Zawgyi
"ဆရာဘိုးေဘးက ဒီလက္ေကာက္နဲ႕ပတ္သတ္ၿပီး သိတယ္ေပါ့"
ဒန္နာရီကလည္း ခံစားခ်က္ျမင့္တက္သြားတဲ့အဘိုးအိုရာ့လ္ကို ၾကည့္ရင္းေမးလိုက္သည္၊အဘိုးအိုက လက္ေကာက္ကို ယုယုယယပြတ္သပ္ၿပီးေနာက္မွာ ဒန္နာရီကိုျပန္ၿပီးေပးလိုက္သည္၊
"ဒန္မ်ိဳးႏြယ္ဆိုတာက နတ္ေသြးႏွောပါတဲ့မ်ိဳးႏြယ္စုပဲ...၊ သခင္မေလးဒန္ယ်ဴးက နတ္ေသြးႏွောနဲ႕နတ္သူငယ္မိဘေတြဆီက ဆင္းသက္လာတဲ့ေသြးေရာတစ္ေယာက္ပဲ၊ ဒါေၾကာင့္ ဒန္မ်ိဳးႏြယ္ေတြက သခင္မေလးဒန္ယ်ဴးကို အလြန္တန္ဖိုးထားတယ္၊ ဘာလို႔လဲဆိုေတာ့ ဒန္မ်ိဳးႏြယ္အမ်ားစုကိုယ္ထဲမွာ စီးဆင္းေနတဲ့ေသြးေတြက နတ္ေသြးပါဝင္မႈႏႈန္းနည္းၿပီးေတာ့ သခင္မေလးဒန္ယ်ဴးကသာ နတ္ေသြးပါဝင္မႈငါးဆယ္ရာခိုင္ႏႈန္းပါဝင္ခဲ့တာကိုး..."
"ဒါေပမယ့္ လြန္ခဲ့တဲ့ႏွစ္ႏွစ္ဆယ္တည္းက သခင္မေလးက အိမ္ေတာ္ကထြက္ေျပးသြားခဲ့ၿပီး သတင္းအစအနကိုေပ်ာက္သြားခဲ့တယ္...ဒါေၾကာင့္ ငါတို႔က ကုန္းတိုက္ႀကီးေတြရဲ႕အင္အားႀကီးတဲ့နယ္ပယ္ေတြမွာ ေျခကုတ္ၿပီး သခင္မေလးကို အင္တိုက္အားတိုက္ရွာေဖြေနခဲ့တာပဲ..." အဘိုးအိုရာ့လ္က သက္ျပင္းခ်စြာေျပာရင္း ဒန္နာရီရဲ႕လက္ကိုဆုပ္ကိုင္လိုက္ၿပီး ေမွ်ာ္လင့္ခ်က္ေတြျပည့္ေနတဲ့မ်က္ဝန္းမ်ားျဖင့္ၾကည့္ရင္းေမးလိုက္သည္၊
"ဒီလက္ေကာက္ကို ဘယ္ကေန ရခဲ့တာလဲ...ေက်ာင္းသားဒန္နာရီ"
"ဒီလက္ေကာက္က... ကြၽန္ေတာ္မိခင္ရဲ႕ပစၥည္းပဲ" ဒန္နာရီက လက္ေကာက္ကိုစိုက္ၾကည့္ရင္း မွင္သက္စြာေျပာေနမိသည္၊သူတို႔မိခင္နဲ႕ပတ္သတ္သမွ်ကို သူေကာ၊သူအေဖေကာရွာေဖြေနခဲ့ၿပီး ေက်ာင္းေတာ္ေရာက္ခ်ိန္မွာ သူ႕မိခင္အေၾကာင္းကို သိရွိတဲ့သူတစ္ေယာက္နဲ႕ေတြ႕လိုက္ရျပန္သည္၊
"မင္းက...မင္းက သခင္မေလးဒန္ယ်ဴးရဲ႕သား" အဘိုးအိုရာ့လ္က ခန့္မွန္းမိၿပီးသားေပမယ့္ ဒန္နာရီပါးစပ္ကေနေျပာထြက္လာခ်ိန္မွာ အံ့အာမိတုန္းပင္၊ထို႔ေနာက္မွာ အနည္းငယ္တိတ္ဆိတ္သြားၿပီး ႏွစ္ေယာက္လုံးမွာ ဘယ္ကစေျပာရမလဲ မသိေတာ့ေပ၊
