သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

Miracle_Phyu97 tarafından

40.9K 3.2K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... Daha Fazla

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-79+80

252 19 0
Miracle_Phyu97 tarafından

ဖေးချမ့် 79+80

အခန်း(၇၉) ကစားသမားတွေကို ဆဲပေးတဲ့ဂိမ်း

ဖေးချမ့်က အပြင်ပိုင်းမှာ စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းများကို ဒိတ်အောက်သည်ဟု ထင်ကာ အထင်သေးသည့်ပုံပေါ်သည်။ သို့သော်လည်း ရင်ထဲမှာတော့ ရှင်းရှင်းလင်းလင်းကို သိနေပါသည်။ ဒိတ်အောက်ဂိမ်းများကို နောက်တစ်နည်းခေါ်ရလျှင် တည်တံ့သောဂိမ်းများဟူ၍ ဖြစ်သည်။

စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းများက ဟောင်းနွမ်းနေသော်လည်း တည်တံ့နေသော ဂိမ်းအမျိုးအစား ဖြစ်သည်။ အချိန်အကြာကြီး ရှင်သန်နိုင်ခဲ့၏။

ဖေးချမ့်က အရင်ဘဝမှ မှတ်ဉာဏ်များ ရှိနေပါသေးသည်။ Chinese Parents ဆိုသည့် ဂိမ်းမှာ စိတ်ကြိုက်ရွေးချယ်ဝတ္ထုအမျိုးအစားကို အသုံးပြုသော လွတ်လပ်သည့် ဂိမ်းတစ်ခု ဖြစ်သည်။ အတော်လေးလည်း အောင်မြင်ခဲ့၏။

ဖေးချမ့်က ဒီလိုတော့ ဖြစ်ခွင့်ပေးမှာ မဟုတ်ပေ။

ထို့ကြောင့် ဒီစိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းမော်ဒယ်ကို လိုက်နာသည့် အချက်အားလုံးကို ပယ်ဖျက်ပစ်ရမည်။

ဖေးချမ့်က လည်ချောင်းရှင်းလိုက်ပြီး ဆက်ပြောလိုက်ပသည်။ "ငါတွေးတာတော့... သရီးဒီ လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်တစ်ခု လုပ်သင့်တယ်။ ဟုတ်တယ် ပင့်ကူအိမ်လို ပြီးပြည့်စုံတဲ့ ကားချပ်ပုံတစ်ခုပဲ။ လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်ထဲက ပုံးတွေက အခန်းတစ်ခုဆီဖြစ်ပြီး လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်ပေါ်က မျဥ်းကြောင်းတွေကတော့ ကော်ရစ်ဒါတွေ ဖြစ်လိမ့်မယ်။”

"ဂိမ်မာတွေက ကော်ရစ်ဒါတွေအတွင်းမှာ လမ်းလျှောက်ရမယ်။ လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်အတွင်းမှာ လမ်းကြောင်း ပြောင်းသွားနိုင်တဲ့ ရွေးချယ်မှုတွေလည်း ရှိရမယ်။ အခန်းတစ်ခုချင်းစီတိုင်းမှာ သူတို့ရဲ့ ရွေးချယ်မှုရဲ့ ရလဒ်တွေထွက်လာမယ်။ အခန်းတိုင်းမှာ တံခါးတစ်ချပ်က ကော်ရစ်ဒါကို ပြန်ဦးဆောင်သွားမယ်။ ဆိုလိုတာက ဂိမ်မာတွေမှာ ရွေးချယ်ခွင့် အများကြီးရှိတယ်ဆိုတာပဲ။"

"မင်းတို့တွေ ငါပြောတာကို နားလည်လိုက်လား။"

အားလုံးက ခေါင်းငြိမ့်ကာ နောက်ထပ် အတူတူ ခေါင်းခါလိုက်ကြပြန်သည်။

သူတို့နားလည်းလည်ပြီး နားလည်းမလည်ပါ။

ဖေးချမ့်၏ ဖော်ပြချက်က သူတို့ကို ဂိမ်းကစားပုံကို စိတ်ကူးယဥ်ကြည့်စေနိုင်သည်။ ဗွီစီအို သို့မဟုတ် ဘယ်လို သက်ဆိုင်ရာ ဆော့ဝဲလ်မျိုးကိုမဆို ဂိမ်းလောကအတွင်း အသုံးများကြသည့် လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်တစ်ခုကို ဆွဲရမည်။

သူတို့ကာ လော့ဂျစ်နှင့် ဆောင်ရွက်ချက် flow များကို ဖော်ပြဖို့ အသုံးပြုရပါသည်။

ဥပမာအားဖြင့် တချို့ လုပ်ဆောင်ချက်များက အခြေအနေတစ်ခုမှ စတင်ရမည်။ အကဲဖြတ်မှု များစွာ ပြီးသွားသောအခါ အဆုံးသတ်ရလဒ်တစ်ခု ထွက်ပေါ်လာပါလိမ့်မည်။ ကြည့်ရသလောက်တော့ လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်များကို မျဥ်းကွက်များနဲ့ ရွန်းဘတ်ပုံသဏ္ဌာန်များဖြင့် ဖန်တီးထားပြီး မရေမတွက်နိုင်အောင် များပြားသော စာလုံးများ ဖြည့်သွင်းထားသည်။ ထိုမျဥ်းကွက်များကို မြှားခေါင်းများစွာဖြင့် ချိတ်ဆက်ပါမည်။

မျဥ်းကွက်များအားလုံးကို သရီးဒီအဖြစ် ပြောင်းလဲပြီးတာနဲ့ အခန်းသေး အခန်းကြီးများ ဖန်တီးပြီး မြှားခေါင်းများက ကော်ရစ်ဒါများအဖြစ် ပြောင်းလဲသွားသောအခါလုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ် တစ်ခုလုံးက ဧရာမ ဝင်္ကပါကြီးလို ဖြစ်လာလိမ့်မည်။ အဓိကဇာတ်ကောင်က ဒီဧရာမ ဝင်္ကပါကြီးထဲမှာ လမ်းလျှောက်ရင်း တံခါးတိုင်းက ရွေးချယ်မှုတစ်ခုစီကို ကိုယ်စားပြုသည်။ နောက်ဆုံးအခန်းကို ဝင်သွားသောအခါ ဂိမ်းအဆုံးသတ် သွားပါလိမ့်မည်၊။

သို့သော်လည်း အားလုံး နားမလည်တာက... ဒါဘယ်လိုအမျိုးအစားလဲ။

ဒီလိုအမျိုးအစားမျိုး တစ်ခါမှ မမြင်ဖူးပါ။

တခြားနိုင်ငံတွေမှာလည်း ဒါမျိုး မကြားဖူးပါ။ နိုင်ငံအတွင်းမှာဆို ပိုတောင်ဆိုးသေးသည်။ ဖြစ်ကော ဖြစ်နိုင်လို့လား။ သူတို့ အရည်အသွေးမြင့် သရီးဒီမော်ဒယ်ဖန်တီးမှုများ အသုံးပြုပြီး နောက်ခံကားချပ်များစွာနဲ့ ဇာတ်ကွက်များစွာကို ဖန်တီးခဲ့ရင်တောင် လူတွေ တစ်သက်လုံး လမ်းပဲလျှောက်နိုင်မယ့် ဂိမ်းတစ်ခုကို ဖန်တီးလိုက်မိရင် ဘယ်လိုလုပ်မည်နည်း။

တစ်ခုခုတော့ လွဲနေသလို သူတို့ ခံစားရပါသည်။

သို့သော်လည်း ဘယ်သူမှ ဖေးချမ့်ကို မေးခွန်းထုတ်မှာ မဟုတ်ပေ။

သူတို့ နားမလည်ဘူးမလား။ ဒါလိုပဲ ဖြစ်သင့်တာပေါ့။

ဘော့စ်ဖေးရဲ့ တွေးပုံခေါ်ပုံတွေက သာမန်လူတွေ နားလည်နိုင်မှာမျိုးလား။

ဟွမ်းစစ်ပေါ်နဲ့ ပေါင်ရှုတို့သာ ဖေးချမ့်၏ ဒီဇိုင်းနဲ့ အစီအစဥ်များကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ ကျန်အားလုံးကတော့ ထိုအဆင့်ရောက်ဖို့ အများကြီး လိုပါသေးသည်။

လုမင်းလျန်က ဒါကို လေးလေးနက်နက် သိနေပြီး မှတ်စုစာအုပ်ထုတ်ကာ မှတ်စုများ ရေးမှတ်နေပါသည်။ ကံကောင်းစွာဖြင့် ဘော့စ်ဖေးက အလွန်အသေးစိတ်ကျသောာ ဖော်ပြချက်ပေးခဲ့သည်။ လုမင်းလျန် အများကြီး ခန့်မှန်းဖို့ မလိုပါ။ သူလုပ်ဖို့လိုတာဆိုလို့ ဘော့စ်ဖေး၏ စကားများကိုသာ တိတိကျကျ လိုက်နာဖို့ ဖြစ်သည်။ ဒါဆို မမှားနိုင်ပါ။

လင်းဝမ်က လက်ထောင်လိုက်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဒါက ဆန်းသစ်တဲ့ ဒီဇိုင်းလို့ ထင်မိပါတယ်၊။ ဒါပေမယ့် ဂိမ်မာတွေက ဂိမ်းထဲမှာ အမြဲတမ်း လမ်းလျှောက်နေရမယ်ဆိုရင် သူတို့ပျင်းမသွားနိုင်ဘူးလား။"

ပျင်းမယ်ဟုတ်လား။

ပျင်းရမှာပေါ့။

ငါလည်း အဲ့လိုပဲ ဖြစ်စေချင်တာလေ။

သို့သော်လည်း လင်းဝမ်၏ မေးခွန်းကြောင့် ဖေးချမ့် နောက်ထပ် ပုန်းကွယ်နေသော အန္တရာယ်တစ်ခုကို စဥ်းစားမိသွားခဲ့ပါသည်။ ဒါ... မလုံလောက်သေးဘူးလား။ ဂိမ်းက ပျင်းစရာကောင်းတာ တစ်ခုတည်းသာဆိုလျှင် ဂိမ်မာများကို နှင်ထုတ်ဖို့ မလုံလောက်နိုင်ပါ။

သူတို့တွေက ပျင်းဖို့ကောင်းတာကို သည်းခံပြီး ရွေးချယ်မှုလုပ်ရတာကို ကြိုက်နှစ်သက်ကာ ဂိမ်းကို စိတ်ဝင်စားသွားကြရင် ဘယ်လိုလုပ်မည်နည်း။

ဖေးချမ့် အတွေးများ နက်ရှိုင်းနေပါသည်။

"ငါသိပါတယ်"ဖေးချမ့်က ရုတ်တရက် အကြံကောင်းတစ်ခုကို စဥ်းစားလိုက်မိသည်။ "ဂိမ်းထဲမှာ နောက်ခံစကားပြောတွေ ထည့်ကြရအောင်လေ။"

"နောက်ခံစကားပြောဟုတ်လား" လင်းဝမ် မျက်တောင်ခတ်လိုက်သည်။ သူမ တကယ်နားမလည်ပါ။

ဂိမ်းတွေထဲမှာ နောက်ခံစကားပြောထည့်တာ မထူးဆန်းသော်လည်း နိဒါန်းဇာတ်ဝင်ခန်းများတါင်သာ CGI နဲ့အတူတူ ထည့်သွင်းရခြင်းဖြစ်ပါသည်။ ဂိမ်းကစားနေချိန်အတွင်း ထည့်လိုက်ပါက ကစားသမား ဂိမ်းအပေါ် စိတ်ပါဝင်စားမှုကို သက်ရောက်မှု ရှိစေနိုင်သည်။

ဖေးချမ့်က ရယ်မောလိုက်ပါသည်။

သူဘာလို့ နောက်ခံစကားပြော ထည့်ချင်တာလဲ။

ဂိမ်မာတွေရဲ့ ဂိမ်းအပေါ် စိတ်ဝင်စားမှုကို ထိခိုက်စေချင်လို့ပဲ မဟုတ်ဘူးလား။ သူတို့ကို ဆက်ပြီး မကစားအောင် တားမြစ်ချင်ခြင်း ဖြစ်သည်။

