Zawgyi
ဒန္နာရီတို႔က အီရွရွိတဲ့ေနရာကို ေမးျမန္းရင္း အီရွရွိတဲ့ေနရာကို ေရာက္လာေတာ့သည္၊အီရွကို ေခၚေဆာင္သြားတဲ့သူက အီရွတို႔မ်ိဳးႏြယ္ထဲက အႀကီးအကဲတစ္ဦးျဖစ္ၿပီး အီရွက ႏြန္းရဲ႕နတ္မ်က္စိကို ငယ္ငယ္႐ြယ္႐ြယ္နဲ႕ဒုတိယအဆင့္ကို ေရာက္သြားျခင္းျဖစ္ေၾကာင္းသိလိုက္ရသည္။
အီရွကို ထိခိုက္ေစတဲ့အရာေတြမရွိေၾကာင္း သိလိုက္ရခ်ိန္မွသာ ဒန္နာရီတို႔မွာ စိတ္သက္သာသြားေတာ့သည္၊
အီရွရဲ႕အျပာေရာင္မ်က္ဝန္းမ်ားက အရင္ကထက္စင္ၾကယ္ေနၿပီး စိုက္ၾကည့္မိတဲ့သူတိုင္းကို ဆန္းက်ယ္တဲ့ခံစားခ်က္တစ္မ်ိဳးကိုေပးနိုင္သည္၊
"အီရွ" အန္းလ္တိုက အီရွရဲ႕လက္ကိုဆုပ္ကိုင္ရင္း စိုးရိမ္ပူပန္ေနတုန္းပင္၊ဒန္နာရီတို႔က အန္းလ္တို ဘာကိုစိုးေၾကာက္ေနလဲနားမလည္ေပမယ့္ ဝင္ေရာက္ေမးျမန္းျခင္းေတာ့မရွိေပ၊တစ္ေအာင့္အၾကာမွာေတာ့ အီရွကိုေခၚေဆာင္သြားတဲ့အႀကီးအကဲကေရာက္ရွိလာေတာ့သည္၊သူ႕ရဲ႕အမူအရာကေပ်ာ္႐ႊင္ေနၿပီး
"ေခါင္းေဆာင္ကို ေျပာထားလိုက္ၿပီ ေနာက္သုံးရက္ေနရင္ ေရာက္လာလိမ့္မယ္" လို႔ေျပာလိုက္ရင္း အန္းလ္တိုဘက္ကို လွည့္ကာ သတိေပးလိုက္သည္၊
"သခင္ေလးအီရွနဲ႕ေဝးေဝးေနေပး သခင္ေလးဗလဲရစ္"
"အဘြားမယ္ရီ... " အီရွက အႀကီးအကဲမယ္ရီကိုတားဆီးလိုက္တာေၾကာင့္ အႀကီးအကဲမယ္ရီက အန္းလ္တိုကို တစ္္ခ်က္ၾကည့္ကာ အီရွကိုေအးေဆးအနားယူရန္မွာလိုက္ၿပီးေနာက္ ထြက္သြားေတာ့သည္၊
"ဗလဲရစ္...ဗလဲရစ္ဆိုတာ ေျမာက္ပိုင္းစစ္တပ္ကိုအုပ္စိုးေနတဲ့စစ္သူႀကီးမ်ိဳးႏြယ္မလား...အန္းလ္တို မင္းက..." ရွီရယ္က ၾကားဖူးတာေၾကာင့္ မယုံၾကည္တဲ့အၾကည့္ေတြနဲ႕ အန္းလ္တိုကိုၾကည့္ရင္းေမးလိုက္သည္၊အန္းလ္တိုက ၿပဳံးရင္းေခါင္းညိတ္ျပေပမယ့္ သူ႕ရဲ႕မ်က္ဝန္းေတြကေတာ့ ၿပဳံးမေနေပ၊
"ၿပီးေတာ့ ဗလဲရစ္မ်ိဳးႏြယ္နဲ႕ ႏြန္းရိုလ္မို႔မ်ိဳးႏြယ္က ၿပိဳင္ဘက္မ်ိဳးႏြယ္ေတြေလ..."
