ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

29K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အပိုင်း(၅)

436 46 2
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၅)

ယွမ်ကျိုးက သူ လက်ဝယ်ပိုင်ဆိုင်ထားသော လုပ်ငန်းလိုင်စင်(၂)ခုကို ကြည့်ပြီး စိတ်လှုပ်ရှားသော ခံစားချက်
ဖြစ်ပေါ်မိသည်။

ဤလုပ်ငန်းလိုင်စင်(၂)ခုကို ရယူရန် ကြိုးစားခဲ့၍ နေ့လည်စာငတ်ခဲ့သည့်တိုင် ပျော်ရွှင်နေမိသည်။

ထို့ကြောင့် သူက စားသောက်ဆိုင်ငယ်လေးထဲ ဝင်ရောက်သွားပြီး ကြက်ဥထမင်းကြော်ကို မှာသည်။ အပေါစား စားသောက်ဆိုင်၏ ထိုင်ခုံတွင် ထိုင်ပြီး ယွမ်ကျိုးက သူ့တာဝန်အ‌ခြေအနေ တိုးတက်မှုကို စစ်ဆေးရန် ဖန်သားပြင်ကို တိတ်တဆိတ်ထိလိုက်သည်။

တာဝန်မပြီးမြောက်သေးကြောင်းသာ တွေ့ရှိရသည်။ ထိုစဉ် အခိုက်အတန့် ယွမ်ကျိုး၏ အတွေးထဲ သူ့ကိုပေးအပ်ထား‌သော တာဝန်ကို ပြီးမြောက်ရန် စီးပွားရေးစတင်သင့်သည်ဟု ယူဆမိသည်။

"ဒါက ခင်ဗျား မှာထားတဲ့ ကြက်ဥထမင်းကြော်ပါ။ ဟင်းချိုကိုတော့ အိုးထဲမှာ ကြိုက်သလောက်ယူနိုင်တယ်"

ကြက်ဥထမင်းကြော် ရောက်ရှိလာ၍ ယွမ်ကျိုး၏ အတွေးစ ပြတ်တောက်သွားသည်။

စနစ်က နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော် ချက်ပြုတ်နည်းစနစ်ကို ‌ပေးထား၍ သာမန်ကြက်ဥထမင်းကြော်၏ အရသာကို အရင်မြည်းစမ်းကြည့်သင့်သည်။

သူရှေ့ရောက်နေသော ကြက်ဥထမင်းကြော်သည် အလွန်ရိုးရှင်းသည်။ ဝက်ပေါင်ခြောက်အနည်းငယ်၊မုန်လာဥနီအနည်းငယ်နှင့် ကြက်ဥထမင်းကြော်တိုင်းတွင် မရှိမဖြစ်လိုအပ်‌သော ပါဝင်ပစ္စည်းများနှင့်အတူတူ ကြက်သွန်အချဉ်ပန်းကန်လေးတစ်ခုလည်း ပါဝင်သည်။

ထမင်းကြော်တစ်ဇွန်းကို အလျင်စလို စားလိုက်ပြီးနောက် ယွမ်ကျိုးသည် ကြက်ဥထမင်းကြော်ကို အရသာရှိအောင် မည်သို့ချက်ပြုတ်ရမလဲဟု တွေးကြံနေမိသည်။

"စနစ်က ဆုချထားတဲ့ နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်က Cooking Master Boyရုပ်ရှင်ထဲကလို စားကြည့်လိုက်ရင် အလင်းရောင်တွေ လင်းလက်သွားမှာလား"ဟူ၍ ယွမ်ကျိုးက တိတ်တဆိတ်တွေးနေမိသည်။

အပြန်လမ်းတွင် ယွမ်ကျိုးသည် နံရံကပ်စက္ကူကပ်သော အလုပ်သမားတချို့နှင့် တွေ့ဆုံမိပြီး စတုရန်း ၁မီတာလျှင် ယွမ်၁၈ကျပ်ဖြင့် ဈေးညှိနိုင်ခဲ့သည်။

ထို့နောက် အလုပ်သမားများ၏ လျှပ်စစ်ကားကို အလကားစီးပြီး စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။

ဤသို့ဖြင့် စမတ်ကျပြီး ကောက်ကျစ်စဉ်းလဲသော ယွမ်ကျိုးသည် သူ့ဘတ်စ်ကားခကိုပင် သက်သာအောင် စီမံနိုင်ခဲ့သည်။ ယွမ်ကျိုး စားသောက်ဆိုင်သို့ ပြန်ရောက်လာသောအခါ သူဌေးဝမ်သည် ပိုက်လိုင်းအားလုံးကို ပြုပြင်ပြီးဖြစ်သည်။

