ရူး

Da kawkit_

35.7K 1.7K 42

အချစ်ကိုရှာဖွေတွေ့ရှိတဲ့အချိန်ဟာ ကျရှုံးချိန်ပါပဲ..... Altro

ရူး
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
28
27
29⚠️⚠️
30
31
32
33
34⚠️⚠️⚠️
35
36🔥🌚
37(part 1)
37(part2)
38
39
40
41
42(part1)
42(part2)
43
44
45(part 1)
45(part2)

19

627 38 1
Da kawkit_

"ဟယ်လို ......မမ.....ဒီနေ့ဘယ်ချိန်ပြန်ရောက်မှာလဲ ....”

ဖွားတို့ ပြန်လာမဲ့ရက်မို့ ရတု မမဆီဖုန်းဆက်‌‌ေမးမိတော့ မမကဒီနေ့ပြန်မလာဖြစ်သေးကြောင်းပြောသည်။

"အော်.....ဟုတ် ....မမ...မနက်ဖြန်ရောက်မှာပေါ့....သားကို ဖုန်ဆက်ဦးနော်......ဒါပဲနော်မမ...."

"မောင်....အမလား"

အနောက်ကနေ အကို့အသံကြားတော့ ရတုဖုန်းမြန်မြန်ချလိုက်ပြီး အနောက်သို့လှည့်ကြည့်လိုက်၏။

အကို ကအိပ်ရာက‌ေနတစ်ရေးနိုးထလာတော့ မနက်ကထပ်တော့ သက်သာသွားပုံရသည်။ သို့ပေမယ့် အကို့အသံကတော့ဖျော့တော့နေဆဲ။

"ဟုတ်အကို....ကားသမားက ကားပျက်သွားလို့တဲ့ ....မနက်ဖြန်မှပဲပြန်လာ‌ေတာ့မယ်ပြောတယ်အကို...."

"အော်....."

"ကျွန်တော် ဘာလုပ်ပေးရဦးမလဲအကို......"

ထိုအခါ အကိုက အပေါ်ထပ်‌လှေကားကနေ အောက်သို့ ဖြည်းဖြည်းလေးဆင်းလာ၏။

"အကိုရေချိုးမလို့..."

"အကိုဖျားနေတာလေ...."

"အဖျားကျအောင် ချိုးရမှာ"

"အအေးပတ်သွားဦးမယ်..အကို"

"တူတူချိုးဦးမလား..."

"‌ဗျာ...... "

ထိုသို့ပြောပြီး ရယ်စစနဲ့ အကိုက အပေါ်ထပ်သို့ပြန်တက်သွားချေပြီ။

ရတုကို တမင်သပ်သပ် မကြားတကြားပြောနေရတာကို အကိုကသဘောကျဟန်။  အတူတူတော့မချိုးရဲပါ။ ရတု က ငယ်စဉ်ကတည်းက ရှက်တတ်သည်။ တော်ရုံ တခြားသူနဲ့ ရောရောနှောနှောနေထိုင်တတ်တဲ့သူမျိုးမဟုတ်။

---------

နောက်ရက်တွေရောက်တော့ အကို့အိမ်ကနေပြန်ရောက်သည့်တိုင် အကိုနှင့်အဆက်သွယ်မပျက်ခဲ့။ နေ့စဉ်မပျက် အကိုကဂရုတစိုက် ဖုန်းခေါ်ခဲ့ပေမယ့် ရတုဆီကိုတော့ မရောက်လာခဲ့ချေ။

ဘာကြောင့်ရယ်မှန်းတော့ရေရေရာရာသူမသိ။ အကို့အိမ်ကပြန်ရောက်ကတည်းက အကိုက ရတုကိုပင်တွေ့ဖို့ စကားတစ်ခွန်းမဟတော့။

အလုပ်ရှုပ်နေခြင်းကြောင့်ဖြစ်မည်။ သို့ပေမယ့် ရတုစိတ်တို့ မခံနိုင်။ အကို့မျက်နှာကိုမြင်ချင်မိသည်။ အကို့ စကားသံလေးတွေကိုကြားချင်မိသည်။

"ဟယ်လို.....အကို"

"အင်း....မောင်....တစ်ခါမှ အကို့ကို ဖုန်းအရင်မဆက်ဖူးဘူးနော်....."

