ထိမ်း​​မြားပဏ္ဏာအင်ပါယာ

By zuriiiiii8

11.8K 1.4K 99

လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိ... More

အခန်း ၁ /ဓားစာခံမင်းသား(ဓားစာခံမင္းသား)
အခန်း၂/ပထမဆုံးတွေ့ဆုံခြင်း(ပထမဆုံးေတြ႕ဆုံျခင္း)
အခန်း ၃ /ဒူးထောက်အပြစ်ပေးခြင်း(ဒူးေထာက္အျပစ္ေပးျခင္း)
You must read this ><
အခန်း ၄/ဆေးသောက်ချိန်(ေဆးေသာက္ခ်ိန္)
အခန်း၅/နိုင်လိုမင်းထက်ဧကရာဇ်(နိုင္လိုမင္းထက္ဧကရာဇ္)
အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး
အခန်း၇/သက်မဲ့နှလုံးသား
အခန်း၈/အမြော်အမြင်ရှိသောအမေးအဖြေ
အခန်း ၉/အဆောင်တော်အပြောင်းအလဲ
အခန်း ၁၀/အဆိပ်ကိုမြည်းစမ်းခြင်း
အခန်း ၁၁/ ရေချိုးချိန်
အခန်း ၁၂/ ထုံရှစ်
အခန်း ၁၃/ဝတ်ရုံလက်ဖြတ်
အခန်း ၁၄/ပန်းချီဆွဲချိန်
အခန်း ၁၅ /တေးကဗျာ
အခန်း ၁၆ /ရင်ဖိုဖွယ်အိပ်မက်
အခန်း ၁၈/အားမုံ့
好消息
အခန်း ၁၉ /တန်ပြန်တိုက်ခိုက်မှု
အခန်း ၂၀/ အရူး
启事

အခန်း ၁၇/ သက်တော်စောင့်ခွေး

237 36 10
By zuriiiiii8

-တကယ့်တုံးပဲ-

ဝေ့လျန် တရေးတမောအိပ်ပြီး ပြန်နိုးလာချိန်တွင် နေမွန်းတည့်နေပြီဖြစ်သည်။ အိပ်ရာခင်းနှင့် ပိုးဖဲစောင်များဟာ နွေးလွန်းသည့်အတွက် ဝေ့လျန်တစ်ယောက် မထချင်ဖြစ်နေပြီး ဟိုလှိမ့်သည်လှိမ့်ဖြင့် ဆက်လူးလှိမ့်နေလိုက်သည်။ ချင်ဧက
ရာဇ်ကဲ့သို့ နေပူမရှောင် မိုးရွာမရှောင် နံနက်ခင်း ဝေလီဝေလင်းအချိန်ကြီး ထ၍ တော်ဝင်ရုံးတော်တက်ရသည့်အဖြစ်ကို တွေးမိရုံဖြင့် ဤဘဝတွင် ဧကရာဇ်ဖြစ်လိုစိတ်မရှိတော့ပေ။

အိပ်ရာထဲမှာ နေမြင့်တဲ့အထိ လူးလှိမ့်ပြီး အိပ်နေတာကောင်းဘူးလား..ဘာဖြစ်လို့ ခေါင်းရှုပ်စရာကောင်းတဲ့ အလုပ်တွေကို အပင်ပန်းခံလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရမှာလဲ

"လျန်သခင်လေး နိုးလာပါပြီလား"

အစေခံမိန်းကလေးက ဝေ့လျန် ဝတ်ရမည့် အ
ဝတ်အစားများကို သေသေသပ်သပ် တင်ပေး
သည်။ ဝေ့လျန် တစ်ချက်ကြည့်လိုက်ရာ ဤယနေ့အတွက် တာဝန်ကျသော အစေခံမိန်းက
လေးက ကျူးချွေ့မဟုတ်ကြောင်း တွေ့လိုက်ရသည်။ သူမှတ်မိသ၍တော့ ထိုမိန်းကလေးဟာ ချင်ဧကရာဇ်မင်း ဝတ်ရုံလဲရာတွင် အမှုထမ်းရသော ကျူးယွဲ့ဟူသည့် အစေခံမိန်းကလေးဖြစ်လိမ့်မည်။ ကျူးယွဲ့သည် အစေခံများကြားတွင် မက်မွန်ပွင့်လေးကဲ့သို့ တမူထူးခြားသော အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။ ချင်ဧကရာဇ်ရှေ့တွင် ထိုကဲ့သို့ ငယ်ရွယ်ပျိုမျစ်သော မိန်းမလှလေးတစ်ဦး တာဝန်ထမ်းဆောင်နေသော်လည်း စိုးစဉ်းမျှ  အသိအမှတ်ပြုမခံရပေ။

ချင်ဧကရာဇ်ကတော့ တကယ်ကို လေးစားထိုက်တဲ့ *လျှို့ရှားဟွေ့ပေါက်စပါပဲလား

ဝေ့လျန် အဝတ်အစားများကို ဇိမ်ပြေနပြေ လဲဝတ်နေချိန်တွင် ကျူးယွဲ့က စကားတစ်ခွန်းမျှမဆိုဘဲ ခေါင်းငုံ့ရပ်နေသည်။

"မင်း ငါ့ကို ပြောချင်တာတစ်ခုခုရှိနေပုံပဲ"

နောက်ဆုံးတွင် ဝေ့လျန်သည် ခါးစည်းကြိုးကို ခပ်လျော့လျော့ ချည်နှောင်ပြီး ကျူးယွဲ့ကို နော
က်တစ်ကြိမ် ကြည့်လိုက်သည်။ ။ ကျူးယွဲ့သည် ဝေ့လျန်က သူမ၏ စိတ်ခံစားချက်ကို ပါးနပ်စွာ အကဲခတ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခြင်းကြောင့် ခြေလက်များ တုန်ယင်သွားရသည်အ
ထိ ထိတ်လန့်သွားသည်။ သူမက ခေါင်းငုံ့မြဲငုံ့ထားရင်း ပြန်ဖြေသည်။

"လျန်သခင်လေး အဆောင်တော်ထဲမှာ နေရတာ ပျင်းလာရင် နန်းတော်ထဲကို လမ်းလျှောက်ထွက်လို့ရတယ်လို့ အရှင်ဧကရာဇ်က အမိန့်ပေးထားပါတယ်"

ဝေ့လျန်သည်လည်း သူမကို ကြည့်မြဲအတိုင်း
ကြည့်နေဆဲပင်။

"လမ်းလျှောက်တာကတော့ဟုတ်ပါပြီ..ဒါပေမဲ့ ငါမှချင်နန်းတော်နဲ့ မရင်းနှီးတာ..ဘယ်ကိုသွားရမှန်းမသိဘူးလေ"

ကျူးယွဲ့သည် ဝေ့လျန်၏ အဖြေကြောင့် သူမ၏ ရင်ထဲမှ မနာလိုသည့် ခံစားချက်အစစ်အမှန်ကို ဝေ့လျန် မရိပ်မိဟု ထင်မှတ်သွားပြီး စိတ်သက်
သာရာရသွားသည်။ ထို့အပြင် အတွေးတစ်ခုကပါ သူမ၏ ​ခေါင်းထဲသို့ လျင်မြန်စွာ ရောက်လာသည်။

"လျန်သခင်လေး လမ်းလျှောက်ထွက်ချင်တယ်ဆိုရင် ကျွန်တော်မျိုးမ လမ်းပြပေးနိုင်ပါတယ်"

ဝေ့လျန်က ရယ်သံလွင်လွင်လေးနှင့် ခပ်ဖွဖွ
ရယ်မောသည်။

"ဒါဆိုရင် မင်းကိုပဲ အလုပ်ရှုပ်ရတော့မယ်..ငါတို့
အခုပဲ လမ်းလျှောက်ထွက်ကြတာပေါ့"

ကျူးယွဲ့ အံ့သြသွားရသည်။

"လျန်သခင်လေးက တခြားအမှုထမ်းတွေကိုရော
မခေါ်တော့ဘူးလား"

ဝေ့လျန်၏ နံဘေးတွင် အရိပ်ကဲ့သို့ အမြဲလိုလို ကပ်နေတတ်သော လူနှစ်ဦးရှိသည်။ထိုသူတို့
ကား ချိန်ရှို့နှင့် ချိန်ရှန်းတို့ဖြစ်ကြသည်။

"မခေါ်တော့ပါဘူး..သူတို့မပါဘဲ သွားလိုက်တာက ပိုမြန်လိမ့်မယ်"

ကျူးယွဲ့သည် သူမ၏ အကြံအစည်က ဤမျှ အ
ဆင်ချောနေလိမ့်မည်ဟု မထင်ထားပေ။ သူမအတွက် အသင့်ရောက်ရှိလာသော အခွင့်အရေးကို အမိအရ အသုံးချရန် အပြင်သို့ ခပ်မြန်မြန် ခြေဦးလှည့်လိုက်သည်။

င့်အတွက် ပြန်လမ်းမရှိတော့ဘူး!

