အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

851K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter-124

2.5K 393 5
By Neko_san_ZP

Zawgyi

ေမွာ္တိုက္ခိုက္ေရးၿပိဳင္ပြဲ ျပန္လည္စတင္လာခဲ့သည္၊အရင္ဆုံး ပထမႏွစ္ရဲ႕ေအတန္းေက်ာင္းသားေတြ ယွဥ္ၿပိဳင္ရမည္ျဖစ္တာေၾကာင့္ ဒန္နာရီတို႔က ၿပိဳင္ပြဲကို သြားစရာမလိုအပ္ေပ၊ဒါေၾကာင့္ အန္းလ္တိုက အီရွဆီ သြားေရာက္လည္ပတ္ေနသလို ရွီရယ္နဲ႕စီရက္စ္ကလည္း ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္ေနခဲ့သည္၊

ဒန္နာရီကလည္း စာၾကည့္တိုက္မွာ အဘိုးအိုရာ့လ္ေပးထားတဲ့စာအုပ္ကို ဖတ္ရႈေလ့လာေနသည္၊ထိုခ်ိန္မွာ ဒန္နာရီအနီးနားကို လူတစ္ေယာက္ေရာက္လာေတာ့သည္၊

"အဘိုးႀကီးရာ့လ္ကို လက္ခံလိုက္လည္း ငါက မင္းဆရာျဖစ္ခ်င္တုန္းပဲ"

ဒန္နာရီက သူ႕ေဘးမွာ လာထိုင္တဲ့ဆရာကို ၾကည့္လိုက္ၿပီး အနည္းငယ္ေတာ့ အံ့ေအာသြားသည္၊

"ဆရာရန္"

ဆရာရန္က ၿပဳံးလိုက္ၿပီး ဒန္နာရီဖတ္ေနတဲ့စာအုပ္ကိုၾကည့္ရင္း မ်က္ႏွာအမူအရာေတာ့အနည္းငယ္ေျပာင္းလဲသြားသည္၊

"အဘိုးႀကီးရာ့လ္က မင္းအေပၚ အေတာ္ေကာင္းတာပဲ...ဒါေပမယ့္ မင္းအေနနဲ႕ ငါ့ကိုပါ ဆရာအျဖစ္လက္ခံရမယ္"

ဆရာရန္စကားေၾကာင့္ ဒန္နာရီက စာအုပ္ကိုဖတ္လိုက္ၿပီး ဆရာရန္ကို ေမာ့ၾကည့္လိုက္သည္၊ဆရာရန္ရဲ႕မ်က္လုံးမ်ားက ၾကည္လင္ေနၿပီး တက္ႂကြေနသည္၊ၿပီးေတာ့ ဆရာရန္က သူ႕ကို တပည့္အျဖစ္ကမ္းလွမ္းဖူးေပမယ့္ အဘိုးအိုရာ့လ္ကို ေ႐ြးခ်ယ္ရတဲ့အေၾကာင္းအရင္းက အဘိုးအိုရာ့လ္က ေမွာ္နဲ႕ပတ္သတ္ၿပီး နားလည္မႈႏူန္းက အျခားသူေတြထက္ျမင့္မားလြန္းသည္၊

"ဆရာရန္က ကြၽန္ေတာ့္ကို ဘာေတြသင္ၾကားေပးနိုင္လဲ"

"ငါက မင္းကို ေမွာ္သိုင္းပညာရဲ႕အားနည္းခ်က္နဲ႕အားသာခ်က္ကို သင္ၾကားေပးနိုင္တယ္"

ဆရာရန္စကားေၾကာင့္ ဒန္နာရီလည္း အနည္းငယ္မွင္သက္သြားၿပီးေနာက္မွာ လက္ခံလိုက္ေတာ့သည္၊ဒန္နာရီဟာ ေမွာ္သိုင္းပညာနဲ႕ပတ္သတ္ၿပီး နားလည္မႈက အလြန္နိမ့္ပါးေသးသည္၊သူခ်စ္ရတဲ့သူေတြကို ကာကြယ္ဖို႔အတြက္ အသန္မာဆုံးသူတစ္ေယာက္ျဖစ္ဖို႔လိုအပ္သည္၊

ဆရာရန္က ဒန္နာရီဘက္က လက္ခံမႈၾကားလိုက္ရေတာ့ ေပ်ာ္႐ႊင္သြားၿပီး ဒန္နာရီ႕ေခါင္းကိုဖြဖြေလးပုတ္လိုက္ၿပီး တံဆိပ္ျပားတစ္ခုနဲ႕ သစ္သားေသတၱာေလးတစ္လုံးကို ေပးလိုက္ၿပီးေနာက္ ထြက္သြားေတာ့သည္၊

