သူ့ညီမငယ်၏ အနာဂတ်ကို သူ့ကိုယ်ပိုင်နှင့် နှိုင်းယှဉ်ပါက စီမာလင်းရန်သည် သူ့အနာဂတ်ကို ဦးစားထားရန် အမြန်ဆုံးဖြတ်လိုက်သည်။ သူ အောင်မြင်ပြီးတာနဲ့ သူမအတွက် ကောင်းမွန်တဲ့ အိမ်ထောင်ရေးကို ရွေးချယ်နိုင်ပြီး ခန်းဝင်ပစ္စည်း ကြီးကြီးမားမား ပြင်ဆင်ထားလိုက်မည် ။ သူပြန်ပေးမည့် လျော်ကြေးသည် မျှတသော လျော်ကြေးဖြစ်မည့် ။
သူသည် ကဗျာကိုယူ၍ ခဏကြည့်ပြီးနောက် အစေခံလက်ထဲက ဗန်းပေါ်သို့ ငြိမ်သက်စွာ ပြန်ချထားလိုက်သည်။ သူသည် စီမာဟီရန်ကိုပင် မကြည့်ဘဲ ဧကရီအား နာခံမှုဖြင့် ပြန်ပြောသည် ။ "ဒီကဗျာက ကျွန်တော်ရေးတာနဲ့ တော်တော်ဆင်တူပေမယ့် ကျွန်တော်ရေးတာမဟုတ်လို့ ကျေးဇူးပြုပြီး တရားမျှတအောင် လုပ်ပေးပါ"
"မင်းမရေးထားရင် မင်းညီမက မင်းပိုင်တယ်လို့ ဘာလို့ပြောရတာလဲ၊ ပထမသခင်မလေးမို့က မင်းရဲ့စာကြည့်ဆောင်က ခိုးယူသွားတယ်လိုဆိုတယ်မလား " ဧကရီက မို့ရွှမ်မင်၏ မျက်လုံးများကိုစိုက်ကြည့်ရင်း အေးစက်စွာပြောလိုက်သည်။
မို့ရွှမ်မင်သည် ခံစားချက်ကို မပြဝံ့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
"ဧကရီ ၊ ကျုပ် ညီမလေးကို မေးပါရစေ " သူက စီမာဟီရန်ဘက်ကို လှည့်လိုက်သည် ။" "ပထမသခင်မလေးမိုရေးတဲ့ကဗျာက အကို့ကဗျာနဲ့ အတူတူပဲဆိုတာ ညီမလေး ဘယ်လိုသိတာလဲ။"
စီမာဟီရန်သည် သူမအစ်ကို၏အမူအရာကိုမြင်သောအခါ၊ သူသည် ၎င်းအကြောင်းကို အမှန်တကယ်မသိဟုထင်ခဲ့သည်။ "အစ်ကိုကြီး ဒီကဗျာက အစ်ကိုရဲ့ကဗျာနဲ့ အတူတူပါ ။ ညီမလေး လွန်ခဲ့တဲ့ ရက်အနည်းငယ်က စာအုပ်တွေရှာဖို့ အစ်ကို့ရဲ့စာကြည့်ဆောင်ကို သွားခဲ့တော့ အကို့ရဲ့စုစည်းမှုထဲက ဒီကဗျာကို တွေ့ခဲ့တာ ။ ဒီကဗျာက ပထမဆုံးသခင်မလေးမို့ရေးတဲ့ ကဗျာနဲ့ အတူတူပါပဲ"
စီမာလင်းရန်သည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် တစ်ဖက်တွင် ဒူးထောက်နေသော မို့ရွှမ်မင်ကို တစ်ချက်ကြည့်လိုက်သည် ။ သူက စိတ်ပိုင်းဖြတ်ပြီး ပြုံးပြုံးလေးပြောလိုက်သည် ။ “ညီမလေး လောကမှာ ကဗျာတွေ ပုံစံတူတာ အများကြီးရတယ် ။ ဒါပေမယ့် ကဗျာတွေက ဆင်တူတယ်ထင်ရပေမဲ့ မတူကြဘူး ။ ညီမလေး အမှားလုပ်မိလို့ ဖြစ်မယ်ထင်တယ်။ သေသေချာချာကြည့်ပါဦး။"
သူတို့က တူရုံပဲ့လား ၊ ဒါကမဖြစ်နိုင်ဘူး !