အသစ်တပ်ဆင်ထားသော ဓာတ်ငွေ့မီးဖိုနှင့် သန့်ရှင်းသပ်ရပ်သောမီးဖိုချောင်သည် ယွမ်ကျိုးကို ကောင်းမွန်သော စိတ်ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ယွမ်ကျိုးက နံရံကပ်စက္ကူကပ်ရန် အလုပ်ကို စတင်ရန် စီစဉ်‌ပေးပြီးနောက် သူဌေးဝမ်ဆီသွားသည်။

"ကျေးဇူးတင်ပါတယ် သူဌေးဝမ်။ ဒါက လုပ်အားခပါ။ တစ်ချက် စစ်ဆေးကြည့်ပါဦး"

"ပြဿနာမရှိပါဘူး။ မင်းပေးတဲ့ လုပ်အားခက မှန်ကန်ပါတယ်။ ဒါဆိုရင် ငါ ပြန်တော့မယ်။ အကူအညီထပ်လိုအပ်ရင် ငါ့ကို ဖုန်းဆက်ခေါ်လိုက်နော်" 
ထို့နောက် သူဌေးဝမ်သည် ငွေလက်ခံပြီး ရေတွက်ကာ ငွေသားများကို သူ့အိတ်ကပ်ထဲ ထည့်ပြီးနောက် သူ့ဆိုင်သို့ ပြန်သွားသည်။

အလုပ်သမား၏ အလုပ်လုပ်သော အသံမှလွဲ၍ ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ယခင်က ဆိုင်ထဲခင်းကျင်း‌ထားသော ထိုင်ခုံနှင့် စားပွဲခုံအားလုံးကို  အမှိုက်အနေဖြင့် လွှင့်ပစ်ခဲ့သည်။

ထို့ကြောင့် ပင်မခန်းမဆောင်ကြီးသည် အတော်အတန် ကျယ်ဝန်းသည်ဟု ထင်ရသည်။ ယွမ်ကျိုးသည် နံရံကပ်စက္ကူကပ်ခြင်းလုပ်ငန်း ပြီးမြောက်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ် စားပွဲခုံနှင့် ထိုင်ခုံအသစ်များ ဝယ်ရန် တွေးကြံနေသည်။

သူသည် သူပိုင်ဆိုင်ထားသော စနစ်နှင့် ပတ်သက်၍ အတော့်ကို ယုံကြည်မှု လွန်ကဲသည့်အတွက် တတ်နိုင်သလောက် ခန်းမဆောင်တစ်ခုလုံးကို ဧည့်သည်များများ တည်ခင်းနိုင်ရန် စားပွဲခုံများများ ဝယ်ယူရန် ဆုံးဖြတ်ထားသည်။

"ဟား...ဟား...ဟား"

ယွမ်ကျိုးက သူ့စားသောက်ဆိုင်သို့ တိုးကျိတ်ဝင်‌ရောက်လာမည့် စားသုံးသူများနှင့် စားသောက်ဆိုင် ဆိုင်ခွဲတစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်လှစ်မည့်အကြောင်းကို စိတ်ကူးယဉ်ပြီး အားရပါးရ ရယ်မောလိုက်သည်။

အလုပ်ကို အာရုံစိုက်နေသော အလုပ်သမား(၂)ယောက်သည် ရယ်သံကိုကြား၍ ယွမ်ကျိုးကို လှည့်ကြည့်ကြသည်။

အရပ်ရှည်ရှည်နှင့် လူငယ်လေးသည် အသက်ကြီးပိုင်းအမျိုးသားကို သံသယမျက်ဝန်းဖြင့် ကြည့်နေစဉ် အသက်ကြီးပိုင်းအမျိုးသားက သူ့ကို ခပ်တန်းတန်း ပြန်ကြည့်သည်။

သူအကြည့်၏သ‌ဘောက ကိုယ့်အလုပ်ကို အာရုံစိုက်၊ဒါ မင်းကိစ္စ မဟုတ်ဘူး။

အရပ်ရှည်ရှည်နှင့်လူငယ်လေးသည် ပခုံး ဆတ်ခနဲ တွန့်လိုက်ပြီး အသက်ကြီးပိုင်းအမျိုးသား သူ့ကို ဒေါသထွက်နေမှန်း သတိပြုမိသောအခါ အလုပ်ကို အာရုံပြန်စိုက်သည်။