ဒါတင်မကသေးဘဲ နောက်ခံစကားပြာတွင် အငြင်းပွားစရာ အချက်အလက်များလည်း ထည့်ဦးမည်။ ကစားသမားများကို ဆက်တိုက် လှောင်ပြောင်ကာ၊ ဒေါသထွက်အောင်လုပ်ပြီး ဆူဆဲအောင် လုပ်နိုင်မည့် အချက်အလက်များ ဖြစ်သည်။

သူတို့ကို လူကိုယ်တိုင် အရှက်ခွဲခံရသလိုမျိုး ခံစားစေချင်သည်။ ဒါမှ သူတို့ ဂိမ်းကို အလွန်ဆိုးရွားသော ဝေဖန်ချက်များ ပေးကြပြီး ကြေညာပေးမှာ မဟုတ်ပေ။ ထို့အပြင် ဂိမ်း၏ နာမည်လည်း ပျက်စီးသွားလိမ့်မည်။ ဒါဆို ဂိမ်းတဖြည်းဖြည်း သေဆုံးမသွားနိုင်ဘူးလာား။

စဥ်းစားကြည့်လိုက်ပါ။ ဂိမ်မာတစ်ယောက် ရွေးချယ်မှုတစ်ခုလုပ်လိုက်တိုင်း စနစ်ရဲ့ နောက်ခံစကားပြောက ကစားသမားကို လှောင်ပြောင်လိမ့်မည်။

ကစားသမားတွေကို ဆူဆဲသည့် ဂိမ်းတစ်ခုဖြစ်ပါသည်။

စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။

သည်းခံစိတ်နည်းတဲ့ ဂိမ်မာတွေက ကွန်ပျူတာတွေ မောက်စ်တွေကို ထုရိုက်ကုန်ကြမယ် မဟုတ်လား။

ဖေးချမ့်က နှစ်ခါလောက် အနည်းငယ် ချောင်းဆိုးလိုက်ပြီး ရှင်းပြလိုက်ပါသည်။ "နောက်ခံစကားပြောတွေက ကစားသမားတွေနဲ့ ငါတို့ ဆက်သွယ်နိုင်မယ့် နည်းလမ်းပဲ။ ကစားသမားတွေက ဟိုဟိုဒီဒီ လျှောက်ပြေးနေရုံပဲဆိုရင် ပျင်းဖို့ကောင်းတာပေါ့။ သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို မြင်နေလိမ့်မယ်။ စောင့်ကြည့်နေရတဲ့လူလို့ထင်လိမ့်မယ်။ အဲ့ဒါဆို ဂိမ်းကို စိတ်ဝင်စားမှု အလွယ်လေး လျော့သွားနိုင်တယ်။"

"ငါတို့က နောက်ခံစကားပြောတွေကိုသုံးပြီး သူနဲ့ဆက်သွယ်မယ်။ ဥပမာအားဖြင့် မှားယွင်းတဲ့ရွေးချယ်မှုကို ရွေးလိုက်မိရင် နောက်ခံစကားပြော A ကို ဖွင့်ပြီး မှန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရင် နောက်ခံစကားပြော B ကို ဖွင့်လိုက်မယ်။ အဲ့တာဆို ကစားသမားတွေက ရွေးချယ်ချက်တွေ ချမှတ်လိုက်တိုင်း တုန့်ပြန်ဝေဖန်မှုတချို့ရနိုင်မယ်။ ဒါဆို အထီးကျန်ပြီး ပျင်းမှာ မဟုတ်တော့ဘူး။"

လင်းဝမ် သဘောပေါက်သွားပြီး ခေါင်းကို အသည်းအသန် ငြိမ့်ပြလိုက်ပါသည်။

ဘော့စ်ဖေးက တကယ့်ကို ဘော့စ်ပီသပါသည်။ ဒီလောက်တောင် ဉာဏ်နီဉာဏ်နက်များတာမျိုး စဥ်းစားနိုင်သည်။

ဉာဏ်ကြီးရှင် ဒီဇိုင်နာဆိုတာ ဒါမျိုးကို ခေါ်သည်။

လင်းဝမ်လည်း အရင်တုန်းက ဆန်းစထရိုက်ခ်စတူဒီယိုတွင် အလုပ်လုပ်ခဲ့ရသည့် သူမ၏ အတွေ့အကြုံများကို ပြန်တွေးမိသည်။ ဆန်းစထရိုက်ခ်စတူဒီယိုရုံးခန်းတွင် ဒိလိုဆွေးနွေးမှုကလည်း ပေါများတတ်ပါသည်။ ဦးနှောက်စားခြင်းကို အသုံးချပြီး  ဂိမ်းတစ်ခု၏ အသေးစိတ်တချို့ကို ဆုံးဖြတ်ပြီး ဘယ်လိုဖန်တီးရမလဲဆိုတာလည်း စဥ်းစားသည်။

သို့သော်လည်း အနေအထားကတော လုံးဝ ခြားနားပါသည်။ ကျိုးမူယန်က အမြဲတမ်း တစ်ခုတည်းကိုသာ စဥ်းစားသည်။ "တူညီတဲ့ ကစားပုံနဲ့ ဂိမ်းတွေရှိလား။"

ရှိပါက ထိုကစားပုံ အောင်မြင်သလား ကျိုးမူယန် ဆန်းစစ်ကြည့်လိမ့်မည်။ အောင်မြင်ပါက ထိုကစားပုံကို ကူးယူပါလိမ့်မည်။ သို့သော် အဖြေက မကောင်းမွန်ဘဲ တခြားဂိမ်းတစ်ခုက ဒီနည်းအတိုင်း အသုံးချပြီး မအောင်မြင်ဖူးပါက ဒီအကြံကို ချက်ချင်း ပယ်ချလိမ့်မည်။

ဒါက သူတစ်ယောက်တည်းမဟုတ်ဘဲ နိုင်ငံတော်ထဲက ကုမ္ပဏီအများစုကလည်း ထိုနည်းလည်းကောင်း လုပ်တတ်ကြပါသည်။

တည်တံ့မှုအတွက် ဒီဇိုင်နာအများစုက ကြိုးစားပြီး မကျရှုံးရဲကြပါ။ သူတို့အားလုံး အရင်တုန်းက အတွေ့အကြုံများထံမှသာ သင်ယူကြသည်။ ထို့ကြောင့် ဂိမ်းများစွာက တစ်ဥတည်းမှပေါက်လာပြီး ဆင်တူလာကြပါသည်။

သို့သော်လည်း ဘော့စ်ဖေး၏ ဆောင်ရွက်ပုံများကိကု လင်းဝမ် လေးစားမိပါသည်။

အရင်တုန်းက အောင်မြင်ဖူးတာရှိလား သူဂရုမစိုက်ပါ။ သူက ရှေ့ဆောင်လမ်းပြလုပ်ဖို့ သတ္တိရှိသည်။ ဒီတည်ဆောက်ပုံမျိုးက ဆန်းစထရိုက်ခ်စတူဒီယိုနဲ့ ကျိုးမူယန်ထက် အများကြီးအဆင့်မြင့်ပါသည်။

ဖေးချမ့်က မာစတာ ဒီဇိုင်နာတစ်ယောက်ဖြစ်တာကို သံသယမရှိဘဲ လင်းဝမ်ယုံကြည်သွားပါပြီ။

လုမင်းလျန်ကတော့ မှတ်စုစာအုပ်တွင်သာ အသည်းအသန်ချရေးနေသည်။ ကောင်းမွန်သည်ဟု ခံစားရသော်လည်း ဖေးချမ့် ဘာကြောင့် ဒီလိုလုပ်နေသလဲ နားမလည်နိုင်ပါ။ သို့သော်လည်း ကုမ္ပဏီထဲမှာ သူ့နေရာသူသိပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်သော အထင်အမြင်များ ဘယ်တော့မှထုတ်ပြောမှာ မဟုတ်ပေ။ သူက ဘော့စ်ဖေး၏ လမ်းညွှန်ချက်များအတိုင်း အားလုံးလိုက်လုပ်ပါမည်။

အားလုံးကို အောင်မြင်စွာ အယုံသွင်းပြီးနောက် ဖေးချမ့် အလွန်ကျေနပ်သွားပါသည်။

ဒီခံစားချက်က တကယ်ပဲ ကောင်းမွန်ပါသည်။

ဒီပရောဂျက်ကတော့ လုံးဝ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေပြီ။

"၃ ရက်အတွင်း ဒိဇိုင်းမူကြမ်းနဲ့ ၁ ပတ်အတွင်း Workflow တစ်ခုလုံးကို လိုချင်တယ်။ ၂ ပတ်အတွင်းမှာ ပန်းချီရင်းမြစ်တွေအားလုံး အဆင်သင့်ဖြစ်နေရမယ် ပြဿနာရှိလား။" ဖေးချမ့်က လုမင်းလျန်ကို ကြည့်လိုက်ပါသည်။

လုမင်းလျန်က ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။ "စိတ်ချပါ ဘော့စ်ဖေး၊ ကျွန်တော်သေချာပေါက ဒီတာဝန်တွေကို အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်။"

ထိုသို့ပြောပြီးနောက် လုမင်းလျန်က ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသည့်ပုံစံဖြင့် မေးလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ အချိန်မှီ မပြီးနိုင်ရင် အချိန်ပိုလုပ်လို့ရမလား။"

အချိန်ပိုက စံပြဝန်ထမ်းများအတွက် အထူးအခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ဘော့စ်ဖေးက သူ့ကိုကော စံပြဝန်ထမ်းဟု သတ်မှတ်ထားသလား သူ မသိသေးပါ။

ဖေးချမ့်က ခေတ္တစဥ်းစားကြည့်လိုက်ပြီး ခေါင်းငြိမ့်ကာပြောလိုက်ပါသည်။ "ရပါတယ်။ ဒါပေမယ့် မင်း ည ၉ နာရီကျော်တဲ့အထိ နေလို့ မရဘူး။ မင်းတို့တွေက အသက်ငယ်တယ်ဆိုပေမယ့် ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ကြရမယ်။"

"ဟုတ်ကဲ့" လုမင်းလျန် အလွန်နွေးထွေးသွားပါသည်။

သူတို့တွေရဲ့ဘဝကိုပါ ဒီလောက်ဂရုစိုက်ပေးနေတာ ထန်းတာ့အပြင် တခြားဘယ်နေရာရှိသေးလို့လဲ။

ဘော့စ်ဖေးအတွက် အကောင်းဆုံးမကြိုးစားပေးရင် သူ့ကိုယ်သူ လူလို့ခေါ်နိုင်ပါဦးမလား။

အခန်း(၈၀) ရုပ်ရှင်လောကထဲ ဝင်မယ်ဟုတ်လား

ဖေးချမ့်၏ ရုံးခန်းတွင်...

