မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်...

By Ssinlet_aeri

17.3K 2.7K 221

Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Ho... More

Description
အပိုင်း ၁ : ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂ : ဂျန်နရေးရှင်းကွာဟချက်
အပိုင်း ၃ : စိတ်ဝိညာဉ်
အပိုင်း ၄ : ရှဲ့ဝမ်း
အပိုင်း ၅ : ပုံတူပန်းချီကား
အပိုင်း ၆ : အရုပ်
အပိုင်း ၇ : ကြည့်မှန်
အပိုင်း ၈ : အံဆွဲ
အပိုင်း ၉ : မှတ်စုစာအုပ်
အပိုင်း ၁၀ : ခန္ဓာကိုယ်‌ပြောင်းလဲခြင်း
အပိုင်း ၁၁ : ညှိုးရော်နွမ်းလျခြင်း
အပိုင်း ၁၂ : လှောင်အိမ်ဖြေရှင်းခြင်း
အပိုင်း ၁၃ : အဆက်အသွယ် ပြတ်တောက်ခြင်း
အပိုင်း ၁၄ : ဧည့်သည်ဖိတ်ခေါ်ခြင်း
အပိုင်း ၁၅ : သုံးဆောင်ခြင်း
အပိုင်း ၁၆ : ညဉ့်နက်လမ်း
အပိုင်း ၁၇ : အခက်ကြုံခြင်း
အပိုင်း ၁၈ : ကြမ္မာရေစက်
အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ
အပိုင်း ၂၀ : ဆန့်ကျင်ဘက်
အပိုင်း ၂၁ : ဒဏ္ဍာရီလာ
အပိုင်း ၂၂ : သုံးအုပ်စု ဝင်ရောက်လာခြင်း
အပိုင်း ၂၃ : အိမ်ပြန်ခြင်း
အပိုင်း ၂၄ : ကျန်းလန်
အပိုင်း ၂၆ : ရွှေ့ပြောင်းခြင်း
အပိုင်း ၂၇ : အတိတ်နေ့စွဲများ
အပိုင်း ၂၈ : ခြေရာလက်ရာ
အပိုင်း ၂၉ : ရေစက်ဆုံခြင်း

အပိုင်း ၂၅ : မမျှော်မှန်းထားသော

318 66 4
By Ssinlet_aeri

[Unicode]

မျက်‌နှာသေဖြင့် ဝမ်းရှီ : "မင်းလုပ်လိုက်တာ "

သေဆုံးပြီးသား မျိုးရိုးစဉ်ဆက်တစ်ခု၏ ရုတ်တရက်ဆန်ဆန် ခုန်ပျံကျော်လွှား အပေါ်တက်လာမှုကြောင့် ကင်းလှည့်ဖို့ရန်ပင် ကျန်းလန်မတွေးနိုင်တော့ချေ ။

သူမသည် ကင်းလှည့်ရန် အဆောင်မန္တာန်တချို့ကို ဖြန့်ကျက်လိုက်ပြီး သူမနေရာတွင် အစားထိုးကင်းလှည့်ရန် ဂျူနီယာတချို့ကို ရှာလိုက်၏ ။ ထို့နောက်တွင်တော့ ကျန်းပိလင်နှင့် ကျိုးရွှိကို သွားခေါ်ကာ အိမ်သို့ အဆောတလျင် ပြန်လာခဲ့လိုက်သည် ။

ကျန်းမိသားစုအိမ်တော်မှာ နျဉ်းကျိုး၏အနောက်ပိုင်းခရိုင်တွင် တည်ရှိပြီး ကြီးမားသည့် တရုတ်ရိုးရာစတိုင် အိမ်တော်အစုအဝေးဖြစ်သည် ။ အိမ်တော်မှာ အင်မတန် ခမ်းနားတင့်တယ်လှသော်လည်း တကယ်တမ်း လူငယ်လူရွယ်မျိုးဆက်ကတော့ သိပ်မနှစ်ခြိုက်လှပေ ။

အလှဆင်ထားသည့် အပြင်အဆင်က ဒိတ်အောက်ကာ ရှေးဆန်လွန်းသည်ဟု ကျန်းလန်ခံစားရပြီး ကျိုးရွှိတစ်ယောက် ဤအိမ်၌နေထိုင်ခဲ့စဉ်က အိပ်မက်ဆိုးများပင် မကြာခဏ မက်လေ့ရှိကာ ကျန်းပိလင်သည်တော့ အလည်ရောက်လာသောအချိန်တိုင်း အလွန်တရာ သတိချပ်စွာ ပြုမူတတ်သည်ပေ....နှိုင်းယှဉ်ပြောဆိုရလျှင်တော့ ကျန်းရာလင်တစ်ယောက်သာ အိမ်တော်က အတော်လေး ကောင်းမွန်သည်ဟု ထင်နေခြင်းဖြစ်ပြီး အကြောင်းမှာ သူ၏အဖိုးတန် ချစ်စဖွယ် မိမိုက်ကျက်သရေရှိလှသည့် သစ်သားသေတ္တာလေးနှင့် အလွန်လိုက်ဖက်ကိုက်ညီလှသောကြောင့် ။

ကျန်းလန်မှာ အိမ်မှထွက်ကာ တစ်ယောက်တည်း နေထိုင်ချင်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သော်ငြား ဘယ်တုန်းကမျှ မအောင်မြင်ခဲ့ချေ ။

လက်ရှိ သူမ၏မျိုးဆက်တွင် သူမက ထိပ်ဆုံး၌ရှိနေသည့်တိုင် အကြီးပိုင်းမျိုးဆက်များမှ လူကြီးများက လုံးလုံးအာဏာရှိနေသေးဆဲပင် ။ သူမ၏ အဘိုးဖြစ်သူ ကျန်းကျန့်ချူးက သဘောမတူသရွေ့ သူမ ဘယ်လောက်ပဲ ပြဿနာရှာပါစေ အသုံးမဝင်ခဲ့။

ကျန်းလန်၏အဆောင်က ကျန်းရာလင်၏အဆောင်နှင့် ဆက်လျက်သားပင် ။

လူသားသုံးယောက်နှင့် ရုပ်သေးတစ်ရုပ် ပြန်ရောက်သွားသည့်အချိန်တွင် ကျန်းရာလင်က သူ၏‌သစ်သားသေတ္တာကို သက်ဝင်ယုံကြည်စွာဖြင့် အမွှေးတိုင်ထွန်းပြီးကာစဖြစ်သည် ။

ဘေးအ‌ဆောင်မှ ဆူညံသံများကို သူကြားလိုက်ရသည်နှင့် လက်ဆေးပြီး ရောက်ချလာသည် ။ လူကိုယ်တိုင်ရောက်မလာခင် သူ့အသံက အရင်ကြိုရောက်လာနှင့်ပြီး "ဘယ်လိုလဲ ? ဘာတွေဖြစ်နေလဲ သိပြီလား ? "

ကျန်းလန်က သတိလစ်နေသော ကျိုးရွှိကို ဆိုဖာပေါ်သို့ ချရန် တစ်စုံတစ်ယောက်ကို ညွှန်ကြားလိုက်ပြီး အခြားတစ်ယောက်ကို ကျန်းပိလင်အတွက် စိတ်တည်ငြိမ်စေမည့် ရေနွေးကြမ်းအနည်းငယ် ငှဲ့ခိုင်းလိုက်သည် ။ "လင်ကျဲ ပြောတာတော့‌ လှောင်အိမ်ကို သူဖြည်လိုက်တာ မဟုတ်ဘူးတဲ့ ။ အဲ့ဒီ ရုပ်ချောတဲ့--ရှန်မိသားစုက ကောင်လေးဖြည်လိုက်တာတဲ့ "

ကျန်းရာလင် ကြားသည်နှင့် အနှီဘွားအေကြီး၏ ‌ရောဂါပြန်ထလာပြီမှန်း သိလိုက်သည် ။ "သူ့ကို မြင်ဖူးတာလား ? "

"နင်ငါ့ကို အသံမက်ဆေ့အရှည်ကြီးတွေ ပို့နေတုန်းက သူက ငါ့ဘေးမှာလေ ။ အဲ့ လူမမာလေးနဲ့အတူတူ ရှိနေတာ "

"ရှဲ့ဝမ်းလား ? "

"အင်း သူတို့အတူ လှောင်အိမ်ထဲဝင်သွားတာ "

ကျန်းမိသားစုမှာ ရှဲ့ဝမ်းနှင့် ပတ်သက်၍ ရှုပ်ထွေးသည့် ဆက်ဆံရေးခံစားချက်များရှိကြပြီး အဓိကကလည်း ရှဲ့ဝမ်းကိုယ်တိုင်ကြောင့်သာ ။

သူသည် ကျန်းမိသားစုအခွဲမှဖြစ်ပြီး မျိုးရိုးနာမည်လည်း မတူညီဘဲ မွေးစားသားဖြစ်နေသည့်တိုင် အပေါ်ယံတွင်တော့ ကျန်းမိသားစုဝင်တစ်ယောက် ဖြစ်နေသေးဆဲပင် ။ ကောလာဟလများအရ သူသည်သူ့မိဘများအား ထိခိုက်စေပြီး အပြစ်ကြွေးများဖြင့် ပြည့်နေကာ နာမည်စာရင်းမှလည်း ဖယ်ရှားခံထားရသည် ။ လူအများစုအတွက်တော့ သူသည် စွန့်ပစ်ခံထားရသည့် အပယ်ခံ မိသားစုဝင်တစ်ယောက်သာ ။

သူ့နေရာတွင် ပုံမှန်လူတစ်ယောက်သာဖြစ်ပါက အနည်းဆုံး ရှက်ရွံ့မိလိမ့်မည်ဖြစ်ပြီး မနာလိုမုန်းထားဖြစ်လျှင် ဖြစ်နေလိမ့်မည် ။

သို့သော် ရှဲ့ဝမ်းကတော့ ထိုသို့မဟုတ် ။

သူသည် လူတိုင်းကို အမြဲတစေ တပြုံးပြုံးနှင့် နှုတ်ဆက်သည် ။ ကျန်းမိသားစုကို ရေးကြီးခွင်ကျယ် အလေးပေး သံယောဇဉ်တွယ်နေခြင်း မရှိသလို အငြိုးအတေးနှင့် ပစ်မှတ်ထားနေခြင်းလည်းမရှိ ။ သူသည် ဒီတိုင်း....သူတို့နှင့် လုံးလုံး ပတ်သက်ဆက်နွယ်နေခြင်းမရှိသော သူစိမ်းတစ်‌ယောက်ပမာ ။

ကျန်းမိသားစု ဘာဖြစ်ဖြစ် သူနှင့် လားလားမျှ မသက်ဆိုင်သကဲ့သို့ပင် ။

ဤသို့သော ပြုမူပုံသဘောထားကို သူ၏ရောဂါသည် သွင်ပြင်နှင့် ပေါင်းစပ်လိုက်သောအခါ တော်တော်လေး ထူးခြားနေတော့သည် ။

သို့နှင့် ကျန်းမိသားစုတစ်ခုလုံးသာမက အခြားမိသားစုများပင် သူ့ကို မသိကျေးကျွန်ပြုထားသော်လည်း တစ်ချိန်တည်း၌ သူ့ကိုမသိသည့်သူ မရှိပေ ။ သူ့နာမည်ကြားလိုက်သည်နှင့် သူ့အကြောင်းကို နည်းနည်းလေး မဆွေးနွေးဘဲ မနေနိုင်ကြ ။

သူတို့ သူ့အကြောင်း ဆွေးနွေးကြသည့်အချိန်တိုင်း တူညီသောစာကြောင်းနှင့် အဆုံးသတ်သွားကြသည်သာ--ထားပါတော့ ။ သူ့အကြောင်း ဘာမှကိုပြောစရာမရှိဘူး ။ သူက လှောင်အိမ်လေးတစ်ခုတောင် မဖြည်နိုင်ဘူးကိုး ။

ကျန်းလန်နှင့် ကျန်းရာလင်တို့ကသာ ထိုသို့မပြောခဲ့ဖူးသော လူနှစ်ယောက်ဖြစ်လောက်သည် ။ ကျန်းလန်သည် လေးစားသမှုဖြင့် ထိုသို့မပြောခဲ့ခြင်းဖြစ်ပြီး ကျန်းရာလင်ကတော့ သူ့အကျင့်စရိုက်ကိုက ထိုသို့ပြောတတ်သည့်သူ မဟုတ်သောကြောင့်ပင် ။

"ဒါဆို မင်းပြောတာက ရှန်မိသားစုရဲ့တပည့်က နာမည်စာရင်းထဲတောင် မဝင်နိုင်တာကို လှောင်အိမ်ကို ဦးဆောင်ပြီးဖွင့်လိုက်တော့ သူတို့မျိုးဆက်က ခုန်တက်သွားတယ်လို့လား ? " ကျန်းရာလင်က မေးလာသည် ။

ကျန်းလန် : "....."

