beep beep beep
6:45 a.m
မနက်စောစောမထတတ်သူမို့ ဒီအချိန်ဒီအခါဟာ သူ့အတွက်တအားစောလွန်းပါသည် ၊ ဖုန်းကိုကြည့်လိုက်တော့ အမည်မသိခေါ်ဆိုသူမို့ မကိုင်လိုက်ပေမယ့် ထပ်ခါထပ်ခါခေါ်သောကြောင့် အတော်လေးစိတ်ဆိုးပြီး စကားလုံးကြမ်းကြမ်းဖြင့်ပြောရန် ဖုန်းကိုကိုင်လိုက်သည် ။
" hello "
ထူးလိုက်သောလေသံသည် သာယာနာပျော်ဖွယ်ဖြစ်မနေလှ ဆောင်ကြီးအောင့်ကြီးဖြင့်သာ ပြောလိုက်ခြင်းဖြစ်သည် ။
" လာလီဆာ အိတ်ပုတ်ကြီးမနေဘဲ လေ့ကျင့်ခန်းလုပ်ဖို့အဝတ်အစားလည်းပြီး အိမ်ရှေ့ကိုထွက်ခဲ့ပါ ၁၅မိနစ်တိတိ အချိန်ရပါမယ် မဟုတ်ရင် ငါတစ်ရပ်ကွက်လုံးနိုးအောင် သောင်းကျန်းရလိမ့်မယ် "
မနက်စောစော နားထင်မွှေးတွေပါ ထောင်သွားသလိုခံစားရတယ် ၊ ကြက်သိမ်းလည်းတဖြန်းဖြန်းထသွားတယ် ၊ သူသည် ငယ်ငယ်ကတည်းကပင် ခုချိန်ထိ သူမစကားတစ်ခွန်းဆိုတစ်ခွန်းပါ။
၁၅မိနစ်ေပးတာတောင် ပိုနေသောအချိန်တို့ လီဆာ့မှာ ရှိသေးသည် ။
" မဆိုးပါဘူး ၊ အမြန်နှုန်းအရှိန်ကတော့ အရင်လိုသွက်တုန်းလက်တုန်း "
" စကားအပိုတွေပြောမနေဘဲ ရောက်လာတဲ့အကြောင်းရင်းကိုသာပြောပါလား ၊ နင်ရောက်လာတာ ငါ့မှာအိပ်ကောင်းခြင်းလည်းမအိပ်ရ စားကောင်းခြင်းလည်းမစားရပဲ "
" အားမွေးထားလိုက်အုံး လီဆာ ငါဆက်ပြီးဒုက္ခပေးတာကို ခံရဦးမှာ "
" ငါကဘာလို့လဲ နင့်ရဲ့ လက်တွဲဖော်အကောင်းစားကြီးက မခံစားဘဲ ငါကဘာလို့ခံစားရမှာလဲ "
မကျေနပ်သလို ခက်စွာစွာမေးလာသော သူ့ကို သူမက ခွန်းတုန့်မပြန်ခင် ပြုံးပြုံးလေးသာကြည့်နေတယ် ၊ ပြီးမှသာ
" နင်မို့လို့လေ နင်ဖြစ်နေလို့ "
အဲဒီစကားကိုပြောရင်း ရယ်ကာမောကာထွက်သွားသော အဲဒီမိန်းမကို ကျွန်မနားမလည်တော့ပါ ။
တိုးထွက်ပေါ်ပေါက်လာသော နေရောင်ခြည်အလင်းတန်းများ တိမ်လွှာတွေပေါ်သို့ ဖြတ်သန်းလာသောအချိန်အခါ၌ အချစ်ငှက်ငယ်နှစ်ကောင် ချစ်ကြည်နူးကာ ပျော်မြူးနေကြတယ် ။
" လီဆာ ဟိုတောင်ကုန်းပေါ် ခဏထိုင်ရအောင် "