သို့သော် သူမ မသိလိုက်သောအရာမှာ ဝေ့လျန်ကို ကျောခိုင်းလိုက်ချိန်တွင် ဝေ့လျန်၏ အပြုံးဖျော့ဖျော့လေးဟာ တမုဟုတ်ချင်း ပျောက်ကွယ်သွားပြီး အေးစက်စက် အပြုံးတစ်ခုဖြင့် အစား
ထိုးသွားခြင်းပင်။ ချင်နန်းတော်ထဲမှ အစေခံမိန်း
ကလေးတစ်ဦးတွင် မည်သို့သော လှည့်ကွက်မျိုး
ရှိနေမည်ကို သူသိချင်မိသည်။

ဝေ့လျန်၏ အရှေ့တွင် သရုပ်မှန်ကို ဖုံးကွယ်နိုင်ရန်မှာ အတော်လေး ဆရာကျမှရလိမ့်မည်။ ယခုမူ ကျူးယွဲ့သည် သူမ၏ စိတ်ခံစားချက်ကို ကော
င်းစွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်မှတ်နေသော်
လည်း ဝေ့လျန်၏ မျက်စိရှေ့သို့ အရောက်တွင် မနာလိုမှုနှင့် မုန်းတီးမှုတို့က ဖုံးဖိမရအောင် အတို
င်းသား ပေါ်ထွက်လာသည်။ ဖြစ်ပုံမှာ ယုန်သူငယ်တစ်ကောင်က ကျားတစ်ကောင်ကို သိုးပေါက်လေးနှင့် လိမ်ညာရန် ကြံရွယ်နေသော်လည်း အ
ကြံသမားယုန်မသိခဲ့သည်မှာ သူလိမ်ညာရန် ကြံ
ရွယ်နေသူဟာ ကျားတစ်ကောင်မျှသာမဟုတ်ဘဲ တောဘုရင်ဖြစ်နေခြင်းကိုပင်။

စိတ်ဝင်စားစရာပဲ..

*****

ကျူးယွဲ့သည် ဝေ့လျန်ကို နန်းတော်ဂိတ်တံခါးဝမှ ခေါ်ထုတ်လာခဲ့သည်။ လွန်ခဲ့သည့်ရက်များအတွ
င်း နှင်းမိုးရွာသွန်းမှုမရှိတော့ဘဲ ရာသီဥတုကြည်
လင်နေသည့်အပြင် ဖြာကျနေသော နေရောင်ခြ
ည်က လူတိုင်းကို အနွေးဓာတ်ဆောင်ကြဥ်းပေးလျက်ရှိသည်။ သို့သော် မြေပြင်ပေါ်မှ ဆီးနှင်းများမှာ အပြီးတိုင် အရည်ပျော်ကျသွားခြင်းမရှိသေးသည့်အတွက် မျက်စိတစ်ဆုံး မြင်နေရသော အဖြူရောင်လွင်ပြင်ကျယ်ကြီးဟာ တစ်မျိုးတစ်
ဖုံလှပနေပြန်သည်။

"ဒီအချိန်ဆိုရင် ယင်းမေ့ဥယျာဥ်ထဲမှာ တရုတ်ဇီးပန်းလေးတွေ ဝေဝေဆာဆာပွင့်နေလောက်ပြီ..
လျန်သခင်လေးကို ခေါ်သွားပေးပါရစေ"

ကျူးယွဲ့က တက်ကြွစွာ ပြောပြီး ဝေ့လျန်ကို တောင်ဘက်သို့ ခေါ်ဆောင်သွားသည်။ ယင်းမေ့
ဥယျာဥ်သည် နန်းတော်၏ တောင်ဘက်ပိုင်းတွင် အမှန်တကယ် တည်ရှိနေခြင်းဖြစ်သော်လည်း ကျူးယွဲ့က တစ်စုံတစ်ခုကို ထိမ်ချန်၍ ပြောခဲ့ခြင်းဖြစ်သည်။ ယင်းမေ့ဥယျာဥ်သို့ သွားနိုင်သည့် လမ်းနှစ်လမ်းရှိသည်။ ပုံမှန်အားဖြင့် နန်းတွင်းအမှုထမ်းများသည် ယခု ဝေ့လျန်နှင့် ကျူးယွဲ့
တို့ သွားနေသည့်လမ်းကို ရှောင်တိမ်းပြီး အခြား
တစ်လမ်းမှသာ သွားလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ယခု ကျူးယွဲ့ ရွေးချယ်ထားသော လမ်းသည် ချင်ဧကရာဇ်၏ သက်တော်
စောင့်ခွေးကို ထိန်းသိမ်းထားသည့် ယန်ရှို့လှောင်
အိမ်ရှေ့မှ ဖြတ်ရခြင်းကြောင့်ပင်။

ထိုအစောင့်ခွေးကို လွန်ခဲ့သော နှစ်နှစ်ခန့်က လျန်အင်ပါယာမှ လက်ဆောင်ပဏ္ဏာအဖြစ် ပေးပို့ထားခြင်းဖြစ်သည်။ ချင်ဧကရာဇ်သည် အစောင့်ခွေးကို ချင်အင်ပါယာသို့ ရောက်လာစဥ်ကတည်းက မွေးမြူထားသည့်အတွက် ယခုအခါ နှစ်နှစ်သားအရွယ်သို့ ရောက်နေချေပြီ။ အစောင့်ခွေးသည် လူတစ်ဝက်စာနီးပါး မြင့်ပြီး အစွယ်ငေါငေါဖြင့် အလွန်ကြောက်စရာကောင်းသော ခွေးတစ်ကော
င်ဖြစ်သည်။ သူသည် လိမ္မာပါးနပ်မှုရှိပြီး ချင်ဧ
ကရာဇ်ကျီယွဲ့၏ အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ဖူးသည်။ သူ၏ သခင်ကျီယွဲ့ကို လုပ်ကြံသတ်ဖြတ်ရန် ချဥ်းကပ်လာသူတိုင်းကို အသားစိမ်းဝါးသကဲ့သို့ လည်မျိုမှ ကိုက်သတ်
ပစ်တတ်သည်။

လူ့အသွေးအသားကို စားပြီးသည့်နောက်တွင် ပိုအရိုင်းဆန်လာပြီး စစ်သူကြီး သုံးဦးမှ ငါးဦးပင်လျှင် ထိုသက်တော်စောင့်ခွေးကို ကောင်းစွာ ထိန်းကျောင်းနိုင်ခြင်းမရှိတော့ပေ။ သက်တော်စောင့်ခွေးသည် ချင်ဧကရာဇ်မင်းကျီယွယ့်တစ်ဦးတည်းကိုသာ သစ္စာရှိစွာ ရိုကျိုးပြီး အခြားသူစိမ်းများအပေါ် အလွန်ဆိုးရွားစွာ ဆက်ဆံတတ်သ
ည်။ အစာကျွေးသည့် အမှုထမ်းများဆိုလျှင်
သက်တော်စောင့်ခွေး အိပ်ပျော်နေချိန်မှသာ အစာခွက်ကို ဝင်ထားပေးရဲကြသည်။

ထို့ကြောင့် သာမန်အစေခံများ၊ အမှုထမ်းများအနေနှင့် ယန်ရှို့လှောင်အိမ်ရှေ့သို့ ယောင်၍ပင် ဖြတ်မလျှောက်ရဲကြချေ။ သို့မှမဟုတ်လျှင် သက်တော်စောင့်ခွေး၏ လက်ချက်ကြောင့် အသက်ပျောက်သွားရလိမ့်မည်။ ချင်ဧကရာဇ်၏ မျက်
လုံးထဲတွင် သူတို့၏ အသက်များသည် သက်တော်စောင့်ခွေး၏ အသက်လောက် အရေးမကြီးလှပေ။ ဤသည်မှာ နန်းတော်ထဲမှ သာမန်အခြေ
အနေတစ်ခုဖြစ်သည်။ အချို့သူများသည် ဘဝကို ခွေးတစ်ကောင်ထက် ဆိုးရွားစွာ ရင်ဆိုင်ဖြတ်
သန်းနေရသည်။

သက်တော်စောင့်သတ္တဝါများသည် များသောအားဖြင့်နေရာအကျယ်ကြီးတွင် သံခြေကျင်းအခတ်မခံရဘဲ လွတ်လပ်စွာ နေထိုင်လေ့ရှိကြသည်။ ချင်ဧကရာဇ်သည် သက်တော်စောင့်ခွေးနှင့် ဆော့ကစားပေးလေ့ရှိပြီး ရံဖန်ရံခါတွင် ယန်ရှို့လှောင်အိမ်ထဲ၌ တရေးတမော အိပ်ပျော်သွားလေ့ရှိသည်။ သက်တော်စောင့်ခွေးသည် ယန်ရှို့လှောင်အိမ်ကို သူ၏ နယ်မြေအဖြစ်သတ်မှတ်ပြီး အပြင်သို့ ထွက်လာလေ့မရှိပေ။ သခင်ဖြစ်သူမှ
လွဲ၍ လှောင်အိမ်ထဲသို့ တစ်စုံတစ်ဦးက ကျူး
ကျော်လာပါက ရန်သူအဖြစ်သတ်မှတ်ပြီး မဆိုင်း
မတွကိုက်သတ်ပစ်တတ်သည်။ တစ်ခါကအမှု
ထမ်းတစ်ဦးသည် ယန်ရှို့လှောင်အိမ်ထဲသို့ လမ်း
မှားဝင်မိသည့်အပြစ်ကြောင့် ပွဲချင်းပြီး ကိုက်သတ်ခံခဲ့ရသည်။ ခန္ဓာကိုယ်တစ်ပိုင်းက သက်တော်စောင့်ခွေး၏ အစာအိမ်ထဲသို့ ရောက်သွားပြီး ကျန်တစ်ပိုင်းကိုသာ မြေမြှုပ်ပေးခဲ့ရသည်။ အဆုံးတွင် ထိုအမှုထမ်းသည် လူမသိသူမသိ ကိုက်သတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ကျူးယွဲ့သည် သက်တော်စောင့်ခွေးကို အသုံးချပြီး ဝေ့လျန်ကို သတ်ပစ်ရန် ကြံရွယ်ထားသည်။ သူမ၏အကြံအစည်သည် အကွက်ကျနလှပေသည်။ ဝေ့လျန်ကို သက်တော်စောင့်ခွေး၏ အစာအဖြစ် ကျွေးခြင်းအားဖြင့် သူမ၏ လက်တွင် သွေးစွန်းစရာမလိုဘဲ ရှင်းထုတ်ပြီးသားဖြစ်သွားလိမ့်မည်။ မနာလိုစိတ်ဟာ ရှိရင်းစွဲ အသိစိတ်ကို လွတ်ထွက်သွားစေသည်။ ကျူးယွဲ့သည် ဝေ့လျန်ကို သူမ၏ လက်နှင့် မသတ်ဝံ့သော်လည်း ထိခို
က်နာကျင်အောင် လုပ်နိုင်သည့် နည်းလမ်းများ
စွာရှိနေသေးသည်။