"ဘယ်လိုလဲ မာကြီး။ မင်းဆုံးဖြတ်ချက် ချပြီးသွားပြီလား" ဖေးချမ့်က လက်ဖက်ရည်သောက်ပြီး မေးလိုက်ပါသည်။

"မချရသေးဘူး" မာယန်က အားတက်သရောဖြေလိုက်ပါသည်။

"ဖွီးးး"

ဖေးချမ့်က လက်ဖက်ရည်များ ထွေးထုတ်မိမလိုတောင် ဖြစ်သွားသည်။ သို့သော်လည်း ဒေါသတော့ မထွက်ပါ။ နည်းနည်းတောင် ပျော်မိပါသည်။ ကြည့်ရတာ မာကြီး သူ့အတွက် လွယ်ကူအောင် လုပ်ပေးတော့မည် ထင်သည်။

အားလုံးသာ မာကြီးလိုဖြစ်နေပါက စနစ်ရန်ပုံငွေထဲက ပိုက်ဆံတွေကို သူ့ကိုယ်ပိုင်အကောင့်ထဲ ထည့်နိုင်ခဲ့တာ ကြာပြီ ဖြစ်သည်။

"အခု ငါ့ရဲ့အဓိက တာဝန်က သင့်တော်တဲ့ အကူအညီပေးနိုင်မယ့်သူကို ရှာဖို့ပဲ" မာယန်က လက်ဖက်ရည်ကို သောက်ရင်း အခြေအနေကို ကောင်းကောင်း အစီအစဥ်ဆွဲထားသည့် ပုံပေါ်နေပါသည်။

ဖေးချမ့် ရုတ်တရက် အနည်းငယ် စိတ်ပူလာသည်။

မာယန်ကို သူယုံကြည်သည်။ သို့သော် မာယန်၏ အကူအညီပေးသူကိုတော့ မယုံကြည်ပါ။

မာယန်က တခြားသူတွေပြောတာကို အယုံလွယ်သော လူမျိုး ဖြစ်ပါသည်။ သူသာ အင်တာနက်ကဖေးဆိုင်ဖွင့်တာ တော်ပြီး အလုပ်ကြိုးစားသည့်လူမျိုးနဲ့ ဆုံတွေ့သွားရင် ဘယ်လိုလုပ်မည်နည်း။ မာယန်က ထိုကူညီပေးသူ ပြောတာကို အလုံးစုံ လိုက်နာရင် ဘယ်လိုလုပ်မည်နည်း။

အကျိုးဆက်က အတော်လေး အန္တရာယ်များလိမ့်မည်။

ဖေးချမ့် စိတ်ပူမှဖြစ်ပါမည်။ "မင်းက ဘယ်လို ကူညီသူမျိုး ရှာနေတာလဲ။"

"ပိုင်သု ထဲပါးမှာတစ်ယောက်တော့ တွေ့ထားတယ်။ သူက ပါရမီရှင်ပဲ။ အခုသူ့ကို လစာမြင့်မြင့်ပေးပြီး ဆွဲခေါ်တော့မလို့" မာယန်က ပြောလိုက်သည်။

သြော် ထဲပါးက ပါရမီရှင်တစ်ယောက်တဲ့လား။

ရပါတယ်၊ ရပါတယ်လေ။

ဖေးချမ့် စိတ်အေးသွားသည်။

ထဲပါးဆိုသည်မှာ တကယ်ပဲ ပုန်းကွယ်နေသည့် ပါရမီရှင်များကို တွေ့နိုင်သော နေရာတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် ဒီနှစ် ဒီလိုအချိန်တွင် ထဲပါးကို ကျယ်ကျယ်ပြန့်ပြန် အသုံးချလာကြပြီ ဖြစ်ပါသည်။ အကောင်းနဲ့အဆိုးနဲ့ ရောနှောနေသော်လည်း တချို့ပါရမီရှင်များကို တွေ့နိုင်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို မြှောက်ပြောပြီး လေကျယ်သည့် လူများကတော့ ပိုများသည်။

ဖြစ်နိုင်ချေကို တွက်ချက်ကြည့်လိုက်လျှင် မာယန် ကျွမ်းကျင်သူတစ်ယောက်ကို ရှာနိုင်မှာမျိုး မဖြစ်နိုင်ပါ။

"အသေးစိတ် ထပ်ပြောလို့ရမလား" ဖေးချမ့်က အသေအချာ ထိုင်လိုက်ပြီး လက်ဖက်ရည်ကို ထပ်သောက်လိုက်သည်။ ဖေးချမ့် သူ့တိုးတက်မှုကို အလွန်စိတ်ပူပေးနေတာကို မြင်ပြီး မာယန်က ပိုနိုးကြားလာကာ အတည်ပေါက် တင်ပြလိုက်ပါသည်။

"ငါတွေ့ထားတဲ့ လူက ခါပါဖိုရမ်ပေါ်မှာ ကဖေးဆိုင်ငယ် ပိုင်ရှင်တစ်ယောက်ပဲ။ သူက အရမ်းပါရမီရှိပြီး ထဲပါးမှာလည်း အရမ်းနာမည်ကြီးတယ်။"

"ငါတွေးနေတာ ငါသာ LAN ဆိုင်တစ်ဆိုင်ဖွင့်နိုင်ရင် အရေးအကြီးဆုံးက ကွန်ပျူတာတွေ မဟုတ်လား။ ဒီအချိန်မျိုးမှာတော့ နာမည်ကြီး ဘရန်းမော်ဒယ်တွေ ဝယ်လို့ မဖြစ်ဘူးမလား။ ငါထူးခြားချင်ရင် ငါ့ဖာသာငါဖန်တီးပြီး ငါ့ဖာသာငါ ပြင်ဆင်ရမယ်။"

"ဒါပေမယ့် ဘယ်လိုလုပ်ရမလဲငါမသိဘူး။ အဲ့တာကြောင့် ပါရမီရှင်တစ်ယောက်ကို ဆွဲခေါ်ပြီး ကူညီခိုင်းမလို့ကွ။ သူက ကွန်ပျူတာာ ဘယ်လိုဆင်ရမလဲသိတယ်။ ပြီးတော့ ကွန်ပျူတာ ဟာ့ဒ်ဝဲအကြောင်းလည်း ငါ့ထက်ပိုသိတယ်။ ငါ့ဆုံးဖြတ်ချက်က အဆင်ပြေတယ်မဟုတ်လား။”

ဖေးချမ့်က အားတက်သရော ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်။ ဘာမှ မမှားဘူး။ တွေးတာ ကောင်းတယ်။"

ဖေးချမ့်က အနည်းငယ် စိတ်ပူနေခဲ့သည်။ သို့သော်လည်း ကူညီသူက အင်တာနက် ကဖေးပိုင်ရှင်ဟု ကြားလိုက်ရသောအခါ ဖေးချမ့် ရုတ်တရက် ပိုပြီး စိတ်အေးသွားရပါသည်။

ဆိုရိုးစကားတစ်ခုရှိသည်။ လူတစ်ယောက်က ခါပါဖိုရမ်ကို ယွမ် ၃,၀၀၀ ဖြင့် ဝင်သွားပါက ပြန်သောအခါ ထို့ထက်ပိုပြီး သုံးမိပါလိမ့်မည်။

ထူပါးဖိုရမ်ကို ယွမ် သုံးထောင်ဖြင့်ဝင်သွားပါက အင်တာနက် ကဖေးဆိုင်ဖွင့်ဖို့ ငွေနည်းနည်းပဲ ကျန်ကာ အိမ်ပြန်ရနိုင်ပါသည်။

ခါပါဖိုရမ်နှင့် ထူပါးဖိုရမ်တို့က ထဲပါးတွင် ကွန်ပျူတာဆင်ဝါသနာရှင်များ စုစည်းသော ရေပန်းအစားဆုံး နေရာနှစ်ခုဖြစ်ပါသည်။ သို့သော်လည်း သူတို့နှစ်ခုက အလွန်ခြားနားစွာလည်ပတ်ကြသည်။

ခါပါဖိုရမ်တွင် လူတွေက ပိုကောင်းသည့် အစိတ်အပိုင်းများအတွက် ပိုက်ဆံပိုသုံးဖို့ တောင်းဆိုခံရပြီး ထူပါးဖိုရမ်မှတော့ ရည်ရွယ်ချက်က ဘက်ဂျက်ကို ထိန်းသိမ်းနိုင်မည့် စျေးကြီးပြီး တည်တံ့သော အစိတ်အပိုင်းများကို ရရှိနိုင်ဖို့ ဖြစ်ပါသည်။

မာယန်သာ ထူပါးဖိုရမ်မှ ပညာရှင် သွားရှာတာဆို ဖေးချမ့် စိတ်ပူနိုင်ပါသေးသည်။

ဘာကြောင့်လဲ။ ထူပါးက ပါရမီရှင်များက ပိုက်ဆံချွေတာတာ အတော်ဆုံး ဖြစ်ကြသည်။

သူတို့သာ ကွန်ပျူတာကို ဆင်ဖို့ ဘက်ဂျက်နည်းနည်းပဲသုံးပြီး ပမာဏများများ အမြတ်နည်းနည်း ဟူသော ပုံစံမျိုး ကျင့်သုံးပါက ဒီအင်တာနက် ကဖေးမှာ တကယ် အဆင်ပြေသွားနိုင်လောက်သည်။

ဘာပဲဖြစ်ဖြစ် ဒါက ၂၀၁၀ ဖြစ်ပါသည်။ အလွန်စျေးပေါသည့် အင်တာနက်ကဖေးများက အလွန်ကြိုဆိုခံရဆဲဖြစ်ပါသည်။ တချို့ ပိုက်ဆံသိပ်မရှိသည့် ကျောင်းသားတချို့က Specs မြင့်မြင့် လိုအပ်သည့် ဂိမ်းများကို ကစားကြမှာ မဟုတ်ပေ။ ဒီလိုစျေးပေါသည့် အင်တာနက်ကဖေးတစ်ခုကိုသာ ဖန်တီးလိုက်ပါက ထိုကဖေးမှာ အိပ်ကြစားကြမည့် လူများနဲ့ ပြည့်နှက်သွားပါလိမ့်မည်။

သို့သော်လည်း ခါပါဖိုရမ်ကဆိုရင်တော့ ခြားနားပါလိမ့်မည်။ အင်တာနက်ကဖေးထဲက ကွန်ပျူတာ အားလုံးက တစ်လုံးကို ယွမ် ၂၀,၀၀၀ - ၃၀,၀၀၀ ဝန်းကျင်လောက်ရှိလိမ့်မည်။

လုံးဝ အားရစရာဖြစ်ပြီး အရှုံးပေါ်မှာကို ရှောင်လွှဲလို့မရနိုင်ပါ။

ထို့ကြောင့် ဖေးချမ့်အလွန်ပျော်ရွှင်နေပါသည်။ မာယန်က သူ့ကိုစိတ်မပျက်စေပေ။

"ဟုတ်ပါပြီ။ မင်း အဲ့ဒီပါရမီရှင်မျိုးကို ခေါ်ရမှာပေါ့။ မင်းသူ့အပေါ် သဘောကောင်းပြပြီး လစာ မြင့်မြင့်ပေးဖို့ မမေ့နဲ့နော်။ ဒီလို နတ်ဘုရားအဆင့်ရှိတဲ့ လူမျိုးကို လာကူညီစေချင်ရင် တစ်လ ယွမ် ၈,၀၀၀ လောက်ပဲ ပေးလို့မဖြစ်ဘူး ဟုတ်တယ်မလား။"

ဖေးချမ့်က မီးလောင်ရာ လေစပင့်ပါသည်။

မာယန်က အနည်းငယ် နာကျင်သွားပြီး ပြောလိုက်သည်။ "ယောက်ဖချမ့် ငါမင်းကို မဖုံးကွယ်တော့ပါဘူး... လက်ရှိ ငါ့လစာက ယွမ် ၅,၀၀၀ တည်း ရှိတာလေ..."