မောဟိုက်နေတဲ့ လေသံကြောင့် လီဆာရှေ့က တောင်ကုန်းလေးပေါ်ပြေးတက်သွားလိုက်ရင်း သစ်ပင်အောက်မှာ ကပ်ထိုင်လိုက်တယ် ။
" လီဆာ ငါ့ကို ဆွဲကူပါဦး "
ဒီတောင်ကုန်းသေးသေးလေးတောင် မတက်နိုင်သော မပေါက်စကို လက်မောင်းကနေဆွဲတင်လိုက်တော့ ဆွေ့ခနဲပါလာသည် ။
" လီဆာ ဟိုဘက်တိုးပါလား ငါထိုင်ချင်တယ် "
မြက်ခင်းပြင်ပေါ်ကနေ အသာရွှေ့ပေးလိုက်တော့ လီဆာ့နားကပ်ကာ တိုးထိုင်လာသည် ၊ ထူးခြားတဲ့ အခြေအနေတစ်ခုက လီဆာဟာ သူမကိုလုံးဝစကားမပြောတာပါပဲ ။
" လီဆာ ငါဟိုးနားက ပန်းအဝါရောင်လေးလိုချင်တယ် "
" နင် နင်နော် "
ပြောရင်းဆိုရင်း စိတ်တိုတိုဖြင့် ထသွားသော လီဆာ့ကို လှမ်းကြည့်လိုက်သည် ။
" ဒီဟာလေးလား "
အဝါရောင် စက္ကူပန်းတွေကို အခိုင်လိုက်ဆွဲပြရင်း မေးနေသောလီဆာ့ကိုကြည့်တော့ Aurora အလင်းတန်းတွေဟာ လီဆာ့အပေါ်ပဲ ဖျာကျနေသလို နေရောင်တောက်တောက်ထဲမှာ လီဆာ့ရဲ့ ရွှေအိုရောင်ဆံပင်တွေက သိပ်ကိုချစ်ဖို့ကောင်းသည် ။
" ဂျန်းနီကင်မ်ရှီ ဒီဟာလားလို့ "
" အော် ဟုတ်တယ်ဟုတ်တယ် အဲဒါလေးတွေ "
ပန်းခိုင်တစ်ခိုင်လုံးနီးပါး ချိုးကာခူးယူလာသော လီဆာ့အား ပြောမယ့်သူသည် အလျင်းမရှိ။
" ရော့ နင်သာလေ နင့်လက်တွဲေဖာ်နဲ့ ကုန်ဆုံးရမယ့်အချိန်တွေမဟုတ်ဘူးလား "
" နင်ကငါ့ကိုငြိုငြင်ပြီပေါ့ "
" အင်း တကယ် ငြိုငြင်နေပြီ "
မထင်မှတ်ထားသောစကားအခြေအနေကြောင့် ဂျန်းနီရင်ထဲ ဝမ်းနည်းမှုအနည်းငယ် ဝင်ရောက်ဖြတ်သန်းသွားရသည်။
" Jong ah ကမ်းစပ်လမ်းနားက ပန်းခြံထဲမှာ တို့ကိုလာခေါ်ပါလား "
ဖုန်းထုတ်ကာ တစ်စုံတစ်ယောက်ဆီဆက်နေသော ဂျန်းနီကင်မ်ကို ခပ်ဆွေေဆွကြည့်ရသူမှာ လီဆာပါပဲ ။
" အေး နင့်လက်တွဲဖော်ကြီး လာတော့မှာမဟုတ်လား ငါပြန်ပြီ "
ကိုယ့်ကိုယ်ကိုယ် ခေါင်းညိတ်မိလိုက်လား ခေါင်းခါမိလိုက်လား မသည်းကွဲတော့ပါ ၊ အဝေးရောက်သွားသော လီဆာ့ရဲ့ ကျောပြင်လေးကိုတော့ မှုန်ဝါးဝါးဖြင့် ဂျန်းနီ မြင်လိုက်ရသည် ။