*****

ယန်ရှို့လှောင်အိမ်အနီးသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျူးယွဲ့က သူမပါ သက်တော်စောင့်ခွေး၏ အစာဖြစ်သွားမည်ကို ကြောက်ရွံ့သည့်အတွက် ဝေ့လျန်ကို လီဆယ်ပြောလာသည်။

"အား လျန်သခင်လေး..ကျွန် ကျွန်မ ဗိုက်အရမ်းနာလာလို့ ရေအိမ်သွားလိုက်ပါအုံးမယ်..ယင်းမေ့ဥယျာဥ်ရောက်ဖို့ သိပ်မလိုတော့ပါဘူး..ဒီလမ်းအတိုင်း ရှေ့တည့်တည့် ဆက်သွားလိုက်ရင် ရော
က်ပါပြီ..ကျွန်မ ဖြေရှင်းပြီးတာနဲ့ အမြန်ဆုံး ပြန်
လာခဲ့ပါ့မယ်"

ကျူးယွဲ့သည် ဝေ့လျန်၏ အဖြေကို မစောင့်ဘဲ လှစ်ခနဲ ပြေးထွက်သွားသည်။ ဝေ့လျန်သည် နေရာတွင် ရပ်မြဲအတိုင်း ရပ်ပြီး ကျူးယွဲ့၏ နော
က်ကျော ပျောက်ကွယ်သွားသည်အထိ တိတ်တ
ဆိတ် ရပ်ကြည့်နေသည်။ ကျူးယွဲ့ကို လုံးဝ မမြင်ရတော့သည့်အချိန်မှသာ သူလည်း နန်းတော်ဘ
က်သို့ ပြန်လှည့်လာသည်။

ကျူးယွဲ့၏ အပြုအမူက မူမမှန်ကြောင်း သူအ
စောကတည်းက ရိပ်မိနေခြင်းဖြစ်သည်။ အရှေ့တွင် အန္တရာယ်တစ်ခုခုရှိနိုင်သည့်အတွက် လူကိုယ်တိုင် သွားစပ်စုမည့်အစား နန်းတော်သို့ ပြန်ပြီး အခြားသူများကို မေးလိုက်ခြင်းက ပိုကောင်းလိမ့်မည်။

သူသည် ပြောတိုင်းယုံတတ်သော ငနုံငအတစ်ဦး
မဟုတ်ပါချေ။

သူ့လိုလူမျိုးကိုမှ လှည့်စားချင်နေသည့် ကျူးယွဲ့ကသာ ငနုံငအဖြစ်သည်။ သူတို့နှစ်ဦးတည်း လမ်းလျှောက်ထွက်လာပြီး အပြန်တွင် သူပြန်မပါလာပါက ဖြစ်လာမည့် နောက်ဆက်တွဲ အကျိုး
ဆက်ကို မတွေးမိသည်အထိ နုံအလွန်းသော အစေခံမိန်းကလေးမဟုတ်ပါလား။

"တကယ့်ငတုံးပဲ"

ဝေ့လျန်သက်ပြင်းချလိုက်သည်။ သူ ပြန်လှည့်ထွက်ခါနီးတွင် နောက်ကျောဘက်မှ ရုတ်တရက် တိုက်ခတ်လာသော လေစိမ်းများကို ခံစားမိသ
ည်။ ဝေ့လျန်သည် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှုပ်ရှားပြီး ငွေအပ်များကို ထုတ်ကာ ကျောအ
နောက်ဘက်မှ ရန်သူထံသို့လှစ်ခနဲ ပစ်လိုက်သည်။ ငွေအပ်များသည် နေအလင်းရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် တောက်ပလျက်
ရန်သူ၏ ခန္ဓာကိုယ်ထဲသို့ တစ်ချောင်းချင်းစီ နစ်ဝင်သွားသည်။ ရန်သူကား ခြသေ့်လည်ဆံမွှေးကဲ့သို့ ရွှေအိုရောင် အမွှေးထူထူကြီးများနှင့် ကြောက်စရာကောင်းလောက်အောင်ကို အ
ကောင်ကြီးမားသော သက်တော်စောင့်ခွေးဖြစ်နေသည်။ ဝေ့လျန်ကို ခုန်အုပ်ခါနီးတွင် ငွေအပ်အစွမ်းပြလာပြီး လေထဲတွင် တမုဟုတ်ချင်း တောင့်တင်းသွားကာ မြေပြင်ပေါ်သို့ ဗိုင်းခနဲ
ပြန်ပြုတ်ကျလာသည်။

"အာ..?"

ဝေ့လျန်က သက်တော်စောင့်ခွေးကို အသေ
အချာ ကြည့်ပြီး ပြောသည်။

"ဘာများလဲလို့ ရင်ခုန်လိုက်ရတာ တကယ်တမ်းကျတော့ သေးသေးပိစိလေးဖြစ်နေပါရောလား"

ဧရာမသက်တော်စောင့်ခွေး: "...."

နေပါအုံး ဘာဖြစ်တယ် သေးသေးပိစိလေးဟုတ်လား..နောက်တစ်ကြိမ်ပြန်ပြောပေးလို့
ရမလား?

ဒါငါ့ကိုစော်ကားတာပဲကွ!

သက်တော်စောင့်ခွေးသည် သူ့အရှေ့မှ ပိန်သွယ်သွယ် ယောကျာ်းကို ခြောက်လှန့်ရန် ဒေါသတကြီး မာန်မဲလိုက်သည်။ ဝေ့လျန်က အလိုမကျ
စွာ မျက်မှောင်ကြုတ်ပြီး ခပ်ပြတ်ပြတ် အမိန့်
ပေးသည်။

"မင်းပါးစပ်ပိတ်ထား"

သက်တော်စောင့်ခွေးကမူ ဝေ့လျန်၏ စကားကို
နားမထောင်ဘဲ ပိုကျယ်လောင်စွာ မာန်မဲသည်။

"ဝေါင်း!"

သို့သော် ထိုအခိုက်အတန့်တွင် ဝေ့လျန်၏ အကြည့်များက ကြက်သီးထဖွယ်ကောင်းလောက်
အောင် အေးစက်သွားသည်။ သက်တော်စောင့်ခွေးသည် အန္တရာယ်ကို အလိုလို ရိပ်စားမိသွားပြီး ဒေါသတကြီး မာန်မဲနေရာမှ ကြောက်ရွံ့မှုအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားသည်။ သူက လက်တစ်ဖက်အပေါ် ကျန်တစ်ဖက်ကို တင်ပြီး အသယနားခံသည့်သဘောဖြင့် နာခံမှုရှိစွာ ထိုင်ချလို
က်သည်။ တိရစ္ဆာန်များသည် အန္တရာယ်နှင့် ကြုံ
တွေ့လာရချိန်တွင် လူသားများထက် နက်ရှိုင်းစွာထိုးထွင်းခံစားနိုင်စွမ်းရှိသည်။ တစ်ဖက်ကို အနိုင်မယူနိုင်ကြောင်း သေချာလျှင် ချက်ချင်း အရှုံး
ပေးတတ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။

သက်တော်စောင့်ခွေး ငြိမ်ကျသွားချိန်မှသာ ဝေ့လျန်က သူမဟုတ်သည့်အတိုင်း နူးညံ့စွာ ပြုံးပြီး ငွေအပ်များကို တစ်ချောင်းချင်းစီ ပြန်နှုတ်ယူသည်။ သက်တော်စောင့်ခွေးသည် အသက်အန္တ
ရာယ်ကို ခြိမ်းခြောက်နိုင်သည့် ငွေအပ်များမရှိတော့သည်နှင့် နောက်တစ်ကြိမ် ထကြွလာပြီး ဝေ့လျန်ကို တိုက်ခိုက်ရန် ကြိုးစားပြန်သည်။ သူ မထင်မှတ်ထားသောအရာမှာ ဝေ့လျန်က သူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး လေသံတိုး
တိုးဖြင့် တည်ငြိမ်စွာ ပြောသည်။

"အရမ်းချစ်စရာကောင်းတာပဲ..ဒီခေါင်းလေးကိုသာပြုတ်သောက်ရင် ဘယ်လောက်တောင် အရသာရှိလိုက်မလဲနော်"

ဧရာမသက်တော်စောင့်ခွေး : "....."

ဝူးဝူးဝူးဝူး~~မှားပါပြီ!

သခင်ဘယ်မှာလဲ..ဘာဖြစ်လို့ ဒီလိုကြောက်စရာကောင်းတဲ့ လူသားကို ကျွန်တော့်ဆီ လွှတ်လိုက်ရ
တာလဲ~ ဝူးဝူးဝူး~

သူသည်  လှောင်အိမ်ထဲသို့ သခင်ဖြစ်သူမှလွဲ သူစိမ်းတစ်ဦးဝင်လာလျှင် ဝင်လာသမျှလူတိုင်းကို အစာအဖြစ် သတ်မှတ်ခဲ့သော်လည်း ဤသူ
စိမ်းကမူ သူ့ကို မကြောက်သည့်အပြင် အစာအ
ဖြစ် ပြန်သတ်မှတ်နေသေးသည်။

လူသားတွေများ ကြောက်စရာကောင်း
လိုက်တာနော်!

နောက်ဆုံးတွင် သက်တော်စောင့်ခွေးသည် ဝေ့လျန်ကို ရန်မပြုရဲတော့ဘဲ မြေပြင်ပေါ်တွင်သာ ခွေခွေလေး ငြိမ်နေတော့သည်။

သခင်ရေ ကျွန်တော့်ကို လာကယ်ပါအုံး!

အယ်..သခင်လား?

