တရားမဝင်ဇနီး

Por KuMuDra624

19.1K 406 13

ပန့်ဘဝမှာ အချစ်ဆုံး အမျိုးသားဟာ ဦးစစ်လို့ပြောရင် ဦးစစ်ယုံမှာလားဟင်... Más

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28

Part-12

401 12 0
Por KuMuDra624

Zaw

"မင္းဒီေနရာမွာ အရွက္မကြဲခ်င္ရင္
ငါေခၚတဲ့ေနာက္ကို အသာတၾကည္
လိုက္ခဲ့...."

ထိုသို႔ေျပာကာ အနီ႕လက္ကို
အတင္းဆြဲေခၚလာေတာ့ လူ
ေတြက ေဝ့ၾကည့္လ်က္သာ။

အနီတစ္ခြန္းျပန္မေျပာေတာ့ေပ။
မဟုတ္လွ်င္ ဒီေနရာမွာ ထပ္ၿပီး
အရွက္ကြဲမည့္လူက အနီကိုယ္တိုင္ပင္။
သို႔ေပမယ့္ စစ္က အနီအရွက္ကြဲ
တာမျမင္ခ်င္မွန္းသိရေတာ့ အနီ
ၿပဳံးရိပ္တန္းေနသည့္ မ်က္ႏွာခ်ိဳ
ေလးျဖင့္ စစ္ေခၚရာကို အသာတၾကည္
လိုက္လာခဲ့၏။

ထမင္းစားဝိုင္းႀကီးရဲ႕
ေဘးတစ္ဖက္၌ အခန္းလြတ္ထဲ
သူနဲ႕အနီေရာက္သြားခ်ိန္
အနီ႕လက္တို႔ကို သူခ်က္ခ်င္း
လႊတ္ေပးလိုက္စဥ္....

"စစ္...ဘာလို႔ အနီ႕ကို
အတင္းေခၚလာတာလဲ...
ၾကည့္ဦး...အနီ႕လက္ေတြ နာလို႔နီ
ကုန္ၿပီ"

ဘာမွမသိသလို ႏူတ္ခမ္းဆူၿပီး
သူ႕အား ကေလးတစ္ေယာက္လို
အျပစ္တင္ေနတဲ့အနီ႕လက္ကို
သူၾကည့္မိသည္။ တကယ္လည္း
နီရဲေနတာကိုး။ သူေဒါသတႀကီး
ဆြဲေခၚလာမိလို႔ျဖစ္မည္။

"အနီ...ဘာလို႔အခုလိုလုပ္ရတာလဲကြာ"

"အနီဘာလုပ္လို႔လဲ...စစ္ရဲ႕..."

"မင္း ပန့္ကိုဘာလုပ္လိုက္တယ္
ဆိုတာ ငါ့ပါးစပ္က ထုတ္ေျပာ
ျပရဦးမလား..."

စစ္စကားေၾကာင့္ အနီ႕မ်က္ႏွာ
ခ်က္ခ်င္းပ်က္သြားရသည့္ အျဖစ္။
အနီ႕ကို ဒီေနရာေခၚလာတာဟာ
မေတြ႕ရတာၾကာၿပီမို႔ သတိရေၾကာင္း၊
လြမ္းဆြတ္ေၾကာင္း၊ အခ်စ္အေၾကာင္းေတြ
ေျပာဖို႔ေခၚလာတယ္ထင္ခဲ့တာ...ၿပီးေတာ့...
ဘာလို႔ အဲ့မိန္းမနဲ႕ လက္ထပ္လိုက္ရတယ္
ဆိုတဲ့ အေၾကာင္းကိုေရာ ရွင္းျပဖို႔
ေခၚလာတယ္ထင္ခဲ့တာ...။


အခုက အဲ့မိန္းမအတြက္ အနီ႕ကို
အျပစ္တင္ဖို႔ ေခၚလာမွန္း အနီသိ
လိုက္ရတာမို႔ မ်က္ႏွာကို တင္းပစ္၍...


"စစ္သိရင္ၿပီးတာပဲေလ...ဘာလို႔
အနီ႕ကို အျပစ္လာတင္ေနတာလဲ...
အျပစ္ရွိတာက သူပါ...သူကသာ
အနီတို႔ခ်စ္ျခင္းကိုခြဲခဲ့တာ..."

