သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်...

By lanni_ways

42.6K 6.2K 455

စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင်... More

Hey~!
Intro
FYI
အခန်း (၁) ဝုန်းဝုန်းဒိုင်းဒိုင်းအချိန်နောက်ပြန်ခရီးသွားလိုက်ရပြီ
အခန်း(၂) ကိုယ်ဝန်ကိုမထိခိုက်စေနဲ့!
အခန်း(၃) ဘေးခြံထဲမှာလူတစ်ယောက်ကြိုးဆွဲချသေမလို့တဲ့
အခန်း (၄) ဘိုးဘေးလေးတစ်ယောက်ကိုမှပြန်ရွေးလာခဲ့တယ်
အခန်း (၅) ငါအလှပြင်ချင်တယ်!
အခန်း (၆) ကြွက်တက်တာက ကိစ္စကြီးတစ်ခုပဲဟ!
အခန်း (၇) နတ်မျိုးနွယ် သားရဲတိရစ္ဆာန်
အခန်း(၈) တက်ကြွကြိုးစားစွာသင်ယူရှာသည့်သခင်လေးရှန်
အခန်း(၉) အရှုပ်ထုပ်ကောင်
အခန်း (၁၀) သတ္တိကောင်းလိုက်တဲ့မကောင်းဆိုးဝါး!
အခန်း(၁၁) အပေါ်ထပ်ကနေခုန်ချလိုက်မိတယ်!
အခန်း(၁၂) မကောင်းတဲ့ကောင်!
အခန်း (၁၃)သရုပ်ဆောင်မင်းသား၏မပြီးနိုင်မစီးနိုင်သောအခန်းကဏ္ဍများ!
အခန်း (၁၄) လူ့လောက၏သုခဘုံ
အခန်း (၁၅) နှင်းသလင်းပြာ!
အခန်း(၁၇) ထွက်ခွာခြင်း
အခန်း (၁၉) ဝဋ်ကြွေးတွေပါတဲ့!
အခန်း(၂၀) နှင်းသလင်းပြာကို အမြန်ပြန်ပို့လိုက်စမ်း
အခန်း (၂၁) ချန်းမုတောင်
အခန်း (၂၃) အားလုံးက လူလုဖို့လာကြတာလား!
အခန်း (၂၄) ခရီးစဉ်ခေတ္တရပ်နားမည်!
အခန်း (၂၅) ဆေးမှာပြဿနာရှိနေတယ်!
အခန်း (၂၆) ရင်းနှီးတဲ့လူနဲ့လာဆုံနေတာပဲ!
အခန်း (၂၇) လက်ဆောင်လေးတစ်ခုပေးမယ်!
အခန်း (၂၈) မင်းတမင်လုပ်တာ!
အခန်း (၂၉) ကူပိုးကောင်!
အခန်း (၃၀) တကယ်ပဲ သည်းသည်းလှုပ်ချစ်တာနော်!
အခန်း (၃၁) နည်းနည်းလေးမှ ရိုးသားမှုမရှိဘူး!
အခန်း (၃၂) ကြယ်စဉ်ကိုးနွယ် ပုလဲသွယ်နက္ခတ်!
အခန်း (၃၃) စုတ်ပြတ်သတ်နေတဲ့ရပ်နားစခန်း!
အခန်း (၃၄) တိတ်တဆိတ်အဆိပ်ခတ်ခြင်း!
အခန်း (၃၅) ချုံဟွားတောင်ကြား!
အခန်း (၃၆) သေရည်မူးနေတယ်!
အခန်း (၃၇) ဇနီးလေးက ကိုယ်နဲ့အတူ စမ်းကြည့်ပေးပါလား!
အခန်း (၃၈) တကယ်မျက်စိကျိန်းပြီးကန်းတော့မှာပဲ!
အခန်း (၃၉) ကြီးမားကျယ်ဝန်းကာနက်ရှိုင်းလွန်းသောခြံဝန်းကြီး
အခန်း (၄၀) လျှို့ဝှက်ဆန်းကြယ်စွာ မည်သူမျှ မသိလိုက်ပါဘဲနှင့်!
အခန်း (၄၂) တစ်ယောက်ထပ်ပျောက်သွားပြန်ပြီ!
အခန်း (၄၃) ကျုချင်းလန်!
အခန်း (၄၅) လီပေါ်ဟောက်!
အခန်း (၄၆) ဝတုတ်ကလေး!
အခန်း (၄၇) ဟွန်း!
အခန်း (၄၈) ပဟေဠိဆန်ဆန်ပွဲလေးတစ်ခု!
အခန်း (၁၁၁) ရှန်သခင်လေးကအင်မတန်ချစ်စရာကောင်းတယ်!
အခန်း (၁၁၃) အဆုံးသတ်!
အခန်း (၁၁၄) ပြဿနာအခက်အလက်များ!
အခန်း (၁၁၄) အဆက်
အခန်း (၁၁၅) ဂိုဏ်းချုပ်ချင်ဟာကုသိုလ်ကံကြီးပြီးအသက်ပြင်းသူပင်!
အခန်း (၁၁၆) သတိပြန်ရလာတော့ကောင်းလိုက်တာ!
အခန်း (၁၁၇) အမွေးလုံးလေးဟာဘာမျှကိုမသိနားမလည်ရှာ!
အခန်း (၁၁၈) ရှင်းလင်းသွားရပြီ!
အခန်း (၁၁၈) အဆက်
အခန်း (၅၁) ချစ်သူစုံတွဲအနေအထား
အခန်း (၅၃) လူပျောက်သွားပြီ!
အခန်း (၅၄) ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး‌အားသွန်ခွန်စိုက်သရုပ်ဆောင်မယ်!
အခန်း (၅၅) အဆီအသားတွေအများကြီးရှိပေမဲ့ပွတ်သပ်နေမဲ့လူမရှိဘူး!
အခန်း (၅၆) မလွယ်လိုက်တာမှ!
အခန်း (၁၁၉) အမွေးလုံးက အိပ်ချင်ရုံလေးပါပဲဟာ!

အခန်း (၁၁၂) မဟာတိုက်ပွဲ!

1.7K 325 47
By lanni_ways

အခန်း (၁၁၂) မဟာတိုက်ပွဲ!

ရက်အနည်းငယ် ကြာသော် ချင်ရှောက်ယွီနှင့် ကျန်းယင်လုံတို့ဟာ အဆက်အသွယ် ရသွားခဲ့ပြီး ဖြေဆေးကို ထမင်းဟင်းများထဲတွင် ရောနှောကာ အထဲသို့ ပို့ဆောင်နိုင်လိုက်သည်။ ထို့တစ်ပြိုင်နက်တည်းတွင် ရှန်ချန်းဖုန်း စသည်တို့ကလည်း အစိုးရရုံးတော်များနှင့် ကျန်ရှိသော သိုင်းလောကသားများကို ဆက်သွယ်ကြပြီး အတွင်းအပြင် ပြီးပြည့်စုံစွာ ပူးပေါင်းနိုင်ရန် အသင့်ပြင်ဆင်ထားကြသည်။

တိုက်ပွဲမတိုင်မီ ရှေ့တစ်ရက်တွင် ရှန်ချန်းလင်က ဇာမဏီငယ်လေးကို ပွေ့ပိုက်လျက် ခြံဝန်းထဲတွင် ထိုင်ကာ လရှုစားရင်း အာရုံပျံ့လွင့်နေချေ၏။

"ကျီ!"

အမွေးလုံးက အတောင်ပံကို ဖြန့်ကျက်၍ ပွတ်သပ်လာသည်။ ရှန်ချန်းလင်က သူ့ခေါင်းကလေးကို ပွတ်သပ်ပေးရင်း စိတ်ခံစားချက်များကတော့ အနည်းငယ် ပေါ့ပါးသွားရသည်။

"မအိပ်သေးဘူးလား"

ရှန်ချန်းဖုန်းက သူ့ဘေးနားတွင် ထိုင်သည်။

"ကိုကြီး"

ရှန်ချန်းလင်သည် ဇာမဏီငယ်လေးကို ကြမ်းပေါ်ချပေးပြီး -

"ကိုကြီးယဲ့ရော ဘယ်လိုနေလဲ"

"ဆေးသောက်ပြီး ခုနကပဲ အိပ်သွားတယ်"

ရှန်ချန်းဖုန်းက ဖြေသည်။

"ရှောက်ယွီကို စိတ်ပူနေတာလား"

"ကျွန်တော်က အားလုံးကို စိတ်ပူတာပါ"

ရှန်ချန်းလင်က သက်ပြင်းချသည်။

"ဖုန့်ကျိုယဲ့က အဲ့လောက်အကြံအစည်များပြီး ကောက်ကျစ်တာ၊ ကျွန်တော် တစ်ခုခု အမှားအယွင်းဖြစ်မှာ ကြောက်မိတယ်"

"စိတ်ချပါ"

ရှန်ချန်းဖုန်းက သူ့ကို ပုတ်ပေးကာ -

"အစစအရာရာ ထောင့်စေ့အောင် ပြင်ဆင်ထားပြီးသား မဟုတ်ရင် ကိုကြီးတို့လဲ ပြီးစလွယ် လှုပ်ရှားမှာ မဟုတ်ဘူးလေ"

"အင်း"

ရှန်ချန်းလင်က ပြုံးပြကာ -

"မြန်မြန် သွားအိပ်တော့လေ၊ မနက်ဖြန် အစောကြီး ထရဦးမှာ"

"မင်းလည်း စောစော အနားယူ"

ရှန်ချန်းဖုန်းက သူ့ပခုံးကနေ တွန်းထူကာ အခန်းထဲ တွန်းသွင်းလိုက်ပြီး -

"ငါတို့ရဲ့ သတင်းကောင်းကို စောင့်နေ"

ရှန်ချန်းလင်က ခေါင်းညိတ်သည်။

အမွေးလုံးလေးကလည်း လှုပ်တုတ်လှုပ်တုတ်နှင့် အခန်းထဲ ဝင်လာပြီး ပျင်းတိပျင်းတွဲဟန်ဖြင့် အသိုက်ထဲ ဝင်သွားကာ ခြေကားယား တဟူးဟူး သမ်းလေသည်။

ညအလင်းရောင် ကောင်းကင်ဟာ ကြယ်တာရာများ လင်းလက်ထိန်ညီစွာ တောက်ပအသက်ဝင်နေသည်။ လောကသဘာဝနှင့် တသားတည်းဖြစ်နေသော အရာဝတ္ထုအပေါင်းဟာ အေးချမ်းတိတ်ဆိက်လျက် အလှတရားကိန်းနေပေ၏။

ဒုတိယနေ့ ညနေစောင်းတွင် ချင်ရှောက်ယွီက ကျန်းသာ့ဖူထံ ဓားမြောင်တစ်ခု ကမ်းပေးလိုက်သည်။

"ကျွန်တော်?"

