ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

29K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အပိုင်း(၇)

404 48 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၇)

စနစ်က စာဖတ်ပြသည်။
"ကြက်ဥထမင်းကြော်တစ်ပွဲ၏ဈေးနှုန်းသည် ၁၈၈ ယွမ်ဖြစ်သည်"

ယွမ်ကျိုး
"စနစ်စုတ် မင်းငါ့ကိုလာနောက်နေတာလား"

ယွမ်ကျိုးက ငွေမက်သူ ဖြစ်သည့်တိုင် သမာသမတ်ကျကျ ငွေရှာတတ်သေးသည်။ သို့သော်လည်း သူ ပိုင်ဆိုင်ထားသော စနစ်က သူ့ထက် ငွေပိုမက်နေသည်။

ကြယ်ငါးပွင့် အဆင့်ရှိသော ဟိုတယ်၏ စားသောက်ဆိုင်က ထည်ဝါသော ပတ်ဝန်းကျင် နှင့် ကောင်းမွန်သော ဝန်ဆောင်မှုကြောင့် ၁၈၈ယွမ် တောင်းခံလျှင် ဖြစ်ထိုက်သေးသည်။

သူ၏သေးနုပ်သော စားသောက်ဆိုင်က မည်ကဲ့သို့သော ဝန်ဆောင်မှုမျိုးကို ထောက်ပံ့ပေးနိုင်မည်နည်း။

စနစ် “ လက်ခံသူ ဆိုင်ရှင်က ချက်ပြုတ်စွမ်းရည်ကို အရင်ဆုံး စမ်းသပ်ကြည့်သင့်ပါတယ်"

စနစ်က အကြံပြုချက် သိပ်ပေးလေ့ မရှိပေ။ ထို့အပြင် ယွမ်ကျိုးက စနစ်မှချီးမြှင့်သော ကြက်ဥထမင်းကြော်ကို စမ်းသပ်ကြော်ကြည့်ပြီး စားကြည့်ချင်သော စိတ်ဆန္ဒ ဖြစ်ပေါ်နေသည်။

ယွမ်ကျိုးက လက်ဆေးဘေစင်နားမှာ ထမင်းပေါင်းအိုးကို တွေ့လိုက်၍  လိုအပ်သောပြင်ဆင်မှုများကို လုပ်ဆောင်ကာ ကြက်ဥထမင်းကြော် ကြော်ရန် ပြင်ဆင်သည်။ ထမင်းချက်ရန် ပေးထားသော ပေါင်းအိုးက တကယ်ကို ထူးဆန်းသည်။

သာမန်ထမင်းပေါင်းအိုးတွင်
Cook နှင့် Heatမှလွဲ၍ တခြားလုပ်ဆောင်ချက် မပါဝင်ပေ။ ပို‌ကောင်းမွန်သော ထမင်းပေါင်းအိုးတွင် စွပ်ပြုတ် နှင့် အသားပေါင်းနိုင်သော နည်းပညာထည့်သွင်းထားသည်။ စနစ်မှ ပေးအပ်ထားသော ထမင်းပေါင်းအိုးတွင် ကြက်ဥထမင်းကြော်ရန် အသုံးပြုရမည့် ဆန်ပမာဏ နှင့် အပူအချိန် အတိုင်းအဆကိုပင် ‌ထည့်သွင်းထားသည်။

ယွမ်ကျိုးက အံဆွဲထဲမှ ဆန်ကို ထုတ်ယူပြီး ဆေးကြောသည်။ ထို့နောက် ထမင်းပေါင်းအိုးထဲ ထည့်ကာ ကြက်ဥထမင်းကြော်အတွက် အသုံးပြုမည့် ဆန် နှင့်အပူချိန်ရွေးချယ်မှု ခလုတ်ကို နှိပ်သည်။

နေ့စဉ် စားသုံးလေ့ရှိသော ဆန် အမျိုးအစားနှင့် မတူညီ၍ လက်တစ်ဆုပ်စာယူကာ အနီးကပ် ကြည့်ရှုသည်။