ခဏကြာအောင် ရယ်မောပြီးနောက် ယွမ်ကျိုးသည် သူသိက္ခာကျမည့်အ‌ကြောင်းကို ရုတ်တရက် တွေးမိသွား၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသည်။

စားသောက်ဆိုင်နား ဖြတ်သွားဖြတ်လာ တစ်ဦးတစ်ယောက်မှ မရှိသည့်အပြင် အလုပ်သမား(၂)ယောက်သည်လည်း သူတို့အလုပ်ကိုသာ အာရုံစိုက်နေသည်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းအောင် စောင့်ဆိုင်းပြီးနောက် ယွမ်ကျိုးသည် ငြီးငွေ့လာ၍ ဒီနေ့ ကုန်ကျစရိတ်ကို စတင် တွက်ချက်သည်။

ဂက်စ်ပိုက်လိုင်း နှင့် ဂက်စ်မီးဖို ပြုပြင်ခြင်းက ယွမ် ၁၅၀၀၊ ၆၀ မီတာရှိတဲ့  နံရံကပ်စက္ကူ ကုန်ကျစရိတ်က ယွမ် ၁၀၈၀၊လုပ်ငန်းလိုင်စင်(၂)ခုအတွက် ယွမ်၆၀၀၊စားပွဲခုံ၊ထိုင်ခုံနှင့် တခြားမီးဖိုချောင်အသုံးအဆောင်များအတွက် ယွမ် ၁၀,၀၀၀၊ စားသောက်ဆိုင်သန့်ရှင်းရေးက သူကိုယ်တိုင် လုပ်ဆောင်ခဲ့၍ ပိုက်ဆံကုန်သက်သာခဲ့သည်။

ကုန်ကျစရိတ်စုစုပေါင်းက ယွမ် ၁၃,၁၈၀။ ဒါဆိုရင် ငါရဲ့ယွမ် ၅သောင်းထဲမှာ ယွမ် ၃၆,၈၂၀ပဲ ကျန်တော့တယ်။ စားသောက်ဆိုင်ထဲမှ ပစ္စည်းအစုတ်အပျက်တွေ ရောင်းတာက ယွမ် ၃၂၀ပါ ထပ်ပေါင်းထည့်လိုက်ရင် ဘယ်လောက်မှ မကျန်တော့ဘူးပဲ။ ယွမ်ကျိုးက ကျန်ရှိနေသေးသော ငွေပမာဏကို ကြည့်မိပြီး အနည်းငယ် စိတ်မပျော်မရွှင်ဖြစ်မိသည်။

ရိုးရှင်းသော ပြုပြင်ခြင်းသည်ပင် ကုန်ကျစရိတ်များလွန်းသည်။ လုံ့လဝိရီယရှိပြီး ချွေတာတတ်သော ယွမ်ကျိုးအတွက် ဤပမာဏသည် လက်ခံရန် ခဲယဥ်းနေသည်။

နေ့လည်ခင်းတွင် ဝယ်ယူရမည့် ဈေးကြီးသော စားပွဲခုံနှင့် ထိုင်ခုံများအကြောင်း တွေးမိသောအခါ ယွမ်ကျိုး၏ စိတ်ခံစားချက် ပို၍ ဆိုးရွားလာသည်။

ယွမ်ကျိုးက ဧည့်သည်တော်များကို တစ်ပြိုင်နက်တည်း ဧည့်ခံနိုင်ရန် ခန်းမဆောင်၏ နေရာလပ်မကျန် ထိုင်ခုံ နှင့် စားပွဲခုံများကို ယခင်အတိုင်း ခင်းကျင်းထားချင်သည်။

အကယ်၍ မြို့တော်က တင်းကြပ်သော စည်းမျဉ်းများ မချမှတ်ထားလျှင် သူ့စားသောက်ဆိုင်၏ ဝင်ပေါက် အပြင်ဘက် လူသွားစင်္ကြပေါ်တွင်လည်း စားပွဲခုံနှင့်ထိုင်ခုံများကို ခင်းကျင်းထားချင်သည်။

