"ဟိုမှာ ....ဟိုနှစ်ကောင်....”
ရှင်းသန့် လက်ညှိုးထိုးပြတဲ့နေရာကို ရတုကြည့်တော့ လင်းထွန်းနဲ့စွမ်း နှစ်ေယာက်သား ကွင်းထဲမရောက်ခင်လေ့ကျင့်ခန်းလုပ်နေသည်ကိုတွေ့၏။
ပုံမှန်ဆိုလျှင် မေဂျာချင်းကန်လျှင် လူသိပ်မများပေမယ့် ဒီနေ့တော့ အရင်ကထက်လူပိုစည်နေသည်။ မေဂျာပြိုင်ပွဲဆိုလျှင် ကိုယ့်မေဂျာ အသီးသီးက ကျောင်းသားလူနည်းစုပဲ လာလေ့ရှိသည်။ ကျောင်းပေါင်းစုံပြိုင်ပွဲမှသာ ကျောင်းသားများ ခုံအစိလာအားပေးတတ်ကြ၏။
ရတုနဲ့ ရှင်းသန့်နှစ်ယောက် ကွင်းရဲ့ ဘယ်ဘက်ခြမ်းက အပေါ်ဆုံးခုံမှာထိုင်ပြီး ပြိုင်ပွဲအခြေနေကိုအကဲခတ်နေကြသည်။ ပုံမှန်ဆိုလျှင် Emajorအသင်းကဘောပွဲဆိုလျှင် ရှုံးတာများသည်။ သို့ပေမယ့် ဒီတစ်ခေါက် မေဂျာပြိုင်ပွဲမှာတော့ semi final ထိပါလာလေ၏။
“ဒီနေ့တော့ လူကလည်း များတယ်ဆိုတော့ အားတက်စရာပဲ ”
“အေး ဟဲဟဲ....မြန်မာစာဘက်က ကောင်တွေကချောတယ်ဟ...Emajorကဟာတွေအလကား...ဂျပုတွေ....”
ရှင်းသန့်ပြောမှ ရတု သတိထားမိသည်။ မြန်မာစာမေဂျာဘက်ကကျောင်းသားတွေကိုကြည့်တော့ အရပ်မြင့်မြင့်ထောင်ထောင်မောင်းမောင်းပုံစံ များကြသည်။ Emajorမှာတော့ သူ့သူငယ်ချင်းနှစ်ယောက်ကလွဲ၍ ကျန်တဲ့ကျောင်းသားများကအရပ်ပုကြသည်။ ထိုကျောင်းသားများကိုငေးကြည့်နေတုန်း ရတု အတွေးထဲ အကို့အကြောင်းဝင်လာလေ၏။ အကို့အရပ်လောက်ရှည်တဲ့သူကျောင်းသားတွေထဲသူမတွေ့ချေ.....။
“ဟို .....ရတုသက်မောင်လား.....”
“ဗျာ....ဟုတ်...”
“အမကိုမှတ်မိလား ....”
ရှင်းသန့် နဲ့ရတု အတူတူထိုင်နေတုန်း မိန်းကလေး သုံးယောက်က သူတို့နှစ်ယောက်ဘေးနား ရောက်လာသည်။
ရတု ချက်ချင်းခေါင်းထဲမပေါ် ထိုေကာင်မလေးရဲ့မျက်နှာကို သူတွေ့တော့တွေ့ဖူးပေမယ့် သေချာမသိ။
“အာ.....အမ ကိုတကယ် မမှတ်မိတာလား .... THIRD YEAR က ကွင်းလေအမက ....ဟိုတစ်ခါမောင်လေးတို့ King Selection ရွေးတုန်းကတွေ့ကြတာ ....နှစ်ပတ်လောက်တော့ရှိပြီထင်တယ် ...Fresher welcome အတွက် အစည်းဝေးတုန်းကလည်းတွေ့ပါသေးတယ်...”