ဒန္နာရီက တံဆိပ္ျပားကိုသိမ္းလိုက္ၿပီးေနာက္မွာ ေသတၱာကို ဖြင့္ၾကည့္လိုက္ခ်ိန္မွာ အနီေရာင္ပိတ္သားေပၚမွာ လွပစြာေတာက္ပေနတဲ့နဲဗမ္(Nevan)ေက်ာက္ကို ေတြ႕လိုက္ရသည္၊ၿပီးေတာ့ စာ႐ြက္ေလးတစ္႐ြက္ပါေတြ႕လိုက္ရသည္၊

[လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက မင္းနဲ႕မင္းသူငယ္ခ်င္းက နဲဗမ္ေက်ာက္နဲ႕ပတ္သတ္ၿပီးေတာ့ စုံစမ္းခဲ့တယ္မလား...၊ မင္းရဲ႕ဆရာက အလိုလိုက္တယ္ေနာ္]

ဒန္နာရီရဲ႕ႏူတ္ခမ္းမ်ားက အနည္းငယ္အေပၚေကာ့တက္သြားၿပီး ၿပဳံးေယာင္သန္းသြားေတာ့သည္၊သူက ေမွာ္ေက်ာက္ကို သိမ္းလိုက္ၿပီး အီရွရွိရာကို သြားေတာ့သည္၊

အီရွရဲ႕အနားယူတဲ့အခန္းေရာက္ခ်ိန္မွာ အီရွလိုဆံပင္အေရာင္ခ်င္းတူတဲ့အမ်ိဳးသမီးႀကီးနဲ႕အျခားလူငယ္တစ္ခ်ိဳ႕ကိုေတြ႕လိုက္ရသည္၊ၿပီးေတာ့ အန္းလ္တိုနဲ႕ေနာ့စ္ကလည္းရွိေနၿပီး ရွီရယ္နဲ႕စီရက္စ္ကေတာ့ အန္းလ္တိုအေနာက္ဘက္မွာ မတ္တပ္ရပ္ေနသည္၊ ဒန္နာရီဝင္လာတဲ့အခ်ိန္မွာ အၾကည့္ေတြက သူ႕ဆီကိုေရာက္လာေတာ့သည္၊

ဒန္နာရီလည္း အီရွနဲ႕မ်က္ႏွာဆင္တဲ့အမ်ိဳးသမီးကို အရိုအေသေပးလိုက္ၿပီးေနာက္မွာ အီရွရွိရာကို လမ္းေလွ်ာက္လာကာ အနီးနားကခုံမွာဝင္ထိုင္လိုက္သည္၊ တကယ္ေတာ့ ဘယ္သူကမွ မထိုင္ရဲပဲ မတ္တပ္ရပ္ေနက်ျခင္းျဖစ္သည္၊

"သားေလး သူက..."

"သူက ဒန္နာရီ ရိုစဲဆလပ္ေလ အေမ" အီရွက ဒန္နာရီကို သူ႕မိခင္နဲ႕မိတ္ဆက္ေပးလိုက္သည္၊ဒန္နာရီက အီရွရဲ႕မိခင္ကိုၾကည့္ရင္း ယဥ္ေက်းစြာၿပဳံးျပလိုက္ၿပီး ထပ္ႏူတ္ဆက္လိုက္သည္၊

"အိုး...ဒါက ေက်ာင္းေတာ္မွာေက်ာ္ၾကားေနတဲ့ေက်ာင္းသားသစ္ေလးကိုး...သူက တကယ္ကိုၾကည့္ေကာင္းၿပီး ယဥ္ေက်းတာပဲ"

"ေက်းဇူးတင္ပါတယ္ မဒမ္"

ဒန္နာရီက အစတည္းက အပိုစကားမေျပာတတ္သလို အၿမဲတည္တည္ၿငိမ္ၿငိမ္ေလးျဖစ္တာေၾကာင့္ အီရွရဲ႕မိခင္က ပိုပိုၿပီးေတာ့ သေဘာက်သြားေတာ့သည္၊အီရွရဲ႕မိခင္က ဒန္နာရီနဲ႕စကားေတာ္ေတာ္မ်ားမ်ား ေျပာခဲ့ၿပီး သူတို႔က ေမွာ္အစီအရင္နဲ႕ပတ္သတ္ၿပီးသာေျပာေနျခင္းျဖစ္ၿပီး အီရွရဲ႕မိခင္မထင္မွတ္ခဲ့တာက ဒီငယ္႐ြယ္တဲ့ေကာင္ေလးက ဗဟုသုတႂကြယ္ဝသည္ကိုေပါ့၊