စီမာဟီရန်က မျက်လုံးမှိတ်ပြီး စာကို ထပ်ယူလိုက်တယ်။ သူမ သေသေချာချာ ကြည့်လိုက်တော့ သူမ၏ မျက်နှာက ဖြူဖျော့သွားသည် ။ သူမ ကဗျာကို လက်ညှိုးထိုးပြပြီး စကားမပြောနိုင်ဘဲ နှုတ်ခမ်းတွေ တုန်နေခဲ့သည်။
စီမာလင်းရန်သည် စီမာဟီရန်၏ အပြုအမှုကို အနီးကပ်ကြည့်ရှုခဲ့ပြီး မို့ရွှမ်မင်သည် သူ၏ကဗျာကို အမှန်တကယ်ကူးယူခဲ့မည်ကို သူကြောက်ရွံ့ခဲ့သည်။ သို့သော် သူမ၏ ထိတ်လန့်တုန်လှုပ်သော မျက်နှာကို မြင်လိုက်ရတော့ သူစိတ်သက်သာရာ ရသွားသည်။ "ညီမ မင်း အမှတ်မှားနေတယ်မလား ။ မင်းဒီရက်ပိုင်းအတွင်း နေသိပ်မကောင်းဘူး ၊ ငါ မင်းကို ပိုအနားယူဖို့ ပြောထားပေမယ့် မင်းကနားမထောင်ဘူး ၊ အခုမင်းထွက်လာတာ ခဏလေးပဲရှိသေးတယ် မင်းအမှားလုပ်မိသွားပြီ ။ ပထမသခင်မလေးမိုရဲ့ ကဗျာက ကျုပ်ကဗျာနဲ့ ဆင်တူပေမယ့် မတူပါဘူး။ မင်းသူ့ကို သူမကျေနပ်တဲ့အထိ တောင်းပန်ပြီး မင်းပြန်ကောင်းလာတဲ့အထိ ကောင်းကောင်းအနားယူဖို့ အိမ်ပြန်ရမယ်။ "
ဒါတွေအားလုံးဟာ စီမာဟီရန်ကြောင့်ဖြစ်ခဲ့တာဖြစ်လို့ စီမာလင်းရန်က သူမကို အပြစ်တင်ခဲ့ပြီး သူ့အသံက ပြတ်သားခဲ့ပါတယ်။ သူ စကားလုံးများသည် နူးညံ့သိမ်မွေ့သော်လည်း သူမကို အေးစက်စေခဲ့သည်။ သူမ ခေါင်းကိုမော့ပြီး စီမာလင်းရန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ့အစ်ကိုကြီးကလည်း သူမကို ဂရုမစိုက်တော့ဘူးလား။
ထိုကဗျာသည် သူမရေးထားတာဖြစ်သော်လည်း အခုမှ ကူးယူထားတဲ့သူကို တောင်းပန်ရမည်လား ။ အမှန်တော့ ကဗျာနှစ်ပုဒ်ကြားက စကားလုံးတစ်လုံးချင်း ကွဲလွဲမှုတွေရှိပေမယ့် သူမ သတိမထားမိလောက်အောင် ကွဲလွဲနေတာ မဟုတ်ဘူး ။
ဒါက တကယ့်ကို သူမ၏ကဗျာပင်....
ခမ်းနားထည်ဝါတဲ့ ဝတ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင် ၊အနီရောင်သည် မညီမညာ ပျံ့နှံ့သွားသည်။ သူမသည် ရောင်စုံဝတ်စုံကိုဝတ်ကာ မိုးဖွဲဖွဲလေးထဲတွင် တစ်ယောက်တည်း မတ်တပ်ရပ်၍ သူပြန်လာမယ့်အချိန်ကို စောင့်မျှော်နေသည်
ဒါကို မို့ရွှမ်မင် ရေးခဲ့သည်တဲ့လား....
