချိန်မှာလည်း ဂယူဗင်းက
​ဘေးမှာရှိတယ်။ရစ်ခီ ​​အဆင်​ပြေ​သွားတဲ့
အချိန်မှာလည်း ဂယူဗင်းက ​ဘေးမှာရှိ​နေတယ်။ အချိန်​တွေ ဘယ်​နှစ်နှစ်​လောက်ကြာသွားပါ​စေ သူငယ်ချင်းအဖြစ်၊
သူငယ်ချင်း​လေးတစ်​ယောက်အဖြစ်။

ဂယူဗင်းက ​၀မ်းသာစရာကိစ္စ​တွေကို ရစ်ခီ နဲ့
အတူ ၀မ်းသာပြီး ၀မ်းနညး်စရာကိစ္စ​တွေကိုဆို ကြိတ်​​ဖြေရှင်းတယ်။

အခုလည်း ရစ်ခီ ​စေ့စပ်ပွဲကို ဂယူဗင်း
တက်​ရောက်ရပြန်တယ်။ ရစ်ခီက​ပျော်​တော့
ဂယူဗင်းက အတတ်နိုင်ဆုံး ပြုံးထား​ပေးတယ်။
ဂယူဗင်း မျက်နှာပျက်​နေလို့ ​နေမ​ကောင်းဘူးလားဆိုတဲ့ စိုးရိမ်စိတ်​လေး​တောင် ရစ်ခီ
ဆီမှာမဖြစ်​စေရဘူး။

" ဂုဏ်ယူတယ် မင်းအတွက်"

ဂယူဗင်း သူကိုယ်သူအတွက်​​လည်း ဂုဏ်ယူတယ်။
ဘာမဟုတ်တဲ့ ခံစားချက်​တွေကို နှစ်​တွေအများကြီး သိမ်းထားနိုင်ခဲ့လို့။ အဲတာ​တွေ​က ရစ်ခီ ကို
စိတ်အ​နှောင့်ယှက်ဖြစ်ခွင့်မ​ပေးခဲ့လို့။

"အားကျရင် မင်းလည်းတစ်​ယောက်ရှာလိုက်​လေ
ဒီအရွယ်ထိ ဘယ်​ကောင်မ​လေးကိုမှ
မကြိုက်ဖူးဘူး လို့ မ​ပြောနဲ့"

​ဘေးက သူငယ်ချင်း​တွေက ဝိုင်း​လှော်တယ်။

"အလှဆုံးတစ်​ယောက်နဲ့ ငါ မိတ်ဆက်​ပေးမယ်
မင်း ကြိုက်တဲ့သူကို လက်ညှိုးထိုးလိုက်
ငါ ချစ်ကိုပါ ကူပြီး မင်းအတွက်ရှာခိုင်း​ပေးမယ်"

ရစ်ခီက ဂယူဗင်း ပုခုံးကို လာဖက်တယ်။
ဂယူဗင်း မျက်လုံးထဲမှာ မြင်တဲ့ အလှဆုံးက​တော့ ​ဘေးတိုက်မြင်​နေရတဲ့ ရစ်ခီ မျက်နှာ​လေးပဲ။

ဘယ်လို့ ​ပြောရမလဲ။  ဂယူဗင်းက
လူသား​တွေထဲက လူသားမို့လို့ ခံစားချက်​တွေကို
မထိန်းချုပ်နိုင်တဲ့အခါရှိတယ်။

သ​ဘောကျတဲ့ စိတ်ကို ချိုးနှိမ်ထားနိုင်​ပေမဲ့
၀မ်းနည်းစိတ်ကိုလည်း မဖိနှိပ်ထားနိုင်ဘူး။
နှာရိုးတစ်​လျှောက်က ကျဥ်တက်လာတာနဲ့အတူ မျက်ရည်​တွေ​ကြောင့် အမြင်အာရုံက ​ဝေဝါးလာတယ်။

ရစ်ခီက ​ပျော်​နေတယ်၊ရစ်ခီက ​ပျော်​နေတယ်၊
ဒါ ရစ်ခီ အ​စောင့်ဆိုင်း​နေဆုံး အချိန်ပဲ။

တရားမှတ်သလို အထပ်အထပ်အခါခါ
ရွတ်ဆို​နေမိတယ်။

မျက်ရည်​တွေက ​အ​ငွေ့ပျံသွားသလို၊၀မ်းနည်းတဲ့
စိတ်အစား ကြည်နူးစိတ်က လှိုက်တက်လာတယ်။
ရစ်ခီက အရမ်းလှ​အောင် ပြုံး​နေတာပဲ။
သူချစ်ရသူကို ကြည့်ပြီး​တော့။

9.

ရစ်ခီ  လက်ထပ်ပြီး ဘယ်နှစ်နှစ်​မြောက်လဲ
ဂယူဗင်းမသိဘူး။သူ့က​လေး​လေး ဘယ်အရွယ်​ရောက်​နေပြီလဲဆိုတာ  ဂယူဗင်းစိတ်မ၀င်စားဘူး။

ဂယူဗင်းစိတ်အာရုံက ပစ္စုပ္ပန်မှာပဲ အ​ခြေချထားတယ်။မှောင်မည်း​နေတဲ့ အခန်းငယ်​လေးမှာ
တိပ်ခွေကလာတဲ့
ခပ်တိုးတိုးအသံကသာ စိုးမိုး​နေတယ်။

ရုတ်ခြည်း အပြင်ကမိုးစက်သံ​တွေက
အခန်းထဲကအသံ​တွေကို ဖုံးလွှမ်းသွားတယ်။
တ​​ဖြောက်​ဖြောက်ကျဆင်းလာတဲ့
မိုးစက်​တွေက ဂယူဗင်း အကြားအားရုံကို
သိသိသာသာ စိုးမိုးနိုင်တယ်။

အတိတ်က ​ပျော်ဖို့သိပ်မ​ကောင်းပါဘူး။
ဂယူဗင်းက​တော့ ရုပ်ရှင်တစ်ကားကို
ပြန်ကြည့်​နေတယ်လို့ပဲ အလွယ်တကူ
စဥ်းစားလိုက်တယ်။​မ​ရေတွက်နိုင်​အောင်
ကြည့်ခဲ့ဖူးတဲ့ တိပ်ခွေကို ပြန်ရစ်လိုက်တယ်။
အတိတ်မှာစမယ် ပစ္စုပ္ပန်မှာ အဆုံးသတ်မယ်။

ရစ်ခီကို ချစ်ဆဲ၊ချစ်မြဲ....

End<18.1.24>


Continue Reading

You'll Also Like

112K 3.2K 36
SHE'S SO GONE Andy - "She denies it. But truth is, she's falling in love with him." Ricky - "Never fall in love with your best friend. It has no cur...
572K 6.7K 10
Xavier is dying. Everyone has heard of mates rejecting mates but never has anyone heard of wolves rejecting their chosen one. Xavier's mate is futur...
21.6M 786K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...
18.6M 493K 41
After being involved with a cold-hearted mafia boss, Robyn Lehman decides its time to run. Little did she know, she was carrying the future heir to h...