"ဒါဘာလုပ်နေကြတာလဲ"
တည်ငြိမ်သော်လည်း အက်ကွဲဆို့နစ်စွာ အားယူပြောနေရသည့်အခြေအနေ....။
ဂျေးက သူ့မျက်လုံးသူမယုံနိုင်။ ထိုကောင်လေး သူ့ကိုမုန်းနေမှန်းသိပေမဲ့ ဒီလောက်ကြီးထိလုပ်ဖို့လိုသလား။ သူ့ရှေ့တွင် အမျိုးသမီးတစ်ယောက်အားခါးမှဖက်ကာ နမ်းရှုံ့နေသည်တဲ့လေ...ပိုဆိုးလာသည့် မြင်ကွင်းများမှာ ၀ိုးတ၀ါး။ ပြီးတော့ ဧည့်ခန်းထဲမှာ။
"မြင်ရင်မသိဘူးလား"
မဲ့ပြုံးပြုံးကာ မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလာခဲ့သည့် ထိုကောင်လေးဟာ သူ့ကိုအနည်းငယ်သာမက လွန်စွာပင်ပြိုလဲစေရန် နှိုးဆွပေးခဲ့သည်။ ဂျေးဟာ ပြောစရာများမရှိခဲ့ပါ။ ၀ဲတက်လာသည့်မျက်ရည်များကို မကျစေရန် အသက်ပြင်းပြင်းရှုူ၍ ဂျိတ်ခ်အား မျက်နှာလွှဲကာ အပေါ်သို့တက်သွားခဲ့သည်။ သူထိုကောင်လေးရှေ့တွင် မျက်ရည်မကျချင်ပါ။
ဂျိတ်ခ်သည် ထိုလူအပေါ်ပြန်တက်သွားသည်နှင့်.....။
"မင်း ပြန်လို့ရပြီ"
ထိုသို့ဆိုကာ ထိုအမျိုးသမီးအား ပိုက်ဆံအထပ်လိုက်အား ထိုအမျိုးသမီးလက်ထဲသို့ထည့်ပေးလိုက်သည်။ ထိုအခါ ထိုအမျိုးသမီးက.....။
"Thank you Jake...ဒါနဲ့ တို့သိချင်တာရှိတယ်။ ရှင့်ရဲ့အမျိုးသားနဲ့ ဘာကိစ္စတွေရှိလဲမသိပေမဲ့ သူကရှင့်ကိုအတော်ချစ်ပုံရတယ်။ အဲ့လိုလူမျိုးကို လက်လွှတ်မခံပါနဲ့။ ကျွန်မတုန်းက ခံခဲ့ရပြီးပြီမို့လို့ ရှင်နောက်ကျမှ နောင်တရမဲ့ပရာတွေမလုပ်စေချင်ဘူး။ စေတနာနဲ့ပါ။ တို့သွားပြီ"
ထိုအမျိုးသမီးက ဂျိတ်ခ် ပိုက်ဆံပေး၍ သရုပ်ဆောင်ခိုင်းထားသည့် အမျိုးသမီး။ ဒါပေမဲ့ သူပြောသွားတာတွေ ဂျိတ်ခ် မတွေးချင်ပါ။ နောင်တတဲ့လား....။ ဂျိတ်ခ်ရှင်မ် ရဲ့ဘ၀မှာ နောင်တဆိုတဲ့စာမျက်နှာတွေမရှိခဲ့ပါ။ ထိုလူကိုလည်း သူမရရအောင် ဝေးရာတွန်းထုတ်မည်။ ပြီးရင် သူချစ်ရတဲ့လူဆီပြန်သွားမည်။
သို့သော်....။
ထိုလူ။ သူ့အား အကြီးအကျယ်ဒေါသထွက်၍ သောင်းကျန်းမည်မထင်ခဲ့သော်လည်း အခုပုံစံသည်လည်း သူထင်သလိုမဟုတ်ခဲ့ပေ။ စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်သွားခဲ့ပေမဲ့ ကျေနပ်ပါသည်။ ထိုလူက သူဖြစ်စေချင်သလိုဖြစ်သွားခဲ့တာဘဲမဟုတ်လား။
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ဂျေးတစ်ယောက် ရေချိုးခန်းကြမ်းပြင်ပေါ်တွင် ညနေကတည်းကထိုင်နေခဲ့သည်မှာ ဂျိတ်ခ်အပြင်သွားကတည်းကပင်။ အခုဘယ်အချိန်ရှိမှန်းလည်းမသိချင်ပါ။ ရေချိုးခန်းကြမ်းပြင်က အေးနေသော်လည်း သူ့ရင်ထဲကအပူမီးအား မမှီ။
"ကိုယ်ချစ်ရတဲ့ လူတွေကိုယ့်ဆီကထွက်သွားခဲ့တယ်။ မင်းကလည်း ထွက်သွားဖို့ကြိုးစားနေတယ်။ ကိုယ့်မေမေပြောခဲ့တာမှန်တယ်ထင်ပါရဲ့။ ကိုယ့်နားမှာနေရတာ ပင်ပန်းတယ်တဲ့။ အဲ့တာကြောင့် ကိုယ့်ကိုပစ်သွားခဲ့တာ။ ဖေဖေဆို ပိုဆိုးတယ်။ ကိုယ့်ကို ရေကန်ထဲသူနဲ့အတူတူသတ်သေဖို့ လုပ်ခဲ့တာ။ အဲ့တုန်းက ကိုယ်ကံကောင်းပြီး အသက်ဘေးကလွတ်လာတာ"