ဆန်က အရောင်အဆင်း လှပပြီး ဆန်စေ့တိုင်းက အရွယ်အစား တူညီသည်။ မွှေးကြိုင်သော ရနံ့က စားသုံးသူ၏ စိတ်အာရုံကို ဖမ်းစားနိုင်စွမ်း ရှိသည်။

“စနစ်က အကောင်းဆုံးပစ္စည်းတွေကို ထောက်ပံ့ပေးထားပုံပဲ"

“ဒင်”

၃၀စက္ကန့်ခန့်ကြာပြီး‌နောက် ထမင်းကျက်သွားသည်။

"မြန်လှချည်လား။ ဒါက  စိတ်ကူးယဉ် သိပ္ပံနည်းပညာ အမျိုးအစားလား"
ယွမ်ကျိုးက တအံ့တသြဖြင့် ထမင်းပေါင်းအိုးကို ဖွင့်လိုက်သည်။ ပေါင်းအိုးမှ အပူငွေ့များ ထွက်ပေါ်လာခြင်း မရှိဘဲ မွှေးကြိုင်သော ထမင်းရနံ့က သူ့နှာခေါင်းထဲ ဝင်ရောက်လာသည်။

"တကယ်မိုက်တယ်ကွာ”
ယွမ်ကျိုးက ယခင်တုန်းက ဤမျှလောက် မွှေးကြိုင်သော ထမင်းရနံ့ကို မရဖူး၍ ချီးမွမ်းခြင်းဖြစ်သည်။
"ဒီနည်းပညာက တကယ့်ကို အံ့ဩစရာကောင်းတာပဲ"

ယွမ်ကျိုးက ငတုံးငအ မဟုတ်ပေ။ ကြက်ဥထမင်းကြော်ကို တတ်နိုင်သလောက် လျင်မြန်စွာ ချက်ပြုတ်ရန် စနစ်က ကူညီပံ့ပိုးမှန်း တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်သည်။

ယွမ်ကျိုးက အသက်ပြင်းပြင်းရှူကာ ကြက်ဥနှစ်လုံးကို ထုတ်လိုက်ပြီး နှင်းတမျှ ဖြူဖွေးသော ပန်းကန်လုံးထဲ ခွဲထည့်လိုက်သည်။
 
ကြက်ဥအနှစ်က ရွှေဝါရောင် အဆင်းရှိပြီး ကြည်လင်တောက်ပသော ကြက်ဥအကာ နှင့် နှိုင်းယှဉ်ကြည့်လျှင် သိသိသာသာ ကွာခြားမှုရှိသည်။

သာမာန် ကြက်ဥ၏စိတ်အနှောင့်အယှက် ဖြစ်သော အနံ့နှင့် ခြားနားသော ရနံ့ ရှိသည်။

ကြက်ဥနှင့် ဆန် နှစ်မျိုးစလုံးက ထိပ်တန်းအဆင့် သတ်မှတ်ချက်ရှိသော ကုန်ပစ္စည်းများ ဖြစ်၍ သာမန်အဆင့်ဟု မသတ်မှတ်နိုင်ချေ။

ထိုစဉ်အခိုက်အတန့် ယွမ်ကျိုး၏အပြုအမူက တိမ်များ မြောပါ သကဲ့သို့ ရေများ စီးဆင်းနေသကဲ့သို့ သဘာဝဆန်ပြီး ချောမွေ့နေသည်။ သူ့ခန္ဓာကိုယ်ကို အချက်အပြုတ်နတ်ဘုရား ဝင်ရောက် ပူးကပ်နေသည်ဟုပင် ထင်ရသည်။

သူ့အပြုအမူတိုင်းက အလဟဿ မဖြစ်ဘဲ ဟင်းချက်အညွှန်းပါ အချက်အလက်များကို တိတိကျကျ အသုံးချသွားသည်။ ယွမ်ကျိုး၏ ရင့်ကျက်သော မျက်နှာအမူအရာ နှင့် အလုပ်အပေါ် စိတ်နှစ်ထားသော အမူအရာက သူ၏ခန့်ညားမှုကို ပေါ်လွင်စေသည်။