ကျန်းသာ့ဖူက အံ့သြတုန်လှုပ်လျက် -

"ကျွန်တော် ကျွန်တော် ကျွန်တော် သိုင်းပညာ မတတ်ဘူးလေ!"

"မင်းကို သိုင်းချခိုင်းတာ မဟုတ်ဘူး"

ချင်ရှောက်ယွီက ဆိုလေသည်။

"ခဏနေ တိုက်ခိုက်ကြပြီဆို မင်းက တတ်နိုင်သလောက် ဆက်ပြီး ရူးချင်ယောင်ပဲဆောင်နေ။ ဒါပေမဲ့ မတော်တဆ မိစ္ဆာဂိုဏ်းက စိတ်ဖောက်ပြန်ရူးသွပ်လာခဲ့ရင် မင်းကို ကာကွယ်မဲ့လူ မရှိမှာစိုးလို့"

ကျန်းသာ့ဖူက ဓားမြောင်ကို လှမ်းယူလိုက်ပြီး လက်ချောင်းများက အနည်းငယ် တုန်နေသည်။

"ကြောက်စရာ မလိုဘူး"

ချင်ရှောက်ယွီက သူ့ပခုံးကို ပုတ်ပေးကာ ဆိုသည်။

"သည်တစ်ခေါက် မင်းရဲ့ အကူအညီရှိလို့သာပဲ။ သိုင်းလောကကြီး တစ်ခုလုံးက မင်းအပေါ်ကို အကြွေးတစ်ခု တင်နေပြီ"

ကျန်းသာ့ဖူကား အမြှောက်ပင့်ခံရလွန်း၍ လန့်ဖျပ်သွားရသည်။

တကယ်ပဲ ကြီးတဲ့ဦးထုပ်ကြီး!

"မင်း အရင်လိုပဲ ကျိုးသာ့ဟူအဖြစ် ဆက်ပြီး ရုပ်ဖျက်ပါလား"

ချင်ရှောက်ယွီက အဝတ်အစားလဲမည်ပြုသော် ကျန်းရန်က မျက်မှောင်ကြုတ်၍ ပြောလာသည်။

"ရေအောက်အကျဉ်းထောင်ကနေ ဒီအထိဆို လမ်းက အတော်လေးတော့ သွားရသေးတယ်၊ တကယ်လို့ မင်း လမ်းတစ်ဝက်မှာ မိသွားရင်တောင် အရူးလုပ်လို့ရသေးတယ်လေ"

"တော်ပါပြီဗျာ"

ချင်ရှောက်ယွီက ညဘက်ခရီးသွားလာသော ဝတ်စုံကို လဲဝတ်လိုက်ပြီး -

"ကျွန်တော် အဝတ်လဲထားတယ်ဆိုရင် ခဏနေကျ ဘယ်သူမှ ဒီအလုပ်သမားခြံဝန်းကြီးကို သံသယဝင်မှာ မဟုတ်ဘူး။ အဲ့လိုမဟုတ်ဘဲ ကျွန်တော်က ကျိုးသာ့ဟူအဖြစ် ဟန်ဆောင်ရုပ်ဖျက်ထားတာကို သိသွားရင် ဒီခြံဝန်းထဲက ကျန်တဲ့လူတွေမှာလဲ ပြဿနာရှိနေမယ်လို့ သူတို့ထင်သွားလိမ့်မယ်။ အဲ့တာဆို အဆုံးသတ်ရလဒ်က မစဉ်းစားရဲစရာဘဲလေ"

"ဂိုဏ်းချုပ်ချင်နဲ့ ဆရာကြီးတို့ ဘယ်အချိန် ထွက်ခွာကြမှာလဲ"

ကျန်းသာ့ဖူက မေးသည်။

"စောင့်"

ချင်ရှောက်ယွီက တစ်လုံးတည်း ဖြေသည်။

"စောင့်?"

ကျန်းသာ့ဖူက နားမလည်ပေ။

ချင်ရှောက်ယွီကတော့ ခေါင်းညိတ်လျက်သာ သူ့ဘာသာသူ ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်သည်။ နှုတ်ခမ်းစွန်းများကတော့ ကော့ညွတ်တက်နေပေ၏။

ကျန်းသာ့ဖူသည် နဂိုက စိတ်ပူပန်ကာ ရတက်မအေးဖြစ်နေရသော်ငြား ယခုအခါ သူ့အပြုံးကို မြင်လိုက်ရချိန်တွင် ထူးထူးဆန်းဆန်း စိတ်ချသွားမိလေသည်။ ယင်းကား သေချာပေါက်ကို နိုင်မည့် ခံစားချက်မျိုးပင်။

ဘာမှ သတ္တိမွေးပြီး မိန့်ခွန်းတွေ ပြောနေစရာ မလိုဘူးနော်၊ ယုတ်စွအဆုံး စကားတောင် မပြောဘူး။

ဒီတိုင်းပဲ အမူအရာလေး တစ်ခုတည်းနဲ့ ဘေးပတ်လည်က လူတွေကို စိတ်ချသွားစေနိုင်တာ တကယ်ကိုပဲ ရှန်သခင်လေးက သူ့ရဲ့ နှစ်ပေါင်းတစ်ထောင် ကျင့်ကြံမှုတွေကို စွန့်လွှတ်ပြီး မျက်ရည်လည်ရွဲပေးဆပ်အပ်နှင်းရတဲ့ ယောကျ်ားလို့ကို မပြောရဘူးနော်!!!

တကယ်တကယ် အရမ်းအရမ်း ကြီးစိုးလွှမ်းမိုးနိုင်တာပဲ!!!

ရေလယ်အကျဉ်းထောင်ထဲတွင်၊ အစောင့်ကြပ်များက ခါတိုင်းလိုပင် ထမင်းဟင်းများကို သစ်သားစားပွဲရှည်ပေါ်တွင် တင်ပေးပြီး လူအပေါင်းအား မြန်မြန်သွက်သွက် စားရန် ဆူပူကြိမ်းမောင်းပြီးနောက် တံခါးပိတ်ကာ အပြင်ဘက်၌ စောင့်နေကြသည်။

ထိုလူများ ထွက်သွားကြသော် အကျဉ်းထောင်ထဲက ဂိုဏ်းချုပ်တို့ဟာ အကြည့်ချင်းဆုံလျက် အသံတိတ်ပင် အတွင်းအားထုတ်လွှတ်၍ ကိုယ်ပေါ်က သံခြေကျင်းများကို ဖြုတ်လိုက်ကြသည်----- ကိုယ်ပေါ်က ကူအဆိပ်ကို ဖြေပြီးသွားနောက် ချင်ရှောက်ယွီသည် အပူပြင်းသော ဆေးတစ်မျိုးကို ပို့ပေးလာသည်။ သူတို့ကိုယ်ထဲက အအေးဓာတ်ကို အပြည့်အဝကြီး မနှင်ပေးနိုင်သော်ငြား သိုင်းပညာကတော့ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိစေရာ ဤသို့အကျဉ်းထောင်စောင့် လေးငါးယောက်ကို ဖြေရှင်းရာတွင် နည်းနည်းလေးမျှ ပြဿနာ မရှိနိုင်ပေ။

"စားပြီပြီလား"

ခေတ္တကြာသော် ထောင်စောင့်က ဝင်လာသည်။

"လာခဲ့!"

ကျန်းယင်လုံက မျက်လုံးပင့်ကြည့်ကာ ခေါ်လိုက်သည်။

"ကျုပ်?"

ထိုလူက လှောင်ရယ်လျက် -

"ဒီဘိုးအေကြီးကို ခေါ်ပြီး ဘာလုပ်ချင်လို့လဲ"

ကျန်းယင်လုံ၏ မျက်ဝန်းအစုံဟာ နီရဲနေပြီး ဒေါသပုန်ထနေမှန်း အသိအသာပင်။

"ကျုပ် လာတော့ရော ခင်ဗျားက ကျုပ်ကို ဘာလုပ်နိုင်မှာလဲ"

ထိုလူသည် ပေါ့တီးပေါ့ပျက်ဟန်နှင့် အနားသို့ လျှောက်လာသည်။

"ခင်ဗျားကိုယ် ခင်ဗျား အရင်လို စခန်းသခင်ပဲများ ထင်နေတာလား၊ ဖွီ ၊ စောက်သုံးမကျတဲ့လူ--------"

စကားတစ်ခွန်းတောင် မဆုံးခင်တွင် ကျန်းကျောင်းလုံက အားပြင်စွာ လက်ဆန့်ထုတ်၍ သူ့ကို ရေထဲ ဆွဲချလိုက်သည်။ ထို့နောက် လက်ကိုပါ အားဖြင့် ဖိနှိပ်လိုက်ရာ ထောင်စောင့်သည် မူးမေ့သွားတော့၏။

"မြန်မြန်လေး....အာ!"

နောက်တစ်ယောက်က သူ့လုပ်ဖော်ကိုင်ဖက်၏ အတော်ကြာအောင် ပြန်မထွက်လာမှုကြောင့် စိတ်မရှည်စွာ ဝင်ရောက်လာချိန်တွင် ကန်ဘေး၌ သတိလစ်နေသော ထောင်စောင့်ကို တွေ့လိုက်ရပြီး ရုတ်ခြည်း လန့်ဖျပ်ကာ ပြန်လှည့်ထွက်ပြေးရန် ပြင်လိုက်သည်။ သို့ရာ နောက်ကနေ ဂုတ်ပိုးအား ဖြတ်ရိုက်ခံလိုက်ရပြီး ဘာအသံမျှ မထွက်နိုင်တော့ဘဲ ကြမ်းပေါ်မှောက်သွားရလေ၏။

စင်္ကြံလမ်း၏ အဆုံးတွင် မိစ္ဆာဂိုဏ်းသား တချို့က သေရည်သောက်ရင်း စကားစမြည်ပြောကာ အနားယူနေကြသည်။ ထိုထဲက လူတစ်ယောက်က ရုတ်တရက် မျက်နှာအရောင် ပြောင်းလဲသွားကာ ထိတ်လန့်တကြား ထရပ်လိုက်လေသည်။

"သရဲတွေ့လို့လား"

တခြားလူတွေက မူးရီဝေနေကြပြီး သူ ကြည့်သည့်အရပ်သို့ လိက်ကြည့်ရာ တဒင်္ဂအတွင်း လန့်ဖျပ်လွန်းကာ သေးထွက်ကျကုန်၏------

နဂိုက ရေလယ်အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ထားသင့်ပါသော ထိုလူအုပ်လိုက်ကြီး တစ်စုဟာ အပြင်ကို ပြေးထွက်လာကြပြီး ဒေါသဟုန်းဟုန်းတောက်နေသော မျက်နှာဖြင့် သူတို့ဘက်ကို ဦးတည်လာနေသည်ပင်။

"လာကြပါဦး!"