ရွီရယ္စကားေၾကာင့္ အီရွက ရယ္ေမာလာေတာ့သည္၊ထို႔ေနာက္မွာ အန္းလ္တိုကို ၾကည့္ရင္း ေျပာလိုက္သည္၊
"ခင္ဗ်ားကလြဲၿပီး ႏြန္းရိုလ္မို႔မ်ိဳးႏြယ္နဲ႕ဗလဲရစ္မ်ိဳးႏြယ္က တူတူမရွိသင့္မွန္း သိၾကေသးတယ္"
"ကိုယ္က မင္းနဲ႕ပဲ တူတူေနတာ"
"ကြၽန္ေတာ္က ႏြန္းရိုလ္မို႔မ်ိဳးႏြယ္ကေလ..."
"ကိုယ္က ဗလဲရစ္မ်ိဳးႏြယ္က ထြက္လာၿပီးသားပဲ ဒါေၾကာင့္ မင္းနားမွာ ေနခြင့္ရွိတယ္" အန္းလ္တိုကလည္း အီရွစကားကို တစ္ခြန္းမက်န္ျပန္ေျပာလိုက္သည္၊မ်ိဳးႏြယ္ခ်င္းမတည့္လည္း ဘာျဖစ္လဲ သူခ်စ္ရတဲ့ေကာင္ေလး သေဘာမက်တဲ့မ်ိဳးႏြယ္ကေန ထြက္လာ႐ုံပဲေလ၊
အီရွက မနိုင္ဘူးဆိုတဲ့အမူအရာနဲ႕ ဘာမွေျပာမေနေတာ့ေပ၊ထို႔ေနာက္မွာေတာ့ ေနာ့စ္ ဖရီဒဲရစ္ခ္က အခန္းတံခါးကို ေခါက္လိုက္ၿပီး ဝင္လာေတာ့သည္၊
"ခင္ဗ်ားက ဘာလာလုပ္တာလဲ" အန္းလ္တိုက မေက်နပ္စြာျဖင့္ ဦးစြာေျပာလာေတာ့သည္၊ေနာ့စ္က အၿပဳံးနဲ႕သာျပန္တုန့္ျပန္လိုက္ၿပီး အီရွကိုလွမ္းၾကည့္ရင္း အနီးကပ္ကိုေရာက္လာေတာ့သည္၊
"အီရွကို ဒီပစၥည္းလာေပးတာေလ" ေနာ့စ္က ပစၥည္းတစ္မ်ိဳးကို ထုတ္ေပးလိုက္သည္၊အနီးနားမွာရွိေနတဲ့သူေတြလည္း စိတ္ဝင္စားတာေၾကာင့္ လွမ္းၾကည့္လိုက္ခ်ိန္မွာ အလိုလွပၿပီးေတာက္ပေနတဲ့ေက်ာက္တစ္မ်ိဳးကိုေတြ႕လိုက္သည္၊
*Dragon's eye...* ဇီနိုကလည္း ေက်ာက္ကိုၾကည့္ရင္းေျပာလိုက္သည္၊
'နဂါးမ်က္လုံးလား...ကြၽန္ေတာ္က ေက်ာက္တစ္မ်ိဳးထင္ေနတာ'
အီရွကလည္း ေနာ့စ္ေပးတဲ့ပစၥည္းကို ေတာက္ပတဲ့မ်က္ဝန္းေတြနဲ႕ၾကည့္လိုက္သည္၊ အန္းလ္တိုက ေနာ့စ္လက္ထဲက ပစၥည္းကို ယူလိုက္ၿပီး အီရွလက္ထဲထည့္ေပးလိုက္ၿပီး ေျပာလိုက္သည္၊
"ယူလိုက္ေလ ဒါက မင္းအတြက္ အေရးႀကီးတာပဲ"
ေနာ့စ္က ၿပဳံးေနၿပီး အန္းလ္တိုရဲ႕အျပဳအမူနဲ႕ပတ္သတ္ၿပီး ဘာမွမေျပာေပ၊သူက ပုံမွန္ျပဳမူစြာေနေနၿပီး အီရွလက္ခံသည္ကိုျမင္ေတာ့ ေက်နပ္သြားတဲ့အမူအရာပင္ျဖတ္သန္းသြားေသးသည္၊
"ဂ်ဴနီယာအန္းလ္တို... ဆရာကလည္း မင္းကို ဒါေပးလိုက္တယ္" ေနာ့စ္က ေသတၱာတစ္လုံးကို ထုတ္ကာေပးလိုက္သည္၊အန္းလ္တိုကလည္းယူၿပီးေတာ့ သိမ္းလိုက္သည္၊ဘာပစၥည္းလဲဆိုတာ အန္းလ္တိုက သိၿပီးသားျဖစ္တာေၾကာင့္ ခ်က္ခ်င္းသိမ္းဆည္းလိုက္သည္၊