ဤသည်က ပိုလို့ပင် အလှမ်းဝေးပုံပင် ။

"ပြီးတော့ ယုတ္တိကျကျပြောရရင် သူကလှောင်အိမ်တောင် ဖွင့်နိုင်နေတယ်ဆိုမှ‌တော့ သူ့နာမည်က နာမည်စာရင်းထဲ ပေါ်လာသင့်တာပေါ့ ။ သူ့နာမည်က စာရင်းထဲ မပါလာသေးဘူးဆိုကတည်းက အဓိပ္ပာယ်က---" ကျန်းရာလင်၏ စကားမှာ ရပ်တန့်သွားတော့သည် ။

သူသည် "မတော်တဆ"ဟု ပြောချင်ခဲ့သော်လည်း တွေးကြည့်လိုက်ပြီးနောက် ပို၍ပညာသားပါပါ စကားပြန်စီလိုက်သည် ။ "သူ့စွမ်းအားက အတက်အကျရှိနေပြီး စာရင်းထဲရောက်လောက်အောင် မတည်ငြိမ်သေးတာပဲ "

ထိုသို့ပြောလိုက်သောအခါ အတော်လေး အဓိပ္ပာယ်ရှိသည်ဟု ကျန်းလန် ခံစားလိုက်ရသည် ။

သူတို့အကုန်လုံး ထိုအဆင့်ကို ဖြတ်ကျော်လာခဲ့ရသည်ပေ ။ ငယ်စဉ်အခါက သူတို့ ရုပ်သေးပညာ သို့မဟုတ် ဂါထာမန္တာန်များကို လေ့လာခဲ့ရစဉ်က သိသာမြင်သာသည့် အသိပညာအချို့နှင့် ကြွရွသည့် နည်းစနစ်အနည်းငယ်ကို သင်ယူလိုက်နိုင်သည်နှင့် လှောင်အိမ်ထဲသို့ဝင်ရန် တဂျီဂျီပူဆာကြတော့သည် ။ သူတို့ကို အဖော်ပြလိုက်ပါပေးသည့် အကြီးအကဲများကြောင့် အချိန်အများစု၌ ချစ်စဖွယ်ပြုမူတတ်သည့် ကိုယ်စားပြုအရုပ်ကလေးများအဖြစ်သာ ရှိနေကြရသည် ။ ရံဖန်ရံခါတော့ သူတို့၏လုပ်ဆောင်ချက်များမှာ သာလွန်ကောင်းမွန်သွားပြီး သူတို့ကိုယ်တိုင် လှောင်အိမ်ကို ဖြေရှင်းနိုင်ကြသည် ။

ထိုအချိန်တုန်းက သူတို့၏နာမည်များကလည်း အမည်စာရင်းထက် မပါရှိသေးချေ ။

ကျန်းရာလင်က အသက် ၁၁နှစ်အရွယ်တွင် နာမည်စာရင်းကားချပ်ထက် ပေါ်လာပြီး ကျန်းလန်သည်တော့ အသက် ၉နှစ်အရွယ်တုန်းက ပေါ်လာခဲ့သည် ။ အများစုက အသက် ၁၄ နှစ် ၊ ၁၅နှစ်မှသာ အမည်စာရင်းကားချပ်ပေါ်တွင် နာမည်ပေါ်လာနိုင်သဖြင့် သူတို့ကို ဉာဏ်ကြီးရှင်များဟုပင် သတ်မှတ်ခဲ့ကြသည် ။

အတည်ပြုကြည့်ရန်အတွက် ကျန်းလန်က ကျန်းပိလင်ကို လှည့်မေးလိုက်သည် ။ "အဲ့အချောလေး...အာ..‌ရှန်မိသားစုရဲ့တပည့်လေးပြောပါတယ် ။ လှောင်အိမ်ထဲမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေက ဘယ်လိုလဲ ? "

ကျန်းပိလင်သည် အနည်းငယ် ရှက်ရွံ့သွားရပြီး "ငါ ဝင်အပူးခံလိုက်ရတော့ လှောင်အိမ်ထဲ ဘာတွေဖြစ်ခဲ့မှန်း သိပ်မမှတ်မိဘူးဖြစ်နေတယ် ။ သူလူတွေကို ချည်ကြိုးတစ်ချောင်းနဲ့ ကယ်ခဲ့တာပဲ မှတ်မိတယ် "

ကျန်းလန်သည် ကျန်းရာလင်အား လှမ်းကြည့်လိုက်သည် ။ "ရုပ်သေးပညာရှင်ပဲ "

ကျန်းရာလင် : "သိပ်ပြီး အံ့ဩစရာတော့လဲ မဟုတ်ပါဘူး ။ အဲ့မျိုးဆက်က လူတွေအကုန် ရုပ်သေးပညာကိုပဲ သင်ကြတာကို "

ကျန်းပိလင်ထံမှ ဘာမျှရေရေရာရာ မသိရသော်ငြား ထိုအချိန်၌ ကျိုးရွှိက ရုတ်တရက်နိုးလာတော့သည် ။

ကျန်းလန်နှင့် ကျန်းရာလင်တို့ မောင်နှမနှစ်ယောက်လုံး အနှီကောင်စုတ်လေးထံမှ ဘာမျှသိပ်မမျှော်လင့်ထားခဲ့ချေ ။ ကျိုးရွှိသည် အရင်က လှောင်အိမ်ထဲသို့ ဘယ်တုန်းကမှ မဝင်ခဲ့ဖူးသလို သေသေချာချာ လေ့ကျင့်သင်ကြားခဲ့ဖူးခြင်းလဲ မရှိသည်ဖြစ်ရာ သူသည် ပုံမှန်လူသားများကဲ့သို့ပင် လှောင်အိမ်ထဲမှ ထွက်လာသည်နှင့် အထဲတွင် ဖြစ်ပျက်ခဲ့သည်များကို မေ့ပျောက်သွားမည်ဖြစ်ပြီး ရုတ်တရက် အိပ်မက်မှ နိုးထလာသယောင်ခံစားနေလိမ့်မည် ။

မမျှော်လင့်ထားစွာပင် ကျိုးရွှိး နိုးလာသည်နှင့် ပထမဆုံးလုပ်သည့်အရာမှာ သူ့ဘောင်းဘီဂွကြားကို ချက်ချင်း စစ်ဆေးလိုက်ခြင်းပင် ။

ကျန်းရာလင် : "?"

ကျန်းလန် : "ဘာဖြစ်နေတာလဲ ? "

သူ့ဘောင်းဘီက ခြောက်သွေ့နေသည်ကို မြင်သည့်အခါမှ ကျိုးရွှိသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည် ။ "ဘာမှမဖြစ်ဘူး ။ ဒီတိုင်း ကြည့်ကြည့်တာ ။ လှောင်အိမ်ထဲမှာ ကျွန်တော် အိမ်သာခဏခဏ သွားခဲ့တော့ သေးပေါက်ချမိမှာစိုးလို့ "

"....."

ကျန်းလန်သည် တစ်ခဏမျှ ‌ဆွံ့အနေပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည် ။ "လှောင်အိမ်ထဲမှာ ဖြစ်ခဲ့တာတွေကို မှတ်မိတာလား ? "

ကျိုးရွှိ : "အင်းလေ...ကျွန်တော်က ဒီလောက် ဉာဏ်ကောင်းတာ ၊ ဘာလို့မမှတ်မိရမှာလဲ ? "

ကျန်းလန်သည် တက်ကြွသွားပြီး : "ဒါဆို ရှန်မိသားစုကနှစ်ယောက်ကို မှတ်မိလား ? "

ကျိုးရွှိ : "အင်း..အငယ်က ငကြောက်လေ ၊ အကြီးကတော့...."

သူ ရုတ်တရက် ရပ်တန့်သွားလေ၏ ။

ကျန်းလန် : "အကြီးက ဘာဖြစ်လဲ ? "

ကျိုးရွှိသည် တဒင်္ဂ တွေးတောလိုက်ပြီးနောက် "တော်တော် နားလည်ရခက်တယ် "

ကျန်းလန် : "....ဘယ်လိုတုန်း ? "

ကျိုးရွှိ : "တစ်ခါတလေကျ သူက ငနုလိုပဲ ၊ ဒါပေမဲ့ တစ်ခါတလေကျတော့ သူက အတော်မိုက်နေပြန်ရော "

ကျိုးရွှိ၏စိတ်အစဥ်မှာ တကယ်ကို ရှင်းလင်းပြတ်သားနေပြီး အစမှအဆုံးအထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်မိနေ၏ ။ ထို့ကြောင့် သူသည် အဓိကကျသည့် အချက်နှစ်ချက်ကို ထုတ်ပြောလိုက်သည် ။ "သူက ကိုယ်ဟန်ပြအရုပ်တွေထဲ ဝင်ပူးပြီး သူတို့ကို လှောင်အိမ်ထဲ ခေါ်လာတာ ရှဲ့ဝမ်း--"

ကျန်းပိလင်က သူ့ကို ဆူပူလာပြီး : "ကောလို့ ခေါ်လေ "

ကျိုးရွှိကတော့ လုံးလုံး နားကန်းချင်ယောင်ဆောင်နေ၏ ။ "ရှဲ့ဝမ်းက ကိုယ်အပေါ်ပိုင်းပဲရှိပြီး သူ့ညီကျ ခန္ဓာကိုယ်အောက်ပိုင်းပဲရှိတယ်ဆိုနေ ။ တီလေး‌ရာ..စဉ်းစားကြည့် "

ကျန်းလန်သည် သူပြောသည့် ရှဲ့ဝမ်းက "ကိုယ်အပေါ်ပိုင်းပဲရှိတယ်"ဟူသည်ကို မမြင်ယောင်နိုင်သဖြင့် အနည်းငယ် စိတ်ဝင်စားသွား‌တော့သည် ။

ကျိုးရွှိက ဆက်ပြောလာသည် ။ "ဒါပေမဲ့ သူက ရုပ်သေးလုပ်နိုင်တယ် ။ မြွေရုပ် "

သူသည် အလွန်တရာမှ မိမိုက်သည်ဟု ပြောချင်သော်ငြား သူ့ရှေ့တွင် ရှိနေသည်က ကျန်းရာလင်ဖြစ်သဖြင့် ဘာမှစိတ်လှုပ်ရှားစရာမရှိဟု ခံစားလိုက်ရသည် ။

သူဆက်ပြီး ပြောမလာသဖြင့် ကျန်းလန်နှင့်ကျန်းရာလင်သည် ရုပ်သေးရုပ်ကို ငှက်ကလေး ၊ ယုန်ကလေးကို ဖန်တီးသည်နှင့် ဘာမှမခြားသော "မြွေအသေးလေး "ဟု အလိုအလျောက် ထင်သွားကြ၏ ။

ထိုအခါ ရှန်မိသားစုမှ တပည့်လေးက အမည်နာမစာရင်းကားချပ်ပေါ် ရောက်နိုင်သည်အထိ စွမ်းအားမကြီးသေးဟု အခြေခံအားဖြင့် အတည်ပြုနိုင်သွားသည် ။ တစ်ယောက်မကျန် သေဆုံးပြီးသော မျိုးဆက်က အပေါ်သို့ တက်လာသည်ကတော့....

ဖြစ်နိုင်သည်က အနည်းငယ် ထိခိုက်သွားတာ ဖြစ်လောက်ပြီး နောက်တစ်ကြိမ်ဟူ၍ မရှိလောက်တော့ပေ ။

သို့တိုင် သတိထားသည့်အနေဖြင့် ကျန်းရာလင်က ဆိုသည် ။ "အခု နျဉ်းကျိုးမှာ ကင်းလှည့်ဖို့ လူလိုနေတယ်မဟုတ်လား ? မင်းသူ့ကိုစမ်းကြည့်ရင်ရော ? "

"ပြီးရော " ကျန်းလန်သည် ကျိုးရွှိနှင့် ကျန်းပိလင်ထံသို့ လှည့်ကာ မေးလိုက်သည် ။ "ဒါနဲ့ သူ့နာမည်က ဘာတဲ့လဲ ? "

ကျိုးရွှိသည် တစ်ခဏမျှ ကြောင်အသွားပြီးနောက် "သေစမ်း...မေးဖို့ မေ့သွားတယ် "

ကျန်းလန် : "....."

