ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...

By TtTt04419

49.3K 2.2K 114

Yizhan More

Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final

Ep_17

1.2K 67 2
By TtTt04419


ဒီနေ့လည်းဆေးရုံမှာအိပ်စောင့်ပေးဖို့ရှိပေမယ့် အကိုကရုံးအလုပ်တွေကိုအပြီးပြတ်လုပ်ဆိုလာသောကြောင့် ရှောင်းကျန့်ကအိမ်စောစောပြန်ပြီးရုံးအလုပ်တွေကိုစားပွဲပေါ်တင်လုပ်နေရတယ်။အကိုဝမ်ရိချန်းကရှောင်းကျန့်ဘေးမှာထိုင်ပြီးရုံးအလုပ်တူတူကူလုပ်ပေးနေတော့အားနားရတယ်။ရပါတယ်လို့ပြောလည်းအကိုဝမ်ရိချန်းကလက်မခံပေ၊အတင်းကူလုပ်ပေးနေတာ၊စာရင်းတွေလည်းမှတ်ပေးနေတာကြောင့် ရှောင်းကျန့်က အလွန်ကျေးဇူးတင်ရမလိုဖြစ်နေသည်။

ညနေတည်းကဘာမှမစားပဲရုံးအလုပ်ကြီးပဲတစ်နေ့ကုန်ထိုင်လုပ်နေတော့အခုည၁၁ထိုးကြီးဗိုက်ကဆာလာပြန်တယ်။ခေါက်ဆွဲဘူးလေးတွေ၊အအေးဘူးလေးတွေဝယ်ထားပေးမယ့်၊ခေါက်ဆွဲပြုတ်ဖို့ ရေနွေအိုးကိုကျဝယ်ဖို့မေ့ခဲ့တာ။အကိုဝမ်ရိချန်းက ဝမ်အိမ်တော်မှာရေနွေးအိုးရှိတယ်တဲ့၊ပြီးတော့စားပွဲပေါ်မှာ နေ့လည်ကဝယ်ထားတဲ့ပေါင်မုန့်ထုပ်နဲ့ပန်းသီးလည်းရှိတယ်ဆိုတော့ ဝမ်အိမ်တော်ထဲတိတ်တိတ်လေးဝင်ပြီးသွားစားရုံပဲရှိတော့တယ်။

ဒေါ်လေးစုယွဲ့ယွဲ့ကကျန့်ကျန့်မျက်နှာမမြင်ချင်ဘူးတဲ့၊အဲ့တာကြောင့်ဝမ်အိမ်တော်ထဲလုံးဝဝင်မလာပါနဲ့ဆိုပြီးပြောလည်း မတက်နိုင်တော့ဘူး။ဗိုက်အရမ်းဆာနေပြီ၊ဘာပဲဖြစ်ဖြစ်ဒီချိန်သွားလည်းဒေါ်လေးနဲ့တွေ့မှာမဟုတ်ဘူးလေ၊ဝမ်အိမ်တော်ထဲကလူတွေအကုန်လုံးအိပ်နေပြီပဲကို၊ရှောင်းကျန့်လည်း ဘယ်သူမှအသံမကြားအောင် ဝမ်အိမ်တော်ထဲဝင်ကာရေနွေးအိုတည်းဖို့အတွက်ဆိုပြီးရေနွေးအိုးခလုတ်ဖွင့်ကာ တည်းလိုက်တယ်။စောင့်နေရင်းဗိုက်ဆာလာလို့ အကိုဝမ်ရိချန်းပြောတဲ့စားပွဲပေါ်ကပေါင်မုန့်ထုပ်နဲ့ပန်းသီးတွေလည်းမြင်တာနဲ့ စားချင်လာပြီ။ပန်းသီးကိုအရင်အဆာပြေစားမယ်ဟုတွေးတောပြီး ပါးစပ်ထဲပန်းသီးတေ့ကာကိုက်ရုံပဲရှိသေး " မင်းကသူခိုးလား " ဟုပြောလာတဲ့လူကြောင့် ပန်းသီးကိုစားပွဲပေါ်ပြန်ထားပြီး ထိုလူကိုကြည့်လိုက်တော့ အကိုဝမ်ရိပေါ်ဖြစ်နေတယ်။