မိစ္ဆာဂိုဏ်းသားများက အော်ဟစ်ကြရင်းပင် အလူးအလဲ ထွက်ပြေးကြသည်။

"အကျဉ်းသားတွေ ထွက်ပြေးလာကြပြီ၊ ဂိုဏ်းချုပ်ကို သွားတင်ပြလိုက်ကြ!"

ရုတ်ခြည်းပင်လျှင် ဆိုရမည်။ ရေလယ်အကျဉ်းထောင် တစ်ခုလုံးဟာ ဗလာကျင်းသွားပြီး သူတော်ကောင်းဂိုဏ်းမှလူများဟာ လက်အလျဉ်းသင့်ရာ နရံထက်မှ ကျာပွတ်၊ ဓား၊ လက်နက်များကို ယူကာ ဒေါသတကြီး အော်ဟစ်ပြေးထွက်ကာ သတ်ဖြတ်ကြတော့သည်။ အချိန်အတော်ကြာသည်အထိ ဖမ်းဆီးအစော်ကားခံခဲ့ရရာ အားလုံး၏ ရင်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့လေသည်။

ဖုန့်ကျိုယဲ့ကို ကိုယ်တိုင်သတ်ပစ်မယ်ဟူ၍။

"ဂိုဏ်းချုပ်!"

ရေလယ်အကျဉ်းထောင်အပြင်ဘက်မှ လူက သတင်းကြားသိရသော် ကပျာကယာ တုန်တုန်ယင်ယင်ဖြင့် -

"မြန်မြန်လေး ဂိုဏ်းချုပ်နဲ့ ကျင်းရှယ်ဘွားဘွားကို သွားရှာချေ!"

ချန်းဝုရွှေကျိုက်အပြင်ဘက်ရှိ ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရှန်ချန်းဖုန်းဟာ စခန်းအတွင်းမှ လူများ၏ ဗြောင်းသန်းဆန်ကာ ပွက်လောရိုက်နေသော အခြေအနေကို မြင်သော် မိမိတို့ အစီအစဉ်၏ ပထမခြေလှမ်းဟာ လက်ဦးမှု ရသွားပြီဖြစ်ကြောင်း သိလိုက်ပေ၏။ သို့နှင့် မိုးပေါ်သို့ အချက်ပြမီး ၁၀ ခုကျော် ပစ်လွှတ်ကာ မြင်းထက်သို့ လွှားကနဲ ဆင်းသက်လိုက်သည်။

"ငါနဲ့အတူ သွားသတ်ကြစို့!"

သိုင်းလောကသားအပေါင်းတို့ဟာလည်း မြင်းကို နှင်ကာ မိုးမြေတုန်ဟည်းစေမည့် အော်ဟစ်သံများ မြည်တမ်းကြလေသည်။ မြင်းခွာအောက်မှ ဖုန်မှုန့်မြူခိုးများ ပျံ့လွင့်ဝဲစဉ် တစ်မိုးအောက်မြေဟာလည်း ပကတိကသောင်းကနင်းဆန်လျက်။

"ထွက်ပြေးနေကြပြီ?"

သတင်းကို ကြားကြားချင်းတွင် ဖုန့်ကျိုယဲ့က ကျင်းရှယ်ဘွားဘွားထံ လှောင်ပြောင်သရော်၍ ပြောလိုက်သည်။

"ကြည့်ရတာ ခင်ဗျားရဲ့ ကူအဆိပ်ကလည်း ဘယ်နှယ့်မှ မစွမ်းဘူးပဲ"

"သည်လိုအချိန်မှာ အေးစက်စက် စကားတွေ ပြောနေလို့ ဘာထူးမှာလဲ!"

မိမိ၏ ဆေးမှာ ပြဿနာရှိတယ်လို့ မယူဆသော်ငြား အကျဉ်းသားများ ထွက်ပြေးသွားတာကလည်း အဖြစ်မှန်ပင်။ ကျင်းရှယ်ဘွားဘွားသည် စိတ်တိုကာ ရှက်သော်ငြား ဤသို့သာ ဆိုနိုင်သည်။

"အခု အရေးကြီးဆုံးပြဿနာကို အရင် ဖြေရှင်းရမှာ မဟုတ်ဘူးလား"

"တပည့် အထွတ်အမြတ်ငှက်(ပေါင့်စန်းငှက်)တွေရဲ့ လှောင်အိမ်ကို သွားဖွင့်လိုက်ရမလား"

မိစ္ဆာဂိုဏ်းတပည့်သားက ဂရုတစိုက် ဆိုလေသည်။

"ငါ ကိုယ်တိုင်သွားမယ်"

ကျင်းရှယ်ဘွားဘွားက တုတ်ကောက်ဖြင့် ခြံအပြင်သို့ ထွက်သည်။ ဖုန့်ကျိုယဲ့ကတော့ ဘာမထီဟန်ဖြင့် ရယ်လျက် သူ့ဘာသာသူ လက်ဖက်ရည်တစ်ခွက်တောင် ငှဲ့နေလိုက်ပြီးမှ ထ,လာပြီး အပြင်သို့ ထွက်လာ၏---- အရင်ကလိုသာဆိုလျှင် ဂိုဏ်းတွေ ‌လေးငါးခု ပေါင်းပြီး

တိုက်ခိုက်ပါက မိမိက အနည်းအကျဉ်း စဉ်းစားဦးမည် ဖြစ်သော်ငြား ယနေ့တွင်တော့ မတူပြီ။ ဝိညာဉ်ခြွေလက်ဝါးသိုင်းက ကျင့်ကြံအောင်မြင်ပြီးပြီဖြစ်၍ စမ်းသပ်ကြည့်ရန် အတော်ပဲ ဖြစ်သည်။

ရေလယ်အကျဉ်းထောင်အပြင်ဘက် မြေပြင်အလွတ်တွင် သူတော်ကောင်းဂိုဏ်းမှ လူများနှင့် မိစ္ဆာဂိုဏ်းမှလူများ သတ်ဖြတ်တိုက်ပွဲဝင်နေကြသည်။

ညနေစောင်းကာလ၏ ဆည်းဆာသည် မိုးကောင်းကင်ကို လွှမ်းခြုံထားကာ လူတိုင်း၏ မျက်ဝန်းတွင် သွေးရောင်ထင်ဟပ်နေစေ၏။

"ကြည့်ရတာ ကျုပ် ခင်ဗျားတို့ကို လျှော့တွက်မိသွားတာပဲ"

ဖုန့်ကျိုယဲ့က ခေါင်မိုးထိပ်တွင်ရပ်ကာ အေးစက်စက် ရယ်လျက် ပြောလိုက်သည်။

"ဖုန့်ကျိုယဲ့!"

ကျန်းယင်လုံက လက်တစ်ဖက်က ဓားကိုင်ထားပြီး မျက်နှာထက်တွင် သွေးများပေနေကာ မုန်းတီးသော အကြည့်များအပြည့်။

"ကျုပ် ခင်ဗျားရဲ့ မယားလေးကို သတ်လိုက်လို့ နာကြည်းနေတာလား"

ဖုန့်ကျိုယဲ့က မျက်ခုံးပင့်ကာ -

"မပူပါနဲ့၊ ခင်ဗျားလည်း မကြာခင် သူ(မ)ကို အဖော်လုပ်ရတော့မှာပါ"

ကျန်းယင်လုံက ဒေါသတကြီး အော်ဟစ်ကာ ဓားကို ဝှေ့ရမ်းလျက် သူ့ကို ခုတ်လိုက်သည်။

ဖုန့်ကျိုယဲ့သည် အလွန်လျင်မြန်စွာ နောက်ဆုတ်သွားပြီး လက်ဖဝါးကနေ အတွင်းအားဟာ မြားတစ်စင်းအလား ပြေးထွက်၍ ကျန်းယင်လုံ၏ ရင်ဘတ်ထံသို့။

"ညီလေး!"

ကျန်းကျောင်းလုံက သူ့ကို တွန်းထုတ်လိုက်ချင်သော်ငြား သူ့ထက်လျင်မြန်သောသူက ရှိနေသည်။

အနက်ရောင် အရိပ်တစ်ခုက တည်ငြိမ်စွာ မြေပေါ်သို့ သက်ဆင်းလာပြီး လက်ထဲတွင်လည်း အေးစက်သော အလင်းရောင် ထုတ်လွှတ်နေသည့် သုံးပေမျှ ရှည်လျားသော ဓားရှည်တစ်လက် ကိုင်ဆောင်ထားသည်။

"ဂိုဏ်းချုပ်ချင်!"

သူတော်ကောင်းဂိုဏ်းသားများသည် ချက်ချင်း သူ့ပတ်ပတ်လည်၌ ဝန်းရံလိုက်ကြ၏။

ချင်ရှောက်ယွီက ဖုန့်ကျိုယဲ့ထံ အေးစက်စက် ကြည့်လိုက်သည်။

"လတ်စသတ်တော့ မင်းက မသေဘူးပဲ"

ဖုန့်ကျိုယဲ့က မျက်ခုံးပင့်တက်လျက် -

"တကယ်ကို မထင်ထားဘူး"

"မင်းကို သတ်ပြီးရင် ငါက လင်အာနဲ့ အိုအောင်မင်းအောင် ပေါင်းသင်ကြင်နာသွားရဦးမှာလေ၊ ဘယ်လိုလုပ် သေရက်ပါ့မလဲ"

ချင်ရှောက်ယွီက ခပ်ပေါ့ပေါ့ ဆိုသည်။

"မင်းကသာ တစ်ကိုယ်တည်း၊ မိတ်ဆွေသူငယ်ချင်း မရှိ၊ ဆွေမျိုးသားချင်းမရှိ၊ သေသွားလည်း ဘယ်သူကမှ စိတ်ဆင်းမရဲမဲ့အပြင် တချို့လူတွေဆို မီးရှုးမီးပန်းတွေတောင် ဖောက်ပြီး ပျော်ပွဲဆင်ကြဦးမှာ"

"မင်းစိတ်ကြိုက်သာ ပြောပါ၊ ငါ မင်းကို ဗွေမယူဘူး"

ဖုန့်ကျိုယဲ့က လျော့တိလျော့ရဲ ဟန်ပန်ဖြင့် အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။

"လူဆိုတာ သေခါနီးပြီဆို စကားများများ ပြောခိုင်းရတယ်။ အဲ့နေ့က ချောက်ကမ်းပါးမှာ မသေလည်း ဒီနေ့ နောက်တစ်ကြိမ် ထပ်သေခိုင်းရုံပဲ ရှိတော့တာပေါ့"

ကောင်းကင်ယံထက်မှ ကြောက်မက်ဖွယ် အော်သံများ ပျံ့လွင့်လာသည်။ ပေါင့်စန်းငှက် ရာချီဟာ အုံ့မိုး၍ ပျံသန်းလာခြင်းပင်။ နေ့ရက်ပေါင်းများစွာ ဂရုတစိုက် ကျွေးမွေးမှုအောက်တွင် နဂိုကထက်တောင် ဧရာမကြီး ဖြစ်လာသေးသည်။

