ဒီနေ့ ဘာဒါ တင်ရမယ့်စာအတွက် အသည်းအသန်ရေးနေရတယ်။
သုံးရက်ပဲလိုတော့တာလေ။
တစ်ရက်တစ်ရက် မဟုတ်တဲ့အတွေးတွေပဲ ဝင်နေတာကြောင့်
စာတင်ဖို့ လုပ်တာမပြီးနိုင်ဘူးဖြစ်နေတယ်။
လောလောဆယ်တော့
အချိန်ပိုင်းအလုပ်သမားလေးတစ်ယောက်ရဲ့တစ်နေ့တာကို aethestic vibeဘက်သွားတာလေး ရေးပြီး
filmကိုလည်း ဆရာ မရွေးရင်တောင်
ကိုယ့်ဘာသာ လိုက်ရိုက်ကြည့်ဦးမယ်လို့တွေးထားတယ်။
အိမ်နားက Cafeမှာ ထိုင်ရေးနေတာဖြစ်ပြီး
ဂျူဟော့က ဘာဒါ့ကို လာစောင့်ပေးနေတယ်။
ဒီကြားထဲ မတွေ့ဖြစ်ကြဘူးလေ။
ဒီနေ့လည်း တမင်ခေါ်လိုက်တာ။
ခဏခဏမတွေ့ဖြစ်လို့ တခြားကိုစိတ်ရောက်နေတာများလားလို့။
''ကိုယ့်ကို ခေါ်ပြီး စာပဲလုပ်နေတော့တာပဲ
အီဘာဒါ''
''မတွေ့တာကြာပြီမို့လို့လေ''
''သတိရလို့လား ''
သူမေးတော့ ကိုယ့်ဘာသာလည်း မေးဖြစ်တယ်။
အဖြေကြီးက အဆင်ပြေမနေပါ။
တိတ်ဆိတ်နေတဲ့ဘာဒါကို ဂျူဟျော့က
''ဘာလို့အခုထိ မပြီးသေးတာလဲ
အရင်ကဆို ရှေ့ဆုံးကပြီးနေပြီးတော့''
''အင်း အခုတလော စာစိတ်မဝင်စားလို့''
''ဘာတွေစိတ်ဝင်စားနေလို့လဲ''
''အင်း အဲလိုရှိတယ်
အိမ်စောစောပြန်ရမှာလား
ပြန်နော် ရတယ်
ဒီမှာ နီးနီးလေးကို''
''မပြန်သေးပါဘူး
ကိုယ်တို့ ဒီနေ့ 3Dသင်ရတယ်''
''ဟုတ်လား
အဆင်ပြေလား''
''ပြေပါတယ်
ဘာဒါလည်း စိတ်ဝင်စားတယ်မလား
အတန်းလာခိုးတက်မလား''
''စာစိတ်မဝင်စားဘူးဖြစ်နေပါတယ်ဆိုမှ''
''နေရောကောင်းလား
လူတောင်နည်းနည်းချောင်သွားသလိုပဲ''
''လူကတော့ ဒေါင်ဒေါင်မြည်
ဒီတစ်ရက်နှစ်ရက် ခရီးသွားလိုက်လို့ ပိန်သွားတာများလား''
''ခရီးမှာ အဆင်ပြေကြလား''
''ပြေပါတယ်''
ခရီးသွားတဲ့အကြောင်းပြောတော့
တစ်ယောက်သောသူကို သတိကရမိပြန်တယ်။
တွေးနေတုန်း
ဖုန်းဝင်လာတော့
''ဟုတ်ကဲ့ ပြောပါ''
''ဘာဒါလား''
ဖုန်းကိုနားကပြန်ခွာပြီး ကြည့်လိုက်မိတယ်။
တွေးနေတုန်း ဖုန်းဝင်လာတာက တကယ်ကြီးလား။
အသံတိုးရှရှလေးး..
ဘာပြောချင်လို့ဆက်တာလဲ..
ညဘက်ကြီး..
အာ အိမ်မှာ ဖြစ်နေရမှာကွာ..
ဘာဒါ ချက်ချင်းဆိုင်အပြင်ထွက်လိုက်တယ်။
''ဟုတ် ''
''တို့ပါ ချယ်ယောင်း''
''ဟုတ် သိတယ်''
မမလို့မခေါ်ချင်ဘူး..
''ဘာဒါ အင်္ကျီလေး ပြန်ပေးချင်လို့
မနက်ဖြန်အားလားဟင်''
''အာ..ရပါ..''
ရပါတယ် မပေးနဲ့လို့ပြောမယ်လုပ်ပြီးမှ
ပေးရင် တစ်ခေါက်တွေ့ရမှာကို တွေးမိသွားတယ်။
''ဟုတ် အခုလား''
''အခုတော့ မဟုတ်ဘူးပေါ့''
အခုမဟုတ်တာ သိပေမယ့် ဆန္ဒစောသွားလို့မေးမိတာပါ။
''ဘယ်ရက်အားလဲဟင်
ဒီတပါတ်ပိတ်ရက်အားလား''
''ဟို..''
မနက်ဖြန်လို့ပြောလိုက်ချင်ပေမယ့်
မနက်ဖြန်အတန်းလည်းတက်ရဦးမယ်
ရေးနေတဲ့ဇာတ်လမ်းလည်း လက်စသတ်ရမယ်..
''မအားရင်လည်း နေပါစေ
နောက်မှ..''
''အားတယ် အားတယ်
အားတယ် အားတယ်
အားတယ်နော်''
အားတာကို ဘယ်နှခေါက်ရွတ်လိုက်မိမှန်းမသိဘူး။
ဟိုဘက်က ရယ်သံသဲ့သဲ့ကြားတော့မှ
နည်းနည်းရှက်သွားမိတယ်။
''နာဟီးဆီက ဖုန်းနံပါတ်တောင်းလိုက်တာ
ဒါဆို စနေနေ့တွေ့မယ်နော်
နေရာတော့ နောက်မှပြန်ပြောကြတာပေါ့''
ဘယ်မှာတွေ့ရပါ့။
အားးးးး အပျော်လွန်တဲ့ feelingက ဝင်လာပြန်တယ်။
ဆိုင်ထဲပြန်ဝင်ခဲ့တော့
ဂျူဟော့က
''ဘယ်သူမို့လို့ ဒီလောက်ပျော်နေတာလဲ''
''အသိအစ်မပါ''
''သြော်''
''ဂျူဟျော့ ဘာဒါပြန်တော့မယ် အိမ်ရောက်မှ ဆက်ရေးမယ်
ဂျူဟျော့လည်းပြန်တော့''
''ok ok''
ဆိုင်ရှေ့မှာ ပုခုံးချင်းတိုက်နှုတ်ဆက်ပြီး
ပြိုင်ဘီးလေးစီးပြီး အိမ်ကိုပြန်ခဲ့လိုက်တယ်။
ဘာရယ်မဟုတ် အိမ်မှာက သူမအငွေ့အသက်လေးတွေရှိတယ်မလား..။
.......
ဒီနေ့ ကျောင်းနားက ဆိုင်မှာ
ဘာဒါတို့သုံးယောက်ထိုင်ဖြစ်ကြတော့
''ဆရာကလည်း ငါတို့ဟာတွေမရွေးဘူးဟယ်
ဘာဒါတော့အရွေးခံရမယ်ထင်တာ''
''ငါတော့မထင်ပါဘူး''
''ငါပြောဦးမယ်
နာဟီးရေ ဘာဒါအကြောင်းပြောဦးမယ်
ခရီးသွားတဲ့ရက်က ရိုက်ထားတာတွေ ကြည့်ချင်လို့ သူ့cameraတောင်းလိုက်တာ
ငါ့အတွက်ရိုက်ပေးတာကနည်းနည်း
မမချယ်ယောင်းကိုပဲ လှည့်ပတ်ရိုက်ထားတာနော်
videoတွေရော photoရော zoomတွေပါဆွဲပြီးတော့..''
သွားပါပြီ..
ဟယ်ဝန်းကိုမပေးခင် ကူးထားလိုက်ပေမယ့်
မဖျက်လိုက်မိဘူးထင်တယ်..
''ဟဲ့ နင်က ဘယ်လိုဖြစ်
အခုတလော ကျောင်းကကောင်မလေးတွေလှလားလို့မေးရတာနဲ့
ငါတို့ကျောင်းက မိန်းကလေးတွေအတွက် သတင်းကောင်းရှိပြီလား''
နာဟီးက စနောက်ပြီးပြောနေတာဆိုပေမယ့်
သူ့မှာတော့မလုံမလဲ..
''မဟုတ်ပါဘူး
ဒီတိုင်းပဲ လှလို့''
''ဟဲ့ အဲ့မမက လှတာတော့တကယ်လှတယ်နော်
ဘယ်လိုလေးလည်းမသိဘူး''
''အဲ့လောက်လှတာတောင် သူ့လူကြီးက ဖောက်ပြန်..''
''ပြတ်ပြီလား''
''သြော် ငါ့စကားဆုံးအောင် နားထောင်ပါဦး ဘာဒါရယ်''
''ပြတ်ပြီတဲ့ မပြတ်ခင်တော့ အသည်းအသန်တောင်းပန်တာတဲ့နော် ယောင်္ကျားတွေများမကောင်းဘူး
ကြားလား နင်တို့နှစ်ယောက်
ငါကတော့singleဆိုတော့ အေးဆေးပဲ''
''ငါ့ကိုကိုမပါဘူး
နော်
ဘာဒါမှာလည်း ဂျူဟျော့က စိတ်ချရပါတယ်''
''..''
ပြတ်ပြီပေါ့
တော်သေးတာပေါ့
စိတ်မာသားပဲ
အိပ်မိတယ်ဆိုပြီး ပြန်လက်ခံလိုက်မှာကြောက်နေရတာ..