အကိုကရေချိုးပြီးခါစဆိုတော့ဆံပင်လေးတွေစိုနေပြီး ရင်အုပ်ကျယ်ကြီးတွေကလည်းတောင့်တောင့် တင်းတင်းဆိုတော့ အားကိုးချင်စရာ။အောက်ပိုင်းကိုတဘတ်ပတ်ထားပြီးရေစိုနေတဲ့ဆံပင်ကိုလည်း လက်ဖြင့်အသာလေးခါပြီးရပ်နေတော့ တွေ့သမျှလူမှန်သမျှငေးမောမိမှာအမှန်။

အခုကျန့်ကျန့်တောင် အကို့ကိုငေးမိနေတာ

အယ် မဟုတ်သေးဘူး~~~~~~ ဘာတွေတွေးနေမိတာလဲ?အဲ့ဒီပေါက်တက်ကရအာရုံတွေကချက်ချင်း ဖယ်စမ်း!!!

" ဟင့်အင်း ကျန့်ကျန့်မခိုးရပါဘူး ဗိုက်အရမ်းဆာလာလို့ စားဖို့ကြံတာပါ "

" ဘာပဲဖြစ်ဖြစ်မင်းခိုးဖို့ကြံတာပဲလေ ငါပြောတာမှန်တယ်လေ "

ရှောင်းကျန့်ကလက်နှစ်စလုံးရောခါပြီးပြန်ပြောလာသည်။

"  ပြောပြီးပြီလေ ကျန့်ကျန့်က "

ပြောရင်းတန်းလန်းရှိတုန်းအကိုက stop ဟုဆိုကာပြောထွက်လာတာကြောင့် ​ရှောင်းကျန့်လည်းပြောရမယ့်စကားတွေကိုမပြောတော့ပဲရပ်လိုက်တော့တယ်။ရေနွေးအိုးကလည်းရပြီဆိုတာကြောင့် ရေနွေးအိုးကိုခွက်အကြီးကြီးထဲထည့်ပြီး ကိုယ့်အခန်းထဲကိုယ်ပြန်မို့ရှိသေး~~~~ အကိုက ကျန့်ကျန့်အင်္ကျီကိုအနောက်ကနေဆွဲထားတာကြောင့် အိမ်ပြန်ဖို့ခြေလှမ်းတွေရပ်လိုက်မိတယ်။

အနောက်ကနေအင်္ကျီဆွဲရင်း ရှောင်းကျန့်မကြိုက်ဘူးရယ်။အနောက်ကနေအင်္ကျီမဆွဲစေကြောင်း ပြောတော့ အကိုကပိုပြီးအင်္ကျီကိုအတင်းဆွဲတော့ လည်းပင်တောင်အစ်သွားသည်။

" မင်းကမကြိုက်လေ ငါပိုလုပ်ချင်လေပဲ "

" လည်းပင် ကျန့် ~~ ကျန့်ကျန့် "

လည်းပင်အစ်နေတယ်ဆိုတာကရိပေါ်နားလည်လို့ ရှောင်းကျန့်အင်္ကျီကိုဆွဲထားရာကနေလွှတ်ပေးလိုက်သည်။ရှောင်းကျန့်က သူ့ဘက်ပြန်လှည့်ကာစကားပြောလာသည်။

" ကျန့်ကျန့်ကို ဘာခိုင်းချင်လို့ "

" မနက်ဖြန်ကျ ငါ့အဝတ်လှန်းရမယ်ဆိုတာမမေ့နဲ့ ကြားလား "