"အခုအချိန်မှာ အရှုံးပေးရင် အလောင်းကို အင်္ဂါစုံအောင် ကောက်ခွင့်ရမယ်နော်"

ဖုန့်ကျိုယဲ့က သရော်လိုက်သည်။

ချင်ရှောက်ယွီက ရင်ဘတ်ထဲကနေ ကျောက်စိမ်းဝီစီလေးတစ်ခုကို ထုတ်ယူကာ နှုတ်ခမ်းတွင်တေ့လျက် မှုတ်လိုက်သည်။

ဖုန့်ကျိုယဲ့က ရယ်သံထွက်လုနီးပါးပင်။

"ဧကန္တ မင်းက အဲ့ဟာလေးကို အားကိုးပြီး အထွတ်အမြတ် ငှက်ကို ထိန်းချုပ်ချင်နေတာလား"

"ဘယ်လောက်ပဲ ကောင်းတဲ့နာမည်မျိုး ပြောင်းခေါ်ခေါ်၊ ညစ်ပတ်ရွံရှာဖွယ်အကောင်တွေပဲလေ"

ချင်ရှောက်ယွီက ကျောက်စိမ်းဝီစီကို ပြန်သိမ်းလိုက်ပြီး ဆိုသည်။

"မင်း သိလား မသိဘူး၊ သည်လိုကျောက်စိမ်းမျိုးကို ဘာလို့ ဝူထုန်ကျောက်စိမ်းလို့ ခေါ်သလဲဆိုတာ"

ဖုန့်ကျိုယဲ့က မျက်မှောင်ကြုတ်သည်။ သူတောင် စကားမဆိုရသေးခင်တွင် ကောင်းကင်ယံထက်မှ ကြည်လင်ပြတ်သားလှသော သံရှည်စွဲ အော်မြည်သံများ ပျံ့လွင့်လာ၏။

ချင်ရှောက်ယွီ၏ နှုတ်ခမ်းထောင့်ဟာ ကွေးညွတ်သွားပြီး -

"ဘာလို့လဲဆိုတော့ ဇာမဏီတွေကို ခေါ်ဆောင်နိုင်လို့"

ရွှေရောင်ဖိတ်ဖိတ်‌တောက်နေသော ဇာမဏီကြီး ရာဂဏန်းသည် နေဝင်ဆည်းဆာနှင့် အပြိုင် ကောင်းကင်ယံထက် နေရာယူ ပျံသန်းလာကြသည်။ ဧရာမ အတောင်ပံများ လှုပ်ခတ်သွားချိန်တွင် ဆည်းဆာရောင်များပင် အရောင်မှိန်သွားရသည်အထိ။

ပေါင့်စန်းငှက်များသည် ကူအဆိပ် မိထားသောကြောင့် မည်သို့သော အကြောက်တရားမျှ မရှိကြချေ။ ထို့ကြောင့် ဆက်လက်ပြီးတော့ ချင်ရှောက်ယွီနှင့် သူတော်ကောင်းဂိုဏ်းသားများ ရှိရာအရပ်သို့ ပျံသန်းလာကြဆဲပင်။ ကျင်းရှယ်ဘွားဘွားကသာ ထိတ်လန့်တကြား ဖြစ်လျက် အော်ဟစ်လိုက်ရာ အသံတောင် ပျက်တော့မည်။

"မြန်မြန်၊ ပြန်လှည့်ကြစမ်း!"

ချန်နျန်သည် ပေါင့်စန်းငှက်များထဲက ခေါင်းဆောင်ဖြစ်သော ငှက်ပေါ်တွင် စီးလာရာ အားကုန်ထုတ်၍ ပြန်လှည့်ခိုင်းရန် ကြိုးစားလေသည်။ သို့သော် ကူအဆိပ်ကြောင့် မည်သို့မျှ သက်ရောက်မှု မရှိတော့ပေ။ ဤငှက်အမျိုးအစား တစ်ခုလုံးကပင် လူသတ်ရုပ်သေးရုပ်အဖြစ် ပြောင်းလဲ အသုံးချခံလိုက်ရပြီ ဖြစ်သည်။ နာကျင်မှုကို မသိ၊ သေမည်၊ ရှင်မည်ကို နားမလည်။ ထို့ကြောင့်လည်း ယခင်တစ်ကြိမ်က သူတော်ကောင်းဂိုဏ်းများက အထိနာပြီး ရှုံးသွားရခြင်းပင်။ သို့သော်ငြား၊ တစ်ချိန်က အားသာချက်ဖြစ်ခဲ့သော အချက်သည် ယနေ့အတွက်တော့ အားနည်းချက် ဖြစ်နေချေပြီပင်။

ဇာမဏီကြီးများသည် ရွှေရောင်လက်လက်ထလျက် ရေစီးကြောင်း အသွင် တဖွဲဖွဲ ပျံသန်းလာပြီး ထက်မြက်ချွန်မြသော လက်သည်းများဖြင့် ပေါင့်စန်းငှက်၏ ကိုယ်ထည်အတွင်း ထိုးစိုက်ကာ အရှင်လတ်လတ် နှစ်ပိုင်း ဆွဲစုတ်ပစ်လိုက်ကြလေသည်။

သွေးမိုးဟာ တဖွဲဖွဲ၊ အသည်းပျက်ဖွယ် အော်မြည်သံများဟာ နားနှင့်မဆံ့အောင်။ မိုးနှင့်မြေကြား ရုတ်ခြည်း အနီရောင် မြူခိုးများ ပြည့်နှက်သွားရသည်။ တွေ့မြင်နေရသူများအဖို့ အောင့်နှလုံးနာလျက် အန်ချင်စရာအတိပင်။

"ဂိုဏ်းချုပ်!"

လူတစ်ယောက်က အဝေးက ထိတ်လန့်တကြား အော်ဟစ်လာသည်။

"စစ်ကူခေါ်ပြီး တိုက်ဝင်လာပြီဗျ! ကျွန်တော်တို့ တောင့်မခံနိုင်ဘူး!"

အခြေအနေက မိမိစဉ်းစားထားသလောက် မလွယ်ကူ၊ မရိုးရှင်းကြောင်း သိလိုက်ရသောအခါ ဖုန့်ကျိုယဲ့သည် ချက်ချင်း အပြင်ဘက်သို့ တိမ်းရှောင်ရန် ပြင်တော့သည်။

ချင်ရှောက်ယွီက ချက်ချင်း ပျံသန်းလျက် အနောက်ကနေ လိုက်သွားပြီး ဇာမဏီကြီးနှစ်ကောင်ကလည်း အတောင်ပံ ခတ်လျက် သူ့အနောက်ပါးကနေ ထပ်ကြပ်မခွာ လိုက်လာလေသည်။

"ကျီ!"

အမွေးလုံးဟာ ကိုကိုကျောပေါ်မှာ ထိုင်နေပြီး လေတိုက်လွန်းသဖြင့် အမွေးများကလည်း ပွစာကြဲနေသည့်အပြင် လက်သည်းပိစိလေးများဖြင့်လည်း ကိုကို့ကို သေချာ မြဲမြဲမြံမြံ ဖမ်းကိုင်ထားရသေးသည်။

မျက်လုံးရောင်တွေကို တောက်ပလို့ သတ္တိရှိလိုက်တာများ! ! ! ! !

ကြည့်လိုက်တာနဲ့ ရှန်သခင်လေး ကိုယ်တိုင်မွေးထားမှန်း အသိအသာကြီးနော်!

ဘာလို့လဲဆိုတော့ အရမ်းအရမ်းကို အေးစက်ခန့်ညားတောက်ပနေလို့လေ! !

မိုးမှောင်လာချိန်တွင် ချင်ရှောက်ယွီက ဖုန့်ကျိုယဲ့အား လမ်းဆုံးတစ်ခု၌ ချောင်ပိတ်ကာ တားဆီးလိုက်တော့သည်။

ဘေးနှစ်ဖက်ရှိ အနီရောင် မီးပုံးကြီးကား လေနှင့်အတူ လိုက်ပါ ယိမ်းနွဲ့နေ၏။ ကြည့်ရုံနှင့်ပင် အတော်လေး စိတ်ခြောက်ခြားစရာအတိ။

"မပြေးတော့ဘူးလား"

ချင်ရှောက်ယွီက အေးတိအေးစက် ပြောလိုက်သည်။

"မထင်ထားဘူးပဲ၊ မင်းက အရင်အတိုင်း သိပ်လောတုန်းပဲ"

ဖုန့်ကျိုယဲ့၏ လေသံက မြင့်တက်သွားကာ မျက်လုံးထဲတွင် ကောက်ကျစ်မှုများ ပြည့်နေသည်။

"တခြားလူတွေ မင်းကို မကူညီဘဲနဲ့ မင်းက တကယ် ငါ့ကို နိုင်မှာတဲ့လား"

"ငါ့ကို ကူမဲ့လူ မရှိဘူးလို့ ဘယ်သူပြောလဲ"

ချင်ရှောက်ယွီက ပြန်မေးလိုက်သည်။

"ကျီ!"

အမွေးလုံးကလည်း ဝံ့ဝံ့ကြွားကြွားပင် ခြေသည်းတစ်ဖက်ကို ထောင်၍ ကန်ပြလိုက်သည်။

"မင်းက ဒီဇာမဏီနှစ်ကောင်နဲ့... ပြီးတော့ ဘဲတစ်ကောင်နဲ့ကို အားကိုးပြီးတော့လား?"

ဖုန့်ကျိုယဲ့က ရယ်ချင်ဟန်ဖြင့် ပြောလေသည်။

အမွေးလုံးလေးဟာ သူ့ကိုယ်သူတော့ သိပ်မိုက်တယ် ထင်နေဆဲပါပင်။

မိမိဟာ အစားအသောက် သတ္တဝါအဆင့်ထိ အဆင့်နိမ့်ခံလိုက်ရကြောင်းကို လုံးဝ မသိပါလေ။

"ပြီးတော့ ငါလေ"

ရှန်ချန်းဖုန်းသည် ခေါင်မိုးပေါ်ကနေ ခုန်ဆင်းလာပြီး ချင်ရှောက်ယွီ၏ ဘေး၌ ရပ်လိုက်သည်။

"ကျီ!"

အမွေးလုံးကလည်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းကို ခါရမ်းလိုက်ရာ အရှိန်ကို မထိန်းနိုင်ဘဲ သူ့ကိုယ်သူ လွှင့်ထွက်သွားအောင်ထိ ခါရမ်းလိုက်မိလေသည်။

ရှန်ချန်းဖုန်း - "............."

ချင်ရှောက်ယွီက ခပ်တည်တည်ပင် သားဖြစ်သူကို ပြန်ကောက်ပြီး ရင်ဘတ်ထဲ ထည့်လိုက်သည်။

သည်လောက်တောင် တုံးနေတာ၊ ကယ်စရာ‌ဆေးရော ရှိသေးရဲ့လား မသိပါဘူး။

-----------

12-01-2024 (FRI)

💙☁

အခန္း (၁၁၂) မဟာတိုက္ပြဲ!