''ပြောဦးမယ် ဒီတပါတ်ပိတ်ရက် ငါတို့အိမ် အခန်းဖွဲ့တွေဘာတွေပြန်လုပ်ရမှာမို့လို့
၂ရက်လောက် မမချယ်ယောင်းတိုက်ခန်းကိုသွားအိပ်ကြမှာ''
နာဟီးကပြောတော့
ဟယ်ဝန်းက
''ဒါဆို ငါတို့ စာစုလုပ်မှာကရော..''
''နောက်တပါတ်မှလုပ်ရအောင်''
''အဲ့မမအိမ်မှာ မရဘူးလား''
ဘာဒါဝင်မေးလိုက်တယ်။
တီရှပ်ပြန်ပေးမယ်လို့လည်းပြောထားတယ်လေ။
''အင်းးး ရတော့ရမှာပါ
အားနာလို့''
''မေးကြည့်လိုက်လေ နင့်မမကို''
''အင်း ငါမေးလိုက်မယ်''
.......
ဒီနေ့ ဂျယ်ဟီးတို့ ချယ်ယောင်းအိမ်ကို လာနေကြမယ်။
အိမ်ပြင်နေတော့
ဒီမှာနေလို့ပြောလိုက်တာ
အရင်လည်း ဂျယ်ဟီးက လာအိပ်နေကျ။
ဂျယ်ဟီးကတော့ မနက်ကတည်းက ရောက်နေတာ။
''ဂျယ်ဟီး ငါလေ..''
''နှစ်ယောက်သား ဝရန်တာမှာထိုင်နေရင်း
ချယ်ယောင်းစကားစလိုက်တယ်။
''အင်း ပြော''
''ငါ ဘယ်သူနဲ့အိပ်လိုက်တာလဲမသိဘူး''
''ဟယ် နင်အိပ်ပြန်ပြီလား''
''မဟုတ်ဘူး ဟိုတခါ ''
''အဲဒါ ဂန်ဒုံဟာဆို''
''သူမဟုတ်ဘူး
သူအဲ့ကိစ္စမသိဘူး''
''ဘယ်လိုဖြစ်ရတာလဲ''
''သူ အဲ့ဒီအခန်းက ပြောင်းသွားတာကြာပြီတဲ့
ငါ့ကိုမပြောဖြစ်တာတဲ့''
''ဟယ် ဒုက္ခပဲ နင်ဟိုလူကိုလည်းမမှတ်မိဘူးပေါ့''
''မမှတ်မိဘူး ငါအရမ်းမူးနေတာ''
''မနက်ကျ မမြင်ခဲ့ဘူးလား''
''မိုးမလင်းခင်ပြန်ခဲ့တာ မှောင်နေလို့ ဘာမှမမြင်ရဘူး''
''ဂန်ဒုံဟာမဟုတ်တာပဲ ကံကောင်းတယ်''
''ဒါပေမယ့်
အဲ့လူက ဓာတ်ပုံတွေ videoတွေရိုက်ထားရင် ဘယ်လိုလုပ်မလဲဟင်
ငါအဲ့ဒါတွေးကြောက်နေတာ''
''နင်ရုတ်တရက်ကြီးဝင်သွားတာပဲ
videoတော့မရိုက်လိုက်ရလောက်ပါဘူးဟယ်''
''ငါအရမ်းစိတ်ညစ်တယ်''
''ချယ်ယောင်းရယ်
first timeမလား''
''အင်း.''
''သူက ငြင်ငြင်သာသာပဲလား''
''မသိဘူး အရမ်းငြင်ငြင်သာသာတော့မဟုတ်ဘူးထင်တယ်''
''ဟူးးးး မျက်နှာမမြင်ခဲ့ဘူးပေါ့
နင်ကလည်း မျက်စိစုံမှိတ်ထားတာလား''
ပြောပြီးဂျယ်ဟီးက ရယ်တယ်။
ဂျယ်ဟီးနဲ့က အားလုံးဖွင့်ပြောနေကျဆိုတော့
ဒီလိုကိစ္စလည်းပြောလို့ရတယ်။
''မျက်စိမှိတ်ထားလို့မဟုတ်ပဲ မူးနေလို့မမှတ်မိတာဟဲ့
ချောတာပဲသိတော့တယ်''
''အမယ် ချောတာတော့သိခဲ့တယ်ပေါ့''
''အရပ်လည်းရှည်တယ် မော့ကြည့်နေရတာတော့သိတယ်''
''အဲ့တိုက်ခန်းနားသွားကြည့်ကြမလား''
''ငါကြောက်တယ်..
ငါ့ကိုမြင်ရင် သူကသိမှာ
ငါကမသိဘူးလေ''
''အင်းးး''
''ပြီးတော့ ရှက်စရာကြီး''
''ထားလိုက်ပါ အဲ့လူက နင့်နာမည်တောင်မသိလိုက်ဘူးမလား
videoတွေပုံတွေလည်း မတက်လာလောက်ပါဘူး
တခါလောက် ကိုယ့်ကံကို ယုံကြည့်ကြတာပေါ့''
''အင်း''
''အင်း ဒါနဲ့ အဲ့လူက ကောင်းလား''
''အာာ ဘာတွေမေးနေတာလဲ''
ပန်းသီးတစ်လုံးလိုရဲရဲနီသွားတဲ့ ချယ်ယောင်းမျက်နှာကိုကြည့်ပြီး ဂျယ်ဟီးက ရယ်နေတော့တယ်။
ညနေစောင်းတော့
ကလေးသုံးယောက်ရောက်လာတယ်။
စာစုလုပ်မယ်ပြောထားတာတဲ့။
လက်ထဲမှာလည်း ဆိုဂျူပုလင်းတွေနဲ့။
''ဟယ် စာလုပ်ကြမှာဆို''
''ထိုင်ပြီး ဆွေးနွေးမှာဆိုတော့ ဒါလိုတယ်မမ''
နာဟီးက ရယ်ကျဲကျဲနဲ့ ဖြေတယ်။
ဘာဒါ့ကို ကြည့်လိုက်တော့
ဝတ်ထားတဲ့တီရှပ်က အဖြူရောင်။
ချယ်ယောင်းဝတ်ထားတာနဲ့ တစ်ပုံစံထဲ။
ချယ်ယောင်းဝတ်ထားတာက မိန်းကလေးsizeဖြစ်ပြီး
သူက ယောင်္ကျားလေးsizeကို ဝတ်ထားတာထင်တယ်။
''ဘာစားချင်ကြလဲ''
ဂျယ်ဟီးကမေးတော့
ဘာဒါက
''မမလုပ်ပေးမလို့လား''
''ဒါပေါ့''
''သြော် ဘာဒါ့ကို အင်္ကျီပြန်ပေးရဦးမယ်''
''ဟုတ် ရတယ် ပြန်မှယူမယ်''
ဂျယ်ဟီးက ဟင်းချက်ဝါသနာပါတယ်။
မုန့်တွေလည်းလုပ်တတ်တယ်။
ငါးယောက်သားဝိုင်းထိုင်ပြီး
စကားတွေပြောကြတယ်။
မုန့်တွေ ခုံပေါ်တင်ပြီးစီတော့ ဘာဒါက လာလုပ်ပေးတယ်။
တော်တော်အလိုက်သိတဲ့သူ။
ချယ်ယောင်းဘာလုပ်လုပ် သူရောက်လာတော့တာ။
စကားတော့ အရင်ကလောက်မပြောဘူးလို့ထင်ရတယ်။
''မမတို့ relationshipက ဘယ်နှနှစ်လဲ''
နာဟီးကမေးတော့
''၅နှစ်''
''first loveပေါ့''
''ဟုတ်တယ်''
''လူကြီးက ရက်စက်တာ''
ချယ်ယောင်းဘာမှမပြောပဲ ရယ်နေလိုက်တယ်။
''မမ ဘယ်လိုခံစားရလဲ
အဲ့လူကြီးကို မမုန်းဘူးလား''
''မုန်းတယ်''
''ပြီးတော် ဝမ်းနည်းနေတာလဲ ပြောလိုက်ဦးလေ''
ဂျယ်ဟီးက ဝင်ထောက်တယ်။
''အခုတော့ ဝမ်းမနည်းပါဘူးနော်''
''အင်းလေ ၅နှစ်တောင် တွဲလာတာကို
လုပ်ရက်တာကိုး''
''ပြတ်သွားတော့ မလွမ်းဘူးလား''
ဟယ်ဝန်းကမေးတော့
''လွမ်းစရာလား အဲ့လိုကောင်ကို''
ဝင်ဖြေတာက ဘာဒါ။
''နင်ခံစားဖူးမှ သိမယ်
လွမ်းတာတော့ လွမ်းမှာပေါ့ နော့ မမ''
''အဲ့လောက်တော့လည်းမဟုတ်ပါဘူး''
တကယ်လည်း လွမ်းချိန်မရပါ။
စသိသိချင်း စိတ်ဆိုးတာရယ်။
မူးပြီးအတူနေမိလို့ စိတ်ညစ်တာရယ်။
အတူနေတာကို သာယာမိလို့ စိတ်ရှုပ်တာရယ်။
သူမဟုတ်တာသိရဖို့ အံ့သြတာရယ်။
ဘယ်ကလူမှန်းမသိလို့ လန့်နေတာရယ်။
ဘယ်မှာလဲ လွမ်းဖို့အချိန်တောင်မရှိဘူး။
''ဟယ်ဝန်းက ကောင်လေးကို အရမ်းသဲသဲလှုပ်တာလေမမ အဲဒါကြောင့် သမီးတို့ကဆုံးမနေရတာ''
''ဟုတ်လား''
''အဲဒါက သူကအရမ်းချစ်တာကိုး ဟိဟိ''
''ဘာဒါတို့က ပုံမှန်ပဲ''
ဟင် ဘာဒါက ကောင်လေးရှိတာလား။
တော်တော့်ကို ချောလွန်းနေပေမယ့်
ကောင်လေးတစ်ယောက်လိုချောတယ်ပြောရမလား။
ကောင်လေးဆိုရင်တောင်
handsome typeဘက်သွားတယ်ပြောရမလား။
အထာကျတယ်ပြောရမလား။
ဘာပဲဖြစ်ဖြစ်
ကောင်လေးရှိတယ်တော့မထင်ရပါဘူး။
နည်းနည်းတော့ စိတ်ထဲတမျိုးဖြစ်သွားတယ်။
''ကျောင်းကကောင်မလေးတွေက ဘာဒါ့ကို ဝိုင်းကြိုက်နေကြတာလေ
သူက ဘဲရှိနေတော့ အသဲကွဲနေကြတာ''
''အာ အဲလောက်လည်းမဟုတ်ပါဘူး နင်တို့ကလည်း''
''စာလည်းတော်တော့ ဆော်ကြည်တာပေါ့''
''အင်း ဘာဒါက ချောတာကိုး''
ချယ်ယောင်းပြောတော့
ရှားရှားပါးပါး ဘာဒါက ချယ်ယောင်းကိုလှမ်းကြည့်တယ်။
''ဒါပေမယ့် အခုတလော
ဘာဒါ့ဘက်က လှတယ်လို့မြင်နေ
တာတစ်ယောက်တော့ရှိတယ်''
''ဟာ ဟေ့ တော်တော့''
ဘာဒါက ဟယ်ဝန်းပါးစပ်ကို အတင်းလက်နဲ့လိုက်အုပ်တယ်။
နာဟီးက အော်ရယ်နေတယ်။
''ဘယ်သူမို့လို့လဲ''
ဂျယ်ဟီးက ဝင်မေးတော့
ချယ်ယောင်းလည်း နားစွင့်မိတယ်။
နောက်ကောင်လေးတစ်ယောက်ကို သဘောကျနေတာလား
ဒါမှမဟုတ်..မိန်းကလေးလား....