သခင်ရေ ဒီမှာ ဒီမှာ ကျွန်တော်ဒီမှာ..ကယ်ပါ
အုံးဗျို့!

သက်တော်စောင့်ခွေးသည် ယန်ရှို့လှောင်အိမ်အနီးသို့ အနက်ရောင်အဝတ်အစားဖြင့် လူတစ်ယောက်ရောက်လာကြောင်း မြင်သည်နှင့် မျက်
လုံးများ တောက်ပသွားပြီး အပြေးကြိုဆိုရန် ချထရပ်လိုက်သည်။ သို့သော် သူ့နံဘေးတွင် ရပ်နေသော ယောကျာ်းက သူ့ထက် ပိုမြန်၏။ ထိုသူက သူ၏ သခင်ဖြစ်သူထံသို့ အလွန် လျင်မြန်စွာ ပြေးဝင်သွားပြီး ရင်ခွင်ထဲသို့ အားရပါးရ ပစ်လှဲလိုက်လေသည်။

"အရှင်ဧကရာဇ် ဝေ့လျန် အရမ်းကြောက်နေတာ"

သက်တော်စောင့်ခွေး : "...."

ဟေ့ လူသားကောင် မင်းတကယ်ပြောနေတာလား!

ကြောက်ရမှာငါမဟုတ်ဘူးလားလို့!

သက်တော်စောင့်ခွေးကြီးမှာ သူ့အရှေ့မှ ယော
ကျာ်းနှစ်ဦး ဖက်နေသည့် မြင်ကွင်းကို ကြည့်ပြီး ဆွံ့အသွားရသည်။ ကျီယွဲ့သည် သူ့ကို အတင်းပွေ့ဖက်ထားသော ဝေ့လျန်ကို ကြည့်ပြီး အတန်
ငယ် အံ့သြသွားရသည်။ ဝေ့လျန်နှင့်အတူ နော
က်လိုက်အမှုထမ်းများ ပါလာမည်အထင်နှင့် ခပ်တင်းတင်း ပြန်ပွေ့ဖက်ပြီး ချော့မြူလိုက်သည်။

"ကိုယ့်ကို ပြောပါအုံး..မင်း ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ "

အမှန်တွင် ကျီယွဲ့သည် နံနက်ခင်း ရုံးတော်တက်ပြီးကတည်းက ယမန်နေ့ညက မက်ခဲ့သော ရှက်စရာကောင်းလှသည့် အိပ်မက်ကို မကြာခဏ တွေးနေမိခြင်းကြောင့် ဝေ့လျန်နှင့် မျက်နှာချင်း
မဆိုင်ရဲပေ။

အား...သူနဲ့မတွေ့ချင်ဘူး မတွေ့ချင်ဘူး!

ထို့ကြောင့် ယန်ရှင်းအဆောင်တော်သို့ မပြန်သေးဘဲ သက်တော်စောင့်ခွေးနှင့် ဆော့ကစားပေးရန် ယန်ရှို့လှောင်အိမ်ဘက်သို့ စိတ်ပြေလက်ပျောက် ထွက်လာခြင်းဖြစ်သည်။ သို့သော် ဝေ့လျန်က သူ့ရင်ခွင်ထဲသို့ အပြေးအလွှား ပစ်ဝင်လာလိမ့်မည်ဟု လုံးဝ မထင်ခဲ့မိပေ။ ဝေ့လျန်က သူ့ကို မော့ကြည့်ပြီး နီရဲနေသော မျက်ဝန်းတစ်စုံဖြင့် စော
ဒကတက်သည်။

"ဝေ့လျန်က နန်းတော်ထဲကို ရောက်တာ ရက်နည်း
နည်းကြာပြီဆိုပေမယ့် နန်းတော်အကြောင်း ဘာမှ မသိသေးလို့ လမ်းလျှောက်ထွက်ကြည့်တာပါ..အဲ့ဒီမှာ သူက ရုတ်တရက် ရောက်လာပြီး ဝေ့လျန်ကို ခုန်အုပ်ဖို့ လုပ်နေတယ်..အရမ်းကြောက်ဖို့ကောင်းတာပဲ"

ဧရာမသက်တော်စောင့်ခွေး: "....."

ငါက မင်းကို ပိုကြောက်တယ်နော်..ကျေးဇူးပဲ!

ကျီယွဲ့သည် သူ့ရင်ခွင်ထဲမှ ဝေ့လျန်၏ မျက်ရည်ဝိုင်းနေသော ရွှန်းစိုတောက်ပသည့် မျက်ဝန်းတစ်
စုံကို ကြ ည့်ပြီး ယမန်နေ့ညက အိပ်မက်ကို နေက်တစ်ကြိမ် မြင်ယောင်လာပြန်သည်။ အိပ်မက်ထဲတွင်လည်း ဝေ့လျန်က ပုလဲမျက်ရည်ခသော မျ
က်ဝန်းတစ်စုံဖြင့် သနားသက်ညှာပေးရန် တော
င်းပန်တိုးလျှိုးခဲ့သည်မဟုတ်လား။

"အဟွတ် အဟွတ်"

တော်လောက်ပြီ တော်လောက်ပြီ...

အိပ်မက်အကြောင်းကို ဆက်မတွေးသင့်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူသာ အရောက်နောက်
ကျသွားပါက ဝေ့လျန် အန္တရာယ်ဖြစ်သွားနိုင်သ
ည်။ ဖြစ်နိုင်ချေကို တွေးမိရုံဖြင့် ကျီယွဲ့၏ နှလုံး
သားတစ်ခုလုံး ရုတ်ချည်း လေးလံပြီး မပျော်မရွှင်ဖြစ်သွားရလေသည်။ သူ့အတွက် ဝေ့လျန်သည် အလွန် စိတ်ဝင်စားစရာကောင်းဖြစ်ပြီး
ဝေ့လျန်သာမရှိပါက ချင်နန်းတော်တစ်ခုလုံး ယခင်အတိုင်း ပြန်အသက်မဲ့သွားလိမ့်မည်။ သခင်ဖြစ်သူ၏ အတွေးကို ဖတ်နိုင်သော သက်တော်စောင့်ခွေးကြီးခမျာမှာ စိတ်ပျက်လက်
ပျက်ဖြစ်သွားရလေသည်။

သခင်ရေ သခင်သာ နောက်ကျပြီးမှ ရောက်ရင် စွပ်ပြုတ်ဖြစ်သွားမယ့်သူက ကျွန်တော်ပါနော်..
ကျေးဇူးတွေလည်းတင်ပါတယ်လို့!

"မကြောက်ပါနဲ့ အားမုံ့က အရမ်းအဆော့မက်တယ်..သူ့မှာ မင်းကို ဒုက္ခပေးချင်တဲ့စိတ်မျိုး
မရှိပါဘူး..သူ့ကိုကြည့်ရင် ကြောက်စရာကောင်းတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့ အားမုံ့ဆိုတဲ့ နာမည်အတိုင်းပဲ အရမ်းချစ်ဖို့ကောင်းတယ်"

ဝေ့လျန်သည် ကျီယွဲ့၏ ရင်ခွင်ထဲတွင် မှီနေရင်း ဧရာမခွေးကြီးကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

ချင်ဧကရာဇ်က ခြသေ့်လို ရွှေရောင်လည်ဆံမွှေးတွေနဲ့ ဧရာမခွေးကြီးကို အားမုံ့လို့ နာမည်ပေးထားတာလား?

အားမုံ့ရဲ့ မုံ့ဆိုတဲ့ စကားလုံးက နူးညံ့ပြီးချစ်စရာ
ကောင်းတယ်ဆိုတဲ့ မုံ့လား

ထားလိုက်ပါတော့..ဒါမျိုးထူးထူးဆန်းဆန်းတွေ နာမည်ပေးတတ်တာ ချင်ဧကရာဇ်တစ်ယောက်
ပဲရှိမယ်ထင်တယ်..

.................................×××.................................

-တကယ့္တုံးပဲ-

ေဝ့လ်န္ တေရးတေမာအိပ္ၿပီး ျပန္နိုးလာခ်ိန္တြင္ ေနမြန္းတည့္ေနၿပီျဖစ္သည္။ အိပ္ရာခင္းႏွင့္ ပိုးဖဲေစာင္မ်ားဟာ ႏြေးလြန္းသည့္အတြက္ ေဝ့လ်န္တစ္ေယာက္ မထခ်င္ျဖစ္ေနၿပီး ဟိုလွိမ့္သည္လွိမ့္ျဖင့္ ဆက္လူးလွိမ့္ေနလိုက္သည္။ ခ်င္ဧက
ရာဇ္ကဲ့သို႔ ေနပူမေရွာင္ မိုး႐ြာမေရွာင္ နံနက္ခင္း ေဝလီေဝလင္းအခ်ိန္ႀကီး ထ၍ ေတာ္ဝင္႐ုံးေတာ္တက္ရသည့္အျဖစ္ကို ေတြးမိ႐ုံျဖင့္ ဤဘဝတြင္ ဧကရာဇ္ျဖစ္လိုစိတ္မရွိေတာ့ေပ။

အိပ္ရာထဲမွာ ေနျမင့္တဲ့အထိ လူးလွိမ့္ၿပီး အိပ္ေနရတာ မေကာင္းဘူးလား..ဘာျဖစ္လို႔ ေခါင္းရႈပ္စရာေကာင္းတဲ့ အလုပ္ေတြကို အပင္ပန္းခံလုပ္ၿပီး ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္ရမွာလဲ

"လ်န္သခင္ေလး နိုးလာပါၿပီလား"