အကို့ အသံက အရင်လိုပင် တက်ကြွ‌ေနဆဲ။ ရတုကလည်းတစ်ခါမှ အကို့ကဖုန်းစဆက်ခဲ့ခြင်းမရှိချေ။ အခုလည်းသူမနေနိုင်တော့လို့ အကို့ဆီအရင်ဆက်မိသည်။

"အကို ..... ဖုန်းပြောလို့အားလား"

"အားတာပေါ့..မောင်ရာ ....ဘာပြောမလို့လဲ...."

"ဟို...အကို ကျောင်းကိုမလာတာကြာပြီနော်....."

အကို့အိမ်က ပြန်လာကတည်းက ရတုကိုတစ်ခါမျှပင်လာမတွေ့။ ရတုနေ့တိုင်းနီးပါးမျှော်နေပေမယ့်လည်း အကို့ဆီက စကားအစွန်းအစတစ်ခုမှမကြားရ။

"ဘာလဲ...မောင်....အကို့ကိုလွမ်းနေပြီပေါ့....."

မောင့်ဆ‌ီကစကားသံပြန်မကြားရ။ရှက်သွားလို့လာ‌းတော့မသိ ဖုန်းသံကတိတ်ဆိတ်သွားသည်။

သူမောင့်ကို နေ့တိုင်းနီးပါး အဝေးကနေပဲ ‌ကြည့်၏။ မောင့်အနားရောက်လာလျှင် သူ့စိတ်တို့ ပိုပြီး ထိန်းချုပ်မရနိုင်ဖြစ်ရသည်။

မောင့်ကိုသူ့အနားမှာပဲထားချင်သည်။ ရယ်စရာတော့ကောင်းပေမယ့် ဖြစ်နိုင်လျှင် ပြန်ပေးဆွဲဖို့ထိကိုပင် တွေးမိဖူးသည်။ သို့ပေမယ့် မောင့်ကိုသူ့အနားရောက်ဖို့ မောင်ကိုယ်တိုင် လိုလိုချင်ချင်နဲ့ရောက်လာတာကိုပဲလိုချင်ပါသည်။

"ဘာမှပြန်မပြောတော့ဘူးလား...မောင်"

"ဟို .... Fresher welcome ရောက်တော့မှာ အဲ့နေ့လာခဲ့မှာမလား "

"လာရမှာပေါ့....."

"ဒီရက်တွေ...ကျွန်တော့်ဆီဘာလို့မလာတာလဲ"

"မောင့်ကို ...မျှော်နေစေချင်လို့ပေါ့"

ရတုကိုယ်တိုင် အကို့ကိုမျှော်လင့်နေမိသည်။ အကိုမရှိရင် တစ်ခုခုလိုနေသည်ဟုခံစားရသလို ... ။

"ဒါပဲနော် အကို ....အတန်းချိန်စတော့မယ်"

ရတုဘက်ကစပြီး စကားဖျက်လိုက်တော့သည်။ အကို့ရယ်သံကတော့ ဖုန်းချသွားသည်တိုင် နားထဲကြားနေရဆဲ။

_______

"သား.....မင်းအမေဆုံးပြီ"

"အဲ့တော့ ဘာလုပ်ရမှာလဲ.... အမေဆိုတဲ့မိန်းမက ကျွန်တော့်ဘဝထဲက အပြီးပိုင်ထွက်သွားကတည်းက သေလူပဲမဟုတ်လား....ဟမ်...."