နံရံကပ်စက္ကူကပ်ခြင်းအလုပ်သည် လွန်စွာ လျင်မြန်သည်။ မည်သို့ပင်ဆိုစေကာမျှ ယွမ်ကျိုးက နံရံကပ်စက္ကူအဟောင်းများကို
စုတ်ဖြဲထားပေး၍ အလုပ်သမားများက နံရံကပ်စက္ကူအသစ်များကိုသာ ကပ်ရန်လိုအပ်သည်။ သူတို့အလုပ်ပြီးဆုံးပြီးနောက် ယွမ်ကျိုးက ကျန်ရှိနေသေးသော လုပ်အားခများကို ပေးလိုက်သည်။ သူတို့၂ယောက်သည် လုပ်အားခကို ယူပြီးနောက် အလျင်စလို ထွက်သွားကြသည်။

ယွမ်ကျိုးက ရိုးရှင်းသော သန့်ရှင်းရေးကို လုပ်ဆောင်ပြီးနောက် ကြမ်းပြင်သည် တောက်ပရှင်းလင်းသွားသည်။

စားသောက်ဆိုင်၏တံခါးကို ပိတ်ပြီးနောက် ယွမ်ကျိုးသည် ပစ္စည်းအဟောင်းများရောင်းသော လေဟာပြင်ဈေးသို့ ဘက်စ်ကားဖြင့်သွားသည်။ ထိုမှသာ လုံ့လဝီရိယရှိပြီး ချွေတာစုဆောင်းတတ်သော သူ၏ စိတ်သဘောထားကို ပေါ်လွင်စွာ ထုတ်ဖော်နိုင်လိမ့်မည်။

တကယ်တမ်း ယွမ်ကျိုးက ချွေတာစုဆောင်းတတ်သောအကျင့်စရိုက်ကို သူ့ဘိုးဘေးများထံမှ လက်ဆင့်ကမ်းခဲ့သော်လည်း တစ်ပတ်ရစ်ပစ္စည်းများကို မဝယ်ယူနိုင်ပေ။

ပစ္စည်းအဟောင်းများကို ရောင်းချသော လေဟာပြင်ဈေးသည် အရည်အသွေးကောင်းမွန်ပြီး ဈေးအသင့်အတင့်ရှိသော ပစ္စည်းအသစ်များကိုလည်း ရောင်းချပေးသည်။

ယွမ်ကျိုးက သူ့ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာသောချွေတာရေးဗျူဟာဖြင့် ဈေးတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီး ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်သည်။ သူလိုချင်သည့်ဆိုင်သို့ ရောက်ရှိသွားသည်။ ဤဆိုင်သည် ဆိုင်ကို ပိတ်သိမ်းခါနီးဖြစ်၍ ဂိုဒေါင်ရှင်းစနစ်ဖြင့် ရောင်းချနေသည်။

"ဟေ့ သူဌေး။ ဒီလို စားပွဲခုံနဲ့ထိုင်ခုံ ဘယ်နှစုံလောက်ရှိလဲ။ ယွမ်ကျိုးက အဖြူရောင်အနားကွပ်နဲ့ အစိမ်းရောင်စပျစ်ပင်ပုံစံများ အလှဆင်ထားသော စားပွဲခုံတစ်စုံကို လက်ညှိုးထိုးပြသည်"

"အစ်ကိုက ဒီတစ်စုံကို သဘောကျလို့လား။ ဒီတစ်စုံရဲ့အရည်အသွေးက ကျွန်တော်တို့ဆိုင်ရဲ့ ကျန်နေသေးတဲ့စားပွဲခုံတွေထဲမှာ အကောင်းဆုံးပဲ။ စုစုပေါင်း(၄)စုံပဲ ကျန်တော့တယ်။ ဘယ်နှစုံလောက် ဝယ်ချင်တာလဲ" သူဌေးက ကြင်နာသောအပြုံးလေးကို ဆင်မြန်းလိုက်ပြီး မျက်မှန်ပင့်ကာ မေးမြန်းလိုက်သည်။

"၄စုံပဲ ရှိတာလား။ ငါက ၆စုံ ဝယ်ချင်တာ" ယွမ်ကျိုးက မျက်မှောင်ကြုံ့လိုက်ပြီး စားပွဲခုံ၏အရွယ်အစားနှင့် သူ့စားသောက်ဆိုင်၏အကျယ်အဝန်းကို နှိုင်းယှဉ်ကြည့်သည်။