ဖေးချမ့်က မာယန်ကို အလုပ်သင်များအတွက် အမြင့်ဆုံး ပေးနိုင်သော လစာကို ပေးထားပါသည်။ တစ်လကို ယွမ် ၄,၀၀၀ ဖြစ်သည်။ ဝန်ထမ်းအားလုံးကို ၃၀ ရာခိုင်နှုန်း လစာတိုးပေးပြီးသွားသောအခါ မာယန်၏ လစာက ယွမ် ၅,၀၀၀ မျှသာ ရှိပါသေးသည်။

ဖေးချမ့်က ရယ်မောကာ ပြောလိုက်ပါသည်။ "စိတ်ချစမ်းပါကွာ။ ငါမင်းကို ပစ်ထားပါ့မလာား။ ဒှတာဝန်ကို အောင်မြင်တာနဲ့ ငါမင်းကို လစာတိုးပေးမယ်။ ဘောနပ်စ်လည်း ပါတယ်။"

မာယန်က အပျော်လွန်သွားပါသည်။ "ကောင်းလိုက်တာ စိတ်ချပါ။ ဒီအင်တာနက် ကဖေးကို အကောင်းဆုံးဖြစ်အောင် ငါအားကုန်ကြိုးစားမယ်။"

"ငါမင်းကို ဘယ်နှခါပြောရမလဲ။ အင်တာနက်ကဖေးမဟုတ်ဘူးလို့။ LAN ဆိုင်တွေ၊ ဂိမ်းရသတွေ၊ ဟာ့ဒ်ဝဲရောင်းတာတွေ၊ ပွဲကြည့်တာတွေ အကုန်ပါမယ့် ကျယ်ပြန့်တဲ့ ဖျော်ဖြေရေး စင်တာကြီးပါလို့ပြောထားတယ်လေကွာ" ဖေးချမ့်က မာယန်၏ စကားကို ပြန်ပြင်ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ။ ငါသိပါတယ်။ ကျယ်ပြန့်တဲ့ ဖျော်ဖြေရေး အင်တာနက် ကဖေး" မာယန်က လက်ဖက်ရည် ပြီးအောင် သောက်လိုက်သည်။ "ဒါဆို ငါအလုပ်ဆက်လုပ်တော့မယ်ကွာ။"

"အင်း" ဖေးချမ့်က ကျေနပ်သွားပါသည်။

အခုတော့ ဂိမ်းပရောဂျက်အသစ်နဲ့ ပတ်သတ်ပြီး ကိစ္စများကိုလည်း အနည်းနဲ့အများ တည်ငြိမ်အောင် လုပ်ပြီးပြီ။ မာယန်ကတော့ ခါပါဖိုရမ်ရဲ့ ပါရမီရှင် လက်ထောက်နဲ့သာဆို အားလုံး တည်တည်ငြိမ်ငြိမ် ရှိလောက်ပါသည်။

ကျန်တာကတော့ ဟွမ်းစစ်ပေါ်ဘက်သာဖြစ်သည်။ သူ အနည်းငယ် စိတ်မသက်သာဖြစ်နေပါသည်။

ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို အဆင်ပြေလားမေးရန် စာပို့ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဟွမ်းစစ်ပေါ် လတ်တလော အလုပ်မလာပါ။ ဖေးချမ့်ကလည်း သူဘာတွေလုပ်နေသလဲ မသိရပါ။ ဟွမ်းစစ်ပေါ်၏ တိုးတက်မှုကို နားလည်ထားလျှင် ပိုကောင်းပါသည်။

"အိပ်မက်ရန်ပုံငွေအကြောင်း စဥ်းစားပြီးသွားပြီလား။ မင်းဘယ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်လဲလို့ ဆုံးဖြတ်ပြီးသွားပြီလား။"

သိပ်မကြာခင် ဟွမ်းစစ်ပေါ်က စာပြန်ပါသည်။

"ကျွန်တော် ယေဘုယျ ဦးတည်ချက်တစ်ခုတော့ရှိတယ် ဘော့စ်ဖေး။ ရုပ်ရှင်လောကနဲ့ ပတ်သတ်တာ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ထာားတယ်။ ဒါက အမြဲတမ်း ကျွန်တော့်ရဲ့ အိပ်မက် ဖြစ်ခဲ့တာလေ။ ကျွန်တော့်အတွက် အရမ်းခက်ခဲတာလေးတစ်ခုပဲ။ အဲ့တာကြောင့် ဂိမ်းလောကကို ရွေးချယ်ဖြစ်ခဲ့တာ။ အခု ကျွန်တော် အခွင့်အရေးရလာပြီဆိုတော့ ကျွန်တော့် အိပ်မက်တွေနောက်ပဲ လိုက်တော့မယ်ဗျာ။"

ဖေးချမ့်တစ်ယောက် ပျော်လွန်းသဖြင့် ကိုယ်ပေါင်ကိုယ် ထောင်းလိုက်ပါသည်။ ရုပ်ရှင်လောကတဲ့လားကွာ။

ဒါလုံးဝ ပြီးပြည့်စုံတာပဲ။ အဲ့ဒီလောကက မွဲတာ ပိုမြန်တယ်။

သို့သော်လည်း... ရုပ်ရှင်လောကထဲကို ယွမ် ၁ သန်းနဲ့ ဝင်ဖို့က အနည်းငယ် လောလွန်းမနေဘူးလား။ အာနိသင်ရှိပါ့မလား။

ဖေးချမ့် သံသယတော့ဖြစ်မိပါသည်။

"မင်းရန်ပုံငွေ လုံလုံလောက်လောက်ကော ရှိရဲ့လား။ ငါမင်းကို ရင်းနှီးမြှုပ်နှံငွေ ထပ်ပေးလို့ရတယ်နော်။ ပြဿနာ မရှိပါဘူး။"

ဖေးချမ့်က ပိုက်ဆံအရှုံးပေါ်မည့် လုပ်ငန်းပရောဂျက်များကို ကိုင်တွယ်နိုင်ခဲ့ပြီ။။ ရုပ်တရက်ကြီး ဒီလုပ်ငန်းမှာ ငွေပိုထည့်ချင်လာပါသည်။

တကယ်တော့ ဖေးချမ့်လည်း ပိုက်ဆံအရှုံးပေါ်ဖို့ ရုပ်ရှင်လောကထဲဝင်ဖို့ စဥ်းစားဖူးပါသည်။ ဒီအစီအစဥ်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးမရသေးရုံသာ ရှိသည်။ ဒါကောင်းမွန်လွန်းပါသည်။ ဟွမ်းစစ်ပေါ်က လမ်းခင်းပေးသဖြင့် ဖေးချမ့်က သူ့ဖာသာသူ စိတ်ရှုပ်ဖို့ မလိုတော့ပါ။

ဟွမ်းစစ်ပေါ်က အမြန်စာပြန်လိုက်ပါသည်။ "မလိုပါဘူးဗျာ။ မလိုပါဘူး။ ဘော့စ်ဖေး ကျွန်တော့်ကို အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းတောင် ပေးထားပြီးပြီပဲ။ ကျွန်တော် ဘယ်လိုလုပ် ထပ်တောင်းရက်မှာလဲ။"

"စိတ်ချပါ။ ကျွန်တော်က ရင်းနှီးမြှုပ်နှံဖို့ အများကြီးလိုအပ်တဲ့ နာမည်ကြီး ရုပ်ရှင်အမျိုးအစားတွေ မရိုက်ပါဘူး။ ကျွန်တော်က ပစ္စည်းကိရိယာနဲ့ ပြုပြင်ဖို့ သိပ်မလိုအပ်တဲ့ ဗီဒီယိုအတိုလေးတွေကိုပဲ လုပ်မှာပါ။ အများကြီး မကုန်ပါဘူး။ ယွမ် ၁ သန်းဆို လုံလောက်ပါပြီ။"

ဗီဲဒီယိုအတိုလေးတွေ ဟုတ်လား။

ဖေးချမ့် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ "မင်းရိုက်မယ့် ဗီဒီယိုအတိုလေးနာမည်က... အံ့အားသင့်ဖွယ်တော့ မဟုတ်ဘူးမလား။"

ဟွမ်းစစ်ပေါ် ကြောင်သွားသည်။ "အံ့အားသင့်ဖွယ် ဟုတ်လား။ အဲ့တာ ဘာကြီးလဲ။"

ဖေးချမ့် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည််။ အံ့အားသင့်ဖွယ် မဟုတ်ရင် အားလုံးအဆင်ပြေပါပြီ။

"မင်းမှာ ဇာတ်ညွှန်းရှိပြီလား။ ဒါရိုက်တာကော" ဖေးချမ့်က ထပ်မေးလိုက်သည်။

ဟွမ်းစစ်ပေါ်က စာပြန်၏။ "မရှိသေးပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်အခုရှာနေပါပြီ။ ဇာတ်ညွှန်းအသင့်ဖြစ်တာနဲ့ ဘော့စ်ကို အရင်ကြည့်ဖို့ ပို့လိုက်ပါ့မယ်။"

"ကောင်းပါပြီ" ဖေးချမ့် စိတ်အေးသွားပါသည်။

ဟွမ်းစစ်ပေါ်သာ ဗီဒီယိုအတိုလေးရိုက်မည်ဆိုပါက အံ့အားသင့်ဖွယ်မဟုတ်သရွေ့ အဆင်ပြေပါသည်။

ဒီအချိန်နဲ့ ဒီခေတ်မှာ ဗီဒီယိုအတိုလေးတွေရိုက်ကူးပြီး ရေပန်းစားမှုရဖို့ ခက်ခဲပါသည်။ ရေပန်းစားလာခဲ့ရင်တောင် ရောင်းနိုင်ဖို့ ခက်ခဲပါသည်။ အရှုံးတွေကိုလည်း ကြိုခန့်မှန်းထားရမည်။ ကြည့်ရတာ ဟွမ်းစစ်ပေါ်ဘက်မှာလည်း အာားလုံး ချောချောမွေ့မွေ့အဆင်ပြေနေသည့်ပုံပင်။

Zawgyi

ေဖးခ်မ့္ 79+80

အခန္း(၇၉) ကစားသမားေတြကို ဆဲေပးတဲ့ဂိမ္း

ေဖးခ်မ့္က အျပင္ပိုင္းမွာ စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝတၳဳဂိမ္းမ်ားကို ဒိတ္ေအာက္သည္ဟု ထင္ကာ အထင္ေသးသည့္ပုံေပၚသည္။ သို႔ေသာ္လည္း ရင္ထဲမွာေတာ့ ႐ွင္း႐ွင္းလင္းလင္းကို သိေနပါသည္။ ဒိတ္ေအာက္ဂိမ္းမ်ားကို ေနာက္တစ္နည္းေခၚရလွ်င္ တည္တံ့ေသာဂိမ္းမ်ားဟူ၍ ျဖစ္သည္။

စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝတၳဳဂိမ္းမ်ားက ေဟာင္းႏြမ္းေနေသာ္လည္း တည္တံ့ေနေသာ ဂိမ္းအမ်ိဳးအစား ျဖစ္သည္။ အခ်ိန္အၾကာႀကီး ႐ွင္သန္ႏိုင္ခဲ့၏။

ေဖးခ်မ့္က အရင္ဘဝမွ မွတ္ဉာဏ္မ်ား ႐ွိေနပါေသးသည္။ Chinese Parents ဆိုသည့္ ဂိမ္းမွာ စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝတၳဳအမ်ိဳးအစားကို အသုံးျပဳေသာ လြတ္လပ္သည့္ ဂိမ္းတစ္ခု ျဖစ္သည္။ အေတာ္ေလးလည္း ေအာင္ျမင္ခဲ့၏။

ေဖးခ်မ့္က ဒီလိုေတာ့ ျဖစ္ခြင့္ေပးမွာ မဟုတ္ေပ။

ထို႔ေၾကာင့္ ဒီစိတ္ႀကိဳက္ေ႐ြးခ်ယ္ဝတၳဳဂိမ္းေမာ္ဒယ္ကို လိုက္နာသည့္ အခ်က္အားလုံးကို ပယ္ဖ်က္ပစ္ရမည္။

ေဖးခ်မ့္က လည္ေခ်ာင္း႐ွင္းလိုက္ၿပီး ဆက္ေျပာလိုက္ပသည္။ "ငါေတြးတာေတာ့... သရီးဒီ လုပ္ငန္းစဥ္ အဆင့္ဆင့္ျပကားခ်ပ္တစ္ခု လုပ္သင့္တယ္။ ဟုတ္တယ္ ပင့္ကူအိမ္လို ၿပီးျပည့္စုံတဲ့ ကားခ်ပ္ပုံတစ္ခုပဲ။ လုပ္ငန္းစဥ္ အဆင့္ဆင့္ျပကားခ်ပ္ထဲက ပုံးေတြက အခန္းတစ္ခုဆီျဖစ္ၿပီး လုပ္ငန္းစဥ္ အဆင့္ဆင့္ျပကားခ်ပ္ေပၚက မ်ဥ္းေၾကာင္းေတြကေတာ့ ေကာ္ရစ္ဒါေတြ ျဖစ္လိမ့္မယ္။”

"ဂိမ္မာေတြက ေကာ္ရစ္ဒါေတြအတြင္းမွာ လမ္းေလွ်ာက္ရမယ္။ လုပ္ငန္းစဥ္ အဆင့္ဆင့္ျပကားခ်ပ္အတြင္းမွာ လမ္းေၾကာင္း ေျပာင္းသြားႏိုင္တဲ့ ေ႐ြးခ်ယ္မႈေတြလည္း ႐ွိရမယ္။ အခန္းတစ္ခုခ်င္းစီတိုင္းမွာ သူတို႔ရဲ႕ ေ႐ြးခ်ယ္မႈရဲ႕ ရလဒ္ေတြထြက္လာမယ္။ အခန္းတိုင္းမွာ တံခါးတစ္ခ်ပ္က ေကာ္ရစ္ဒါကို ျပန္ဦးေဆာင္သြားမယ္။ ဆိုလိုတာက ဂိမ္မာေတြမွာ ေ႐ြးခ်ယ္ခြင့္ အမ်ားႀကီး႐ွိတယ္ဆိုတာပဲ။"