မော်ကွန်း သူ့အမေကိုအရမ်းမုန်းသည်။ မုန်းတာထက်ကိုပိုသည်။

ဖေဖေနဲ့ လက်မထပ်ခင်ကတည်းက မေမေကဖေဖေ့ကိုယ်ဝန်ရသွားတာကြောင့် မဖြစ်မနေယူလိုက်ရသည့်အခြေ‌အနေဖြစ်သွားသည်။ မေမေကိုယ်တိုင် မော်ကွန်းကိုမွေးခဲ့ပေမယ့် မကြင်နာခဲ့။ နင့်ကိုမလိုချင်ဘူးဟုပင် အမြဲပြောတတ်လေ့ရှိသည့် မော်ကွန်းအမေက အရှက်မဲ့စွာ သားဖနှစ်ယောက်လုံးကို ထားသွားခဲ့ခြင်းဖြစ်သည်။ နောက်မိသားစုထူထောင်ဖို့အတွက်ပင်....။

"Daddy လည်း သူ့အကြောင်းလာထပ်မပြောနဲ့တော့.....အဲ့မိန်းမက ကျွန်တော့အတွက်တော့ သေပြီးတာကြာပြီ"

မော်ကွန်းDaddy ရှေ့ကနေ ထွက်လာလိုက်တော့သည်။ အမေဆိုတဲ့အသံကြားတာနှင့်ပင် မော်ကွန်းစိတ်တို့ ထိန်းချုပ်မရ ။ ဒေါသစိတ်များက တစ်ဖန်နိုးကြားလို့လာပြန်သည်။

______

" ဟာ..အကိုပြန်ရောက်ပြီလား"

"အေးညီ....အကိုမနေ့ကပြန်ရောက်တာ....လာနှုတ်ဆက်တာ...."

"အိမ်ထဲဝင်ဦးလေ...အကို...."

အဲ့ကောင်ကဘယ်သူလဲ။ ဘာဖြစ်လို့ မောင့်ကို စကားပြောနေတာ အရမ်းရယ်နေရတာလဲ။ လာဖြစ်လို့ ဟိုပုတ်ဒီပုတ်စကားပြောနေတာလဲ။ ပြီးတော့ မောင့်လက်ကို ဘာလို့ကိုင်လိုက်တာလဲ။

မော်ကွန်းစိတ်ရှုပ်ရှုပ်နဲ့ မောင့်အိမ်ဘက်ထွက်လာသော်လည်း မောင်က အခြားလူတစ်ယောက်နဲ့စကားပြောနေသည်ကိုတွေ့သည်။

အတော်လေးရင်းနှီးပုံပင်ပေါ်သည်။ မော်ကွန်းလုံးဝမကြိုက်။ စိတ်ကလည်း ဒေါသတို့ကြီးစိုးနေချိန်မို့ ပိုစိုးသွားသည်။

မောင့်ကို ဖုန်းခေါ်တော့လည်း မောင်ကဖုန်းမကိုင် ထိုလူနဲ့စကားဆက်ပြောနေလေသည်။

"အကို....ဖုန်းခေါ်ထားလို့"

ရတု ကိုမင်းသူနဲ့ စကားပြောနေတာနှင့် ဖုန်းသံကိုမကြားလိုက်ပေ။ အကိုဖုန်း‌ေခါ်ထားတာ ဆယ်ကြိမ်မကပေ။

ကိုမင်းသူဆိုတာက ရတုတို့အိမ်နီးချင်းအကိုတစ်ယောက်။ ရတုကိုဆယ်တန်းဂိုက်သင်ပြပြီးတဲ့အချိန်ထဲက သ‌‌ေဘာတက်သွားတာကြောင့် ဒီနေ့မှ ပြန်တွေ့ရသည်။

အကိုအရင်းလိုဖြစ်နေတာကြောင့်ပင် အကိုမင်းသူနဲ့ အတော်လေးတော့ခင်သည်။

"အိမ်ရှေ့မှာ ရောက်နေတယ်..ထွက်လာခဲ့"

အကို့အသံခပ်ပြတ်ပြတ်က အရင်ကနှင့်မတူ။ အကိုပြောတာနဲ့ ရတု အကိုရှိတဲ့ ကားပေါ်သို့သွားသည်။

"အင်း....အကို....ဘာ...ဘာလုပ်တာလဲ"

ကားပေါ်ရောက်သည်နှင့် ရတုလက်ကိုဆွဲယူကာတစ်ရှိုက်မက်မက်နမ်းရှုံတော့၏။ ရတုရုန်းပေမယ့်မရ။ လက်ကောက်ဝတ်ကနေယူပြီး လက်ချောင်းများကိုပင်စုပ်ယူနေသေးသည်။ ရတုကြောင်အစွာပင် ဘာမှမပြောနိုင်တော့။ အကို့မျက်ဝန်းများက ခပ်စွေးစွေးနှင့်။