ရက္အနည္းငယ္ ၾကာေသာ္ ခ်င္ေရွာက္ယြီႏွင့္ က်န္းယင္လုံတို႔ဟာ အဆက္အသြယ္ ရသြားခဲ့ၿပီး ေျဖေဆးကို ထမင္းဟင္းမ်ားထဲတြင္ ေရာေႏွာကာ အထဲသို႔ ပို႔ေဆာင္နိုင္လိုက္သည္။ ထို႔တစ္ၿပိဳင္နက္တည္းတြင္ ရွန္ခ်န္းဖုန္း စသည္တို႔ကလည္း အစိုးရ႐ုံးေတာ္မ်ားႏွင့္ က်န္ရွိေသာ သိုင္းေလာကသားမ်ားကို ဆက္သြယ္ၾကၿပီး အတြင္းအျပင္ ၿပီးျပည့္စုံစြာ ပူးေပါင္းနိုင္ရန္ အသင့္ျပင္ဆင္ထားၾကသည္။

တိုက္ပြဲမတိုင္မီ ေရွ႕တစ္ရက္တြင္ ရွန္ခ်န္းလင္က ဇာမဏီငယ္ေလးကို ေပြ႕ပိုက္လ်က္ ၿခံဝန္းထဲတြင္ ထိုင္ကာ လရႈစားရင္း အာ႐ုံပ်ံ့လြင့္ေနေခ်၏။

"က်ီ!"

အေမြးလုံးက အေတာင္ပံကို ျဖန႔္က်က္၍ ပြတ္သပ္လာသည္။ ရွန္ခ်န္းလင္က သူ႕ေခါင္းကေလးကို ပြတ္သပ္ေပးရင္း စိတ္ခံစားခ်က္မ်ားကေတာ့ အနည္းငယ္ ေပါ့ပါးသြားရသည္။

"မအိပ္ေသးဘူးလား"

ရွန္ခ်န္းဖုန္းက သူ႕ေဘးနားတြင္ ထိုင္သည္။

"ကိုႀကီး"

ရွန္ခ်န္းလင္သည္ ဇာမဏီငယ္ေလးကို ၾကမ္းေပၚခ်ေပးၿပီး -

"ကိုႀကီးယဲ့ေရာ ဘယ္လိုေနလဲ"

"ေဆးေသာက္ၿပီး ခုနကပဲ အိပ္သြားတယ္"

ရွန္ခ်န္းဖုန္းက ေျဖသည္။

"ေရွာက္ယြီကို စိတ္ပူေနတာလား"

"ကြၽန္ေတာ္က အားလုံးကို စိတ္ပူတာပါ"

ရွန္ခ်န္းလင္က သက္ျပင္းခ်သည္။

"ဖုန႔္က်ိဳယဲ့က အဲ့ေလာက္အႀကံအစည္မ်ားၿပီး ေကာက္က်စ္တာ၊ ကြၽန္ေတာ္ တစ္ခုခု အမွားအယြင္းျဖစ္မွာ ေၾကာက္မိတယ္"

"စိတ္ခ်ပါ"

ရွန္ခ်န္းဖုန္းက သူ႕ကို ပုတ္ေပးကာ -

"အစစအရာရာ ေထာင့္ေစ့ေအာင္ ျပင္ဆင္ထားၿပီးသား မဟုတ္ရင္ ကိုႀကီးတို႔လဲ ၿပီးစလြယ္ လႈပ္ရွားမွာ မဟုတ္ဘူးေလ"

"အင္း"

ရွန္ခ်န္းလင္က ၿပဳံးျပကာ -

"ျမန္ျမန္ သြားအိပ္ေတာ့ေလ၊ မနက္ျဖန္ အေစာႀကီး ထရဦးမွာ"

"မင္းလည္း ေစာေစာ အနားယူ"

ရွန္ခ်န္းဖုန္းက သူ႕ပခုံးကေန တြန္းထူကာ အခန္းထဲ တြန္းသြင္းလိုက္ၿပီး -

"ငါတို႔ရဲ႕ သတင္းေကာင္းကို ေစာင့္ေန"

ရွန္ခ်န္းလင္က ေခါင္းညိတ္သည္။

အေမြးလုံးေလးကလည္း လႈပ္တုတ္လႈပ္တုတ္ႏွင့္ အခန္းထဲ ဝင္လာၿပီး ပ်င္းတိပ်င္းတြဲဟန္ျဖင့္ အသိုက္ထဲ ဝင္သြားကာ ေျခကားယား တဟူးဟူး သမ္းေလသည္။

ညအလင္းေရာင္ ေကာင္းကင္ဟာ ၾကယ္တာရာမ်ား လင္းလက္ထိန္ညီစြာ ေတာက္ပအသက္ဝင္ေနသည္။ ေလာကသဘာဝႏွင့္ တသားတည္းျဖစ္ေနေသာ အရာဝတၳဳအေပါင္းဟာ ေအးခ်မ္းတိတ္ဆိက္လ်က္ အလွတရားကိန္းေနေပ၏။

ဒုတိယေန႕ ညေနေစာင္းတြင္ ခ်င္ေရွာက္ယြီက က်န္းသာ့ဖူထံ ဓားေျမာင္တစ္ခု ကမ္းေပးလိုက္သည္။

"ကြၽန္ေတာ္?"

က်န္းသာ့ဖူက အံ့ၾသတုန္လႈပ္လ်က္ -

"ကြၽန္ေတာ္ ကြၽန္ေတာ္ ကြၽန္ေတာ္ သိုင္းပညာ မတတ္ဘူးေလ!"

"မင္းကို သိုင္းခ်ခိဳင္းတာ မဟုတ္ဘူး"

ခ်င္ေရွာက္ယြီက ဆိုေလသည္။

"ခဏေန တိုက္ခိုက္ၾကၿပီဆို မင္းက တတ္နိုင္သေလာက္ ဆက္ၿပီး ႐ူးခ်င္ေယာင္ပဲေဆာင္ေန။ ဒါေပမဲ့ မေတာ္တဆ မိစာၦဂိုဏ္းက စိတ္ေဖာက္ျပန္႐ူးသြပ္လာခဲ့ရင္ မင္းကို ကာကြယ္မဲ့လူ မရွိမွာစိုးလို႔"

က်န္းသာ့ဖူက ဓားေျမာင္ကို လွမ္းယူလိုက္ၿပီး လက္ေခ်ာင္းမ်ားက အနည္းငယ္ တုန္ေနသည္။

"ေၾကာက္စရာ မလိုဘူး"

ခ်င္ေရွာက္ယြီက သူ႕ပခုံးကို ပုတ္ေပးကာ ဆိုသည္။

"သည္တစ္ေခါက္ မင္းရဲ႕ အကူအညီရွိလို႔သာပဲ။ သိုင္းေလာကႀကီး တစ္ခုလုံးက မင္းအေပၚကို အေႂကြးတစ္ခု တင္ေနၿပီ"

က်န္းသာ့ဖူကား အျမႇောက္ပင့္ခံရလြန္း၍ လန႔္ဖ်ပ္သြားရသည္။

တကယ္ပဲ ႀကီးတဲ့ဦးထုပ္ႀကီး!

"မင္း အရင္လိုပဲ က်ိဳးသာ့ဟူအျဖစ္ ဆက္ၿပီး ႐ုပ္ဖ်က္ပါလား"

ခ်င္ေရွာက္ယြီက အဝတ္အစားလဲမည္ျပဳေသာ္ က်န္းရန္က မ်က္ေမွာင္ၾကဳတ္၍ ေျပာလာသည္။

"ေရေအာက္အက်ဥ္းေထာင္ကေန ဒီအထိဆို လမ္းက အေတာ္ေလးေတာ့ သြားရေသးတယ္၊ တကယ္လို႔ မင္း လမ္းတစ္ဝက္မွာ မိသြားရင္ေတာင္ အ႐ူးလုပ္လို႔ရေသးတယ္ေလ"

"ေတာ္ပါၿပီဗ်ာ"

ခ်င္ေရွာက္ယြီက ညဘက္ခရီးသြားလာေသာ ဝတ္စုံကို လဲဝတ္လိုက္ၿပီး -

"ကြၽန္ေတာ္ အဝတ္လဲထားတယ္ဆိုရင္ ခဏေနက် ဘယ္သူမွ ဒီအလုပ္သမားၿခံဝန္းႀကီးကို သံသယဝင္မွာ မဟုတ္ဘူး။ အဲ့လိုမဟုတ္ဘဲ ကြၽန္ေတာ္က က်ိဳးသာ့ဟူအျဖစ္ ဟန္ေဆာင္႐ုပ္ဖ်က္ထားတာကို သိသြားရင္ ဒီၿခံဝန္းထဲက က်န္တဲ့လူေတြမွာလဲ ျပႆနာရွိေနမယ္လို႔ သူတို႔ထင္သြားလိမ့္မယ္။ အဲ့တာဆို အဆုံးသတ္ရလဒ္က မစဥ္းစားရဲစရာဘဲေလ"

"ဂိုဏ္းခ်ဳပ္ခ်င္နဲ႕ ဆရာႀကီးတို႔ ဘယ္အခ်ိန္ ထြက္ခြာၾကမွာလဲ"

က်န္းသာ့ဖူက ေမးသည္။

"ေစာင့္"

ခ်င္ေရွာက္ယြီက တစ္လုံးတည္း ေျဖသည္။

"ေစာင့္?"

က်န္းသာ့ဖူက နားမလည္ေပ။

ခ်င္ေရွာက္ယြီကေတာ့ ေခါင္းညိတ္လ်က္သာ သူ႕ဘာသာသူ ေရေႏြးၾကမ္းတစ္ခြက္ ငွဲ႕လိုက္သည္။ ႏႈတ္ခမ္းစြန္းမ်ားကေတာ့ ေကာ့ၫြတ္တက္ေနေပ၏။

က်န္းသာ့ဖူသည္ နဂိုက စိတ္ပူပန္ကာ ရတက္မေအးျဖစ္ေနရေသာ္ျငား ယခုအခါ သူ႕အၿပဳံးကို ျမင္လိုက္ရခ်ိန္တြင္ ထူးထူးဆန္းဆန္း စိတ္ခ်သြားမိေလသည္။ ယင္းကား ေသခ်ာေပါက္ကို နိုင္မည့္ ခံစားခ်က္မ်ိဳးပင္။

ဘာမွ သတၱိေမြးၿပီး မိန႔္ခြန္းေတြ ေျပာေနစရာ မလိုဘူးေနာ္၊ ယုတ္စြအဆုံး စကားေတာင္ မေျပာဘူး။

ဒီတိုင္းပဲ အမူအရာေလး တစ္ခုတည္းနဲ႕ ေဘးပတ္လည္က လူေတြကို စိတ္ခ်သြားေစနိုင္တာ တကယ္ကိုပဲ ရွန္သခင္ေလးက သူ႕ရဲ႕ ႏွစ္ေပါင္းတစ္ေထာင္ က်င့္ႀကံမႈေတြကို စြန႔္လႊတ္ၿပီး မ်က္ရည္လည္႐ြဲေပးဆပ္အပ္ႏွင္းရတဲ့ ေယာက်္ားလို႔ကို မေျပာရဘူးေနာ္!!!