"သခင္မေလးဒန္ယ်ဴးေကာ ဘယ္လိုေနလဲ"
"ကြၽန္ေတာ့္ကိုေမြးၿပီးေနာက္မွာ အေမက ထြက္သြားခဲ့တယ္...ၿပီးေတာ့ " ဒန္နာရီက အတိတ္က အျဖစ္အပ်က္ေတြကို ေျပာျပလိုက္သည္၊ရိုစဲဆလပ္အိမ္ေတာ္ကအေၾကာင္းေကာ၊သူ႕အေဖနဲ႕ပတ္သတ္တာေတြပါ ေျပာလိုက္သည္၊
အဘိုးအိုရာ့လ္က ဒန္နာရီေျပာတာေတြ နားေထာင္ရင္း ေဒါသေၾကာင့္ တဆတ္ဆတ္တုန္ေနေတာ့သည္၊ဒန္နာရီက သူ႕မိခင္တို႔ရဲ႕အတိတ္ကိုသာေျပာခဲ့ၿပီး သူ႕ဖခင္ကလည္း သူ႕မိခင္ကိုလိုက္ရွာေနေၾကာင္းေျပာခဲ့သည္၊
"သခင္မေလးရဲ႕ဘဝက ခက္ခဲခဲ့တာပဲ...ရိုစဲဆလပ္အိမ္ေတာ္က လူပါးဝလြန္းတာပဲ၊ ဒီအတိုင္းေတာ့ ရပ္မၾကည့္နိုင္ဘူး"
အဘိုးအိုရာ့လ္စကားေၾကာင့္ ဒန္နာရီလည္း အတင့္ရဲစြာ ေတာင္းဆိုစကားေျပာလိုက္သည္၊
"ဆရာဘိုးေဘး ...ရိုစဲဆလပ္အိမ္ေတာ္နဲ႕ပတ္သတ္ၿပီး လစ္လ်ဴရွေပးနိုင္မလား... ကြၽန္ေတာ္ ဒန္နာရီကလည္း သူတို႔ကို ေကာင္းမြန္စြာရွင္သန္ခိုင္းမွာမဟုတ္ပါဘူး"
အဘိုးအိုရာ့လ္က ဒန္နာရီရဲ႕ေလသံထဲမွာ ျပင္းထန္တဲ့နားၾကည္းမႈေတြကို သတိထားမိသြားသည္၊ဒါေပမယ့္ ဒါကျဖစ္သင့္ေၾကာင္း လက္ခံမိသည္၊ထိုလူေတြေၾကာင့္ ဒီကေလးေလးရဲ႕မိဘႏွစ္ဦးလုံး ဒုကၡေရာက္ခဲ့ရသည္မလား၊
"ေကာင္းၿပီ ဒါေပမယ့္ ဒါေပမယ့္ ကေလးေလး မင္းကိုေတာ့ ဒီအဘိုးႀကီးက ပညာစုံသင္ေပးမယ္" အဘိုးအိုရာ့လ္က သူ႕မိခင္နဲ႕ပတ္သတ္ၿပီး မေျပာေသးပဲ သူ႕ကို နည္းပညာတစ္ခုသင္ေပးရန္အတြက္ စာအုပ္တစ္အုပ္ေပးလာေတာ့သည္၊
[ေမွာ္ေက်ာက္တုံး အစီအရင္ေရးဆြဲျခင္း]
ဒီစာအုပ္က သာမန္လက္ဝတ္ရတနာေက်ာက္ေတြကို ေမွာ္ေက်ာက္အျဖစ္တစ္ဆင့္ျမႇင့္တင္တဲ့နည္းလမ္းျဖစ္သည္၊တစ္ခ်ိဳ႕ေက်ာက္ေတြက ေမွာ္သဘာဝဓာတ္ပါဝင္ၿပီး တစ္ခ်ိဳ႕ကေတာ့ ေမွာ္ဆရာေတြဖန္တီးထားျခင္းသာျဖစ္သည္၊ေမွာ္သဘာဝဓာတ္ပါတဲ့ေက်ာက္ေတြက ရွားပါးၿပီးေတာ့ ဒန္နာရီတို႔ရွာေဖြေနတဲ့ေက်ာက္ေတြက ထိုအမ်ိဳးအစားေက်ာက္ေတြျဖစ္သည္၊ အစီအရင္ေရးဆြဲထားတဲ့ေက်ာက္ေတြကလည္း ေပါမ်ားေနတာမဟုတ္ပဲ အဆင့္အတန္းခြဲျခားထားေသးသည္၊