ထိုသို့ပြောမှ ရတုစဉ်းစားမိသည်။ အမရွှေနန်းကို သူရေးရေးလေးတော့ မှတ်မိသည်။ E majorရဲ့နာမည်ကြီးတစ်ယောက်ဖြစ်သည့်အလျောက် တော်ရုံ ကျောင်းပွဲတွေဆို မပါမဖြစ်။ ရတုကို Workshop အတူတူလုပ်ဖို့ပင်ခေါ်ထားသေးသည်ကို ရတုခုမှ မှတ်မိတော့သည်။
“အာ....ဆောရီးနော်အမ....ကျွန်တော်မေ့သွားတာ...”
“ရပါတယ်....welcome ကျရင် အမAnnouncerလုပ်မှာ .....ဒီကြားထဲလည်း မောင်လေးတို့နဲ့ အစည်းဝေးတစ်ခုရှိသေးတယ် ...”
“ဟုတ်အမ....ဆောတီးပါနော်...ဟဲဟဲ....အခုကရော ဘောပွဲလာကြည့်တာလား”
ရတုမေးတော့ အမရွှေနန်းက ဘောလုံးကန်ရန်အသင့်ဖြစ်နေသည့် ကျောင်းသားများထဲမျာ အသားဖြူဖြူနှင့် ဆံပင်အရောင်ဆိုးထားတဲ့တစ်ယောက်ကိုလက်ညှိုးထားပြလေ၏။
“အဲ့ဒါ အမမောင်လေးလေ....”
ရတုကြည့်လိုက်တော့ တစ်ခါမျှပင်မမြင်ဖူးတဲ့မျက်နှာဖြစ်နေလေ၏။
“ကျွန်တော်တို့နဲ့မေဂျာတူတာပေါ့...တစ်ခါမှမမြင်ဖူးဘူး.....”
“ဟုတ်တယ် မောင်လေး သူကကျောင်းပျက်တာက၁ပတ်မှာ၈ရက်လောက်လေ...မော်ဒယ်လုပ်နေတာ ....ဘောပွဲကျတော့ သူဝါသနာပါလို့လာလာကန်နေတာ....."
“အော်....ဟုတ်ကဲ့ပါဗျ... ကျွန်တော်လည်း သူငယ်ချင်းတွေပါလို့ လာကြည့်တာ ......”
ထိုစဉ် လူတစ်ယောက်ကတော့ ကွင်းရဲ့ အပြင်ကနေ ထိုလူနှစ်ယောက်ရယ်ရယ်မောမော စကားပြောနေသည်ကို ဒေါသတကြီးစိုက်ကြည့်နေလေတော့သည်။
.......
“ဟဲ့....ဟဲ့.....ဂိုးသွားပြီ”
“ရေး.......”
ဘောပွဲစစချင်းနှစ်မိနစ်မှာတင် Emajorအသင်းကတစ်ဂိုးလ်အနိုင်ရသွားလေ၏။ အပျော်လွန်ပြီးရှင်းသန့်ရော ရတုရောထခုန်မိလိုက်သည်။ ရတုကတော့မေ့မေ့လျော့လျော့ပင် ခြေထောက်ကို သတိမထားမိပဲ ခုန်မိလိုက်တာကြောင့် ထိထားတဲ့ခြေချင်းဝတ်နေရာက အတော်လေး ပြန်နာသွားေတာ့သည်။
“အား....သေပါပြီ....ငါမေ့သွားတာ......”
“ကျွတ်စ်....ကျွတ်စ်”
“ဘာဖြစ်သွားသေးလဲ”
ရတုခြေထောက်လေးကို ငုံ့ကြည့်နေရင်း ရင်းနှိးပြီးသားဖြစ်တဲ့ လူတစ်ယောက်ရဲ့အသံကိုကြားလိုက်ရ၏။
“အကို!!!!”
“ဘေးနည်းနည်းဖယ်ပေးလို့ရလား ....မောင်ခြေထောက်နာသွားလို့”
ရတုဘေးနားက ထိုင်နေတဲ့ ရွေှနန်းက ကြောင်တောင်တောင်တောင်နှင့်ပင် ရတုဘေးနားကဖယ်ပေးလိုက်ရတော့၏။
“မောင်”လို့ပင် သုံးနှုန်းလိုက်ခြင်းကြောင့် ရတုအနေခက်စွာပင် လှမ်းကြည့်မိတော့ အမရွှေနန်းက နားမလည်သည့်မျက်နှာလေးနှင့် အကိုကိုပြန်ကြည့်နေလေသည်။ အကိုကတော့ ဂရုမစိုက်ဘဲ ရတုခြေထောက်ကိုကိုင်လိုက်တော့သည်။
“ဟို....အကို....ရပါတယ် ....”