***

ကျန်းလန်သည် အလျင်စလို ထွက်လာခဲ့ပြီး ဝမ်းရှီနှင့် ကွက်တိလွဲချော်သွားသည် ။

ရှဲ့ဝမ်းက သူတို့ကို လမ်းထောင့်ဆုံးအထိ လိုက်ပို့ပေးခဲ့ပြီး ကားထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်ပြီးကာမှ ရှီဖျင်းပြခန်းသို့ ပြန်သွားခဲ့သည် ။ မမျှော်လင့်ထားစွာပင် ကားထွက်ခွာပြီး မကြာခင် ဝမ်းရှီက ယာဉ်မောင်းကို ပြောလိုက်သည် ။ "ဝမ့်ချွမ်မသေမျိုးမြို့တော်ကို သွားပေးပါ "

ရှချောင် ကြက်သေသေသွားတော့သည် ။

ကားက ပလာဇာ၏အရှေ့တွင် ရပ်သွားချိန်၌ ညသည် အတော်လေးမှောင်ရီနေခဲ့လေပြီ ။ ဝမ်းရှီ ကားထဲမှ ထွက်လာပြီး ရှော့‌ပင်းမောအထဲ၌ မီးဖွင့်ထားဆဲ လက်ကျန်ဆိုင်ခန်းအချို့ကို မြင်လိုက်ရသည် ။ သံပန်းဆွဲတံခါးများမှာ တစ်ဝက်ချထားလျက် အချိန်မရွေး ဆိုင်ပိတ်တော့မည့်အလား ။

အနှီမြင်ကွင်းမှာ လှောင်အိမ်ထဲကနှင့် တူညီလွန်းနေပြီး အကြောက်တရားအချို့က ရှချောင်စိတ်ထဲ ကျန်ရှိနေသေးဆဲ ။ "ကော...ဘာလို့ ဒီကိုထပ်လာရပြန်တာလဲဗျာ ? ကျွန်တော်တို့ အိမ်ပြန်မှာမဟုတ်ဘူးလား ? "

"ငါ လူလိုက်ရှာနေတာ " ဝမ်းရှီ ပြောလိုက်သည် ။

ထိုအချိန်က သူထီးကို လက်ခံခဲ့သည့် အကြောင်းရင်း၏ ပထမတစ်ချက်မှာ ဖန့်ကွမ်းတစ်ယောက်၏ အလိုလိုသိစိတ်မှ အရင်းခံလာပြီး လှောင်အိမ်၏တည်ရှိမှုအား သိလိုက်ရသည်နှင့် လှောင်အိမ်ကိုဖြေရှင်းချင်ခဲ့သည် ။ ဒုတိယအချက်အနေဖြင့် အမျိုးသမီးယာဉ်မောင်းက သူ့ထံသို့ ထီးကမ်းပေးလာချိန် ထိုရင်းနှီးကျွမ်းဝင်နေသည့်ရနံ့ကို ဖျတ်ခနဲရလိုက်သည်--သူကိုယ်တိုင်၏ရနံ့ပင် ။

"အနံ့ရလိုက်သည်"ဟုဆိုသော်လည်း လက်တွေ့တွင် သူတကယ် အနံ့ရလိုက်ခြင်းမျိုးမဟုတ်ပေ ။ ခံစားမိလိုက်ခြင်းသာ ။

ရှချောင်သည် အတော်လေးတော့ ဉာဏ်ကောင်းသေးသည်ဖြစ်ရာ ဝမ်းရှီက သူ့စိတ်ဝိညာဉ်၏ ခြေရာလက်ရာ ထပ်မံ၍ ခံစားမိခြင်းဖြစ်ကြောင်း သူသိလိုက်သည် ။ ထို့နောက် သူသည် ဝမ်းရှီနောက်မှလိုက်ကာ ဝမ့်ချွမ်မသေမျိုးမြို့တော်ကို လှည့်ပတ်သွားလာပြီးနောက် ဈေးဝယ်စင်တာထဲသို့ဝင်ကာ စက်လှေကားဖြင့် အပေါ်ထပ်သို့ တက်လာခဲ့သည် ။

"ကော...စိတ်ဝိညာဉ်ရှာဖို့က အရမ်းခက်တာပဲလား ? " ရှချောင်သည် မမေးမြန်းဘဲ မနေနိုင်ခဲ့ချေ ။ "အရိပ်အယောင်တွေ ကျန်နေခဲ့တာပဲကို ၊ နှစ်တွေအကြာကြီး ဘယ်လိုလုပ် ရှာမတွေ့ရတာလဲ ? "

ဝမ်းရှီ : "အရင်က ဘာအရိပ်အယောင်မှ မရှိခဲ့ဘူး "

ရှချောင်မှာ မင်သက်သွားရပြီး : "အာ ? "

ဝမ်းရှီဆိုလိုသည်ကို နားလည်ရန် အချိန်အတော်ကြာယူပြီးမှ သူသဘောပေါက်သွားခဲ့သည် ။ "ကောပြောတာက အရင်ကနှစ်တွေ ဒီလောက်အကြာကြီးအတွင်း ဘာအရိပ်အယောင်မှ ရှာမတွေ့ခဲ့ဘူးလို့လား ? "

ဝမ်းရှီ : "အင်း "

သူသည် သူ့စိတ်ဝိညာဉ်ကပဲ ပျောက်ဆုံးသွားသည်လား ၊ သို့တည်းမဟုတ် သူမေ့ပျောက်သွားခဲ့သော အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် သူ့စိတ်ဝိညာဉ်သည် အပြီးတိုင် ပျောက်ကွယ်သွားသည်လားဆိုတာ အချိန်အတော်ကြာ သံသယဝင်ခဲ့ရသည် ။

ယခုတစ်ခေါက် ဝူရှန်းဂိတ်မှ ပြန်ထွက်လာသည့်အချိန်မှသာ နောက်ဆုံးတော့ ခြေရာလက်ရာနှစ်ခု တွေ့ရှိခဲ့ခြင်း ။

ဤသည်ကပင် တိုးတက်မှုကြီးဖြစ်သည် ။

သို့သော် သူသည် သူ၏စိတ်ဝိညာဉ်နှင့် အချိန်အတော်ကြာ ဝေးကွာနေခဲ့သောကြောင့်ဖြစ်နိုင်၏ ၊ ဤသို့သော သိစိတ်ခံစားချက်က အမြဲလိုလို လျင်မြန်စွာ ပျောက်ကွယ်သွားသည်မှာ သူအချိန်မီ မတုံ့ပြန်လိုက်နိုင်သည်အထိ မြန်ဆန်လွန်းလှသည် ။ သူသည် ရှော့ပင်းမောထဲ လျှောက်လှမ်းလာပြီး ဆိုင်ခန်းတစ်ခုရှေ့မှ ဖြတ်သွားသည့်အချိန်မှသာ သေးငယ်သည့် ရနံ့ကို ဖျတ်ခနဲရလိုက်သည် ။ သို့တိုင် သူပြန်သွားကြည့်လိုက်သောအခါ အနံ့က ပျောက်ကွယ်သွားခဲ့လေပြီ ။

ထင်သည့်အတိုင်း ထိုဆိုင်မှာ လောင်စုန့်၏ စာရေးကိရိယာ လက်ကားဆိုင်ပင် ။ သံပန်းတံခါးက တင်းကျပ်စွာ ပိတ်ထားပြီး သော့ခတ်ထားသည်မှာ ရက်ပေါင်းများစွာ ဆိုင်မဖွင့်သည့်အလား ။

တတိယထပ်၏ ထောင့်ချိုးတွင်တော့ ဖွင့်လှစ်ဆဲ ဆိုင်နှစ်ဆိုင်ရှိ၏ ။ တစ်ဆိုင်မှာ ချူးကျစ်ဆန်ခေါက်ဆွဲဆိုင်ဖြစ်ပြီး နောက်တစ်ဆိုင်မှာ မစ္စရွှိအပ်ချုပ်ဆိုင်ပင် ။ ဝမ်းရှီသည် ခေတ္တတွေးတောလိုက်ပြီးနောက် လောင်စုန့်၏အခြေအနေကို သွားမေးရန် ဆုံးဖြတ်လိုက်တော့သည် ။

ဆန်ခေါက်ဆွဲဆိုင်ထဲ၌ ဧည့်သည်အနည်းငယ် ရှိနေကာ စားသောက်ရင်း ဆိုင်ရှင်နှင့် စကားပြောနေကြသည် ။ သူတို့၏ ရင်းနှီးကျွမ်းဝင်နေပုံကို ကြည့်ရုံဖြင့် ထိုသူတို့သည်လည်း မပြန်ခင် ညစာလာစားကြသော ရှော့ပင်းမောထဲမှ ဆိုင်ပိုင်ရှင်များဖြစ်ဖို့များသည် ။

ဆိုင်ရှင်က သံညှပ်နှစ်ခုကို အသုံးပြု၍ မြေအိုးတစ်လုံးကို ဧည့်သည်စားပွဲပေါ်သို့ ချလိုက်ပြီး အိုးထဲရှိ အသားပြုတ်ရည်များမှာ ဆူပွက်နေသေးဆဲ ။ တပွက်ပွက်ဆူနေသည့်အသံကို အပြင်ဘက်မှ ဖြတ်သွားသောသူများပင် ကြားနေရပြီး အခိုးအငွေ့များနှင့်အတူ မွှေးကြိုင်သည့်ရနံ့က ပျံ့လွင့်လာသည် ။

ဝမ်းရှီသည် မျက်လွှာတစ်ဝက်ချ၍ အပ်ချုပ်ဆိုင်သို့ လျှောက်သွားသော်လည်း မျက်လုံးထောင့်မှ ပွက်ပွက်ဆူနေသော မြေအိုးကို မြင်လိုက်ရသောအခါ တစ်ခဏမျှ ရပ်တန့်သွားခဲ့သည် ။

ရုတ်ချည်းပင် ရှဲ့ဝမ်း၏ လူစည်လှ‌သော ရှီဖျင်းပြခန်းဒုတိယထပ်နှင့် ရှေးဟောင်း‌သစ်သားစားပွဲထက်ရှိ ပူပူနွေးနွေး စွပ်ပြုတ်အိုးကို အကြောင်းပြချက်မရှိ အမှတ်ရသွား၏ ။ အကယ်၍ အေးစက်လှသော ဆယ့်နှစ်လပိုင်း ဆောင်းရာသီသာ ဖြစ်နေခဲ့ပါက စွပ်ပြုတ်မျက်နှာပြင်မှ ပူနွေးသိပ်သည်းသော အဖြူရောင်အခိုးအငွေ့များမှာ မျက်လုံးများ ပူစပ်လာသည်အထိ ပူနွေးနေလောက်သည် ။

"ကောရေ ? " သူရုတ်တရက် ရပ်တန့်သွားသည်ကိုမြင်သော် ရှချောင်က အနည်းငယ် မဝံ့မရဲလှမ်းခေါ်လာသည် ။

ဝမ်းရှီ မျက်တောင်ခတ်လိုက်ကာ အလျင်အမြန် အသိစိတ်ပြန်ဝင်လာ၏ ။ "ဟင် ? "

ရှချောင်က သူ့အကြည့်လားရာအတိုင်း လိုက်ကြည့်လိုက်သောအခါ ဆန်ခေါက်ဆွဲများဖြင့် ပြည့်နေသည့် အငွေ့တထောင်းထောင်းနှင့် အိုးများစွာကို မြင်လိုက်ရသည် ။ သူသည် မရေမရာဖြင့် "ဗိုက်ဆာနေတာလား ? "

"မဆာဘူး " ဝမ်းရှီက အောက်ချထားသောလက်မှ လက်ဆစ်များကို ချိုးနှိပ်လိုက်ရင်း ဆက်လက်လျှောက်သွားတော့သည် ။ "ပြုစားခံလိုက်ရတာ "

ရှချောင် : " ? "

မစ္စရွှိသည် အပ်ချုပ်စက်ဘေးတွင်ထိုင်လျက် နှာခေါင်းထပ် စာဖတ်မျက်မှန်တစ်စုံကို တပ်ဆင်ထားကာ အပ်ချည်ကြိုးကို လိမ်လျက် စက်ထဲသို့ ကြိုးထိုးနေသည် ။ သူမက အမှန်တကယ်ကို ရှေးဆန်သည့် ဆံထုံးအတုကို ဝတ်ဆင်ထားသည့်တိုင် လှောင်အိမ်ထဲကလောက် အိုမင်းနေပုံမပေါ်ချေ ။

"တစ်ခုခု ချုပ်ချင်လို့လား ? " အဘွားအိုက ဝမ်းရှီကို မျက်မှန်အပေါ်မှ လှမ်းကြည့်ကာ နွေးထွေးကြင်နာစွာ ပြုံးပြလာသည် ။

ဝမ်းရှီ ဆိုလိုက်၏ ။ "မဟုတ်ဘူး ။ လူတစ်ယောက်ကို လိုက်ရှာနေတာ "

အဘွားအိုက စိတ်ထဲမထားချေ ။ "ဘယ်သူ့ကို ရှာနေတာလဲကွယ့် ? "

ဝမ်းရှီသည် မျက်စောင်းထိုးမှ သော့ခတ်ထားသည့်ဆိုင်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည် ။ "လောင်စုန့် "

ရှချောင်က သူ့ကို တိတ်တဆိတ် လှမ်းကြည့်လာသည် ။ ဘာကြောင့်မှန်း မသိသော်ငြား တရင်းတနှီးဆန်သည့် "လောင်စုန့် "ဟူသော နာမည်ပြောင် ဝမ်းရှီပါးစပ်မှ ထွက်လာသည်မှာ အင်မတန် ဆန်းကျယ်လှသည်ဟု သူခံစားလိုက်ရသည် ။

အဘွားအိုက "ဪ"ဟု အသံပြုလာ၏ ။ "သူ ဒီကိုမလာတာအတော်ကြာပြီ ။ သူက နေမကောင်းဖြစ်ပြီး ဆေးရုံပေါ်ရောက်နေတာလေ ။ သူ့မိန်းမ မတော်တဆဖြစ်ပြီးကတည်းက ဗုန်းဗုန်းလဲသွားပြီး ဒီ‌ရှော့ပင်းမောမျက်စောင်းထိုးက ဆေးရုံမှာ တက်နေတာ "