''ရှိတယ် အဲ့လိုရှိတယ်မမရေ''
''ဟျောင့်တွေ တော်တော့''
''မကြာသေးဘူး တပါတ်လောက်ပဲရှိသေးတာ''
''ဘာမှမဟုတ်ဘူး လျှောက်ပြောနေတာ''
လျှောက်ပြောနေတာလို့ ပြောနေပေမယ့်
နားရွက်ဖျားလေးတွေပါ နီနေပုံရတော့ တကယ်ထင်ပါတယ်။
''ဆိုဂျူကုန်သွားပြီ ဆိုဂျူ''
နာဟီးထအော်တော့
ဟယ်ဝန်းက
''သွားဝယ်မယ်လေ
မမ ဒီနားမှာဆိုင်ရှိတယ်မလား''
''ရှိတယ် မမသွားဝယ်ပေးမယ်''
နာဟီးတို့က တော်တော်မူးနေတော့
ချယ်ယောင်းပဲသွားမယ်လုပ်လိုက်တယ်။
ချယ်ယောင်းလည်းမူးနေပေမယ့်
သွားနိုင်သေးတယ်။
''ဘာဒါသွားလိုက်မယ် ''
''ဘာဒါက ဆိုင်မှမသိတာ''
''ဒါဆို နှစ်ယောက်သွားရအောင်''
ဘာဒါက ချယ်ယောင်းကိုစိတ်မချပုံပေါ်လို့
ချယ်ယောင်းလည်း နှစ်ယောက်အတူသွားဖို့ သဘောတူလိုက်တယ်။
လမ်းအတူလျှောက်တော့ ချယ်ယောင်းကို အတွင်းဘက်ကလျှောက်စေပြီး
လမ်းဘက်ကလျှောက်တဲ့သူ့ကို မော့ကြည့်ရင်း
''မမတစ်ယောက်ထဲလည်း လာလို့ရပါတယ်
ကိုယ့်ရပ်ကွက်ထဲက စိတ်ချရပါတယ်''
''ဒါပေမယ့် စိတ်မချလို့''
လှည့်မကြည့်ပဲ ပြောလိုက်တာမို့
မျက်နှာကို အကဲခတ်လို့မရ။
နှစ်ယောက်သားအပေါ်က အနွေးထည်ဝတ်ထားကြပေမယ့်
အတွင်းက အင်္ကျီက ဆင်တူဆိုတော့
စုံတွဲတွေနဲ့တူနေတယ်။
ဆိုင်မှာ ဆိုဂျူဝင်ဝယ်ပြီးတော့
ပြန်ထွက်လာကြတော့
''ဟိုဌာနမှူးက ရုံးရောက်တော့ ဘာပြောသေးလဲ''
''ဘာမှတော့မပြောပါဘူး''
''တော်သေးတာပေါ့''
''အင်း သူက မမကိုချစ်သူရှိတယ်လို့ထင်နေတုန်း
ရုံးမှာလည်းမပြောပဲထားရတယ်''
''ဟင် ဒါဆို ဟိုကောင့်ကိုမြင်ရင် မမဘဲကြီးလို့ထင်နေကြမှာပေါ့''
''အင်းပေါ့
နောက်မှ ပြောမလို့ ''
''..''
လမ်းလျှောက်နေရင်း
ချယ်ယောင်းဖုန်းဝင်လာလို့ ကြည့်လိုက်တော့
''အင်း အကို''
''ချယ်ယောင်း ကိုယ်သတိရလို့''
အနားမှာ ဘာဒါလည်းရှိတော့
ချယ်ယောင်းအခက်တွေ့ရတယ်။
''နောက် ဖုန်းထပ်မဆက်ပါနဲ့
ကျမတို့ ပြတ်ပြီပဲ''
''ကိုယ်တို့တစ်ခါလောက်တွေ့ရအောင်..
တစ်ခါပဲ''
''တွေ့ပြီးပြီလေ တော်ရအောင်''
ပြောပြီး ချယ်ယောင်းဖုန်းချလိုက်တယ်။
''blockထားရမှာကို မေ့နေတာ''
မလုံမလဲရေရွတ်မိတယ်။
လမ်းတစ်လျှောက်လုံးတော့
ဘာဒါက တိတ်ဆိတ်လို့။
ချယ်ယောင်းလည်း ဘာရယ်မဟုတ်
မလုံမလဲခံစားရတယ်။
တိုက်အောက်ကိုပြန်ရောက်တော့
ဓာတ်လှေကားပြင်ရမှာမလို့ လှေကားက တက်ရမယ်တဲ့။
လေးလွှာဆိုတော့ ကိစ္စတော့မရှိပါဘူး။
ဆိုဂျူပုလင်းတွေထည့်ထားတဲ့အိတ်ကို ဘာဒါပဲကိုင်ပေးထားတာဖြစ်ပြီး
သူပဲရှေ့တက်သွားတယ်။
နှစ်လွှာမြောက်လောက်ရောက်တော့
''အဲ့လူက ဒီလိုပဲ ကပ်နေတော့မှာလား''
ဘာပြောလဲဆိုတာ ကြားပေမယ့်
ဘာသဘောနဲ့မေးတာလဲမသေချာ။
''ဟင်''
''ခုနကလူလေ
ဒီလိုပဲ မပြတ်ပဲ လာနွယ်နေတော့မှာလားလို့''
''မသိဘူးလေ''
သူ့ဘာသာ ဖုန်းဆက်တာကို ကိုယ်အဆူခံရသလိုခံစားလိုက်ရတော့
ချယ်ယောင်းဘုဆတ်ဆတ်ပြန်ဖြေလိုက်တယ်။
လှေကားတွေတက်နေရင်းက ချယ်ယောင်းပြန်ဖြေသံကြောင့်
ရုတ်တရက် ရပ်သွားတယ်။
ချယ်ယောင်းကသတိမထားမိပဲ လိုက်တက်လိုက်တော့ သူ့ကျောမှာ မျက်နှာအပ်မိတယ်။
''အာ ဆောရီး''
ချက်ချင်းလှည့်လာပြီး ငုံ့ကြည့်တယ်။
ခပ်တည်တည်မျက်နှာထားနဲ့..။
ဘာလဲ ဒါလေးကို စိတ်ဆိုးတာလား။
ချယ်ယောင်းကို လှေကားဘေးနံရံကိုကျောကပ်ပစ်လိုက်ပြီး သူက ချယ်ယောင်းရပ်နေတဲ့ အထစ်အောက်ကို ဆင်းလိုက်ကာ
ချယ်ယောင်းနှုတ်ခမ်းကို နမ်းတယ်။
မြန်ဆန်လွန်းလို့ ဘာမှမသိလိုက်ခင်
ကိုယ့်နှုတ်ခမ်းက သူ့နှုတ်ခမ်းအောက်မှာ ရှုံးနိမ့်နေပြီ။
အသာအယာစုပ်ယူနေပြီးတော့ တကယ့်ကိုအကြာကြီး။
ဒီလောက်မက်မက်မောမောနမ်းနေစရာလိုလို့လား။
မူးနေပြီထင်တယ်။
ချယ်ယောင်းသူ့ကို တွန်းဖို့မေ့နေတယ်။
သူ့လက်မှာကိုင်ထားတဲ့
ဆိုဂျူပုလင်းအေးအေးက ချယ်ယောင်းလက်မောင်းမှာကပ်လို့ အေးစိမ့်စိမ့်။
ဘာဒါ့ဆီက ရင်ခုန်သံအကျယ်ကြီးကိုကြားရတယ်။
မဟုတ်သေးဘူး ချယ်ယောင်းဆီကလား။
အို မဖြစ်နိုင်တာ..