"ေတာ္ေတာ့...အနီ...
သူက မင္းနဲ႕ငါ့ကိုခြဲခဲ့ရင္ေတာင္
အခု ငါတို႔ၾကားမွာ စည္းေတြ
ျခားေနၿပီ...မင္းအဲ့စည္းကို
မေက်ာ္ခ်င္စမ္းပါနဲ႕ကြာ...
ငါတို႔...ငါတို႔က မျဖစ္နိုင္ေတာ့ဘူးကြ"

သူ႕ရင္ထဲ ေအာင့္သက္သက္ႏွင့္
ဒီစကားကို ေျပာထြက္လာရသည္။
ခ်စ္ရသူကို ေရွ႕မွာထားၿပီး
အတိတ္ေတြကို ေမ့ပစ္လိုက္ဖို႔
ေျပာရတဲ့အခ်ိန္က ရင္အနာဆုံး
အခ်ိန္ျဖစ္မယ္ထင္ပါရဲ႕။

သူ႕စကားလုံးတို႔ေအာက္
မင္သက္ကာ သူ႕အား
ရပ္ၾကည့္ေနခဲ့တဲ့ အနီမ်က္ဝန္း
အိမ္တို႔က မ်က္ရည္မိုးေတြ
ၿပိဳက်လိဳ႕လာေလၿပီ။

"အဟင့္...ဟင့္..."

"မငို...မငိုပါနဲ႕ကြာ...မင္းငိုတာ
မၾကည့္ရက္လို႔ပါကြာ... မငိုပါနဲ႕
အနီရာ..."

ရွိိုက္ႀကီးတငင္ ငိုယိုေနတဲ့
သူမေလးေၾကာင့္ သူ႕မ်က္ခုံး
နက္နက္တို႔က မ်က္မႈန္ၾကဳတ္လ်က္
အနီ႕ပါးျပင္က မ်က္ရည္တို႔ကို
ပ်ာပ်ာသလည္း သုတ္ေပးေနမိ၏။
ထိုအခ်ိန္...

"ဒါဘာျဖစ္ေနၾကတာလဲ...
စစ္ဗ်ဴဟာတည္"

႐ုတ္တရက္ တံခါးဆီက
ထြက္ေပၚလာသည့္ အသံေၾကာင့္
သူေရာ အနီပါ မ်က္လုံးတို႔ျပဴးကာ
လွည့္ၾကည့္မိခ်ိန္ ေတြ႕လိုက္ရသည္မွာ
ေလာ့မခ်ထားတဲ့ တံခါးကိုဖြင့္ကာ
ရပ္ၾကည့္ေနၾကသည့္ လူႏွစ္ေယာက္ကို
ေတြ႕ရေလသည္။

ထိုလူေတြမွာ
ပ်ိဳ႕လက္ရာပန္ဆိုေသာ သူ၏
ဇနီးရဲ႕မိဘႏွစ္ပါးပင္တည္း။

"ခမ်ားတို႔ ဘယ္လိုေရာက္လာတာလဲ"

"ငါတို႔ဘယ္လိုေရာက္လာတာလဲ
ဟုတ္လား...မင္းေမ့ေနၿပီလား...
မင္းရဲ႕ရွယ္ယာဝင္ေတြထဲမွာ
ငါတို႔မိသားစုလည္းပါတယ္ဆိုတာ..."

ပန့္ အေဖေျပာမွ သူ သတိထားမိသည္။
ဟုတ္ပါရဲ႕။ သူမေလးတို႔မိသားစုဟာလည္း
သူ႕ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြဆိုတာ
သူေမ့ေလ်ာ့သြားမိသည္။ ဒါေပမယ့္
ခုနကအခ်ိန္ထိ ပြဲထဲမွာ သူမေလးရဲ႕
မိဘေတြရွိေနမွန္း သူ သတိမထားမိ
ခဲ့ရိုးအမွန္။

သူနဲ႕အနီ ႏွစ္ေယာက္တည္း
ရွိေနတဲ့ အခ်ိန္မွ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္
ေရာက္လာၾကပုံမ်ား။