အကို့မျက်နှာတစ်ခုလုံးနှင့်ပင်ရတုလက်ကို ပွတ်သပ်နေကာ ပါးစပ်ထဲထည့်ငုံလိုက် သွားများဖြင့်ကိုက်လိုက်နှင့် ရတုလက်အတော်လေးကိုထုံကျဉ်လာလေတော့သည်။အကို ထိုသို့ဖြစ်နေသည်ကိုပင် တခါမျှမတွေ့ဖူ‌းချေ။ အကို့ပုံစံက ‌ကျားတစ်ကောင်အမဲလိုက်နေသလိုပင်။

"လွှတ်လို့......"

ခပ်ကျယ်ကျယ်အော်ပြီး ရုန်းလိုက်တော့မှ အကိုသူ့လက်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် အကို့ရဲ့မျက်ဝန်းအကြည့်များက ချက်ချင်း‌ေပြာင်းသွားတော့သည်။

"တောင်းပန်ပါတယ်မောင်....ခုဏကောင် ...မောင့်လက်ကိုကိုင်သွားလို့...အကိုနှုတ်ခမ်းနဲ့ဆေးပေးလိုက်တာ"

Zawgyi

"ဟယ္လို ......မမ.....ဒီေန႔ဘယ္ခ်ိန္ျပန္ေရာက္မွာလဲ ....”

ဖြားတို႔ ျပန္လာမဲ့ရက္မို႔ ရတု မမဆီဖုန္းဆက္‌‌ေမးမိေတာ့ မမကဒီေန႔ျပန္မလာျဖစ္ေသးေၾကာင္းေျပာသည္။

"ေအာ္.....ဟုတ္ ....မမ...မနက္ျဖန္ေရာက္မွာေပါ့....သားကို ဖုန္ဆက္ဦးေနာ္......ဒါပဲေနာ္မမ...."

"ေမာင္....အမလား"

အေနာက္ကေန အကို႔အသံၾကားေတာ့ ရတုဖုန္းျမန္ျမန္ခ်လိုက္ၿပီး အေနာက္သို႔လွည့္ၾကည့္လိုက္၏။

အကို ကအိပ္ရာက‌ေနတစ္ေရးႏိုးထလာေတာ့ မနက္ကထပ္ေတာ့ သက္သာသြားပုံရသည္။ သို႔ေပမယ့္ အကို႔အသံကေတာ့ေဖ်ာ့ေတာ့ေနဆဲ။

"ဟုတ္အကို....ကားသမားက ကားပ်က္သြားလို႔တဲ့ ....မနက္ျဖန္မွပဲျပန္လာ‌ေတာ့မယ္ေျပာတယ္အကို...."

"ေအာ္....."

"ကြၽန္ေတာ္ ဘာလုပ္ေပးရဦးမလဲအကို......"

ထိုအခါ အကိုက အေပၚထပ္‌ေလွကားကေန ေအာက္သို႔ ျဖည္းျဖည္းေလးဆင္းလာ၏။

"အကိုေရခ်ိဳးမလို႔..."

"အကိုဖ်ားေနတာေလ...."

"အဖ်ားက်ေအာင္ ခ်ိဳးရမွာ"

"အေအးပတ္သြားဦးမယ္..အကို"

"တူတူခ်ိဳးဦးမလား..."

"‌ဗ်ာ...... "

ထိုသို႔ေျပာၿပီး ရယ္စစနဲ႔ အကိုက အေပၚထပ္သို႔ျပန္တက္သြားေခ်ၿပီ။

ရတုကို တမင္သပ္သပ္ မၾကားတၾကားေျပာေနရတာကို အကိုကသေဘာက်ဟန္။  အတူတူေတာ့မခ်ိဳးရဲပါ။ ရတု က ငယ္စဥ္ကတည္းက ရွက္တတ္သည္။ ေတာ္႐ုံ တျခားသူနဲ႔ ေရာေရာေႏွာေႏွာေနထိုင္တတ္တဲ့သူမ်ိဳးမဟုတ္။