" ဂျန် တစ်ယောက်ထဲဒီအထိတောင် လေ့ကျင့်ခန်းလာလုပ်တာလား ကိုယ့်ကိုယ်လည်းနည်းနည်းပါးပါးမပြောဘူး တစ်ခုခုဖြစ်နေဦးမယ် "
" ဘာမှမဖြစ်ပါဘူး ဂျန့်ကိုအိမ်ပဲပြန်လိုက်ပို့ပေးပါ "
" ကောင်းပြီလေ သွားရအောင်နော် "
စိတ်ထဲမှာတစ်စုံတစ်ခုလိုနေသော်လည်း ဂျန်းနီစိတ်ထဲလီဆာဟုသာ တစ်ထစ်ချသူသတ်မှတ်ထားသည် ။
Min Jong Soo တံခါး ဖွင့်ပေးသော ကားထဲကို ဂျန်းနီ အသာလေးဝင်ထိုင်လိုက်သည် ၊ ကားပေါ်တက်လာသောသူအား စောင့်နေရင်းဖြင့်ပင် မျက်စိကစားလိုက်တော့ သစ်ပင်နောက်ကွယ်က တစ်စုံတစ်ယောက်သောသူကိုတွေ့သည် ။
" အရူးကောင် သဝန်တိုနေရင်လည်းပြောတာမဟုတ်ဖူး လက်လွှတ်အနစ်နာခံနိုင်သူကြီးလို လုပ်လွန်းတယ် မှတ်လောက်အောင်ပစ်ထားရဦးမယ် "
ထွက်သွားသောကားလေးကို တမေ့တမောဖြင့်သာ လီဆာ လိုက်ေငးကာကြည့်မိသည် ။
" ထူးထူးဆန်းဆန်း အားကစားတွေဘာတွေထလုပ်လို့ပါလား "
ဘယ်လိုဘယ်လိုမှန်းမသိအောင်ပင် အိမ်ရှေ့ထိသူရောက်လာမိသည် ၊ ခြံဝန်းထဲ၌ ပန်းပင်ရေလောင်းနေသော ချယ်ယောင်းကို တွေ့ကာမှပင် သူအိမ်ကိုရောက်မှန်းသတိထားမိသည် ။
" ငါအနားယူလိုက်ဦးမယ် ချယ်ယောင်း ၊ အထွေအထူးမရှိရင် ဒီနေ့ငါ့ကိုခေါ်မနေနဲ့တော့ "
ချယ်ယောင်းမှာ လက်ထဲပန်းခိုင်ကြီးကိုင်လျက် အခန်းထဲဝင်သွားသော လီဆာ့အားတအံ့တဩဖြစ်ရင်းပင် အခန်းအပေါက်ဝလေး၌ ကျန်ခဲ့ရသည် ။
" ဆူးယ လီဆာကလေ ထူးထူးဆန်းဆန်း မနက်စောစောစီးစီး လေ့ကျင့်ခန်းတွေထလုပ်နေတယ် ၊ တကယ်ဆို လေ့ကျင့်ခန်းလုပ်တဲ့သူက စိတ်ကြည်လင်လာရမှာလေ ၊ အခုများကြ သူ့ကိုအကြောင်းမရှိရင်မနှောင့်ယှက်ပါနဲ့ဆိုပြီး အခန်းတံခါးပိတ်သွားတယ် ၊ သူဘာဖြစ်နေတယ်လို့ထင်လဲ ဆူးယ "
လီဆာ့အကြောင်းကို ဆူးယအား ဖုန်းထိုးကာ ပတ်ချယ်ယောင်း အကြံဉာဏ်တောင်းနေသည် ။
" သူတို့ရဲ့ပတ်သက်သမျှတစ်စုံတစ်ခုကိုများ လီဆာ့ရင်ထဲ ဒါမှမဟုတ်မြင်ကွင်းထဲ ပေါ်လာပြီးတော့များပြန်အမှတ်ရသွားလို့လား ၊ ဒါမှမဟုတ်လူကိုယ်တိုင်ပဲပြန်ရောက်လာလို့လား အဲ့နှစ်ချက်ထဲကတော့ဖြစ်ဖို့များတယ် ချယ် "