ဆန်ခေါက်ဆွဲဆိုင်ပိုင်ရှင်သည်လည်း အင်မတန် ပေါင်းသင်းဆက်ဆံရေးကောင်းသောလူပင် ။ အဘွားအို ပြောသည်ကို ကြားသော် လက်သုတ်ပြီး ရောက်ချလာ၏ ။ "ခင်ဗျားတို့က ပစ္စည်းဝယ်ချင်လို့ သူ့ကိုရှာနေတာလား ? အလျင်လိုလို့လား ? နောက်နှစ်ရက်အတွင်း မလိုသေးဘူးဆိုရင် ဆက်သွယ်ခိုင်းဖို့ ဖုန်းနံပါတ်ယူထားပေးမယ်လေ ။ သူပြန်သက်သာလာတာနဲ့ ဖုန်းခေါ်လိုက်မယ် "

ရှချောင်က အလျင်စလို ပြန်ဖြေလိုက်သည် ။ "ကျွန်တော်တို့ ပစ္စည်းဝယ်မလို့လာတာ မဟုတ်ပါဘူး ။ သူဘယ်လိုနေလဲ ကြည့်ချင်ရုံပါ "

"ဪ..အဲ့တာဆို ဆေးရုံသွားကြည့်ပါလား " စားသောက်ဆိုင်ပိုင်ရှင်က တစ်နေရာသို့ ညွှန်ပြကာ "ကျွန်တော် အရင်တစ်ပတ်ကတင် သွားခဲ့တာ ။ သူက ဒုတိယထပ်က ခုတင်နံပါတ် ၁၂မှာ "

၁၀ မိနစ်အကြာ၌ ဝမ်းရှီနှင့် ရှချောင်သည် ဆေးရုံအတွင်းလူနာဌာန၏ ဒုတိယထပ်ရှိ လျှောက်လမ်းတွင် ရပ်နေခဲ့ကြပြီး ။

စည်းမျဉ်းများအရ ဤဌာန၌ ညအချိန် လူနာလာကြည့်ခြင်းကို လက်ခံခဲ၏ ။ သို့ပေသိ လောင်စုန့်က ယနေ့ည အခြေအနေ ကောင်းမွန်နေပြီး ဆက်တိုက် မြင့်တက်နေသည့် အဖျားကလည်း ကျသွားကာ ရောင်ရမ်းမှုများလည်း လျော့သွားပြီဖြစ်သည် ။ သူသည် အနည်းငယ် အစားဝင်ပြီဖြစ်သော်လည်း စကားတော့ သိပ်မပြောသေးပေ ။

သူနာပြုက ပြောလာသည် ။ "သူနဲ့အဖော်ပြုပြီး စကားပြောလို့ရပေမဲ့ အကြာကြီးနေလို့တော့မရဘူး "

ဝမ်းရှီသည် သိသိသာသာကို အဖော်ပြုစကားပြောပေးမည့်သူ မဟုတ်သဖြင့် အခန်းထဲသို့ ချက်ချင်းမဝင်သွားခဲ့ချေ ။

သူသည် လျှောက်လမ်း၏ ထောင့်ချိုးတွင်ရပ်ကာ အိတ်ကပ်ထဲမှ အဝါရောင်အင်းစာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ငှက်တစ်ကောင်ပုံ အလျင်အမြန်ခေါက်လိုက်သည် ။ ရှချောင် အရင်က သည်အရာကို မြင်ဖူး၏ ။ ဝမ်းရှီ သူ့စိတ်ဝိညာဉ် အငွေ့အသက်ကို ပထမဆုံးရခဲ့သည့် အချိန်တုန်းကလည်း စက္ကူငှက်ခေါက်ကာ နောက်ယောင်ခံလိုက်ခိုင်းခဲ့သည် ။

"ဒီတစ်ခေါက် ဘယ်သူ့နောက် လိုက်ခိုင်းမှာလဲ ? " ရှချောင် ခပ်တိုးတိုး မေးလိုက်သည် ။ "လောင်စုန့်လား ? "

"သူ ဘယ်သွားခဲ့လဲ ကြည့်ကြတာပေါ့ " ဝမ်းရှီ ပြောလိုက်သည် ။

သာမန်လူသားတစ်ယောက်ဖြစ်သော လောင်စုန့်ထံတွင် အကြောင်းပြချက်မရှိဘဲ ဝမ်းရှီ၏စိတ်ဝိညာဉ်ရနံ့ရနေမည်မဟုတ် ။ သူသည် ယခင်က တစ်နေရာရာသို့သွားကာ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ရမည် ။

ဝမ်းရှီ သူ့လက်ကို ဖွင့်လိုက်သောအခါ စက္ကူငှက်ကလေးက တောင်ပံတဖျတ်ဖျတ်ခတ်ကာ တံခါး‌အောက်ခြေအဟကြားမှတစ်ဆင့် အခန်းထဲသို့ လျှောဝင်သွားခဲ့သည် ။ ၎င်းက လောင်စုန့်၏ အိပ်ရာအစွန်းတွင် အသံတိတ်ပျံဝဲရစ်ပတ်နေပြီးနောက် တိုးတိတ်စွာ ထွက်ခွာသွားလေ၏ ။

လောင်စုန့်က ထိုပစ္စည်းလေးကို လုံးဝ သတိမထားမိချေ ။ သူ့အသားအရောင်က အဆင်ပြေပုံပေါ်သည့်တိုင် သူ့မျက်နှာအမူအရာသည်တော့ အနည်းငယ်မှုန်မှိုင်းနေပြီး အကြည့်အောက်ချလျက် ရီဝေဝေဖြင့် အိပ်ရာခေါင်းရင်းကို မှီလျက်ထိုင်နေခဲ့သည် ။

ဝမ်းရှီသည် တံခါးဘေးတွင်ရပ်ရင်း မှန်ပြတင်း‌ပေါက်မှတစ်ဆင့် လောင်စုန့်ကို အချိန်တစ်ခုစာ ကြည့်နေပြီးနောက် ခေါင်းငုံ့ကာ တစ်ခုတည်းကျန်သည့် အမွှေးတိုင်နှင့် မီးခြစ်ကို ထုတ်ယူလိုက်သည် ။

ဝမ်းရှီတစ်ယောက် အမွှေးတိုင်ကို ကျွမ်းကျင်စွာ ထွန်းညှိကာ သူ့လက်ချောင်းထိပ်များအား အသာအယာ ပွတ်သပ်နေသည်ကို ရှချောင် ကြည့်နေ၏ ။ အမွှေးတိုင်အောက်ခြေမှ အနက်ရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ဝမ်းရှီက ဖြည်းညင်းစွာဖြင့် ကြိုးတစ်ချောင်းအသွင် ရစ်ပတ်လိုက်သည် ။

ရှချောင် တွေးမိသည်က သူ့အတွက် ရှန်ချောင်တစ်ခုခုချန်ထားပေးခဲ့သလို လောင်စုန့်အတွက်လည်း တစ်စုံတစ်ခု ချန်ထားပေးချင်ခဲ့ခြင်း ဖြစ်ရမည်ဟု ။ နောက်ထပ် မက်မွန်ပွင့်ဖြူသစ်ကိုင်းတစ်ကိုင်း ဖြစ်ဖို့များ၏ ။

ထိုအတွေးက သူ့ခေါင်းထဲ ပေါ်လာသည်နှင့် အိတ်ကပ်ထဲရှိ သူ့ဖုန်းက စတင်တုန်ခါလာခဲ့သည် ။

ဝမ်းရှီက ယာဉ်မောင်းအမျိုးသမီး၏ အကြွင်းအကျန် မီးခိုးငွေ့များကို ပုံသွင်းနေရင်း တန်းလန်း ဖုန်းမြည်သံကြားသောကြောင့် လှမ်းကြည့်လိုက်သောအခါ ရှချောင်တစ်ယောက် သူ့ဖုန်းကို ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသည် ။ ဖုန်းမျက်နှာပြင်ထက် ကြီးမားသော စာလုံးနှစ်လုံးရှိနေ၏--ရှဲ့ဝမ်း ။

ဝမ်းရှီ၏လက်ချောင်းများ တုန်ယင်သွားခဲ့သည် ။

မီးခိုးငွေ့များက ပုံပြောင်းမသွားခင် စက္ကန့်ပိုင်းအလို၌ ဘောလုံးတစ်လုံးအသွင် လိမ်ယှက်သွားလေ၏ ။ ပြီးပြည့်စုံသော မက်မွန်ပွင့်ဖြူကိုင်းက ပျောက်ကွယ်သွားပြီး လက်တစ်ဖဝါးစာအရွယ် အမွှေးပွပွအရာအဖြစ် ပြောင်းလဲသွားကာ ကြမ်းပြင်ပေါ် အပုံလိုက်ကျသွားသည် ။

ဝမ်းရှီ : "....."

အင်မတန် မမျှော်မှန်းထားသည့်အဖြစ်ပင် ။

အရင်တစ်ခေါက်က ရှချောင် ၊ ယခုတစ်ခေါက်ကျ ရှဲ့ဝမ်း ။ နှစ်ယောက်လုံးက သူ့ကို တမင်လုပ်နေသလို ခံစားလိုက်ရသည် ။

သူသည် မျက်နှာသေဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထိုအရာကို ဂုတ်မှဆွဲကာ သူ့မျက်လုံးရှေ့သို့ရောက်အောင် ဆွဲကိုင်လိုက်သည် ။

တစ်ချိန်တည်းမှာပင် ရှချောင်က ဝမ်းရှီ၏နားရွက်နား ဖုန်းကို ကပ်ပေးလာပြီး ပါးစပ်အမူအရာဖြင့် ပြောလာ၏ ။ "‌သူဌေးရှဲ့က ကောကိုရှာနေတယ် "

နောက်တစ်စက္ကန့်အတွင်း ရှဲ့ဝမ်းအသံက သူ့နားနံဘေးမှ ထွက်ပေါ်လာခဲ့သည် ။ "အိမ်ပြန်ရောက်ပြီလား ?"

ဝမ်းရှီ : "....ဟင့်အင်း "

ရှဲ့ဝမ်း : "အပြင်မှာပဲ ရှိနေသေးတာလား ? "

ဝမ်းရှီ : "ဆေးရုံမှာ "

ရှဲ့ဝမ်း : "ဘာလို့ ဆေးရုံကိုရောက်နေတာလဲ ? "

ဝမ်းရှီ ဘာမှပြန်မပြောရသေးခင် သူကိုင်ထားသော ခပ်လုံးလုံးအရာက အော်မြည်သံပြုလာသည် ။

ဖုန်းတစ်ဖက်မှ ရှဲ့ဝမ်းက ကြောင်အမ်းသွားပြီး "ငါ ကြောင်အော်သံ ကြားလိုက်ရသလိုပဲ ။ ကြောင်က ဘယ်ကနေ ရောက်လာတာလဲ ? "

ဝမ်းရှီ၏ မျက်နှာမှာ အမူအရာကင်းမဲ့နေလျက် ။ "မင်းလုပ်လိုက်တာ "

ရှဲ့ဝမ်း : " ? "

***

[Zawgyi]

မ်က္‌ႏွာေသျဖင့္ ဝမ္းရွီ : "မင္းလုပ္လိုက္တာ "

ေသဆုံးၿပီးသား မ်ိဳးရိုးစဥ္ဆက္တစ္ခု၏ ႐ုတ္တရက္ဆန္ဆန္ ခုန္ပ်ံေက်ာ္လႊား အေပၚတက္လာမႈေၾကာင့္ ကင္းလွည့္ဖို႔ရန္ပင္ က်န္းလန္မေတြးနိုင္ေတာ့ေခ် ။

သူမသည္ ကင္းလွည့္ရန္ အေဆာင္မႏၲာန္တခ်ိဳ႕ကို ျဖန႔္က်က္လိုက္ၿပီး သူမေနရာတြင္ အစားထိုးကင္းလွည့္ရန္ ဂ်ဴနီယာတခ်ိဳ႕ကို ရွာလိုက္၏ ။ ထို႔ေနာက္တြင္ေတာ့ က်န္းပိလင္ႏွင့္ က်ိဳးရႊိကို သြားေခၚကာ အိမ္သို႔ အေဆာတလ်င္ ျပန္လာခဲ့လိုက္သည္ ။

က်န္းမိသားစုအိမ္ေတာ္မွာ န်ဥ္းက်ိဳး၏အေနာက္ပိုင္းခရိုင္တြင္ တည္ရွိၿပီး ႀကီးမားသည့္ တ႐ုတ္ရိုးရာစတိုင္ အိမ္ေတာ္အစုအေဝးျဖစ္သည္ ။ အိမ္ေတာ္မွာ အင္မတန္ ခမ္းနားတင့္တယ္လွေသာ္လည္း တကယ္တမ္း လူငယ္လူရြယ္မ်ိဳးဆက္ကေတာ့ သိပ္မႏွစ္ၿခိဳက္လွေပ ။