"ငါ့သမီးနဲ႕မင္း လက္ထပ္ပြဲတုန္းက
မင္းက ငါတို႔မိသားစုက မင္းကို
ေျခာက္ခ်ၿပီး ပန္နဲ႕ယူရေအာင္
တမင္လုပ္ပါတယ္ဆိုၿပီး မင္း
အိမ္ရိပ္ေတာင္ လာမနင္းဖို႔
မင္းေျပာခဲ့တယ္"


သူမေလးရဲ႕အေမက
ေဒါသေၾကာင့္ နီျမန္းေနတဲ့
မ်က္ႏွာထား တင္းတင္းျဖင့္
ေျပာရင္း စကားကိုခနရပ္၍
အသက္ျပင္းျပင္း႐ူလိုက္ဟန္ႏွင့္...


"ငါတို႔မွားခဲ့တယ္ဆိုရင္ေတာင္
မင္း လက္ထပ္ၿပီးသား မင္းမိန္းမ
ျဖစ္ေနတဲ့ ငါတို႔သမီးကို ပစ္ၿပီး
ဒီဟာမနဲ႕ လာပလူးေနတာ
ေကာင္းလား..."

"အန္တီ ဘာစကားေျပာတာလဲ..
ဘယ္သူ႕ကိုဟာမလို႔ေျပာတာလဲ..."

"နင့္ကိုေျပာတာ..."

"ဘာ...ရွင္မိုက္ရိုင္းလွခ်ည္လား.."

"အနီ...စိတ္ေလ်ာ့..."

ေဒါသတႀကီးနဲ႕ ပန့္အေမကို
ရန္ေတြ႕ဖို႔ အတင္းအနားကို
တိုးသြားသည့္ အနီ႕ခါးကို
သူအျမန္လွမ္းဆြဲထားရသည္။
အနီက ေဒါသဘယ္ေလာက္
ႀကီးတယ္ဆိုတာ သူကသိႏွင့္
ၿပီးသားလူေလ။


"မိုက္ရိုင္းတာက...နင္
ခုနကပြဲထဲမွာ နင္ငါ့သမီးကို
ဘာလုပ္လိုက္တယ္ဆိုတာ
ငါတို႔ျမင္တယ္...သူမ်ားမိသားစု
ကိုပ်က္စီးေအာင္ လုပ္ေနတာ
နင္မရွက္ဘူးလား..."

"ရွင္မ...စကားလြန္မယ္..."

"လြန္လြန္ရွင္...ဘယ္လိုဟာမ
မ်ိဳးမွန္းမသိဘူး..."

ပန့္အေဖက ဝင္တားရွာသည္။
သို႔ေသာ္လည္း ပန့္အေမက
လွ်ာေဇာင္းထက္တယ္လို႔ပဲ
ဆိုရမလားမသိ၊ နည္းနည္းေလးမွ
အေၾကာမခံ။ ပန္ႏွင့္မ်ား တျခားစီ။


"ဘာလို႔ရွက္ရမွာလဲ...ရွင့္သမီးကသာ
ကြၽန္မတို႔ခ်စ္ျခင္းကို ခြဲထားတာ...
ဒီညသူအရွက္ကြဲတာ ခံသင့္တယ္...
ဒီထက္ပိုခံရဦးမွာ..."

"နင္..."

"ေတာ္စမ္း...အနီ..."

အနီ႕စကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္
၍ ေဒါသေထာင္းခနဲ ထသြားရသည့္
အျဖစ္။ ထို႔ေၾကာင့္ သူမခါးကို သိုင္း
ဖက္ထားရာက အေနာက္ကို တြန္း
ထုတ္လႊတ္လိုက္ကာ...

"မင္းကိုေတာ္ေတာ့လို႔ ေျပာေနတယ္ေလ"

"စစ္ အနီ႕ကို မေအာ္ပါနဲ႕"

"အနီ...ပန္က ငါ့ဇနီးျဖစ္ေနၿပီ
မင္းသူ႕ကိုဒီေန႕လုပ္လိုက္တာ
သူဘယ္ေလာက္ရွက္သြားမလဲ...
မင္းမစဥ္းစားမိဘူးလား...ဟမ္..."