" အမှက်တရတစ်စုံတစ်ခုပြန်ပေါ်သွားလို့ဖြစ်မှာပါ ၊ လူကိုယ်တိုင်ပြန်ရောက်လာတာဆိုရင်တော့ သူကျွန်မကိုပြောမှာပေါ့နော် "
" အဲဒီလိုလည်းတွေးလို့ရပေမယ့် ချယ်က သူ့အပေါ်စိတ်ပူကြီးတတ်သူမှတ်လား အဲဒီတော့ ချယ် စိတ်ပူမှာစိုးလို့မပြောတာလည်းဖြစ်ချင်ဖြစ်မှာပေါ့ "
" ကျွန်မမေးကြည့်လိုက်ရမလား "
" သူ့ဘက်ကငြိမ်နေချင်တယ်ဆိုရင်ခဏလောက်တော့လွှတ်ထားပေးလိုက်ပါ ချယ် "
" ကျေးဇူးပါပဲ ဆူးယရယ် ၊ မဟုတ်ရင်ကျွန်မတစ်ယောက်တည်းလုပ်ချင်တာတွေလုပ်မိနေမှာ ၊ အဲဒီလိုဆိုသူ့အပေါ်လည်းတအားတင်းကျပ်သလိုဖြစ်သွားမှာ "
" ချယ်စိတ်ပူတာကို လီဆာက နားလည်ပေးပါတယ် ၊ သူလည်းသဘောထားအလောက်မသေးသိမ်ပါဘူး "
သက်ပြင်းတိုးတိုးချသံဟာ ဝရံတာတခွင်မှာ လေ၏ပို့ဆောင်ချက်အရပျံ့နှံ့သွားရသည် ။
" လီဆာတစ်ယောက်နဲ့တော့ ဒုက္ခများရတာပါပဲလေ "
သူ၏စကားအတိုင်း တစ်နေကုန်တစ်နေခမ်းပင် လီဆာသည် သူ၏အခန်းထဲမှာထွက်မလာခဲ့ပါ ။
" လီဆာ ငါအလုပ်ကိစ္စရှိလို့ မြို့ထဲကစားသောက်ဆိုင်ဆီသွားရမယ် နင်ဘာစားချင်သေးလဲ ၊ ငါမေးတာကြားရဲ့လား လီဆာ "
" ငါဘာမှမစားချင်တော့ဘူး ဆေးလိပ်တော့တဗူးလောက်ဝယ်ခဲ့ပေးပါ ချယ်ယောငိး "
" ချီးမို့လို့ဆေးလိပ်ကိုမှာ ၊ အစားအသောက်မှမဟုတ်ရင်ဘာမှမဝယ်ပေးနိုင်ဘူး ငါသွားပြီ "
ထိုသို့သောစကားကြောင့် အခန်းထဲကသူ၏ မျက်နှာထက်ကပုံရိပ်မှာလည်း အပြုံးတချို့ချိတ်ဆွဲသွားရသည် ၊ သူ့ကို ချယ်ယောင်း ဘယ်လောက်ထိစိတ်ပူလဲဆိုတာသူသိပါသည် ။
" နင်လည်းချစ်ရတဲ့သူတစ်ယောက်နဲ့မြန်မြန်တွေ့ပြီးတော့ မြန်မြန်အိမ်ထောင်ကျမှပါပဲ ၊ မဟုတ်ရင်ငါ့ကိုလိုက်ဂရုစိုက်ရတာနဲ့တင် နင်အသက်တွေကြီးတော့မယ် "
ချယ်ယောင်းထွက်သွားတာ သေချာသွားတော့မှ ပြတင်းတံခါးကိုဖွင့်လိုက်ရင်း ကောင်းကင်ထပ်က ကြယ်တာရာတွေကို တစ်မေ့တမောငေးလိုက်သည် ။
အတွေးတွေကအတိတ်ဆီသို့ ။
" ဂျန်းနီကင်မ် အထက်တန်းး ဒုတိယနှစ်က စီနီယာ ကင်မ်ဂျောင်ဝူးက နင့်ကိုချစ်ရေးဆိုတယ် "