ရိပေါ်ကလက်ညိုးဖြင့် ရှောင်းကျန့်နဖူးကိုအသာလေးတဒေါက်ဒေါက်ထိုးကာပြောတော့ ၊
ရှောင်းကျန့်ကဘာမှမပြန်မပြောပဲ ခေါင်းပဲညိမ့်ပြတယ်။

" ဟုတ်ကဲ့ ဒါဆိုကျန့်ကျန့်သွားခွင့်ပြုပါအုံး "

_________________________

မနက်စောစောစီးစီးထပြီးအကိုပြောတဲ့အတိုင်း အကိုအဝတ်တွေကိုတစ်ခါတည်းကြိုးတန်းမှာ လှန်းပေးနေတုန်း ဘေးကနေအထိန်းတော်ကြီးရဲ့တူမချင့်ချိုးကတော့ရန်စလာပြန်ပြီ။

" ဘာလဲ နင်ကအရင်လိုမဟုတ်တော့ဘူးဆိုတာကို ငါတို့သခင်လေးယုံအောင်ကလေးဇာတ်တွေသွင်းပြီး အပိုင်သိမ်းမို့လား ? ! "

ဒီအိမ်မှာကိုယ့်ကိုရန်အများဆုံးလူသုံးယောက်ရှိတယ်။ထိုလူသုံးယောက်ကတော့ဒေါ်လေးစုယွဲ့ယွဲ့နဲ့အတင်းအမြဲတုပ်လေ့ရှိတဲ့အထိန်းတော်ကြီးချိုးချိုးနဲ့သူ့တူမချင့်ချိုးပါပဲ။သုံးယောက်တွဲလိုက်ရင် ကိုယ့်ကိုရန်အကြီးကျယ်ထောင်တော့တာပဲ။ဒါတောင် ကိုယ်ဘာသာအေးဆေးနေလည်း လာလာရွဲ့ပြောနေတာ။

အကိုဝမ်ရိပေါ်ကဝရံတာထပ်ကနေ" ဟေ့ ရှောင်း
ကျန့် "ဆိုပြီးလှမ်းအော်ခေါ်လာတော့ ရှောင်းကျန့်ကအောက်ထပ်ကနေမော့ကြည့်ကာ ပြန်ပြောလိုက်လေတယ်။

" ဟုတ်ကဲ့ အကိုပြောလေ "

" သေချာလှန်းနော် ငါမင်းကိုစောင့်ကြည့်နေတယ် "

ကြိုးတန်းမှာအကုန်လုံးလည်းသေချာလှန်းထားတာကိုဘယ်နှယ့်စောင့်ကြည့်နေမှာ?အကိုကလည်းပြောလိုက်ရင်တော့လေ~~~~~

" အကိုဝမ်ရေ အဝတ်တွေကအကုန်လှန်းပြီးပါပြီ အဲ့တော့ ကျန့်ကျန့်ကိုစောင့်ကြည့်နေစရာမလိုတော့ပါဘူး "

ဒီကောင်လေး!!! လျှာထုတ်ပြောင်ပြတာက ရိပေါ်ဒေါသကိုလာဆွနေသလိုပဲ။အေး တွေ့တာပေါ့ ကောင်ဆိုးလေး!!! ချက်ချင်းဝရံတာထပ်ကနေ​ပြေးဆင်းပြီး အောက်ထပ်ကိုတန်းဆင်းလိုက်တော့ ၊ ရှောင်းကျန့်နဲ့တန်းတွေ့တာပဲ။

" ငါ့လက်သီးစာမိချင်နေပြီလား ဟမ် "

ဒါမျိုးကျကြောက်လိုက်တာတုန်ရော! လက်နှစ်ဖက်လုံးကာထားပြီးမလုပ်ပါနဲ့အကိုကလည်းဟုတားပြောနေသူရှောင်းကျန့်။

