"မထိနဲ့"
"ဖယ်လို့"
ကားပေါ်ကနေ အိမ်ထဲတွဲခေါ်ဖို့ ပြင်နေတဲ့
ဘက်ခဟျွန်းရဲ့ လက်ကို ချန်းယောလ်က ဖယ်ချဖို့ကြိုးစားသည်
ဒါပေမယ့် တော်တော်လေး မူးပြီးပျော့ခွေနေတာမို့ ဘက်ခဟျွန်း တွဲပြီးခေါ်လာတဲ့အတိုင်း
ပါလာရတာပါပဲ
တွဲခေါ်တယ်ဆိုတာထက် ဒရွတ်တိုက်ဆွဲလာရတယ်ဆို ပိုမှန်မယ်
ချန်းယောလ်ရဲ့ ရှည်လျားလှတဲ့ ခြေထောက်တို့က ကြမ်းပြင်ပေါ် ပွတ်ဆွဲလျက်
ရှူးဖိနပ်နဲ့ ကြမ်းခင်း ထိသံဟာ တဒီးဒီးမြည်နေတယ်
ဧည့်ခန်းထဲက ဆိုဖာပေါ် ပစ်တင်လိုက်ပြီး မှ ဖိနပ်တွေ ချွတ်ပေးလိုက်တယ်
ညနေက အိမ်ရှေ့မှာ ချောလဲထားတာမို့ဖြစ်မည်။ ရွှံ့တွေပေနေတာပဲ...အဲ့လောက် Fashion ကျကျနေချင်တဲ့သူက လူဆုံတဲ့ ဘားကိုလာတာ ဖိနပ်မှာ ရွှံ့တွေနဲ့
မနက်ကျရင်တော့ သူ့ရှူးဖိနပ် ပွန်းရာတွေတွေ့ရင် ငါ့ကို ပြောနေအုံးမှာပဲ လို့ ဘက်ခဟျွန်းက တွေးမိသေးတယ်
ကားပေါ်မှာကလည်း အန်လာသေးတာကြောင့်
ချန်းယောလ်ရဲ့ ရှပ်အင်္ကျီတွေဟာ ပေပွလျက်
အရင်ဆုံး အင်္ကျီတော့ ငါလဲပေးအုံးမှ ဖြစ်မှာပါလို့ ဘက်ခဟျွန်းက သူ့ကိုယ်သူ တိုင်ပင်သလို ရေရွတ်မိတယ်
ပြီးတော့ သေချာပေါက် ရွှံ့ပေနေတဲ့ ဘောင်းဘီကိုရော ဒီအတိုင်း ထားလိုက်သင့်သလား
"အဲ့ဒီညက ကားထဲမှာ ဘက်ခဟျွန်းရဲ့ ပထမဆုံးကို ယူခဲ့တာလေ"
ရုတ်တရက် ချန်းယောလ်ရဲ့ စကားသံက နားထဲမှာ ပြန်ကြားသည်
သူတို့ နှစ်ယောက်ရဲ့ အမှတ်တရကို လူတွေရှေ့မှာ ပစ်ပစ်ခါခါပြောရက်သည့် ချန်းယောလ်ကို စိတ်နာမိသည်
အင်းလေ ချန်းယောလ်ဆီက ဘာကိုများ မျှော်လင့်နေမိတာပါလိမ့်
ဒီလောက်ဆို သူ သိသင့်ပြီ
ဘီရိုထဲက ခပ်ပွပွ ဟူဒီ တစ်ထည်ကို ဆွဲထုတ် လာလိုက်တယ်
အရင်ဆုံး ပေနေတဲ့ ချန်းယောလ်ရဲ့ အင်္ကျီကို ချွတ်ပေးရင် အနံ့သက်စွဲနေသေးတာမို့
ရေစိုသဘက်တစ်ထည်နဲ့ ကိုယ်လက်သန့်စင်ပေးလိုက်သည်။
"ဘက်ခွန်းနီး?"