---------

ေနာက္ရက္ေတြေရာက္ေတာ့ အကို႔အိမ္ကေနျပန္ေရာက္သည့္တိုင္ အကိုႏွင့္အဆက္သြယ္မပ်က္ခဲ့။ ေန႔စဥ္မပ်က္ အကိုကဂ႐ုတစိုက္ ဖုန္းေခၚခဲ့ေပမယ့္ ရတုဆီကိုေတာ့ မေရာက္လာခဲ့ေခ်။

ဘာေၾကာင့္ရယ္မွန္းေတာ့ေရေရရာရာသူမသိ။ အကို႔အိမ္ကျပန္ေရာက္ကတည္းက အကိုက ရတုကိုပင္ေတြ႕ဖို႔ စကားတစ္ခြန္းမဟေတာ့။

အလုပ္ရႈပ္ေနျခင္းေၾကာင့္ျဖစ္မည္။ သို႔ေပမယ့္ ရတုစိတ္တို႔ မခံႏိုင္။ အကို႔မ်က္ႏွာကိုျမင္ခ်င္မိသည္။ အကို႔ စကားသံေလးေတြကိုၾကားခ်င္မိသည္။

"ဟယ္လို.....အကို"

"အင္း....ေမာင္....တစ္ခါမွ အကို႔ကို ဖုန္းအရင္မဆက္ဖူးဘူးေနာ္....."

အကို႔ အသံက အရင္လိုပင္ တက္ႂကြ‌ေနဆဲ။ ရတုကလည္းတစ္ခါမွ အကို႔ကဖုန္းစဆက္ခဲ့ျခင္းမရွိေခ်။ အခုလည္းသူမေနႏိုင္ေတာ့လို႔ အကို႔ဆီအရင္ဆက္မိသည္။

"အကို ..... ဖုန္းေျပာလို႔အားလား"

"အားတာေပါ့..ေမာင္ရာ ....ဘာေျပာမလို႔လဲ...."

"ဟို...အကို ေက်ာင္းကိုမလာတာၾကာၿပီေနာ္....."

အကို႔အိမ္က ျပန္လာကတည္းက ရတုကိုတစ္ခါမွ်ပင္လာမေတြ႕။ ရတုေန႔တိုင္းနီးပါးေမွ်ာ္ေနေပမယ့္လည္း အကို႔ဆီက စကားအစြန္းအစတစ္ခုမွမၾကားရ။

"ဘာလဲ...ေမာင္....အကို႔ကိုလြမ္းေနၿပီေပါ့....."

ေမာင့္ဆ‌ီကစကားသံျပန္မၾကားရ။ရွက္သြားလို႔လာ‌းေတာ့မသိ ဖုန္းသံကတိတ္ဆိတ္သြားသည္။

သူေမာင့္ကို ေန႔တိုင္းနီးပါး အေဝးကေနပဲ ‌ၾကည့္၏။ ေမာင့္အနားေရာက္လာလွ်င္ သူ႔စိတ္တို႔ ပိုၿပီး ထိန္းခ်ဳပ္မရႏိုင္ျဖစ္ရသည္။

ေမာင့္ကိုသူ႔အနားမွာပဲထားခ်င္သည္။ ရယ္စရာေတာ့ေကာင္းေပမယ့္ ျဖစ္ႏိုင္လွ်င္ ျပန္ေပးဆြဲဖို႔ထိကိုပင္ ေတြးမိဖူးသည္။ သို႔ေပမယ့္ ေမာင့္ကိုသူ႔အနားေရာက္ဖို႔ ေမာင္ကိုယ္တိုင္ လိုလိုခ်င္ခ်င္နဲ႔ေရာက္လာတာကိုပဲလိုခ်င္ပါသည္။

"ဘာမွျပန္မေျပာေတာ့ဘူးလား...ေမာင္"

"ဟို .... Fresher welcome ေရာက္ေတာ့မွာ အဲ့ေန႔လာခဲ့မွာမလား "

"လာရမွာေပါ့....."