ပုံမှန်အားဖြင့် ကြက်ဥထမင်းကြော် ကြော်ရန် အချိန်မည်မျှ ကြာသနည်း။

ယွမ်ကျိုး၏ ကြိုးစားအားထုတ်မှုကြောင့် ၃မိနစ်ခန့်ပင် မကြာလိုက်ဘဲ ရွှေရောင်တောက်ပသော ကြက်ဥ ထမင်းကြော်ကို အောင်မြင်စွာ ချက်ပြုတ်နိုင်ခဲ့သည်။ ဆန်စေ့တစ်စေ့ ထမင်းတစ်စေ့ခန့်မျှ အလေအလွင့် မရှိဘဲ ကြက်ဥထမင်းကြော်ကို အဖြူရောင် ပန်းကန်ပြားပေါ်မှာ စနစ်တကျ ခင်းကျင်းလိုက်သည်။

ယခုကဲ့သို့ ဟင်းလျာမျိုးကိုမှ သာမန်ထက် သာလွန်သော ဟင်းလျာဟု ခေါ်ဆိုထိုက်သည်။

ဤကြက်ဥထမင်းကြော်၏ ပါဝင်မှုနှုန်းသည် အပြင်ဆိုင်များတွင် ရောင်းချလေ့ရှိသော ပမာဏာထက် ၈ဆခန့် လျော့နည်းသည်။ သို့တိုင် ယွမ်ကျိုးကြော်ထားသော ကြက်ဥထမင်းကြော်၏ အရောင်အဆင်း အနံ့အရသာကို သာမန်ကြက်ဥထမင်းကြော်က ယှဉ်နိုင်စွမ်း မရှိပေ။

ကြက်ဥ၏ရနံ့ နှင့် ထမင်း၏ မွှေးကြိုင်မှုကို နှံ့စပ်အောင် ရောမွှေထား၍ မွှေးရနံ့သင်းကြိုင်နေသည်။ ထမင်းစေ့ တစ်စေ့ချင်းစီက ကြက်ဥနှင့် ရောနှောသွားသောအခါ ဆောင်းဦးရာသီတွင် ရိတ်သိမ်းထားသော ရွှေရောင်အဆင်းရှိသည့် စပါးခင်းကြီးဟုပင် ထင်မှတ်ရသည်။

ဤကြက်ဥထမင်းကြော်က  အမြင့်ဆုံး အဆင့်အတန်းရှိသော ရွှေ‌အဆင်းထမင်းကြော်စာရင်းဝင်သည်။ Cooking Master Boy ဇာတ်ကားထဲမှ ရွှေရောင်ထမင်းကြော်နှင့် ခြားနားမှု မရှိသော ကြက်ဥထမင်းကြော်ကို ဖန်တီးနိုင်လိမ့်မည်ဟု ယွမ်ကျိုး မမျှော်လင့်ခဲ့ပေ။

ကြက်‌ဥထမင်းကြော်သည် အစာစားချင်စိတ်ကို နှိုး‌ဆော်ပေးနိုင်သည်။ တစ်ဇွန်းစားကြည့်ရုံဖြင့် သူ ကြော်ထားသော ကြက်ဥထမင်းကြော်က အရသာရှိနေလိမ့်မည်ဟု သူ ကိုယ်တိုင် မယုံကြည်နိုင်ပေ။ ရိုးရိုးကြက်ဥထမင်းကြော်က ဤမျှလောက်အထိ အရသာရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ယခုမှ ဘုရင့်ပွဲတော်အုပ်ဟူသော အသုံးအနှုန်းကို ယွမ်ကျိုး နားလည်သွားသည်။

ကြယ်သုံးပွင့်ဟိုတယ်၏  မီးဖိုချောင်တွင် ယွမ်ကျိုး အလုပ်လုပ်ခဲ့စဥ်က စားဖိုမှူးခေါင်း‌ဆောင်က ဟင်းလျာအသစ်တစ်မျိုးကို တီထွင်ခဲ့သည်။ ထို့နောက် သူ့ဟင်းလျာအသစ်ကို မြည်းစမ်းပြီး အကြံဉာဏ်ပေးရန်  အလုပ်သမားများကို ဖိတ်ကြားခဲ့သည်။