သူ့နှုတ်ခမ်းဆီက ဘီယာနံ့သင်းသင်းကြောင့်
လူကရီဝေဝေဖြစ်လာတယ်
လူလည်း ဒူးတွေပါ ချောင်ပြီး မျက်ရည်ပါဝဲလာတယ်။
ဘာသဘောနဲ့လဲ။
ဝမ်းနည်းစိတ်က စိမ့်ခနဲထွက်လာတယ်။
သူ့ရင်ဘတ်ကို အသာတွန်းမိတော့မှ
နောက်ဆုတ်သွားတယ်။
ပြီးတော့ ဘာမှမပြောပဲ အပေါ်ကိုပြေးတက်သွားတော့တယ်။
သူ့နောက်ကျောကိုကြည့်ပြီး
နားမလည်ရှုပ်ထွေးမှုများစွာနဲ့ ခွေယိုင်ကျန်ခဲ့ရတာက ချယ်ယောင်းပါ။
အပေါ်ရောက်ကြတော့
နာဟီးနဲ့ဟယ်ဝန်းက အိပ်ပျော်နေပြီ
''အိပ်နေကြပြီဟေ့''
''အင်း ငါတို့လည်းအိပ်ကြတာပေါ့''
အနည်းငယ်တုန်နေတဲ့အသံကိုထိန်းပြီးပြောလိုက်တယ်။
လက်ဖျားတွေအေးစက်ပြီး တုန်နေကာ
ရင်ကလည်း ခုန်နေတုန်း။
လန့်သွားတာကိုး..
ဘာဒါ့မျက်နှာကိုလည်း စေ့စေ့မကြည့်ရဲပဲ ရှောင်နေမိတယ်။
''အကုန်လုံးဧည့်ခန်းမှာပဲ ဖြန့်အိပ်ကြမယ်လေ''
ညအိပ်ကြတော့
အခန်းက တစ်ခန်းပဲရှိတာမို့
ဘယ်သူမှ အခန်းထဲ ဝင်မအိပ်ပဲ အကုန်လုံးအပြင်မှာအိပ်ကြမယ်လို့တွေးလိုက်ကြတယ်။
တန်းစီပြီးအိပ်ကြတော့
ဘာဒါ ဟယ်ဝန်း နာဟီး ဂျယ်ဟီး ချယ်ယောင်း။
တော်ပါသေးရဲ့ ဟိုဘက်အစ ဒီဘက်အစဖြစ်နေလို့။
ညတော့ တော်တော်နဲ့အိပ်မပျော်နိုင်။
တွေးစရာလေးတစ်ခုတိုးလာပြီး
မျက်နှာတစ်ခုလုံးပူထူနေလို့။
........
မနက် ဂျယ်ဟီးအရင်နိုးတယ်။
မနက်စာ ထပြင်နေလိုက်တယ်။
ခဏနေတော့ ဟယ်ဝန်းနိုးလာတယ်။
ပြီးမှာ နာဟီးနိုးလာပြီး
မီးဖိုခန်းကိုဝင်လာတယ်။
''အီဘာဒါ ဘယ်လိုဖြစ်''
ဂျယ်ဟီးက
''အေးဟယ် ညက သူအစမှာအိပ်တာပါ
လာ ကော်ဖီသောက်ကြမလား''
ဟယ်ဝန်းက Toiletက ထွက်လာရင်း
''သောက်မယ်''
''ဘာဒါက ဖက်အိပ်တတ်တာနေမယ်''
''မဟုတ်ပါဘူး
ဟယ်ဝန်းနဲ့အိပ်တုန်းက လှည့်ကိုမလှည့်ဘူး
လူနဲ့ထိရင်အိပ်မပျော်လို့တဲ့''
''ဓာတ်ပုံရိုက်ထားချင်လိုက်တာ
အားနာလို့''
ပြောပြီး သုံးယောက်သားကော်ဖီ တစ်ယောက်တစ်ခွက်နဲ့
ဧည့်ခန်းက ဆိုဖာမှာ တန်းစီထိုင်ပြီး ဟိုနှစ်ယောက်အိပ်တာကို ကြည့်နေကြတာ။
ဘာဒါက ဟိုဘက်အစကနေ
ချယ်ယောင်းအိပ်တဲ့ဘေးကိုရောက်နေတဲ့အပြင်
ချယ်ယောင်းက သူ့လက်မောင်းမှာခေါင်းအုံးလို့
ဘာဒါ့နောက်လက်တစ်ဖက်ကလည်း ချယ်ယောင်း ခါးလေးကို တင်းနေအောင်ဖက်ထားပြီး
ချယ်ယောင်းခေါင်းပေါ်မေးတင်လို့။
ခါးဖက်တာကလည်း အင်္ကျီပေါ်က မဟုတ်ပဲ
အင်္ကျီထဲ လက်ထည့်ပြီး ဖက်ထားတာမို့
တော်တော့်ကို ဖက်လှဲတကင်းဖြစ်နေတယ်။
ချယ်ယောင်းကလည်း ဘာဒါ့လည်တိုင်မှာ မျက်နှာအပ်လို့ တိုးဝှေ့ကာ အိပ်နေလိုက်ကြတာ
သူများတွေနိုးလို့ သူတို့မနိုးကြဘူး။
ချယ်ယောင်းက နည်းနည်းလွန့်ပြီး ကိုယ်ချင်းကွာသွားတာနဲ့ ဘာဒါလက်တွေက အလိုအလျောက်ပြန်ဆွဲဖက်တယ်။
''ဟဲ့ ဘာဒါက ဖက်လုံးနဲ့မှားနေတာများလား''
''မှားနေတာဆိုလည်း ဒီလောက်ကြီးကျ များသွားပြီမလား''
ဟယ်ဝန်းနဲ့နာဟီး ထိုင်ကြည့်ပြီးပြောနေကြတော့
ဂျယ်ဟီးက ရယ်တယ်။
''နင်တို့သူငယ်ချင်း ဘဲရှိတာရော သေချာလား
ငါ့သူငယ်ချင်းလေး ရေတိမ်နစ်ပါပြီ
အင်္ကျီတွေကလည်းဆင်တူဆိုတော့
ကြည့်လို့တော့အကောင်းသား ဟိဟိ''
သူတို့တွေကြိတ်ရယ်နေကြတုန်း
ချယ်ယောင်းနိုးလာတယ်။
ချယ်ယောင်းက ဘာဒါရှိတဲ့ဘက်ကို လှည့်ထားပြီး
နာဟီးတို့ထိုင်နေတဲ့ဘက်ကို ကျောပေးထားတာ။
အသံတွေကြားပြီးနိုးလာတော့ အိပ်ချင်မူးတူးနဲ့
နောက်လှည့်ကြည့်တယ်။
''ဟယ် နိုးလာပြီ နိုးလာပြီ''
''ဟင်''
ချယ်ယောင်း ဘာမှန်းမသိသေးပဲ
ပြန်လှည့်ပြီး အိပ်မလို့ပြင်လိုက်တယ်။
နွေးနေတာကိုး။
ဒီခံစားချက်လေး ကြိုက်လိုက်တာ..။
ဟင် နေပါဦး..
ဖက်ထားတာလား။
ဘယ်သူလဲ။
ထိုင်နေတာက ဘယ်သူတွေလဲ။
ဂျယ်ဟီး ဟယ်ဝန်း နာဟီး။
တစ်ယောက်ချင်းစီကို တန်းစီပြီးပြန်မြင်ယောင်ကြည့်ပြီးတော့
ဘယ်သူ့ရင်ခွင်လဲဆိုတာ သိသွားတော့တယ်။
ကိုယ်ချင်းခွာလိုက်ပြီး နောက်ဆုတ်လိုက်တော့
ဘုရားစူး အိပ်ပျော်နေတဲ့သူက အတင်းပြန်ဆွဲတယ်။
''အမေ့''
သူ့ရင်ခွင်ထဲ ပစ်ဝင်သွားတာမို့
အသံပါထွက်သွားတော့
နိုးပြီလားလို့မော့ကြည့်လိုက်တယ်။
မနိုးဘူး။
ချယ်ယောင်းဒုက္ခရောက်နေတော့
နာဟီးက ထလာပြီး ဘာဒါ့နားနားကပ်ပြီး
''အီဘာဒါ......''
အကျယ်ကြီးအော်လိုက်တော့မှ
လန့်နိုးသွားပုံရတယ်။
အဲ့တော့မှ ချယ်ယောင်းအတင်းရုန်းပြီး
Toiletထဲ အပြေးဝင်လိုက်ရတယ်။
သူ ဟိုဘက်အစမှာအိပ်တာလေ..
ဘယ်လိုဖြစ်တာလဲ???