တကယ္တကယ္ အရမ္းအရမ္း ႀကီးစိုးလႊမ္းမိုးနိုင္တာပဲ!!!

ေရလယ္အက်ဥ္းေထာင္ထဲတြင္၊ အေစာင့္ၾကပ္မ်ားက ခါတိုင္းလိုပင္ ထမင္းဟင္းမ်ားကို သစ္သားစားပြဲရွည္ေပၚတြင္ တင္ေပးၿပီး လူအေပါင္းအား ျမန္ျမန္သြက္သြက္ စားရန္ ဆူပူႀကိမ္းေမာင္းၿပီးေနာက္ တံခါးပိတ္ကာ အျပင္ဘက္၌ ေစာင့္ေနၾကသည္။

ထိုလူမ်ား ထြက္သြားၾကေသာ္ အက်ဥ္းေထာင္ထဲက ဂိုဏ္းခ်ဳပ္တို႔ဟာ အၾကည့္ခ်င္းဆုံလ်က္ အသံတိတ္ပင္ အတြင္းအားထုတ္လႊတ္၍ ကိုယ္ေပၚက သံေျခက်င္းမ်ားကို ျဖဳတ္လိုက္ၾကသည္----- ကိုယ္ေပၚက ကူအဆိပ္ကို ေျဖၿပီးသြားေနာက္ ခ်င္ေရွာက္ယြီသည္ အပူျပင္းေသာ ေဆးတစ္မ်ိဳးကို ပို႔ေပးလာသည္။ သူတို႔ကိုယ္ထဲက အေအးဓာတ္ကို အျပည့္အဝႀကီး မႏွင္ေပးနိုင္ေသာ္ျငား သိုင္းပညာကေတာ့ ၇၀ ရာခိုင္ႏႈန္းခန႔္ ျပန္လည္ရရွိေစရာ ဤသို႔အက်ဥ္းေထာင္ေစာင့္ ေလးငါးေယာက္ကို ေျဖရွင္းရာတြင္ နည္းနည္းေလးမွ် ျပႆနာ မရွိနိုင္ေပ။

"စားၿပီၿပီလား"

ေခတၱၾကာေသာ္ ေထာင္ေစာင့္က ဝင္လာသည္။

"လာခဲ့!"

က်န္းယင္လုံက မ်က္လုံးပင့္ၾကည့္ကာ ေခၚလိုက္သည္။

"က်ဳပ္?"

ထိုလူက ေလွာင္ရယ္လ်က္ -

"ဒီဘိုးေအႀကီးကို ေခၚၿပီး ဘာလုပ္ခ်င္လို႔လဲ"

က်န္းယင္လုံ၏ မ်က္ဝန္းအစုံဟာ နီရဲေနၿပီး ေဒါသပုန္ထေနမွန္း အသိအသာပင္။

"က်ဳပ္ လာေတာ့ေရာ ခင္ဗ်ားက က်ဳပ္ကို ဘာလုပ္နိုင္မွာလဲ"

ထိုလူသည္ ေပါ့တီးေပါ့ပ်က္ဟန္ႏွင့္ အနားသို႔ ေလွ်ာက္လာသည္။

"ခင္ဗ်ားကိုယ္ ခင္ဗ်ား အရင္လို စခန္းသခင္ပဲမ်ား ထင္ေနတာလား၊ ဖြီ ၊ ေစာက္သုံးမက်တဲ့လူ--------"

စကားတစ္ခြန္းေတာင္ မဆုံးခင္တြင္ က်န္းေက်ာင္းလုံက အားျပင္စြာ လက္ဆန႔္ထုတ္၍ သူ႕ကို ေရထဲ ဆြဲခ်လိဳက္သည္။ ထို႔ေနာက္ လက္ကိုပါ အားျဖင့္ ဖိႏွိပ္လိုက္ရာ ေထာင္ေစာင့္သည္ မူးေမ့သြားေတာ့၏။

"ျမန္ျမန္ေလး....အာ!"

ေနာက္တစ္ေယာက္က သူ႕လုပ္ေဖာ္ကိုင္ဖက္၏ အေတာ္ၾကာေအာင္ ျပန္မထြက္လာမႈေၾကာင့္ စိတ္မရွည္စြာ ဝင္ေရာက္လာခ်ိန္တြင္ ကန္ေဘး၌ သတိလစ္ေနေသာ ေထာင္ေစာင့္ကို ေတြ႕လိုက္ရၿပီး ႐ုတ္ျခည္း လန႔္ဖ်ပ္ကာ ျပန္လွည့္ထြက္ေျပးရန္ ျပင္လိုက္သည္။ သို႔ရာ ေနာက္ကေန ဂုတ္ပိုးအား ျဖတ္ရိုက္ခံလိုက္ရၿပီး ဘာအသံမွ် မထြက္နိုင္ေတာ့ဘဲ ၾကမ္းေပၚေမွာက္သြားရေလ၏။

စၾကၤံလမ္း၏ အဆုံးတြင္ မိစာၦဂိုဏ္းသား တခ်ိဳ႕က ေသရည္ေသာက္ရင္း စကားစျမည္ေျပာကာ အနားယူေနၾကသည္။ ထိုထဲက လူတစ္ေယာက္က ႐ုတ္တရက္ မ်က္ႏွာအေရာင္ ေျပာင္းလဲသြားကာ ထိတ္လန႔္တၾကား ထရပ္လိုက္ေလသည္။

"သရဲေတြ႕လို႔လား"

တျခားလူေတြက မူးရီေဝေနၾကၿပီး သူ ၾကည့္သည့္အရပ္သို႔ လိက္ၾကည့္ရာ တဒဂၤအတြင္း လန႔္ဖ်ပ္လြန္းကာ ေသးထြက္က်ကဳန္၏------

နဂိုက ေရလယ္အက်ဥ္းေထာင္ထဲတြင္ ပိတ္ေလွာင္ထားသင့္ပါေသာ ထိုလူအုပ္လိုက္ႀကီး တစ္စုဟာ အျပင္ကို ေျပးထြက္လာၾကၿပီး ေဒါသဟုန္းဟုန္းေတာက္ေနေသာ မ်က္ႏွာျဖင့္ သူတို႔ဘက္ကို ဦးတည္လာေနသည္ပင္။

"လာၾကပါဦး!"

မိစာၦဂိုဏ္းသားမ်ားက ေအာ္ဟစ္ၾကရင္းပင္ အလူးအလဲ ထြက္ေျပးၾကသည္။

"အက်ဥ္းသားေတြ ထြက္ေျပးလာၾကၿပီ၊ ဂိုဏ္းခ်ဳပ္ကို သြားတင္ျပလိုက္ၾက!"

႐ုတ္ျခည္းပင္လွ်င္ ဆိုရမည္။ ေရလယ္အက်ဥ္းေထာင္ တစ္ခုလုံးဟာ ဗလာက်င္းသြားၿပီး သူေတာ္ေကာင္းဂိုဏ္းမွလူမ်ားဟာ လက္အလ်ဥ္းသင့္ရာ နရံထက္မွ က်ာပြတ္၊ ဓား၊ လက္နက္မ်ားကို ယူကာ ေဒါသတႀကီး ေအာ္ဟစ္ေျပးထြက္ကာ သတ္ျဖတ္ၾကေတာ့သည္။ အခ်ိန္အေတာ္ၾကာသည္အထိ ဖမ္းဆီးအေစာ္ကားခံခဲ့ရရာ အားလုံး၏ ရင္ထဲတြင္ အေတြးတစ္ခုသာ က်န္ရစ္ေတာ့ေလသည္။

ဖုန႔္က်ိဳယဲ့ကို ကိုယ္တိုင္သတ္ပစ္မယ္ဟူ၍။

"ဂိုဏ္းခ်ဳပ္!"

ေရလယ္အက်ဥ္းေထာင္အျပင္ဘက္မွ လူက သတင္းၾကားသိရေသာ္ ကပ်ာကယာ တုန္တုန္ယင္ယင္ျဖင့္ -

"ျမန္ျမန္ေလး ဂိုဏ္းခ်ဳပ္နဲ႕ က်င္းရွယ္ဘြားဘြားကို သြားရွာေခ်!"

ခ်န္းဝုေ႐ႊက်ိဳက္အျပင္ဘက္ရွိ ႀကီးမားလွေသာ သစ္ပင္ႀကီးတစ္ပင္ေပၚတြင္ ရွန္ခ်န္းဖုန္းဟာ စခန္းအတြင္းမွ လူမ်ား၏ ေျဗာင္းသန္းဆန္ကာ ပြက္ေလာရိုက္ေနေသာ အေျခအေနကို ျမင္ေသာ္ မိမိတို႔ အစီအစဥ္၏ ပထမေျခလွမ္းဟာ လက္ဦးမႈ ရသြားၿပီျဖစ္ေၾကာင္း သိလိုက္ေပ၏။ သို႔ႏွင့္ မိုးေပၚသို႔ အခ်က္ျပမီး ၁၀ ခုေက်ာ္ ပစ္လႊတ္ကာ ျမင္းထက္သို႔ လႊားကနဲ ဆင္းသက္လိုက္သည္။

"ငါနဲ႕အတူ သြားသတ္ၾကစို႔!"

သိုင္းေလာကသားအေပါင္းတို႔ဟာလည္း ျမင္းကို ႏွင္ကာ မိုးေျမတုန္ဟည္းေစမည့္ ေအာ္ဟစ္သံမ်ား ျမည္တမ္းၾကေလသည္။ ျမင္းခြာေအာက္မွ ဖုန္မႈန႔္ျမဴခိုးမ်ား ပ်ံ့လြင့္ဝဲစဥ္ တစ္မိုးေအာက္ေျမဟာလည္း ပကတိကေသာင္းကနင္းဆန္လ်က္။

"ထြက္ေျပးေနၾကၿပီ?"

သတင္းကို ၾကားၾကားခ်င္းတြင္ ဖုန႔္က်ိဳယဲ့က က်င္းရွယ္ဘြားဘြားထံ ေလွာင္ေျပာင္သေရာ္၍ ေျပာလိုက္သည္။

"ၾကည့္ရတာ ခင္ဗ်ားရဲ႕ ကူအဆိပ္ကလည္း ဘယ္ႏွယ့္မွ မစြမ္းဘူးပဲ"

"သည္လိုအခ်ိန္မွာ ေအးစက္စက္ စကားေတြ ေျပာေနလို႔ ဘာထူးမွာလဲ!"