အသံတိုးတိုးလေးအား အားယူကာ ကိုယ့်ဘာသာကိုယ်ပြောနေသောစကားများသာ။
"နောက်ပြီး ပိုဆိုးတာကလေ.....ကိုယ့်ဖေဖေကမေမေ့အပြင်ကို သူ့မှာမိန်းမတွေမှအများကြီးလေ။ မေမေက မယားငယ်ပေါ့။ ဟက်.....အဲ့တာကြောင့် ကိုယ့်နာမည်ကအဲ့တုန်းက မယားငယ်မသားတဲ့လေ။ ပြီးတော့ဂျိတ်ခ်...ကိုယ်လေ ကိုယ့်ဖေဖေနဲ့ အဲ့ဒီမိန်းမတွေရဲ့ လုပ်ရပ်တွေ၊ စကားပြောတာ၊ ပြီးတော့ မင်းလိုပြုမူတာတွေ ကိုယ်နေ့တိုင်း ရွံမုန်းရအောင် မြင်ခဲ့ကြားခဲ့ရတာ။ အဲ့ဒီမိန်းမတွေက ကိုယ့်ကိုလည်း နာစရာတွေပြောထားခဲ့သေးတာ။ ဒါမဲ့ ကိုယ်မင်းကို မမုန်းရဲပါဘူး။ ကိုယ့်ဘ၀မှာ အခုမင်းဘဲရှိတာ။ မင်းကိုကိုယ်ဒီလိုကောင်လေး မဖြစ်စေချင်ဘူး"
နောက်ဆုံးစကားလေးတစ်ခွန်း.....။
"ကိုယ့်ကြောင့်နဲ့ပေါ့"
ည ၇ နာရီခွဲ။ ဂျိတ်ခ် အိမ်ထဲ၀င်လာတော့ ဟိုလူကိုမတွေ့ရ။
"သူ့ဘာသာရှိရှိ မရှိရှိပေါ့"
ထိုကဲ့သို့ တိုးလျစွာပြောလိုက်သော်လည်း မသိစိတ်ထဲတွင် ဂျေးကိုမတွေ့ရ၍ မတင်မကျဖြစ်မိသည်။ ဂျိတ်ခ်အိမ်ပေါ်သို့တက်၍ ထိုလူ၏အခန်းရှေ့အရောက်လှည့်ထွက်မည်အပြုတွင်.....။
"ခွမ်း......"
ဖန်ခွက်ကျကွဲသံကဲ့သို့သော အသံတစ်ခုထွက်ပေါ်လာသည်။ ဂျိတ်ခ်လည်း တွေဝေနေရာမှ အခန်းတံခါးကိုဖွင့်ကာ ၀င်လိုက်သည်။ ထို့နောက် ရေချိုးခန်းဖက်သို့ကြည့်လိုက်သောအခါ ဂျေးတစ်ယောက်ရေချိုးခန်းကြမ်းပြင်ပေါ်တွင်လဲကျနေသည်။ ဂျိတ်ခ်လည်းအပြေးသွားကာ....။
"ဘယ်လိုဖြစ်တာလဲ ခင်ဗျား"
ဂျိတ်ခ်ထိုသို့ပြောကာ ဆွဲထူလိုက်သည့်အချိန်တွင် ဂျေး၏လက်ဖျံမှတစ်ဆင့် ပြင်းထန်သောအပူလှိုင်းများခံစားမိလိုက်သည်။ ဂျေးဟာ ခြေထောက်တောင်မသယ်နိုင်သောအခြေအနေဖြစ်နေခဲ့ပြီး မျက်လုံးလည်းမဖွင့်နိုင်။
ဂျေးသိပါသည်။ ခန္ဓာကိုယ်ကို မသယ်နိုင်ပေမဲ့ အသိစိတ်တော့ရှိပါသေးသည်။ ဂျိတ်ခ်လာခဲ့သည်ဆိုတာကို သိ၍ထိုအခြေနေများထဲမှ ၀မ်းသာမိသည်။
"ခင်ဗျားကို သေသေရှင်ရှင်ပစ်ထားလို့ရတဲ့ကြားက ကူညီတာ ကျုပ်စိတ်ကြည်နေတာနဲ့တိုးလို့ ခင်ဗျားကံကောင်းသွားတယ်"
ထိုသို့ပြောရင်းဆိုရင်း ဂျေးအားပွေ့ချီကာ အိပ်ယာပေါ်သို့ချပေးလိုက်သည်။
"ကျုပ်သွားပြီ"
ထွက်သွားမည်ပြုသည့်ကောင်လေးအား...။
"ကျေးဇူးဘဲ ဂျိတ်ခ်"
တိုးညှင်းစွာပြောလိုက်သော်လည်း ထိုကောင်လေးကြားခဲ့ပါသည်။
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ဒီနေ့မနက် ထိုလူကိုမတွေ့ရသေး။ မနေ့ညထဲက ပတ်ခ်ဂျုံဆောင်း အကြောင်းခေါင်းထဲကထုတ်မရ။ အခုလည်းထိုလူကိုမတွေ့ရသေးလို့ အပြင်တောင်မသွားရသေးပေ။
"ဟာကွာ...."