ငြိမ်နေပုံရတဲ့ သူမလေး၏ပုံစံဟာ တကယ်ဖြစ်နေပုံရသည် ။
" ဂျန်းနီကင်မ် နင်ငြင်းရမှာလေ တန်းငြင်းရမှာကို နင်ဘာတွေလျှောက်လုပ်နေတာလဲ နင်ခုမှအထက်တန်း ပထမနှစ်နော် "
" နင်ငါ့ကိုလာမချုပ်ချယ်နဲ့လီဆာ နင်လဲနင်ပေါင်းချင်တဲ့သူငယ်ချင်းနဲ့ပေါင်းသလို ငါလဲကြိုက်ချင်တဲ့သူနဲ့ကြိူက်တယ် နင့်အပူတပြားတပါဒမှ မပါဘူး ငါ့ကိုလာမအော်နဲ့လီဆာ !! "
သူပဲမအော်နဲ့ပြောပြီး သူကဦးအောငိအော်သည် ၊ ဒါဟာ လီဆာ ကျောင်းသားလူမိုက်အဖွဲ့နဲ့ပေါင်းမိလို့ဆိုတဲ့ ခေါင်းစဉ်အောက်ကအကြောင်းပြချက်တွေဆိုတာ မလွဲမသွေပါဘဲ ။
" ဂျန် ၊ ဂျန်းနီ "
ကျောင်းဆင်းတာနဲ့ ဂျန်းနီကို စောင့်နေပုံရတဲ့ အထက်တန်း ဒုတိယနှစ်က စီနီယာ ကင်မ်ဂျောင်ဝူးက လိုက်လာလေသည် ၊
လီဆာ့ကိုရွဲ့ချင်လို့သာ တိုက်ရိုက်မငြင်းခဲ့တာ အခေါက်အခါတိုင်းယောက်ျားလေးတွေကိုအပြတ်ငြင်းနေကြဆိုတော့ ဒီတစ်ခါ မငြင်းလိုက်ခြင်းဟာ သူ့အပေါ်ခံစားချက်ရှိနေသလို ထင်သွားစေနိုင်သည် ၊ တကယ်အဲ့တာမကောင်းတဲ့ ဟိုလာလီဆာကြောင့် ။
" ဂျန်းနီ ကိုယ့်ကိုစောင့်ပါဦးကွာ "
ဂျန်းနီအဲ့လောက်ကြီးကျတကယ်ကြောက်သည် ၊ စီနီယာက ဂျန်းနီမရပ်ပေးမခြင်းကို သဲကြီးမဲကြီးလိုက်သည် ၊ ပြေစရင်းနဲ့ပင်ကျောင်းနားက ပန်းခြံနားထိရောက်လာသည် ဒီနေရာဟာ လူလဲပြတ်သည် ၊ ဒီနေ့ကျမှစိတ်ကောက်ပြီး မစောင့်ဘဲပြန်သွားသည် ၊ အကောင်စုတ် သူ့ကိုစိတ်ကောက်တာကို ။
ဂျန်းနီ ဘယ်လောက်မြန်မြန်သွားသွား စီနီယာက အရပ်ပိုရှည်တာမို့ ခြေလှမ်းကျယ်ကျယ်ဖြင့် ခဏလေးဖြင့်မှီသည် ၊ နောက်မှနေ၍ ဂျန်းနီ၏လက်ကို ဖမ်းဆွဲလာသည်။
" စီနီယာ လွှတ်ပါ ကျွန်မကို အဲ့လိုမျိုးမလုပ်ပါနဲ့ ကျွန်မ
မကြိုက်ဘူး "
" မင်းလေးက ကိုယ့်ကိုတောင် လူကြားထဲမှာတောင်မငြင်းခဲ့တာလေ လာပါကွာ ခုဘယ်သူမှလဲရှိတာမဟုတ်ဖူး ကိုယ့်ကိုတစ်ခါထဲတိတိကျကျအဖြေပေးခဲ့ပါနော် "
" ကျွန်မ စီနီယာကို မချစ်ဖူး လီဆာ့ကိုရွဲ့ချင်လို့ တမင်မငြင်းခဲ့တာ စီနီယာလွန်မလာနဲ့ကျွန်မအော်လိုက်မှာနော် "