မိမိ၏ ေဆးမွာ ျပႆနာရွိတယ္လို႔ မယူဆေသာ္ျငား အက်ဥ္းသားမ်ား ထြက္ေျပးသြားတာကလည္း အျဖစ္မွန္ပင္။ က်င္းရွယ္ဘြားဘြားသည္ စိတ္တိုကာ ရွက္ေသာ္ျငား ဤသို႔သာ ဆိုနိုင္သည္။

"အခု အေရးႀကီးဆုံးျပႆနာကို အရင္ ေျဖရွင္းရမွာ မဟုတ္ဘူးလား"

"တပည့္ အထြတ္အျမတ္ငွက္(ေပါင့္စန္းငွက္)ေတြရဲ႕ ေလွာင္အိမ္ကို သြားဖြင့္လိုက္ရမလား"

မိစာၦဂိုဏ္းတပည့္သားက ဂ႐ုတစိုက္ ဆိုေလသည္။

"ငါ ကိုယ္တိုင္သြားမယ္"

က်င္းရွယ္ဘြားဘြားက တုတ္ေကာက္ျဖင့္ ၿခံအျပင္သို႔ ထြက္သည္။ ဖုန႔္က်ိဳယဲ့ကေတာ့ ဘာမထီဟန္ျဖင့္ ရယ္လ်က္ သူ႕ဘာသာသူ လက္ဖက္ရည္တစ္ခြက္ေတာင္ ငွဲ႕ေနလိုက္ၿပီးမွ ထ,လာၿပီး အျပင္သို႔ ထြက္လာ၏---- အရင္ကလိုသာဆိုလွ်င္ ဂိုဏ္းေတြ ‌ေလးငါးခု ေပါင္းၿပီး

တိုက္ခိုက္ပါက မိမိက အနည္းအက်ဥ္း စဥ္းစားဦးမည္ ျဖစ္ေသာ္ျငား ယေန႕တြင္ေတာ့ မတူၿပီ။ ဝိညာဥ္ေႁခြလက္ဝါးသိုင္းက က်င့္ႀကံေအာင္ျမင္ၿပီးၿပီျဖစ္၍ စမ္းသပ္ၾကည့္ရန္ အေတာ္ပဲ ျဖစ္သည္။

ေရလယ္အက်ဥ္းေထာင္အျပင္ဘက္ ေျမျပင္အလြတ္တြင္ သူေတာ္ေကာင္းဂိုဏ္းမွ လူမ်ားႏွင့္ မိစာၦဂိုဏ္းမွလူမ်ား သတ္ျဖတ္တိုက္ပြဲဝင္ေနၾကသည္။

ညေနေစာင္းကာလ၏ ဆည္းဆာသည္ မိုးေကာင္းကင္ကို လႊမ္းၿခဳံထားကာ လူတိုင္း၏ မ်က္ဝန္းတြင္ ေသြးေရာင္ထင္ဟပ္ေနေစ၏။

"ၾကည့္ရတာ က်ဳပ္ ခင္ဗ်ားတို႔ကို ေလွ်ာ့တြက္မိသြားတာပဲ"

ဖုန႔္က်ိဳယဲ့က ေခါင္မိုးထိပ္တြင္ရပ္ကာ ေအးစက္စက္ ရယ္လ်က္ ေျပာလိုက္သည္။

"ဖုန႔္က်ိဳယဲ့!"

က်န္းယင္လုံက လက္တစ္ဖက္က ဓားကိုင္ထားၿပီး မ်က္ႏွာထက္တြင္ ေသြးမ်ားေပေနကာ မုန္းတီးေသာ အၾကည့္မ်ားအျပည့္။

"က်ဳပ္ ခင္ဗ်ားရဲ႕ မယားေလးကို သတ္လိုက္လို႔ နာၾကည္းေနတာလား"

ဖုန႔္က်ိဳယဲ့က မ်က္ခုံးပင့္ကာ -

"မပူပါနဲ႕၊ ခင္ဗ်ားလည္း မၾကာခင္ သူ(မ)ကို အေဖာ္လုပ္ရေတာ့မွာပါ"

က်န္းယင္လုံက ေဒါသတႀကီး ေအာ္ဟစ္ကာ ဓားကို ေဝွ႕ရမ္းလ်က္ သူ႕ကို ခုတ္လိုက္သည္။

ဖုန႔္က်ိဳယဲ့သည္ အလြန္လ်င္ျမန္စြာ ေနာက္ဆုတ္သြားၿပီး လက္ဖဝါးကေန အတြင္းအားဟာ ျမားတစ္စင္းအလား ေျပးထြက္၍ က်န္းယင္လုံ၏ ရင္ဘတ္ထံသို႔။

"ညီေလး!"

က်န္းေက်ာင္းလုံက သူ႕ကို တြန္းထုတ္လိုက္ခ်င္ေသာ္ျငား သူ႕ထက္လ်င္ျမန္ေသာသူက ရွိေနသည္။

အနက္ေရာင္ အရိပ္တစ္ခုက တည္ၿငိမ္စြာ ေျမေပၚသို႔ သက္ဆင္းလာၿပီး လက္ထဲတြင္လည္း ေအးစက္ေသာ အလင္းေရာင္ ထုတ္လႊတ္ေနသည့္ သုံးေပမွ် ရွည္လ်ားေသာ ဓားရွည္တစ္လက္ ကိုင္ေဆာင္ထားသည္။

"ဂိုဏ္းခ်ဳပ္ခ်င္!"

သူေတာ္ေကာင္းဂိုဏ္းသားမ်ားသည္ ခ်က္ခ်င္း သူ႕ပတ္ပတ္လည္၌ ဝန္းရံလိုက္ၾက၏။

ခ်င္ေရွာက္ယြီက ဖုန႔္က်ိဳယဲ့ထံ ေအးစက္စက္ ၾကည့္လိုက္သည္။

"လတ္စသတ္ေတာ့ မင္းက မေသဘူးပဲ"

ဖုန႔္က်ိဳယဲ့က မ်က္ခုံးပင့္တက္လ်က္ -

"တကယ္ကို မထင္ထားဘူး"

"မင္းကို သတ္ၿပီးရင္ ငါက လင္အာနဲ႕ အိုေအာင္မင္းေအာင္ ေပါင္းသင္ၾကင္နာသြားရဦးမွာေလ၊ ဘယ္လိုလုပ္ ေသရက္ပါ့မလဲ"

ခ်င္ေရွာက္ယြီက ခပ္ေပါ့ေပါ့ ဆိုသည္။

"မင္းကသာ တစ္ကိုယ္တည္း၊ မိတ္ေဆြသူငယ္ခ်င္း မရွိ၊ ေဆြမ်ိဳးသားခ်င္းမရွိ၊ ေသသြားလည္း ဘယ္သူကမွ စိတ္ဆင္းမရဲမဲ့အျပင္ တခ်ိဳ႕လူေတြဆို မီးရႈးမီးပန္းေတြေတာင္ ေဖာက္ၿပီး ေပ်ာ္ပြဲဆင္ၾကဦးမွာ"

"မင္းစိတ္ႀကိဳက္သာ ေျပာပါ၊ ငါ မင္းကို ေဗြမယူဘူး"

ဖုန႔္က်ိဳယဲ့က ေလ်ာ့တိေလ်ာ့ရဲ ဟန္ပန္ျဖင့္ အကၤ်ီလက္ကို ေခါက္တင္လိုက္သည္။

"လူဆိုတာ ေသခါနီးၿပီဆို စကားမ်ားမ်ား ေျပာခိုင္းရတယ္။ အဲ့ေန႕က ေခ်ာက္ကမ္းပါးမွာ မေသလည္း ဒီေန႕ ေနာက္တစ္ႀကိမ္ ထပ္ေသခိုင္း႐ုံပဲ ရွိေတာ့တာေပါ့"

ေကာင္းကင္ယံထက္မွ ေၾကာက္မက္ဖြယ္ ေအာ္သံမ်ား ပ်ံ့လြင့္လာသည္။ ေပါင့္စန္းငွက္ ရာခ်ီဟာ အုံ႕မိုး၍ ပ်ံသန္းလာျခင္းပင္။ ေန႕ရက္ေပါင္းမ်ားစြာ ဂ႐ုတစိုက္ ေကြၽးေမြးမႈေအာက္တြင္ နဂိုကထက္ေတာင္ ဧရာမႀကီး ျဖစ္လာေသးသည္။

"အခုအခ်ိန္မွာ အရႈံးေပးရင္ အေလာင္းကို အဂၤါစုံေအာင္ ေကာက္ခြင့္ရမယ္ေနာ္"

ဖုန႔္က်ိဳယဲ့က သေရာ္လိုက္သည္။

ခ်င္ေရွာက္ယြီက ရင္ဘတ္ထဲကေန ေက်ာက္စိမ္းဝီစီေလးတစ္ခုကို ထုတ္ယူကာ ႏႈတ္ခမ္းတြင္ေတ့လ်က္ မႈတ္လိုက္သည္။

ဖုန႔္က်ိဳယဲ့က ရယ္သံထြက္လုနီးပါးပင္။

"ဧကႏၲ မင္းက အဲ့ဟာေလးကို အားကိုးၿပီး အထြတ္အျမတ္ ငွက္ကို ထိန္းခ်ဳပ္ခ်င္ေနတာလား"

"ဘယ္ေလာက္ပဲ ေကာင္းတဲ့နာမည္မ်ိဳး ေျပာင္းေခၚေခၚ၊ ညစ္ပတ္႐ြံရွာဖြယ္အေကာင္ေတြပဲေလ"

ခ်င္ေရွာက္ယြီက ေက်ာက္စိမ္းဝီစီကို ျပန္သိမ္းလိုက္ၿပီး ဆိုသည္။

"မင္း သိလား မသိဘူး၊ သည္လိုေက်ာက္စိမ္းမ်ိဳးကို ဘာလို႔ ဝူထုန္ေက်ာက္စိမ္းလို႔ ေခၚသလဲဆိုတာ"

ဖုန႔္က်ိဳယဲ့က မ်က္ေမွာင္ၾကဳတ္သည္။ သူေတာင္ စကားမဆိုရေသးခင္တြင္ ေကာင္းကင္ယံထက္မွ ၾကည္လင္ျပတ္သားလွေသာ သံရွည္စြဲ ေအာ္ျမည္သံမ်ား ပ်ံ့လြင့္လာ၏။

ခ်င္ေရွာက္ယြီ၏ ႏႈတ္ခမ္းေထာင့္ဟာ ေကြးၫြတ္သြားၿပီး -

"ဘာလို႔လဲဆိုေတာ့ ဇာမဏီေတြကို ေခၚေဆာင္နိုင္လို႔"

ေ႐ႊေရာင္ဖိတ္ဖိတ္‌ေတာက္ေနေသာ ဇာမဏီႀကီး ရာဂဏန္းသည္ ေနဝင္ဆည္းဆာႏွင့္ အၿပိဳင္ ေကာင္းကင္ယံထက္ ေနရာယူ ပ်ံသန္းလာၾကသည္။ ဧရာမ အေတာင္ပံမ်ား လႈပ္ခတ္သြားခ်ိန္တြင္ ဆည္းဆာေရာင္မ်ားပင္ အေရာင္မွိန္သြားရသည္အထိ။

ေပါင့္စန္းငွက္မ်ားသည္ ကူအဆိပ္ မိထားေသာေၾကာင့္ မည္သို႔ေသာ အေၾကာက္တရားမွ် မရွိၾကေခ်။ ထို႔ေၾကာင့္ ဆက္လက္ၿပီးေတာ့ ခ်င္ေရွာက္ယြီႏွင့္ သူေတာ္ေကာင္းဂိုဏ္းသားမ်ား ရွိရာအရပ္သို႔ ပ်ံသန္းလာၾကဆဲပင္။ က်င္းရွယ္ဘြားဘြားကသာ ထိတ္လန႔္တၾကား ျဖစ္လ်က္ ေအာ္ဟစ္လိုက္ရာ အသံေတာင္ ပ်က္ေတာ့မည္။

"ျမန္ျမန္၊ ျပန္လွည့္ၾကစမ္း!"