သူ(မ)က လာရင္းကိစၥကိုေတာင္ ေမ့သြားၿပီး ဒန္နာရီကို သူ(မ)ေယာက္်ားရွိရာအခန္းကိုပင္ ေခၚေဆာင္သြားေတာ့သည္၊အီရွမွာ သူ႕အေမေၾကာင့္ ဒန္နာရီကို အားနာေနေပမယ့္ သူ႕အစ္ကိုဝမ္းကြဲေတြကိုသာ အကူအညီေတာင္းလိုက္ရသည္၊

"အန္တီ...ကြၽန္ေတာ္တို႔ လာရင္းကိစၥရွိေသးတယ္ေလ...ၿပီးေတာ့ ဦးေလးက ေက်ာင္းအုပ္ႀကီးနဲ႕ေတြ႕ဆုံေနတုန္းေလ"

"ဟုတ္တယ္ေလ အန္တီရဲ႕...ၿပီးေတာ့ ကြၽန္ေတာ္တို႔က ငါးရက္ေလာက္ေနမွာေလ အခ်ိန္ေတြရွိပါေသးတယ္" ႏြန္းလူငယ္မ်ားက တစ္ေယာက္ၿပီးတစ္ေယာက္ဝင္ေျပာေတာ့မွ အီရွရဲ႕မိခင္လည္း လက္ေလ်ာ့သြားေတာ့သည္၊ထို႔ေနာက္မွာေတာ့ သူမရဲ႕အၾကည့္ေတြက အန္းလ္တိုနဲ႕ေနာ့စ္ဘက္ကို ေရာက္သြားေတာ့သည္၊

"ဘယ္တစ္ေယာက္က သားရဲ႕ခ်စ္သူလဲ"

"ကြၽန္ေတာ္"

"ကြၽန္ေတာ္"

အန္းလ္တိုနဲ႕ေနာ့စ္တို႔ဆီကေန သံၿပိဳင္ထြက္လာေတာ့သည္၊အီရွက မ်က္ေမွာင္ၾကဳတ္သြားၿပီး ႏူတ္ခမ္းမ်ားပြင့္ဟသြားေပမယ့္ ျပန္ပိတ္သြားေတာ့သည္၊အီရွက အခ်စ္နဲ႕ပတ္သတ္ၿပီး နားမလည္ေပ၊ဒါေပမယ့္ အန္းလ္တိုအေပၚ အားကိုးၿပီးေတာ့ အန္းလ္တိုကို သူ႕အနားမွာထားခ်င္သည္၊ေနာ့စ္က်ေတာ့ မ်ိဳးႏြယ္ၾကား သေဘာတူထားသလို ေနာ့စ္ကိုယ္တိုင္ကလည္း သူ႕အေပၚနားလည္ေပးကာ အန္းလ္တိုကို လက္ခံေပးခဲ့သည္၊

"ဝိုးးး ငါတို႔ညီငယ္ေလးက မိုက္လိုက္တာ"

"အေခ်ာေလးႏွစ္ေယာက္ကို တစ္ၿပိဳင္တည္းေနာ္"

ႏြန္းေတြအတြက္ ရည္းစားႏွစ္ဦးျဖစ္ေစ၊သုံးဦးျဖစ္ေစ ရွိေနျခင္းက အထင္ေသးစရာမဟုတ္ေပ၊သူတို႔က သူမ်ားခ်စ္သူကို လုယူတဲ့သူေတြမဟုတ္သလို တစ္ဖက္က သူတို႔ကို လိုလိုလားလားလက္ခံတာေၾကာင့္ သူတို႔က ျပန္လက္ခံက်တဲ့သူေတြသာျဖစ္သည္၊ဒါေၾကာင့္ အီရွအေနနဲ႕ ရည္းစားရွိတဲ့အေပၚထူးျခားသည္ဟုပင္ မခံစားရေပ၊

ေနာက္တစ္ခ်က္က သူတို႔တြဲေနတဲ့သူေတြကိုယ္တိုင္က ဒီလိုဆက္ဆံေရးကိုနားလည္လက္ခံလို႔ ေရွ႕ဆက္ျခင္းသာျဖစ္သည္၊

