ကျွမ်းကျင်စာဖိုမှူးစနစ်
အပိုင်း(၁)
တောင်ပေါ်ဘုရားကျောင်းမှ ပန်းပွင့်ကလေးများ စတင်ဖူးပွင့်သည့် ဧပြီလတွင် ပန်းရနံ့လေးများ သင်းပျံ့နေသည်။
ကြီးများကျယ်ပြန့်ပြီး ရှုပ်ယှက်ခတ်နေသော မြို့တော်ကြီးတွင် မြို့ပတ်လမ်း ၂နှင့် ၃လမ်းဆုံတွင်ရှိသော ဆိုင်သေးသေးလေးသည် ယင်ကောင်သေးသေးလေးပင် မမြင်ရသည်အထိ လူသူကင်းမဲ့နေသည်။
သို့သော်လည်း မှိန်ပျပျအခန်းထဲတွင် ထိုင်နေသော ယွမ်ကျိုးက ဤအခြင်းအရာကို မသိကျိုးကျွံပြုထားသည်။ ယွမ်ကျိုးက ထိုင်ခုံခြေထောက်အကောင်းပကတိအတိုင်းရှိနေသောထိုင်ခုံပေါ်မှာ ထိုင်နေသည်။
သေးငယ်သောအခန်းကလေးကို လှည့်ပတ်ကြည့်ရှုပြီး သက်ပြင်းချကာ အတွေးထဲ နစ်မြောနေသည်။
ဤဆိုင်လေးသည် ယွမ်၅သောင်းအပြင် သူ့မိဘများအမွေအနှစ်အဖြစ် ချန်ရစ်ခဲ့သော တစ်ခုတည်းသောအမွေဖြစ်သည်။ နှစ်ထပ်စားသောက်ဆိုင်လေးသည် စီးပွားရေးအဆောက်အအုံကို ကျောခိုင်းထားပြီး ရှုပ်ယှက်ခက်သော လမ်းမပေါ်တွင် တည်ရှိလေသည်။ ဤဆိုင်လေး၏ ပထမထပ်တွင် ခေါက်ဆွဲဆိုင်ဖွင့်ထားပြီး ဒုတိယထပ်တွင် နွေးထွေးလုံခြုံသော အိမ်ကလေး ရှိသည်။ သူ့မိဘ၂ဦးစလုံး လွန်ခဲ့သော၃နှစ်ခန့်က ကားမတော်တဆမှုဖြင့် သေဆုံးသွားသောကြောင့် စားသောက်ဆိုင်ဖွင့်ထားသော ပထမထပ်ကို သူ ထပ်မသွားခဲ့ပေ။ သူအပြင်ထွက်တိုင်း နောက်ဖေးတံခါးပေါက်ကို အသုံးပြုပြီး အပြင်ထွက်လေ့ရှိသည်။
ယခုတော့ အိမ်ကလေးက အလွန်အမင်း ဖုန်ထူနေသည်။ ကျန်ရှိနေသေးသော အိုးခွက်များနှင့်တူများ ကြမ်းပြင်ပေါ် ရှုပ်ပွပြန့်ကြဲနေစဥ် ထိုင်ခုံများနှင့်စားပွဲခုံများကလည်း တစ်စစီ ကျိုးပဲ့နေလေသည်။
ဒုတိယထပ်ကလည်း ပထမထပ်နှင့် ခြားနားခြင်း မရှိခဲ့ပေ။ သူမကြာခဏ သွားလာလှုပ်ရှားလေ့ရှိသော နေရာများမှလွဲ၍ ကျန်နေရာများက လွန်ခဲ့တဲ့၃နှစ်ကအတိုင်း ရှိနေခဲ့လေသည်။
လွန်ခဲ့သော၂နှစ်ကျော်ခန့်က ဆိုင်ခန်းရောင်းချသည့်ပို့စ်ကို တင်ခဲ့၍ တစ်ယောက်ယောက်က ဤဆိုင်ကလေးကို ဝယ်ယူသွားရန်သာ သူမျှော်လင့်ခဲ့မိသည်။
သူ့မျက်နှာတစ်ခုလုံးက မလိုလားသောခံစားချက်နှင့် ကူကယ်ရာမဲ့သောခံစားချက်များ ပြည့်နှက်နေစဥ် ယွမ်ကျိုးက မတ်တပ်ရပ်လိုက်ပြီး အိမ်တစ်အိမ်လုံးကို အသေးစိတ် လှည့်ပတ်ကြည့်ရှုခဲ့လေသည်။
သူ့အပြုအမူက ဤရှုပ်ပွနေသော ခေါက်ဆွဲဆိုင်လေးကို သူ့စိတ်ထဲ အမြဲအမှတ်ရနေအောင် အသေးစိတ်ကြည့်ရှုနေသည်ဟု ထင်ရသည်။
မည်သို့ပင်ဆိုစေကာမူ ဤလေးနက်သောမျက်နှာအမူအရာက ၃စက္ကန့်ပင် မကြာခဲ့ပေ။ ဘယ်ကမှန်းမသိသော တွန်းအားတစ်ခုကြောင့် ယွမ်ကျိုး ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်နှာတစ်ခုလုံး ဖုန်များ ကပ်ငြိသွားလေသည်။
"သွားပါပြီ ... ငါ့မျက်နှာတော့ ဖုန်တွေပေကုန်ပါပြီ"