လူတွေကလည်း သူ့အာရုံနှင့်သူမို့ သိပ်သတိမထားမိပေမယ့် ရတု ရှက်သည်။
အကိုကတော့အာရုံမစိုက်သည့်ပုံစံနှင့် သူ့ခြေထောက်ကို သေချာ ကြည့်နေလေ၏။
“ဟို ....အကိုရတယ်...”
ထိုသို့ပြောပြီး ရတုခြေထောက်ကိုရုတ်လိုက်တော့ အကိုက ပြုံးပြုံးလေးနှင့် ပြန်ကြည့်လာလေ၏။
“ရရင်လည်းပြီးရော...အကိုကတစ်ခုခုဖြစ်မှာစိုးလို့....ရော့ရေယူလာတယ်”
ရေဗူးလေးကို အကိုကရတုလက်ထဲထိုးပေးလာလေသည်။ ဘေးနားကရှင်းသန့်ကတော့ ဘောပွဲအရှိန်ကြောင့် ကွင်းနားထိ ရောက်နှင့်လေပြီ။
“အကို....ကျွန်တော့်ဆီလာတာလား”
“မောင့်ဆီလာတာပေါ့ .. အကိုနောက်ကျမှလာရင် အခုအချိန်လေးကို မောင့်မျက်နှာမမြင်ရတော့ဘူးလေ....နာရီပိုင်းလောက်မတွေ့ရရင်တောင် အကို့ စိတ်ထဲ မောင့်အကြောင်းတွေးမိနေလို့...”
အကိုက သေချာနေသည့်အသံနှင့်ပင် ရတုအား အနေရခက်အောင်ပင်ပြောနေတော့ ရတု ရှက်ရှက်နှင့် မျက်နှာလွှဲလိုက်ပြီးကွင်းထဲသို့သာ ကြည့်လိုက်မိ၏။ ဘေးချင်းကပ်ထိုင်နေသည်မို့ အကိုနှင့် လက်တစ်လုံးစာအကွာအဝေးမျှသာ ဝေးနေသည်။
“ဘာမှလည်း ပြန်မဖြေပါလား....မောင်......ဘောလုံးကန်တာပဲကြည့်နော် ...ကန်တဲ့သူတွေကိုမကြည့်နဲ့ အကိုမကြိုက်ဘူး....ခနနေပြန်မယ်......”
အကို့အသံက ခပ်ပြတ်ပြတ်နိုင်သည်။ဘေးလူတွေကြားလျှင် စနေသလားဟု ထင်ယောင်ထင်မှားဖြစ်နိုင်သော်လည်း အကိုကတော့ ရတုကို အတည်ပေါက်ကြီးပြောနေမှန်း ရတု သတိထားမိသည်။
ရတုရှက်ရှက်နှင့်ပင် “ဟုတ်”လို့သာဖြေမိသည်။ အကို့မျက်လုံးတွေကတော့ ရတုမျက်နှာပေါ်ကပင်မခွာသေး။ အကိုကဘောလုံးပွဲကြည့်ဖို့လာတာမဟုတ်ဘဲ ရတုကိုကြည့်ဖို့ ရောက်လာသည်ကို....
Zawgyi
"ဟိုမွာ ....ဟိုႏွစ္ေကာင္....”