ချန်းယောလ်က မျက်လုံးပွင့်လာပြီး ခပ်တိုးတိုးမေးတယ်
"နိုးလာတာလား၊ ခဏ ကိုယ်လုံးကြွအုံး"
"အင်း"
ရှူးရှူးရှဲရှဲနဲ့ ရန်ထမတွေ့သေးပုံအရ အမူးမပြေသေးတာဖြစ်မယ်
"ညာဘက်လက်"
အင်္ကျီခေါင်းစွပ်ပြီး လက်လျှိုဖို့ပြောတာကိုလည်း
အတွန့်မတတ်ပဲ လိုက်လုပ်တာကြောင့် သူတောင်သတိမထားမိပဲ ပြုံးလိုက်မိတယ်
အရင်တုန်းက ချန်းယောလ်လီကို သတိရသွားမိတာဖြစ်မှာပါ။
ပြန်အိပ်ပျော်သွားတဲ့ ချန်းယောလ်ကို ဆိုဖာပေါ်မှာပဲ စောင်ခြုံပေးခဲ့လိုက်သည်
ချန်းယောလ်ကိုတွဲခေါ်ရင်း ပေပွလာတာမို့ သူပါ ရေချိုးရတော့မယ်။
***
ဘက်ခဟျွန်း ရေချိုး အဝတ်လဲပြီး အခန်းထဲက ထွက်လာတော့ ချန်းယောလ်က ဆိုဖာပေါ်မှာ မရှိတော့
အဲ့ဒီအစားကြမ်းပြင်ပေါ်မှာ ခေါင်းငုံ့ရင်း ထိုင်နေတယ်
"အေးတယ်လေ ဘာလို့ အောက်မှာ....အမ်
ချန်းယောလ် ငိုနေတာလား"
ဘက်ခဟျွန်းအသံကိုကြားတော့ ချန်းယောလ်က မျက်ရည်ကို ကမန်းကတန်းသုတ်လိုက်တယ်
"ငါက ဘာလို့ ငိုရမှာလဲ"
နီနေတဲ့ မျက်ဝန်းအိမ်တွေကို မြင်တော့ ဘက်ခဟျွန်း ဘာမှ မပြောဖြစ်တော့
"ဟင် ဘက်ခဟျွန်း ငါက ဘာလို့ငိုရမှာလဲ"
"ငါ ဘယ်သိမလဲ"
"အေး ဘယ်သိမလဲ၊ မင်းက ငါ့ခံစားချက်ဆို အမြဲတမ်း လျစ်လျူရှုပစ်တာလေ အရင်တုန်းကတည်းကပဲ ငါဖြစ်ချင်တာကို နည်းနည်းလေးမှ လိုက်လျောမပေးခဲ့ဘူး"
"ချန်းယောလ် ဘာဆိုင်လို့လဲ အခုနဲ့"
"ဘာလို့ မဆိုင်ရမှာလဲ အခုဖြစ်နေတာတွေအားလုံးက မင်း ငါ့ကို နားမလည်လို့၊ ငါ့ အိမ်မက်ကို နားမလည်ပေးခဲ့လို့ ဖြစ်ရတာ၊ အဲ့ဒီတုန်းကသာ မင်းငါနဲ့ အတူတူဆိုလ်းမှာ လိုက်နေဖြစ်ရင် ငါတို့အခုလိုဖြစ်မှာလား"
ရုတ်တရက် ချန်းယောလ်ဆီက အရင်တုန်းကအကြောင်းတွေပြန်ကြားရတော့ ဘက်ခဟျွန်းနှုတ်ဆိတ်နေမိသည်။
"ငါကတော့ မင်းကို အတတ်နိုင်ဆုံး လိုက်ငြှိဖို့ကြိုးစားပေးခဲ့တာပဲ၊ မင်းကကျ ပင်ပန်းတယ် ဟုတ်လား၊ ငါကြိုးစားနေတာကို ကြည့်ရတာ ပင်ပန်းတယ်တဲ့ အဟက် ငါပဲ ငါတို့အတွက်စိတ်ကူးယဥ်ထားတဲ့ အနာဂတ်တွေအတွက် ငါပဲရူးခဲ့တာ"
အထက်တန်းကို အမှတ်မြင့်မြင့်နဲ့အောင်တဲ့
ချန်းယောလ်က ဆိုလ်းတက္ကသိုလ် ဝင်ခွင့်ရခဲ့ပေမယ့် ဘက်ခဟျွန်းကတော့ နယ်ကကောလိပ်မှာသာ
တတ်ဖို့ လျှောက်လိုက်သည်။
ချန်းယောလ်က သူနဲ့အတူတူ ဆိုလ်းမှာသွားနေကြဖို့ တိုင်ပင်တိုင်း အငြင်းအခုံနဲ့ ရန်ဖြစ်ရသည်ချည်း
ဘက်ခဟျွန်းကို ခေါ်လို့မရသည့်အဆုံး
၃ နာရီလောက်ကြာတဲ့ ခရီးကို ချန်းယောလ်က
နေ့တိုင်း အသွားအပြန်လုပ်နေခဲ့ပေမယ့် ဘက်ခဟျွန်းဟာ နယ်ကနေ ခွာဖို့ မစဥ်းစားခဲ့မိ