ဂန္ဓမာပန်းပွင့်၏ရနံ့နှင့် ပင်လယ်မျှော့တို့ ရောစပ်ထားသော ဟင်းလျာဖြစ်သည်။ ထိုစဉ်အခါက ယွမ်ကျိုးသည် အစာစားခြင်းကိုသာ အာရုံစိုက်နေ၍ အကြံပြုချက် မပေးခဲ့ချေ။ ယခုမှသာ ဟင်းလျာ၏ အရောင်၊ အဆင်း နှင့် အရသာကို ခံစားနိုင်စွမ်း ရှိသည်။

ကြယ်သုံးပွင့်အဆင့် ဟိုတယ်၏ စားဖိုမှူးချုပ် ချက်သော ဂန္ဓမာပင်လယ်မျှော့ဟင်းလျာသည် ယွမ်ကျိုး၏ကြက်ဥထမင်းကြော်ကို မယှဉ်နိုင်ပေ။ အရောင်၊ အဆင်း၊ အနံ့အရသာတွင် ယွမ်ကျိုး၏ ထမင်းကြော်က ပိုကောင်းမွန်၍ ဖြစ်သည်။

ယွမ်ကျိုးက ကျေနပ်စွာဖြင့် လက်သူ့ဗိုက်ကို လက်ဖြင့် ပုတ်လိုက်သာ်။ စနစ်၏လှည့်ဖြားမှု နှင့် ကန့်သတ်ချက်အားလုံး အပြီးတိုင် ပျောက်ကွယ်သွားသည်။ ဤ ကြက်ဥထမင်းကြော်သည် နတ်ဘုရားအဆင့် အမည်နှင့် ထိုက်တန်မှု ရှိသည်။

ယွမ်ကျိုးက ကြက်ဥထမင်းကြော်၏ အရသာထဲ နစ်မြောနေစဉ် စနစ်က ထပ်မံ၍ စကားတချို့ကို ဖော်ပြသည်။

စနစ်က“ မြည်းစမ်းကြည့်တာကျေးဇူးတင်ပါတယ်။ ၁၈၈ယွမ် ပေးဆောင်ရပါမယ်"

"စျေးနှုန်းကို ငါသိပါတယ်။ အခုဟင်းပွဲက အဲဒီစျေးနဲ့ထိုက်တန်တာ ငါနားလည်ပါပြီ ”

ယွမ်ကျိုးက ကျေနပ်ဟန် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ဈေးနှုန်း သတ်မှတ်ချက်ကို သဘောတူလိုက်သည်။

စနစ်က ထပ်မံပြောသည်။

"လက်ခံသူဆိုင်ရှင်က ကြက်ဥထမင်းကြော်တစ်ပွဲစားခဲ့လို့  ၁၈၈ ယွမ် ပေးဆောင်ရပါမယ်"

"မင်းပြောချင်တာ ငါကိုယ်တိုင်ချက်တဲ့ ဟင်းလျာကို စားလည်း‌ ကျသင့်ငွေ ပေးရမယ့် သဘောလား"
ယွမ်ကျိုးက မယုံသင်္ကာဟန်ဖြင့်မေးမြန်းသည်။

စနစ်က ဤစာကိုသာ ထပ်တလဲလဲ ဖော်ပြသည်။
"မြည်းစမ်းကြည့်တာကျေးဇူးတင်ပါတယ်။ ၁၈၈ယွမ်ပေးဆောင်ရပါမယ်။"

ချစ်တီးစနစ်စုတ်။ ယွမ်ကျိုး၏လက်ရှိစိတ်ကို ဤစကားလုံးက လွှမ်းမိုးထားသည်။

စနစ်က ထပ်ရှင်းပြသည်။
"လက်ခံသူဆိုင်ရှင်ရဲ့ အဆင့်က ယခုတော့ သုညပါ။ စနစ်က ဝင်ငွေရဲ့ ၉၀ရာခိုင်နှုန်းကို ရယူပြီး လက်ခံသူဆိုင်ရှင်က ၁၀ရာခိုင်နှုန်း ရရှိပါမယ်"