ဟုတ်တယ်၊ စကားလုံးတစ်လုံးနဲ့တစ်လုံး သိပ်မတူပေမယ့် သူမရဲ့ ကဗျာကို ပြောင်ပြောင်တင်းတင်း ကော်ပီတစ်ခုအနေနဲ့ ရေးထားခြင်းပါပဲ ။ အကယ်၍ မို့ရွှမ်မင်သည် ၎င်းကို တစ်ခါမှ မမြင်ဖူးပါက၊ သူမသည် ထိုကဲ့သို့သော အလားတူစာမျိုးကို ရေးနိုင်မည်မဟုတ်ပေ။ မို့ရွှမ်မင်ဟာ သူ့အစ်ကိုရဲ့ကဗျာစာအုတ်မှ ကဗျာကိုပုံတူကူးချတာကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး။
သူမကို အမြဲတမ်း ဂုဏ်ယူနေတဲ့ သူမ၏အကိုက သူမအတွက် သည်းမခံနိုင်တဲ့ မို့ရွှမ်မင်ကို တောင်းပန်ခိုင်းတယ်။ သူမသည် အစ်ကိုကြီး၏ စာကြည့်ဆောင်တွင် ကဗျာများစုစည်းမှုကို ရှာဖွေခိုင်းစေချင်ခဲ့သည်။ ဒါဆို မို့ရွှမ်မင်က ငြင်းနိုင်မှာ မဟုတ်တော့ဘူး ။
စီမာလင်းရန်သည် စီမာဟီရန်ကို ကောင်းကောင်းသိပြီး သုမ မျက်လုံးမှိတ်လိုက်သောအခါ သူမ ဒေါသထွက်နေမှန်း သိသည်။ သူကအသံကို နှိမ့်ချပြီး သူမကို ညင်သာစွာ နှစ်သိမ့်ပေးသည်။ “ညီမလေး ၊ မင်းအမေပြောခဲ့တာကို မမှတ်မိဘူးလား ။ အမေက ဧကရီနဲ့ မင်းသမီးလေးကို ဝတ်ပြုနိုင်ဖို့ မင်းကို နန်းတော်ထဲကို ဝင်ခွင့်ပေးခဲ့တယ်။ အဲဒါကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာ တခြားသူတွေကို အပြစ်တင်လို့ မရပါဘူး။ ဒါကို ငါတို့အမေသိရင် သူအရမ်းဒေါသထွက်လိမ့်မယ်။ "
စီမာဟီရန်က ပါးစပ်ကို ဖွင့်ထားသော်လည်း ဘာမှ မပြောပေ ။ စီမာလင်းရန်က ဘာကိုဆိုလိုသည်ကို သူမနားလည်ပြီး သူမနန်းတော်ထဲသို့ဝင်သောအခါတွင် ပြသနာမဖြစ်အောင် သူ့အမေက ငြိမ်သက်စွာနေရန် ပြောခဲ့သည်။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် အစ်ကိုဖြစ်သူ၏ အဆင့်အတန်း မြင့်တက်လာရန်ကြိုးစားရမည်ဖြစ်၍ သူ့ကို ရုပ်ဆိုးအောင် လုပ်ခွင့်မပြုနိုင်တော့ပေ။
စီမာဟီရန်သည် သူ့အမေအကြောင်းတွေးရင်း သူမအတော်လေး စိတ်မကောင်းဖြစ်မိ၍ အပြစ်ကို ခံယူခဲ့ရသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဒေါသကို ဖုံးကွယ်လိုက်သည်။ သူ့အစ်ကိုကြီးရဲ့ အနာဂတ်ကို သူမ ဖျက်စီးပစ်လို့ မရဘူး။