"အနီ ဂ႐ုမစိုက္ဘူး...အနီစစ္ကိုဘဲ
ျပန္လိုခ်င္တာ...အနီမွားလား..."

ေျပာေျပာနဲ႕ သူ႕လက္တို႔ကို
လွမ္းဆြဲလာတဲ့ အနီ႕လက္တစ္စုံကို
သူရင္နာနာျဖင့္ ပယ္ခ်ရင္း...

"မွားတယ္...အနီ...
မင္းသိပ္ကိုမွားတယ္...ခုခ်ိန္မွာ...
မင္းနဲ႕ငါက ဘာမွမပက္သတ္ေတာ့
ဘူးေလ...ထပ္ၿပီးလည္း မပက္သတ္
ေအာင္ ဆင္ျခင္ရေတာ့မွာ..."

"ဟင့္...ဟင့္အင္း..."

"ကိုယ့္ကိုေမ့လိုက္ပါေတာ့ကြာ..."

ေျပာရင္းလွည့္အထြက္ အနီက
သူ႕ကိုယ္ကို အေနာက္ကသိုင္းဖက္
လာတာမို႔ သူ႕ေျခလွမ္းေတြ ရပ္တန့္
သြားရျပန္သည္။


"မ...မသြားပါနဲ႕ စစ္ရယ္...အနီ
စစ္ကို ဘယ္လိုေမ့နိုင္မွာလဲ..."

ဒီစကားေတြကို အနီ
မ်က္ရည္ေတြနဲ႕ေျပာေနမယ္ဆိုတာ
သူလွည့္မၾကည့္လည္း သိသည္။
ရွိုက္ငိုသံႀကီးနဲ႕ မသြားဖို႔
တားေနတဲ့ အနီ႕ေၾကာင့္ သူ႕ရင္
ေတြ ကြဲမတက္နာက်င္ရျပန္သည္။

ထိုျမင္ကြင္းကို ပန့္မိဘေတြလည္း
ဘာမွဝင္မေျပာဘဲ ရပ္ၾကည့္ေနၾကသည္။
အခ်ိန္အၾကာႀကီး စြဲလမ္းခ်စ္ခင္ခဲ့
ရသည့္ သံေယာဇဥ္ေလ။ ဘယ္လိုလုပ္
ခ်က္ခ်င္းႀကီး ျပတ္သားနိုင္မွာတဲ့လဲ။

သူ႕ခါးကိုသိုင္းဖက္ထားသည့္
အနီ႕လက္ကေလးတစ္စုံကို
သူအသာဖိကိုင္ထားမိသည္။
ေယာကၤ်ားႀကီးတန္မဲ့ အလိုလို
စီးက်လာမိသည့္ မ်က္ရည္ေတြ။


ထိုခ်ိန္ဝယ္....


"Oh...simple thing...
Where have you gone...
I's getting old.."

ဖုန္းျမည္သံေၾကာင့္ အနီ႕လက္ကို
ဖြဖြေလးကိုင္ထားတဲ့ သူ႕လက္တို႔ကို
ဖယ္၍ ေဘာင္းဘီအိတ္ထဲက
ဖုန္းကို ႏွိက္ၿပီး ပါးျပင္က
မ်က္ရည္တို႔ကို ခပ္ျမန္ျမန္သုတ္ပစ္ရင္း...

"ေအး...ထင္ရွား...ေျပာ..."

"ဆရာ...ဆရာကေတာ္ မူးလဲသြားလို႔
အခုေဆး႐ုံသြားပို႔ေနရတယ္..."

"ဘာ..."

ထင္ရွားစကားအဆုံး
သူမ်က္လုံးတို႔ ျပဴးက်ယ္သြား
ရ၏။ သူမေလး မူးလဲသြားသတဲ့ေလ။
သူ႕ေၾကာင့္။ သူလိုက္ရသြားရမွာ။

"ကြၽတ္...အခု ဘယ္ေဆး႐ုံသြားေနတာလဲ"

"ၿငိမ္း ေဆး႐ုံပါ ဆရာ..."

"ေအး...ငါအခုလာခဲ့မယ္"

"စစ္...မသြားပါနဲ႕..."