"ငါလည္း ျပန္ဦးမယ္" ဒန္နာရီက အီရွကိုေျပာလိုက္ၿပီး က်န္တဲ့သူေတြကို ႏူတ္ဆက္ကာထြက္သြားေတာ့သည္၊ထြက္သြားရတဲ့အေၾကာင္းအရင္းက အဘိုးႀကီးရာ့လ္ေပးထားတဲ့တံဆိပ္ျပားက သတိေပးသလိုပူႏြေးလာေသာေၾကာင့္ျဖစ္သည္၊
ဒန္နာရီက ဘယ္ေနရာသြားရမွန္းမသိေပမယ့္ တံဆိပ္ျပားက သူသြားမဲ့ေနရာနဲ႕နီးလာေလေလ ပူႏြေးလာေလေလျဖစ္ၿပီး၊လမ္းလြဲသြားရင္ အပူဓာတ္က်သြားတာေၾကာင့္ ခန့္မွန္းရလြယ္ကူလွသည္၊မၾကာခင္မွာေတာ့ ႀကီးမားတဲ့ၿခံဝန္းႀကီးေရွ႕ကိုေရာက္လာခ်ိန္မွာ ၿခံဝန္းတံခါးကပြင့္လာေတာ့သည္၊ဒါေၾကာင့္ ဒန္နာရီလည္း ၿခံဝန္းထဲဝင္လာခ်ိန္မွာ ျမင္ကြင္းမ်ားက မ်က္လွည့္ဆန္စြာေျပာင္းလဲသြားေတာ့သည္၊
လွပတဲ့ႏွင္းဆီပန္းခင္းႀကီးက သူ႕အားႀကိဳဆိုေနၿပီး သင္းရနံ႕မ်ားက သူ႕ႏွာေခါင္းဝက်ီဆယ္ေနေတာ့သည္၊ႏွင္းဆီးပန္းခင္းလမ္းရဲ႕အဆုံးမွာေတာ့ လွပစြာတည္ေဆာက္ထားတဲ့အိမ္ငယ္ေလးအားေတြ႕လိုက္ရသည္၊ အိမ္ငယ္က အျဖဴေရာင္အိမ္ငယ္ေလးျဖစ္ၿပီး ပတ္လည္မွာ အနီေရာင္ႏွင္းဆီပန္းႏြယ္မ်ားနဲ႕လွပစြာပုံေဖာ္ထားၿပီး ဒန္နာရီအတြက္ေတာ့ အေတာ္ကိုၾကည့္ေကာင္းတဲ့တည္ရွိမႈပင္၊
ေဂ်ာ့ဖေရးနဲ႕ေတြ႕ၿပီးေနာက္မွာ ဒန္နာရီက ႏွင္းဆီပန္းႀကိဳက္ႏွစ္သက္သူျဖစ္လာၿပီး ေက်ာင္းဝတ္စုံေတြမွာ ကာကြယ္ေရးေမွာ္တည္ေဆာက္ၿပီးသား ႏွင္းဆီအမွတ္အသားနဲ႕ ဒီဆိုတဲ့စကားလုံးကိုထည့္သြင္းကာ အမွတ္တံဆိပ္အျဖစ္လုပ္ထားေသးသည္၊
"ေရာက္လာရင္ ဝင္ခဲ့ေလ" အဘိုးအိုရဲ႕အသံဟာ အိမ္ထဲကေနထြက္လာေပမယ့္ ဒန္နာရီက အံ့ၾသသြားျခင္းေတာ့မရွိေပ၊သူက အိမ္ငယ္ေလးရဲ႕တံခါးကို ေခါက္လိုက္ၿပီးေနာက္ တြန္းဖြင့္ကာဝင္လာေတာ့သည္၊
အိမ္ငယ္ေလးထဲမွာ အျဖဴေရာင္စားပြဲခုံရွိေနၿပီး မည္သည့္ ပရိေဘာဂပစၥည္းမ်ားမရွိေပမယ့္ နံရံမွာေတာ့ လွပၿပီး စိတ္ကူးယွဥ္မရတဲ့ပန္းခ်ီကားခ်က္ေတြေတာ့ တည္ရွိေနခဲ့သည္၊ ဒန္နာရီအၾကည့္ေတြက အျခားပန္းခ်ီကားေတြထက္ ပိုၿပီးအ႐ြယ္အစားႀကီးေနတဲ့ပန္းခ်ီကားခ်ပ္ေပၚကို ေရာက္သြားေတာ့သည္၊
"အေမ..."