သူမက မို့ရွှမ်မင်ဘက်ကို လှည့်ပြီးပြောသည် ။ "ပထမသခင်မလေးမို့ ကျုပ် ဒီနေ့ ရုတ်တရတ် ဖြစ်သွားတာ တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီကဗျာတွေဟာ စကားလုံး တစ်လုံးတည်းနဲ့ ကွဲလွဲမှုက တူညီလွန်းတာကြောင့် အစ်ကို့ဆီကလို့ ထင်ခဲ့တာ "
စီမာဟီရန်က ဒေါသအရမ်းထွက်ခဲ့ပြီး အမှန်အတိုင်း ဝန်ချတောင်းပန်ခဲ့မယ်ဆိုရင်တောင်မှ သူမအနေနဲ့ အမှန်အတိုင်းပြောရမှာ ဖြစ်ပါတယ်။ ထိုအရာကို သူများတွေနားလည်မယ်လို့ သူမယုံကြည်တယ်။ ခြားနားသော စကားတစ်ခွန်းရှိသည်ကို သူမ ဝန်ခံခဲ့သည်။ ဒါပေမယ့် သူတို့က မတူကွဲပြားဘူးလို့ ဆိုလိုတာမဟုတ်ဘူး ။
စီမာလင်းရန်၏အသွင်အပြင်ကိုမြင်လိုက်ရတော့ မို့ရွှမ်မင်သည် စိတ်သက်သာရာရသွားပြီး မျက်ရည်ကျသောမျက်လုံးများဖြင့် အပြစ်ကင်းစွာ ဟန်ဆောင်ခဲ့သည်။ သူမသည် စီမာလင်းရန် ၏ မျက်နှာသာပေးမှုကို အနိုင်ယူရုံသာမက ထိုနေရာရှိ လူတိုင်းအပေါ် ကောင်းသော အထင်ကြီးမှုကို ချန်ထားခဲ့မည်ဖြစ်သည်။
သူမသည် ငိုနေပေမယ့်လည်း ဝမ်းနည်းပုံမပေါ်ပါဘူး။စီမာဟီရန်က သူမကို စကားပြောနေတာကိုမြင်တော့ သူမ ပြန်ဖြေချင်ပေမယ့် စီမာဟီရန်ရဲ့နောက်ဆုံးစကားက သူမကို ကြောက်ရွံ့စေခဲ့ပါတယ်။ သူမသည် စိတ်ပူပြီး ချောင်းဆိုးလာသည်။
စီမာလင်းရန်၏ အပြုံးသည် သူ့မျက်နှာပေါ်တွင် အေးခဲသွားသည်။ စကားလုံးရဲ့ ခြားနားချက် တစ်ခုတည်းကို သူများတွေ သိအောင် လုပ်ဖို့က သေးသေးလေးတော့ မဟုတ်ပါဘူး ။ "ညီမလေး ၊ မင်းက ချန်မြို့စာအိမ်က မိန်းမငယ်လေးဖြစ်ပြီး မင်းအပြစ်ကို ဝန်ခံသင့်တယ်။ ငါတို့အမေကို ဒီမှာ ဖိတ်ခေါ်စေချင်လား "
ချန်မြို့စား၏အိမ်သည် ထိုသို့သော ကောလာဟလကို မခံနိုင်ပါ။
သူမကို ညင်သာစွာပြောလေ့ရှိသော အစ်ကိုကြီးသည် သူမအား လူမြင်ကွင်းတွင် ဆူပူကြိမ်းမောင်းနေပြီး သူ့အမေကိုပါ ဖိတ်ခေါ်ချင်နေသည်။ စီမာဟီရန်သည် မာနကြီးသော မိန်းကလေးဖြစ်သော်ငြား စိတ်ပူစပြုလာပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာကာ “အစ်ကို !” လို့ပြောပြီး ငိုတော့သည် ။