အပိုင်း ၆ မျှော်😚
ချစ်တဲ့
lynn
မော်ရှီးစော😭
Zawgyi
ဒီေန႕ ဘာဒါ တင္ရမယ့္စာအတြက္ အသည္းအသန္ေရးေနရတယ္။
သုံးရက္ပဲလိုေတာ့တာေလ။
တစ္ရက္တစ္ရက္ မဟုတ္တဲ့အေတြးေတြပဲ ဝင္ေနတာေၾကာင့္
စာတင္ဖို႔ လုပ္တာမၿပီးနိုင္ဘူးျဖစ္ေနတယ္။
ေလာေလာဆယ္ေတာ့
အခ်ိန္ပိုင္းအလုပ္သမားေလးတစ္ေယာက္ရဲ႕တစ္ေန႕တာကို aethestic vibeဘက္သြားတာေလး ေရးၿပီး
filmကိုလည္း ဆရာ မေ႐ြးရင္ေတာင္
ကိုယ့္ဘာသာ လိုက္ရိုက္ၾကည့္ဦးမယ္လို႔ေတြးထားတယ္။
အိမ္နားက Cafeမွာ ထိုင္ေရးေနတာျဖစ္ၿပီး
ဂ်ဴေဟာ့က ဘာဒါ့ကို လာေစာင့္ေပးေနတယ္။
ဒီၾကားထဲ မေတြ႕ျဖစ္ၾကဘူးေလ။
ဒီေန႕လည္း တမင္ေခၚလိုက္တာ။
ခဏခဏမေတြ႕ျဖစ္လို႔ တျခားကိုစိတ္ေရာက္ေနတာမ်ားလားလို႔။
''ကိုယ့္ကို ေခၚၿပီး စာပဲလုပ္ေနေတာ့တာပဲ
အီဘာဒါ''
''မေတြ႕တာၾကာၿပီမို႔လို႔ေလ''
''သတိရလို႔လား ''
သူေမးေတာ့ ကိုယ့္ဘာသာလည္း ေမးျဖစ္တယ္။
အေျဖႀကီးက အဆင္ေျပမေနပါ။
တိတ္ဆိတ္ေနတဲ့ဘာဒါကို ဂ်ဴေဟ်ာ့က
''ဘာလို႔အခုထိ မၿပီးေသးတာလဲ
အရင္ကဆို ေရွ႕ဆုံးကၿပီးေနၿပီးေတာ့''
''အင္း အခုတေလာ စာစိတ္မဝင္စားလို႔''
''ဘာေတြစိတ္ဝင္စားေနလို႔လဲ''
''အင္း အဲလိုရွိတယ္
အိမ္ေစာေစာျပန္ရမွာလား
ျပန္ေနာ္ ရတယ္
ဒီမွာ နီးနီးေလးကို''
''မျပန္ေသးပါဘူး
ကိုယ္တို႔ ဒီေန႕ 3Dသင္ရတယ္''
''ဟုတ္လား
အဆင္ေျပလား''
''ေျပပါတယ္
ဘာဒါလည္း စိတ္ဝင္စားတယ္မလား
အတန္းလာခိုးတက္မလား''
''စာစိတ္မဝင္စားဘူးျဖစ္ေနပါတယ္ဆိုမွ''
''ေနေရာေကာင္းလား
လူေတာင္နည္းနည္းေခ်ာင္သြားသလိုပဲ''
''လူကေတာ့ ေဒါင္ေဒါင္ျမည္
ဒီတစ္ရက္ႏွစ္ရက္ ခရီးသြားလိုက္လို႔ ပိန္သြားတာမ်ားလား''
''ခရီးမွာ အဆင္ေျပၾကလား''
''ေျပပါတယ္''
ခရီးသြားတဲ့အေၾကာင္းေျပာေတာ့
တစ္ေယာက္ေသာသူကို သတိကရမိျပန္တယ္။
ေတြးေနတုန္း
ဖုန္းဝင္လာေတာ့
''ဟုတ္ကဲ့ ေျပာပါ''
''ဘာဒါလား''
ဖုန္းကိုနားကျပန္ခြာၿပီး ၾကည့္လိုက္မိတယ္။
ေတြးေနတုန္း ဖုန္းဝင္လာတာက တကယ္ႀကီးလား။
အသံတိုးရွရွေလးး..
ဘာေျပာခ်င္လို႔ဆက္တာလဲ..
ညဘက္ႀကီး..
အာ အိမ္မွာ ျဖစ္ေနရမွာကြာ..
ဘာဒါ ခ်က္ခ်င္းဆိုင္အျပင္ထြက္လိုက္တယ္။
''ဟုတ္ ''
''တို႔ပါ ခ်ယ္ေယာင္း''
''ဟုတ္ သိတယ္''
မမလို႔မေခၚခ်င္ဘူး..
''ဘာဒါ အကၤ်ီေလး ျပန္ေပးခ်င္လို႔
မနက္ျဖန္အားလားဟင္''
''အာ..ရပါ..''
ရပါတယ္ မေပးနဲ႕လို႔ေျပာမယ္လုပ္ၿပီးမွ
ေပးရင္ တစ္ေခါက္ေတြ႕ရမွာကို ေတြးမိသြားတယ္။
''ဟုတ္ အခုလား''
''အခုေတာ့ မဟုတ္ဘူးေပါ့''
အခုမဟုတ္တာ သိေပမယ့္ ဆႏၵေစာသြားလို႔ေမးမိတာပါ။
''ဘယ္ရက္အားလဲဟင္
ဒီတပါတ္ပိတ္ရက္အားလား''
''ဟို..''
မနက္ျဖန္လို႔ေျပာလိုက္ခ်င္ေပမယ့္
မနက္ျဖန္အတန္းလည္းတက္ရဦးမယ္
ေရးေနတဲ့ဇာတ္လမ္းလည္း လက္စသတ္ရမယ္..
''မအားရင္လည္း ေနပါေစ
ေနာက္မွ..''
''အားတယ္ အားတယ္
အားတယ္ အားတယ္
အားတယ္ေနာ္''
အားတာကို ဘယ္ႏွေခါက္႐ြတ္လိုက္မိမွန္းမသိဘူး။
ဟိုဘက္က ရယ္သံသဲ့သဲ့ၾကားေတာ့မွ
နည္းနည္းရွက္သြားမိတယ္။
''နာဟီးဆီက ဖုန္းနံပါတ္ေတာင္းလိုက္တာ
ဒါဆို စေနေန႕ေတြ႕မယ္ေနာ္
ေနရာေတာ့ ေနာက္မွျပန္ေျပာၾကတာေပါ့''
ဘယ္မွာေတြ႕ရပါ့။
အားးးးး အေပ်ာ္လြန္တဲ့ feelingက ဝင္လာျပန္တယ္။
ဆိုင္ထဲျပန္ဝင္ခဲ့ေတာ့
ဂ်ဴေဟာ့က
''ဘယ္သူမို႔လို႔ ဒီေလာက္ေပ်ာ္ေနတာလဲ''
''အသိအစ္မပါ''
''ေၾသာ္''
''ဂ်ဴေဟ်ာ့ ဘာဒါျပန္ေတာ့မယ္ အိမ္ေရာက္မွ ဆက္ေရးမယ္
ဂ်ဴေဟ်ာ့လည္းျပန္ေတာ့''
''ok ok''
ဆိုင္ေရွ႕မွာ ပုခုံးခ်င္းတိုက္ႏႈတ္ဆက္ၿပီး
ၿပိဳင္ဘီးေလးစီးၿပီး အိမ္ကိုျပန္ခဲ့လိုက္တယ္။
ဘာရယ္မဟုတ္ အိမ္မွာက သူမအေငြ႕အသက္ေလးေတြရွိတယ္မလား..။
.......
ဒီေန႕ ေက်ာင္းနားက ဆိုင္မွာ
ဘာဒါတို႔သုံးေယာက္ထိုင္ျဖစ္ၾကေတာ့
''ဆရာကလည္း ငါတို႔ဟာေတြမေ႐ြးဘူးဟယ္
ဘာဒါေတာ့အေ႐ြးခံရမယ္ထင္တာ''
''ငါေတာ့မထင္ပါဘူး''
''ငါေျပာဦးမယ္
နာဟီးေရ ဘာဒါအေၾကာင္းေျပာဦးမယ္
ခရီးသြားတဲ့ရက္က ရိုက္ထားတာေတြ ၾကည့္ခ်င္လို႔ သူ႕cameraေတာင္းလိုက္တာ
ငါ့အတြက္ရိုက္ေပးတာကနည္းနည္း
မမခ်ယ္ေယာင္းကိုပဲ လွည့္ပတ္ရိုက္ထားတာေနာ္
videoေတြေရာ photoေရာ zoomေတြပါဆြဲၿပီးေတာ့..''
သြားပါၿပီ..
ဟယ္ဝန္းကိုမေပးခင္ ကူးထားလိုက္ေပမယ့္
မဖ်က္လိုက္မိဘူးထင္တယ္..
''ဟဲ့ နင္က ဘယ္လိုျဖစ္
အခုတေလာ ေက်ာင္းကေကာင္မေလးေတြလွလားလို႔ေမးရတာနဲ႕
ငါတို႔ေက်ာင္းက မိန္းကေလးေတြအတြက္ သတင္းေကာင္းရွိၿပီလား''
နာဟီးက စေနာက္ၿပီးေျပာေနတာဆိုေပမယ့္
သူ႕မွာေတာ့မလုံမလဲ..
''မဟုတ္ပါဘူး
ဒီတိုင္းပဲ လွလို႔''
''ဟဲ့ အဲ့မမက လွတာေတာ့တကယ္လွတယ္ေနာ္
ဘယ္လိုေလးလည္းမသိဘူး''
''အဲ့ေလာက္လွတာေတာင္ သူ႕လူႀကီးက ေဖာက္ျပန္..''
''ျပတ္ၿပီလား''
''ေၾသာ္ ငါ့စကားဆုံးေအာင္ နားေထာင္ပါဦး ဘာဒါရယ္''
''ျပတ္ၿပီတဲ့ မျပတ္ခင္ေတာ့ အသည္းအသန္ေတာင္းပန္တာတဲ့ေနာ္ ေယာကၤ်ားေတြမ်ားမေကာင္းဘူး
ၾကားလား နင္တို႔ႏွစ္ေယာက္
ငါကေတာ့singleဆိုေတာ့ ေအးေဆးပဲ''
''ငါ့ကိုကိုမပါဘူး
ေနာ္
ဘာဒါမွာလည္း ဂ်ဴေဟ်ာ့က စိတ္ခ်ရပါတယ္''
''..''
ျပတ္ၿပီေပါ့
ေတာ္ေသးတာေပါ့
စိတ္မာသားပဲ
အိပ္မိတယ္ဆိုၿပီး ျပန္လက္ခံလိုက္မွာေၾကာက္ေနရတာ..
''ေျပာဦးမယ္ ဒီတပါတ္ပိတ္ရက္ ငါတို႔အိမ္ အခန္းဖြဲ႕ေတြဘာေတြျပန္လုပ္ရမွာမို႔လို႔
၂ရက္ေလာက္ မမခ်ယ္ေယာင္းတိုက္ခန္းကိုသြားအိပ္ၾကမွာ''
နာဟီးကေျပာေတာ့
ဟယ္ဝန္းက
''ဒါဆို ငါတို႔ စာစုလုပ္မွာကေရာ..''
''ေနာက္တပါတ္မွလုပ္ရေအာင္''
''အဲ့မမအိမ္မွာ မရဘူးလား''
ဘာဒါဝင္ေမးလိုက္တယ္။
တီရွပ္ျပန္ေပးမယ္လို႔လည္းေျပာထားတယ္ေလ။
''အင္းးး ရေတာ့ရမွာပါ
အားနာလို႔''
''ေမးၾကည့္လိုက္ေလ နင့္မမကို''
''အင္း ငါေမးလိုက္မယ္''
.......