" စတာကို ဟီးဟီး အဲ့လိုဗွေယူတာလား "

" အေး ဗွေယူတယ် "

ဗွေယူတယ်လို့ပြောတော့ ရှောင်းကျန့်မျက်နှာက သိသိသာသာပျက်သွားတာ။

" အကိုကလည်း ကိုယ့်ညီလေးကိုဘာလို့အဲ့လောက်တောင် "

" ဟေ့ တော်တော် ဆက်မပြောနဲ့ ရုံးအလုပ်စားရင်တွေညနေကျအကုန်ပြ ငါပြောတာကြားလား "

" သူ့ပဲကြောက်နေရတယ် ဒုက္ခပဲ "

သူပြောတာမကြားဘူးအထင်နဲ့တိုးတိုးလေးပြောနေတာ။အမလေး ဝမ်ရိပေါ်တဲ့ဗျာ နားလည်းကြား၊အလွန်လည်း တော်တဲ့သူဌေး။

" ရှောင်းကျန့် !!!! ငါမကြားဘူးထင်နေတာလား "

" ဟုတ်ကဲ့ ထင်မိပါတယ် "

" ဘာ "

" အယ် ဟို ဟို မဟုတ်ပါဘူး အကိုကအရမ်းတော်တဲ့သူဌေးလို့ပြောတာပါ အကိုကလည်း "

______________________

Zawgyi

ဒီေန့လည္းေဆးရံုမွာအိပ္ေစာင့္ေပးဖို႔ရိွေပမယ့္ အကိုကရံုးအလုပ္ေတြကိုအၿပီးျပတ္လုပ္ဆိုလာေသာေၾကာင့္ ေရွာင္းက်န္႔ကအိမ္ေစာေစာျပန္ၿပီးရံုးအလုပ္ေတြကိုစားပြဲေပၚတင္လုပ္ေနရတယ္။အကိုဝမ္ရိခ်န္းကေရွာင္းက်န္႔ေဘးမွာထိုင္ၿပီးရံုးအလုပ္တူတူကူလုပ္ေပးေနေတာ့အားနားရတယ္။ရပါတယ္လို႔ေျပာလည္းအကိုဝမ္ရိခ်န္းကလက္မခံေပ၊အတင္းကူလုပ္ေပးေနတာ၊စာရင္းေတြလည္းမွတ္ေပးေနတာေၾကာင့္ ေရွာင္းက်န္႔က အလြန္ေက်းဇူးတင္ရမလိုျဖစ္ေနသည္။

ညေနတည္းကဘာမွမစားပဲရံုးအလုပ္ႀကီးပဲတစ္ေန့ကုန္ထိုင္လုပ္ေနေတာ့အခုည၁၁ထိုးႀကီးဗိုက္ကဆာလာျပန္တယ္။ေခါက္ဆြဲဘူးေလးေတြ၊အေအးဘူးေလးေတြဝယ္ထားေပးမယ့္၊ေခါက္ဆြဲျပဳတ္ဖို႔ ေရႏြေအိုးကိုက်ဝယ္ဖို႔ေမ့ခဲ့တာ။အကိုဝမ္ရိခ်န္းက ဝမ္အိမ္ေတာ္မွာေရႏြေးအိုးရိွတယ္တဲ့၊ၿပီးေတာ့စားပြဲေပၚမွာ ေန့လည္ကဝယ္ထားတဲ့ေပါင္မုန္႔ထုပ္နဲ႔ပန္းသီးလည္းရိွတယ္ဆိုေတာ့ ဝမ္အိမ္ေတာ္ထဲတိတ္တိတ္ေလးဝင္ၿပီးသြားစားရံုပဲရိွေတာ့တယ္။