ဧကရာဇ်ကိုယ်လုပ်တော်ဝမ်သည် ချောင်းဆိုးပြီး သူမအတွက် ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ "အိုကေ၊ အခု အမှန်တရားက ရှင်းသွားပါပြီ ။ ဒါက ချန်မြို့စားရဲ့ အိမ်ကြီးထဲက သခင်မလေး လုပ်လိုက်တဲ့ အမှားလေးတစ်ခုပဲမို့ ငါတို့ ဒါကို မေ့ထားလိုက်မယ် ။ မင်း အခုကစပြီး မင်းပြောတဲ့ စကားတွေကို သတိထားသင့်တယ် "
သူမက ထိုကိစ္စကိုလွှတ်ထားလိုက်ချင်ပေမယ့် ဧကရာဇ်ကိုယ်လုပ်တော်စုက ခွင့်မပြုနိုင်ဘူးဆိုတာ သိသည် ။ သူမသည် ကြင်ယာတော်စုကို မော့ကြည့်လိုက်ပြီး စကားစပြောသော်လည်း ဧကရီက အနှောင့်အယှက် ပေးခဲ့သည်။
"ချန်မြို့စားအိမ်ရဲ့ သခင်မလေးက နေမကောင်းဖြစ်နေပုံရတယ် ။ နာမကျန်းဖြစ်နေချိန်မှာ သူမ ဒီကိုမလာသင့်ဘူး ။ သူမက ဧကရာဇ်မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တစ်စုံတစ်ခုပြုလုပ်ခဲ့တာမို့ သူမ၏လက်ကို ဆုပ်ကိုင်ပြီး ထွက်သွားလိုက်ပါ။ "
ဧကရီက သူတို့ဆိုလိုရင်းကို အခုမှ သဘောပေါက်သွားခဲ့သည် ။ ပွဲက မကြာခင်ပြီးတော့မှာဖြစ်ပြီး ဒီလို အဖြစ်အပျက်တွေကို အားလုံးသိရင် သူမအရှက်ကွဲလိမ့်မည် ။သူမသည် ကဗျာအစစ်အမှန်မဟုတ်ကြောင်း ထုတ်ဖော်မပြမီ လူတိုင်းရှေ့တွင် မို့ရွှမ်မင်၏ကဗျာကို တန်ဖိုးထားခဲ့သည်။ ထိုကြောင့် ဧကရီ၏ဂုဏ်သတင်းသည် လုံးဝပျက်စီးလိမ့်မည်။ ထို့အပြင် ဧကရာဇ်မင်း သိလျှင် သူမသည် အသုံးမဝင်ဟု သူထင်လိမ့်မည်။ ပြီးတော့ ဧကရာဇ်ကိုယ်လုပ်တော်စုက ဧကရာဇ်ကို တစ်ခုခုကို စူးစူးဝါးဝါးပြောလိမ့်မယ်။ သူမ ဒေါသကို မထိန်းနိုင်ဘဲ စီမာဟီရန်အပေါ် ဒေါ်သကိုထုတ်လွတ်လိုက်သည် ။
သူမကြောင့်သာမဟုတ်ခဲ့လျှင် သူမ၏ပွဲသည်ထိုကဲ့သို့သောဟာသဖြစ်လိမ့်မည်မဟုတ်ပေ။
ထိုကဲ့သို့ လူမြင်ကွင်းတွင် ဆူပူကြိမ်းမောင်းခြင်းကိုခံရသော စီမာဟီရန်သည် သူမက ဧကရီရဲ့မကောင်းသောမှတ်ချက်များအတွက် ရောက်သွားခဲ့ပြီကိုသိရှိပြီး နန်းတွင်းမှ အခြားအမျိုးသမီးများက သူမနှင့် သူငယ်ချင်းဖြစ်ချင်တော့မည်မဟုတ်ပေ။ ပိုဆိုးတာက ထိုအရာသည် သူ့အိမ်ထောင်ရေးကိုလည်း ဆိုးဆိုးရွားရွား လွှမ်းမိုးသွားလိမ့်မယ်။ စီမာဟီရန်၏ မျက်နှာသည် ဖြူဖျော့သွားကာ အစ်ကိုဖြစ်သူ၏ အေးစက်သော မျက်လုံးများကို သတိပြုမိသောအခါတွင် သူမသည် အလွန်ဝမ်းနည်းသွား၍ ဒူးထောက်ထိုင်ချလိုက်ပြီး မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။