အဘိုးအိုရာ့လ္က ဒန္နာရီတစ္ေယာက္ ၿခံထဲဝင္လာတည္းက ေစာင့္ၾကည့္ေနခဲ့ၿပီး ဒန္နာရီရဲ႕အမူအရာမွာ ဘာထူးဆန္းမႈမွ မျပခဲ့ေပမယ့္ ပန္းခ်ီကားခ်ပ္ေရွ႕ေရာက္တဲ့အခ်ိန္မွာေတာ့ မ်က္ႏွာအမူအရာေျပာင္းလဲသြားသည္ကိုေတြ႕လိုက္ရသည္၊
"လွရဲ႕လား" အဘိုးအိုရာ့လ္က ဒန္နာရီေဘးနား လာရပ္ၿပီး သူပါ ပန္းခ်ီးကားထဲကအမ်ိဳးသမီးကိုၾကည့္ရင္း ေမးလိုက္သည္၊
"ကမၻာေပၚမွာ အလွဆုံးအမ်ိဳးသမီးပဲ..." ဒန္နာရီက သတိရလြမ္းဆြတ္ၿပီးေရာယွက္ေနတဲ့အသံနဲ႕ေျပာလာတာေၾကာင့္ အဘိုးအိုရာ့လ္အမူအရာက အနည္းေတာ့ေျပာင္းလဲသြားၿပီ၊
ပုံထဲက အမ်ိဳးသမီးနဲ႕လူငယ္ေလးက အကုန္ကြဲေနေပမယ့္ မ်က္ႏွာေပါက္က အနည္းငယ္ဆင္ေနသေယာင္ပင္၊ မဟုတ္ဘူး အမူအက်င့္၊ပါရမီေတြလည္း ဆင္ေသးသည္၊
"သူ႕ကို သိလား" အဘိုးအိုက အနည္းငယ္စိတ္လႈပ္ရွားေနေပမယ့္ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ထားရေသးသည္၊
ဒန္နာရီက အိတ္ကပ္ထဲကေန ပစၥည္းတစ္မ်ိဳးထုတ္ကာ ပန္းခ်ီကားေရွ႕မွာ ေထာင္ျပလိုက္သည္၊အစိမ္းႏုေရာက္စိမ္းနဲ႕လုပ္ထားတဲ့လက္ေကာက္ေလးသာျဖစ္သည္၊ကလီနာဟာ ဒန္ယ်ဴးရဲ႕လက္ဝတ္ရတနာေတြကို အပိုင္စီးခဲ့ျခင္းျဖစ္ၿပီး ထိုထဲမွာ ဒီလက္ေကာက္ေလးလည္းပါဝင္ခဲ့သည္၊
သူ႕အေဖက သူ႕မိခင္ရဲ႕ပစၥည္းေတြထဲက လက္ထပ္ၿပီးေနာက္ပိုင္း ပစၥည္းေတြကိုသာယူခဲ့ၿပီး လက္ဝတ္ရတနာေတြကိုေတာ့ ဒန္နာရီအားေပးခဲ့သည္၊ဒါေၾကာင့္ ပန္းခ်ီကားခ်ပ္ထဲက သူ႕မိခင္လက္မွာဝတ္ထားတဲ့လက္ေကာက္ကိုျမင္ခ်ိန္မွာ တူညီလားသိခ်င္စိတ္ျဖစ္ တိုင္းၾကည့္လိုက္သည္၊
"ဒါက...ဒန္မ်ိဳးႏြယ္ရဲ႕ရတနာလက္ေကာက္ပဲ!"