အီရွရဲ႕မိခင္နဲ႕ဖခင္ကလည္း သုံးေယာက္ျမႇောက္ေကာင္မေလးတစ္​ေယာက္ေပၚခဲ့ၿပီးေနာက္မွာ အီရွရဲ႕ဖခင္က အီရွရဲ႕မိခင္တစ္ေယာက္တည္းကိုသာ ရိုးေျမက်ေပါင္းဖက္မည္ျဖစ္ေၾကာင္းနဲ႕ ေမာင္းမေဆာင္မေထာင္ေၾကာင္း တိုင္တည္ထားတာေၾကာင့္ အီရွမိခင္တစ္ဦးသာရွိသည္၊ဒါကေတာ့ ႏြန္းေတြအတြက္ အေတာ္ရွားပါးတဲ့ျဖစ္ရပ္တစ္ခုရပ္ေပ၊

အီရွကေတာ့ သူ႕ဖခင္ရဲ႕လမ္းစဥ္ကို လိုက္မည္မဟုတ္ေပ၊သူက လွပၿပီးေခ်ာတဲ့သူေတြကို သေဘာက်သည္၊ အန္းလ္တိုနဲ႕ေနာ့စ္က သူသတ္မွတ္ထားတဲ့စံႏႈန္းကို မွီ႐ုံသာမက သူ႕အေပၚလည္း အေတာ္ကိုဂ႐ုစိုက္လွသည္၊ ႏွစ္ေယာက္တည္းက တစ္ေယာက္ေ႐ြးခိုင္းရင္ေတာ့ အီရွက အန္းလ္တိုကိုသာေ႐ြးခ်ယ္ရလိမ့္မည္၊ အန္းလ္တိုက အီရွအႏွစ္သက္ဆုံး​ေယာက္်ားတစ္ေယာက္​ျဖစ္သည္၊

"ႏွစ္ေယာက္ေတာင္လား"

"ဟုတ္တယ္ေလ...ႏွစ္ေယာက္လုံးကလည္း ဒီဆက္ဆံေရးကို သေဘာတူတယ္"

"ဒါေပမယ့္ ဒီေကာင္ေလးက အန္းလ္တို ဗလဲရစ္မလား"

အီရွရဲ႕မိခင္စကားေၾကာင့္ အန္းလ္တိုက ေခါင္းညိတ္လိုက္ၿပီး ရွင္းျပလိုက္သည္၊

"ဟုတ္ပါတယ္ ဒါေပမယ့္ ကြၽန္ေတာ္က ဗလဲရစ္မ်ိဳးႏြယ္က ထြက္လာၿပီးသားပါဗ်၊ ဗလဲရစ္မ်ိဳးႏြယ္နဲ႕ကြၽန္ေတာ္အန္းလ္တိုက ဘာသက္ဆိုင္မႈမွ မရွိဘူး"

"မင္းက ဘာအတြက္ေၾကာင့္ ထြက္လာရတာလဲ" အီရွမိခင္က အနည္းငယ္ေတာ့ အံ့အားသင့္သြားသည္၊ဗလဲရစ္မ်ိဳးႏြယ္ရဲ႕သားေတာ္က သားေတာ္ဆိုတဲ့ရာထူးကိုစြန့္ပစ္ကာ တကယ္ပဲ မ်ိဳးႏြယ္ကေနထြက္လာခဲ့တာေပါ့၊

" ကြၽန္ေတာ့္တည္ရွိမႈက အီရွအတြက္ေၾကာင့္ပဲ၊ အီရွနဲ႕ကြၽန္ေတာ္ၾကားက တားဆီေနတဲ့အရာမွန္သမွ်ကို ေရွာင္ဖယ္ပစ္ရမွာပဲ ဒါက ကြၽန္ေတာ့္မ်ိဳးႏြယ္ျဖစ္ေနရင္ေတာင္ေပါ့"

"ဒါဆိုရင္ မင္းက မင္းမ်ိဳးႏြယ္ကို ျပန္ၿပီးသစၥာေဖာက္ရဲတယ္ေပါ့"

အီရွမိခင္စကားေၾကာင့္ အန္းလ္တိုက ေခါင္းျပန္ခါလိုက္သည္၊

"ကြၽန္ေတာ့္ခႏၶာကိုယ္ထဲမွာ စီဆင္းေနတဲ့ေသြးေတြက ဗလဲရစ္ပဲ၊ဒါေပမယ့္ အီရွကို ဒုကၡေပးမဲ့မည္သူ႕ကို မဆို ကြၽန္ေတာ္သတ္ဖို႔ဝန္မေလးဘူး"

အန္းလ္တိုစကားေၾကာင့္ အီရွမိခင္ကသေဘာက်သြားေတာ့သည္၊သူမရဲ႕သားက တကယ့္လူကို ရွာေတြ႕ခဲ့တာပဲ၊