အေစခံမိန္းကေလးက ေဝ့လ်န္ ဝတ္ရမည့္ အ
ဝတ္အစားမ်ားကို ေသေသသပ္သပ္ တင္ေပး
သည္။ ေဝ့လ်န္ တစ္ခ်က္ၾကည့္လိုက္ရာ ဤယေန႕အတြက္ တာဝန္က်ေသာ အေစခံမိန္းက
ေလးက က်ဴးေခြၽ႕မဟုတ္ေၾကာင္း ေတြ႕လိုက္ရသည္။ သူမွတ္မိသ၍ေတာ့ ထိုမိန္းကေလးဟာ ခ်င္ဧကရာဇ္မင္း ဝတ္႐ုံလဲရာတြင္ အမႈထမ္းရေသာ က်ဴးယြဲ႕ဟူသည့္ အေစခံမိန္းကေလးျဖစ္လိမ့္မည္။ က်ဴးယြဲ႕သည္ အေစခံမ်ားၾကားတြင္ မက္မြန္ပြင့္ေလးကဲ့သို႔ တမူထူးျခားေသာ အလွတရားမ်ိဳးကို ပိုင္ဆိုင္ထားသည္။ ခ်င္ဧကရာဇ္ေရွ႕တြင္ ထိုကဲ့သို႔ ငယ္႐ြယ္ပ်ိဳမ်စ္ေသာ မိန္းမလွေလးတစ္ဦး တာဝန္ထမ္းေဆာင္ေနေသာ္လည္း စိုးစဥ္းမွ် အသိအမွတ္ျပဳမခံရေပ။

ခ်င္ဧကရာဇ္ကေတာ့ တကယ္ကို ေလးစားထိုက္တဲ့ *လွ်ို႔ရွားေဟြ႕ေပါက္စပါပဲလား။

ေဝ့လ်န္ အဝတ္အစားမ်ားကို ဇိမ္ေျပနေျပ လဲဝတ္ေနခ်ိန္တြင္ က်ဴးယြဲ႕က စကားတစ္ခြန္းမွ်မဆိုဘဲ ေခါင္းငုံ႕ရပ္ေနသည္။

"မင္း ငါ့ကို ေျပာခ်င္တာတစ္ခုခုရွိေနပုံပဲ"

ေနာက္ဆုံးတြင္ ေဝ့လ်န္သည္ ခါးစည္းႀကိဳးကို ခပ္ေလ်ာ့ေလ်ာ့ ခ်ည္ႏွောင္ၿပီး က်ဴးယြဲ႕ကို ေနာ
က္တစ္ႀကိမ္ ၾကည့္လိုက္သည္။ ။ က်ဴးယြဲ႕သည္ ေဝ့လ်န္က သူမ၏ စိတ္ခံစားခ်က္ကို ပါးနပ္စြာ အကဲခတ္နိုင္လိမ့္မည္ဟု ထင္မွတ္မထားျခင္းေၾကာင့္ ေျခလက္မ်ား တုန္ယင္သြားရသည္အ
ထိ ထိတ္လန႔္သြားသည္။ သူမက ေခါင္းငုံ႕ၿမဲငုံ႕ထားရင္း ျပန္ေျဖသည္။

"လ်န္သခင္ေလး အေဆာင္ေတာ္ထဲမွာ ေနရတာ ပ်င္းလာရင္ နန္းေတာ္ထဲကို လမ္းေလွ်ာက္ထြက္လို႔ရတယ္လို႔ အရွင္ဧကရာဇ္က အမိန႔္ေပးထားပါတယ္"

ေဝ့လ်န္သည္လည္း သူမကို ၾကည့္ၿမဲအတိုင္း
ၾကည့္ေနဆဲပင္။

"လမ္းေလွ်ာက္တာကေတာ့ဟုတ္ပါၿပီ..ဒါေပမဲ့ ငါမွခ်င္နန္းေတာ္နဲ႕ မရင္းႏွီးတာ..ဘယ္ကိုသြားရမွန္းမသိဘူးေလ"

က်ဴးယြဲ႕သည္ ေဝ့လ်န္၏ အေျဖေၾကာင့္ သူမ၏ ရင္ထဲမွ မနာလိုသည့္ ခံစားခ်က္အစစ္အမွန္ကို ေဝ့လ်န္ မရိပ္မိဟု ထင္မွတ္သြားၿပီး စိတ္သက္
သာရာရသြားသည္။ ထို႔အျပင္ အေတြးတစ္ခုကပါ သူမ၏ ေခါင္းထဲသို႔ လ်င္ျမန္စြာ ေရာက္လာသည္။

"လ်န္သခင္ေလး လမ္းေလွ်ာက္ထြက္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္မ်ိဳးမ လမ္းျပေပးနိုင္ပါတယ္"

ေဝ့လ်န္က ရယ္သံလြင္လြင္ေလးႏွင့္ ခပ္ဖြဖြ
ရယ္ေမာသည္။

"ဒါဆိုရင္ မင္းကိုပဲ အလုပ္ရႈပ္ရေတာ့မယ္..ငါတို႔
အခုပဲ လမ္းေလွ်ာက္ထြက္ၾကတာေပါ့"

က်ဴးယြဲ႕ အံ့ၾသသြားရသည္။

"လ်န္သခင္ေလးက တျခားအမႈထမ္းေတြကိုေရာ
မေခၚေတာ့ဘူးလား"

ေဝ့လ်န္၏ နံေဘးတြင္ အရိပ္ကဲ့သို႔ အၿမဲလိုလို ကပ္ေနတတ္ေသာ လူႏွစ္ဦးရွိသည္။ထိုသူတို႔
ကား ခ်ိန္ရွို႔ႏွင့္ ခ်ိန္ရွန္းတို႔ျဖစ္ၾကသည္။

"မေခၚေတာ့ပါဘူး..သူတို႔မပါဘဲ သြားလိုက္တာက ပိုျမန္လိမ့္မယ္"

က်ဴးယြဲ႕သည္ သူမ၏ အႀကံအစည္က ဤမွ် အ
ဆင္ေခ်ာေနလိမ့္မည္ဟု မထင္ထားေပ။ သူမအတြက္ အသင့္ေရာက္ရွိလာေသာ အခြင့္အေရးကို အမိအရ အသုံးခ်ရန္ အျပင္သို႔ ခပ္ျမန္ျမန္ ေျခဦးလွည့္လိုက္သည္။

နင့္အတြက္ ျပန္လမ္းမရွိေတာ့ဘူး!

သို႔ေသာ္ သူမ မသိလိုက္ေသာအရာမွာ ေဝ့လ်န္ကို ေက်ာခိုင္းလိုက္ခ်ိန္တြင္ ေဝ့လ်န္၏ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးဟာ တမုဟုတ္ခ်င္း ေပ်ာက္ကြယ္သြားၿပီး ေအးစက္စက္ အၿပဳံးတစ္ခုျဖင့္ အစား
ထိုးသြားျခင္းပင္။ ခ်င္နန္းေတာ္ထဲမွ အေစခံမိန္း
ကေလးတစ္ဦးတြင္ မည္သို႔ေသာ လွည့္ကြက္မ်ိဳး
ရွိေနမည္ကို သူသိခ်င္မိသည္။

ေဝ့လ်န္၏ အေရွ႕တြင္ သ႐ုပ္မွန္ကို ဖုံးကြယ္နိုင္ရန္မွာ အေတာ္ေလး ဆရာက်မွရလိမ့္မည္။ ယခုမူ က်ဴးယြဲ႕သည္ သူမ၏ စိတ္ခံစားခ်က္ကို ေကာ
င္းစြာ ဖုံးကြယ္ထားနိုင္သည္ဟု ထင္မွတ္ေနေသာ္
လည္း ေဝ့လ်န္၏ မ်က္စိေရွ႕သို႔ အေရာက္တြင္ မနာလိုမႈႏွင့္ မုန္းတီးမႈတို႔က ဖုံးဖိမရေအာင္ အတို
င္းသား ေပၚထြက္လာသည္။ ျဖစ္ပုံမွာ ယုန္သူငယ္တစ္ေကာင္က က်ားတစ္ေကာင္ကို သိုးေပါက္ေလးႏွင့္ လိမ္ညာရန္ ႀကံ႐ြယ္ေနေသာ္လည္း အ
ႀကံသမားယုန္မသိခဲ့သည္မွာ သူလိမ္ညာရန္ ႀကံ
႐ြယ္ေနသူဟာ က်ားတစ္ေကာင္မွ်သာမဟုတ္ဘဲ ေတာဘုရင္ျဖစ္ေနျခင္းကိုပင္။

စိတ္ဝင္စားစရာပဲ..

*****

က်ဴးယြဲ႕သည္ ေဝ့လ်န္ကို နန္းေတာ္ဂိတ္တံခါးဝမွ ေခၚထုတ္လာခဲ့သည္။ လြန္ခဲ့သည့္ရက္မ်ားအတြ
င္း ႏွင္းမိုး႐ြာသြန္းမႈမရွိေတာ့ဘဲ ရာသီဥတုၾကည္
လင္ေနသည့္အျပင္ ျဖာက်ေနေသာ ေနေရာင္ျခ
ည္က လူတိုင္းကို အႏြေးဓာတ္ေဆာင္ၾကဥ္းေပးလ်က္ရွိသည္။ သို႔ေသာ္ ေျမျပင္ေပၚမွ ဆီးႏွင္းမ်ားမွာ အၿပီးတိုင္ အရည္ေပ်ာ္က်သြားျခင္းမရွိေသးသည့္အတြက္ မ်က္စိတစ္ဆုံး ျမင္ေနရေသာ အျဖဴေရာင္လြင္ျပင္က်ယ္ႀကီးဟာ တစ္မ်ိဳးတစ္
ဖုံလွပေနျပန္သည္။

"ဒီအခ်ိန္ဆိုရင္ ယင္းေမ့ဥယ်ာဥ္ထဲမွာ တ႐ုတ္ဇီးပန္းေလးေတြ ေဝေဝဆာဆာပြင့္ေနေလာက္ၿပီ..
လ်န္သခင္ေလးကို ေခၚသြားေပးပါရေစ"