စိတ်ရှုပ်ရှုပ်နဲ့ ငြီးငြူလိုက်မိသည်။ ထို့နောက်ဂျေး၏အခန်းသို့သွားကာ...။
"ကျုပ် ၀င်လာပြီ"
အသံတစ်ချက်ပြုကာ ၀င်သွားသည်။ ထို့နောက် မြင်လိုက်ရသည့်လူဟာ အိပ်နေဆဲမို့ အိပ်ယာနားသွားကာကြည့်လိုက်ပြီး အခန်းထဲကထွက်မည်အပြု....။
"အမေ...."
ဂျေး၏နှုတ်ခမ်းပါးမှထွက်လာသော နာမ်စားလေးတစ်ခု။ ပြီးနောက် ဂျိတ်ခ်၏လက်ကောက်၀တ်အားကိုင်ကာ....။
"မသွားပါနဲ့...နော်"
ထိုလူ တကယ်ယောင်နေသည်လားတမင်လုပ်နေသည်လား မသိသော်လည်း ထိုလူကိုယ်ကျစ်ကျစ်တောက်ပူနေသည်။ ထို့နောက် ဂျိတ်ခ်လည်းစိတ်ရှုပ်လာ၍ ကျစ်တစ်ချက်စုတ်သပ်ကာ....။
"ခင်ဗျားတကယ် ဇယားဘဲ"
ဂျိတ်ခ်၏မျက်နှာသည် လွန်တရာမှစိတ်ရှုပ်နေဟန်ဖြစ်နေ၍ ခပ်နက်နက်မျက်ခုံးတန်းများလည်းတွန့်ချိုးနေလေသည်။ သို့သော် သူသတိမထားမိသောအရာလေးတစ်ခုရှိသည်။ ထိုသည်မှာ.....။
သူ့ကိုဆွဲထားတဲ့ ခပ်ပူပူလက်ဖ၀ါးအား ဂျိတ်ခ်မဖြုတ်ချခဲ့ပါ။
ဂျေးညဦးပိုင်းအချိန်တွင် နိုးလာခဲ့သည်။ မျက်လုံးထဲသို့ပေါ်လာသော မြင်ကွင်းလေးသည်သူ့အားမထင်ထားလောက်အောင် အံ့သြစေခဲ့သလို ပျော်ရွှင်မှုလှိုင်းလေးများလည်း မထိန်းချုပ်နိုင်အောင်ဖြတ်ပြေးစေခဲ့သည်။
ဂျိတ်ခ်က သူ့ရဲ့အိပ်ယာဘေးဘက်မှာ လက်ထောက်ပြီး အိပ်ပျော်နေသည်တဲ့လေ။ လက်မှာလည်း ရေပတ်အ၀တ်တစ်ခုကို ကိုင်ထားလို့.။
"ကျေးဇူးပါ ဂျိတ်ခ်"
ထိုသို့ခပ်တိုးတိုးပြောရင်း ထိုကောင်လေး၏ ရွှေအိုရောင်ဆံစလေးများပေါ် လက်ဖ၀ါးတင်ကာ ပွတ်သပ်ပေးနေမိသည်။ ထိုကောင်လေးနိုးလာရင် ဘာများပြောပါလိမ့်....။
နောက်ဆိုတစ်ဖြည်းဖြည်းနှင့် သူတို့ရဲ့ဆက်ဆံရေးလေး အဆင်ပြေလာအောင် ဂျေးကပိုကြိုးစားချင်ပါသည်..။
12.1.2024
1367 words.......
"ချစ်ရတဲ့လူနှင့် အချစ်ခံရတဲ့လူ" ❤️🩹
Thank you for reading.....,💓