အလွဆင္ထားသည့္ အျပင္အဆင္က ဒိတ္ေအာက္ကာ ေရွးဆန္လြန္းသည္ဟု က်န္းလန္ခံစားရၿပီး က်ိဳးရႊိတစ္ေယာက္ ဤအိမ္၌ေနထိုင္ခဲ့စဥ္က အိပ္မက္ဆိုးမ်ားပင္ မၾကာခဏ မက္ေလ့ရွိကာ က်န္းပိလင္သည္ေတာ့ အလည္ေရာက္လာေသာအခ်ိန္တိုင္း အလြန္တရာ သတိခ်ပ္စြာ ျပဳမူတတ္သည္ေပ....ႏွိုင္းယွဥ္ေျပာဆိုရလၽွင္ေတာ့ က်န္းရာလင္တစ္ေယာက္သာ အိမ္ေတာ္က အေတာ္ေလး ေကာင္းမြန္သည္ဟု ထင္ေနျခင္းျဖစ္ၿပီး အေၾကာင္းမွာ သူ၏အဖိုးတန္ ခ်စ္စဖြယ္ မိမိုက္က်က္သေရရွိလွသည့္ သစ္သားေသတၱာေလးႏွင့္ အလြန္လိုက္ဖက္ကိုက္ညီလွေသာေၾကာင့္ ။

က်န္းလန္မွာ အိမ္မွထြက္ကာ တစ္ေယာက္တည္း ေနထိုင္ခ်င္ခဲ့သည္မွာ အေတာ္ၾကာၿပီျဖစ္ေသာ္ျငား ဘယ္တုန္းကမၽွ မေအာင္ျမင္ခဲ့ေခ် ။

လက္ရွိ သူမ၏မ်ိဳးဆက္တြင္ သူမက ထိပ္ဆုံး၌ရွိေနသည့္တိုင္ အႀကီးပိုင္းမ်ိဳးဆက္မ်ားမွ လူႀကီးမ်ားက လုံးလုံးအာဏာရွိေနေသးဆဲပင္ ။ သူမ၏ အဘိုးျဖစ္သူ က်န္းက်န႔္ခ်ဴးက သေဘာမတူသေရြ႕ သူမ ဘယ္ေလာက္ပဲ ျပႆနာရွာပါေစ အသုံးမဝင္ခဲ့။

က်န္းလန္၏အေဆာင္က က်န္းရာလင္၏အေဆာင္ႏွင့္ ဆက္လ်က္သားပင္ ။

လူသားသုံးေယာက္ႏွင့္ ႐ုပ္ေသးတစ္႐ုပ္ ျပန္ေရာက္သြားသည့္အခ်ိန္တြင္ က်န္းရာလင္က သူ၏‌သစ္သားေသတၱာကို သက္ဝင္ယုံၾကည္စြာျဖင့္ အေမႊးတိုင္ထြန္းၿပီးကာစျဖစ္သည္ ။

ေဘးအ‌ေဆာင္မွ ဆူညံသံမ်ားကို သူၾကားလိုက္ရသည္ႏွင့္ လက္ေဆးၿပီး ေရာက္ခ်လာသည္ ။ လူကိုယ္တိုင္ေရာက္မလာခင္ သူ႔အသံက အရင္ႀကိဳေရာက္လာႏွင့္ၿပီး "ဘယ္လိုလဲ ? ဘာေတြျဖစ္ေနလဲ သိၿပီလား ? "

က်န္းလန္က သတိလစ္ေနေသာ က်ိဳးရႊိကို ဆိုဖာေပၚသို႔ ခ်ရန္ တစ္စုံတစ္ေယာက္ကို ညႊန္ၾကားလိုက္ၿပီး အျခားတစ္ေယာက္ကို က်န္းပိလင္အတြက္ စိတ္တည္ၿငိမ္ေစမည့္ ေရေႏြးၾကမ္းအနည္းငယ္ ငွဲ႕ခိုင္းလိုက္သည္ ။ "လင္က်ဲ ေျပာတာေတာ့‌ ေလွာင္အိမ္ကို သူျဖည္လိုက္တာ မဟုတ္ဘူးတဲ့ ။ အဲ့ဒီ ႐ုပ္ေခ်ာတဲ့--ရွန္မိသားစုက ေကာင္ေလးျဖည္လိုက္တာတဲ့ "

က်န္းရာလင္ ၾကားသည္ႏွင့္ အႏွီဘြားေအႀကီး၏ ‌ေရာဂါျပန္ထလာၿပီမွန္း သိလိုက္သည္ ။ "သူ႔ကို ျမင္ဖူးတာလား ? "

"နင္ငါ့ကို အသံမက္ေဆ့အရွည္ႀကီးေတြ ပို႔ေနတုန္းက သူက ငါ့ေဘးမွာေလ ။ အဲ့ လူမမာေလးနဲ႔အတူတူ ရွိေနတာ "

"ရွဲ႕ဝမ္းလား ? "

"အင္း သူတို႔အတူ ေလွာင္အိမ္ထဲဝင္သြားတာ "

က်န္းမိသားစုမွာ ရွဲ႕ဝမ္းႏွင့္ ပတ္သက္၍ ရႈပ္ေထြးသည့္ ဆက္ဆံေရးခံစားခ်က္မ်ားရွိၾကၿပီး အဓိကကလည္း ရွဲ႕ဝမ္းကိုယ္တိုင္ေၾကာင့္သာ ။

သူသည္ က်န္းမိသားစုအခြဲမွျဖစ္ၿပီး မ်ိဳးရိုးနာမည္လည္း မတူညီဘဲ ေမြးစားသားျဖစ္ေနသည့္တိုင္ အေပၚယံတြင္ေတာ့ က်န္းမိသားစုဝင္တစ္ေယာက္ ျဖစ္ေနေသးဆဲပင္ ။ ေကာလာဟလမ်ားအရ သူသည္သူ႔မိဘမ်ားအား ထိခိုက္ေစၿပီး အျပစ္ေႂကြးမ်ားျဖင့္ ျပည့္ေနကာ နာမည္စာရင္းမွလည္း ဖယ္ရွားခံထားရသည္ ။ လူအမ်ားစုအတြက္ေတာ့ သူသည္ စြန႔္ပစ္ခံထားရသည့္ အပယ္ခံ မိသားစုဝင္တစ္ေယာက္သာ ။

သူ႔ေနရာတြင္ ပုံမွန္လူတစ္ေယာက္သာျဖစ္ပါက အနည္းဆုံး ရွက္ရြံ့မိလိမ့္မည္ျဖစ္ၿပီး မနာလိုမုန္းထားျဖစ္လၽွင္ ျဖစ္ေနလိမ့္မည္ ။

သို႔ေသာ္ ရွဲ႕ဝမ္းကေတာ့ ထိုသို႔မဟုတ္ ။

သူသည္ လူတိုင္းကို အျမဲတေစ တျပဳံးျပဳံးႏွင့္ ႏႈတ္ဆက္သည္ ။ က်န္းမိသားစုကို ေရးႀကီးခြင္က်ယ္ အေလးေပး သံေယာဇဥ္တြယ္ေနျခင္း မရွိသလို အၿငိဳးအေတးႏွင့္ ပစ္မွတ္ထားေနျခင္းလည္းမရွိ ။ သူသည္ ဒီတိုင္း....သူတို႔ႏွင့္ လုံးလုံး ပတ္သက္ဆက္ႏြယ္ေနျခင္းမရွိေသာ သူစိမ္းတစ္‌ေယာက္ပမာ ။

က်န္းမိသားစု ဘာျဖစ္ျဖစ္ သူႏွင့္ လားလားမၽွ မသက္ဆိုင္သကဲ့သို႔ပင္ ။

ဤသို႔ေသာ ျပဳမူပုံသေဘာထားကို သူ၏ေရာဂါသည္ သြင္ျပင္ႏွင့္ ေပါင္းစပ္လိုက္ေသာအခါ ေတာ္ေတာ္ေလး ထူးျခားေနေတာ့သည္ ။

သို႔ႏွင့္ က်န္းမိသားစုတစ္ခုလုံးသာမက အျခားမိသားစုမ်ားပင္ သူ႔ကို မသိေက်းကၽြန္ျပဳထားေသာ္လည္း တစ္ခ်ိန္တည္း၌ သူ႔ကိုမသိသည့္သူ မရွိေပ ။ သူ႔နာမည္ၾကားလိုက္သည္ႏွင့္ သူ႔အေၾကာင္းကို နည္းနည္းေလး မေဆြးေႏြးဘဲ မေနနိုင္ၾက ။

သူတို႔ သူ႔အေၾကာင္း ေဆြးေႏြးၾကသည့္အခ်ိန္တိုင္း တူညီေသာစာေၾကာင္းႏွင့္ အဆုံးသတ္သြားၾကသည္သာ--ထားပါေတာ့ ။ သူ႔အေၾကာင္း ဘာမွကိုေျပာစရာမရွိဘူး ။ သူက ေလွာင္အိမ္ေလးတစ္ခုေတာင္ မျဖည္နိုင္ဘူးကိုး ။

က်န္းလန္ႏွင့္ က်န္းရာလင္တို႔ကသာ ထိုသို႔မေျပာခဲ့ဖူးေသာ လူႏွစ္ေယာက္ျဖစ္ေလာက္သည္ ။ က်န္းလန္သည္ ေလးစားသမႈျဖင့္ ထိုသို႔မေျပာခဲ့ျခင္းျဖစ္ၿပီး က်န္းရာလင္ကေတာ့ သူ႔အက်င့္စရိုက္ကိုက ထိုသို႔ေျပာတတ္သည့္သူ မဟုတ္ေသာေၾကာင့္ပင္ ။

"ဒါဆို မင္းေျပာတာက ရွန္မိသားစုရဲ့တပည့္က နာမည္စာရင္းထဲေတာင္ မဝင္နိုင္တာကို ေလွာင္အိမ္ကို ဦးေဆာင္ၿပီးဖြင့္လိုက္ေတာ့ သူတို႔မ်ိဳးဆက္က ခုန္တက္သြားတယ္လို႔လား ? " က်န္းရာလင္က ေမးလာသည္ ။

က်န္းလန္ : "....."

ဤသည္က ပိုလို႔ပင္ အလွမ္းေဝးပုံပင္ ။

"ၿပီးေတာ့ ယုတၱိက်က်ေျပာရရင္ သူကေလွာင္အိမ္ေတာင္ ဖြင့္နိုင္ေနတယ္ဆိုမွ‌ေတာ့ သူ႔နာမည္က နာမည္စာရင္းထဲ ေပၚလာသင့္တာေပါ့ ။ သူ႔နာမည္က စာရင္းထဲ မပါလာေသးဘူးဆိုကတည္းက အဓိပၸာယ္က---" က်န္းရာလင္၏ စကားမွာ ရပ္တန႔္သြားေတာ့သည္ ။

သူသည္ "မေတာ္တဆ"ဟု ေျပာခ်င္ခဲ့ေသာ္လည္း ေတြးၾကည့္လိုက္ၿပီးေနာက္ ပို၍ပညာသားပါပါ စကားျပန္စီလိုက္သည္ ။ "သူ႔စြမ္းအားက အတက္အက်ရွိေနၿပီး စာရင္းထဲေရာက္ေလာက္ေအာင္ မတည္ၿငိမ္ေသးတာပဲ "

ထိုသို႔ေျပာလိုက္ေသာအခါ အေတာ္ေလး အဓိပၸာယ္ရွိသည္ဟု က်န္းလန္ ခံစားလိုက္ရသည္ ။

သူတို႔အကုန္လုံး ထိုအဆင့္ကို ျဖတ္ေက်ာ္လာခဲ့ရသည္ေပ ။ ငယ္စဥ္အခါက သူတို႔ ႐ုပ္ေသးပညာ သို႔မဟုတ္ ဂါထာမႏၲာန္မ်ားကို ေလ့လာခဲ့ရစဥ္က သိသာျမင္သာသည့္ အသိပညာအခ်ိဳ႕ႏွင့္ ႂကြရြသည့္ နည္းစနစ္အနည္းငယ္ကို သင္ယူလိုက္နိုင္သည္ႏွင့္ ေလွာင္အိမ္ထဲသို႔ဝင္ရန္ တဂ်ီဂ်ီပူဆာၾကေတာ့သည္ ။ သူတို႔ကို အေဖာ္ျပလိုက္ပါေပးသည့္ အႀကီးအကဲမ်ားေၾကာင့္ အခ်ိန္အမ်ားစု၌ ခ်စ္စဖြယ္ျပဳမူတတ္သည့္ ကိုယ္စားျပဳအ႐ုပ္ကေလးမ်ားအျဖစ္သာ ရွိေနၾကရသည္ ။ ရံဖန္ရံခါေတာ့ သူတို႔၏လုပ္ေဆာင္ခ်က္မ်ားမွာ သာလြန္ေကာင္းမြန္သြားၿပီး သူတို႔ကိုယ္တိုင္ ေလွာင္အိမ္ကို ေျဖရွင္းနိုင္ၾကသည္ ။

ထိုအခ်ိန္တုန္းက သူတို႔၏နာမည္မ်ားကလည္း အမည္စာရင္းထက္ မပါရွိေသးေခ် ။

က်န္းရာလင္က အသက္ ၁၁ႏွစ္အရြယ္တြင္ နာမည္စာရင္းကားခ်ပ္ထက္ ေပၚလာၿပီး က်န္းလန္သည္ေတာ့ အသက္ ၉ႏွစ္အရြယ္တုန္းက ေပၚလာခဲ့သည္ ။ အမ်ားစုက အသက္ ၁၄ ႏွစ္ ၊ ၁၅ႏွစ္မွသာ အမည္စာရင္းကားခ်ပ္ေပၚတြင္ နာမည္ေပၚလာနိုင္သျဖင့္ သူတို႔ကို ဉာဏ္ႀကီးရွင္မ်ားဟုပင္ သတ္မွတ္ခဲ့ၾကသည္ ။