"မင္းတို႔ေတြ ငါေျပာတာကို နားလည္လိုက္လား။"

အားလုံးက ေခါင္းၿငိမ့္ကာ ေနာက္ထပ္ အတူတူ ေခါင္းခါလိုက္ၾကျပန္သည္။

သူတို႔နားလည္းလည္ၿပီး နားလည္းမလည္ပါ။

ေဖးခ်မ့္၏ ေဖာ္ျပခ်က္က သူတို႔ကို ဂိမ္းကစားပုံကို စိတ္ကူးယဥ္ၾကည့္ေစႏိုင္သည္။ ဗြီစီအို သို႔မဟုတ္ ဘယ္လို သက္ဆိုင္ရာ ေဆာ့ဝဲလ္မ်ိဳးကိုမဆို ဂိမ္းေလာကအတြင္း အသုံးမ်ားၾကသည့္ လုပ္ငန္းစဥ္ အဆင့္ဆင့္ျပကားခ်ပ္တစ္ခုကို ဆြဲရမည္။

သူတို႔ကာ ေလာ့ဂ်စ္ႏွင့္ ေဆာင္႐ြက္ခ်က္ flow မ်ားကို ေဖာ္ျပဖို႔ အသုံးျပဳရပါသည္။

ဥပမာအားျဖင့္ တခ်ိဳ႕ လုပ္ေဆာင္ခ်က္မ်ားက အေျခအေနတစ္ခုမွ စတင္ရမည္။ အကဲျဖတ္မႈ မ်ားစြာ ၿပီးသြားေသာအခါ အဆုံးသတ္ရလဒ္တစ္ခု ထြက္ေပၚလာပါလိမ့္မည္။ ၾကည့္ရသေလာက္ေတာ့ လုပ္ငန္းစဥ္ အဆင့္ဆင့္ျပကားခ်ပ္မ်ားကို မ်ဥ္းကြက္မ်ားနဲ႔ ႐ြန္းဘတ္ပုံသဏၭာန္မ်ားျဖင့္ ဖန္တီးထားၿပီး မေရမတြက္ႏိုင္ေအာင္ မ်ားျပားေသာ စာလုံးမ်ား ျဖည့္သြင္းထားသည္။ ထိုမ်ဥ္းကြက္မ်ားကို ျမႇားေခါင္းမ်ားစြာျဖင့္ ခ်ိတ္ဆက္ပါမည္။

မ်ဥ္းကြက္မ်ားအားလုံးကို သရီးဒီအျဖစ္ ေျပာင္းလဲၿပီးတာနဲ႔ အခန္းေသး အခန္းႀကီးမ်ား ဖန္တီးၿပီး ျမႇားေခါင္းမ်ားက ေကာ္ရစ္ဒါမ်ားအျဖစ္ ေျပာင္းလဲသြားေသာအခါလုပ္ငန္းစဥ္ အဆင့္ဆင့္ျပကားခ်ပ္ တစ္ခုလုံးက ဧရာမ ဝကၤပါႀကီးလို ျဖစ္လာလိမ့္မည္။ အဓိကဇာတ္ေကာင္က ဒီဧရာမ ဝကၤပါႀကီးထဲမွာ လမ္းေလွ်ာက္ရင္း တံခါးတိုင္းက ေ႐ြးခ်ယ္မႈတစ္ခုစီကို ကိုယ္စားျပဳသည္။ ေနာက္ဆုံးအခန္းကို ဝင္သြားေသာအခါ ဂိမ္းအဆုံးသတ္ သြားပါလိမ့္မည္၊။

သို႔ေသာ္လည္း အားလုံး နားမလည္တာက... ဒါဘယ္လိုအမ်ိဳးအစားလဲ။

ဒီလိုအမ်ိဳးအစားမ်ိဳး တစ္ခါမွ မျမင္ဖူးပါ။

တျခားႏိုင္ငံေတြမွာလည္း ဒါမ်ိဳး မၾကားဖူးပါ။ ႏိုင္ငံအတြင္းမွာဆို ပိုေတာင္ဆိုးေသးသည္။ ျဖစ္ေကာ ျဖစ္ႏိုင္လို႔လား။ သူတို႔ အရည္အေသြးျမင့္ သရီးဒီေမာ္ဒယ္ဖန္တီးမႈမ်ား အသုံးျပဳၿပီး ေနာက္ခံကားခ်ပ္မ်ားစြာနဲ႔ ဇာတ္ကြက္မ်ားစြာကို ဖန္တီးခဲ့ရင္ေတာင္ လူေတြ တစ္သက္လုံး လမ္းပဲေလွ်ာက္ႏိုင္မယ့္ ဂိမ္းတစ္ခုကို ဖန္တီးလိုက္မိရင္ ဘယ္လိုလုပ္မည္နည္း။

တစ္ခုခုေတာ့ လြဲေနသလို သူတို႔ ခံစားရပါသည္။

သို႔ေသာ္လည္း ဘယ္သူမွ ေဖးခ်မ့္ကို ေမးခြန္းထုတ္မွာ မဟုတ္ေပ။

သူတို႔ နားမလည္ဘူးမလား။ ဒါလိုပဲ ျဖစ္သင့္တာေပါ့။

ေဘာ့စ္ေဖးရဲ႕ ေတြးပုံေခၚပုံေတြက သာမန္လူေတြ နားလည္ႏိုင္မွာမ်ိဳးလား။

ဟြမ္းစစ္ေပၚနဲ႔ ေပါင္႐ႈတို႔သာ ေဖးခ်မ့္၏ ဒီဇိုင္းနဲ႔ အစီအစဥ္မ်ားကို အၾကမ္းဖ်င္း ခန္႔မွန္းႏိုင္ပါသည္။ က်န္အားလုံးကေတာ့ ထိုအဆင့္ေရာက္ဖို႔ အမ်ားႀကီး လိုပါေသးသည္။

လုမင္းလ်န္က ဒါကို ေလးေလးနက္နက္ သိေနၿပီး မွတ္စုစာအုပ္ထုတ္ကာ မွတ္စုမ်ား ေရးမွတ္ေနပါသည္။ ကံေကာင္းစြာျဖင့္ ေဘာ့စ္ေဖးက အလြန္အေသးစိတ္က်ေသာာ ေဖာ္ျပခ်က္ေပးခဲ့သည္။ လုမင္းလ်န္ အမ်ားႀကီး ခန္႔မွန္းဖို႔ မလိုပါ။ သူလုပ္ဖို႔လိုတာဆိုလို႔ ေဘာ့စ္ေဖး၏ စကားမ်ားကိုသာ တိတိက်က် လိုက္နာဖို႔ ျဖစ္သည္။ ဒါဆို မမွားႏိုင္ပါ။

လင္းဝမ္က လက္ေထာင္လိုက္ၿပီး ေျပာလိုက္ပါသည္။ "ေဘာ့စ္ေဖး ဒါက ဆန္းသစ္တဲ့ ဒီဇိုင္းလို႔ ထင္မိပါတယ္၊။ ဒါေပမယ့္ ဂိမ္မာေတြက ဂိမ္းထဲမွာ အၿမဲတမ္း လမ္းေလွ်ာက္ေနရမယ္ဆိုရင္ သူတို႔ပ်င္းမသြားႏိုင္ဘူးလား။"

ပ်င္းမယ္ဟုတ္လား။

ပ်င္းရမွာေပါ့။

ငါလည္း အဲ့လိုပဲ ျဖစ္ေစခ်င္တာေလ။

သို႔ေသာ္လည္း လင္းဝမ္၏ ေမးခြန္းေၾကာင့္ ေဖးခ်မ့္ ေနာက္ထပ္ ပုန္းကြယ္ေနေသာ အႏၲရာယ္တစ္ခုကို စဥ္းစားမိသြားခဲ့ပါသည္။ ဒါ... မလုံေလာက္ေသးဘူးလား။ ဂိမ္းက ပ်င္းစရာေကာင္းတာ တစ္ခုတည္းသာဆိုလွ်င္ ဂိမ္မာမ်ားကို ႏွင္ထုတ္ဖို႔ မလုံေလာက္ႏိုင္ပါ။

သူတို႔ေတြက ပ်င္းဖို႔ေကာင္းတာကို သည္းခံၿပီး ေ႐ြးခ်ယ္မႈလုပ္ရတာကို ႀကိဳက္ႏွစ္သက္ကာ ဂိမ္းကို စိတ္ဝင္စားသြားၾကရင္ ဘယ္လိုလုပ္မည္နည္း။

ေဖးခ်မ့္ အေတြးမ်ား နက္႐ိႈင္းေနပါသည္။

"ငါသိပါတယ္"ေဖးခ်မ့္က ႐ုတ္တရက္ အၾကံေကာင္းတစ္ခုကို စဥ္းစားလိုက္မိသည္။ "ဂိမ္းထဲမွာ ေနာက္ခံစကားေျပာေတြ ထည့္ၾကရေအာင္ေလ။"

"ေနာက္ခံစကားေျပာဟုတ္လား" လင္းဝမ္ မ်က္ေတာင္ခတ္လိုက္သည္။ သူမ တကယ္နားမလည္ပါ။

ဂိမ္းေတြထဲမွာ ေနာက္ခံစကားေျပာထည့္တာ မထူးဆန္းေသာ္လည္း နိဒါန္းဇာတ္ဝင္ခန္းမ်ားတါင္သာ CGI နဲ႔အတူတူ ထည့္သြင္းရျခင္းျဖစ္ပါသည္။ ဂိမ္းကစားေနခ်ိန္အတြင္း ထည့္လိုက္ပါက ကစားသမား ဂိမ္းအေပၚ စိတ္ပါဝင္စားမႈကို သက္ေရာက္မႈ ႐ွိေစႏိုင္သည္။

ေဖးခ်မ့္က ရယ္ေမာလိုက္ပါသည္။

သူဘာလို႔ ေနာက္ခံစကားေျပာ ထည့္ခ်င္တာလဲ။

ဂိမ္မာေတြရဲ႕ ဂိမ္းအေပၚ စိတ္ဝင္စားမႈကို ထိခိုက္ေစခ်င္လို႔ပဲ မဟုတ္ဘူးလား။ သူတို႔ကို ဆက္ၿပီး မကစားေအာင္ တားျမစ္ခ်င္ျခင္း ျဖစ္သည္။

ဒါတင္မကေသးဘဲ ေနာက္ခံစကားျပာတြင္ အျငင္းပြားစရာ အခ်က္အလက္မ်ားလည္း ထည့္ဦးမည္။ ကစားသမားမ်ားကို ဆက္တိုက္ ေလွာင္ေျပာင္ကာ၊ ေဒါသထြက္ေအာင္လုပ္ၿပီး ဆူဆဲေအာင္ လုပ္ႏိုင္မည့္ အခ်က္အလက္မ်ား ျဖစ္သည္။

သူတို႔ကို လူကိုယ္တိုင္ အ႐ွက္ခြဲခံရသလိုမ်ိဳး ခံစားေစခ်င္သည္။ ဒါမွ သူတို႔ ဂိမ္းကို အလြန္ဆိုး႐ြားေသာ ေဝဖန္ခ်က္မ်ား ေပးၾကၿပီး ေၾကညာေပးမွာ မဟုတ္ေပ။ ထို႔အျပင္ ဂိမ္း၏ နာမည္လည္း ပ်က္စီးသြားလိမ့္မည္။ ဒါဆို ဂိမ္းတျဖည္းျဖည္း ေသဆုံးမသြားႏိုင္ဘူးလာား။

စဥ္းစားၾကည့္လိုက္ပါ။ ဂိမ္မာတစ္ေယာက္ ေ႐ြးခ်ယ္မႈတစ္ခုလုပ္လိုက္တိုင္း စနစ္ရဲ႕ ေနာက္ခံစကားေျပာက ကစားသမားကို ေလွာင္ေျပာင္လိမ့္မည္။