သူဝါသနာပါတာကို တစိုက်မက်မက်လုပ်တတ်သည့် ချန်းယောလ်က Fashion Company ကြီးတစ်ခုမှာပါ internship အနေနဲ့လုပ်ခွင့်ရခဲ့တာမို့ အချိန်တွေ တဖြည်းဖြည်းရှားပါးလာခဲ့သည်
အဲ့ဒီတုန်းက ဘက်ခဟျွန်းက ချန်းယောလ်လို ရည်ရွယ်ချက်ကြီးကြီးမားမားရှိမနေခဲ့တာကြောင့်လည်း ပါမည်။
ဒါမှမဟုတ် ငယ်သေးတဲ့ ဘက်ခဟျွန်းက ပတ်ဝန်းကျင်အသစ်ကို ရင်ဆိုင်ဖို့ကြောက်နေခဲ့တာလည်း ဖြစ်မည်
"အင်း ငါပဲ အသုံးမကျခဲ့တာပါ"
"ဒါပဲ ဒီစကားပဲ ဘယ်တော့ပြောပြော ဒါပဲ"
ချန်းယောလ်က ထိုင်နေရာက ဒေါသတကြီးထကာ ဆိုဖာကို ကန်လိုက်တာကြောင့် နည်းနည်းယိုင်သွားတယ်
ဘက်ခဟျွန်းက စိတ်ကို လျှော့လိုက်ပြီး တည်ငြိမ်ဖို့ကြိုးစားတယ်။ သွေးဆူနေတဲ့ ချန်းယောလ်က မူးနေလို့ ဆိုပေမယ့် သူကပါ အော်ဟစ်ပေါက်ကွဲနေလို့ မဖြစ်ဘူး မလား
"ငါတို့ ဘာလို့အဲ့ဒါတွေ ပြောနေအုံးမှာလဲ၊ အဓိက ကမင်းထွက်သွားခဲ့တယ်၊ ပြန်မလာခဲ့ဘူး ပြီးပြီ ဒါပဲ မလား"
"ဘာ ဗြောင်ဘက်ခဟျွန်း ပြန်ပြောစမ်း"
ချန်းယောလ်ဟာ ဘက်ခဟျွန်းနားတိုးကပ်လိုက်ရင်း ကော်လာစ ကို ဆွဲလိုက်တယ်
"ပြီးပြီ လို့ ငါတို့က"
အဖျားသတ်မှာ တုန်ခါသွားတဲ့ ကိုယ့်အသံကို အားမရပေမယ့် ချန်းယောလ်ကတော့ သတိထားမိပုံမပေါ်
"အင်း မင်းက ထားသွားတဲ့ သူကိုပဲ အပြစ်လုပ်တယ်မင်းကရော...မင်းကရော
မသွားနဲ့လို့ ဘာလို့ မတားခဲ့သလဲ ဟင် ...ဟင် ဘာလို့လဲ"
ချန်းယောလ်ရဲ့ မျက်ဝန်းတွေက ဒေါသကြောင့်မဟုတ်ဘဲ ကြေကွဲစွာနာကျင်နေတာကို မြင်ရခိုက်မှာ ရင်ဘက်က ကျင်ခနဲ နာရတယ်
ပြီးသွားပြီပဲ သူတို့ကပြီးသွားပြီပဲ
ဒါပေမယ့်
"ငါကသာ မသွားပါနဲ့ လို့ပြောရင် မင်းကမသွားခဲ့ပဲ နေမှာမို့လို့လား"
"မင်းမှ မပြောခဲ့ပဲ"
"ဒါဖြင့် အခုရော..."
လေသံတိုးတိုးဟာ ဘက်ခဟျွန်း နှုတ်ခမ်းဖျားက ထွက်ကျသွားတယ်
ချန်းယောလ်က ဘက်ခဟျွန်းရဲ့မျက်ဝန်းတွေထဲမှာ တစ်ခုခုကို အဖြေရှာဖို့ ပေါက်ထွက်မတတ် ကြည့်နေတယ်
နောက်တော့ ဘက်ခဟျွန်းရဲ့အကြည့်ထဲမှာ သူသိချင်တာကို ရှာဖွေတွေ့ရှိသွားသလိုမျိုး ဘက်ခဟျွန်းကို ဆွဲယူနမ်းရှိုက်လိုက်တယ်
ချန်းယောလ်ရဲ့ နွေးထွေးမှုကို အကြာကြီးတောင့်တနေခဲ့သလိုမျိုး ဘက်ခဟျွန်းဟာ အနမ်းတွေမှာပဲ စိီးမျောလိုက်ပါနေမိတော့တယ်
ဒီညတော့...ဒီတစ်ညတော့ ငါမင်းကို နောက်ဆုံးအနေနဲ့ပိုင်ပါရစေ။
***
A/N ☻️☻️☻️
ပူနွေးတဲ့ အဲ့လ်ုညတွေကို စာစီဖော်ပြချင်ပေမယ့် မစွမ်းတဲ့တို့ကြောင့် မျက်လုံးမှိတ်ပြီး
စိတ်ကူးယဥ်မှောင်လိုက်ကြပါတော့လို့