ေဒၚေလးစုယြဲ႔ယြဲ႔ကက်န္႔က်န္႔မ်က္ႏွာမျမင္ခ်င္ဘူးတဲ့၊အဲ့တာေၾကာင့္ဝမ္အိမ္ေတာ္ထဲလံုးဝဝင္မလာပါနဲ႔ဆိုၿပီးေျပာလည္း မတက္ႏိုင္ေတာ့ဘူး။ဗိုက္အရမ္းဆာေနၿပီ၊ဘာပဲျဖစ္ျဖစ္ဒီခ်ိန္သြားလည္းေဒၚေလးနဲ႔ေတြ့မွာမဟုတ္ဘူးေလ၊ဝမ္အိမ္ေတာ္ထဲကလူေတြအကုန္လံုးအိပ္ေနၿပီပဲကို၊ေရွာင္းက်န္႔လည္း ဘယ္သူမွအသံမၾကားေအာင္ ဝမ္အိမ္ေတာ္ထဲဝင္ကာ ေရႏြေးအိုတည္းဖို႔အတြက္ဆိုၿပီးေရႏြေးအိုးခလုတ္
ဖြင့္ကာ တည္းလိုက္တယ္။ေစာင့္ေနရင္းဗိုက္ဆာလာလို႔ အကိုဝမ္ရိခ်န္းေျပာတဲ့စားပြဲေပၚကေပါင္မုန္႔ထုပ္နဲ႔ပန္းသီးေတြလည္းျမင္တာနဲ႔ စားခ်င္လာၿပီ။ပန္းသီးကိုအရင္အဆာေျပစားမယ္ဟုေတြးေတာၿပီး ပါးစပ္ထဲပန္းသီးေတ့ကာကိုက္ရံုပဲရိွေသး " မင္းကသူခိုးလား " ဟုေျပာလာတဲ့လူေၾကာင့္ ပန္းသီးကိုစားပြဲေပၚျပန္ထားၿပီး ထိုလူကိုၾကည့္လိုက္ေတာ့ အကိုဝမ္ရိေပၚျဖစ္ေနတယ္။

အကိုကေရခ်ိဳးၿပီးခါစဆိုေတာ့ဆံပင္ေလးေတြစိုေနၿပီး ရင္အုပ္က်ယ္ႀကီးေတြကလည္းေတာင့္ေတာင့္ တင္းတင္းဆိုေတာ့ အားကိုးခ်င္စရာ။ေအာက္ပိုင္းကိုတဘတ္ပတ္ထားၿပီးေရစိုေနတဲ့ဆံပင္ကိုလည္း လက္ျဖင့္အသာေလးခါၿပီးရပ္ေနေတာ့ ေတြ့သမ်ွလူမွန္သမ်ွေငးေမာမိမွာအမွန္။

အခုက်န္႔က်န္႔ေတာင္ အကို႔ကိုေငးမိေနတာ

အယ္ မဟုတ္ေသးဘူး~~~~~~ ဘာေတြေတြးေနမိတာလဲ?အဲ့ဒီေပါက္တက္ကရအာရံုေတြကခ်က္ခ်င္း ဖယ္စမ္း!!!

" ဟင့္အင္း က်န္႔က်န္႔မခိုးရပါဘူး ဗိုက္အရမ္းဆာလာလို႔ စားဖို႔ႀကံတာပါ "

" ဘာပဲျဖစ္ျဖစ္မင္းခိုးဖို႔ႀကံတာပဲေလ ငါေျပာတာမွန္တယ္ေလ "

ေရွာင္းက်န္႔ကလက္ႏွစ္စလံုးေရာခါၿပီးျပန္ေျပာလာသည္။

"  ေျပာၿပီးၿပီေလ က်န္႔က်န္႔က "