အဘိုးအိုရာ့လ္က ဒန္နာရီလက္ထဲက လက္ေကာက္ကို လွမ္းယူစစ္ေဆးရင္း ထိတ္လန့္အံ့အားသင့္စြာေျပာလာေတာ့သည္၊
-*-*-*-*-*-*-*-
Chapter -123ေမွ်ာ္
Unicode
ဒန်နာရီတို့က အီရှရှိတဲ့နေရာကို မေးမြန်းရင်း အီရှရှိတဲ့နေရာကို ရောက်လာတော့သည်၊အီရှကို ခေါ်ဆောင်သွားတဲ့သူက အီရှတို့မျိုးနွယ်ထဲက အကြီးအကဲတစ်ဦးဖြစ်ပြီး အီရှက နွန်းရဲ့နတ်မျက်စိကို ငယ်ငယ်ရွယ်ရွယ်နဲ့ဒုတိယအဆင့်ကို ရောက်သွားခြင်းဖြစ်ကြောင်းသိလိုက်ရသည်။
အီရှကို ထိခိုက်စေတဲ့အရာတွေမရှိကြောင်း သိလိုက်ရချိန်မှသာ ဒန်နာရီတို့မှာ စိတ်သက်သာသွားတော့သည်၊
အီရှရဲ့အပြာရောင်မျက်ဝန်းများက အရင်ကထက်စင်ကြယ်နေပြီး စိုက်ကြည့်မိတဲ့သူတိုင်းကို ဆန်းကျယ်တဲ့ခံစားချက်တစ်မျိုးကိုပေးနိုင်သည်၊
"အီရှ" အန်းလ်တိုက အီရှရဲ့လက်ကိုဆုပ်ကိုင်ရင်း စိုးရိမ်ပူပန်နေတုန်းပင်၊ဒန်နာရီတို့က အန်းလ်တို ဘာကိုစိုးကြောက်နေလဲနားမလည်ပေမယ့် ဝင်ရောက်မေးမြန်းခြင်းတော့မရှိပေ၊တစ်အောင့်အကြာမှာတော့ အီရှကိုခေါ်ဆောင်သွားတဲ့အကြီးအကဲကရောက်ရှိလာတော့သည်၊သူ့ရဲ့အမူအရာကပျော်ရွှင်နေပြီး
"ခေါင်းဆောင်ကို ပြောထားလိုက်ပြီ နောက်သုံးရက်နေရင် ရောက်လာလိမ့်မယ်" လို့ပြောလိုက်ရင်း အန်းလ်တိုဘက်ကို လှည့်ကာ သတိပေးလိုက်သည်၊
"သခင်လေးအီရှနဲ့ဝေးဝေးနေပေး သခင်လေးဗလဲရစ်"
"အဘွားမယ်ရီ... " အီရှက အကြီးအကဲမယ်ရီကိုတားဆီးလိုက်တာကြောင့် အကြီးအကဲမယ်ရီက အန်းလ်တိုကို တစ််ချက်ကြည့်ကာ အီရှကိုအေးဆေးအနားယူရန်မှာလိုက်ပြီးနောက် ထွက်သွားတော့သည်၊
"ဗလဲရစ်...ဗလဲရစ်ဆိုတာ မြောက်ပိုင်းစစ်တပ်ကိုအုပ်စိုးနေတဲ့စစ်သူကြီးမျိုးနွယ်မလား...အန်းလ်တို မင်းက..." ရှီရယ်က ကြားဖူးတာကြောင့် မယုံကြည်တဲ့အကြည့်တွေနဲ့ အန်းလ်တိုကိုကြည့်ရင်းမေးလိုက်သည်၊အန်းလ်တိုက ပြုံးရင်းခေါင်းညိတ်ပြပေမယ့် သူ့ရဲ့မျက်ဝန်းတွေကတော့ ပြုံးမနေပေ၊
"ပြီးတော့ ဗလဲရစ်မျိုးနွယ်နဲ့ နွန်းရိုလ်မို့မျိုးနွယ်က ပြိုင်ဘက်မျိုးနွယ်တွေလေ..."