(A/N:ဇီနိုရွိခဲ့တဲ့အလင္းေက်ာက္က ေမွာ္သဘာဝဓာတ္ေက်ာက္ျဖစ္ၿပီး အန္ဒီးယားအသုံးျပဳတဲ့ၾကားခံေက်ာက္က လူလုပ္ ေမွာ္အစီအရင္ခံေက်ာက္ျဖစ္သည္)
ဒန္နာရီက စာအုပ္ကိုဖတ္ေနရင္း သူ႕ေရွ႕ခ်ထားတဲ့ေက်ာက္မ်က္ရတနာေတြထဲက စလင္းဝါ(Citrine)ေက်ာက္မ်က္ရတနာကို ေကာက္ယူလိုက္သည္၊ေက်ာက္ရဲ႕မ်က္ႏွာျပင္က ၾကည္လင္ေျပာင္ေခ်ာေနၿပီး အထိအေတြကလည္း
မေမာေက်ာပဲ ထူးျခားတဲ့ႏူးညံ့မႈကိုခံစားရသည္၊ၿပီးေတာ့ ေ႐ႊဝါေရာင္စလင္းေက်ာက္ဟာ သူ႕ခ်စ္ရတဲ့ခ်စ္သူ႕ေဂ်ာ့ဖေရးကို သတိရေစမိသည္၊
စလင္းဝါရဲ႕ေတာက္ပမႈက ေနေရာင္လိုေတာက္ပၿပီး ႏြေးေထြးမႈကိုလည္း ေပးစြမ္းနိုင္ေသးသည္၊ေဂ်ာ့ဖေရးျပန္လာရင္ ေပးဖို႔ လက္ေဆာင္ျပင္ဆင္ရတာေပါ့၊
"ပထမဆုံး ဘယ္လိုအစီအရင္မ်ိဳးကို သင္ယူရမလဲ"
အဘိုးအိုရာ့လ္ကေတာ့ ဒန္နာရီေ႐ြးခ်ယ္လိုက္သည့္ေက်ာက္ကို ၾကည့္ရင္း အႀကံေပးလာေတာ့သည္၊
"စလင္းေက်ာက္ေတြက သဘာဝမီးဓာတ္ခံေမွာ္နဲ႕တည့္တဲ့အျပင္ ေတာက္ပတဲ့ေနေရာင္ဓာတ္ပါပါရွိေတာ့...မင္းအေနနဲ႕ မီးနဲ႕ကာကြယ္ေရးေမွာ္ကိုေ႐ြးခ်ယ္သင့္တယ္"
အဘိုးအိုရာ့လ္စကားကို နားေထာင္ရင္း ဒန္နာရီလည္း စဥ္းစားလိုက္သည္၊ေဂ်ာ့ဖေရးအတြက္ ကာကြယ္ေရးေမွာ္က အေတာ္ကိုေကာင္းမြန္ၿပီးသားပင္၊ဒါေၾကာင့္ မတူညီတဲ့လက္ေဆာင္ကို ေပးရလိမ့္မည္၊
"မီးဓာတ္ပါတဲ့အစီအရင္ေက်ာက္ေရးဆြဲတာေပါ့"
အဘိုးအိုရာ့လ္လည္း ဒန္နာရီစကားကိုလက္ခံစြာျဖင့္ ဒန္နာရီကို ေနာက္ထပ္စာအုပ္တစ္အုပ္ေပးလိုက္သည္၊စာအုပ္က ပါးေပမယ့္ အထဲမွာ မီးဓာတ္နဲ႕ဆိုင္တဲ့ေမွာ္အစီအရင္ေတြအေၾကာင္းကို အေသးစိတ္ေရးမွတ္ေပးထားသည္၊ရွင္းရွင္းေျပာရရင္ အဘိုးအိုရာ့လ္ထုတ္ေပးလိုက္တဲ့စာအုပ္ႏွစ္အုပ္က ေက်ာင္းေတာ္ရဲ႕စာၾကည့္တိုက္မွာမက အျခားေသာေနရာေတြမွာပင္မရွိေပ၊