ရုတ်တရက် ဧကရာဇ်ကြီးကျင်းပသော ပွဲတော်ပြီးဆုံးကြောင်း ညွှန်ပြသော အသံတစ်ခုထွက်ပေါ်လာသည်။
ဧကရီသည် မတ်တပ်ရပ်လိုက်ပြီး စီမာဟီရန်နှင့် မို့ရွှမ်မင် တို့ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် နန်နိများနှင့်အတူ ရေကန်ဆီသို့ ဦးတည်သွားခဲ့သည်။ အဲဒီမှာ စောင့်နေတဲ့ လှေတွေက သူတို့ရောက်တုန်းကနဲ့ မတူဘူး။ ဒီလှေတွေအားလုံးဟာ လူရာနဲ့ချီဆံ့နိုင်တဲ့ သင်္ဘောကြီးတွေပါ။ ညာဘက်ကျွန်းပေါ်ရှိ ပွဲတော်ကြီးလည်း ပြီးသွားတော့ အားလုံးက သင်္ဘောတွေဆီ ဦးတည်သွားကြတယ်။
ဧကရာဇ်မင်းနှင့် အရာရှိများသည် မြစ်ကမ်းဘေးတွင် စောင့်နေကြသည်။ တရားရုံးက လူငယ်တွေကို ဧည့်ခံကျွေးမွေးတဲ့ ပွဲတော်ပြီးရင် မီးပုံးပြပွဲရှိတယ်ဆိုတော့ သူတို့ မထွက်သွားကြဘူး။ အိမ်အကူတွေ အားလုံးက သူတို့သခင်တွေဆီ သွားကြတယ် ။
ဧကရာဇ်မင်းနှင့် ဧကရီတို့သည် ဧကရာဇ် မောင်းမမိဿံများနှင့်အတူ ထွက်ခွာသွားခဲ့ပြီး ဤနေရာတွင် လူငယ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ဘုရင်မင်းမြတ်သည် သာမာန်လူများကဲ့သို့ ပျော်ရွှင်စေရန်နှင့် နန်းတော်ရှိ မီးပုံးပြခန်းတွင်လည်း ထင်ရှားစေလိုသောကြောင့် ဤသခင်နှင့် သခင်မလေးများသည် ကိုယ့်ကိုယ်ကိုယ် အရမ်းထိန်းချုပ်ရန် မလိုအပ်ပေ။ ဒါကြောင့် သူတို့ဟာ ပုံမှန်လမ်းတွေနဲ့ ဈေးတွေမှာ အပန်းဖြေအနားယူပြီး ပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်။ နန်းတော်တစ်ခုလုံးသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။ လှပသောအဝတ်အစားများနှင့် ချိုမြသောအသံများက လေထုထဲသို့ တိုးဝင်လာသည်။
ရင်းနှီးသော ဆွေမျိုးများ သည် မီးပုံးများကို အတူတူထွန်းညှိကာ စကားပြောကြသည်။ သူတို့ကိုကြည့်နေတဲ့ မိသားစုဝင်တွေ မရှိတဲ့အတွက် စိတ်အေးလက်အေးဖြစ်သလို ခံစားရသည် ။
မိုရီ ရောက်လာသောအခါ မိုရွှီတုန်းသည် မြစ်ကမ်းထောင့်တွင် ရပ်နေခဲ့သည်။ သူမ မည်သည့် စကားမှမပြောရခင်မှာ မီးပုံးကိုင်ထားတဲ့ အိမ်အကူတစ်ယောက်က သစ်ပင်အောက်မှာ ပေါ်လာပြီး ဝှေ့ယမ်းပြတယ်။