ရှီရယ်စကားကြောင့် အီရှက ရယ်မောလာတော့သည်၊ထို့နောက်မှာ အန်းလ်တိုကို ကြည့်ရင်း ပြောလိုက်သည်၊
"ခင်ဗျားကလွဲပြီး နွန်းရိုလ်မို့မျိုးနွယ်နဲ့ဗလဲရစ်မျိုးနွယ်က တူတူမရှိသင့်မှန်း သိကြသေးတယ်"
"ကိုယ်က မင်းနဲ့ပဲ တူတူနေတာ"
"ကျွန်တော်က နွန်းရိုလ်မို့မျိုးနွယ်ကလေ..."
"ကိုယ်က ဗလဲရစ်မျိုးနွယ်က ထွက်လာပြီးသားပဲ ဒါကြောင့် မင်းနားမှာ နေခွင့်ရှိတယ်" အန်းလ်တိုကလည်း အီရှစကားကို တစ်ခွန်းမကျန်ပြန်ပြောလိုက်သည်၊မျိုးနွယ်ချင်းမတည့်လည်း ဘာဖြစ်လဲ သူချစ်ရတဲ့ကောင်လေး သဘောမကျတဲ့မျိုးနွယ်ကနေ ထွက်လာရုံပဲလေ၊
အီရှက မနိုင်ဘူးဆိုတဲ့အမူအရာနဲ့ ဘာမှပြောမနေတော့ပေ၊ထို့နောက်မှာတော့ နော့စ် ဖရီဒဲရစ်ခ်က အခန်းတံခါးကို ခေါက်လိုက်ပြီး ဝင်လာတော့သည်၊
"ခင်ဗျားက ဘာလာလုပ်တာလဲ" အန်းလ်တိုက မကျေနပ်စွာဖြင့် ဦးစွာပြောလာတော့သည်၊နော့စ်က အပြုံးနဲ့သာပြန်တုန့်ပြန်လိုက်ပြီး အီရှကိုလှမ်းကြည့်ရင်း အနီးကပ်ကိုရောက်လာတော့သည်၊
"အီရှကို ဒီပစ္စည်းလာပေးတာလေ" နော့စ်က ပစ္စည်းတစ်မျိုးကို ထုတ်ပေးလိုက်သည်၊အနီးနားမှာရှိနေတဲ့သူတွေလည်း စိတ်ဝင်စားတာကြောင့် လှမ်းကြည့်လိုက်ချိန်မှာ အလိုလှပပြီးတောက်ပနေတဲ့ကျောက်တစ်မျိုးကိုတွေ့လိုက်သည်၊
*Dragon's eye...* ဇီနိုကလည်း ကျောက်ကိုကြည့်ရင်းပြောလိုက်သည်၊
'နဂါးမျက်လုံးလား...ကျွန်တော်က ကျောက်တစ်မျိုးထင်နေတာ'
အီရှကလည်း နော့စ်ပေးတဲ့ပစ္စည်းကို တောက်ပတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်သည်၊ အန်းလ်တိုက နော့စ်လက်ထဲက ပစ္စည်းကို ယူလိုက်ပြီး အီရှလက်ထဲထည့်ပေးလိုက်ပြီး ပြောလိုက်သည်၊
"ယူလိုက်လေ ဒါက မင်းအတွက် အရေးကြီးတာပဲ"
နော့စ်က ပြုံးနေပြီး အန်းလ်တိုရဲ့အပြုအမူနဲ့ပတ်သတ်ပြီး ဘာမှမပြောပေ၊သူက ပုံမှန်ပြုမူစွာနေနေပြီး အီရှလက်ခံသည်ကိုမြင်တော့ ကျေနပ်သွားတဲ့အမူအရာပင်ဖြတ်သန်းသွားသေးသည်၊
"ဂျူနီယာအန်းလ်တို... ဆရာကလည်း မင်းကို ဒါပေးလိုက်တယ်" နော့စ်က သေတ္တာတစ်လုံးကို ထုတ်ကာပေးလိုက်သည်၊အန်းလ်တိုကလည်းယူပြီးတော့ သိမ်းလိုက်သည်၊ဘာပစ္စည်းလဲဆိုတာ အန်းလ်တိုက သိပြီးသားဖြစ်တာကြောင့် ချက်ချင်းသိမ်းဆည်းလိုက်သည်၊