က်ဴးယြဲ႕က တက္ႂကြစြာ ေျပာၿပီး ေဝ့လ်န္ကို ေတာင္ဘက္သို႔ ေခၚေဆာင္သြားသည္။ ယင္းေမ့
ဥယ်ာဥ္သည္ နန္းေတာ္၏ ေတာင္ဘက္ပိုင္းတြင္ အမွန္တကယ္ တည္ရွိေနျခင္းျဖစ္ေသာ္လည္း က်ဴးယြဲ႕က တစ္စုံတစ္ခုကို ထိမ္ခ်န္၍ ေျပာခဲ့ျခင္းျဖစ္သည္။ ယင္းေမ့ဥယ်ာဥ္သို႔ သြားနိုင္သည့္ လမ္းႏွစ္လမ္းရွိသည္။ ပုံမွန္အားျဖင့္ နန္းတြင္းအမႈထမ္းမ်ားသည္ ယခု ေဝ့လ်န္ႏွင့္ က်ဴးယြဲ႕
တို႔ သြားေနသည့္လမ္းကို ေရွာင္တိမ္းၿပီး အျခား
တစ္လမ္းမွသာ သြားေလ့ရွိၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယခု က်ဴးယြဲ႕ ေ႐ြးခ်ယ္ထားေသာ လမ္းသည္ ခ်င္ဧကရာဇ္၏ သက္ေတာ္
ေစာင့္ေခြးကို ထိန္းသိမ္းထားသည့္ ယန္ရွို႔ေလွာင္
အိမ္ေရွ႕မွ ျဖတ္ရျခင္းေၾကာင့္ပင္။

ထိုအေစာင့္ေခြးကို လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန့္က လ်န္အင္ပါယာမွ လက္ေဆာင္ပဏၰာအျဖစ္ ေပးပို႔ထားျခင္းျဖစ္သည္။ ခ်င္ဧကရာဇ္သည္ အေစာင့္ေခြးကို ခ်င္အင္ပါယာသို႔ ေရာက္လာစဥ္ကတည္းက ေမြးျမဴထားသည့္အတြက္ ယခုအခါ ႏွစ္ႏွစ္သားအ႐ြယ္သို႔ ေရာက္ေနေခ်ၿပီ။ အေစာင့္ေခြးသည္ လူတစ္ဝက္စာနီးပါး ျမင့္ၿပီး အစြယ္ေငါေငါျဖင့္ အလြန္ေၾကာက္စရာေကာင္းေသာ ေခြးတစ္ေကာ
င္ျဖစ္သည္။ သူသည္ လိမၼာပါးနပ္မႈရွိၿပီး ခ်င္ဧ
ကရာဇ္က်ီယြဲ႕၏ အသက္ကို အႀကိမ္ေပါင္းမ်ားစြာ ကယ္တင္ဖူးသည္။ သူ၏ သခင္က်ီယြဲ႕ကို လုပ္ႀကံသတ္ျဖတ္ရန္ ခ်ဥ္းကပ္လာသူတိုင္းကို အသားစိမ္းဝါးသကဲ့သို႔ လည္မ်ိဳမွ ကိုက္သတ္
ပစ္တတ္သည္။

လူ႕အေသြးအသားကို စားၿပီးသည့္ေနာက္တြင္ ပိုအရိုင္းဆန္လာၿပီး စစ္သူႀကီး သုံးဦးမွ ငါးဦးပင္လွ်င္ ထိုသက္ေတာ္ေစာင့္ေခြးကို ေကာင္းစြာ ထိန္းေက်ာင္းနိုင္ျခင္းမရွိေတာ့ေပ။ သက္ေတာ္ေစာင့္ေခြးသည္ ခ်င္ဧကရာဇ္မင္းက်ီယြယ့္တစ္ဦးတည္းကိုသာ သစၥာရွိစြာ ရိုက်ိဳးၿပီး အျခားသူစိမ္းမ်ားအေပၚ အလြန္ဆိုး႐ြားစြာ ဆက္ဆံတတ္သ
ည္။ အစာေကြၽးသည့္ အမႈထမ္းမ်ားဆိုလွ်င္
သက္ေတာ္ေစာင့္ေခြး အိပ္ေပ်ာ္ေနခ်ိန္မွသာ အစာခြက္ကို ဝင္ထားေပးရဲၾကသည္။

ထို႔ေၾကာင့္ သာမန္အေစခံမ်ား၊ အမႈထမ္းမ်ားအေနႏွင့္ ယန္ရွို႔ေလွာင္အိမ္ေရွ႕သို႔ ေယာင္၍ပင္ ျဖတ္မေလွ်ာက္ရဲၾကေခ်။ သို႔မွမဟုတ္လွ်င္ သက္ေတာ္ေစာင့္ေခြး၏ လက္ခ်က္ေၾကာင့္ အသက္ေပ်ာက္သြားရလိမ့္မည္။ ခ်င္ဧကရာဇ္၏ မ်က္
လုံးထဲတြင္ သူတို႔၏ အသက္မ်ားသည္ သက္ေတာ္ေစာင့္ေခြး၏ အသက္ေလာက္ အေရးမႀကီးလွေပ။ ဤသည္မွာ နန္းေတာ္ထဲမွ သာမန္အေျခ
အေနတစ္ခုျဖစ္သည္။ အခ်ိဳ႕သူမ်ားသည္ ဘဝကို ေခြးတစ္ေကာင္ထက္ ဆိုး႐ြားစြာ ရင္ဆိုင္ျဖတ္
သန္းေနရသည္။

သက္ေတာ္ေစာင့္သတၱဝါမ်ားသည္ မ်ားေသာအားျဖင့္ေနရာအက်ယ္ႀကီးတြင္ သံေျခက်င္းအခတ္မခံရဘဲ လြတ္လပ္စြာ ေနထိုင္ေလ့ရွိၾကသည္။ ခ်င္ဧကရာဇ္သည္ သက္ေတာ္ေစာင့္ေခြးႏွင့္ ေဆာ့ကစားေပးေလ့ရွိၿပီး ရံဖန္ရံခါတြင္ ယန္ရွို႔ေလွာင္အိမ္ထဲ၌ တေရးတေမာ အိပ္ေပ်ာ္သြားေလ့ရွိသည္။ သက္ေတာ္ေစာင့္ေခြးသည္ ယန္ရွို႔ေလွာင္အိမ္ကို သူ၏ နယ္ေျမအျဖစ္သတ္မွတ္ၿပီး အျပင္သို႔ ထြက္လာေလ့မရွိေပ။ သခင္ျဖစ္သူမွ
လြဲ၍ ေလွာင္အိမ္ထဲသို႔ တစ္စုံတစ္ဦးက က်ဴး
ေက်ာ္လာပါက ရန္သူအျဖစ္သတ္မွတ္ၿပီး မဆိုင္း
မတြကိုက္သတ္ပစ္တတ္သည္။ တစ္ခါကအမႈ
ထမ္းတစ္ဦးသည္ ယန္ရွို႔ေလွာင္အိမ္ထဲသို႔ လမ္း
မွားဝင္မိသည့္အျပစ္ေၾကာင့္ ပြဲခ်င္းၿပီး ကိုက္သတ္ခံခဲ့ရသည္။ ခႏၶာကိုယ္တစ္ပိုင္းက သက္ေတာ္ေစာင့္ေခြး၏ အစာအိမ္ထဲသို႔ ေရာက္သြားၿပီး က်န္တစ္ပိုင္းကိုသာ ေျမျမႇုပ္ေပးခဲ့ရသည္။ အဆုံးတြင္ ထိုအမႈထမ္းသည္ လူမသိသူမသိ ကိုက္သတ္ခံရၿပီး ေသဆုံးသြားခဲ့သည္။

က်ဴးယြဲ႕သည္ သက္ေတာ္ေစာင့္ေခြးကို အသုံးခ်ၿပီး ေဝ့လ်န္ကို သတ္ပစ္ရန္ ႀကံ႐ြယ္ထားသည္။ သူမ၏အႀကံအစည္သည္ အကြက္က်နလွေပသည္။ ေဝ့လ်န္ကို သက္ေတာ္ေစာင့္ေခြး၏ အစာအျဖစ္ ေကြၽးျခင္းအားျဖင့္ သူမ၏ လက္တြင္ ေသြးစြန္းစရာမလိုဘဲ ရွင္းထုတ္ၿပီးသားျဖစ္သြားလိမ့္မည္။ မနာလိုစိတ္ဟာ ရွိရင္းစြဲ အသိစိတ္ကို လြတ္ထြက္သြားေစသည္။ က်ဴးယြဲ႕သည္ ေဝ့လ်န္ကို သူမ၏ လက္ႏွင့္ မသတ္ဝံ့ေသာ္လည္း ထိခို
က္နာက်င္ေအာင္ လုပ္နိုင္သည့္ နည္းလမ္းမ်ား
စြာရွိေနေသးသည္။

*****

ယန္ရွို႔ေလွာင္အိမ္အနီးသို႔ ေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ က်ဴးယြဲ႕က သူမပါ သက္ေတာ္ေစာင့္ေခြး၏ အစာျဖစ္သြားမည္ကို ေၾကာက္႐ြံ႕သည့္အတြက္ ေဝ့လ်န္ကို လီဆယ္ေျပာလာသည္။

"အား လ်န္သခင္ေလး..ကြၽန္ ကြၽန္မ ဗိုက္အရမ္းနာလာလို႔ ေရအိမ္သြားလိုက္ပါအုံးမယ္..ယင္းေမ့ဥယ်ာဥ္ေရာက္ဖို႔ သိပ္မလိုေတာ့ပါဘူး..ဒီလမ္းအတိုင္း ေရွ႕တည့္တည့္ ဆက္သြားလိုက္ရင္ ေရာ
က္ပါၿပီ..ကြၽန္မ ေျဖရွင္းၿပီးတာနဲ႕ အျမန္ဆုံး ျပန္
လာခဲ့ပါ့မယ္"