“မမလေး !” မိုရီ စိတ်လှုပ်ရှားသွားသည်။
"စိတ်မပူပါနဲ့ သွားကြည့်ရအောင်။" မို့ရွှီတုန်း၏ မျက်လုံးများ မှိန်သွားကာ သူမကို အပြုံးဖြင့် နှစ်သိမ့်ပေးသည်။ မိုရီသည် မိုယု နှင့် မိုလန်မဟုတ်သလို သူမသည်လည်း ဘာမှနားမလည်သောသူ မဟုတ်ပေ ။ သူမသည် ထိုသို့အိမ်အကူတစ်ဦးနှင့် အလွယ်တကူ ဆက်ဆံနိုင်သည်။
မို့ရွှမ်မင်သည် မို့ရွှီတုန်းကိုကြည့်နေရင်း အိမ်အကူနှင့် အတူထွက်သွားသည်ကို တွေ့လိုက်ရသောအခါ အေးစက်ပြီး ရက်စက်သော အပြုံးတစ်ခု သူမ၏ နှုတ်ခမ်းပေါ် ထွက်ပေါ်လာခဲ့သည် ။ ခဏအကြာ သူမထံသို့ မိုစုက ရောက်လာခဲ့သည် ။ ထို့နောက် သူမသည် စီမာလင်းရန်ကို လက်ညှိုးထိုးပြပြီး ပြောသည် ။ "သွားပြီးတော့ သူ့ကိုပြောလိုက်ပါ ၊ ငါရောက်နေပြီလို့ "
မိုစုသည် သူမ၏ အမိန့်ကို နာခံပြီး စီမာလင်းရန်၏ ဦးတည်ရာသို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။
မို့ရွှီတုန်းက မိုရီကို အိမ်အကူထံ ခေါ်ဆောင်သွားပြီး သူမကို စောင့်ဖို့ အချက်ပြနေတာကို တွေ့လိုက်ရတယ်။
သူတို့ လမ်းသေးသေးလေးဆီကို လျှောက်သွားကြတယ်။ လမ်းမပေါ်တွင် မီးပုံးများစွာမရှိသော်လည်း မီးမှိန်မှိန်လေးနှင့် အေးနေပုံရသည်။
မို့ရွှီတုန်းသည် ရုတ်တရက် သူမ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး မိုရီ၏လက်ကို ကိုင်ကာ မေးလိုက်သည်။ "အဲဒီသခင်က ဘယ်သူလဲ သိလား" အဲဒီတုန်းက သူမဟာ လမ်းသေးသေးလေးပေါ် ရောက်နေပြီဖြစ်ပြီး အတွင်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို အပြင်ကနေ မမြင်ရပါဘူး။ ဤဆိတ်ငြိမ်သောနေရာသည် အပြင်ဘက်နှင့် အလွန်ကွာခြားသည်။ ဤနေရာ၌သာ သူမသည် အအေးဒဏ်ကိုခံစားခဲ့ရပြီး သူမ၏ဝတ်စုံသည် လေထဲတွင် လွင့်နေခဲ့သည်။
မို့ရွှီတုန်းက မသွားဖြစ်တာကို မြင်လိုက်ရတော့ အိမ်အကူက စိတ်ပူပြီး စိတ်မရှည်စွာ ပြန်ဖြေလိုက်တယ်။ "သခင်မလေး ၊ မင်း အမြန်လိုက်သင့်တယ်။ ဒီလမ်းက ချင်းဖန်ဥယျာဉ်ကို ရောက်တယ်။ ဒီသခင်လေးက သင်္ဘောပေါ်ကဆင်းပြီးတာနဲ့ သခင်မလေးကို ဒီကိုဖိတ်ခေါ်ဖို့ ကျုပ်ကို ပြောလိုက်ပါတယ်၊ သခင်မလေး အခုချက်ချင်းမထွက်ရင် အရမ်းနောက်ကျသွားလိမ့်မယ် "