"ဒီစာအုပ္ႏွစ္အုပ္ကို ေသခ်ာဖတ္ထားၿပီး မသိတာလာေမးေပါ့...အခုေတာ့ မင္းအေမနဲ႕ပတ္သတ္ၿပီးေတာ့ အနည္းအက်ဥ္းေျပာျပေပးလိုက္မယ္"
အဘိုးအိုရာ့လ္က ေျပာသင့္မေျပာသင့္ စဥ္းစားေနခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေျပာျပဖို႔ေတြးေတာလိုက္ေတာ့သည္၊
ဒန္ယ်ဴးက ဒန္မ်ိဳးႏြယ္ရဲ႕သူေတာ္စင္မျဖစ္ၿပီး မ်ိဳးႏြယ္စုတစ္စုလုံးရဲ႕ရတနာေလးျဖစ္သည္၊ဒါေပမယ့္ တစ္ေန႕မွာေတာ့ ဒန္မ်ိဳးႏြယ္ရဲ႕ဘိုးေဘးဟာ ထိခိုက္ဒဏ္ရာရခဲ့ၿပီးေတာ့ ကုသမႈကို ခံယူဖို႔အတြက္ အျခားေသာမ်ိဳးႏြယ္စုဆီကေန အကူညီေတာင္းရလိမ့္မည္၊
ပထမက အဆင္ေျပေနခဲ့ေပမယ့္ ထိုမ်ိဳးႏြယ္ကသခင္ေလးက ဒန္ယ်ဴးကိုျမင္ၿပီးေနာက္မွာ လိုခ်င္တပ္မက္ခဲ့ၿပီး အေပးအယူကိုေျပာင္းလိုက္ေတာ့သည္၊ အေပးအယူကေတာ့ ဒန္ယ်ဴးနဲ႕လက္ထပ္ရန္ျဖစ္သည္၊
ဒါေပမယ့္ ဘိုးေဘးကလည္း လက္မခံခဲ့သလို ဒန္ယ်ဴးကလည္း မ်ိဳးႏြယ္ကေန ထြက္ခြာသြားေတာ့သည္၊ဒန္ယ်ဴးက ဒန္မ်ိဳးႏြယ္နဲ႕သူမ ဘာပတ္သတ္မႈမွ မရွိေၾကာင္း ျပသလိုမ်ိဳး မ်ိဳးႏြယ္ကေနထြက္ခြာခဲ့သည္၊ဒါမွ ထိုမ်ိဳးႏြယ္က ဒန္မ်ိဳးႏြယ္ကို ဖိအားမေပးနိုင္ေတာ့ပဲ ဘိုးေဘးကို ကုသေပးလိမ့္မည္၊
ထို႔ေနာက္မွာေတာ့ ရာ့လ္ဟာ ဘိုးေဘးရဲ႕အမိန့္အရ သခင္မေလးဒန္ယ်ဴးကို လိုက္လံရွာေဖြေနခဲ့ၿပီး ေက်ာင္းေတာ္မွာ ေသာင္တင္ေနခဲ့ျခင္းျဖစ္သည္၊သူမထင္မွတ္ထားတာကေတာ့ သခင္မေလးဒန္ယ်ဴးက အခ်စ္ကိုေတြ႕ၿပီး ပါရမီပါလွတဲ့သားတစ္ေယာက္ကိုေမြးထုတ္ေပးလိမ့္မည္ဟုပင္၊
အဘိုးအိုရာ့လ္ေျပာတာေတြကို ဒန္နာရီက နားေထာင္ၿပီးေနာက္ ဒန္နာရီက အဘိုးအိုရာ့လ္ကို ေမးျမန္းလိုက္သည္၊
"အီဆိုနာနယ္ေျမကို သိလား"
"အီဆိုနာနယ္ေျမဆိုတာ သခင္မေလးနဲ႕ငါရဲ႕ဇာတိပဲေလ၊ ငါတို႔က အဲေနရာကေန လာတာပဲ"
"အီဆိုနာနယ္ေျမက ဘယ္နားမွာလဲဆိုတာ သိလား..."