က်ဴးယြဲ႕သည္ ေဝ့လ်န္၏ အေျဖကို မေစာင့္ဘဲ လွစ္ခနဲ ေျပးထြက္သြားသည္။ ေဝ့လ်န္သည္ ေနရာတြင္ ရပ္ၿမဲအတိုင္း ရပ္ၿပီး က်ဴးယြဲ႕၏ ေနာ
က္ေက်ာ ေပ်ာက္ကြယ္သြားသည္အထိ တိတ္တ
ဆိတ္ ရပ္ၾကည့္ေနသည္။ က်ဴးယြဲ႕ကို လုံးဝ မျမင္ရေတာ့သည့္အခ်ိန္မွသာ သူလည္း နန္းေတာ္ဘ
က္သို႔ ျပန္လွည့္လာသည္။

က်ဴးယြဲ႕၏ အျပဳအမူက မူမမွန္ေၾကာင္း သူအ
ေစာကတည္းက ရိပ္မိေနျခင္းျဖစ္သည္။ အေရွ႕တြင္ အႏၱရာယ္တစ္ခုခုရွိနိုင္သည့္အတြက္ လူကိုယ္တိုင္ သြားစပ္စုမည့္အစား နန္းေတာ္သို႔ ျပန္ၿပီး အျခားသူမ်ားကို ေမးလိုက္ျခင္းက ပိုေကာင္းလိမ့္မည္။

သူသည္ ေျပာတိုင္းယုံတတ္ေသာ ငႏုံငအတစ္ဦး
မဟုတ္ပါေခ်။

သူ႕လိုလူမ်ိဳးကိုမွ လွည့္စားခ်င္ေနသည့္ က်ဴးယြဲ႕ကသာ ငႏုံငအျဖစ္သည္။ သူတို႔ႏွစ္ဦးတည္း လမ္းေလွ်ာက္ထြက္လာၿပီး အျပန္တြင္ သူျပန္မပါလာပါက ျဖစ္လာမည့္ ေနာက္ဆက္တြဲ အက်ိဳး
ဆက္ကို မေတြးမိသည္အထိ ႏုံအလြန္းေသာ အေစခံမိန္းကေလးမဟုတ္ပါလား။

"တကယ့္ငတုံးပဲ"

ေဝ့လ်န္သက္ျပင္းခ်လိဳက္သည္။ သူ ျပန္လွည့္ထြက္ခါနီးတြင္ ေနာက္ေက်ာဘက္မွ ႐ုတ္တရက္ တိုက္ခတ္လာေသာ ေလစိမ္းမ်ားကို ခံစားမိသ
ည္။ ေဝ့လ်န္သည္ ခႏၶာကိုယ္ကို ျဖည္းညွင္းစြာ လႈပ္ရွားၿပီး ေငြအပ္မ်ားကို ထုတ္ကာ ေက်ာအ
ေနာက္ဘက္မွ ရန္သူထံသို႔လွစ္ခနဲ ပစ္လိုက္သည္။ ေငြအပ္မ်ားသည္ ေနအလင္းေရာင္ေအာက္တြင္ ၿပိဳးၿပိဳးျပက္ျပက္ ေတာက္ပလ်က္
ရန္သူ၏ ခႏၶာကိုယ္ထဲသို႔ တစ္ေခ်ာင္းခ်င္းစီ နစ္ဝင္သြားသည္။ ရန္သူကား ျခေသ့္လည္ဆံေမႊးကဲ့သို႔ ေ႐ႊအိုေရာင္ အေမႊးထူထူႀကီးမ်ားႏွင့္ ေၾကာက္စရာေကာင္းေလာက္ေအာင္ကို အ
ေကာင္ႀကီးမားေသာ သက္ေတာ္ေစာင့္ေခြးျဖစ္ေနသည္။ ေဝ့လ်န္ကို ခုန္အုပ္ခါနီးတြင္ ေငြအပ္အစြမ္းျပလာၿပီး ေလထဲတြင္ တမုဟုတ္ခ်င္း ေတာင့္တင္းသြားကာ ေျမျပင္ေပၚသို႔ ဗိုင္းခနဲ
ျပန္ျပဳတ္က်လာသည္။

"အာ..?"

ေဝ့လ်န္က သက္ေတာ္ေစာင့္ေခြးကို အေသ
အခ်ာ ၾကည့္ၿပီး ေျပာသည္။

"ဘာမ်ားလဲလို႔ ရင္ခုန္လိုက္ရတာ တကယ္တမ္းက်ေတာ့ ေသးေသးပိစိေလးျဖစ္ေနပါေရာလား"

ဧရာမသက္ေတာ္ေစာင့္ေခြး: "...."

ေနပါအုံး ဘာျဖစ္တယ္ ေသးေသးပိစိေလးဟုတ္လား..ေနာက္တစ္ႀကိမ္ျပန္ေျပာေပးလို႔
ရမလား?

ဒါငါ့ကိုေစာ္ကားတာပဲကြ!

သက္ေတာ္ေစာင့္ေခြးသည္ သူ႕အေရွ႕မွ ပိန္သြယ္သြယ္ ေယာက်ာ္းကို ေျခာက္လွန့္ရန္ ေဒါသတႀကီး မာန္မဲလိုက္သည္။ ေဝ့လ်န္က အလိုမက်
စြာ မ်က္ေမွာင္ၾကဳတ္ၿပီး ခပ္ျပတ္ျပတ္ အမိန့္
ေပးသည္။

"မင္းပါးစပ္ပိတ္ထား"

သက္ေတာ္ေစာင့္ေခြးကမူ ေဝ့လ်န္၏ စကားကို
နားမေထာင္ဘဲ ပိုက်ယ္ေလာင္စြာ မာန္မဲသည္။

"ေဝါင္း!"

သို႔ေသာ္ ထိုအခိုက္အတန့္တြင္ ေဝ့လ်န္၏ အၾကည့္မ်ားက ၾကက္သီးထဖြယ္ေကာင္းေလာက္
ေအာင္ ေအးစက္သြားသည္။ သက္ေတာ္ေစာင့္ေခြးသည္ အႏၱရာယ္ကို အလိုလို ရိပ္စားမိသြားၿပီး ေဒါသတႀကီး မာန္မဲေနရာမွ ေၾကာက္႐ြံ႕မႈအျဖစ္သို႔ ႐ုတ္ခ်ည္း ေျပာင္းလဲသြားသည္။ သူက လက္တစ္ဖက္အေပၚ က်န္တစ္ဖက္ကို တင္ၿပီး အသယနားခံသည့္သေဘာျဖင့္ နာခံမႈရွိစြာ ထိုင္ခ်လိဳ
က္သည္။ တိရစ္ဆာန္မ်ားသည္ အႏၱရာယ္ႏွင့္ ႀကဳံ
ေတြ႕လာရခ်ိန္တြင္ လူသားမ်ားထက္ နက္ရွိုင္းစြာထိုးထြင္းခံစားနိုင္စြမ္းရွိသည္။ တစ္ဖက္ကို အနိုင္မယူနိုင္ေၾကာင္း ေသခ်ာလွ်င္ ခ်က္ခ်င္း အရႈံး
ေပးတတ္ၾကသည္မွာ သဘာဝပင္ျဖစ္သည္။

သက္ေတာ္ေစာင့္ေခြး ၿငိမ္က်သြားခ်ိန္မွသာ ေဝ့လ်န္က သူမဟုတ္သည့္အတိုင္း ႏူးညံ့စြာ ၿပဳံးၿပီး ေငြအပ္မ်ားကို တစ္ေခ်ာင္းခ်င္းစီ ျပန္ႏႈတ္ယူသည္။ သက္ေတာ္ေစာင့္ေခြးသည္ အသက္အႏၱ
ရာယ္ကို ၿခိမ္းေျခာက္နိုင္သည့္ ေငြအပ္မ်ားမရွိေတာ့သည္ႏွင့္ ေနာက္တစ္ႀကိမ္ ထႂကြလာၿပီး ေဝ့လ်န္ကို တိုက္ခိုက္ရန္ ႀကိဳးစားျပန္သည္။ သူ မထင္မွတ္ထားေသာအရာမွာ ေဝ့လ်န္က သူ၏ ေခါင္းကို ညင္သာစြာ ပြတ္သပ္ၿပီး ေလသံတိုး
တိုးျဖင့္ တည္ၿငိမ္စြာ ေျပာသည္။

"အရမ္းခ်စ္စရာေကာင္းတာပဲ..ဒီေခါင္းေလးကိုသာျပဳတ္ေသာက္ရင္ ဘယ္ေလာက္ေတာင္ အရသာရွိလိုက္မလဲေနာ္"

ဧရာမသက္ေတာ္ေစာင့္ေခြး : "....."

ဝူးဝူးဝူးဝူး~~မွားပါၿပီ!

သခင္ဘယ္မွာလဲ..ဘာျဖစ္လို႔ ဒီလိုေၾကာက္စရာေကာင္းတဲ့ လူသားကို ကြၽန္ေတာ့္ဆီ လႊတ္လိုက္ရ
တာလဲ~ ဝူးဝူးဝူး~

သူသည္ ေလွာင္အိမ္ထဲသို႔ သခင္ျဖစ္သူမွလြဲ သူစိမ္းတစ္ဦးဝင္လာလွ်င္ ဝင္လာသမွ်လူတိုင္းကို အစာအျဖစ္ သတ္မွတ္ခဲ့ေသာ္လည္း ဤသူ
စိမ္းကမူ သူ႕ကို မေၾကာက္သည့္အျပင္ အစာအ
ျဖစ္ ျပန္သတ္မွတ္ေနေသးသည္။

လူသားေတြမ်ား ေၾကာက္စရာေကာင္း
လိုက္တာေနာ္!

ေနာက္ဆုံးတြင္ သက္ေတာ္ေစာင့္ေခြးသည္ ေဝ့လ်န္ကို ရန္မျပဳရဲေတာ့ဘဲ ေျမျပင္ေပၚတြင္သာ ေခြေခြေလး ၿငိမ္ေနေတာ့သည္။

သခင္ေရ ကြၽန္ေတာ့္ကို လာကယ္ပါအုံး!