ထိုအခ်ိန္ထိ သူ႕ခါးကို မလႊတ္ေသးသည့္
အနီက သူ႕ကို တားၿမဲ။ သို႔ေသာ္
သူမေလးကို စိုးရိမ္စိတ္က ျပင္းျပေနသည္မို႔
အနီ႕လက္တို႔ကို သူဖယ္ခ်ကာ...

"ေတာင္းပန္ပါတယ္...အနီ...ကိုယ္
သြားမွျဖစ္မယ္...ဒီအခ်ိန္မွာ
ကိုယ့္ကိုအလိုအပ္ဆုံးက သူျဖစ္ေန
တယ္..."

ေျပာေျပာျဖင့္ တစ္ခ်က္ေလးမွ
လွည့္မၾကည့္ဘဲ ေျပးထြက္လာခဲ့၏။





Uni




"မင်းဒီနေရာမှာ အရှက်မကွဲချင်ရင်
ငါခေါ်တဲ့နောက်ကို အသာတကြည်
လိုက်ခဲ့...."

ထိုသို့ပြောကာ အနီ့လက်ကို
အတင်းဆွဲခေါ်လာတော့ လူ
တွေက ဝေ့ကြည့်လျက်သာ။

အနီတစ်ခွန်းပြန်မပြောတော့ပေ။
မဟုတ်လျှင် ဒီနေရာမှာ ထပ်ပြီး
အရှက်ကွဲမည့်လူက အနီကိုယ်တိုင်ပင်။
သို့ပေမယ့် စစ်က အနီအရှက်ကွဲ
တာမမြင်ချင်မှန်းသိရတော့ အနီ
ပြုံးရိပ်တန်းနေသည့် မျက်နှာချို
လေးဖြင့် စစ်ခေါ်ရာကို အသာတကြည်
လိုက်လာခဲ့၏။

ထမင်းစားဝိုင်းကြီးရဲ့
ဘေးတစ်ဖက်၌ အခန်းလွတ်ထဲ
သူနဲ့အနီရောက်သွားချိန်
အနီ့လက်တို့ကို သူချက်ချင်း
လွှတ်ပေးလိုက်စဥ်....

"စစ်...ဘာလို့ အနီ့ကို
အတင်းခေါ်လာတာလဲ...
ကြည့်ဦး...အနီ့လက်တွေ နာလို့နီ
ကုန်ပြီ"

ဘာမှမသိသလို နူတ်ခမ်းဆူပြီး
သူ့အား ကလေးတစ်ယောက်လို
အပြစ်တင်နေတဲ့အနီ့လက်ကို
သူကြည့်မိသည်။ တကယ်လည်း
နီရဲနေတာကိုး။ သူဒေါသတကြီး
ဆွဲခေါ်လာမိလို့ဖြစ်မည်။

"အနီ...ဘာလို့အခုလိုလုပ်ရတာလဲကွာ"

"အနီဘာလုပ်လို့လဲ...စစ်ရဲ့..."

"မင်း ပန့်ကိုဘာလုပ်လိုက်တယ်
ဆိုတာ ငါ့ပါးစပ်က ထုတ်ပြော
ပြရဦးမလား..."

စစ်စကားကြောင့် အနီ့မျက်နှာ
ချက်ချင်းပျက်သွားရသည့် အဖြစ်။
အနီ့ကို ဒီနေရာခေါ်လာတာဟာ
မတွေ့ရတာကြာပြီမို့ သတိရကြောင်း၊
လွမ်းဆွတ်ကြောင်း၊ အချစ်အကြောင်းတွေ
ပြောဖို့ခေါ်လာတယ်ထင်ခဲ့တာ...ပြီးတော့...
ဘာလို့ အဲ့မိန်းမနဲ့ လက်ထပ်လိုက်ရတယ်
ဆိုတဲ့ အကြောင်းကိုရော ရှင်းပြဖို့
ခေါ်လာတယ်ထင်ခဲ့တာ...။


အခုက အဲ့မိန်းမအတွက် အနီ့ကို
အပြစ်တင်ဖို့ ခေါ်လာမှန်း အနီသိ
လိုက်ရတာမို့ မျက်နှာကို တင်းပစ်၍...