"ဒီရက္ေတြ...ကြၽန္ေတာ့္ဆီဘာလို႔မလာတာလဲ"

"ေမာင့္ကို ...ေမွ်ာ္ေနေစခ်င္လို႔ေပါ့"

ရတုကိုယ္တိုင္ အကို႔ကိုေမွ်ာ္လင့္ေနမိသည္။ အကိုမရွိရင္ တစ္ခုခုလိုေနသည္ဟုခံစားရသလို ... ။

"ဒါပဲေနာ္ အကို ....အတန္းခ်ိန္စေတာ့မယ္"

ရတုဘက္ကစၿပီး စကားဖ်က္လိုက္ေတာ့သည္။ အကို႔ရယ္သံကေတာ့ ဖုန္းခ်သြားသည္တိုင္ နားထဲၾကားေနရဆဲ။

_______

"သား.....မင္းအေမဆုံးၿပီ"

"အဲ့ေတာ့ ဘာလုပ္ရမွာလဲ.... အေမဆိုတဲ့မိန္းမက ကြၽန္ေတာ့္ဘဝထဲက အၿပီးပိုင္ထြက္သြားကတည္းက ေသလူပဲမဟုတ္လား....ဟမ္...."

ေမာ္ကြန္း သူ႔အေမကိုအရမ္းမုန္းသည္။ မုန္းတာထက္ကိုပိုသည္။

ေဖေဖနဲ႔ လက္မထပ္ခင္ကတည္းက ေမေမကေဖေဖ့ကိုယ္ဝန္ရသြားတာေၾကာင့္ မျဖစ္မေနယူလိုက္ရသည့္အေျခ‌အေနျဖစ္သြားသည္။ ေမေမကိုယ္တိုင္ ေမာ္ကြန္းကိုေမြးခဲ့ေပမယ့္ မၾကင္နာခဲ့။ နင့္ကိုမလိုခ်င္ဘူးဟုပင္ အၿမဲေျပာတတ္ေလ့ရွိသည့္ ေမာ္ကြန္းအေမက အရွက္မဲ့စြာ သားဖႏွစ္ေယာက္လုံးကို ထားသြားခဲ့ျခင္းျဖစ္သည္။ ေနာက္မိသားစုထူေထာင္ဖို႔အတြက္ပင္....။

"Daddy လည္း သူ႔အေၾကာင္းလာထပ္မေျပာနဲ႔ေတာ့.....အဲ့မိန္းမက ကြၽန္ေတာ့အတြက္ေတာ့ ေသၿပီးတာၾကာၿပီ"

ေမာ္ကြန္းDaddy ေရွ႕ကေန ထြက္လာလိုက္ေတာ့သည္။ အေမဆိုတဲ့အသံၾကားတာႏွင့္ပင္ ေမာ္ကြန္းစိတ္တို႔ ထိန္းခ်ဳပ္မရ ။ ေဒါသစိတ္မ်ားက တစ္ဖန္ႏိုးၾကားလို႔လာျပန္သည္။

______

" ဟာ..အကိုျပန္ေရာက္ၿပီလား"

"ေအးညီ....အကိုမေန႔ကျပန္ေရာက္တာ....လာႏႈတ္ဆက္တာ...."

"အိမ္ထဲဝင္ဦးေလ...အကို...."

အဲ့ေကာင္ကဘယ္သူလဲ။ ဘာျဖစ္လို႔ ေမာင့္ကို စကားေျပာေနတာ အရမ္းရယ္ေနရတာလဲ။ လာျဖစ္လို႔ ဟိုပုတ္ဒီပုတ္စကားေျပာေနတာလဲ။ ၿပီးေတာ့ ေမာင့္လက္ကို ဘာလို႔ကိုင္လိုက္တာလဲ။

ေမာ္ကြန္းစိတ္ရႈပ္ရႈပ္နဲ႔ ေမာင့္အိမ္ဘက္ထြက္လာေသာ္လည္း ေမာင္က အျခားလူတစ္ေယာက္နဲ႔စကားေျပာေနသည္ကိုေတြ႕သည္။

အေတာ္ေလးရင္းႏွီးပုံပင္ေပၚသည္။ ေမာ္ကြန္းလုံးဝမႀကိဳက္။ စိတ္ကလည္း ေဒါသတို႔ႀကီးစိုးေနခ်ိန္မို႔ ပိုစိုးသြားသည္။