အယ္..သခင္လား?

သခင္ေရ ဒီမွာ ဒီမွာ ကြၽန္ေတာ္ဒီမွာ..ကယ္ပါ
အုံးဗ်ိဳ႕!

သက္ေတာ္ေစာင့္ေခြးသည္ ယန္ရွို႔ေလွာင္အိမ္အနီးသို႔ အနက္ေရာင္အဝတ္အစားျဖင့္ လူတစ္ေယာက္ေရာက္လာေၾကာင္း ျမင္သည္ႏွင့္ မ်က္
လုံးမ်ား ေတာက္ပသြားၿပီး အေျပးႀကိဳဆိုရန္ ခ်ထရပ္လိုက္သည္။ သို႔ေသာ္ သူ႕နံေဘးတြင္ ရပ္ေနေသာ ေယာက်ာ္းက သူ႕ထက္ ပိုျမန္၏။ ထိုသူက သူ၏ သခင္ျဖစ္သူထံသို႔ အလြန္ လ်င္ျမန္စြာ ေျပးဝင္သြားၿပီး ရင္ခြင္ထဲသို႔ အားရပါးရ ပစ္လွဲလိုက္ေလသည္။

"အရွင္ဧကရာဇ္ ေဝ့လ်န္ အရမ္းေၾကာက္ေနတာ"

သက္ေတာ္ေစာင့္ေခြး : "...."

ေဟ့ လူသားေကာင္ မင္းတကယ္ေျပာေနတာလား!

ေၾကာက္ရမွာငါမဟုတ္ဘူးလားလို႔!

သက္ေတာ္ေစာင့္ေခြးႀကီးမွာ သူ႕အေရွ႕မွ ေယာ
က်ာ္းႏွစ္ဦး ဖက္ေနသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ဆြံ႕အသြားရသည္။ က်ီယြဲ႕သည္ သူ႕ကို အတင္းေပြ႕ဖက္ထားေသာ ေဝ့လ်န္ကို ၾကည့္ၿပီး အတန္
ငယ္ အံ့ၾသသြားရသည္။ ေဝ့လ်န္ႏွင့္အတူ ေနာ
က္လိုက္အမႈထမ္းမ်ား ပါလာမည္အထင္ႏွင့္ ခပ္တင္းတင္း ျပန္ေပြ႕ဖက္ၿပီး ေခ်ာ့ျမဴလိုက္သည္။

"ကိုယ့္ကို ေျပာပါအုံး..မင္း ဘယ္လိုျဖစ္ၿပီး ဒီကိုေရာက္လာရတာလဲ "

အမွန္တြင္ က်ီယြဲ႕သည္ နံနက္ခင္း ႐ုံးေတာ္တက္ၿပီးကတည္းက ယမန္ေန႕ညက မက္ခဲ့ေသာ ရွက္စရာေကာင္းလွသည့္ အိပ္မက္ကို မၾကာခဏ ေတြးေနမိျခင္းေၾကာင့္ ေဝ့လ်န္ႏွင့္ မ်က္ႏွာခ်င္း
မဆိုင္ရဲေပ။

အား...သူနဲ႕မေတြ႕ခ်င္ဘူး မေတြ႕ခ်င္ဘူး!

ထို႔ေၾကာင့္ ယန္ရွင္းအေဆာင္ေတာ္သို႔ မျပန္ေသးဘဲ သက္ေတာ္ေစာင့္ေခြးႏွင့္ ေဆာ့ကစားေပးရန္ ယန္ရွို႔ေလွာင္အိမ္ဘက္သို႔ စိတ္ေျပလက္ေပ်ာက္ ထြက္လာျခင္းျဖစ္သည္။ သို႔ေသာ္ ေဝ့လ်န္က သူ႕ရင္ခြင္ထဲသို႔ အေျပးအလႊား ပစ္ဝင္လာလိမ့္မည္ဟု လုံးဝ မထင္ခဲ့မိေပ။ ေဝ့လ်န္က သူ႕ကို ေမာ့ၾကည့္ၿပီး နီရဲေနေသာ မ်က္ဝန္းတစ္စုံျဖင့္ ေစာ
ဒကတက္သည္။

"ေဝ့လ်န္က နန္းေတာ္ထဲကို ေရာက္တာ ရက္နည္း
နည္းၾကာၿပီဆိုေပမယ့္ နန္းေတာ္အေၾကာင္း ဘာမွ မသိေသးလို႔ လမ္းေလွ်ာက္ထြက္ၾကည့္တာပါ..အဲ့ဒီမွာ သူက ႐ုတ္တရက္ ေရာက္လာၿပီး ေဝ့လ်န္ကို ခုန္အုပ္ဖို႔ လုပ္ေနတယ္..အရမ္းေၾကာက္ဖို႔ေကာင္းတာပဲ"

ဧရာမသက္ေတာ္ေစာင့္ေခြး: "....."

ငါက မင္းကို ပိုေၾကာက္တယ္ေနာ္..ေက်းဇူးပဲ!

က်ီယြဲ႕သည္ သူ႕ရင္ခြင္ထဲမွ ေဝ့လ်န္၏ မ်က္ရည္ဝိုင္းေနေသာ ႐ႊန္းစိုေတာက္ပသည့္ မ်က္ဝန္းတစ္
စုံကို ၾက ည့္ၿပီး ယမန္ေန႕ညက အိပ္မက္ကို ေနက္တစ္ႀကိမ္ ျမင္ေယာင္လာျပန္သည္။ အိပ္မက္ထဲတြင္လည္း ေဝ့လ်န္က ပုလဲမ်က္ရည္ခေသာ မ်
က္ဝန္းတစ္စုံျဖင့္ သနားသက္ညွာေပးရန္ ေတာ
င္းပန္တိုးလွ်ိုးခဲ့သည္မဟုတ္လား။

"အဟြတ္ အဟြတ္"

ေတာ္ေလာက္ၿပီ ေတာ္ေလာက္ၿပီ...

အိပ္မက္အေၾကာင္းကို ဆက္မေတြးသင့္ေတာ့ေပ။ မည္သို႔ပင္ျဖစ္ေစ သူသာ အေရာက္ေနာက္
က်သြားပါက ေဝ့လ်န္ အႏၱရာယ္ျဖစ္သြားနိုင္သ
ည္။ ျဖစ္နိုင္ေခ်ကိဳ ေတြးမိ႐ုံျဖင့္ က်ီယြဲ႕၏ ႏွလုံး
သားတစ္ခုလုံး ႐ုတ္ခ်ည္း ေလးလံၿပီး မေပ်ာ္မ႐ႊင္ျဖစ္သြားရေလသည္။ သူ႕အတြက္ ေဝ့လ်န္သည္ အလြန္ စိတ္ဝင္စားစရာေကာင္းျဖစ္ၿပီး
ေဝ့လ်န္သာမရွိပါက ခ်င္နန္းေတာ္တစ္ခုလုံး ယခင္အတိုင္း ျပန္အသက္မဲ့သြားလိမ့္မည္။ သခင္ျဖစ္သူ၏ အေတြးကို ဖတ္နိုင္ေသာ သက္ေတာ္ေစာင့္ေခြးႀကီးခမ်ာမွာ စိတ္ပ်က္လက္
ပ်က္ျဖစ္သြားရေလသည္။

သခင္ေရ သခင္သာ ေနာက္က်ၿပီးမွ ေရာက္ရင္ စြပ္ျပဳတ္ျဖစ္သြားမယ့္သူက ကြၽန္ေတာ္ပါေနာ္..
ေက်းဇူးေတြလည္းတင္ပါတယ္လို႔!

"မေၾကာက္ပါနဲ႕ အားမုံ႕က အရမ္းအေဆာ့မက္တယ္..သူ႕မွာ မင္းကို ဒုကၡေပးခ်င္တဲ့စိတ္မ်ိဳး
မရွိပါဘူး..သူ႕ကိုၾကည့္ရင္ ေၾကာက္စရာေကာင္းတယ္လို႔ထင္ရေပမယ့္ တကယ္တမ္းက်ေတာ့ အားမုံ႕ဆိုတဲ့ နာမည္အတိုင္းပဲ အရမ္းခ်စ္ဖို႔ေကာင္းတယ္"

ေဝ့လ်န္သည္ က်ီယြဲ႕၏ ရင္ခြင္ထဲတြင္ မွီေနရင္း ဧရာမေခြးႀကီးကို တိတ္တဆိတ္ လွမ္းၾကည့္လိုက္သည္။

ခ်င္ဧကရာဇ္က ျခေသ့္လို ေ႐ႊေရာင္လည္ဆံေမႊးေတြနဲ႕ ဧရာမေခြးႀကီးကို အားမုံ႕လို႔ နာမည္ေပးထားတာလား?

အားမုံ႕ရဲ႕ မုံ႕ဆိုတဲ့ စကားလုံးက ႏူးညံ့ၿပီးခ်စ္စရာ
ေကာင္းတယ္ဆိုတဲ့ မုံ႕လား

ထားလိုက္ပါေတာ့..ဒါမ်ိဳးထူးထူးဆန္းဆန္းေတြ နာမည္ေပးတတ္တာ ခ်င္ဧကရာဇ္တစ္ေယာက္
ပဲရွိမယ္ထင္တယ္..

Continue Reading

You'll Also Like

243K 23.6K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
260K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
12.6K 1.6K 7
Title: It's Okay, I'll Take Care of You (没关系,我养你) Author: 半纸清骨 CP: Weed x Little Corn Translator: Polarbearadise Editor: Mosstree Disclaimer : I don'...
20.8K 3K 34
Web Novel (CN) Name- How To Say I Love You Original Author: Feng Liu Shu Dai/ 风流书呆 Artists: N/A Year-2017 Status in COO- 136 Chapters +1 Extra [Comp...