" ဟားဟား အော်လေ မင်းလိုဟာမလေးကများ ငါ့ကိုကစားရဲတယ်ဟုတ်လား ၊ အော်လိုက်လေ မင်းကိုဘယ်ဟီးရိုးကြီးက ဘယ်ကနေ လာကယ်မှာတဲ့လဲ "
ဟုတ်လဲဟုတ်သည် ပန်းခြံက သစ်ပင်ကြီးတွေနဲ့ ဧရိယာကလည်းကျယ်သည် တော်ရုံမကြားနုိင်ပါ ၊ အုံ့မှိုင်းနေသော မိုးကောင်းကင်တစ်ခွင်လုံးကြောင့် လူတွေကလည်းတဖြေးဖြေးပါးရုံတင်မဟုတ် ပျောက်တောင်ပျောက်သလောက်ပါပဲ ။
စီနီယာကလည်း ဂျန်းနီလက်ကောက်ဝတ်ကိုဖမ်းဆုပ်ပြီး အတင်းဆွဲကာခေါ်နေပြန်သည် ။
" လီဆာ လီဆာရေ ငါကြောက်တယ် "
မျက်လုံးစုံမှိတ်ကာ တကယ်တမ်းတနေမိသည်က လီဆာ့ကို ဂျန်းနီ မရွဲ့သင့်သည် ကိစ္စတွေကိုရွဲ့လိုက်မိတာ ။
" ဂျန်းနီ ဂျန်းနီအဆင်ပြေရဲ့လား "
မျက်စိမှိတ်ကာ တမ်းတနေသော လီဆာသည် ဘယ်ကဘယ်လိုရောက်လာမှန်းမသိပါ ၊ မျက်လုံးဖွင့်လိုက်သည်နှင့်အမျှ သူ့ကိုမြင်နေရသလို ကျဆင်းလာသောမိုးစက်မိုးပေါက်တို့ကိုပါ သည်းသည်းကွဲကွဲမြင်နေရပြီ ။
" လီဆာ ငါအရမ်းကြောက်တယ် "
" ဘာမှမဖြစ်ဘူး ငါရှိတယ် "
စကားဆုံးတာနှင့်အမျှ သူမသည် လီဆာ့ရင်ခွင်ထဲထိ တိုးဝင်ပြီးကပ်သွားသည် ၊ စီနီယာကတော့ ခေါင်းမှာေသွးအလိမ်းလိမ်းဖြင့် မှောက်လျက်လဲကျနေတော့သည် ။
" ငါတို့အိမ်ပြန်ကြရအောင်နော် နင်နောက်ကျနေလို့အန်တီအရမ်းစိတ်ပူနေတယ် ၊ ငါဖုန်းတွေလည်းဆက်ပြီးမေးနေတယ် "
" လူဆိုးကောင် နင်ငါ့ကိုတစ်ယောက်တည်းထားခဲ့ပြီးတော့ အခုမှလာစိတ်ပူပြနေတယ် "
" ငါနင့်ကိုတစ်ယောက်တည်းမထားခဲ့ပါဘူး ၊ နင်တို့အတန်းထဲက ချွဲနာအွန်းကို ငါစာကြည့်တိုက်ခဏသွားမှာမို့လို့ အဲဒီကိုလိုက်ခဲ့ပါလို့ပြောခဲ့တယ်လေ "
" သူငါ့ကိုဘာမှမပြောဘူး လီဆာ "
" လာလာငါတို့အိမ်ပြန်ရအောင်နော် "
ကျဆင်းလာသောမိုးဖွဲလေးများအကြား နှစ်ယောက်သားပြေးကာ မိုးခိုရန် ဘတ်စ်ကားဂိတ်ဆီသို့ပြေးလိုက်သည် ။
" နင်ချမ်းနေဦးမယ် ရော့ဟောဒီအပေါ်ထပ်ကိုဝတ်ထားလိုက်"
သူလက်ဆင့်ကမ်းပေးလာသော အနွေးထည်အညိုရောင်လေးကို သူမတစ်ချက်ကြည့်လိုက်သည် ။