"ငါလည်း ပြန်ဦးမယ်" ဒန်နာရီက အီရှကိုပြောလိုက်ပြီး ကျန်တဲ့သူတွေကို နူတ်ဆက်ကာထွက်သွားတော့သည်၊ထွက်သွားရတဲ့အကြောင်းအရင်းက အဘိုးကြီးရာ့လ်ပေးထားတဲ့တံဆိပ်ပြားက သတိပေးသလိုပူနွေးလာသောကြောင့်ဖြစ်သည်၊
ဒန်နာရီက ဘယ်နေရာသွားရမှန်းမသိပေမယ့် တံဆိပ်ပြားက သူသွားမဲ့နေရာနဲ့နီးလာလေလေ ပူနွေးလာလေလေဖြစ်ပြီး၊လမ်းလွဲသွားရင် အပူဓာတ်ကျသွားတာကြောင့် ခန့်မှန်းရလွယ်ကူလှသည်၊မကြာခင်မှာတော့ ကြီးမားတဲ့ခြံဝန်းကြီးရှေ့ကိုရောက်လာချိန်မှာ ခြံဝန်းတံခါးကပွင့်လာတော့သည်၊ဒါကြောင့် ဒန်နာရီလည်း ခြံဝန်းထဲဝင်လာချိန်မှာ မြင်ကွင်းများက မျက်လှည့်ဆန်စွာပြောင်းလဲသွားတော့သည်၊
လှပတဲ့နှင်းဆီပန်းခင်းကြီးက သူ့အားကြိုဆိုနေပြီး သင်းရနံ့များက သူ့နှာခေါင်းဝကျီဆယ်နေတော့သည်၊နှင်းဆီးပန်းခင်းလမ်းရဲ့အဆုံးမှာတော့ လှပစွာတည်ဆောက်ထားတဲ့အိမ်ငယ်လေးအားတွေ့လိုက်ရသည်၊ အိမ်ငယ်က အဖြူရောင်အိမ်ငယ်လေးဖြစ်ပြီး ပတ်လည်မှာ အနီရောင်နှင်းဆီပန်းနွယ်များနဲ့လှပစွာပုံဖော်ထားပြီး ဒန်နာရီအတွက်တော့ အတော်ကိုကြည့်ကောင်းတဲ့တည်ရှိမှုပင်၊
ဂျော့ဖရေးနဲ့တွေ့ပြီးနောက်မှာ ဒန်နာရီက နှင်းဆီပန်းကြိုက်နှစ်သက်သူဖြစ်လာပြီး ကျောင်းဝတ်စုံတွေမှာ ကာကွယ်ရေးမှော်တည်ဆောက်ပြီးသား နှင်းဆီအမှတ်အသားနဲ့ ဒီဆိုတဲ့စကားလုံးကိုထည့်သွင်းကာ အမှတ်တံဆိပ်အဖြစ်လုပ်ထားသေးသည်၊
"ရောက်လာရင် ဝင်ခဲ့လေ" အဘိုးအိုရဲ့အသံဟာ အိမ်ထဲကနေထွက်လာပေမယ့် ဒန်နာရီက အံ့သြသွားခြင်းတော့မရှိပေ၊သူက အိမ်ငယ်လေးရဲ့တံခါးကို ခေါက်လိုက်ပြီးနောက် တွန်းဖွင့်ကာဝင်လာတော့သည်၊
အိမ်ငယ်လေးထဲမှာ အဖြူရောင်စားပွဲခုံရှိနေပြီး မည်သည့် ပရိဘောဂပစ္စည်းများမရှိပေမယ့် နံရံမှာတော့ လှပပြီး စိတ်ကူးယှဥ်မရတဲ့ပန်းချီကားချက်တွေတော့ တည်ရှိနေခဲ့သည်၊ ဒန်နာရီအကြည့်တွေက အခြားပန်းချီကားတွေထက် ပိုပြီးအရွယ်အစားကြီးနေတဲ့ပန်းချီကားချပ်ပေါ်ကို ရောက်သွားတော့သည်၊
"အမေ..."