"စစ်သိရင်ပြီးတာပဲလေ...ဘာလို့
အနီ့ကို အပြစ်လာတင်နေတာလဲ...
အပြစ်ရှိတာက သူပါ...သူကသာ
အနီတို့ချစ်ခြင်းကိုခွဲခဲ့တာ..."

"တော်တော့...အနီ...
သူက မင်းနဲ့ငါ့ကိုခွဲခဲ့ရင်တောင်
အခု ငါတို့ကြားမှာ စည်းတွေ
ခြားနေပြီ...မင်းအဲ့စည်းကို
မကျော်ချင်စမ်းပါနဲ့ကွာ...
ငါတို့...ငါတို့က မဖြစ်နိုင်တော့ဘူးကွ"

သူ့ရင်ထဲ အောင့်သက်သက်နှင့်
ဒီစကားကို ပြောထွက်လာရသည်။
ချစ်ရသူကို ရှေ့မှာထားပြီး
အတိတ်တွေကို မေ့ပစ်လိုက်ဖို့
ပြောရတဲ့အချိန်က ရင်အနာဆုံး
အချိန်ဖြစ်မယ်ထင်ပါရဲ့။

သူ့စကားလုံးတို့အောက်
မင်သက်ကာ သူ့အား
ရပ်ကြည့်နေခဲ့တဲ့ အနီမျက်ဝန်း
အိမ်တို့က မျက်ရည်မိုးတွေ
ပြိုကျလို့လာလေပြီ။

"အဟင့်...ဟင့်..."

"မငို...မငိုပါနဲ့ကွာ...မင်းငိုတာ
မကြည့်ရက်လို့ပါကွာ... မငိုပါနဲ့
အနီရာ..."

ရှိိုက်ကြီးတငင် ငိုယိုနေတဲ့
သူမလေးကြောင့် သူ့မျက်ခုံး
နက်နက်တို့က မျက်မှုန်ကြုတ်လျက်
အနီ့ပါးပြင်က မျက်ရည်တို့ကို
ပျာပျာသလည်း သုတ်ပေးနေမိ၏။
ထိုအချိန်...

"ဒါဘာဖြစ်နေကြတာလဲ...
စစ်ဗျူဟာတည်"

ရုတ်တရက် တံခါးဆီက
ထွက်ပေါ်လာသည့် အသံကြောင့်
သူရော အနီပါ မျက်လုံးတို့ပြူးကာ
လှည့်ကြည့်မိချိန် တွေ့လိုက်ရသည်မှာ
လော့မချထားတဲ့ တံခါးကိုဖွင့်ကာ
ရပ်ကြည့်နေကြသည့် လူနှစ်ယောက်ကို
တွေ့ရလေသည်။

ထိုလူတွေမှာ
ပျို့လက်ရာပန်ဆိုသော သူ၏
ဇနီးရဲ့မိဘနှစ်ပါးပင်တည်း။

"ခများတို့ ဘယ်လိုရောက်လာတာလဲ"

"ငါတို့ဘယ်လိုရောက်လာတာလဲ
ဟုတ်လား...မင်းမေ့နေပြီလား...
မင်းရဲ့ရှယ်ယာဝင်တွေထဲမှာ
ငါတို့မိသားစုလည်းပါတယ်ဆိုတာ..."

ပန့် အဖေပြောမှ သူ သတိထားမိသည်။
ဟုတ်ပါရဲ့။ သူမလေးတို့မိသားစုဟာလည်း
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆိုတာ
သူမေ့လျော့သွားမိသည်။ ဒါပေမယ့်
ခုနကအချိန်ထိ ပွဲထဲမှာ သူမလေးရဲ့
မိဘတွေရှိနေမှန်း သူ သတိမထားမိ
ခဲ့ရိုးအမှန်။

သူနဲ့အနီ နှစ်ယောက်တည်း
ရှိနေတဲ့ အချိန်မှ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာကြပုံများ။

"ငါ့သမီးနဲ့မင်း လက်ထပ်ပွဲတုန်းက
မင်းက ငါတို့မိသားစုက မင်းကို
ခြောက်ချပြီး ပန်နဲ့ယူရအောင်
တမင်လုပ်ပါတယ်ဆိုပြီး မင်း
အိမ်ရိပ်တောင် လာမနင်းဖို့
မင်းပြောခဲ့တယ်"


သူမလေးရဲ့အမေက
ဒေါသကြောင့် နီမြန်းနေတဲ့
မျက်နှာထား တင်းတင်းဖြင့်
ပြောရင်း စကားကိုခနရပ်၍
အသက်ပြင်းပြင်းရူလိုက်ဟန်နှင့်...


