"ဝါး.....ကျွတ်စ်...ကျွတ်စ်...."
ရတု အိပ်ကောင်းကောင်းနှင့်ပင်အိပ်လိုက်သည်မှာဘယ်နှစ်နနာရီရှိသွားမှန်းမသိ။ နာရီကြည့်တော့ ၉နာရီပင်ရှိနှင့်နေပြီ။
"အား...ငါဘာလို့မနိုးတာလည်းမသိဘူး "
ရတုအိမ်မှာလည်းအိပ်ရာနောက်ကျမှထတတ်နေကျပေမယ့် အဖွားကနေ့တိုင်းနှိုးပေးသည်။ ရတုမဖြစ်တော့။မြန်မြန်ထပြီး အကို့အခန်းသို့ထသွားလိုက်သည်။
"အကို.....အကို"
ရတုအခန်းရှေ့မှ ခေါ်နေပေမယ့် အကို့ဆီမှအဖြေပြန်မကြားရ။
တံခါးခေါက်ကြည့်ပြန်တော့လည်း ထိုနည်းတူ။ တံခါးလက်ကိုင်ကိုပင်တွန်းကြည့်တော့ လော့ခ်မချထားသည်မို့ ပွင့်သွားလေ၏။
ခေါင်းလေးပြူပြီး အခန်းထဲသို့ကြည့်လိုက်တော့ အကိုကအိပ်နေဆဲပင်။ ဒါကြောင့်ရတုကိုလာမနှိုးသည်ဖြစ်မည်။
ပုံမှန်ဆိုလျှင် မနက်စောစောထတတ်တဲ့အကိုကအရင်ကနှင့်မတူ။ ရတုလည်းအကိုအိပ်နေတဲ့ကုတင်နားထိသွားပြီး အကိုမျက်နှာကိုကြည့်လိုက်တော့ပုံမှန်မဟုတ်။
အိပ်နေရင်းပင်မျက်ခုံးများတွန့်ချိုးလျက်။ နှုတ်ခမ်းများပင်ဖြူဖွေးလို့နေ၏။ ကြည့်နေစဉ်မှာပင် အကို့မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာတော့သည်။
"မောင်....ဘယ်အချိန်ရှိပြီလဲ"
အကို့အသံများက ဖျော့တော့နေတော့သည်။ အားမရှိသလိုပင်။
"၉နာရီကျော်ပြီအကို ..... အကိုဖျားနေတာလား"
"အင်း.....အကိုမနှိုးမိလိုက်ဘူး ပြန်အိပ်ပျော်သွားတာ.....ကျောင်းအတန်းချိန်ရှိသေးလား"
"ဒီနေ့နှစ်ချိန်ပဲရှိတာအကို ..နောက်လဲကျနေပြီ ....ကျွန်တော်မသွားတော့ဘူး"
အကိုက အိပ်နေရာမှ ဖြည်းဖြည်းလေး ထိုင်ဖို့ ခေါင်းထောင်လိုက်တော့
"အကို....လှဲနေလေ"
အကို့ရဲ့ကိုယ်လေးကို ထိန်းပေးရင်းနှင့် ခေါင်းအုံးပေါ်ညင်သာစွာပြန်ချလိုက်၏။
"ကျွန်တော်မနက်စာပြင်လာခဲ့မယ်....ရေပတ်ပါယူလာခဲ့မယ် ခနနော် အကို......"
ရတုလှည်ထွက်သွားတော့မည်အလုပ်...
"ရတယ်မောင်....အကို့ကိုမနက်စာလေးပဲလုပ်ပေးခဲ့ပါ..ခနနားလိုက်ရင်သက်သာသွားလိမ့်မယ်"
အကို့မျက်နှာဖြူဖျော့ဖျော့နှင့် နီစွေးစွေးမျက်လုံးများက အရင်လိုတက်ကြွမနေတော့။
"ဟုတ်....အကို....ခနစောင့်နော် အကိုကျွန်တော်ချက်ချင်းပြန်လာခဲ့မယ်ဆေးရော ကျွန်တော်ဝယ်လာရမလား.."
"ရတယ်....အကို သောက်ပြီးပြီ....."
"ဟုတ်...အကို"
ရတုလည်း အောက်ထပ်သို့ပင်မြန်မြန်ဆင်းလာပြီး မီးဖိုချောင်အခန်းထဲသို့ ဝင်လာလိုက်သည်။
နေမကောင်းနေတာကြောင့်ပင် ဆန်ပြုပ်လေးလုပ်ပေးဖို့ အတွေးရသွားသည်။ ထို့နောက်ဆန်ပြုပ်လုပ်ဖို့ပင် ပြင်ဆင်လိုက်တော့သည်။
မော်ကွန်း လှဲနေရာမှထပြီး ဖုန်းscreenကိုကြည့်လိုက်သည်။ အရင်ဆုံးမြင်ရတာကတော့ သူခိုးရိုက်ထားတဲ့ ရတုကိုနမ်းနေတဲ့ပုံလေး။
သို့ပေမယ့်သေသေချာချာတော့မမြင်ရ ဝါးနေအောင်Editထားပြီး wallpaper ထားထားခြင်းဖြစ်သည်။ မောင်မသိအောင်ခိုးနမ်းထားတာကြောင့် အကြည်
ပုံလေးကိုတော့Macbookကwallpaerမှာပဲထားထားလိုက်သည်။
မော်ကွန်း မှန်ထဲက ကိုယ်ကိုယ်ကိုယ်ပြန်ကြည့်မိတော့ နှုတ်ခမ်းများကော့တက်သွားလေ၏။ မောင့်ကို ဖျားပြရတာလည်းမလွယ်ကူလှ။ ဒီလိုမှမဟုတ်လျှင် သူ မောင်နဲ့ဒီနေ့ခနလေးမျှပဲတူတူနေရမည်။ ထို့ကြောင့် ကျောင်းမသွားစေချင်တာကတစ်ကြောင်း အိမ်မှာအတူတူရှိစေချင်တာကတစ်ကြောင်း ထိုသို့နေမကောင်းတဲ့ပုံစံဖြစ်နေမှပင်အဆင်ပြေမည်။
__
"အကို.....ဆန်ပြုပ်ရပြီ......"