အဘိုးအိုရာ့လ်က ဒန်နာရီတစ်ယောက် ခြံထဲဝင်လာတည်းက စောင့်ကြည့်နေခဲ့ပြီး ဒန်နာရီရဲ့အမူအရာမှာ ဘာထူးဆန်းမှုမှ မပြခဲ့ပေမယ့် ပန်းချီကားချပ်ရှေ့ရောက်တဲ့အချိန်မှာတော့ မျက်နှာအမူအရာပြောင်းလဲသွားသည်ကိုတွေ့လိုက်ရသည်၊
"လှရဲ့လား" အဘိုးအိုရာ့လ်က ဒန်နာရီဘေးနား လာရပ်ပြီး သူပါ ပန်းချီးကားထဲကအမျိုးသမီးကိုကြည့်ရင်း မေးလိုက်သည်၊
"ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးပဲ..." ဒန်နာရီက သတိရလွမ်းဆွတ်ပြီးရောယှက်နေတဲ့အသံနဲ့ပြောလာတာကြောင့် အဘိုးအိုရာ့လ်အမူအရာက အနည်းတော့ပြောင်းလဲသွားပြီ၊
ပုံထဲက အမျိုးသမီးနဲ့လူငယ်လေးက အကုန်ကွဲနေပေမယ့် မျက်နှာပေါက်က အနည်းငယ်ဆင်နေသယောင်ပင်၊ မဟုတ်ဘူး အမူအကျင့်၊ပါရမီတွေလည်း ဆင်သေးသည်၊
"သူ့ကို သိလား" အဘိုးအိုက အနည်းငယ်စိတ်လှုပ်ရှားနေပေမယ့် တည်ငြိမ်ချင်ယောင်ဆောင်ထားရသေးသည်၊
ဒန်နာရီက အိတ်ကပ်ထဲကနေ ပစ္စည်းတစ်မျိုးထုတ်ကာ ပန်းချီကားရှေ့မှာ ထောင်ပြလိုက်သည်၊အစိမ်းနုရောက်စိမ်းနဲ့လုပ်ထားတဲ့လက်ကောက်လေးသာဖြစ်သည်၊ကလီနာဟာ ဒန်ယျူးရဲ့လက်ဝတ်ရတနာတွေကို အပိုင်စီးခဲ့ခြင်းဖြစ်ပြီး ထိုထဲမှာ ဒီလက်ကောက်လေးလည်းပါဝင်ခဲ့သည်၊
သူ့အဖေက သူ့မိခင်ရဲ့ပစ္စည်းတွေထဲက လက်ထပ်ပြီးနောက်ပိုင်း ပစ္စည်းတွေကိုသာယူခဲ့ပြီး လက်ဝတ်ရတနာတွေကိုတော့ ဒန်နာရီအားပေးခဲ့သည်၊ဒါကြောင့် ပန်းချီကားချပ်ထဲက သူ့မိခင်လက်မှာဝတ်ထားတဲ့လက်ကောက်ကိုမြင်ချိန်မှာ တူညီလားသိချင်စိတ်ဖြစ် တိုင်းကြည့်လိုက်သည်၊
"ဒါက...ဒန်မျိုးနွယ်ရဲ့ရတနာလက်ကောက်ပဲ!"
အဘိုးအိုရာ့လ်က ဒန်နာရီလက်ထဲက လက်ကောက်ကို လှမ်းယူစစ်ဆေးရင်း ထိတ်လန့်အံ့အားသင့်စွာပြောလာတော့သည်၊
-*-*-*-*-*-*-*-
Chapter -123မျှော်