ဒီေန႕ ဂ်ယ္ဟီးတို႔ ခ်ယ္ေယာင္းအိမ္ကို လာေနၾကမယ္။
အိမ္ျပင္ေနေတာ့
ဒီမွာေနလို႔ေျပာလိုက္တာ
အရင္လည္း ဂ်ယ္ဟီးက လာအိပ္ေနက်။
ဂ်ယ္ဟီးကေတာ့ မနက္ကတည္းက ေရာက္ေနတာ။
''ဂ်ယ္ဟီး ငါေလ..''
''ႏွစ္ေယာက္သား ဝရန္တာမွာထိုင္ေနရင္း
ခ်ယ္ေယာင္းစကားစလိုက္တယ္။
''အင္း ေျပာ''
''ငါ ဘယ္သူနဲ႕အိပ္လိုက္တာလဲမသိဘူး''
''ဟယ္ နင္အိပ္ျပန္ၿပီလား''
''မဟုတ္ဘူး ဟိုတခါ ''
''အဲဒါ ဂန္ဒုံဟာဆို''
''သူမဟုတ္ဘူး
သူအဲ့ကိစၥမသိဘူး''
''ဘယ္လိုျဖစ္ရတာလဲ''
''သူ အဲ့ဒီအခန္းက ေျပာင္းသြားတာၾကာၿပီတဲ့
ငါ့ကိုမေျပာျဖစ္တာတဲ့''
''ဟယ္ ဒုကၡပဲ နင္ဟိုလူကိုလည္းမမွတ္မိဘူးေပါ့''
''မမွတ္မိဘူး ငါအရမ္းမူးေနတာ''
''မနက္က် မျမင္ခဲ့ဘူးလား''
''မိုးမလင္းခင္ျပန္ခဲ့တာ ေမွာင္ေနလို႔ ဘာမွမျမင္ရဘူး''
''ဂန္ဒုံဟာမဟုတ္တာပဲ ကံေကာင္းတယ္''
''ဒါေပမယ့္
အဲ့လူက ဓာတ္ပုံေတြ videoေတြရိုက္ထားရင္ ဘယ္လိုလုပ္မလဲဟင္
ငါအဲ့ဒါေတြးေၾကာက္ေနတာ''
''နင္႐ုတ္တရက္ႀကီးဝင္သြားတာပဲ
videoေတာ့မရိုက္လိုက္ရေလာက္ပါဘူးဟယ္''
''ငါအရမ္းစိတ္ညစ္တယ္''
''ခ်ယ္ေယာင္းရယ္
first timeမလား''
''အင္း.''
''သူက ျငင္ျငင္သာသာပဲလား''
''မသိဘူး အရမ္းျငင္ျငင္သာသာေတာ့မဟုတ္ဘူးထင္တယ္''
''ဟူးးးး မ်က္ႏွာမျမင္ခဲ့ဘူးေပါ့
နင္ကလည္း မ်က္စိစုံမွိတ္ထားတာလား''
ေျပာၿပီးဂ်ယ္ဟီးက ရယ္တယ္။
ဂ်ယ္ဟီးနဲ႕က အားလုံးဖြင့္ေျပာေနက်ဆိဳေတာ့
ဒီလိုကိစၥလည္းေျပာလို႔ရတယ္။
''မ်က္စိမွိတ္ထားလို႔မဟုတ္ပဲ မူးေနလို႔မမွတ္မိတာဟဲ့
ေခ်ာတာပဲသိေတာ့တယ္''
''အမယ္ ေခ်ာတာေတာ့သိခဲ့တယ္ေပါ့''
''အရပ္လည္းရွည္တယ္ ေမာ့ၾကည့္ေနရတာေတာ့သိတယ္''
''အဲ့တိုက္ခန္းနားသြားၾကည့္ၾကမလား''
''ငါေၾကာက္တယ္..
ငါ့ကိုျမင္ရင္ သူကသိမွာ
ငါကမသိဘူးေလ''
''အင္းးး''
''ၿပီးေတာ့ ရွက္စရာႀကီး''
''ထားလိုက္ပါ အဲ့လူက နင့္နာမည္ေတာင္မသိလိုက္ဘူးမလား
videoေတြပုံေတြလည္း မတက္လာေလာက္ပါဘူး
တခါေလာက္ ကိုယ့္ကံကို ယုံၾကည့္ၾကတာေပါ့''
''အင္း''
''အင္း ဒါနဲ႕ အဲ့လူက ေကာင္းလား''
''အာာ ဘာေတြေမးေနတာလဲ''
ပန္းသီးတစ္လုံးလိုရဲရဲနီသြားတဲ့ ခ်ယ္ေယာင္းမ်က္ႏွာကိုၾကည့္ၿပီး ဂ်ယ္ဟီးက ရယ္ေနေတာ့တယ္။
ညေနေစာင္းေတာ့
ကေလးသုံးေယာက္ေရာက္လာတယ္။
စာစုလုပ္မယ္ေျပာထားတာတဲ့။
လက္ထဲမွာလည္း ဆိုဂ်ဴပုလင္းေတြနဲ႕။
''ဟယ္ စာလုပ္ၾကမွာဆို''
''ထိုင္ၿပီး ေဆြးႏြေးမွာဆိုေတာ့ ဒါလိုတယ္မမ''
နာဟီးက ရယ္က်ဲက်ဲနဲ႕ ေျဖတယ္။
ဘာဒါ့ကို ၾကည့္လိုက္ေတာ့
ဝတ္ထားတဲ့တီရွပ္က အျဖဴေရာင္။
ခ်ယ္ေယာင္းဝတ္ထားတာနဲ႕ တစ္ပုံစံထဲ။
ခ်ယ္ေယာင္းဝတ္ထားတာက မိန္းကေလးsizeျဖစ္ၿပီး
သူက ေယာကၤ်ားေလးsizeကို ဝတ္ထားတာထင္တယ္။
''ဘာစားခ်င္ၾကလဲ''
ဂ်ယ္ဟီးကေမးေတာ့
ဘာဒါက
''မမလုပ္ေပးမလို႔လား''
''ဒါေပါ့''
''ေၾသာ္ ဘာဒါ့ကို အကၤ်ီျပန္ေပးရဦးမယ္''
''ဟုတ္ ရတယ္ ျပန္မွယူမယ္''
ဂ်ယ္ဟီးက ဟင္းခ်က္ဝါသနာပါတယ္။
မုန့္ေတြလည္းလုပ္တတ္တယ္။
ငါးေယာက္သားဝိုင္းထိုင္ၿပီး
စကားေတြေျပာၾကတယ္။
မုန့္ေတြ ခုံေပၚတင္ၿပီးစီေတာ့ ဘာဒါက လာလုပ္ေပးတယ္။
ေတာ္ေတာ္အလိုက္သိတဲ့သူ။
ခ်ယ္ေယာင္းဘာလုပ္လုပ္ သူေရာက္လာေတာ့တာ။
စကားေတာ့ အရင္ကေလာက္မေျပာဘူးလို႔ထင္ရတယ္။
''မမတို႔ relationshipက ဘယ္ႏွႏွစ္လဲ''
နာဟီးကေမးေတာ့
''၅ႏွစ္''
''first loveေပါ့''
''ဟုတ္တယ္''
''လူႀကီးက ရက္စက္တာ''
ခ်ယ္ေယာင္းဘာမွမေျပာပဲ ရယ္ေနလိုက္တယ္။
''မမ ဘယ္လိုခံစားရလဲ
အဲ့လူႀကီးကို မမုန္းဘူးလား''
''မုန္းတယ္''
''ၿပီးေတာ္ ဝမ္းနည္းေနတာလဲ ေျပာလိုက္ဦးေလ''
ဂ်ယ္ဟီးက ဝင္ေထာက္တယ္။
''အခုေတာ့ ဝမ္းမနည္းပါဘူးေနာ္''
''အင္းေလ ၅ႏွစ္ေတာင္ တြဲလာတာကို
လုပ္ရက္တာကိုး''
''ျပတ္သြားေတာ့ မလြမ္းဘူးလား''
ဟယ္ဝန္းကေမးေတာ့
''လြမ္းစရာလား အဲ့လိုေကာင္ကို''
ဝင္ေျဖတာက ဘာဒါ။
''နင္ခံစားဖူးမွ သိမယ္
လြမ္းတာေတာ့ လြမ္းမွာေပါ့ ေနာ့ မမ''
''အဲ့ေလာက္ေတာ့လည္းမဟုတ္ပါဘူး''
တကယ္လည္း လြမ္းခ်ိန္မရပါ။
စသိသိခ်င္း စိတ္ဆိုးတာရယ္။
မူးၿပီးအတူေနမိလို႔ စိတ္ညစ္တာရယ္။
အတူေနတာကို သာယာမိလို႔ စိတ္ရႈပ္တာရယ္။
သူမဟုတ္တာသိရဖို႔ အံ့ၾသတာရယ္။
ဘယ္ကလူမွန္းမသိလို႔ လန့္ေနတာရယ္။
ဘယ္မွာလဲ လြမ္းဖို႔အခ်ိန္ေတာင္မရွိဘူး။
''ဟယ္ဝန္းက ေကာင္ေလးကို အရမ္းသဲသဲလႈပ္တာေလမမ အဲဒါေၾကာင့္ သမီးတို႔ကဆုံးမေနရတာ''
''ဟုတ္လား''
''အဲဒါက သူကအရမ္းခ်စ္တာကိုး ဟိဟိ''
''ဘာဒါတို႔က ပုံမွန္ပဲ''
ဟင္ ဘာဒါက ေကာင္ေလးရွိတာလား။
ေတာ္ေတာ့္ကို ေခ်ာလြန္းေနေပမယ့္
ေကာင္ေလးတစ္ေယာက္လိုေခ်ာတယ္ေျပာရမလား။
ေကာင္ေလးဆိုရင္ေတာင္
handsome typeဘက္သြားတယ္ေျပာရမလား။
အထာက်တယ္ေျပာရမလား။
ဘာပဲျဖစ္ျဖစ္
ေကာင္ေလးရွိတယ္ေတာ့မထင္ရပါဘူး။
နည္းနည္းေတာ့ စိတ္ထဲတမ်ိဳးျဖစ္သြားတယ္။
''ေက်ာင္းကေကာင္မေလးေတြက ဘာဒါ့ကို ဝိုင္းႀကိဳက္ေနၾကတာေလ
သူက ဘဲရွိေနေတာ့ အသဲကြဲေနၾကတာ''
''အာ အဲေလာက္လည္းမဟုတ္ပါဘူး နင္တို႔ကလည္း''
''စာလည္းေတာ္ေတာ့ ေဆာ္ၾကည္တာေပါ့''
''အင္း ဘာဒါက ေခ်ာတာကိုး''
ခ်ယ္ေယာင္းေျပာေတာ့
ရွားရွားပါးပါး ဘာဒါက ခ်ယ္ေယာင္းကိုလွမ္းၾကည့္တယ္။
''ဒါေပမယ့္ အခုတေလာ
ဘာဒါ့ဘက္က လွတယ္လို႔ျမင္ေန
တာတစ္ေယာက္ေတာ့ရွိတယ္''
''ဟာ ေဟ့ ေတာ္ေတာ့''
ဘာဒါက ဟယ္ဝန္းပါးစပ္ကို အတင္းလက္နဲ႕လိုက္အုပ္တယ္။
နာဟီးက ေအာ္ရယ္ေနတယ္။
''ဘယ္သူမို႔လို႔လဲ''
ဂ်ယ္ဟီးက ဝင္ေမးေတာ့
ခ်ယ္ေယာင္းလည္း နားစြင့္မိတယ္။
ေနာက္ေကာင္ေလးတစ္ေယာက္ကို သေဘာက်ေနတာလား
ဒါမွမဟုတ္..မိန္းကေလးလား....