-*-*-*-*-*-*-*-
Chapter -125ေမွ်ာ္

အီရွနဲ႕ပတ္သတ္ၿပီး မေဝဖန္ဖို႔ေမွ်ာ္လင့္တယ္၊ အီရွက ေလွနံႏွစ္ဖက္နင္းတာမဟုတ္ဘူးေနာ္၊ သူကိုယ္တိုင္က 3some rsကို လက္ခံထားၿပီး gong ႏွစ္ေယာက္ကလည္းလက္ခံထားတယ္၊ အီရွက ႏွစ္ေယာက္လုံးကို ဘယ္သူ႕ေ႐ြးရမလဲဆိုၿပီး ႀကိဳးရွည္လည္းမဆြဲထားဘူး၊ ႏွစ္ေယာက္လုံးကို လက္ခံထားတယ္၊

-*-*-*-*-*

Unicode

မှော်တိုက်ခိုက်ရေးပြိုင်ပွဲ ပြန်လည်စတင်လာခဲ့သည်၊အရင်ဆုံး ပထမနှစ်ရဲ့အေတန်းကျောင်းသားတွေ ယှဥ်ပြိုင်ရမည်ဖြစ်တာကြောင့် ဒန်နာရီတို့က ပြိုင်ပွဲကို သွားစရာမလိုအပ်ပေ၊ဒါကြောင့် အန်းလ်တိုက အီရှဆီ သွားရောက်လည်ပတ်နေသလို ရှီရယ်နဲ့စီရက်စ်ကလည်း လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေခဲ့သည်၊

ဒန်နာရီကလည်း စာကြည့်တိုက်မှာ အဘိုးအိုရာ့လ်ပေးထားတဲ့စာအုပ်ကို ဖတ်ရှုလေ့လာနေသည်၊ထိုချိန်မှာ ဒန်နာရီအနီးနားကို လူတစ်ယောက်ရောက်လာတော့သည်၊

"အဘိုးကြီးရာ့လ်ကို လက်ခံလိုက်လည်း ငါက မင်းဆရာဖြစ်ချင်တုန်းပဲ"

ဒန်နာရီက သူ့ဘေးမှာ လာထိုင်တဲ့ဆရာကို ကြည့်လိုက်ပြီး အနည်းငယ်တော့ အံ့အောသွားသည်၊

"ဆရာရန်"

ဆရာရန်က ပြုံးလိုက်ပြီး ဒန်နာရီဖတ်နေတဲ့စာအုပ်ကိုကြည့်ရင်း မျက်နှာအမူအရာတော့အနည်းငယ်ပြောင်းလဲသွားသည်၊

"အဘိုးကြီးရာ့လ်က မင်းအပေါ် အတော်ကောင်းတာပဲ...ဒါပေမယ့် မင်းအနေနဲ့ ငါ့ကိုပါ ဆရာအဖြစ်လက်ခံရမယ်"

ဆရာရန်စကားကြောင့် ဒန်နာရီက စာအုပ်ကိုဖတ်လိုက်ပြီး ဆရာရန်ကို မော့ကြည့်လိုက်သည်၊ဆရာရန်ရဲ့မျက်လုံးများက ကြည်လင်နေပြီး တက်ကြွနေသည်၊ပြီးတော့ ဆရာရန်က သူ့ကို တပည့်အဖြစ်ကမ်းလှမ်းဖူးပေမယ့် အဘိုးအိုရာ့လ်ကို ရွေးချယ်ရတဲ့အကြောင်းအရင်းက အဘိုးအိုရာ့လ်က မှော်နဲ့ပတ်သတ်ပြီး နားလည်မှုနူန်းက အခြားသူတွေထက်မြင့်မားလွန်းသည်၊

"ဆရာရန်က ကျွန်တော့်ကို ဘာတွေသင်ကြားပေးနိုင်လဲ"

"ငါက မင်းကို မှော်သိုင်းပညာရဲ့အားနည်းချက်နဲ့အားသာချက်ကို သင်ကြားပေးနိုင်တယ်"

ဆရာရန်စကားကြောင့် ဒန်နာရီလည်း အနည်းငယ်မှင်သက်သွားပြီးနောက်မှာ လက်ခံလိုက်တော့သည်၊ဒန်နာရီဟာ မှော်သိုင်းပညာနဲ့ပတ်သတ်ပြီး နားလည်မှုက အလွန်နိမ့်ပါးသေးသည်၊သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့အတွက် အသန်မာဆုံးသူတစ်ယောက်ဖြစ်ဖို့လိုအပ်သည်၊