အတည္ျပဳၾကည့္ရန္အတြက္ က်န္းလန္က က်န္းပိလင္ကို လွည့္ေမးလိုက္သည္ ။ "အဲ့အေခ်ာေလး...အာ..‌ရွန္မိသားစုရဲ့တပည့္ေလးေျပာပါတယ္ ။ ေလွာင္အိမ္ထဲမွာ သူ႔ရဲ့လုပ္ေဆာင္ခ်က္ေတြက ဘယ္လိုလဲ ? "

က်န္းပိလင္သည္ အနည္းငယ္ ရွက္ရြံ့သြားရၿပီး "ငါ ဝင္အပူးခံလိုက္ရေတာ့ ေလွာင္အိမ္ထဲ ဘာေတြျဖစ္ခဲ့မွန္း သိပ္မမွတ္မိဘူးျဖစ္ေနတယ္ ။ သူလူေတြကို ခ်ည္ႀကိဳးတစ္ေခ်ာင္းနဲ႔ ကယ္ခဲ့တာပဲ မွတ္မိတယ္ "

က်န္းလန္သည္ က်န္းရာလင္အား လွမ္းၾကည့္လိုက္သည္ ။ "႐ုပ္ေသးပညာရွင္ပဲ "

က်န္းရာလင္ : "သိပ္ၿပီး အံ့ဩစရာေတာ့လဲ မဟုတ္ပါဘူး ။ အဲ့မ်ိဳးဆက္က လူေတြအကုန္ ႐ုပ္ေသးပညာကိုပဲ သင္ၾကတာကို "

က်န္းပိလင္ထံမွ ဘာမၽွေရေရရာရာ မသိရေသာ္ျငား ထိုအခ်ိန္၌ က်ိဳးရႊိက ႐ုတ္တရက္နိုးလာေတာ့သည္ ။

က်န္းလန္ႏွင့္ က်န္းရာလင္တို႔ ေမာင္ႏွမႏွစ္ေယာက္လုံး အႏွီေကာင္စုတ္ေလးထံမွ ဘာမၽွသိပ္မေမၽွာ္လင့္ထားခဲ့ေခ် ။ က်ိဳးရႊိသည္ အရင္က ေလွာင္အိမ္ထဲသို႔ ဘယ္တုန္းကမွ မဝင္ခဲ့ဖူးသလို ေသေသခ်ာခ်ာ ေလ့က်င့္သင္ၾကားခဲ့ဖူးျခင္းလဲ မရွိသည္ျဖစ္ရာ သူသည္ ပုံမွန္လူသားမ်ားကဲ့သို႔ပင္ ေလွာင္အိမ္ထဲမွ ထြက္လာသည္ႏွင့္ အထဲတြင္ ျဖစ္ပ်က္ခဲ့သည္မ်ားကို ေမ့ေပ်ာက္သြားမည္ျဖစ္ၿပီး ႐ုတ္တရက္ အိပ္မက္မွ နိုးထလာသေယာင္ခံစားေနလိမ့္မည္ ။

မေမၽွာ္လင့္ထားစြာပင္ က်ိဳးရႊိး နိုးလာသည္ႏွင့္ ပထမဆုံးလုပ္သည့္အရာမွာ သူ႔ေဘာင္းဘီဂြၾကားကို ခ်က္ခ်င္း စစ္ေဆးလိုက္ျခင္းပင္ ။

က်န္းရာလင္ : "?"

က်န္းလန္ : "ဘာျဖစ္ေနတာလဲ ? "

သူ႔ေဘာင္းဘီက ေျခာက္ေသြ႕ေနသည္ကို ျမင္သည့္အခါမွ က်ိဳးရႊိသည္ သက္ျပင္းရွည္ႀကီး တစ္ခ်က္ခ်လိုက္သည္ ။ "ဘာမွမျဖစ္ဘူး ။ ဒီတိုင္း ၾကည့္ၾကည့္တာ ။ ေလွာင္အိမ္ထဲမွာ ကၽြန္ေတာ္ အိမ္သာခဏခဏ သြားခဲ့ေတာ့ ေသးေပါက္ခ်မိမွာစိုးလို႔ "

"....."

က်န္းလန္သည္ တစ္ခဏမၽွ ‌ဆြံ့အေနၿပီးေနာက္ တစ္စုံတစ္ခုကို ႐ုတ္တရက္ နားလည္သြားခဲ့သည္ ။ "ေလွာင္အိမ္ထဲမွာ ျဖစ္ခဲ့တာေတြကို မွတ္မိတာလား ? "

က်ိဳးရႊိ : "အင္းေလ...ကၽြန္ေတာ္က ဒီေလာက္ ဉာဏ္ေကာင္းတာ ၊ ဘာလို႔မမွတ္မိရမွာလဲ ? "

က်န္းလန္သည္ တက္ႂကြသြားၿပီး : "ဒါဆို ရွန္မိသားစုကႏွစ္ေယာက္ကို မွတ္မိလား ? "

က်ိဳးရႊိ : "အင္း..အငယ္က ငေၾကာက္ေလ ၊ အႀကီးကေတာ့...."

သူ ႐ုတ္တရက္ ရပ္တန႔္သြားေလ၏ ။

က်န္းလန္ : "အႀကီးက ဘာျဖစ္လဲ ? "

က်ိဳးရႊိသည္ တဒဂၤ ေတြးေတာလိုက္ၿပီးေနာက္ "ေတာ္ေတာ္ နားလည္ရခက္တယ္ "

က်န္းလန္ : "....ဘယ္လိုတုန္း ? "

က်ိဳးရႊိ : "တစ္ခါတေလက် သူက ငႏုလိုပဲ ၊ ဒါေပမဲ့ တစ္ခါတေလက်ေတာ့ သူက အေတာ္မိုက္ေနျပန္ေရာ "

က်ိဳးရႊိ၏စိတ္အစဥ္မွာ တကယ္ကို ရွင္းလင္းျပတ္သားေနၿပီး အစမွအဆုံးအထိ ျဖစ္ပ်က္ခဲ့သမၽွ အရာအားလုံးကို မွတ္မိေန၏ ။ ထို႔ေၾကာင့္ သူသည္ အဓိကက်သည့္ အခ်က္ႏွစ္ခ်က္ကို ထုတ္ေျပာလိုက္သည္ ။ "သူက ကိုယ္ဟန္ျပအ႐ုပ္ေတြထဲ ဝင္ပူးၿပီး သူတို႔ကို ေလွာင္အိမ္ထဲ ေခၚလာတာ ရွဲ႕ဝမ္း--"

က်န္းပိလင္က သူ႔ကို ဆူပူလာၿပီး : "ေကာလို႔ ေခၚေလ "

က်ိဳးရႊိကေတာ့ လုံးလုံး နားကန္းခ်င္ေယာင္ေဆာင္ေန၏ ။ "ရွဲ႕ဝမ္းက ကိုယ္အေပၚပိုင္းပဲရွိၿပီး သူ႔ညီက် ခႏၶာကိုယ္ေအာက္ပိုင္းပဲရွိတယ္ဆိုေန ။ တီေလး‌ရာ..စဥ္းစားၾကည့္ "

က်န္းလန္သည္ သူေျပာသည့္ ရွဲ႕ဝမ္းက "ကိုယ္အေပၚပိုင္းပဲရွိတယ္"ဟူသည္ကို မျမင္ေယာင္နိုင္သျဖင့္ အနည္းငယ္ စိတ္ဝင္စားသြား‌ေတာ့သည္ ။

က်ိဳးရႊိက ဆက္ေျပာလာသည္ ။ "ဒါေပမဲ့ သူက ႐ုပ္ေသးလုပ္နိုင္တယ္ ။ ေႁမြ႐ုပ္ "

သူသည္ အလြန္တရာမွ မိမိုက္သည္ဟု ေျပာခ်င္ေသာ္ျငား သူ႔ေရွ႕တြင္ ရွိေနသည္က က်န္းရာလင္ျဖစ္သျဖင့္ ဘာမွစိတ္လႈပ္ရွားစရာမရွိဟု ခံစားလိုက္ရသည္ ။

သူဆက္ၿပီး ေျပာမလာသျဖင့္ က်န္းလန္ႏွင့္က်န္းရာလင္သည္ ႐ုပ္ေသး႐ုပ္ကို ငွက္ကေလး ၊ ယုန္ကေလးကို ဖန္တီးသည္ႏွင့္ ဘာမွမျခားေသာ "ေႁမြအေသးေလး "ဟု အလိုအေလ်ာက္ ထင္သြားၾက၏ ။

ထိုအခါ ရွန္မိသားစုမွ တပည့္ေလးက အမည္နာမစာရင္းကားခ်ပ္ေပၚ ေရာက္နိုင္သည္အထိ စြမ္းအားမႀကီးေသးဟု အေျခခံအားျဖင့္ အတည္ျပဳနိုင္သြားသည္ ။ တစ္ေယာက္မက်န္ ေသဆုံးၿပီးေသာ မ်ိဳးဆက္က အေပၚသို႔ တက္လာသည္ကေတာ့....

ျဖစ္နိုင္သည္က အနည္းငယ္ ထိခိုက္သြားတာ ျဖစ္ေလာက္ၿပီး ေနာက္တစ္ႀကိမ္ဟူ၍ မရွိေလာက္ေတာ့ေပ ။

သို႔တိုင္ သတိထားသည့္အေနျဖင့္ က်န္းရာလင္က ဆိုသည္ ။ "အခု န်ဥ္းက်ိဳးမွာ ကင္းလွည့္ဖို႔ လူလိုေနတယ္မဟုတ္လား ? မင္းသူ႔ကိုစမ္းၾကည့္ရင္ေရာ ? "

"ၿပီးေရာ " က်န္းလန္သည္ က်ိဳးရႊိႏွင့္ က်န္းပိလင္ထံသို႔ လွည့္ကာ ေမးလိုက္သည္ ။ "ဒါနဲ႔ သူ႔နာမည္က ဘာတဲ့လဲ ? "

က်ိဳးရႊိသည္ တစ္ခဏမၽွ ေၾကာင္အသြားၿပီးေနာက္ "ေသစမ္း...ေမးဖို႔ ေမ့သြားတယ္ "

က်န္းလန္ : "....."

***

က်န္းလန္သည္ အလ်င္စလို ထြက္လာခဲ့ၿပီး ဝမ္းရွီႏွင့္ ကြက္တိလြဲေခ်ာ္သြားသည္ ။

ရွဲ႕ဝမ္းက သူတို႔ကို လမ္းေထာင့္ဆုံးအထိ လိုက္ပို႔ေပးခဲ့ၿပီး ကားထဲသို႔ ဝင္သြားသည္ကို ေစာင့္ၾကည့္ၿပီးကာမွ ရွီဖ်င္းျပခန္းသို႔ ျပန္သြားခဲ့သည္ ။ မေမၽွာ္လင့္ထားစြာပင္ ကားထြက္ခြာၿပီး မၾကာခင္ ဝမ္းရွီက ယာဥ္ေမာင္းကို ေျပာလိုက္သည္ ။ "ဝမ့္ခၽြမ္မေသမ်ိဳးၿမိဳ႕ေတာ္ကို သြားေပးပါ "

ရွေခ်ာင္ ၾကက္ေသေသသြားေတာ့သည္ ။

ကားက ပလာဇာ၏အေရွ႕တြင္ ရပ္သြားခ်ိန္၌ ညသည္ အေတာ္ေလးေမွာင္ရီေနခဲ့ေလၿပီ ။ ဝမ္းရွီ ကားထဲမွ ထြက္လာၿပီး ေရွာ့‌ပင္းေမာအထဲ၌ မီးဖြင့္ထားဆဲ လက္က်န္ဆိုင္ခန္းအခ်ိဳ႕ကို ျမင္လိုက္ရသည္ ။ သံပန္းဆြဲတံခါးမ်ားမွာ တစ္ဝက္ခ်ထားလ်က္ အခ်ိန္မေရြး ဆိုင္ပိတ္ေတာ့မည့္အလား ။

အႏွီျမင္ကြင္းမွာ ေလွာင္အိမ္ထဲကႏွင့္ တူညီလြန္းေနၿပီး အေၾကာက္တရားအခ်ိဳ႕က ရွေခ်ာင္စိတ္ထဲ က်န္ရွိေနေသးဆဲ ။ "ေကာ...ဘာလို႔ ဒီကိုထပ္လာရျပန္တာလဲဗ်ာ ? ကၽြန္ေတာ္တို႔ အိမ္ျပန္မွာမဟုတ္ဘူးလား ? "

"ငါ လူလိုက္ရွာေနတာ " ဝမ္းရွီ ေျပာလိုက္သည္ ။

ထိုအခ်ိန္က သူထီးကို လက္ခံခဲ့သည့္ အေၾကာင္းရင္း၏ ပထမတစ္ခ်က္မွာ ဖန႔္ကြမ္းတစ္ေယာက္၏ အလိုလိုသိစိတ္မွ အရင္းခံလာၿပီး ေလွာင္အိမ္၏တည္ရွိမႈအား သိလိုက္ရသည္ႏွင့္ ေလွာင္အိမ္ကိုေျဖရွင္းခ်င္ခဲ့သည္ ။ ဒုတိယအခ်က္အေနျဖင့္ အမ်ိဳးသမီးယာဥ္ေမာင္းက သူ႔ထံသို႔ ထီးကမ္းေပးလာခ်ိန္ ထိုရင္းႏွီးကၽြမ္းဝင္ေနသည့္ရနံ့ကို ဖ်တ္ခနဲရလိုက္သည္--သူကိုယ္တိုင္၏ရနံ့ပင္ ။