" ဝတ်လိုက်ပါ ရေစိူသွားလည်းဘာမှမဖြစ်ဘူး နောက်နေ့ပြန်လျှော်လို့ရတယ် "
သူ၏အင်္ကျီရေစိုသွားမှာကိုကြောက်၍ ငေးကြည့်နေဟန်ဟု သူကထင်သွားသည် ။
" ကျေးဇူးပါပဲ ဒါဆိုငါ့အားမနာနေတော့ဘူးနော် ဝတ်လိုက်တော့မယ် "
" ဘာမှအားနာစရာမလိုဘူး အအေးသက်သာအောင်လို့ပေးတာမို့လို့ ဝတ်ထားလိုက်တော့ "
ထိုသို့ခပ်တိုတိုပြောပြီး သူ၏အကြည့်များသည် မိုးတဖွဲဖွဲကျနေသော ကားလမ်းမပေါ်သို့ရောက်သွားသည် ။
" နင်သာရောက်မလာခင်ငါဘာဖြစ်သွားမယ်ထင်လဲ
လီဆာ "
သူမဘက်ကစကာမေးလိုက်တော့ ကားလမ်းမပေါ်မှအကြည့်တွေက သူမဆီရောက်လာသည် ။
" ငါအဲဒီလိုကြီးတော့မခံပန်းတတ်ဘူး ဂျန်းနီ ၊ ဒါပေမယ့်ငါနင့်ဆီပြန်လာမိတာက ငါ့အတွက် ဘဝမှာကိုယ့်ကိုယ်ကိုဂုဏ်ယူဖို့အကောင်းဆုံးအရာပဲဖြစ်လိမ့်မယ် "
" ငါကနင့်အတွက်အဲဒီလောက်တောင်အဖိုးတန်လား လီဆာ "
" နင်ကအဖိုးတန်တာထက်များကြီးပိုတယ် "
သူတို့နှစ်ယောက်ကြားက စကားသံတွေတိတ်ဆိတ်သွားတာနဲ့အမျှ မိုးကပို၍သည်းသည်းလာသည် ။
" ဟယ်လို အိုမား ၊ ဟုတ်ကဲ့သမီးတို့တူတူရှိနေပါတယ် သမီးဂရုစိုက်ထားလိုက်ပါ့မယ် ၊ နည်းနည်းနောက်ကျရုံကလွဲပြီးဘာမှမဖြစ်ပါဘူး သမီးတို့မုန့်လေးခဏစားပြီးမိုးခိုနေတာ ပြီးရင်ပြန်လာမှာ "
ဖုန်းပြောနေသောသူ့ကို ဆောင်းငဲ့ကာကြည့်လိုက်တော့ အိမ်ကဖုန်းဆက်နေဟန်တူသည် ။
" အိမ်ကလားဟင် လီဆာ ၊ စိတ်ပူနေကြတာလား ငါတို့တော်တော်လေးနောက်ကျနေပြီ မိုးမခိုဘဲပြန်ရအောင်လား "
" ခဏလေးစောင့်ကြည့်လိုက်ပါဦး မိုးကတိတ်တော့မှာပါ ငါတို့ခဏနေပြန်ရမှာပါ အိမ်ကိုလည်းပြောပြီးသွားပြီ စိတ်ချနေပါ ၊ နင့်အနားမှာငါလည်းရှိတာပဲကို အိမ်ကလည်းစိတ်ချပါတယ် "
" ကျေးဇူးပါပဲလီဆာ "
" တကယ်ကိုငါ့အပေါ်ကျေးဇူးတင်တယ်ဆို တဇွတ်ထိုးတွေမလုပ်ဘဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမှာသိတယ်မလား "
" အင်း ငါသိပါပြီလီဆာ "