ဆရာရန်က ဒန်နာရီဘက်က လက်ခံမှုကြားလိုက်ရတော့ ပျော်ရွှင်သွားပြီး ဒန်နာရီ့ခေါင်းကိုဖွဖွလေးပုတ်လိုက်ပြီး တံဆိပ်ပြားတစ်ခုနဲ့ သစ်သားသေတ္တာလေးတစ်လုံးကို ပေးလိုက်ပြီးနောက် ထွက်သွားတော့သည်၊

ဒန်နာရီက တံဆိပ်ပြားကိုသိမ်းလိုက်ပြီးနောက်မှာ သေတ္တာကို ဖွင့်ကြည့်လိုက်ချိန်မှာ အနီရောင်ပိတ်သားပေါ်မှာ လှပစွာတောက်ပနေတဲ့နဲဗမ်(Nevan)ကျောက်ကို တွေ့လိုက်ရသည်၊ပြီးတော့ စာရွက်လေးတစ်ရွက်ပါတွေ့လိုက်ရသည်၊

[လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မင်းနဲ့မင်းသူငယ်ချင်းက နဲဗမ်ကျောက်နဲ့ပတ်သတ်ပြီးတော့ စုံစမ်းခဲ့တယ်မလား...၊ မင်းရဲ့ဆရာက အလိုလိုက်တယ်နော်]

ဒန်နာရီရဲ့နူတ်ခမ်းများက အနည်းငယ်အပေါ်ကော့တက်သွားပြီး ပြုံးယောင်သန်းသွားတော့သည်၊သူက မှော်ကျောက်ကို သိမ်းလိုက်ပြီး အီရှရှိရာကို သွားတော့သည်၊

အီရှရဲ့အနားယူတဲ့အခန်းရောက်ချိန်မှာ အီရှလိုဆံပင်အရောင်ချင်းတူတဲ့အမျိုးသမီးကြီးနဲ့အခြားလူငယ်တစ်ချို့ကိုတွေ့လိုက်ရသည်၊ပြီးတော့ အန်းလ်တိုနဲ့နော့စ်ကလည်းရှိနေပြီး ရှီရယ်နဲ့စီရက်စ်ကတော့ အန်းလ်တိုအနောက်ဘက်မှာ မတ်တပ်ရပ်နေသည်၊ ဒန်နာရီဝင်လာတဲ့အချိန်မှာ အကြည့်တွေက သူ့ဆီကိုရောက်လာတော့သည်၊

ဒန်နာရီလည်း အီရှနဲ့မျက်နှာဆင်တဲ့အမျိုးသမီးကို အရိုအသေပေးလိုက်ပြီးနောက်မှာ အီရှရှိရာကို လမ်းလျှောက်လာကာ အနီးနားကခုံမှာဝင်ထိုင်လိုက်သည်၊ တကယ်တော့ ဘယ်သူကမှ မထိုင်ရဲပဲ မတ်တပ်ရပ်နေကျခြင်းဖြစ်သည်၊

"သားလေး သူက..."

"သူက ဒန်နာရီ ရိုစဲဆလပ်လေ အမေ" အီရှက ဒန်နာရီကို သူ့မိခင်နဲ့မိတ်ဆက်ပေးလိုက်သည်၊ဒန်နာရီက အီရှရဲ့မိခင်ကိုကြည့်ရင်း ယဥ်ကျေးစွာပြုံးပြလိုက်ပြီး ထပ်နူတ်ဆက်လိုက်သည်၊

"အိုး...ဒါက ကျောင်းတော်မှာကျော်ကြားနေတဲ့ကျောင်းသားသစ်လေးကိုး...သူက တကယ်ကိုကြည့်ကောင်းပြီး ယဥ်ကျေးတာပဲ"

"ကျေးဇူးတင်ပါတယ် မဒမ်"

ဒန်နာရီက အစတည်းက အပိုစကားမပြောတတ်သလို အမြဲတည်တည်ငြိမ်ငြိမ်လေးဖြစ်တာကြောင့် အီရှရဲ့မိခင်က ပိုပိုပြီးတော့ သဘောကျသွားတော့သည်၊အီရှရဲ့မိခင်က ဒန်နာရီနဲ့စကားတော်တော်များများ ပြောခဲ့ပြီး သူတို့က မှော်အစီအရင်နဲ့ပတ်သတ်ပြီးသာပြောနေခြင်းဖြစ်ပြီး အီရှရဲ့မိခင်မထင်မှတ်ခဲ့တာက ဒီငယ်ရွယ်တဲ့ကောင်လေးက ဗဟုသုတကြွယ်ဝသည်ကိုပေါ့၊