"အနံ့ရလိုက္သည္"ဟုဆိုေသာ္လည္း လက္ေတြ႕တြင္ သူတကယ္ အနံ့ရလိုက္ျခင္းမ်ိဳးမဟုတ္ေပ ။ ခံစားမိလိုက္ျခင္းသာ ။

ရွေခ်ာင္သည္ အေတာ္ေလးေတာ့ ဉာဏ္ေကာင္းေသးသည္ျဖစ္ရာ ဝမ္းရွီက သူ႔စိတ္ဝိညာဥ္၏ ေျခရာလက္ရာ ထပ္မံ၍ ခံစားမိျခင္းျဖစ္ေၾကာင္း သူသိလိုက္သည္ ။ ထို႔ေနာက္ သူသည္ ဝမ္းရွီေနာက္မွလိုက္ကာ ဝမ့္ခၽြမ္မေသမ်ိဳးၿမိဳ႕ေတာ္ကို လွည့္ပတ္သြားလာၿပီးေနာက္ ေဈးဝယ္စင္တာထဲသို႔ဝင္ကာ စက္ေလွကားျဖင့္ အေပၚထပ္သို႔ တက္လာခဲ့သည္ ။

"ေကာ...စိတ္ဝိညာဥ္ရွာဖို႔က အရမ္းခက္တာပဲလား ? " ရွေခ်ာင္သည္ မေမးျမန္းဘဲ မေနနိုင္ခဲ့ေခ် ။ "အရိပ္အေယာင္ေတြ က်န္ေနခဲ့တာပဲကို ၊ ႏွစ္ေတြအၾကာႀကီး ဘယ္လိုလုပ္ ရွာမေတြ႕ရတာလဲ ? "

ဝမ္းရွီ : "အရင္က ဘာအရိပ္အေယာင္မွ မရွိခဲ့ဘူး "

ရွေခ်ာင္မွာ မင္သက္သြားရၿပီး : "အာ ? "

ဝမ္းရွီဆိုလိုသည္ကို နားလည္ရန္ အခ်ိန္အေတာ္ၾကာယူၿပီးမွ သူသေဘာေပါက္သြားခဲ့သည္ ။ "ေကာေျပာတာက အရင္ကႏွစ္ေတြ ဒီေလာက္အၾကာႀကီးအတြင္း ဘာအရိပ္အေယာင္မွ ရွာမေတြ႕ခဲ့ဘူးလို႔လား ? "

ဝမ္းရွီ : "အင္း "

သူသည္ သူ႔စိတ္ဝိညာဥ္ကပဲ ေပ်ာက္ဆုံးသြားသည္လား ၊ သို႔တည္းမဟုတ္ သူေမ့ေပ်ာက္သြားခဲ့ေသာ အေၾကာင္းအရင္း တစ္စုံတစ္ရာေၾကာင့္ သူ႔စိတ္ဝိညာဥ္သည္ အၿပီးတိုင္ ေပ်ာက္ကြယ္သြားသည္လားဆိုတာ အခ်ိန္အေတာ္ၾကာ သံသယဝင္ခဲ့ရသည္ ။

ယခုတစ္ေခါက္ ဝူရွန္းဂိတ္မွ ျပန္ထြက္လာသည့္အခ်ိန္မွသာ ေနာက္ဆုံးေတာ့ ေျခရာလက္ရာႏွစ္ခု ေတြ႕ရွိခဲ့ျခင္း ။

ဤသည္ကပင္ တိုးတက္မႈႀကီးျဖစ္သည္ ။

သို႔ေသာ္ သူသည္ သူ၏စိတ္ဝိညာဥ္ႏွင့္ အခ်ိန္အေတာ္ၾကာ ေဝးကြာေနခဲ့ေသာေၾကာင့္ျဖစ္နိုင္၏ ၊ ဤသို႔ေသာ သိစိတ္ခံစားခ်က္က အျမဲလိုလို လ်င္ျမန္စြာ ေပ်ာက္ကြယ္သြားသည္မွာ သူအခ်ိန္မီ မတုံ႔ျပန္လိုက္နိုင္သည္အထိ ျမန္ဆန္လြန္းလွသည္ ။ သူသည္ ေရွာ့ပင္းေမာထဲ ေလၽွာက္လွမ္းလာၿပီး ဆိုင္ခန္းတစ္ခုေရွ႕မွ ျဖတ္သြားသည့္အခ်ိန္မွသာ ေသးငယ္သည့္ ရနံ့ကို ဖ်တ္ခနဲရလိုက္သည္ ။ သို႔တိုင္ သူျပန္သြားၾကည့္လိုက္ေသာအခါ အနံ့က ေပ်ာက္ကြယ္သြားခဲ့ေလၿပီ ။

ထင္သည့္အတိုင္း ထိုဆိုင္မွာ ေလာင္စုန႔္၏ စာေရးကိရိယာ လက္ကားဆိုင္ပင္ ။ သံပန္းတံခါးက တင္းက်ပ္စြာ ပိတ္ထားၿပီး ေသာ့ခတ္ထားသည္မွာ ရက္ေပါင္းမ်ားစြာ ဆိုင္မဖြင့္သည့္အလား ။

တတိယထပ္၏ ေထာင့္ခ်ိဳးတြင္ေတာ့ ဖြင့္လွစ္ဆဲ ဆိုင္ႏွစ္ဆိုင္ရွိ၏ ။ တစ္ဆိုင္မွာ ခ်ဴးက်စ္ဆန္ေခါက္ဆြဲဆိုင္ျဖစ္ၿပီး ေနာက္တစ္ဆိုင္မွာ မစၥရႊိအပ္ခ်ဳပ္ဆိုင္ပင္ ။ ဝမ္းရွီသည္ ေခတၱေတြးေတာလိုက္ၿပီးေနာက္ ေလာင္စုန႔္၏အေျခအေနကို သြားေမးရန္ ဆုံးျဖတ္လိုက္ေတာ့သည္ ။

ဆန္ေခါက္ဆြဲဆိုင္ထဲ၌ ဧည့္သည္အနည္းငယ္ ရွိေနကာ စားေသာက္ရင္း ဆိုင္ရွင္ႏွင့္ စကားေျပာေနၾကသည္ ။ သူတို႔၏ ရင္းႏွီးကၽြမ္းဝင္ေနပုံကို ၾကည့္႐ုံျဖင့္ ထိုသူတို႔သည္လည္း မျပန္ခင္ ညစာလာစားၾကေသာ ေရွာ့ပင္းေမာထဲမွ ဆိုင္ပိုင္ရွင္မ်ားျဖစ္ဖို႔မ်ားသည္ ။

ဆိုင္ရွင္က သံညႇပ္ႏွစ္ခုကို အသုံးျပဳ၍ ေျမအိုးတစ္လုံးကို ဧည့္သည္စားပြဲေပၚသို႔ ခ်လိုက္ၿပီး အိုးထဲရွိ အသားျပဳတ္ရည္မ်ားမွာ ဆူပြက္ေနေသးဆဲ ။ တပြက္ပြက္ဆူေနသည့္အသံကို အျပင္ဘက္မွ ျဖတ္သြားေသာသူမ်ားပင္ ၾကားေနရၿပီး အခိုးအေငြ႕မ်ားႏွင့္အတူ ေမႊးႀကိဳင္သည့္ရနံ့က ပ်ံ႕လြင့္လာသည္ ။

ဝမ္းရွီသည္ မ်က္လႊာတစ္ဝက္ခ်၍ အပ္ခ်ဳပ္ဆိုင္သို႔ ေလၽွာက္သြားေသာ္လည္း မ်က္လုံးေထာင့္မွ ပြက္ပြက္ဆူေနေသာ ေျမအိုးကို ျမင္လိုက္ရေသာအခါ တစ္ခဏမၽွ ရပ္တန႔္သြားခဲ့သည္ ။

႐ုတ္ခ်ည္းပင္ ရွဲ႕ဝမ္း၏ လူစည္လွ‌ေသာ ရွီဖ်င္းျပခန္းဒုတိယထပ္ႏွင့္ ေရွးေဟာင္း‌သစ္သားစားပြဲထက္ရွိ ပူပူေႏြးေႏြး စြပ္ျပဳတ္အိုးကို အေၾကာင္းျပခ်က္မရွိ အမွတ္ရသြား၏ ။ အကယ္၍ ေအးစက္လွေသာ ဆယ့္ႏွစ္လပိုင္း ေဆာင္းရာသီသာ ျဖစ္ေနခဲ့ပါက စြပ္ျပဳတ္မ်က္ႏွာျပင္မွ ပူေႏြးသိပ္သည္းေသာ အျဖဴေရာင္အခိုးအေငြ႕မ်ားမွာ မ်က္လုံးမ်ား ပူစပ္လာသည္အထိ ပူေႏြးေနေလာက္သည္ ။

"ေကာေရ ? " သူ႐ုတ္တရက္ ရပ္တန႔္သြားသည္ကိုျမင္ေသာ္ ရွေခ်ာင္က အနည္းငယ္ မဝံ့မရဲလွမ္းေခၚလာသည္ ။

ဝမ္းရွီ မ်က္ေတာင္ခတ္လိုက္ကာ အလ်င္အျမန္ အသိစိတ္ျပန္ဝင္လာ၏ ။ "ဟင္ ? "

ရွေခ်ာင္က သူ႔အၾကည့္လားရာအတိုင္း လိုက္ၾကည့္လိုက္ေသာအခါ ဆန္ေခါက္ဆြဲမ်ားျဖင့္ ျပည့္ေနသည့္ အေငြ႕တေထာင္းေထာင္းႏွင့္ အိုးမ်ားစြာကို ျမင္လိုက္ရသည္ ။ သူသည္ မေရမရာျဖင့္ "ဗိုက္ဆာေနတာလား ? "

"မဆာဘူး " ဝမ္းရွီက ေအာက္ခ်ထားေသာလက္မွ လက္ဆစ္မ်ားကို ခ်ိဳးႏွိပ္လိုက္ရင္း ဆက္လက္ေလၽွာက္သြားေတာ့သည္ ။ "ျပဳစားခံလိုက္ရတာ "

ရွေခ်ာင္ : " ? "

မစၥရႊိသည္ အပ္ခ်ဳပ္စက္ေဘးတြင္ထိုင္လ်က္ ႏွာေခါင္းထပ္ စာဖတ္မ်က္မွန္တစ္စုံကို တပ္ဆင္ထားကာ အပ္ခ်ည္ႀကိဳးကို လိမ္လ်က္ စက္ထဲသို႔ ႀကိဳးထိုးေနသည္ ။ သူမက အမွန္တကယ္ကို ေရွးဆန္သည့္ ဆံထုံးအတုကို ဝတ္ဆင္ထားသည့္တိုင္ ေလွာင္အိမ္ထဲကေလာက္ အိုမင္းေနပုံမေပၚေခ် ။

"တစ္ခုခု ခ်ဳပ္ခ်င္လို႔လား ? " အဘြားအိုက ဝမ္းရွီကို မ်က္မွန္အေပၚမွ လွမ္းၾကည့္ကာ ေႏြးေထြးၾကင္နာစြာ ျပဳံးျပလာသည္ ။

ဝမ္းရွီ ဆိုလိုက္၏ ။ "မဟုတ္ဘူး ။ လူတစ္ေယာက္ကို လိုက္ရွာေနတာ "

အဘြားအိုက စိတ္ထဲမထားေခ် ။ "ဘယ္သူ႔ကို ရွာေနတာလဲကြယ့္ ? "

ဝမ္းရွီသည္ မ်က္ေစာင္းထိုးမွ ေသာ့ခတ္ထားသည့္ဆိုင္ကို လက္ညႇိုးညႊန္ျပကာ ေျပာလိုက္သည္ ။ "ေလာင္စုန႔္ "

ရွေခ်ာင္က သူ႔ကို တိတ္တဆိတ္ လွမ္းၾကည့္လာသည္ ။ ဘာေၾကာင့္မွန္း မသိေသာ္ျငား တရင္းတႏွီးဆန္သည့္ "ေလာင္စုန႔္ "ဟူေသာ နာမည္ေျပာင္ ဝမ္းရွီပါးစပ္မွ ထြက္လာသည္မွာ အင္မတန္ ဆန္းက်ယ္လွသည္ဟု သူခံစားလိုက္ရသည္ ။

အဘြားအိုက "ဪ"ဟု အသံျပဳလာ၏ ။ "သူ ဒီကိုမလာတာအေတာ္ၾကာၿပီ ။ သူက ေနမေကာင္းျဖစ္ၿပီး ေဆး႐ုံေပၚေရာက္ေနတာေလ ။ သူ႔မိန္းမ မေတာ္တဆျဖစ္ၿပီးကတည္းက ဗုန္းဗုန္းလဲသြားၿပီး ဒီ‌ေရွာ့ပင္းေမာမ်က္ေစာင္းထိုးက ေဆး႐ုံမွာ တက္ေနတာ "