ရွင္းသန႔္ လက္ညႇိဳးထိုးျပတဲ့ေနရာကို ရတုၾကည့္ေတာ့ လင္းထြန္းနဲ႔စြမ္း ႏွစ္ေယာက္သား ကြင္းထဲမေရာက္ခင္ေလ့က်င့္ခန္းလုပ္ေနသည္ကိုေတြ႕၏။
ပုံမွန္ဆိုလွ်င္ ေမဂ်ာခ်င္းကန္လွ်င္ လူသိပ္မမ်ားေပမယ့္ ဒီေန႔ေတာ့ အရင္ကထက္လူပိုစည္ေနသည္။ ေမဂ်ာၿပိဳင္ပြဲဆိုလွ်င္ ကိုယ့္ေမဂ်ာ အသီးသီးက ေက်ာင္းသားလူနည္းစုပဲ လာေလ့ရွိသည္။ ေက်ာင္းေပါင္းစုံၿပိဳင္ပြဲမွသာ ေက်ာင္းသားမ်ား ခုံအစိလာအားေပးတတ္ၾက၏။
ရတုနဲ႔ ရွင္းသန႔္ႏွစ္ေယာက္ ကြင္းရဲ႕ ဘယ္ဘက္ျခမ္းက အေပၚဆုံးခုံမွာထိုင္ၿပီး ၿပိဳင္ပြဲအေျခေနကိုအကဲခတ္ေနၾကသည္။ ပုံမွန္ဆိုလွ်င္ Emajorအသင္းကေဘာပြဲဆိုလွ်င္ ရႈံးတာမ်ားသည္။ သို႔ေပမယ့္ ဒီတစ္ေခါက္ ေမဂ်ာၿပိဳင္ပြဲမွာေတာ့ semi final ထိပါလာေလ၏။
“ဒီေန႔ေတာ့ လူကလည္း မ်ားတယ္ဆိုေတာ့ အားတက္စရာပဲ ”
“ေအး ဟဲဟဲ....ျမန္မာစာဘက္က ေကာင္ေတြကေခ်ာတယ္ဟ...Emajorကဟာေတြအလကား...ဂ်ပုေတြ....”
ရွင္းသန႔္ေျပာမွ ရတု သတိထားမိသည္။ ျမန္မာစာေမဂ်ာဘက္ကေက်ာင္းသားေတြကိုၾကည့္ေတာ့ အရပ္ျမင့္ျမင့္ေထာင္ေထာင္ေမာင္းေမာင္းပုံစံ မ်ားၾကသည္။ Emajorမွာေတာ့ သူ႔သူငယ္ခ်င္းႏွစ္ေယာက္ကလြဲ၍ က်န္တဲ့ေက်ာင္းသားမ်ားကအရပ္ပုၾကသည္။ ထိုေက်ာင္းသားမ်ားကိုေငးၾကည့္ေနတုန္း ရတု အေတြးထဲ အကို႔အေၾကာင္းဝင္လာေလ၏။ အကို႔အရပ္ေလာက္ရွည္တဲ့သူေက်ာင္းသားေတြထဲသူမေတြ႕ေခ်.....။
“ဟို .....ရတုသက္ေမာင္လား.....”
“ဗ်ာ....ဟုတ္...”
“အမကိုမွတ္မိလား ....”
ရွင္းသန႔္ နဲ႔ရတု အတူတူထိုင္ေနတုန္း မိန္းကေလး သုံးေယာက္က သူတို႔ႏွစ္ေယာက္ေဘးနား ေရာက္လာသည္။
ရတု ခ်က္ခ်င္းေခါင္းထဲမေပၚ ထိုေကာင္မေလးရဲ႕မ်က္ႏွာကို သူေတြ႕ေတာ့ေတြ႕ဖူးေပမယ့္ ေသခ်ာမသိ။
“အာ.....အမ ကိုတကယ္ မမွတ္မိတာလား .... THIRD YEAR က ကြင္းေလအမက ....ဟိုတစ္ခါေမာင္ေလးတို႔ King Selection ေ႐ြးတုန္းကေတြ႕ၾကတာ ....ႏွစ္ပတ္ေလာက္ေတာ့ရွိၿပီထင္တယ္ ...Fresher welcome အတြက္ အစည္းေဝးတုန္းကလည္းေတြ႕ပါေသးတယ္...”
ထိုသို႔ေျပာမွ ရတုစဥ္းစားမိသည္။ အမေ႐ႊနန္းကို သူေရးေရးေလးေတာ့ မွတ္မိသည္။ E majorရဲ႕နာမည္ႀကီးတစ္ေယာက္ျဖစ္သည့္အေလ်ာက္ ေတာ္႐ုံ ေက်ာင္းပြဲေတြဆို မပါမျဖစ္။ ရတုကို Workshop အတူတူလုပ္ဖို႔ပင္ေခၚထားေသးသည္ကို ရတုခုမွ မွတ္မိေတာ့သည္။
“အာ....ေဆာရီးေနာ္အမ....ကြၽန္ေတာ္ေမ့သြားတာ...”