"မသိဘူး... အီဆိုနာနယ္ေျမရဲ႕ဝင္ေပါက္က အေတာ္ထူးဆန္းတယ္၊ဒီကုန္းတိုက္ႀကီးမွာ ႏွစ္ႏွစ္ဆယ္ေလာက္ပိတ္ေနတဲ့ငါ့ကိုပဲ ၾကည့္ေလ" အဘိုးအိုရာ့လ္စကားေၾကာင့္ ဒန္နာရီက အနည္းငယ္ေတာ့စိတ္ဓာတ္က်သြားသည္၊သူ႕မိခင္ကို ရွာေဖြဖို႔လမ္းစကိုေတြ႕ေပမယ့္ ေဝးေနဆဲပင္၊
ထို႔ေနာက္မွာေတာ့ အဘိုးအိုရာ့လ္နဲ႕ဒန္နာရီက စကားအေတာ္ေျပာခဲ့ၿပီး ဒန္နာရီက အဘိုးအိုရာ့လ္ကို ႏူတ္ဆက္ကာ အေဆာင္ကိုျပန္ထြက္လာေတာ့သည္၊
-*-*-*-*-*---*-*-*
Chapter -124ေမွ်ာ္
Unicode
"ဆရာဘိုးဘေးက ဒီလက်ကောက်နဲ့ပတ်သတ်ပြီး သိတယ်ပေါ့"
ဒန်နာရီကလည်း ခံစားချက်မြင့်တက်သွားတဲ့အဘိုးအိုရာ့လ်ကို ကြည့်ရင်းမေးလိုက်သည်၊အဘိုးအိုက လက်ကောက်ကို ယုယုယယပွတ်သပ်ပြီးနောက်မှာ ဒန်နာရီကိုပြန်ပြီးပေးလိုက်သည်၊
"ဒန်မျိုးနွယ်ဆိုတာက နတ်သွေးနှောပါတဲ့မျိုးနွယ်စုပဲ...၊ သခင်မလေးဒန်ယျူးက နတ်သွေးနှောနဲ့နတ်သူငယ်မိဘတွေဆီက ဆင်းသက်လာတဲ့သွေးရောတစ်ယောက်ပဲ၊ ဒါကြောင့် ဒန်မျိုးနွယ်တွေက သခင်မလေးဒန်ယျူးကို အလွန်တန်ဖိုးထားတယ်၊ ဘာလို့လဲဆိုတော့ ဒန်မျိုးနွယ်အများစုကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက နတ်သွေးပါဝင်မှုနှုန်းနည်းပြီးတော့ သခင်မလေးဒန်ယျူးကသာ နတ်သွေးပါဝင်မှုငါးဆယ်ရာခိုင်နှုန်းပါဝင်ခဲ့တာကိုး..."
"ဒါပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တည်းက သခင်မလေးက အိမ်တော်ကထွက်ပြေးသွားခဲ့ပြီး သတင်းအစအနကိုပျောက်သွားခဲ့တယ်...ဒါကြောင့် ငါတို့က ကုန်းတိုက်ကြီးတွေရဲ့အင်အားကြီးတဲ့နယ်ပယ်တွေမှာ ခြေကုတ်ပြီး သခင်မလေးကို အင်တိုက်အားတိုက်ရှာဖွေနေခဲ့တာပဲ..." အဘိုးအိုရာ့လ်က သက်ပြင်းချစွာပြောရင်း ဒန်နာရီရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး မျှော်လင့်ချက်တွေပြည့်နေတဲ့မျက်ဝန်းများဖြင့်ကြည့်ရင်းမေးလိုက်သည်၊
"ဒီလက်ကောက်ကို ဘယ်ကနေ ရခဲ့တာလဲ...ကျောင်းသားဒန်နာရီ"
"ဒီလက်ကောက်က... ကျွန်တော်မိခင်ရဲ့ပစ္စည်းပဲ" ဒန်နာရီက လက်ကောက်ကိုစိုက်ကြည့်ရင်း မှင်သက်စွာပြောနေမိသည်၊သူတို့မိခင်နဲ့ပတ်သတ်သမျှကို သူကော၊သူအဖေကောရှာဖွေနေခဲ့ပြီး ကျောင်းတော်ရောက်ချိန်မှာ သူ့မိခင်အကြောင်းကို သိရှိတဲ့သူတစ်ယောက်နဲ့တွေ့လိုက်ရပြန်သည်၊