ေျပာရင္းတန္းလန္းရိွတုန္းအကိုက stop ဟုဆိုကာေျပာထြက္လာတာေၾကာင့္ ​ေရွာင္းက်န္႔လည္းေျပာရမယ့္စကားေတြကိုမေျပာေတာ့ပဲရပ္လိုက္ေတာ့တယ္။ေရႏြေးအိုးကလည္းရၿပီဆိုတာေၾကာင့္ ေရႏြေးအိုးကိုခြက္အႀကီးႀကီးထဲထည့္ၿပီး ကိုယ့္အခန္းထဲကိုယ္ျပန္မို႔ရိွေသး~~~~ အကိုက က်န္႔က်န္႔အက်ႌကိုအေနာက္ကေနဆြဲထားတာေၾကာင့္ အိမ္ျပန္ဖို႔ေျခလွမ္းေတြရပ္လိုက္မိတယ္။

အေနာက္ကေနအက်ႌဆြဲရင္း ေရွာင္းက်န္႔မႀကိဳက္ဘူးရယ္။အေနာက္ကေနအက်ႌမဆြဲေစေၾကာင္း ေျပာေတာ့ အကိုကပိုၿပီးအက်ႌကိုအတင္းဆြဲေတာ့ လည္းပင္ေတာင္အစ္သြားသည္။

" မင္းကမႀကိဳက္ေလ ငါပိုလုပ္ခ်င္ေလပဲ "

" လည္းပင္ က်န္႔ ~~ က်န္႔က်န္႔ "

လည္းပင္အစ္ေနတယ္ဆိုတာကရိေပၚနားလည္လို႔ ေရွာင္းက်န္႔အက်ႌကိုဆြဲထားရာကေနလႊတ္ေပးလိုက္သည္။ေရွာင္းက်န္႔က သူ႔ဘက္ျပန္လွည့္ကာစကားေျပာလာသည္။

" က်န္႔က်န္႔ကို ဘာခိုင္းခ်င္လို႔ "

" မနက္ျဖန္က် ငါ့အဝတ္လွန္းရမယ္ဆိုတာမေမ့နဲ႔ ၾကားလား "

ရိေပၚကလက္ညိုးျဖင့္ ေရွာင္းက်န္႔နဖူးကိုအသာေလးတေဒါက္ေဒါက္ထိုးကာေျပာေတာ့ ၊
ေရွာင္းက်န္႔ကဘာမွမျပန္မေျပာပဲ ေခါင္းပဲညိမ့္ျပတယ္။

" ဟုတ္ကဲ့ ဒါဆိုက်န္႔က်န္႔သြားခြင့္ျပဳပါအံုး "

_________________________

မနက္ေစာေစာစီးစီးထၿပီးအကိုေျပာတဲ့အတိုင္း အကိုအဝတ္ေတြကိုတစ္ခါတည္းႀကိဳးတန္းမွာ လွန္းေပးေနတုန္း ေဘးကေနအထိန္းေတာ္ႀကီးရဲ့တူမခ်င့္ခ်ိဳးကေတာ့ရန္စလာျပန္ၿပီ။

" ဘာလဲ နင္ကအရင္လိုမဟုတ္ေတာ့ဘူးဆိုတာကို ငါတို႔သခင္ေလးယံုေအာင္ကေလးဇာတ္ေတြသြင္းၿပီး အပိုင္သိမ္းမို႔လား ? ! "

ဒီအိမ္မွာကိုယ့္ကိုရန္အမ်ားဆံုးလူသံုးေယာက္ရိွတယ္။ထိုလူသံုးေယာက္ကေတာ့ေဒၚေလးစုယြဲ႔ယြဲ႔နဲ႔အတင္းအၿမဲတုပ္ေလ့ရိွတဲ့အထိန္းေတာ္ႀကီးခ်ိဳးခ်ိဳးနဲ႔သူ႔တူမခ်င့္ခ်ိဳးပါပဲ။သံုးေယာက္တြဲလိုက္ရင္ ကိုယ့္ကိုရန္အႀကီးက်ယ္ေထာင္ေတာ့တာပဲ။ဒါေတာင္ ကိုယ္ဘာသာေအးေဆးေနလည္း လာလာရြဲ႔ေျပာေနတာ။