"ငါတို့မှားခဲ့တယ်ဆိုရင်တောင်
မင်း လက်ထပ်ပြီးသား မင်းမိန်းမ
ဖြစ်နေတဲ့ ငါတို့သမီးကို ပစ်ပြီး
ဒီဟာမနဲ့ လာပလူးနေတာ
ကောင်းလား..."

"အန်တီ ဘာစကားပြောတာလဲ..
ဘယ်သူ့ကိုဟာမလို့ပြောတာလဲ..."

"နင့်ကိုပြောတာ..."

"ဘာ...ရှင်မိုက်ရိုင်းလှချည်လား.."

"အနီ...စိတ်လျော့..."

ဒေါသတကြီးနဲ့ ပန့်အမေကို
ရန်တွေ့ဖို့ အတင်းအနားကို
တိုးသွားသည့် အနီ့ခါးကို
သူအမြန်လှမ်းဆွဲထားရသည်။
အနီက ဒေါသဘယ်လောက်
ကြီးတယ်ဆိုတာ သူကသိနှင့်
ပြီးသားလူလေ။


"မိုက်ရိုင်းတာက...နင်
ခုနကပွဲထဲမှာ နင်ငါ့သမီးကို
ဘာလုပ်လိုက်တယ်ဆိုတာ
ငါတို့မြင်တယ်...သူများမိသားစု
ကိုပျက်စီးအောင် လုပ်နေတာ
နင်မရှက်ဘူးလား..."

"ရှင်မ...စကားလွန်မယ်..."

"လွန်လွန်ရှင်...ဘယ်လိုဟာမ
မျိုးမှန်းမသိဘူး..."

ပန့်အဖေက ဝင်တားရှာသည်။
သို့သော်လည်း ပန့်အမေက
လျှာဇောင်းထက်တယ်လို့ပဲ
ဆိုရမလားမသိ၊ နည်းနည်းလေးမှ
အကြောမခံ။ ပန်နှင့်များ တခြားစီ။


"ဘာလို့ရှက်ရမှာလဲ...ရှင့်သမီးကသာ
ကျွန်မတို့ချစ်ခြင်းကို ခွဲထားတာ...
ဒီညသူအရှက်ကွဲတာ ခံသင့်တယ်...
ဒီထက်ပိုခံရဦးမှာ..."

"နင်..."

"တော်စမ်း...အနီ..."

အနီ့စကားကြောင့် သူမျက်မှောင်ကြုတ်
၍ ဒေါသထောင်းခနဲ ထသွားရသည့်
အဖြစ်။ ထို့ကြောင့် သူမခါးကို သိုင်း
ဖက်ထားရာက အနောက်ကို တွန်း
ထုတ်လွှတ်လိုက်ကာ...

"မင်းကိုတော်တော့လို့ ပြောနေတယ်လေ"

"စစ် အနီ့ကို မအော်ပါနဲ့"

"အနီ...ပန်က ငါ့ဇနီးဖြစ်နေပြီ
မင်းသူ့ကိုဒီနေ့လုပ်လိုက်တာ
သူဘယ်လောက်ရှက်သွားမလဲ...
မင်းမစဥ်းစားမိဘူးလား...ဟမ်..."

"အနီ ဂရုမစိုက်ဘူး...အနီစစ်ကိုဘဲ
ပြန်လိုချင်တာ...အနီမှားလား..."

ပြောပြောနဲ့ သူ့လက်တို့ကို
လှမ်းဆွဲလာတဲ့ အနီ့လက်တစ်စုံကို
သူရင်နာနာဖြင့် ပယ်ချရင်း...

"မှားတယ်...အနီ...
မင်းသိပ်ကိုမှားတယ်...ခုချိန်မှာ...
မင်းနဲ့ငါက ဘာမှမပက်သတ်တော့
ဘူးလေ...ထပ်ပြီးလည်း မပက်သတ်
အောင် ဆင်ခြင်ရတော့မှာ..."