"မင်းက...မင်းက သခင်မလေးဒန်ယျူးရဲ့သား" အဘိုးအိုရာ့လ်က ခန့်မှန်းမိပြီးသားပေမယ့် ဒန်နာရီပါးစပ်ကနေပြောထွက်လာချိန်မှာ အံ့အာမိတုန်းပင်၊ထို့နောက်မှာ အနည်းငယ်တိတ်ဆိတ်သွားပြီး နှစ်ယောက်လုံးမှာ ဘယ်ကစပြောရမလဲ မသိတော့ပေ၊
"သခင်မလေးဒန်ယျူးကော ဘယ်လိုနေလဲ"
"ကျွန်တော့်ကိုမွေးပြီးနောက်မှာ အမေက ထွက်သွားခဲ့တယ်...ပြီးတော့ " ဒန်နာရီက အတိတ်က အဖြစ်အပျက်တွေကို ပြောပြလိုက်သည်၊ရိုစဲဆလပ်အိမ်တော်ကအကြောင်းကော၊သူ့အဖေနဲ့ပတ်သတ်တာတွေပါ ပြောလိုက်သည်၊
အဘိုးအိုရာ့လ်က ဒန်နာရီပြောတာတွေ နားထောင်ရင်း ဒေါသကြောင့် တဆတ်ဆတ်တုန်နေတော့သည်၊ဒန်နာရီက သူ့မိခင်တို့ရဲ့အတိတ်ကိုသာပြောခဲ့ပြီး သူ့ဖခင်ကလည်း သူ့မိခင်ကိုလိုက်ရှာနေကြောင်းပြောခဲ့သည်၊
"သခင်မလေးရဲ့ဘဝက ခက်ခဲခဲ့တာပဲ...ရိုစဲဆလပ်အိမ်တော်က လူပါးဝလွန်းတာပဲ၊ ဒီအတိုင်းတော့ ရပ်မကြည့်နိုင်ဘူး"
အဘိုးအိုရာ့လ်စကားကြောင့် ဒန်နာရီလည်း အတင့်ရဲစွာ တောင်းဆိုစကားပြောလိုက်သည်၊
"ဆရာဘိုးဘေး ...ရိုစဲဆလပ်အိမ်တော်နဲ့ပတ်သတ်ပြီး လစ်လျူရှပေးနိုင်မလား... ကျွန်တော် ဒန်နာရီကလည်း သူတို့ကို ကောင်းမွန်စွာရှင်သန်ခိုင်းမှာမဟုတ်ပါဘူး"
အဘိုးအိုရာ့လ်က ဒန်နာရီရဲ့လေသံထဲမှာ ပြင်းထန်တဲ့နားကြည်းမှုတွေကို သတိထားမိသွားသည်၊ဒါပေမယ့် ဒါကဖြစ်သင့်ကြောင်း လက်ခံမိသည်၊ထိုလူတွေကြောင့် ဒီကလေးလေးရဲ့မိဘနှစ်ဦးလုံး ဒုက္ခရောက်ခဲ့ရသည်မလား၊
"ကောင်းပြီ ဒါပေမယ့် ဒါပေမယ့် ကလေးလေး မင်းကိုတော့ ဒီအဘိုးကြီးက ပညာစုံသင်ပေးမယ်" အဘိုးအိုရာ့လ်က သူ့မိခင်နဲ့ပတ်သတ်ပြီး မပြောသေးပဲ သူ့ကို နည်းပညာတစ်ခုသင်ပေးရန်အတွက် စာအုပ်တစ်အုပ်ပေးလာတော့သည်၊
[မှော်ကျောက်တုံး အစီအရင်ရေးဆွဲခြင်း]
ဒီစာအုပ်က သာမန်လက်ဝတ်ရတနာကျောက်တွေကို မှော်ကျောက်အဖြစ်တစ်ဆင့်မြှင့်တင်တဲ့နည်းလမ်းဖြစ်သည်၊တစ်ချို့ကျောက်တွေက မှော်သဘာဝဓာတ်ပါဝင်ပြီး တစ်ချို့ကတော့ မှော်ဆရာတွေဖန်တီးထားခြင်းသာဖြစ်သည်၊မှော်သဘာဝဓာတ်ပါတဲ့ကျောက်တွေက ရှားပါးပြီးတော့ ဒန်နာရီတို့ရှာဖွေနေတဲ့ကျောက်တွေက ထိုအမျိုးအစားကျောက်တွေဖြစ်သည်၊ အစီအရင်ရေးဆွဲထားတဲ့ကျောက်တွေကလည်း ပေါများနေတာမဟုတ်ပဲ အဆင့်အတန်းခွဲခြားထားသေးသည်၊