အကိုဝမ္ရိေပၚကဝရံတာထပ္ကေန" ေဟ့ ေရွာင္း
က်န္႔ "ဆိုၿပီးလွမ္းေအာ္ေခၚလာေတာ့ ေရွာင္းက်န္႔ကေအာက္ထပ္ကေနေမာ့ၾကည့္ကာ ျပန္ေျပာလိုက္ေလတယ္။

" ဟုတ္ကဲ့ အကိုေျပာေလ "

" ေသခ်ာလွန္းေနာ္ ငါမင္းကိုေစာင့္ၾကည့္ေနတယ္ "

ႀကိဳးတန္းမွာအကုန္လံုးလည္းေသခ်ာလွန္းထားတာကိုဘယ္ႏွယ့္ေစာင့္ၾကည့္ေနမွာ?အကိုကလည္းေျပာလိုက္ရင္ေတာ့ေလ~~~~~

" အကိုဝမ္ေရ အဝတ္ေတြကအကုန္လွန္းၿပီးပါၿပီ အဲ့ေတာ့ က်န္႔က်န္႔ကိုေစာင့္ၾကည့္ေနစရာမလိုေတာ့ပါဘူး "

ဒီေကာင္ေလး!!! လ်ွာထုတ္ေျပာင္ျပတာက ရိေပၚေဒါသကိုလာဆြေနသလိုပဲ။ေအး ေတြ့တာေပါ့ ေကာင္ဆိုးေလး!!! ခ်က္ခ်င္းဝရံတာထပ္ကေန​ေျပးဆင္းၿပီး ေအာက္ထပ္ကိုတန္းဆင္းလိုက္ေတာ့ ၊ ေရွာင္းက်န္႔နဲ႔တန္းေတြ့တာပဲ။

" ငါ့လက္သီးစာမိခ်င္ေနၿပီလား ဟမ္ "

ဒါမ်ိဳးက်ေၾကာက္လိုက္တာတုန္ေရာ! လက္ႏွစ္ဖက္လံုးကာထားၿပီးမလုပ္ပါနဲ႔အကိုကလည္းဟုတားေျပာေနသူေရွာင္းက်န္႔။

" စတာကို ဟီးဟီး အဲ့လိုေဗြယူတာလား "

" ေအး ေဗြယူတယ္ "

ေဗြယူတယ္လို႔ေျပာေတာ့ ေရွာင္းက်န္႔မ်က္ႏွာက သိသိသာသာပ်က္သြားတာ။

" အကိုကလည္း ကိုယ့္ညီေလးကိုဘာလို႔
အဲ့ေလာက္ေတာင္ "

" ေဟ့ ေတာ္ေတာ္ ဆက္မေျပာနဲ႔ ရံုးအလုပ္စားရင္ေတြညေနက်အကုန္ျပ ငါေျပာတာ
ၾကားလား "

" သူ႔ပဲေၾကာက္ေနရတယ္ ဒုကၡပဲ "

သူေျပာတာမၾကားဘူးအထင္နဲ႔တိုးတိုးေလးေျပာေနတာ။အမေလး ဝမ္ရိေပၚတဲ့ဗ်ာ နားလည္းၾကား၊အလြန္လည္း ေတာ္တဲ့သူေဌး။

" ေရွာင္းက်န္႔ !!!! ငါမၾကားဘူးထင္ေန
တာလား "

" ဟုတ္ကဲ့ ထင္မိပါတယ္ "

" ဘာ "

" အယ္ ဟို ဟို မဟုတ္ပါဘူး အကိုကအရမ္းေတာ္တဲ့သူေဌးလို႔ေျပာတာပါ အကိုကလည္း "

______________________

Continue Reading

You'll Also Like

192K 6.8K 96
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1.9M 85.4K 192
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
184K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
609K 30.8K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...