ကစားသမားေတြကို ဆူဆဲသည့္ ဂိမ္းတစ္ခုျဖစ္ပါသည္။

စိတ္လႈပ္႐ွားဖို႔ ေကာင္းလိုက္တာ။

သည္းခံစိတ္နည္းတဲ့ ဂိမ္မာေတြက ကြန္ပ်ဴတာေတြ ေမာက္စ္ေတြကို ထု႐ိုက္ကုန္ၾကမယ္ မဟုတ္လား။

ေဖးခ်မ့္က ႏွစ္ခါေလာက္ အနည္းငယ္ ေခ်ာင္းဆိုးလိုက္ၿပီး ႐ွင္းျပလိုက္ပါသည္။ "ေနာက္ခံစကားေျပာေတြက ကစားသမားေတြနဲ႔ ငါတို႔ ဆက္သြယ္ႏိုင္မယ့္ နည္းလမ္းပဲ။ ကစားသမားေတြက ဟိုဟိုဒီဒီ ေလွ်ာက္ေျပးေန႐ုံပဲဆိုရင္ ပ်င္းဖို႔ေကာင္းတာေပါ့။ သူ႕ကိုယ္သူ အျပင္လူတစ္ေယာက္လို ျမင္ေနလိမ့္မယ္။ ေစာင့္ၾကည့္ေနရတဲ့လူလို႔ထင္လိမ့္မယ္။ အဲ့ဒါဆို ဂိမ္းကို စိတ္ဝင္စားမႈ အလြယ္ေလး ေလ်ာ့သြားႏိုင္တယ္။"

"ငါတို႔က ေနာက္ခံစကားေျပာေတြကိုသုံးၿပီး သူနဲ႔ဆက္သြယ္မယ္။ ဥပမာအားျဖင့္ မွားယြင္းတဲ့ေ႐ြးခ်ယ္မႈကို ေ႐ြးလိုက္မိရင္ ေနာက္ခံစကားေျပာ A ကို ဖြင့္ၿပီး မွန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်လိုက္ရင္ ေနာက္ခံစကားေျပာ B ကို ဖြင့္လိုက္မယ္။ အဲ့တာဆို ကစားသမားေတြက ေ႐ြးခ်ယ္ခ်က္ေတြ ခ်မွတ္လိုက္တိုင္း တုန္႔ျပန္ေဝဖန္မႈတခ်ိဳ႕ရႏိုင္မယ္။ ဒါဆို အထီးက်န္ၿပီး ပ်င္းမွာ မဟုတ္ေတာ့ဘူး။"

လင္းဝမ္ သေဘာေပါက္သြားၿပီး ေခါင္းကို အသည္းအသန္ ၿငိမ့္ျပလိုက္ပါသည္။

ေဘာ့စ္ေဖးက တကယ့္ကို ေဘာ့စ္ပီသပါသည္။ ဒီေလာက္ေတာင္ ဉာဏ္နီဉာဏ္နက္မ်ားတာမ်ိဳး စဥ္းစားႏိုင္သည္။

ဉာဏ္ႀကီး႐ွင္ ဒီဇိုင္နာဆိုတာ ဒါမ်ိဳးကို ေခၚသည္။

လင္းဝမ္လည္း အရင္တုန္းက ဆန္းစထ႐ိုက္ခ္စတူဒီယိုတြင္ အလုပ္လုပ္ခဲ့ရသည့္ သူမ၏ အေတြ႕အၾကဳံမ်ားကို ျပန္ေတြးမိသည္။ ဆန္းစထ႐ိုက္ခ္စတူဒီယို႐ုံးခန္းတြင္ ဒိလိုေဆြးေႏြးမႈကလည္း ေပါမ်ားတတ္ပါသည္။ ဦးေႏွာက္စားျခင္းကို အသုံးခ်ၿပီး  ဂိမ္းတစ္ခု၏ အေသးစိတ္တခ်ိဳ႕ကို ဆုံးျဖတ္ၿပီး ဘယ္လိုဖန္တီးရမလဲဆိုတာလည္း စဥ္းစားသည္။

သို႔ေသာ္လည္း အေနအထားကေတာ လုံးဝ ျခားနားပါသည္။ က်ိဳးမူယန္က အၿမဲတမ္း တစ္ခုတည္းကိုသာ စဥ္းစားသည္။ "တူညီတဲ့ ကစားပုံနဲ႔ ဂိမ္းေတြ႐ွိလား။"

႐ွိပါက ထိုကစားပုံ ေအာင္ျမင္သလား က်ိဳးမူယန္ ဆန္းစစ္ၾကည့္လိမ့္မည္။ ေအာင္ျမင္ပါက ထိုကစားပုံကို ကူးယူပါလိမ့္မည္။ သို႔ေသာ္ အေျဖက မေကာင္းမြန္ဘဲ တျခားဂိမ္းတစ္ခုက ဒီနည္းအတိုင္း အသုံးခ်ၿပီး မေအာင္ျမင္ဖူးပါက ဒီအၾကံကို ခ်က္ခ်င္း ပယ္ခ်လိမ့္မည္။

ဒါက သူတစ္ေယာက္တည္းမဟုတ္ဘဲ ႏိုင္ငံေတာ္ထဲက ကုမၸဏီအမ်ားစုကလည္း ထိုနည္းလည္းေကာင္း လုပ္တတ္ၾကပါသည္။

တည္တံ့မႈအတြက္ ဒီဇိုင္နာအမ်ားစုက ႀကိဳးစားၿပီး မက်႐ႈံးရဲၾကပါ။ သူတို႔အားလုံး အရင္တုန္းက အေတြ႕အၾကဳံမ်ားထံမွသာ သင္ယူၾကသည္။ ထို႔ေၾကာင့္ ဂိမ္းမ်ားစြာက တစ္ဥတည္းမွေပါက္လာၿပီး ဆင္တူလာၾကပါသည္။

သို႔ေသာ္လည္း ေဘာ့စ္ေဖး၏ ေဆာင္႐ြက္ပုံမ်ားကိကု လင္းဝမ္ ေလးစားမိပါသည္။

အရင္တုန္းက ေအာင္ျမင္ဖူးတာ႐ွိလား သူဂ႐ုမစိုက္ပါ။ သူက ေ႐ွ႕ေဆာင္လမ္းျပလုပ္ဖို႔ သတၱိ႐ွိသည္။ ဒီတည္ေဆာက္ပုံမ်ိဳးက ဆန္းစထ႐ိုက္ခ္စတူဒီယိုနဲ႔ က်ိဳးမူယန္ထက္ အမ်ားႀကီးအဆင့္ျမင့္ပါသည္။

ေဖးခ်မ့္က မာစတာ ဒီဇိုင္နာတစ္ေယာက္ျဖစ္တာကို သံသယမ႐ွိဘဲ လင္းဝမ္ယုံၾကည္သြားပါၿပီ။

လုမင္းလ်န္ကေတာ့ မွတ္စုစာအုပ္တြင္သာ အသည္းအသန္ခ်ေရးေနသည္။ ေကာင္းမြန္သည္ဟု ခံစားရေသာ္လည္း ေဖးခ်မ့္ ဘာေၾကာင့္ ဒီလိုလုပ္ေနသလဲ နားမလည္ႏိုင္ပါ။ သို႔ေသာ္လည္း ကုမၸဏီထဲမွာ သူ႕ေနရာသူသိၿပီး ဒီကိစၥနဲ႔ပတ္သက္လို႔ ကန္႔ကြက္ေသာ အထင္အျမင္မ်ား ဘယ္ေတာ့မွထုတ္ေျပာမွာ မဟုတ္ေပ။ သူက ေဘာ့စ္ေဖး၏ လမ္းၫႊန္ခ်က္မ်ားအတိုင္း အားလုံးလိုက္လုပ္ပါမည္။

အားလုံးကို ေအာင္ျမင္စြာ အယုံသြင္းၿပီးေနာက္ ေဖးခ်မ့္ အလြန္ေက်နပ္သြားပါသည္။

ဒီခံစားခ်က္က တကယ္ပဲ ေကာင္းမြန္ပါသည္။

ဒီပေရာဂ်က္ကေတာ့ လုံးဝ သူ႕ထိန္းခ်ဳပ္မႈေအာက္တြင္ ႐ွိေနၿပီ။

"၃ ရက္အတြင္း ဒိဇိုင္းမူၾကမ္းနဲ႔ ၁ ပတ္အတြင္း Workflow တစ္ခုလုံးကို လိုခ်င္တယ္။ ၂ ပတ္အတြင္းမွာ ပန္းခ်ီရင္းျမစ္ေတြအားလုံး အဆင္သင့္ျဖစ္ေနရမယ္ ျပႆနာ႐ွိလား။" ေဖးခ်မ့္က လုမင္းလ်န္ကို ၾကည့္လိုက္ပါသည္။

လုမင္းလ်န္က ခ်က္ခ်င္း ေခါင္းၿငိမ့္လိုက္ပါသည္။ "စိတ္ခ်ပါ ေဘာ့စ္ေဖး၊ ကြၽန္ေတာ္ေသခ်ာေပါက ဒီတာဝန္ေတြကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ပါ့မယ္။"

ထိုသို႔ေျပာၿပီးေနာက္ လုမင္းလ်န္က ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ ႐ွိသည့္ပုံစံျဖင့္ ေမးလိုက္ပါသည္။ "ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔ အခ်ိန္မွီ မၿပီးႏိုင္ရင္ အခ်ိန္ပိုလုပ္လို႔ရမလား။"

အခ်ိန္ပိုက စံျပဝန္ထမ္းမ်ားအတြက္ အထူးအခြင့္အေရးတစ္ခု ျဖစ္ပါသည္။ ေဘာ့စ္ေဖးက သူ႕ကိုေကာ စံျပဝန္ထမ္းဟု သတ္မွတ္ထားသလား သူ မသိေသးပါ။

ေဖးခ်မ့္က ေခတၱစဥ္းစားၾကည့္လိုက္ၿပီး ေခါင္းၿငိမ့္ကာေျပာလိုက္ပါသည္။ "ရပါတယ္။ ဒါေပမယ့္ မင္း ည ၉ နာရီေက်ာ္တဲ့အထိ ေနလို႔ မရဘူး။ မင္းတို႔ေတြက အသက္ငယ္တယ္ဆိုေပမယ့္ ကိုယ့္ခႏၶာကိုယ္ကို ဂ႐ုစိုက္ၾကရမယ္။"

"ဟုတ္ကဲ့" လုမင္းလ်န္ အလြန္ေႏြးေထြးသြားပါသည္။

သူတို႔ေတြရဲ႕ဘဝကိုပါ ဒီေလာက္ဂ႐ုစိုက္ေပးေနတာ ထန္းတာ့အျပင္ တျခားဘယ္ေနရာ႐ွိေသးလို႔လဲ။

ေဘာ့စ္ေဖးအတြက္ အေကာင္းဆုံးမႀကိဳးစားေပးရင္ သူ႕ကိုယ္သူ လူလို႔ေခၚႏိုင္ပါဦးမလား။

အခန္း(၈၀) ႐ုပ္႐ွင္ေလာကထဲ ဝင္မယ္ဟုတ္လား

ေဖးခ်မ့္၏ ႐ုံးခန္းတြင္...