ဆန္ေခါက္ဆြဲဆိုင္ပိုင္ရွင္သည္လည္း အင္မတန္ ေပါင္းသင္းဆက္ဆံေရးေကာင္းေသာလူပင္ ။ အဘြားအို ေျပာသည္ကို ၾကားေသာ္ လက္သုတ္ၿပီး ေရာက္ခ်လာ၏ ။ "ခင္ဗ်ားတို႔က ပစၥည္းဝယ္ခ်င္လို႔ သူ႔ကိုရွာေနတာလား ? အလ်င္လိုလို႔လား ? ေနာက္ႏွစ္ရက္အတြင္း မလိုေသးဘူးဆိုရင္ ဆက္သြယ္ခိုင္းဖို႔ ဖုန္းနံပါတ္ယူထားေပးမယ္ေလ ။ သူျပန္သက္သာလာတာနဲ႔ ဖုန္းေခၚလိုက္မယ္ "

ရွေခ်ာင္က အလ်င္စလို ျပန္ေျဖလိုက္သည္ ။ "ကၽြန္ေတာ္တို႔ ပစၥည္းဝယ္မလို႔လာတာ မဟုတ္ပါဘူး ။ သူဘယ္လိုေနလဲ ၾကည့္ခ်င္႐ုံပါ "

"ဪ..အဲ့တာဆို ေဆး႐ုံသြားၾကည့္ပါလား " စားေသာက္ဆိုင္ပိုင္ရွင္က တစ္ေနရာသို႔ ညႊန္ျပကာ "ကၽြန္ေတာ္ အရင္တစ္ပတ္ကတင္ သြားခဲ့တာ ။ သူက ဒုတိယထပ္က ခုတင္နံပါတ္ ၁၂မွာ "

၁၀ မိနစ္အၾကာ၌ ဝမ္းရွီႏွင့္ ရွေခ်ာင္သည္ ေဆး႐ုံအတြင္းလူနာဌာန၏ ဒုတိယထပ္ရွိ ေလၽွာက္လမ္းတြင္ ရပ္ေနခဲ့ၾကၿပီး ။

စည္းမ်ဥ္းမ်ားအရ ဤဌာန၌ ညအခ်ိန္ လူနာလာၾကည့္ျခင္းကို လက္ခံခဲ၏ ။ သို႔ေပသိ ေလာင္စုန႔္က ယေန႔ည အေျခအေန ေကာင္းမြန္ေနၿပီး ဆက္တိုက္ ျမင့္တက္ေနသည့္ အဖ်ားကလည္း က်သြားကာ ေရာင္ရမ္းမႈမ်ားလည္း ေလ်ာ့သြားၿပီျဖစ္သည္ ။ သူသည္ အနည္းငယ္ အစားဝင္ၿပီျဖစ္ေသာ္လည္း စကားေတာ့ သိပ္မေျပာေသးေပ ။

သူနာျပဳက ေျပာလာသည္ ။ "သူနဲ႔အေဖာ္ျပဳၿပီး စကားေျပာလို႔ရေပမဲ့ အၾကာႀကီးေနလို႔ေတာ့မရဘူး "

ဝမ္းရွီသည္ သိသိသာသာကို အေဖာ္ျပဳစကားေျပာေပးမည့္သူ မဟုတ္သျဖင့္ အခန္းထဲသို႔ ခ်က္ခ်င္းမဝင္သြားခဲ့ေခ် ။

သူသည္ ေလၽွာက္လမ္း၏ ေထာင့္ခ်ိဳးတြင္ရပ္ကာ အိတ္ကပ္ထဲမွ အဝါေရာင္အင္းစာရြက္တစ္ရြက္ကို ထုတ္လိုက္ၿပီး ငွက္တစ္ေကာင္ပုံ အလ်င္အျမန္ေခါက္လိုက္သည္ ။ ရွေခ်ာင္ အရင္က သည္အရာကို ျမင္ဖူး၏ ။ ဝမ္းရွီ သူ႔စိတ္ဝိညာဥ္ အေငြ႕အသက္ကို ပထမဆုံးရခဲ့သည့္ အခ်ိန္တုန္းကလည္း စကၠဴငွက္ေခါက္ကာ ေနာက္ေယာင္ခံလိုက္ခိုင္းခဲ့သည္ ။

"ဒီတစ္ေခါက္ ဘယ္သူ႔ေနာက္ လိုက္ခိုင္းမွာလဲ ? " ရွေခ်ာင္ ခပ္တိုးတိုး ေမးလိုက္သည္ ။ "ေလာင္စုန႔္လား ? "

"သူ ဘယ္သြားခဲ့လဲ ၾကည့္ၾကတာေပါ့ " ဝမ္းရွီ ေျပာလိုက္သည္ ။

သာမန္လူသားတစ္ေယာက္ျဖစ္ေသာ ေလာင္စုန႔္ထံတြင္ အေၾကာင္းျပခ်က္မရွိဘဲ ဝမ္းရွီ၏စိတ္ဝိညာဥ္ရနံ့ရေနမည္မဟုတ္ ။ သူသည္ ယခင္က တစ္ေနရာရာသို႔သြားကာ တစ္စုံတစ္ေယာက္ႏွင့္ ေတြ႕ဆုံခဲ့ျခင္းျဖစ္ရမည္ ။

ဝမ္းရွီ သူ႔လက္ကို ဖြင့္လိုက္ေသာအခါ စကၠဴငွက္ကေလးက ေတာင္ပံတဖ်တ္ဖ်တ္ခတ္ကာ တံခါး‌ေအာက္ေျခအဟၾကားမွတစ္ဆင့္ အခန္းထဲသို႔ ေလၽွာဝင္သြားခဲ့သည္ ။ ၎က ေလာင္စုန႔္၏ အိပ္ရာအစြန္းတြင္ အသံတိတ္ပ်ံဝဲရစ္ပတ္ေနၿပီးေနာက္ တိုးတိတ္စြာ ထြက္ခြာသြားေလ၏ ။

ေလာင္စုန႔္က ထိုပစၥည္းေလးကို လုံးဝ သတိမထားမိေခ် ။ သူ႔အသားအေရာင္က အဆင္ေျပပုံေပၚသည့္တိုင္ သူ႔မ်က္ႏွာအမူအရာသည္ေတာ့ အနည္းငယ္မႈန္မွိုင္းေနၿပီး အၾကည့္ေအာက္ခ်လ်က္ ရီေဝေဝျဖင့္ အိပ္ရာေခါင္းရင္းကို မွီလ်က္ထိုင္ေနခဲ့သည္ ။

ဝမ္းရွီသည္ တံခါးေဘးတြင္ရပ္ရင္း မွန္ျပတင္း‌ေပါက္မွတစ္ဆင့္ ေလာင္စုန႔္ကို အခ်ိန္တစ္ခုစာ ၾကည့္ေနၿပီးေနာက္ ေခါင္းငုံ႔ကာ တစ္ခုတည္းက်န္သည့္ အေမႊးတိုင္ႏွင့္ မီးျခစ္ကို ထုတ္ယူလိုက္သည္ ။

ဝမ္းရွီတစ္ေယာက္ အေမႊးတိုင္ကို ကၽြမ္းက်င္စြာ ထြန္းညႇိကာ သူ႔လက္ေခ်ာင္းထိပ္မ်ားအား အသာအယာ ပြတ္သပ္ေနသည္ကို ရွေခ်ာင္ ၾကည့္ေန၏ ။ အေမႊးတိုင္ေအာက္ေျခမွ အနက္ေရာင္မီးခိုးေငြ႕မ်ား ထြက္ေပၚလာၿပီး ဝမ္းရွီက ျဖည္းညင္းစြာျဖင့္ ႀကိဳးတစ္ေခ်ာင္းအသြင္ ရစ္ပတ္လိုက္သည္ ။

ရွေခ်ာင္ ေတြးမိသည္က သူ႔အတြက္ ရွန္ေခ်ာင္တစ္ခုခုခ်န္ထားေပးခဲ့သလို ေလာင္စုန႔္အတြက္လည္း တစ္စုံတစ္ခု ခ်န္ထားေပးခ်င္ခဲ့ျခင္း ျဖစ္ရမည္ဟု ။ ေနာက္ထပ္ မက္မြန္ပြင့္ျဖဴသစ္ကိုင္းတစ္ကိုင္း ျဖစ္ဖို႔မ်ား၏ ။

ထိုအေတြးက သူ႔ေခါင္းထဲ ေပၚလာသည္ႏွင့္ အိတ္ကပ္ထဲရွိ သူ႔ဖုန္းက စတင္တုန္ခါလာခဲ့သည္ ။

ဝမ္းရွီက ယာဥ္ေမာင္းအမ်ိဳးသမီး၏ အႂကြင္းအက်န္ မီးခိုးေငြ႕မ်ားကို ပုံသြင္းေနရင္း တန္းလန္း ဖုန္းျမည္သံၾကားေသာေၾကာင့္ လွမ္းၾကည့္လိုက္ေသာအခါ ရွေခ်ာင္တစ္ေယာက္ သူ႔ဖုန္းကို ဆြဲထုတ္လိုက္သည္ကို ျမင္လိုက္ရသည္ ။ ဖုန္းမ်က္ႏွာျပင္ထက္ ႀကီးမားေသာ စာလုံးႏွစ္လုံးရွိေန၏--ရွဲ႕ဝမ္း ။

ဝမ္းရွီ၏လက္ေခ်ာင္းမ်ား တုန္ယင္သြားခဲ့သည္ ။

မီးခိုးေငြ႕မ်ားက ပုံေျပာင္းမသြားခင္ စကၠန႔္ပိုင္းအလို၌ ေဘာလုံးတစ္လုံးအသြင္ လိမ္ယွက္သြားေလ၏ ။ ၿပီးျပည့္စုံေသာ မက္မြန္ပြင့္ျဖဴကိုင္းက ေပ်ာက္ကြယ္သြားၿပီး လက္တစ္ဖဝါးစာအရြယ္ အေမႊးပြပြအရာအျဖစ္ ေျပာင္းလဲသြားကာ ၾကမ္းျပင္ေပၚ အပုံလိုက္က်သြားသည္ ။

ဝမ္းရွီ : "....."

အင္မတန္ မေမၽွာ္မွန္းထားသည့္အျဖစ္ပင္ ။

အရင္တစ္ေခါက္က ရွေခ်ာင္ ၊ ယခုတစ္ေခါက္က် ရွဲ႕ဝမ္း ။ ႏွစ္ေယာက္လုံးက သူ႔ကို တမင္လုပ္ေနသလို ခံစားလိုက္ရသည္ ။

သူသည္ မ်က္ႏွာေသျဖင့္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး ထိုအရာကို ဂုတ္မွဆြဲကာ သူ႔မ်က္လုံးေရွ႕သို႔ေရာက္ေအာင္ ဆြဲကိုင္လိုက္သည္ ။

တစ္ခ်ိန္တည္းမွာပင္ ရွေခ်ာင္က ဝမ္းရွီ၏နားရြက္နား ဖုန္းကို ကပ္ေပးလာၿပီး ပါးစပ္အမူအရာျဖင့္ ေျပာလာ၏ ။ "‌သူေဌးရွဲ႕က ေကာကိုရွာေနတယ္ "

ေနာက္တစ္စကၠန႔္အတြင္း ရွဲ႕ဝမ္းအသံက သူ႔နားနံေဘးမွ ထြက္ေပၚလာခဲ့သည္ ။ "အိမ္ျပန္ေရာက္ၿပီလား ?"

ဝမ္းရွီ : "....ဟင့္အင္း "

ရွဲ႕ဝမ္း : "အျပင္မွာပဲ ရွိေနေသးတာလား ? "

ဝမ္းရွီ : "ေဆး႐ုံမွာ "

ရွဲ႕ဝမ္း : "ဘာလို႔ ေဆး႐ုံကိုေရာက္ေနတာလဲ ? "

ဝမ္းရွီ ဘာမွျပန္မေျပာရေသးခင္ သူကိုင္ထားေသာ ခပ္လုံးလုံးအရာက ေအာ္ျမည္သံျပဳလာသည္ ။

ဖုန္းတစ္ဖက္မွ ရွဲ႕ဝမ္းက ေၾကာင္အမ္းသြားၿပီး "ငါ ေၾကာင္ေအာ္သံ ၾကားလိုက္ရသလိုပဲ ။ ေၾကာင္က ဘယ္ကေန ေရာက္လာတာလဲ ? "

ဝမ္းရွီ၏ မ်က္ႏွာမွာ အမူအရာကင္းမဲ့ေနလ်က္ ။ "မင္းလုပ္လိုက္တာ "

ရွဲ႕ဝမ္း : " ? "

***

Continue Reading

You'll Also Like

40.1K 5.6K 21
Type : Web Novel (CN) Language : Chinese Associated Names : 魔尊每天都在逃婚 Author(s) : Nine Treasures 玖宝 Year : 2020 Status in COO : 60 Chapters + 1 Extra...
291K 40.1K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
50.5K 7.7K 28
Name: 落到玫瑰上的星星 (The Star That Fell on the Rose) Author: 藤花琅 Chapters: 24 chapters + 3 Extras...