ေမာင့္ကို ဖုန္းေခၚေတာ့လည္း ေမာင္ကဖုန္းမကိုင္ ထိုလူနဲ႔စကားဆက္ေျပာေနေလသည္။

"အကို....ဖုန္းေခၚထားလို႔"

ရတု ကိုမင္းသူနဲ႔ စကားေျပာေနတာႏွင့္ ဖုန္းသံကိုမၾကားလိုက္ေပ။ အကိုဖုန္း‌ေခၚထားတာ ဆယ္ႀကိမ္မကေပ။

ကိုမင္းသူဆိုတာက ရတုတို႔အိမ္နီးခ်င္းအကိုတစ္ေယာက္။ ရတုကိုဆယ္တန္းဂိုက္သင္ျပၿပီးတဲ့အခ်ိန္ထဲက သ‌‌ေဘာတက္သြားတာေၾကာင့္ ဒီေန႔မွ ျပန္ေတြ႕ရသည္။

အကိုအရင္းလိုျဖစ္ေနတာေၾကာင့္ပင္ အကိုမင္းသူနဲ႔ အေတာ္ေလးေတာ့ခင္သည္။

"အိမ္ေရွ႕မွာ ေရာက္ေနတယ္..ထြက္လာခဲ့"

အကို႔အသံခပ္ျပတ္ျပတ္က အရင္ကႏွင့္မတူ။ အကိုေျပာတာနဲ႔ ရတု အကိုရွိတဲ့ ကားေပၚသို႔သြားသည္။

"အင္း....အကို....ဘာ...ဘာလုပ္တာလဲ"

ကားေပၚေရာက္သည္ႏွင့္ ရတုလက္ကိုဆြဲယူကာတစ္ရႈိက္မက္မက္နမ္းရႈံေတာ့၏။ ရတု႐ုန္းေပမယ့္မရ။ လက္ေကာက္ဝတ္ကေနယူၿပီး လက္ေခ်ာင္းမ်ားကိုပင္စုပ္ယူေနေသးသည္။ ရတုေၾကာင္အစြာပင္ ဘာမွမေျပာႏိုင္ေတာ့။ အကို႔မ်က္ဝန္းမ်ားက ခပ္ေစြးေစြးႏွင့္။

အကို႔မ်က္ႏွာတစ္ခုလုံးႏွင့္ပင္ရတုလက္ကို ပြတ္သပ္ေနကာ ပါးစပ္ထဲထည့္ငုံလိုက္ သြားမ်ားျဖင့္ကိုက္လိုက္ႏွင့္ ရတုလက္အေတာ္ေလးကိုထုံက်ဥ္လာေလေတာ့သည္။အကို ထိုသို႔ျဖစ္ေနသည္ကိုပင္ တခါမွ်မေတြ႕ဖူ‌းေခ်။ အကို႔ပုံစံက ‌က်ားတစ္ေကာင္အမဲလိုက္ေနသလိုပင္။

"လႊတ္လို႔......"

ခပ္က်ယ္က်ယ္ေအာ္ၿပီး ႐ုန္းလိုက္ေတာ့မွ အကိုသူ႔လက္ကိုလႊတ္ေပးလိုက္သည္။ ထို႔ေနာက္ အကို႔ရဲ႕မ်က္ဝန္းအၾကည့္မ်ားက ခ်က္ခ်င္း‌ေျပာင္းသြားေတာ့သည္။

"ေတာင္းပန္ပါတယ္ေမာင္....ခုဏေကာင္ ...ေမာင့္လက္ကိုကိုင္သြားလို႔...အကိုႏႈတ္ခမ္းနဲ႔ေဆးေပးလိုက္တာ"










































Continua a leggere

Ti piacerà anche

68.7K 1.1K 57
Ava Halstead just came back from 2 years as a Marine and is going to firehouse 51 on squad 3 but isn't on the best terms with her brothers because of...
3.5K 122 34
" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြော...
17.5K 1K 30
အိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထ...
3.5K 96 19
Uke နွဲ့နွဲ့လေးပါမကြိုက်ရင်မဖတ်ပါနဲ့ အမှောင်တပိုင်းနှစ်ပိုင်းပါပါသည် ❗