အခန်းထဲဝင်လာတော့ အကိုကလှဲနေဆဲပင်
"ဆန်ပြုပ်လေး.....စားလိုက်ပါဦးအကို"
ရတု အကို့ကိုထူပေးဖို့ ကုတင်နားသွားလိုက်တော့ အကိုကရသည်ဆိုသည်နှင့်ပင် ဘေးနားမှာရှိတဲ့ စားပွဲပေါ် ဆန်ပြုပ်ခွက်လေး တင်လိုက်သည်။
"ခွံ့ကျွေးပါလား....."
"ဗျာ....."
"ကိုယ်လက်တွေကိုက်နေလို့...ရပါတယ်....မောင်အဆင်မပြေရင်လည်း......"
"ရတယ်..အကို"
ပြောလည်းပြော ရတု အကို့ကုတင်စွန်းမှာ ထိုင်လိုက်သည်။ အရင်ဆုံး ဆန်ပြုတ်ပန်းကန်ကို နဲနဲလေးအေးသွားအောင်ပင် မှုတ်လိုက်သည်။
အကို့ပါးစပ်ထဲ တစ်ဇွန်းခွံ့ေကျွးလိုက်တော့ အကိုကမျက်ရည်များပင်ဝဲတက်သွားကာ
ဆ
"ပူတယ်.....မောင်....မှုတ်ပေးပါဦး"
အကို့အသံခပ်ပျက်ပျက်က နားထဲရှင်းလင်းစွာဝင်လာလေသည်။
နှစ်ကိုယ်ကြား နီးကပ်နေသည့်အခြေအနေမို့ အကို့မျက်လုံးရဲရဲများကစူးရှရှ။ အနေရခက်စွာပင် ရတုမျက်နှာလွှဲလိုက်ပြီး ဇွန်းထဲက ဆန်ပြုတ်တချို့ကို အကို့ပါးစပ်ထဲခွံ့လိုက်သည်။
"မောင်.....ဟိုနားက အထုတ်လေးယူပေး"
အကိုထိုးပြတဲ့နေရာကြည့်တော့ အဖြူရောင်အိတ်လေးတစ်လုံး။
"ဖွင့်ကြည့်လိုက်....မောင်"
အကိုပြောသည်နှင့် အိတ်ထဲက လေးထောင့်ပုံစံboxလေးကိုထုတ်လိုက်သည်။ အထဲမှာတော့နောက်ထပ် လေးထောင့်ပုံ boxတစ်ခု။
Rolexတံဆိပ်နှင့်ပင်။ အထဲကိုဖွင့်ကြည့်လိုက်တော့ အဖြူရောင်နာရီတစ်လုံး။
လေးထောင့်ပုံစံကိုမှ ဘောင်ကို အဖြူရောင်စိန်ပုံစံ ကျောက်လေးများကပ်ထားလျက်။ ဖြူေဖွးစွပ်နေသည့်ပြင် ပုံစံကအစဈေးကြီးမှန်းသိသာသည်။
"မောင့်အတွက်...."
"ဗျာ....."
"ကြိုက်လား....."
"ဟို အရမ်းဈေးကြီးနေမယ်ထင်တယ် အကို ကျွန်တော်မယူချင်ဘူး"
မော်ကွန်း မောင့်လက်တစ်ဖက်ကိုဆွဲယူလိုက်ပြီး boxထဲမှနာရီကိုထုတ်ကာ လက်မှာသေချာပတ်ပေးလိုက်သည်။ မောင့်လက်ကလေးနှင့်ပင်တသားတည်းကျနေသောRolexနာရီသည် ပိုပြီး လှသွားသယောင်။
"ကြည့်....ဘယ်လောက်လှလဲ...မောင့်ကိုမနာလိုတယ်.....မောင်ကဘယ်အရာနဲ့ဖြစ်ဖြစ်လိုက်ဖက်နေရော"
ရတုအနေရခက်စွာပင် အကို့လက်ထဲက သူ့လက်ကိုပြန်ရုတ်လိုက်သည်။ သူ့ဘဝမှာထိုသို့ သောတန်ဖိုးရှိတဲ့နာရီမဝတ်ဖူးချေ။
သူဝတ်လည်းမဝတ်ရဲတာေကြာင့်အကို့ဆီကလက်မခံချင်။
"ဘာလို့ကျွန်တော့ကိုနာရီဝယ်ပေးတာလဲ"
ထိုအခါ အကို့အကြည့်များကရုတ်ချည်းပြောင်းသွားလျက်။ ရတုမျက်ဝန်းများကို စွေးစွေးမြေ့မြေ့စိုက်ကြည့်လာသည်။
ထို့နောက် ရတုလက်ကိုဆွဲယူလိုက်ပြီး လက်ချောင်းလေးများကို ပွတ်သပ်နေသည်။
"အချိန်လိုပဲ.....မောင်ကအကို့အတွက်အရမ်းအေရးကြီးတယ်ဆိုတာသိစေချင်လို့ပေါ့မောင်ရာ..."