အချိန်အတော်ကြာတော့မိုးကစဲသွားသည် ၊ လီဆာကတော့ ဘတ်စ်ကားမှတ်တိုင်က ခုံပေါ်မှာထိုင်ရင်း ပုခုံးပေါ်မှာအကောင်ပေါက်လေးကိုလည်းပွေ့ဖက်ထားရသည်။
" ဂျန်းနီ မိုးကတိတ်နေပြီ နောက်လည်းနောက်ကျနေပြီ ငါတို့ပြန်ရအောင်ထတော့လေ "
" ဂျန်းနီ "
ဘယ်လိုပဲနှိုးနှိုး နိုးမလာသောအကောင်ပေါက်လေးအားကောက်ကာ ပွေ့လိုက်ရတော့သည် ။
ရင်ခွင်ထဲကကောင်မလေးက အင်္ကျီစကိုအတင်းဆွဲကာ ရင်ခွင်ထဲကိုတိုးဝင်လာသည် ။
သသမလေးကို လက်နှစ်ဖက်လုံးဖြင့် ပွေ့ချီထားရသောကြောင့် သူ့မှာလက်မအားေတာ့ပေ ၊ ထိုေကြာင့် သူ၏ပါးဖြင့် သူမလေး၏နဖူးကိုကပ်ထားလိုက်သည် ။
" ဂျန်းနီ ကိုယ်တွေမတရားပူနေတာပဲအိမ်ကိုမြန်မြန်ပြန်ရမှပါ "
မိုးဆိုသောရာသီဥတုပီးသည့်အခါ မိုးနှံ့တစ်သင်းသင်းဖြင့်ကျန်ခဲ့သောပတ်ဝန်းကျင်သည် အချစ်ဓာတ်များပိုတိုးအောင်လှုံ့ဆော်ပေးသကဲ့သို့ပင် ။
" အတိတ်တွေကို ဘယ်လိုပဲပြန်တွေးတွေး နင့်ကိုဘယ်လိုမှမေ့နိုင်မှာမဟုတ်ဘူး လီဆာ "
ကြယ်တာရာများ တစ်စတစ်စပေါ်ပေါက်နေသော ကောင်းကင်ထက်ကို မော့ကာကြည့်လိုက်ရင်း
" နင်ကငါ့ရဲ့နောက်ဆုံးအချစ်ပဲ လီဆာ ၊ နင်ဘက်ကလည်းအဲဒီလိုမျိုးထပ်တူဖြစ်ဖို့ငါမျှော်လင့်ပါတယ် ၊ ဒါပေမဲ့သေချာတာတစ်ခုကတော့ ငါဘယ်လိုပဲအဆင်ပြေအောင်နေခဲ့နေခဲ့ နင့်မျက်နှာလေးကို ပြန်မြင်လိုက်ရတဲ့အချိန်မှာ ငါ့ရဲ့ဆုံးဖြတ်ချက်တွေဘအကုန်လုံးဝေဝါးသွားတယ် လီဆာ "
ချစ်ခဲ့တယ် ချစ်နေဆဲ ဆက်ချက်ဦးမှာ အဲဒီလိုမျိုးဆုံးဖြတ်ချက်တွေ အများကြီး ရင်ထဲမှာကိန်းအောင်းနေတာကို သူတို့နှစ်ယောက်လုံးမြင်အောင်မကြည့်နိုင်ခဲ့တာလား ၊ ဒါမှမဟုတ် တမင်တကာ မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားခဲ့တာလား ။
သေချာတာတစ်ခုကတော့ ချစ်နေတဲ့သူတို့နှစ်ယောက်သား ဘယ်ချိန်ပဲ ခြေလှမ်း ပြန်လှမ်းပြန်လှမ်း တစ်ယောက်စီတစ်ယောက် ပြန်ရောက်အောင်လို့ နှလုံးသားကဦးတည်ရာမှန်မှန်ပို့ပေးမှာအမှန်ပါပဲ ။
____________________
Sunday လောက်မှ ပြန်တွေ့ဖစ်မယ် ထင်ပါတယ် ။