(A/N:ဇီနိုရှိခဲ့တဲ့အလင်းကျောက်က မှော်သဘာဝဓာတ်ကျောက်ဖြစ်ပြီး အန်ဒီးယားအသုံးပြုတဲ့ကြားခံကျောက်က လူလုပ် မှော်အစီအရင်ခံကျောက်ဖြစ်သည်)
ဒန်နာရီက စာအုပ်ကိုဖတ်နေရင်း သူ့ရှေ့ချထားတဲ့ကျောက်မျက်ရတနာတွေထဲက စလင်းဝါ(Citrine)ကျောက်မျက်ရတနာကို ကောက်ယူလိုက်သည်၊ကျောက်ရဲ့မျက်နှာပြင်က ကြည်လင်ပြောင်ချောနေပြီး အထိအတွေကလည်း
မမောကျောပဲ ထူးခြားတဲ့နူးညံ့မှုကိုခံစားရသည်၊ပြီးတော့ ရွှေဝါရောင်စလင်းကျောက်ဟာ သူ့ချစ်ရတဲ့ချစ်သူ့ဂျော့ဖရေးကို သတိရစေမိသည်၊
စလင်းဝါရဲ့တောက်ပမှုက နေရောင်လိုတောက်ပပြီး နွေးထွေးမှုကိုလည်း ပေးစွမ်းနိုင်သေးသည်၊ဂျော့ဖရေးပြန်လာရင် ပေးဖို့ လက်ဆောင်ပြင်ဆင်ရတာပေါ့၊
"ပထမဆုံး ဘယ်လိုအစီအရင်မျိုးကို သင်ယူရမလဲ"
အဘိုးအိုရာ့လ်ကတော့ ဒန်နာရီရွေးချယ်လိုက်သည့်ကျောက်ကို ကြည့်ရင်း အကြံပေးလာတော့သည်၊
"စလင်းကျောက်တွေက သဘာဝမီးဓာတ်ခံမှော်နဲ့တည့်တဲ့အပြင် တောက်ပတဲ့နေရောင်ဓာတ်ပါပါရှိတော့...မင်းအနေနဲ့ မီးနဲ့ကာကွယ်ရေးမှော်ကိုရွေးချယ်သင့်တယ်"
အဘိုးအိုရာ့လ်စကားကို နားထောင်ရင်း ဒန်နာရီလည်း စဥ်းစားလိုက်သည်၊ဂျော့ဖရေးအတွက် ကာကွယ်ရေးမှော်က အတော်ကိုကောင်းမွန်ပြီးသားပင်၊ဒါကြောင့် မတူညီတဲ့လက်ဆောင်ကို ပေးရလိမ့်မည်၊
"မီးဓာတ်ပါတဲ့အစီအရင်ကျောက်ရေးဆွဲတာပေါ့"
အဘိုးအိုရာ့လ်လည်း ဒန်နာရီစကားကိုလက်ခံစွာဖြင့် ဒန်နာရီကို နောက်ထပ်စာအုပ်တစ်အုပ်ပေးလိုက်သည်၊စာအုပ်က ပါးပေမယ့် အထဲမှာ မီးဓာတ်နဲ့ဆိုင်တဲ့မှော်အစီအရင်တွေအကြောင်းကို အသေးစိတ်ရေးမှတ်ပေးထားသည်၊ရှင်းရှင်းပြောရရင် အဘိုးအိုရာ့လ်ထုတ်ပေးလိုက်တဲ့စာအုပ်နှစ်အုပ်က ကျောင်းတော်ရဲ့စာကြည့်တိုက်မှာမက အခြားသောနေရာတွေမှာပင်မရှိပေ၊
"ဒီစာအုပ်နှစ်အုပ်ကို သေချာဖတ်ထားပြီး မသိတာလာမေးပေါ့...အခုတော့ မင်းအမေနဲ့ပတ်သတ်ပြီးတော့ အနည်းအကျဥ်းပြောပြပေးလိုက်မယ်"