"အနီရောင်အစုံလေးလည်း မဆိုးပါဘူး။ ဒီတစ်စုံက ၆စုံအပြည့်ကျန်သေးတယ်" သူဌေးက ဈေးဝယ်သူကို ဆုံးရှုံးရတော့မည်မှန်းသိ၍ အနီရောင်စားပွဲအစုံကို ချက်ချင်း ညွှန်ပြပြီး ယွမ်ကျိုးကို ဝယ်ယူရန် တိုက်တွန်းသည်။ နောက်ဆုံးတော့ ယွမ်ကျိုးက အဖြူရောင်စားပွဲဆက်တီ(၄)စုံ နှင့် အနီ‌ရောင်စားပွဲဆက်တီ(၂)စုံကို ဝယ်ယူခဲ့သည်။ သူဌေးက အဖြူရောင်စားပွဲဆက်တီ(၆)စုံမရှိ၍ ငွေပေါ်အမြတ်ရအောင် ယွမ်ကျိုးကို ‌လျော့ဈေးဖြင့် ရောင်းချခဲ့သည်။

"သူဌေး ကျွန်တော် ခင်ဗျားဆိုင်ကနေ အများကြီးဝယ်ထားတာ။ ဒါတွေအားလုံးကို ကျွန်တော့်စား‌သောက်ဆိုင်ကို ပို့ပေးလို့ရမလား" ပစ္စည်းထုပ်ပိုးနေသောသူဌေးကို ယွမ်ကျိုးက သူငယ်ချင်းဟောင်းသဖွယ် ပြုံး၍ စကားပြောသည်။

"ဒီကုန်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်မှာ သယ်ယူပို့ဆောင်စရိတ် မပါဘူး။ ဈေးအရှေ့မှာ ထိုးရပ်ထားတဲ့ ကုန်ကားတွေကို မင်း သွားငှားလို့ရတယ်လေ။ အဲ့ဒီ ကုန်ကားတွေရဲ့ အဓိကရည်ရွယ်ချက်က ကုန်ပစ္စည်းတွေကို ပို့ဖို့ဘဲလေ။ မင်း ကုန်ကားသွားငှားနေတဲ့အချိန် မင်းရဲ့ပစ္စည်းတွေကို ငါ ကြည့်ပေးထားမယ်လေ" သူဌေးက ချက်ချင်းငြင်းဆန်သည်။

"ဒါက မကောင်းဘူးလေ။ ငါတို့စားသောက်ဆိုင်အထိ မင်းမပို့ပေးနိုင်ရင်တောင် ဘယ်ကုန်တင်ကားက ဈေးအသက်သာဆုံးလဲဆိုတာကို မင်း လမ်းညွှန်ပေးသင့်တယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်ကားမောင်းသမားက သင့်လျော်တယ်ဆိုတာ ငါက ဘယ်လိုသိနိုင်ပါ့မလဲ"
သူဌေးက ချက်ချင်း ငြင်းဆန်၍ ယွမ်ကျိုးက စကားလမ်းကြောင်းလွှဲကာ ထပ်မံတောင်းဆိုသည်။ နောက်ဆုံးတွင်မူ သူဌေးက ယွမ်ကျိုး၏အရှက်မဲ့သောအပြုအမူကို အလျော့ပေးလိုက်ပြီး ကုန်ကျစရိတ်အသက်သာဆုံး ကုန်တင်ကားကို ယွမ်ကျိုးဆီ ခေါ်လာပေးသည်။

ယွမ်ကျိုးက သူ့စားသောက်ဆိုင်လိပ်စာကို သေချာမမှတ်မိသည့် အကြောင်းပြချက်ပေးကာ ကုန်တင်ကားနှင့်အတူတူ သူ့ စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။ ဘက်စ်ကားလက်မှတ်ခ ၂ယွမ်သည် ကြက်ဥလက်ဖက်ရည်၂ခွက်သောက်ရန် လုံလောက်သော ပမာဏဖြစ်၍ ယွမ်၂ယွမ်သက်သာအောင် စီမံနိုင်ခဲ့သည်။

အမှောင်ကျရောက်မလာခင် ယွမ်ကျိုးသည် သူ့စားသောက်ဆိုင်ကို သေချာရှင်းလင်းသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ချွေးစက်များကို မသုတ်ခင် ယွမ်ကျိုးသည် အသစ်ဝယ်ယူထားသော ကုလားထိုင်ပေါ် ပစ်လှဲလိုက်ပြီး သူ့တာဝန်ပြီးဆုံးမှု အခြေအနေကို စစ်ဆေးကြည့်သည်။