သူ(မ)က လာရင်းကိစ္စကိုတောင် မေ့သွားပြီး ဒန်နာရီကို သူ(မ)ယောက်ျားရှိရာအခန်းကိုပင် ခေါ်ဆောင်သွားတော့သည်၊အီရှမှာ သူ့အမေကြောင့် ဒန်နာရီကို အားနာနေပေမယ့် သူ့အစ်ကိုဝမ်းကွဲတွေကိုသာ အကူအညီတောင်းလိုက်ရသည်၊

"အန်တီ...ကျွန်တော်တို့ လာရင်းကိစ္စရှိသေးတယ်လေ...ပြီးတော့ ဦးလေးက ကျောင်းအုပ်ကြီးနဲ့တွေ့ဆုံနေတုန်းလေ"

"ဟုတ်တယ်လေ အန်တီရဲ့...ပြီးတော့ ကျွန်တော်တို့က ငါးရက်လောက်နေမှာလေ အချိန်တွေရှိပါသေးတယ်" နွန်းလူငယ်များက တစ်ယောက်ပြီးတစ်ယောက်ဝင်ပြောတော့မှ အီရှရဲ့မိခင်လည်း လက်လျော့သွားတော့သည်၊ထို့နောက်မှာတော့ သူမရဲ့အကြည့်တွေက အန်းလ်တိုနဲ့နော့စ်ဘက်ကို ရောက်သွားတော့သည်၊

"ဘယ်တစ်ယောက်က သားရဲ့ချစ်သူလဲ"

"ကျွန်တော်"

"ကျွန်တော်"

အန်းလ်တိုနဲ့နော့စ်တို့ဆီကနေ သံပြိုင်ထွက်လာတော့သည်၊အီရှက မျက်မှောင်ကြုတ်သွားပြီး နူတ်ခမ်းများပွင့်ဟသွားပေမယ့် ပြန်ပိတ်သွားတော့သည်၊အီရှက အချစ်နဲ့ပတ်သတ်ပြီး နားမလည်ပေ၊ဒါပေမယ့် အန်းလ်တိုအပေါ် အားကိုးပြီးတော့ အန်းလ်တိုကို သူ့အနားမှာထားချင်သည်၊နော့စ်ကျတော့ မျိုးနွယ်ကြား သဘောတူထားသလို နော့စ်ကိုယ်တိုင်ကလည်း သူ့အပေါ်နားလည်ပေးကာ အန်းလ်တိုကို လက်ခံပေးခဲ့သည်၊

"ဝိုးးး ငါတို့ညီငယ်လေးက မိုက်လိုက်တာ"

"အချောလေးနှစ်ယောက်ကို တစ်ပြိုင်တည်းနော်"

နွန်းတွေအတွက် ရည်းစားနှစ်ဦးဖြစ်စေ၊သုံးဦးဖြစ်စေ ရှိနေခြင်းက အထင်သေးစရာမဟုတ်ပေ၊သူတို့က သူများချစ်သူကို လုယူတဲ့သူတွေမဟုတ်သလို တစ်ဖက်က သူတို့ကို လိုလိုလားလားလက်ခံတာကြောင့် သူတို့က ပြန်လက်ခံကျတဲ့သူတွေသာဖြစ်သည်၊ဒါကြောင့် အီရှအနေနဲ့ ရည်းစားရှိတဲ့အပေါ်ထူးခြားသည်ဟုပင် မခံစားရပေ၊

နောက်တစ်ချက်က သူတို့တွဲနေတဲ့သူတွေကိုယ်တိုင်က ဒီလိုဆက်ဆံရေးကိုနားလည်လက်ခံလို့ ရှေ့ဆက်ခြင်းသာဖြစ်သည်၊

အီရှရဲ့မိခင်နဲ့ဖခင်ကလည်း သုံးယောက်မြှောက်ကောင်မလေးတစ်​ယောက်ပေါ်ခဲ့ပြီးနောက်မှာ အီရှရဲ့ဖခင်က အီရှရဲ့မိခင်တစ်ယောက်တည်းကိုသာ ရိုးမြေကျပေါင်းဖက်မည်ဖြစ်ကြောင်းနဲ့ မောင်းမဆောင်မထောင်ကြောင်း တိုင်တည်ထားတာကြောင့် အီရှမိခင်တစ်ဦးသာရှိသည်၊ဒါကတော့ နွန်းတွေအတွက် အတော်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုရပ်ပေ၊