“ရပါတယ္....welcome က်ရင္ အမAnnouncerလုပ္မွာ .....ဒီၾကားထဲလည္း ေမာင္ေလးတို႔နဲ႔ အစည္းေဝးတစ္ခုရွိေသးတယ္ ...”
“ဟုတ္အမ....ေဆာတီးပါေနာ္...ဟဲဟဲ....အခုကေရာ ေဘာပြဲလာၾကည့္တာလား”
ရတုေမးေတာ့ အမေ႐ႊနန္းက ေဘာလုံးကန္ရန္အသင့္ျဖစ္ေနသည့္ ေက်ာင္းသားမ်ားထဲမ်ာ အသားျဖဴျဖဴႏွင့္ ဆံပင္အေရာင္ဆိုးထားတဲ့တစ္ေယာက္ကိုလက္ညႇိဳးထားျပေလ၏။
“အဲ့ဒါ အမေမာင္ေလးေလ....”
ရတုၾကည့္လိုက္ေတာ့ တစ္ခါမွ်ပင္မျမင္ဖူးတဲ့မ်က္ႏွာျဖစ္ေနေလ၏။
“ကြၽန္ေတာ္တို႔နဲ႔ေမဂ်ာတူတာေပါ့...တစ္ခါမွမျမင္ဖူးဘူး.....”
“ဟုတ္တယ္ ေမာင္ေလး သူကေက်ာင္းပ်က္တာက၁ပတ္မွာ၈ရက္ေလာက္ေလ...ေမာ္ဒယ္လုပ္ေနတာ ....ေဘာပြဲက်ေတာ့ သူဝါသနာပါလို႔လာလာကန္ေနတာ....."
“ေအာ္....ဟုတ္ကဲ့ပါဗ်... ကြၽန္ေတာ္လည္း သူငယ္ခ်င္းေတြပါလို႔ လာၾကည့္တာ ......”
ထိုစဥ္ လူတစ္ေယာက္ကေတာ့ ကြင္းရဲ႕ အျပင္ကေန ထိုလူႏွစ္ေယာက္ရယ္ရယ္ေမာေမာ စကားေျပာေနသည္ကို ေဒါသတႀကီးစိုက္ၾကည့္ေနေလေတာ့သည္။
.......
“ဟဲ့....ဟဲ့.....ဂိုးသြားၿပီ”
“ေရး.......”
ေဘာပြဲစစခ်င္းႏွစ္မိနစ္မွာတင္ Emajorအသင္းကတစ္ဂိုးလ္အႏိုင္ရသြားေလ၏။ အေပ်ာ္လြန္ၿပီးရွင္းသန႔္ေရာ ရတုေရာထခုန္မိလိုက္သည္။ ရတုကေတာ့ေမ့ေမ့ေလ်ာ့ေလ်ာ့ပင္ ေျခေထာက္ကို သတိမထားမိပဲ ခုန္မိလိုက္တာေၾကာင့္ ထိထားတဲ့ေျခခ်င္းဝတ္ေနရာက အေတာ္ေလး ျပန္နာသြားေတာ့သည္။
“အား....ေသပါၿပီ....ငါေမ့သြားတာ......”
“ကြၽတ္စ္....ကြၽတ္စ္”
“ဘာျဖစ္သြားေသးလဲ”
ရတုေျခေထာက္ေလးကို ငုံ႔ၾကည့္ေနရင္း ရင္းႏွိးၿပီးသားျဖစ္တဲ့ လူတစ္ေယာက္ရဲ႕အသံကိုၾကားလိုက္ရ၏။
“အကို!!!!”