''ရွိတယ္ အဲ့လိုရွိတယ္မမေရ''
''ေဟ်ာင့္ေတြ ေတာ္ေတာ့''
''မၾကာေသးဘူး တပါတ္ေလာက္ပဲရွိေသးတာ''
''ဘာမွမဟုတ္ဘူး ေလွ်ာက္ေျပာေနတာ''
ေလွ်ာက္ေျပာေနတာလို႔ ေျပာေနေပမယ့္
နား႐ြက္ဖ်ားေလးေတြပါ နီေနပုံရေတာ့ တကယ္ထင္ပါတယ္။
''ဆိုဂ်ဴကုန္သြားၿပီ ဆိုဂ်ဴ''
နာဟီးထေအာ္ေတာ့
ဟယ္ဝန္းက
''သြားဝယ္မယ္ေလ
မမ ဒီနားမွာဆိုင္ရွိတယ္မလား''
''ရွိတယ္ မမသြားဝယ္ေပးမယ္''
နာဟီးတို႔က ေတာ္ေတာ္မူးေနေတာ့
ခ်ယ္ေယာင္းပဲသြားမယ္လုပ္လိုက္တယ္။
ခ်ယ္ေယာင္းလည္းမူးေနေပမယ့္
သြားနိုင္ေသးတယ္။
''ဘာဒါသြားလိုက္မယ္ ''
''ဘာဒါက ဆိုင္မွမသိတာ''
''ဒါဆို ႏွစ္ေယာက္သြားရေအာင္''
ဘာဒါက ခ်ယ္ေယာင္းကိုစိတ္မခ်ပဳံေပၚလို႔
ခ်ယ္ေယာင္းလည္း ႏွစ္ေယာက္အတူသြားဖို႔ သေဘာတူလိုက္တယ္။
လမ္းအတူေလွ်ာက္ေတာ့ ခ်ယ္ေယာင္းကို အတြင္းဘက္ကေလွ်ာက္ေစၿပီး
လမ္းဘက္ကေလွ်ာက္တဲ့သူ႕ကို ေမာ့ၾကည့္ရင္း
''မမတစ္ေယာက္ထဲလည္း လာလို႔ရပါတယ္
ကိုယ့္ရပ္ကြက္ထဲက စိတ္ခ်ရပါတယ္''
''ဒါေပမယ့္ စိတ္မခ်လိဳ႕''
လွည့္မၾကည့္ပဲ ေျပာလိုက္တာမို႔
မ်က္ႏွာကို အကဲခတ္လို႔မရ။
ႏွစ္ေယာက္သားအေပၚက အႏြေးထည္ဝတ္ထားၾကေပမယ့္
အတြင္းက အကၤ်ီက ဆင္တူဆိုေတာ့
စုံတြဲေတြနဲ႕တူေနတယ္။
ဆိုင္မွာ ဆိုဂ်ဴဝင္ဝယ္ၿပီးေတာ့
ျပန္ထြက္လာၾကေတာ့
''ဟိုဌာနမႉးက ႐ုံးေရာက္ေတာ့ ဘာေျပာေသးလဲ''
''ဘာမွေတာ့မေျပာပါဘူး''
''ေတာ္ေသးတာေပါ့''
''အင္း သူက မမကိုခ်စ္သူရွိတယ္လို႔ထင္ေနတုန္း
႐ုံးမွာလည္းမေျပာပဲထားရတယ္''
''ဟင္ ဒါဆို ဟိုေကာင့္ကိုျမင္ရင္ မမဘဲႀကီးလို႔ထင္ေနၾကမွာေပါ့''
''အင္းေပါ့
ေနာက္မွ ေျပာမလို႔ ''
''..''
လမ္းေလွ်ာက္ေနရင္း
ခ်ယ္ေယာင္းဖုန္းဝင္လာလို႔ ၾကည့္လိုက္ေတာ့
''အင္း အကို''
''ခ်ယ္ေယာင္း ကိုယ္သတိရလို႔''
အနားမွာ ဘာဒါလည္းရွိေတာ့
ခ်ယ္ေယာင္းအခက္ေတြ႕ရတယ္။
''ေနာက္ ဖုန္းထပ္မဆက္ပါနဲ႕
က်မတို႔ ျပတ္ၿပီပဲ''
''ကိုယ္တို႔တစ္ခါေလာက္ေတြ႕ရေအာင္..
တစ္ခါပဲ''
''ေတြ႕ၿပီးၿပီေလ ေတာ္ရေအာင္''
ေျပာၿပီး ခ်ယ္ေယာင္းဖုန္းခ်လိဳက္တယ္။
''blockထားရမွာကို ေမ့ေနတာ''
မလုံမလဲေရ႐ြတ္မိတယ္။
လမ္းတစ္ေလွ်ာက္လုံးေတာ့
ဘာဒါက တိတ္ဆိတ္လို႔။
ခ်ယ္ေယာင္းလည္း ဘာရယ္မဟုတ္
မလုံမလဲခံစားရတယ္။
တိုက္ေအာက္ကိုျပန္ေရာက္ေတာ့
ဓာတ္ေလွကားျပင္ရမွာမလို႔ ေလွကားက တက္ရမယ္တဲ့။
ေလးလႊာဆိုေတာ့ ကိစၥေတာ့မရွိပါဘူး။
ဆိုဂ်ဴပုလင္းေတြထည့္ထားတဲ့အိတ္ကို ဘာဒါပဲကိုင္ေပးထားတာျဖစ္ၿပီး
သူပဲေရွ႕တက္သြားတယ္။
ႏွစ္လႊာေျမာက္ေလာက္ေရာက္ေတာ့
''အဲ့လူက ဒီလိုပဲ ကပ္ေနေတာ့မွာလား''
ဘာေျပာလဲဆိုတာ ၾကားေပမယ့္
ဘာသေဘာနဲ႕ေမးတာလဲမေသခ်ာ။
''ဟင္''
''ခုနကလူေလ
ဒီလိုပဲ မျပတ္ပဲ လာႏြယ္ေနေတာ့မွာလားလို႔''
''မသိဘူးေလ''
သူ႕ဘာသာ ဖုန္းဆက္တာကို ကိုယ္အဆူခံရသလိုခံစားလိုက္ရေတာ့
ခ်ယ္ေယာင္းဘုဆတ္ဆတ္ျပန္ေျဖလိုက္တယ္။
ေလွကားေတြတက္ေနရင္းက ခ်ယ္ေယာင္းျပန္ေျဖသံေၾကာင့္
႐ုတ္တရက္ ရပ္သြားတယ္။
ခ်ယ္ေယာင္းကသတိမထားမိပဲ လိုက္တက္လိုက္ေတာ့ သူ႕ေက်ာမွာ မ်က္ႏွာအပ္မိတယ္။
''အာ ေဆာရီး''
ခ်က္ခ်င္းလွည့္လာၿပီး ငုံ႕ၾကည့္တယ္။
ခပ္တည္တည္မ်က္ႏွာထားနဲ႕..။
ဘာလဲ ဒါေလးကို စိတ္ဆိုးတာလား။
ခ်ယ္ေယာင္းကို ေလွကားေဘးနံရံကိုေက်ာကပ္ပစ္လိုက္ၿပီး သူက ခ်ယ္ေယာင္းရပ္ေနတဲ့ အထစ္ေအာက္ကို ဆင္းလိုက္ကာ
ခ်ယ္ေယာင္းႏႈတ္ခမ္းကို နမ္းတယ္။
ျမန္ဆန္လြန္းလို႔ ဘာမွမသိလိုက္ခင္
ကိုယ့္ႏႈတ္ခမ္းက သူ႕ႏႈတ္ခမ္းေအာက္မွာ ရႈံးနိမ့္ေနၿပီ။
အသာအယာစုပ္ယူေနၿပီးေတာ့ တကယ့္ကိုအၾကာႀကီး။
ဒီေလာက္မက္မက္ေမာေမာနမ္းေနစရာလိုလို႔လား။
မူးေနၿပီထင္တယ္။
ခ်ယ္ေယာင္းသူ႕ကို တြန္းဖို႔ေမ့ေနတယ္။
သူ႕လက္မွာကိုင္ထားတဲ့
ဆိုဂ်ဴပုလင္းေအးေအးက ခ်ယ္ေယာင္းလက္ေမာင္းမွာကပ္လို႔ ေအးစိမ့္စိမ့္။
ဘာဒါ့ဆီက ရင္ခုန္သံအက်ယ္ႀကီးကိုၾကားရတယ္။
မဟုတ္ေသးဘူး ခ်ယ္ေယာင္းဆီကလား။
အို မျဖစ္နိုင္တာ..