အီရှကတော့ သူ့ဖခင်ရဲ့လမ်းစဥ်ကို လိုက်မည်မဟုတ်ပေ၊သူက လှပပြီးချောတဲ့သူတွေကို သဘောကျသည်၊ အန်းလ်တိုနဲ့နော့စ်က သူသတ်မှတ်ထားတဲ့စံနှုန်းကို မှီရုံသာမက သူ့အပေါ်လည်း အတော်ကိုဂရုစိုက်လှသည်၊ နှစ်ယောက်တည်းက တစ်ယောက်ရွေးခိုင်းရင်တော့ အီရှက အန်းလ်တိုကိုသာရွေးချယ်ရလိမ့်မည်၊ အန်းလ်တိုက အီရှအနှစ်သက်ဆုံး​ယောက်ျားတစ်ယောက်​ဖြစ်သည်၊

"နှစ်ယောက်တောင်လား"

"ဟုတ်တယ်လေ...နှစ်ယောက်လုံးကလည်း ဒီဆက်ဆံရေးကို သဘောတူတယ်"

"ဒါပေမယ့် ဒီကောင်လေးက အန်းလ်တို ဗလဲရစ်မလား"

အီရှရဲ့မိခင်စကားကြောင့် အန်းလ်တိုက ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်သည်၊

"ဟုတ်ပါတယ် ဒါပေမယ့် ကျွန်တော်က ဗလဲရစ်မျိုးနွယ်က ထွက်လာပြီးသားပါဗျ၊ ဗလဲရစ်မျိုးနွယ်နဲ့ကျွန်တော်အန်းလ်တိုက ဘာသက်ဆိုင်မှုမှ မရှိဘူး"

"မင်းက ဘာအတွက်ကြောင့် ထွက်လာရတာလဲ" အီရှမိခင်က အနည်းငယ်တော့ အံ့အားသင့်သွားသည်၊ဗလဲရစ်မျိုးနွယ်ရဲ့သားတော်က သားတော်ဆိုတဲ့ရာထူးကိုစွန့်ပစ်ကာ တကယ်ပဲ မျိုးနွယ်ကနေထွက်လာခဲ့တာပေါ့၊

" ကျွန်တော့်တည်ရှိမှုက အီရှအတွက်ကြောင့်ပဲ၊ အီရှနဲ့ကျွန်တော်ကြားက တားဆီနေတဲ့အရာမှန်သမျှကို ရှောင်ဖယ်ပစ်ရမှာပဲ ဒါက ကျွန်တော့်မျိုးနွယ်ဖြစ်နေရင်တောင်ပေါ့"

"ဒါဆိုရင် မင်းက မင်းမျိုးနွယ်ကို ပြန်ပြီးသစ္စာဖောက်ရဲတယ်ပေါ့"

အီရှမိခင်စကားကြောင့် အန်းလ်တိုက ခေါင်းပြန်ခါလိုက်သည်၊

"ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ စီဆင်းနေတဲ့သွေးတွေက ဗလဲရစ်ပဲ၊ဒါပေမယ့် အီရှကို ဒုက္ခပေးမဲ့မည်သူ့ကို မဆို ကျွန်တော်သတ်ဖို့ဝန်မလေးဘူး"

အန်းလ်တိုစကားကြောင့် အီရှမိခင်ကသဘောကျသွားတော့သည်၊သူမရဲ့သားက တကယ့်လူကို ရှာတွေ့ခဲ့တာပဲ၊

-*-*-*-*-*-*-*-
Chapter -125မျှော်

အီရှနဲ့ပတ်သတ်ပြီး မဝေဖန်ဖို့မျှော်လင့်တယ်၊ အီရှက လှေနံနှစ်ဖက်နင်းတာမဟုတ်ဘူးနော်၊ သူကိုယ်တိုင်က 3some rsကို လက်ခံထားပြီး gong နှစ်ယောက်ကလည်းလက်ခံထားတယ်၊ အီရှက နှစ်ယောက်လုံးကို ဘယ်သူ့ရွေးရမလဲဆိုပြီး ကြိုးရှည်လည်းမဆွဲထားဘူး၊ နှစ်ယောက်လုံးကို လက်ခံထားတယ်၊

-*-*-*-*-*

Continue Reading

You'll Also Like

27.8K 1.8K 53
No Zawgyi available. 🙏 Please do not share on any social media platform.
138K 13.2K 53
Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Author permission Start Date - 5.3.2022 E...
1.4M 240K 110
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanma...
217K 19.8K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...