တာဝန် : စားသောက်ဆိုင်တစ်ဆိုင်ပိုင်ဆိုင်ခြင်း -  ပြီးမြောက်ခြင်း

တာဝန်အညွှန်း : အလားအလာရှိသော ကျွမ်းကျင်စားဖိုမှူးတစ်ယောက်အနေနဲ့ စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်သင့်တယ် မဟုတ်ဘူးလား။ ကောင်ကလေး ဒီအတွက် မင်း ကြိုးစားပါ။

စနစ်မှ ထွက်ပေါ်လာ‌သော စကားလုံးတချို့ကြောင့် ယွမ်ကျိုး ပျော်ရွှင်သော ခံစားချက်တချို့ ဖြစ်ပေါ်လာသည်။

ကနဦးတာဝန် ပြီးမြောက်ခြင်း

ကျွမ်းကျင်စားဖိုမှူးစနစ် တရားဝင်စတင်ခြင်း

စားသောက်ဆိုင်ပြန်လည်ပြုပြင်ခြင်းကဏ္ဍသို့ ဝင်ရောက်သည်။

"စနစ်၊ဒါက ဘာကြောင့်လဲ" ယွမ်ကျိုးက သူ့မီးဖိုချောင်မှ ထွက်ပေါ်လာသော အသံကြောင့် အလောတကြီး မေးမြန်းသည်။

"စနစ်က လက်ခံသူရဲ့စားသောက်ဆိုင်ကို အခမဲ့ ပြန်လည်ပြုပြင်ပေးတာပါ။ဒါမှလည်း ကောင်းမွန်တဲ့ဟင်းလျာတွေကို တည်ခင်းပေးနိုင်မှာပါ"

"ဒီလိုဆိုရင်လည်း စနစ်က နဂိုကတည်းက သူ့ဘာသာသူ မပြင်ရတာလဲ"

"စနစ်က လက်ခံသူရဲ့စားသောက်ဆိုင်ကို အခမဲ့ပြုပြင်ပေးမှာပါ။ ဒါမှသာ ကောင်းမွန်တဲ့ဟင်းလျာတွေနဲ့ ဧည့်သည်တော်တွေကို တည်ခင်းဧည့်ခံနိုင်မှာပါ"

"ဒါဆိုရင် ငါ စားသောက်ဆိုင်အတွက် ဝယ်ထားတဲ့ပစ္စည်းတွေ ဘယ်လိုဖြစ်သွားပြီလဲ"

သူ ဝယ်ယူထားသော ပစ္စည်းအားလုံးက ပျောက်ကွယ်သွားသည် မြင်တွေ့ရသောအခါ ယွမ်ကျိုး၏ နှလုံးသား နာကျင်ရသည်။ စနစ်က စာဖတ်ပြသည်။
"စနစ်က အခမဲ့ ပြန်လည် ပြုပြင်ပေးမှာပါ။ဒါကြောင့် ပစ္စည်းအားလုံးက အမှိုက်ပုံးထဲ ရောက်သွားပါပြီ"

"အို့စ် သေစမ်း"

အပိုင်း(၅)

ပြီးပါပြီ။

Continue Reading

You'll Also Like

12.6K 1.2K 53
ရီပင်းဆိုတဲ့လူငယ်လေးက ဒီဘက်ခေတ်ကနေ ကျင့်ကြံခြင်းလောကထဲရောက်ခဲ့တယ်။ ဒါမဲ့အဲ့လူငယ်လေးက ကျင့်ကြံခြင်းလောကမှန်းမသိပဲ စာပေပညါ ပန်းချီပညာစတဲ့ပညာတွေကိုသာလေ့...
9.5K 163 10
Satoru Gojo and Y/n have been married for four years. Both of them are busy sorcerers with hectic schedules, so they rarely spend time together, go o...
171K 5.6K 200
❝ 𝒲𝑒𝓁𝒸𝑜𝓂𝑒 𝓉𝑜 ❞ ♯𝐒𝐭𝐫𝐚𝐲𝐤𝐢𝐝𝐬 𝐢𝐧𝐜𝐨𝐫𝐫𝐞𝐜𝐭 𝐪𝐮𝐨𝐭𝐞𝐬ꜟꜝ ⌇ 〟ϯσԹίɕ σηε ᷈𖡺🍓 T...
7.3K 1K 55
(နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ) ထျန်းလန်တိုက် ကျို့ယောင်မြို့မှာမူလစတိုးဆိုင်ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ရှိတယ်။အဲ့ဒီဆိုင်က ကိုလာတစ်ပုလင်းကို သောက်လိ...