သူ႕ႏႈတ္ခမ္းဆီက ဘီယာနံ႕သင္းသင္းေၾကာင့္
လူကရီေဝေဝျဖစ္လာတယ္
လူလည္း ဒူးေတြပါ ေခ်ာင္ၿပီး မ်က္ရည္ပါဝဲလာတယ္။
ဘာသေဘာနဲ႕လဲ။
ဝမ္းနည္းစိတ္က စိမ့္ခနဲထြက္လာတယ္။
သူ႕ရင္ဘတ္ကို အသာတြန္းမိေတာ့မွ
ေနာက္ဆုတ္သြားတယ္။
ၿပီးေတာ့ ဘာမွမေျပာပဲ အေပၚကိုေျပးတက္သြားေတာ့တယ္။
သူ႕ေနာက္ေက်ာကိုၾကည့္ၿပီး
နားမလည္ရႈပ္ေထြးမႈမ်ားစြာနဲ႕ ေခြယိုင္က်န္ခဲ့ရတာက ခ်ယ္ေယာင္းပါ။
အေပၚေရာက္ၾကေတာ့
နာဟီးနဲ႕ဟယ္ဝန္းက အိပ္ေပ်ာ္ေနၿပီ
''အိပ္ေနၾကၿပီေဟ့''
''အင္း ငါတို႔လည္းအိပ္ၾကတာေပါ့''
အနည္းငယ္တုန္ေနတဲ့အသံကိုထိန္းၿပီးေျပာလိုက္တယ္။
လက္ဖ်ားေတြေအးစက္ၿပီး တုန္ေနကာ
ရင္ကလည္း ခုန္ေနတုန္း။
လန့္သြားတာကိုး..
ဘာဒါ့မ်က္ႏွာကိုလည္း ေစ့ေစ့မၾကည့္ရဲပဲ ေရွာင္ေနမိတယ္။
''အကုန္လုံးဧည့္ခန္းမွာပဲ ျဖန့္အိပ္ၾကမယ္ေလ''
ညအိပ္ၾကေတာ့
အခန္းက တစ္ခန္းပဲရွိတာမို႔
ဘယ္သူမွ အခန္းထဲ ဝင္မအိပ္ပဲ အကုန္လုံးအျပင္မွာအိပ္ၾကမယ္လို႔ေတြးလိုက္ၾကတယ္။
တန္းစီၿပီးအိပ္ၾကေတာ့
ဘာဒါ ဟယ္ဝန္း နာဟီး ဂ်ယ္ဟီး ခ်ယ္ေယာင္း။
ေတာ္ပါေသးရဲ႕ ဟိုဘက္အစ ဒီဘက္အစျဖစ္ေနလို႔။
ညေတာ့ ေတာ္ေတာ္နဲ႕အိပ္မေပ်ာ္နိုင္။
ေတြးစရာေလးတစ္ခုတိုးလာၿပီး
မ်က္ႏွာတစ္ခုလုံးပူထူေနလို႔။
........
မနက္ ဂ်ယ္ဟီးအရင္နိုးတယ္။
မနက္စာ ထျပင္ေနလိုက္တယ္။
ခဏေနေတာ့ ဟယ္ဝန္းနိုးလာတယ္။
ၿပီးမွာ နာဟီးနိုးလာၿပီး
မီးဖိုခန္းကိုဝင္လာတယ္။
''အီဘာဒါ ဘယ္လိုျဖစ္''
ဂ်ယ္ဟီးက
''ေအးဟယ္ ညက သူအစမွာအိပ္တာပါ
လာ ေကာ္ဖီေသာက္ၾကမလား''
ဟယ္ဝန္းက Toiletက ထြက္လာရင္း
''ေသာက္မယ္''
''ဘာဒါက ဖက္အိပ္တတ္တာေနမယ္''
''မဟုတ္ပါဘူး
ဟယ္ဝန္းနဲ႕အိပ္တုန္းက လွည့္ကိုမလွည့္ဘူး
လူနဲ႕ထိရင္အိပ္မေပ်ာ္လို႔တဲ့''
''ဓာတ္ပုံရိုက္ထားခ်င္လိုက္တာ
အားနာလို႔''
ေျပာၿပီး သုံးေယာက္သားေကာ္ဖီ တစ္ေယာက္တစ္ခြက္နဲ႕
ဧည့္ခန္းက ဆိုဖာမွာ တန္းစီထိုင္ၿပီး ဟိုႏွစ္ေယာက္အိပ္တာကို ၾကည့္ေနၾကတာ။
ဘာဒါက ဟိုဘက္အစကေန
ခ်ယ္ေယာင္းအိပ္တဲ့ေဘးကိုေရာက္ေနတဲ့အျပင္
ခ်ယ္ေယာင္းက သူ႕လက္ေမာင္းမွာေခါင္းအုံးလို႔
ဘာဒါ့ေနာက္လက္တစ္ဖက္ကလည္း ခ်ယ္ေယာင္း ခါးေလးကို တင္းေနေအာင္ဖက္ထားၿပီး
ခ်ယ္ေယာင္းေခါင္းေပၚေမးတင္လို႔။
ခါးဖက္တာကလည္း အကၤ်ီေပၚက မဟုတ္ပဲ
အကၤ်ီထဲ လက္ထည့္ၿပီး ဖက္ထားတာမို႔
ေတာ္ေတာ့္ကို ဖက္လွဲတကင္းျဖစ္ေနတယ္။
ခ်ယ္ေယာင္းကလည္း ဘာဒါ့လည္တိုင္မွာ မ်က္ႏွာအပ္လို႔ တိုးေဝွ႕ကာ အိပ္ေနလိုက္ၾကတာ
သူမ်ားေတြနိုးလို႔ သူတို႔မနိုးၾကဘူး။
ခ်ယ္ေယာင္းက နည္းနည္းလြန့္ၿပီး ကိုယ္ခ်င္းကြာသြားတာနဲ႕ ဘာဒါလက္ေတြက အလိုအေလ်ာက္ျပန္ဆြဲဖက္တယ္။
''ဟဲ့ ဘာဒါက ဖက္လုံးနဲ႕မွားေနတာမ်ားလား''
''မွားေနတာဆိုလည္း ဒီေလာက္ႀကီးက် မ်ားသြားၿပီမလား''
ဟယ္ဝန္းနဲ႕နာဟီး ထိုင္ၾကည့္ၿပီးေျပာေနၾကေတာ့
ဂ်ယ္ဟီးက ရယ္တယ္။
''နင္တို႔သူငယ္ခ်င္း ဘဲရွိတာေရာ ေသခ်ာလား
ငါ့သူငယ္ခ်င္းေလး ေရတိမ္နစ္ပါၿပီ
အကၤ်ီေတြကလည္းဆင္တူဆိုေတာ့
ၾကည့္လို႔ေတာ့အေကာင္းသား ဟိဟိ''
သူတို႔ေတြႀကိတ္ရယ္ေနၾကတုန္း
ခ်ယ္ေယာင္းနိုးလာတယ္။
ခ်ယ္ေယာင္းက ဘာဒါရွိတဲ့ဘက္ကို လွည့္ထားၿပီး
နာဟီးတို႔ထိုင္ေနတဲ့ဘက္ကို ေက်ာေပးထားတာ။
အသံေတြၾကားၿပီးနိုးလာေတာ့ အိပ္ခ်င္မူးတူးနဲ႕
ေနာက္လွည့္ၾကည့္တယ္။
''ဟယ္ နိုးလာၿပီ နိုးလာၿပီ''
''ဟင္''
ခ်ယ္ေယာင္း ဘာမွန္းမသိေသးပဲ
ျပန္လွည့္ၿပီး အိပ္မလို႔ျပင္လိုက္တယ္။
ႏြေးေနတာကိုး။
ဒီခံစားခ်က္ေလး ႀကိဳက္လိုက္တာ..။
ဟင္ ေနပါဦး..
ဖက္ထားတာလား။
ဘယ္သူလဲ။
ထိုင္ေနတာက ဘယ္သူေတြလဲ။
ဂ်ယ္ဟီး ဟယ္ဝန္း နာဟီး။
တစ္ေယာက္ခ်င္းစီကို တန္းစီၿပီးျပန္ျမင္ေယာင္ၾကည့္ၿပီးေတာ့
ဘယ္သူ႕ရင္ခြင္လဲဆိုတာ သိသြားေတာ့တယ္။
ကိုယ္ခ်င္းခြာလိုက္ၿပီး ေနာက္ဆုတ္လိုက္ေတာ့
ဘုရားစူး အိပ္ေပ်ာ္ေနတဲ့သူက အတင္းျပန္ဆြဲတယ္။
''အေမ့''
သူ႕ရင္ခြင္ထဲ ပစ္ဝင္သြားတာမို႔
အသံပါထြက္သြားေတာ့
နိုးၿပီလားလို႔ေမာ့ၾကည့္လိုက္တယ္။
မနိုးဘူး။
ခ်ယ္ေယာင္းဒုကၡေရာက္ေနေတာ့
နာဟီးက ထလာၿပီး ဘာဒါ့နားနားကပ္ၿပီး
''အီဘာဒါ......''
အက်ယ္ႀကီးေအာ္လိုက္ေတာ့မွ
လန့္နိုးသြားပုံရတယ္။
အဲ့ေတာ့မွ ခ်ယ္ေယာင္းအတင္း႐ုန္းၿပီး
Toiletထဲ အေျပးဝင္လိုက္ရတယ္။
သူ ဟိုဘက္အစမွာအိပ္တာေလ..
ဘယ္လိုျဖစ္တာလဲ???
အပိုင္း ၆ ေမွ်ာ္😚
ခ်စ္တဲ့
lynn
ေမာ္ရွီးေစာ😭