"ဘယ္လိုလဲ မာႀကီး။ မင္းဆုံးျဖတ္ခ်က္ ခ်ၿပီးသြားၿပီလား" ေဖးခ်မ့္က လက္ဖက္ရည္ေသာက္ၿပီး ေမးလိုက္ပါသည္။

"မခ်ရေသးဘူး" မာယန္က အားတက္သေရာေျဖလိုက္ပါသည္။

"ဖြီးးး"

ေဖးခ်မ့္က လက္ဖက္ရည္မ်ား ေထြးထုတ္မိမလိုေတာင္ ျဖစ္သြားသည္။ သို႔ေသာ္လည္း ေဒါသေတာ့ မထြက္ပါ။ နည္းနည္းေတာင္ ေပ်ာ္မိပါသည္။ ၾကည့္ရတာ မာႀကီး သူ႕အတြက္ လြယ္ကူေအာင္ လုပ္ေပးေတာ့မည္ ထင္သည္။

အားလုံးသာ မာႀကီးလိုျဖစ္ေနပါက စနစ္ရန္ပုံေငြထဲက ပိုက္ဆံေတြကို သူ႕ကိုယ္ပိုင္အေကာင့္ထဲ ထည့္ႏိုင္ခဲ့တာ ၾကာၿပီ ျဖစ္သည္။

"အခု ငါ့ရဲ႕အဓိက တာဝန္က သင့္ေတာ္တဲ့ အကူအညီေပးႏိုင္မယ့္သူကို ႐ွာဖို႔ပဲ" မာယန္က လက္ဖက္ရည္ကို ေသာက္ရင္း အေျခအေနကို ေကာင္းေကာင္း အစီအစဥ္ဆြဲထားသည့္ ပုံေပၚေနပါသည္။

ေဖးခ်မ့္ ႐ုတ္တရက္ အနည္းငယ္ စိတ္ပူလာသည္။

မာယန္ကို သူယုံၾကည္သည္။ သို႔ေသာ္ မာယန္၏ အကူအညီေပးသူကိုေတာ့ မယုံၾကည္ပါ။

မာယန္က တျခားသူေတြေျပာတာကို အယုံလြယ္ေသာ လူမ်ိဳး ျဖစ္ပါသည္။ သူသာ အင္တာနက္ကေဖးဆိုင္ဖြင့္တာ ေတာ္ၿပီး အလုပ္ႀကိဳးစားသည့္လူမ်ိဳးနဲ႔ ဆုံေတြ႕သြားရင္ ဘယ္လိုလုပ္မည္နည္း။ မာယန္က ထိုကူညီေပးသူ ေျပာတာကို အလုံးစုံ လိုက္နာရင္ ဘယ္လိုလုပ္မည္နည္း။

အက်ိဳးဆက္က အေတာ္ေလး အႏၲရာယ္မ်ားလိမ့္မည္။

ေဖးခ်မ့္ စိတ္ပူမွျဖစ္ပါမည္။ "မင္းက ဘယ္လို ကူညီသူမ်ိဳး ႐ွာေနတာလဲ။"

"ပိုင္သု ထဲပါးမွာတစ္ေယာက္ေတာ့ ေတြ႕ထားတယ္။ သူက ပါရမီ႐ွင္ပဲ။ အခုသူ႕ကို လစာျမင့္ျမင့္ေပးၿပီး ဆြဲေခၚေတာ့မလို႔" မာယန္က ေျပာလိုက္သည္။

ေၾသာ္ ထဲပါးက ပါရမီ႐ွင္တစ္ေယာက္တဲ့လား။

ရပါတယ္၊ ရပါတယ္ေလ။

ေဖးခ်မ့္ စိတ္ေအးသြားသည္။

ထဲပါးဆိုသည္မွာ တကယ္ပဲ ပုန္းကြယ္ေနသည့္ ပါရမီ႐ွင္မ်ားကို ေတြ႕ႏိုင္ေသာ ေနရာတစ္ခု ျဖစ္ပါသည္။ အထူးသျဖင့္ ဒီႏွစ္ ဒီလိုအခ်ိန္တြင္ ထဲပါးကို က်ယ္က်ယ္ျပန္႔ျပန္ အသုံးခ်လာၾကၿပီ ျဖစ္ပါသည္။ အေကာင္းနဲ႔အဆိုးနဲ႔ ေရာေႏွာေနေသာ္လည္း တခ်ိဳ႕ပါရမီ႐ွင္မ်ားကို ေတြ႕ႏိုင္ပါသည္။ သို႔ေသာ္လည္း ကိုယ့္ကိုယ္ကို ေျမႇာက္ေျပာၿပီး ေလက်ယ္သည့္ လူမ်ားကေတာ့ ပိုမ်ားသည္။

ျဖစ္ႏိုင္ေခ်ကို တြက္ခ်က္ၾကည့္လိုက္လွ်င္ မာယန္ ကြၽမ္းက်င္သူတစ္ေယာက္ကို ႐ွာႏိုင္မွာမ်ိဳး မျဖစ္ႏိုင္ပါ။

"အေသးစိတ္ ထပ္ေျပာလို႔ရမလား" ေဖးခ်မ့္က အေသအခ်ာ ထိုင္လိုက္ၿပီး လက္ဖက္ရည္ကို ထပ္ေသာက္လိုက္သည္။ ေဖးခ်မ့္ သူ႕တိုးတက္မႈကို အလြန္စိတ္ပူေပးေနတာကို ျမင္ၿပီး မာယန္က ပိုႏိုးၾကားလာကာ အတည္ေပါက္ တင္ျပလိုက္ပါသည္။

"ငါေတြ႕ထားတဲ့ လူက ခါပါဖိုရမ္ေပၚမွာ ကေဖးဆိုင္ငယ္ ပိုင္႐ွင္တစ္ေယာက္ပဲ။ သူက အရမ္းပါရမီ႐ွိၿပီး ထဲပါးမွာလည္း အရမ္းနာမည္ႀကီးတယ္။"

"ငါေတြးေနတာ ငါသာ LAN ဆိုင္တစ္ဆိုင္ဖြင့္ႏိုင္ရင္ အေရးအႀကီးဆုံးက ကြန္ပ်ဴတာေတြ မဟုတ္လား။ ဒီအခ်ိန္မ်ိဳးမွာေတာ့ နာမည္ႀကီး ဘရန္းေမာ္ဒယ္ေတြ ဝယ္လို႔ မျဖစ္ဘူးမလား။ ငါထူးျခားခ်င္ရင္ ငါ့ဖာသာငါဖန္တီးၿပီး ငါ့ဖာသာငါ ျပင္ဆင္ရမယ္။"

"ဒါေပမယ့္ ဘယ္လိုလုပ္ရမလဲငါမသိဘူး။ အဲ့တာေၾကာင့္ ပါရမီ႐ွင္တစ္ေယာက္ကို ဆြဲေခၚၿပီး ကူညီခိုင္းမလို႔ကြ။ သူက ကြန္ပ်ဴတာာ ဘယ္လိုဆင္ရမလဲသိတယ္။ ၿပီးေတာ့ ကြန္ပ်ဴတာ ဟာ့ဒ္ဝဲအေၾကာင္းလည္း ငါ့ထက္ပိုသိတယ္။ ငါ့ဆုံးျဖတ္ခ်က္က အဆင္ေျပတယ္မဟုတ္လား။”

ေဖးခ်မ့္က အားတက္သေရာ ေခါင္းၿငိမ့္လိုက္ပါသည္။ "ဟုတ္တယ္။ ဘာမွ မမွားဘူး။ ေတြးတာ ေကာင္းတယ္။"

ေဖးခ်မ့္က အနည္းငယ္ စိတ္ပူေနခဲ့သည္။ သို႔ေသာ္လည္း ကူညီသူက အင္တာနက္ ကေဖးပိုင္႐ွင္ဟု ၾကားလိုက္ရေသာအခါ ေဖးခ်မ့္ ႐ုတ္တရက္ ပိုၿပီး စိတ္ေအးသြားရပါသည္။

ဆို႐ိုးစကားတစ္ခု႐ွိသည္။ လူတစ္ေယာက္က ခါပါဖိုရမ္ကို ယြမ္ ၃,၀၀၀ ျဖင့္ ဝင္သြားပါက ျပန္ေသာအခါ ထို႔ထက္ပိုၿပီး သုံးမိပါလိမ့္မည္။

ထူပါးဖိုရမ္ကို ယြမ္ သုံးေထာင္ျဖင့္ဝင္သြားပါက အင္တာနက္ ကေဖးဆိုင္ဖြင့္ဖို႔ ေငြနည္းနည္းပဲ က်န္ကာ အိမ္ျပန္ရႏိုင္ပါသည္။

ခါပါဖိုရမ္ႏွင့္ ထူပါးဖိုရမ္တို႔က ထဲပါးတြင္ ကြန္ပ်ဴတာဆင္ဝါသနာ႐ွင္မ်ား စုစည္းေသာ ေရပန္းအစားဆုံး ေနရာႏွစ္ခုျဖစ္ပါသည္။ သို႔ေသာ္လည္း သူတို႔ႏွစ္ခုက အလြန္ျခားနားစြာလည္ပတ္ၾကသည္။

ခါပါဖိုရမ္တြင္ လူေတြက ပိုေကာင္းသည့္ အစိတ္အပိုင္းမ်ားအတြက္ ပိုက္ဆံပိုသုံးဖို႔ ေတာင္းဆိုခံရၿပီး ထူပါးဖိုရမ္မွေတာ့ ရည္႐ြယ္ခ်က္က ဘက္ဂ်က္ကို ထိန္းသိမ္းႏိုင္မည့္ ေစ်းႀကီးၿပီး တည္တံ့ေသာ အစိတ္အပိုင္းမ်ားကို ရ႐ွိႏိုင္ဖို႔ ျဖစ္ပါသည္။

မာယန္သာ ထူပါးဖိုရမ္မွ ပညာ႐ွင္ သြား႐ွာတာဆို ေဖးခ်မ့္ စိတ္ပူႏိုင္ပါေသးသည္။

ဘာေၾကာင့္လဲ။ ထူပါးက ပါရမီ႐ွင္မ်ားက ပိုက္ဆံေခြၽတာတာ အေတာ္ဆုံး ျဖစ္ၾကသည္။

သူတို႔သာ ကြန္ပ်ဴတာကို ဆင္ဖို႔ ဘက္ဂ်က္နည္းနည္းပဲသုံးၿပီး ပမာဏမ်ားမ်ား အျမတ္နည္းနည္း ဟူေသာ ပုံစံမ်ိဳး က်င့္သုံးပါက ဒီအင္တာနက္ ကေဖးမွာ တကယ္ အဆင္ေျပသြားႏိုင္ေလာက္သည္။

ဘာပဲျဖစ္ျဖစ္ ဒါက ၂၀၁၀ ျဖစ္ပါသည္။ အလြန္ေစ်းေပါသည့္ အင္တာနက္ကေဖးမ်ားက အလြန္ႀကိဳဆိုခံရဆဲျဖစ္ပါသည္။ တခ်ိဳ႕ ပိုက္ဆံသိပ္မ႐ွိသည့္ ေက်ာင္းသားတခ်ိဳ႕က Specs ျမင့္ျမင့္ လိုအပ္သည့္ ဂိမ္းမ်ားကို ကစားၾကမွာ မဟုတ္ေပ။ ဒီလိုေစ်းေပါသည့္ အင္တာနက္ကေဖးတစ္ခုကိုသာ ဖန္တီးလိုက္ပါက ထိုကေဖးမွာ အိပ္ၾကစားၾကမည့္ လူမ်ားနဲ႔ ျပည့္ႏွက္သြားပါလိမ့္မည္။

သို႔ေသာ္လည္း ခါပါဖိုရမ္ကဆိုရင္ေတာ့ ျခားနားပါလိမ့္မည္။ အင္တာနက္ကေဖးထဲက ကြန္ပ်ဴတာ အားလုံးက တစ္လုံးကို ယြမ္ ၂၀,၀၀၀ - ၃၀,၀၀၀ ဝန္းက်င္ေလာက္႐ွိလိမ့္မည္။

လုံးဝ အားရစရာျဖစ္ၿပီး အ႐ႈံးေပၚမွာကို ေ႐ွာင္လႊဲလို႔မရႏိုင္ပါ။

ထို႔ေၾကာင့္ ေဖးခ်မ့္အလြန္ေပ်ာ္႐ႊင္ေနပါသည္။ မာယန္က သူ႕ကိုစိတ္မပ်က္ေစေပ။

"ဟုတ္ပါၿပီ။ မင္း အဲ့ဒီပါရမီ႐ွင္မ်ိဳးကို ေခၚရမွာေပါ့။ မင္းသူ႕အေပၚ သေဘာေကာင္းျပၿပီး လစာ ျမင့္ျမင့္ေပးဖို႔ မေမ့နဲ႔ေနာ္။ ဒီလို နတ္ဘုရားအဆင့္႐ွိတဲ့ လူမ်ိဳးကို လာကူညီေစခ်င္ရင္ တစ္လ ယြမ္ ၈,၀၀၀ ေလာက္ပဲ ေပးလို႔မျဖစ္ဘူး ဟုတ္တယ္မလား။"

ေဖးခ်မ့္က မီးေလာင္ရာ ေလစပင့္ပါသည္။

မာယန္က အနည္းငယ္ နာက်င္သြားၿပီး ေျပာလိုက္သည္။ "ေယာက္ဖခ်မ့္ ငါမင္းကို မဖုံးကြယ္ေတာ့ပါဘူး... လက္႐ွိ ငါ့လစာက ယြမ္ ၅,၀၀၀ တည္း ႐ွိတာေလ..."