ခ်န္န်န္သည္ ေပါင့္စန္းငွက္မ်ားထဲက ေခါင္းေဆာင္ျဖစ္ေသာ ငွက္ေပၚတြင္ စီးလာရာ အားကုန္ထုတ္၍ ျပန္လွည့္ခိုင္းရန္ ႀကိဳးစားေလသည္။ သို႔ေသာ္ ကူအဆိပ္ေၾကာင့္ မည္သို႔မွ် သက္ေရာက္မႈ မရွိေတာ့ေပ။ ဤငွက္အမ်ိဳးအစား တစ္ခုလုံးကပင္ လူသတ္႐ုပ္ေသး႐ုပ္အျဖစ္ ေျပာင္းလဲ အသုံးခ်ခံလိုက္ရၿပီ ျဖစ္သည္။ နာက်င္မႈကို မသိ၊ ေသမည္၊ ရွင္မည္ကို နားမလည္။ ထို႔ေၾကာင့္လည္း ယခင္တစ္ႀကိမ္က သူေတာ္ေကာင္းဂိုဏ္းမ်ားက အထိနာၿပီး ရႈံးသြားရျခင္းပင္။ သို႔ေသာ္ျငား၊ တစ္ခ်ိန္က အားသာခ်က္ျဖစ္ခဲ့ေသာ အခ်က္သည္ ယေန႕အတြက္ေတာ့ အားနည္းခ်က္ ျဖစ္ေနေခ်ၿပီပင္။

ဇာမဏီႀကီးမ်ားသည္ ေ႐ႊေရာင္လက္လက္ထလ်က္ ေရစီးေၾကာင္း အသြင္ တဖြဲဖြဲ ပ်ံသန္းလာၿပီး ထက္ျမက္ခြၽန္ျမေသာ လက္သည္းမ်ားျဖင့္ ေပါင့္စန္းငွက္၏ ကိုယ္ထည္အတြင္း ထိုးစိုက္ကာ အရွင္လတ္လတ္ ႏွစ္ပိုင္း ဆြဲစုတ္ပစ္လိုက္ၾကေလသည္။

ေသြးမိုးဟာ တဖြဲဖြဲ၊ အသည္းပ်က္ဖြယ္ ေအာ္ျမည္သံမ်ားဟာ နားႏွင့္မဆံ့ေအာင္။ မိုးႏွင့္ေျမၾကား ႐ုတ္ျခည္း အနီေရာင္ ျမဴခိုးမ်ား ျပည့္ႏွက္သြားရသည္။ ေတြ႕ျမင္ေနရသူမ်ားအဖို႔ ေအာင့္ႏွလုံးနာလ်က္ အန္ခ်င္စရာအတိပင္။

"ဂိုဏ္းခ်ဳပ္!"

လူတစ္ေယာက္က အေဝးက ထိတ္လန႔္တၾကား ေအာ္ဟစ္လာသည္။

"စစ္ကူေခၚၿပီး တိုက္ဝင္လာၿပီဗ်! ကြၽန္ေတာ္တို႔ ေတာင့္မခံနိုင္ဘူး!"

အေျခအေနက မိမိစဥ္းစားထားသေလာက္ မလြယ္ကူ၊ မရိုးရွင္းေၾကာင္း သိလိုက္ရေသာအခါ ဖုန႔္က်ိဳယဲ့သည္ ခ်က္ခ်င္း အျပင္ဘက္သို႔ တိမ္းေရွာင္ရန္ ျပင္ေတာ့သည္။

ခ်င္ေရွာက္ယြီက ခ်က္ခ်င္း ပ်ံသန္းလ်က္ အေနာက္ကေန လိုက္သြားၿပီး ဇာမဏီႀကီးႏွစ္ေကာင္ကလည္း အေတာင္ပံ ခတ္လ်က္ သူ႕အေနာက္ပါးကေန ထပ္ၾကပ္မခြာ လိုက္လာေလသည္။

"က်ီ!"

အေမြးလုံးဟာ ကိုကိုေက်ာေပၚမွာ ထိုင္ေနၿပီး ေလတိုက္လြန္းသျဖင့္ အေမြးမ်ားကလည္း ပြစာႀကဲေနသည့္အျပင္ လက္သည္းပိစိေလးမ်ားျဖင့္လည္း ကိုကို႔ကို ေသခ်ာ ၿမဲၿမဲၿမံၿမံ ဖမ္းကိုင္ထားရေသးသည္။

မ်က္လုံးေရာင္ေတြကို ေတာက္ပလို႔ သတၱိရွိလိုက္တာမ်ား! ! ! ! !

ၾကည့္လိုက္တာနဲ႕ ရွန္သခင္ေလး ကိုယ္တိုင္ေမြးထားမွန္း အသိအသာႀကီးေနာ္!

ဘာလို႔လဲဆိုေတာ့ အရမ္းအရမ္းကို ေအးစက္ခန႔္ညားေတာက္ပေနလို႔ေလ! !

မိုးေမွာင္လာခ်ိန္တြင္ ခ်င္ေရွာက္ယြီက ဖုန႔္က်ိဳယဲ့အား လမ္းဆုံးတစ္ခု၌ ေခ်ာင္ပိတ္ကာ တားဆီးလိုက္ေတာ့သည္။

ေဘးႏွစ္ဖက္ရွိ အနီေရာင္ မီးပုံးႀကီးကား ေလႏွင့္အတူ လိုက္ပါ ယိမ္းႏြဲ႕ေန၏။ ၾကည့္႐ုံႏွင့္ပင္ အေတာ္ေလး စိတ္ေျခာက္ျခားစရာအတိ။

"မေျပးေတာ့ဘူးလား"

ခ်င္ေရွာက္ယြီက ေအးတိေအးစက္ ေျပာလိုက္သည္။

"မထင္ထားဘူးပဲ၊ မင္းက အရင္အတိုင္း သိပ္ေလာတုန္းပဲ"

ဖုန႔္က်ိဳယဲ့၏ ေလသံက ျမင့္တက္သြားကာ မ်က္လုံးထဲတြင္ ေကာက္က်စ္မႈမ်ား ျပည့္ေနသည္။

"တျခားလူေတြ မင္းကို မကူညီဘဲနဲ႕ မင္းက တကယ္ ငါ့ကို နိုင္မွာတဲ့လား"

"ငါ့ကို ကူမဲ့လူ မရွိဘူးလို႔ ဘယ္သူေျပာလဲ"

ခ်င္ေရွာက္ယြီက ျပန္ေမးလိုက္သည္။

"က်ီ!"

အေမြးလုံးကလည္း ဝံ့ဝံ့ႂကြားႂကြားပင္ ေျခသည္းတစ္ဖက္ကို ေထာင္၍ ကန္ျပလိုက္သည္။

"မင္းက ဒီဇာမဏီႏွစ္ေကာင္နဲ႕... ၿပီးေတာ့ ဘဲတစ္ေကာင္နဲ႕ကို အားကိုးၿပီးေတာ့လား?"

ဖုန႔္က်ိဳယဲ့က ရယ္ခ်င္ဟန္ျဖင့္ ေျပာေလသည္။

အေမြးလုံးေလးဟာ သူ႕ကိုယ္သူေတာ့ သိပ္မိုက္တယ္ ထင္ေနဆဲပါပင္။

မိမိဟာ အစားအေသာက္ သတၱဝါအဆင့္ထိ အဆင့္နိမ့္ခံလိုက္ရေၾကာင္းကို လုံးဝ မသိပါေလ။

"ၿပီးေတာ့ ငါေလ"

ရွန္ခ်န္းဖုန္းသည္ ေခါင္မိုးေပၚကေန ခုန္ဆင္းလာၿပီး ခ်င္ေရွာက္ယြီ၏ ေဘး၌ ရပ္လိုက္သည္။

"က်ီ!"

အေမြးလုံးကလည္း ဂုဏ္ယူဝံ့ႂကြားစြာျဖင့္ ေခါင္းကို ခါရမ္းလိုက္ရာ အရွိန္ကို မထိန္းနိုင္ဘဲ သူ႕ကိုယ္သူ လႊင့္ထြက္သြားေအာင္ထိ ခါရမ္းလိုက္မိေလသည္။

ရွန္ခ်န္းဖုန္း - "............."

ခ်င္ေရွာက္ယြီက ခပ္တည္တည္ပင္ သားျဖစ္သူကို ျပန္ေကာက္ၿပီး ရင္ဘတ္ထဲ ထည့္လိုက္သည္။

သည္ေလာက္ေတာင္ တုံးေနတာ၊ ကယ္စရာ‌ေဆးေရာ ရွိေသးရဲ႕လား မသိပါဘူး။

-----------

12-01-2024 (FRI)

💙☁

Continue Reading

You'll Also Like

2.5K 270 6
တစ်ကြောင်းတည်း အညွှန်း = အရမ်းကားဆုံး အကျဉ်းသား x အဖြောင့်မတ်ဆုံး စစ်သူကြီး ဒေါသပေါက်ကွဲလွယ်တဲ့ အထက်ပုဂ္ဂိုလ် x ခပ်ထူထူ အောက်ပုဂ္ဂိုလ် ဇာတ်လမ်းကျောရိ...
31.4K 355 8
A magic being that can give you one power, but only one power, asks you what power you'd like to have. And you ask to be able to understand anything...
64.5K 1.7K 10
(y/n) is a hero in training. you don't go to the u.a academy but you are being taught well. Mr.Awaiza is your uncle and after your parents death you...
54.7K 557 90
After the birthday celebration, Wen Wen used the discarded fruit basket from the fruit shop to load the garbage. However, this garbage basket was a l...