“ေဘးနည္းနည္းဖယ္ေပးလို႔ရလား ....ေမာင္ေျခေထာက္နာသြားလို႔”
ရတုေဘးနားက ထိုင္ေနတဲ့ ေ႐ြွနန္းက ေၾကာင္ေတာင္ေတာင္ေတာင္ႏွင့္ပင္ ရတုေဘးနားကဖယ္ေပးလိုက္ရေတာ့၏။
“ေမာင္”လို႔ပင္ သုံးႏႈန္းလိုက္ျခင္းေၾကာင့္ ရတုအေနခက္စြာပင္ လွမ္းၾကည့္မိေတာ့ အမေ႐ႊနန္းက နားမလည္သည့္မ်က္ႏွာေလးႏွင့္ အကိုကိုျပန္ၾကည့္ေနေလသည္။ အကိုကေတာ့ ဂ႐ုမစိုက္ဘဲ ရတုေျခေထာက္ကိုကိုင္လိုက္ေတာ့သည္။
“ဟို....အကို....ရပါတယ္ ....”
လူေတြကလည္း သူ႔အာ႐ုံႏွင့္သူမို႔ သိပ္သတိမထားမိေပမယ့္ ရတု ရွက္သည္။
အကိုကေတာ့အာ႐ုံမစိုက္သည့္ပုံစံႏွင့္ သူ႔ေျခေထာက္ကို ေသခ်ာ ၾကည့္ေနေလ၏။
“ဟို ....အကိုရတယ္...”
ထိုသို႔ေျပာၿပီး ရတုေျခေထာက္ကို႐ုတ္လိုက္ေတာ့ အကိုက ၿပဳံးၿပဳံးေလးႏွင့္ ျပန္ၾကည့္လာေလ၏။
“ရရင္လည္းၿပီးေရာ...အကိုကတစ္ခုခုျဖစ္မွာစိုးလို႔....ေရာ့ေရယူလာတယ္”
ေရဗူးေလးကို အကိုကရတုလက္ထဲထိုးေပးလာေလသည္။ ေဘးနားကရွင္းသန႔္ကေတာ့ ေဘာပြဲအရွိန္ေၾကာင့္ ကြင္းနားထိ ေရာက္ႏွင့္ေလၿပီ။
“အကို....ကြၽန္ေတာ့္ဆီလာတာလား”
“ေမာင့္ဆီလာတာေပါ့ .. အကိုေနာက္က်မွလာရင္ အခုအခ်ိန္ေလးကို ေမာင့္မ်က္ႏွာမျမင္ရေတာ့ဘူးေလ....နာရီပိုင္းေလာက္မေတြ႕ရရင္ေတာင္ အကို႔ စိတ္ထဲ ေမာင့္အေၾကာင္းေတြးမိေနလို႔...”
အကိုက ေသခ်ာေနသည့္အသံႏွင့္ပင္ ရတုအား အေနရခက္ေအာင္ပင္ေျပာေနေတာ့ ရတု ရွက္ရွက္ႏွင့္ မ်က္ႏွာလႊဲလိုက္ၿပီးကြင္းထဲသို႔သာ ၾကည့္လိုက္မိ၏။ ေဘးခ်င္းကပ္ထိုင္ေနသည္မို႔ အကိုႏွင့္ လက္တစ္လုံးစာအကြာအေဝးမွ်သာ ေဝးေနသည္။
“ဘာမွလည္း ျပန္မေျဖပါလား....ေမာင္......ေဘာလုံးကန္တာပဲၾကည့္ေနာ္ ...ကန္တဲ့သူေတြကိုမၾကည့္နဲ႔ အကိုမႀကိဳက္ဘူး....ခနေနျပန္မယ္......”
အကို႔အသံက ခပ္ျပတ္ျပတ္ႏိုင္သည္။ေဘးလူေတြၾကားလွ်င္ စေနသလားဟု ထင္ေယာင္ထင္မွားျဖစ္ႏိုင္ေသာ္လည္း အကိုကေတာ့ ရတုကို အတည္ေပါက္ႀကီးေျပာေနမွန္း ရတု သတိထားမိသည္။
ရတုရွက္ရွက္ႏွင့္ပင္ “ဟုတ္”လို႔သာေျဖမိသည္။ အကို႔မ်က္လုံးေတြကေတာ့ ရတုမ်က္ႏွာေပၚကပင္မခြာေသး။ အကိုကေဘာလုံးပြဲၾကည့္ဖို႔လာတာမဟုတ္ဘဲ ရတုကိုၾကည့္ဖို႔ ေရာက္လာသည္ကို....