"ဟင့်...ဟင့်အင်း..."

"ကိုယ့်ကိုမေ့လိုက်ပါတော့ကွာ..."

ပြောရင်းလှည့်အထွက် အနီက
သူ့ကိုယ်ကို အနောက်ကသိုင်းဖက်
လာတာမို့ သူ့ခြေလှမ်းတွေ ရပ်တန့်
သွားရပြန်သည်။


"မ...မသွားပါနဲ့ စစ်ရယ်...အနီ
စစ်ကို ဘယ်လိုမေ့နိုင်မှာလဲ..."

ဒီစကားတွေကို အနီ
မျက်ရည်တွေနဲ့ပြောနေမယ်ဆိုတာ
သူလှည့်မကြည့်လည်း သိသည်။
ရှိုက်ငိုသံကြီးနဲ့ မသွားဖို့
တားနေတဲ့ အနီ့ကြောင့် သူ့ရင်
တွေ ကွဲမတက်နာကျင်ရပြန်သည်။

ထိုမြင်ကွင်းကို ပန့်မိဘတွေလည်း
ဘာမှဝင်မပြောဘဲ ရပ်ကြည့်နေကြသည်။
အချိန်အကြာကြီး စွဲလမ်းချစ်ခင်ခဲ့
ရသည့် သံယောဇဉ်လေ။ ဘယ်လိုလုပ်
ချက်ချင်းကြီး ပြတ်သားနိုင်မှာတဲ့လဲ။

သူ့ခါးကိုသိုင်းဖက်ထားသည့်
အနီ့လက်ကလေးတစ်စုံကို
သူအသာဖိကိုင်ထားမိသည်။
ယောင်္ကျားကြီးတန်မဲ့ အလိုလို
စီးကျလာမိသည့် မျက်ရည်တွေ။


ထိုချိန်ဝယ်....


"Oh...simple thing...
Where have you gone...
I's getting old.."

ဖုန်းမြည်သံကြောင့် အနီ့လက်ကို
ဖွဖွလေးကိုင်ထားတဲ့ သူ့လက်တို့ကို
ဖယ်၍ ဘောင်းဘီအိတ်ထဲက
ဖုန်းကို နှိက်ပြီး ပါးပြင်က
မျက်ရည်တို့ကို ခပ်မြန်မြန်သုတ်ပစ်ရင်း...

"အေး...ထင်ရှား...ပြော..."

"ဆရာ...ဆရာကတော် မူးလဲသွားလို့
အခုဆေးရုံသွားပို့နေရတယ်..."

"ဘာ..."

ထင်ရှားစကားအဆုံး
သူမျက်လုံးတို့ ပြူးကျယ်သွား
ရ၏။ သူမလေး မူးလဲသွားသတဲ့လေ။
သူ့ကြောင့်။ သူလိုက်ရသွားရမှာ။

"ကျွတ်...အခု ဘယ်ဆေးရုံသွားနေတာလဲ"

"ငြိမ်း ဆေးရုံပါ ဆရာ..."

"အေး...ငါအခုလာခဲ့မယ်"

"စစ်...မသွားပါနဲ့..."

ထိုအချိန်ထိ သူ့ခါးကို မလွှတ်သေးသည့်
အနီက သူ့ကို တားမြဲ။ သို့သော်
သူမလေးကို စိုးရိမ်စိတ်က ပြင်းပြနေသည်မို့
အနီ့လက်တို့ကို သူဖယ်ချကာ...

"တောင်းပန်ပါတယ်...အနီ...ကိုယ်
သွားမှဖြစ်မယ်...ဒီအချိန်မှာ
ကိုယ့်ကိုအလိုအပ်ဆုံးက သူဖြစ်နေ
တယ်..."

ပြောပြောဖြင့် တစ်ချက်လေးမှ
လှည့်မကြည့်ဘဲ ပြေးထွက်လာခဲ့၏။

Seguir leyendo

También te gustarán

2.4M 141K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.1M 68.7K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
217K 24.5K 64
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
1.1M 84.3K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...