"ဒါဆို‌ရင် ငါက ရောင်းရငွေရဲ့ ၉၀% ကို မင်းတို့ကို ပေးရမှာလား" ယွမ်ကျိုးက ‌ဒေါသထွက်နေသည့်စိတ်အခြေအနေကို ထိန်းချုပ်ရန်အကောင်းဆုံးကြိုးစားပြီး မေးမြန်းလိုက်သည်။

စနစ်က ပြန်ဖြေသည်။
“စနစ်က ပေးအပ်ထားတဲ့ ပစ္စည်းအားလုံးက သာမန်ထက် သာလွန်တဲ့ အရည်အသွေးရှိပါတယ်"

"ဘာ‌များ အရည်အသွေးကောင်းမွန်နေလို့လဲ။ ဘယ်လို ဆန်ကို သုံးထားလို့လဲ။ ဆန်က ဆန်ပဲလေ"

ယွမ်ကျိုးက ယုံကြည်မှုကင်းမဲ့စွာ မေးလိုက်သည်။

စနစ်က ရှင်းပြသည်။

"ဆန်က ရှန်းရွှေ‌ဒေသထွက်ဆန်ပါ။  ချင်မင်းဆက် အုပ်စိုးစဉ်ကာလက  ရှန်းရွှေဆန်ကို ဘုရင့်စားတော်ပွဲမှာ အသုံးပြုဖို့ သတ်မှတ်ခဲ့ပါတယ်။ ယခုခေတ်ကာလမှာတော့ ရှန်းရွှေဆန်ကို နိုင်ငံတော်အဆင့် ပွဲတွေမှာပဲ အသုံးပြုတော့တယ်"

စနစ်မှာ ရေးသားထားသော စာကြောင်းနှစ်ကြောင်းကို ဖတ်ပြီး ယွမ်ကျိုးမှာ ပြောစရာစကားလုံး ပျောက်ရှသွားသည်။ ရှန်းရွှေဆန်အကြောင်းကို ယခင်တည်းက ယွမ်ကျိုး ကြားဖူးထားသည်။

ရှန်းရွှေစပါးသည် စိုက်ပျိုး‌မြေယာအတွင်းရှိ အပူချိန် နှင့် ရာသီဥတု ကန့်သတ်ချက်ကြောင့် နှစ်စဉ်  ၀.၁၆ဧကခန့် အထွက်နှုန်းရှိသည်။

လက်ဖြင့်သာ စိုက်ပျိုးပြီး လက်ဖြင့်ပင် ပြန်ရိတ်သိမ်းကြရသည်။ ထို့အပြင် စပါးစိုက်ခင်းတွင် အသုံးပြုသော ဓာတ်မြေသြဇာများသည် သဘာဝအရင်းအမြစ်မှ ရရှိသော မြေဩဇာ ဖြစ်ရမည်။

ဤရှန်းရွှေဆန်ကို ရရှိရန် အတော် ခက်ခဲသည်။ သာမန်ပြည်သူက ရှန်းရွှေဆန်ကို စားသုံးရန် မ‌ဆိုထားဘိ လက်ဖြင့် ကိုင်ကြည့်ရန်ပင် မလွယ်ကူပေ။

"ဒါဆိုရင် ကြက်ဥတွေကရော"

စနစ်က ဖြေကြားသည်။
“ဥစားကြက်မများကို ဝမ်ယွီ ကျွဲနွားများထက်ပင် ကောင်းမွန်စွာ‌ ကျွေးမွေးထားပါတယ်"