ေဖးခ်မ့္က မာယန္ကို အလုပ္သင္မ်ားအတြက္ အျမင့္ဆုံး ေပးႏိုင္ေသာ လစာကို ေပးထားပါသည္။ တစ္လကို ယြမ္ ၄,၀၀၀ ျဖစ္သည္။ ဝန္ထမ္းအားလုံးကို ၃၀ ရာခိုင္ႏႈန္း လစာတိုးေပးၿပီးသြားေသာအခါ မာယန္၏ လစာက ယြမ္ ၅,၀၀၀ မွ်သာ ႐ွိပါေသးသည္။

ေဖးခ်မ့္က ရယ္ေမာကာ ေျပာလိုက္ပါသည္။ "စိတ္ခ်စမ္းပါကြာ။ ငါမင္းကို ပစ္ထားပါ့မလာား။ ဒွတာဝန္ကို ေအာင္ျမင္တာနဲ႔ ငါမင္းကို လစာတိုးေပးမယ္။ ေဘာနပ္စ္လည္း ပါတယ္။"

မာယန္က အေပ်ာ္လြန္သြားပါသည္။ "ေကာင္းလိုက္တာ စိတ္ခ်ပါ။ ဒီအင္တာနက္ ကေဖးကို အေကာင္းဆုံးျဖစ္ေအာင္ ငါအားကုန္ႀကိဳးစားမယ္။"

"ငါမင္းကို ဘယ္ႏွခါေျပာရမလဲ။ အင္တာနက္ကေဖးမဟုတ္ဘူးလို႔။ LAN ဆိုင္ေတြ၊ ဂိမ္းရသေတြ၊ ဟာ့ဒ္ဝဲေရာင္းတာေတြ၊ ပြဲၾကည့္တာေတြ အကုန္ပါမယ့္ က်ယ္ျပန္႔တဲ့ ေဖ်ာ္ေျဖေရး စင္တာႀကီးပါလို႔ေျပာထားတယ္ေလကြာ" ေဖးခ်မ့္က မာယန္၏ စကားကို ျပန္ျပင္ေျပာလိုက္ပါသည္။

"ဟုတ္ပါၿပီ။ ငါသိပါတယ္။ က်ယ္ျပန္႔တဲ့ ေဖ်ာ္ေျဖေရး အင္တာနက္ ကေဖး" မာယန္က လက္ဖက္ရည္ ၿပီးေအာင္ ေသာက္လိုက္သည္။ "ဒါဆို ငါအလုပ္ဆက္လုပ္ေတာ့မယ္ကြာ။"

"အင္း" ေဖးခ်မ့္က ေက်နပ္သြားပါသည္။

အခုေတာ့ ဂိမ္းပေရာဂ်က္အသစ္နဲ႔ ပတ္သတ္ၿပီး ကိစၥမ်ားကိုလည္း အနည္းနဲ႔အမ်ား တည္ၿငိမ္ေအာင္ လုပ္ၿပီးၿပီ။ မာယန္ကေတာ့ ခါပါဖိုရမ္ရဲ႕ ပါရမီ႐ွင္ လက္ေထာက္နဲ႔သာဆို အားလုံး တည္တည္ၿငိမ္ၿငိမ္ ႐ွိေလာက္ပါသည္။

က်န္တာကေတာ့ ဟြမ္းစစ္ေပၚဘက္သာျဖစ္သည္။ သူ အနည္းငယ္ စိတ္မသက္သာျဖစ္ေနပါသည္။

ေဖးခ်မ့္က ဟြမ္းစစ္ေပၚကို အဆင္ေျပလားေမးရန္ စာပို႔ဖို႔ ဆုံးျဖတ္လိုက္ပါသည္။ ဟြမ္းစစ္ေပၚ လတ္တေလာ အလုပ္မလာပါ။ ေဖးခ်မ့္ကလည္း သူဘာေတြလုပ္ေနသလဲ မသိရပါ။ ဟြမ္းစစ္ေပၚ၏ တိုးတက္မႈကို နားလည္ထားလွ်င္ ပိုေကာင္းပါသည္။

"အိပ္မက္ရန္ပုံေငြအေၾကာင္း စဥ္းစားၿပီးသြားၿပီလား။ မင္းဘယ္လုပ္ငန္းမွာ ရင္းႏွီးျမႇဳပ္ႏွံခ်င္လဲလို႔ ဆုံးျဖတ္ၿပီးသြားၿပီလား။"

သိပ္မၾကာခင္ ဟြမ္းစစ္ေပၚက စာျပန္ပါသည္။

"ကြၽန္ေတာ္ ေယဘုယ် ဦးတည္ခ်က္တစ္ခုေတာ့႐ွိတယ္ ေဘာ့စ္ေဖး။ ႐ုပ္႐ွင္ေလာကနဲ႔ ပတ္သတ္တာ တစ္ခုခုလုပ္ဖို႔ ဆုံးျဖတ္ထာားတယ္။ ဒါက အၿမဲတမ္း ကြၽန္ေတာ့္ရဲ႕ အိပ္မက္ ျဖစ္ခဲ့တာေလ။ ကြၽန္ေတာ့္အတြက္ အရမ္းခက္ခဲတာေလးတစ္ခုပဲ။ အဲ့တာေၾကာင့္ ဂိမ္းေလာကကို ေ႐ြးခ်ယ္ျဖစ္ခဲ့တာ။ အခု ကြၽန္ေတာ္ အခြင့္အေရးရလာၿပီဆိုေတာ့ ကြၽန္ေတာ့္ အိပ္မက္ေတြေနာက္ပဲ လိုက္ေတာ့မယ္ဗ်ာ။"

ေဖးခ်မ့္တစ္ေယာက္ ေပ်ာ္လြန္းသျဖင့္ ကိုယ္ေပါင္ကိုယ္ ေထာင္းလိုက္ပါသည္။ ႐ုပ္႐ွင္ေလာကတဲ့လားကြာ။

ဒါလုံးဝ ၿပီးျပည့္စုံတာပဲ။ အဲ့ဒီေလာကက မြဲတာ ပိုျမန္တယ္။

သို႔ေသာ္လည္း... ႐ုပ္႐ွင္ေလာကထဲကို ယြမ္ ၁ သန္းနဲ႔ ဝင္ဖို႔က အနည္းငယ္ ေလာလြန္းမေနဘူးလား။ အာနိသင္႐ွိပါ့မလား။

ေဖးခ်မ့္ သံသယေတာ့ျဖစ္မိပါသည္။

"မင္းရန္ပုံေငြ လုံလုံေလာက္ေလာက္ေကာ ႐ွိရဲ႕လား။ ငါမင္းကို ရင္းႏွီးျမႇဳပ္ႏွံေငြ ထပ္ေပးလို႔ရတယ္ေနာ္။ ျပႆနာ မ႐ွိပါဘူး။"

ေဖးခ်မ့္က ပိုက္ဆံအ႐ႈံးေပၚမည့္ လုပ္ငန္းပေရာဂ်က္မ်ားကို ကိုင္တြယ္ႏိုင္ခဲ့ၿပီ။။ ႐ုပ္တရက္ႀကီး ဒီလုပ္ငန္းမွာ ေငြပိုထည့္ခ်င္လာပါသည္။

တကယ္ေတာ့ ေဖးခ်မ့္လည္း ပိုက္ဆံအ႐ႈံးေပၚဖို႔ ႐ုပ္႐ွင္ေလာကထဲဝင္ဖို႔ စဥ္းစားဖူးပါသည္။ ဒီအစီအစဥ္ကို အေကာင္အထည္ေဖာ္ဖို႔ အခြင့္အေရးမရေသး႐ုံသာ ႐ွိသည္။ ဒါေကာင္းမြန္လြန္းပါသည္။ ဟြမ္းစစ္ေပၚက လမ္းခင္းေပးသျဖင့္ ေဖးခ်မ့္က သူ႕ဖာသာသူ စိတ္႐ႈပ္ဖို႔ မလိုေတာ့ပါ။

ဟြမ္းစစ္ေပၚက အျမန္စာျပန္လိုက္ပါသည္။ "မလိုပါဘူးဗ်ာ။ မလိုပါဘူး။ ေဘာ့စ္ေဖး ကြၽန္ေတာ့္ကို အိပ္မက္ရန္ပုံေငြ ယြမ္ ၁ သန္းေတာင္ ေပးထားၿပီးၿပီပဲ။ ကြၽန္ေတာ္ ဘယ္လိုလုပ္ ထပ္ေတာင္းရက္မွာလဲ။"

"စိတ္ခ်ပါ။ ကြၽန္ေတာ္က ရင္းႏွီးျမႇဳပ္ႏွံဖို႔ အမ်ားႀကီးလိုအပ္တဲ့ နာမည္ႀကီး ႐ုပ္႐ွင္အမ်ိဳးအစားေတြ မ႐ိုက္ပါဘူး။ ကြၽန္ေတာ္က ပစၥည္းကိရိယာနဲ႔ ျပဳျပင္ဖို႔ သိပ္မလိုအပ္တဲ့ ဗီဒီယိုအတိုေလးေတြကိုပဲ လုပ္မွာပါ။ အမ်ားႀကီး မကုန္ပါဘူး။ ယြမ္ ၁ သန္းဆို လုံေလာက္ပါၿပီ။"

ဗီဲဒီယိုအတိုေလးေတြ ဟုတ္လား။

ေဖးခ်မ့္ ႐ုတ္တရက္ စိတ္လႈပ္႐ွားသြားသည္။ "မင္း႐ိုက္မယ့္ ဗီဒီယိုအတိုေလးနာမည္က... အံ့အားသင့္ဖြယ္ေတာ့ မဟုတ္ဘူးမလား။"

ဟြမ္းစစ္ေပၚ ေၾကာင္သြားသည္။ "အံ့အားသင့္ဖြယ္ ဟုတ္လား။ အဲ့တာ ဘာႀကီးလဲ။"

ေဖးခ်မ့္ စိတ္ေအးစြာျဖင့္ သက္ျပင္းခ်လိုက္သည္္။ အံ့အားသင့္ဖြယ္ မဟုတ္ရင္ အားလုံးအဆင္ေျပပါၿပီ။

"မင္းမွာ ဇာတ္ၫႊန္း႐ွိၿပီလား။ ဒါ႐ိုက္တာေကာ" ေဖးခ်မ့္က ထပ္ေမးလိုက္သည္။

ဟြမ္းစစ္ေပၚက စာျပန္၏။ "မ႐ွိေသးပါဘူး။ ဒါေပမယ့္ စိတ္မပူပါနဲ႔။ ကြၽန္ေတာ္အခု႐ွာေနပါၿပီ။ ဇာတ္ၫႊန္းအသင့္ျဖစ္တာနဲ႔ ေဘာ့စ္ကို အရင္ၾကည့္ဖို႔ ပို႔လိုက္ပါ့မယ္။"

"ေကာင္းပါၿပီ" ေဖးခ်မ့္ စိတ္ေအးသြားပါသည္။

ဟြမ္းစစ္ေပၚသာ ဗီဒီယိုအတိုေလး႐ိုက္မည္ဆိုပါက အံ့အားသင့္ဖြယ္မဟုတ္သေ႐ြ႕ အဆင္ေျပပါသည္။

ဒီအခ်ိန္နဲ႔ ဒီေခတ္မွာ ဗီဒီယိုအတိုေလးေတြ႐ိုက္ကူးၿပီး ေရပန္းစားမႈရဖို႔ ခက္ခဲပါသည္။ ေရပန္းစားလာခဲ့ရင္ေတာင္ ေရာင္းႏိုင္ဖို႔ ခက္ခဲပါသည္။ အ႐ႈံးေတြကိုလည္း ႀကိဳခန္႔မွန္းထားရမည္။ ၾကည့္ရတာ ဟြမ္းစစ္ေပၚဘက္မွာလည္း အာားလုံး ေခ်ာေခ်ာေမြ႕ေမြ႕အဆင္ေျပေနသည့္ပုံပင္။

Okumaya devam et

Bunları da Beğeneceksin

336K 20.1K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
250K 34.4K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
2.5M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023