အဘိုးအိုရာ့လ်က ပြောသင့်မပြောသင့် စဥ်းစားနေခဲ့ပြီး နောက်ဆုံးမှာတော့ ပြောပြဖို့တွေးတောလိုက်တော့သည်၊
ဒန်ယျူးက ဒန်မျိုးနွယ်ရဲ့သူတော်စင်မဖြစ်ပြီး မျိုးနွယ်စုတစ်စုလုံးရဲ့ရတနာလေးဖြစ်သည်၊ဒါပေမယ့် တစ်နေ့မှာတော့ ဒန်မျိုးနွယ်ရဲ့ဘိုးဘေးဟာ ထိခိုက်ဒဏ်ရာရခဲ့ပြီးတော့ ကုသမှုကို ခံယူဖို့အတွက် အခြားသောမျိုးနွယ်စုဆီကနေ အကူညီတောင်းရလိမ့်မည်၊
ပထမက အဆင်ပြေနေခဲ့ပေမယ့် ထိုမျိုးနွယ်ကသခင်လေးက ဒန်ယျူးကိုမြင်ပြီးနောက်မှာ လိုချင်တပ်မက်ခဲ့ပြီး အပေးအယူကိုပြောင်းလိုက်တော့သည်၊ အပေးအယူကတော့ ဒန်ယျူးနဲ့လက်ထပ်ရန်ဖြစ်သည်၊
ဒါပေမယ့် ဘိုးဘေးကလည်း လက်မခံခဲ့သလို ဒန်ယျူးကလည်း မျိုးနွယ်ကနေ ထွက်ခွာသွားတော့သည်၊ဒန်ယျူးက ဒန်မျိုးနွယ်နဲ့သူမ ဘာပတ်သတ်မှုမှ မရှိကြောင်း ပြသလိုမျိုး မျိုးနွယ်ကနေထွက်ခွာခဲ့သည်၊ဒါမှ ထိုမျိုးနွယ်က ဒန်မျိုးနွယ်ကို ဖိအားမပေးနိုင်တော့ပဲ ဘိုးဘေးကို ကုသပေးလိမ့်မည်၊
ထို့နောက်မှာတော့ ရာ့လ်ဟာ ဘိုးဘေးရဲ့အမိန့်အရ သခင်မလေးဒန်ယျူးကို လိုက်လံရှာဖွေနေခဲ့ပြီး ကျောင်းတော်မှာ သောင်တင်နေခဲ့ခြင်းဖြစ်သည်၊သူမထင်မှတ်ထားတာကတော့ သခင်မလေးဒန်ယျူးက အချစ်ကိုတွေ့ပြီး ပါရမီပါလှတဲ့သားတစ်ယောက်ကိုမွေးထုတ်ပေးလိမ့်မည်ဟုပင်၊
အဘိုးအိုရာ့လ်ပြောတာတွေကို ဒန်နာရီက နားထောင်ပြီးနောက် ဒန်နာရီက အဘိုးအိုရာ့လ်ကို မေးမြန်းလိုက်သည်၊
"အီဆိုနာနယ်မြေကို သိလား"
"အီဆိုနာနယ်မြေဆိုတာ သခင်မလေးနဲ့ငါရဲ့ဇာတိပဲလေ၊ ငါတို့က အဲနေရာကနေ လာတာပဲ"
"အီဆိုနာနယ်မြေက ဘယ်နားမှာလဲဆိုတာ သိလား..."
"မသိဘူး... အီဆိုနာနယ်မြေရဲ့ဝင်ပေါက်က အတော်ထူးဆန်းတယ်၊ဒီကုန်းတိုက်ကြီးမှာ နှစ်နှစ်ဆယ်လောက်ပိတ်နေတဲ့ငါ့ကိုပဲ ကြည့်လေ" အဘိုးအိုရာ့လ်စကားကြောင့် ဒန်နာရီက အနည်းငယ်တော့စိတ်ဓာတ်ကျသွားသည်၊သူ့မိခင်ကို ရှာဖွေဖို့လမ်းစကိုတွေ့ပေမယ့် ဝေးနေဆဲပင်၊
ထို့နောက်မှာတော့ အဘိုးအိုရာ့လ်နဲ့ဒန်နာရီက စကားအတော်ပြောခဲ့ပြီး ဒန်နာရီက အဘိုးအိုရာ့လ်ကို နူတ်ဆက်ကာ အဆောင်ကိုပြန်ထွက်လာတော့သည်၊
-*-*-*-*-*---*-*-*
Chapter -124မျှော်