"ဥစားကြက်အဖြစ် ရွေးချယ်မယ် ကြက်ဥကို ပေါက်ဖွားမယ့် နေ့ရက်အထိ ရက်ပေါင်း၄၀ ကြာအောင် ကြက်မရဲ့ ကိုယ်အပူအချိန်နဲ့ တူညီအောင် ထိန်းညှိထားပြီး ကမ္ဘာ့အဆင့်ဂီတပညာရှင်များရဲ့ ဖျော်ဖြေမှုကို နေ့စဉ် ၂နာရီ ထိတွေ့စေတယ်။ ပေါက်ဖွားလာပြီးနောက် အသန်မာဆုံး ကြက်မကို ရွေးချယ်တယ်။ လူသားတွေ မသောက်နိုင်တဲ့ စမ်းရေကို တိုက်တယ်။ ဥစားကြက်မတွေကို ကျွေးမယ့် တီကောင်ကို သေချာ မွေးမြူးထားပြီး အထူးပြုပြင်ထားတဲ့ မြက်ခင်းပြင်မှာ ‌ဥစားကြက်မတွေကို အစာကျွေးတယ်။ ဥစားကြက်တွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အားကစားကွင်း သီးသန့် တည်ဆောက်ပေးထားတယ်။ ဒီဥစားကြက်တွေကို 'ဥ' ဥရန်အတွက်ပဲ သီးသန့် မွေးမြူးထားတာပါ။ ဒါကြောင့်လည်း ဒီကြက်ဥတွေက တခြားကြက်ဥတွေမှာ မတွေ့ရတဲ့ ထူးခြားတဲ့ အရသာ ရှိတာပါ"

ရှေးခေတ်က လူများက နွားကို  ဗျပ်‌စောင်းတီးပြကြသည်။ ယခုခေတ်ကာလတွင် လူက ဥစာ ကြက်မကို စန္ဒယားဖြင့် ဖျော်ဖြေပေးသည်။

ယွမ်ကျိုးက သူ ရှင်သန်ခဲ့သော ၂၄နှစ်တာ ကာလသည် အလဟဿ ဖြစ်သည်ဟုပင် ခံစားမိသည်။ သူ့ဆင်းရဲသားဘဝက ဥစားကြက်မ၏ ဘဝကို မမှီနိုင်ဟု ခံစားမိသည်။

"အသုံးပြုထားတဲ့ဆီက အရောအနှောမပါတဲ့ သံလွင်ဆီပါ"

"ဆားက စီချွမ့်ပြည်နယ်ထွက် ဘုရင့်ဘဏ္ဍာ့အနေနဲ့ ဆက်သတဲ့  ဆားပါ။  အရသာ မကောင်းမှာကို စိုးရိမ်ဖို့ မလိုအပ်ဘူး။ ရိုးရိုးဆား နဲ့ မတူဘဲ သတ္တုဓာတ်ကြွယ်ဝပါတယ်"

"လက်ခံသူ ဆိုင်ရှင်မှာ နောက်ထပ်မေးခွန်းများ ရှိသေးလား"

အပိုင်း(၇)

ပြီးပါပြီ။

Continue Reading

You'll Also Like

2.9K 235 10
Stop crying and laugh (I'm also making this because I have too many memes in my gallery so I can just store them here instead of course.) ...
7.3K 1K 55
(နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ) ထျန်းလန်တိုက် ကျို့ယောင်မြို့မှာမူလစတိုးဆိုင်ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ရှိတယ်။အဲ့ဒီဆိုင်က ကိုလာတစ်ပုလင်းကို သောက်လိ...
12.6K 1.2K 53
ရီပင်းဆိုတဲ့လူငယ်လေးက ဒီဘက်ခေတ်ကနေ ကျင့်ကြံခြင်းလောကထဲရောက်ခဲ့တယ်။ ဒါမဲ့အဲ့လူငယ်လေးက ကျင့်ကြံခြင်းလောကမှန်းမသိပဲ စာပေပညါ ပန်းချီပညာစတဲ့ပညာတွေကိုသာလေ့...
9.5K 1.7K 85
မူရင်းဝတ္ထု: The Monk That Wanted To Renounce Asceticism မူရင်းစာရေးသူ: A Golden Millet Dream (Yi...