ယွမ်ကျိုးက သူ့ဘယ်ဖက်မျက်နှာကို နှိပ်နယ်နေပြီး နာကျင်နေသောမျက်နှာအမူအရာဖြင့် ထရပ်ရန် ကြိုးစားနေသည်။
"ဟေ့လူ မင်း စောင့်ကြည့်နေလိုက်...မနက်ဖြန်ကျရင် မင်းကို တစ်ခြားလူပိုင်သွားပြီ"
ယွမ်ကျိုးက ခြေထောက်ကိုအားယူပြီး ချက်ချင်းထလိုက်သည်။ သူ့မျက်နှာအမူအရာက နာကျင်သောခံစားချက်ကို မဖော်ပြပေ။
သူ့ခန္ဓာကိုယ်ကို ဖုန်ခါလိုက်ပြီးနောက် ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်ကလေးကိုကြည့်ကာ သူ့စိတ်ထဲရေရွတ်သည်။
သူဘာဆိုဘာမှ ပြောချင်သည့် စိတ်ဆန္ဒမရှိခဲ့ပေ။ ရှုပ်ပွနေသော ခန်းမဆောင်ကြီးကို ဖြတ်ကျော်ပြီး မီးဖိုချောင်အခန်းကို ရောက်ရှိသွားသည်။
မီးဖိုချောင်အခန်း၏နောက်တံခါးတွင် ကျဥ်းမြောင်းသောလမ်းလေးရှိပြီး အပေါ်ထပ်ကို တက်၍ရသော လှေကားထစ်ကလေးရှိသည်။ ဤလမ်းလေးသည် လူတစ်ယောက် ဖြတ်သွားနိုင်သည်အထိ လုံလောက်သော အကျယ်အဝန်းရှိသည်။
လှေကားထစ်တစ်လျှောက် လမ်းလျှောက်သွားစဥ် ယွမ်ကျိုး၏ မျက်နှာအမူအရာက ခံစားချက် ကင်းမဲ့နေသည်။ သို့သော်လည်း သူ့လက်များဖြင့် စောနတုန်းက ကြမ်းပြင်ထိထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို နှိပ်နယ်နေသည်။
လှေကားထစ်သည် ခြေလှမ်း ၈လှမ်းမျှသာ ရှည်လျားသည်။ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံမျှဖြင့် ဒုတိယထပ်သို့ ရောက်ရှိသွားလေသည်။
ဒုတိယထပ်မှ နေရောင်ခြည်က ပထမထပ်ထက် ပို၍ သာလွန်သည်။ လှေကားထစ်နဲ့ သိပ်မဝေးကွာသော တစ်နေရာတွင် နို့နှစ်ရောင်ဖိနပ်စင် တည်ရှိပြီး ထိုဖိနပ်စင်တစ်ခုလုံး ညစ်ပတ်နေသည်။ ဖိနပ်စင်၏ ပထမအကန့်တွင် ဟောင်းနွမ်းစုတ်ပြတ်နေသော သားရေဖိနပ်၂စုံရှိသည်။
ဒုတိယအကန့်တွင်
ရှေးဟောင်းဖက်ရှင် အမျိုးသမီးဖိနပ်များစွာရှိပြီး တတိယအကန့်တွင် နှင်းတမျှ ဖြူဖွေးသော အားကစားဖိနပ်များနှင့် သားရေဖိနပ်များ ရှိနေသည်။
ယွမ်ကျိုးက ဖုန်ထူနေသော ဖိနပ်စင်ကို လျစ်လျူရှုပြီး သူ့ညှပ်ဖိနပ်ကို ချွတ်ကာ ဖိနပ်စင်ပေါ် တင်ပြီး ခြေဗလာဖြင့် အခန်းထဲသို့ လမ်းလျှောက်ပြီး ဝင်သွားခဲ့သည်။
တော်သင့်ရုံအနေအထားရှိသော ဒုတိယထပ်ကို အခန်းသုံးခန်း ပိုင်းခြားထားသည်။ အခန်း၂ခန်းက နီးကပ်စွာ တည်ရှိနေပြီး တတိယမြောက်အခန်း၏ညာဖက်အစွန်းတွင် အဝါရောင်သစ်သားတံခါးရှိသည်။
"ဝုန်း"
ညာဖက်တွင်ရှိသော အခန်းတံခါးကို ဝုန်းဒိုင်းကြဲ ဖွင့်လိုက်လေသည်။ ညစ်ပတ်နေသော အဝတ်အစားများက အခန်းထဲ ပြန့်ကြဲနေပြီး အခန်းထဲ နှင့် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲလျက်ရှိနေသည်။
အိပ်ရာခေါင်းရင်း၏ဘေးဘက်တွင် ဗီရိုတခုရှိသည်။ ၄င်းဗီရိုကို တစ်ဝက်ဖွင့်ထားလေသည်။ ဗီရိုထဲရှိ အဝတ်အစားများကို သေသပ်စွာ ခေါက်တင်ထားသည်။ ဗီရိုပေါ်တွင် အမဲရောင်လက်ပ်တော့တစ်လုံးကို တင်ထားပြီး
၄င်းလက်ပ်တော့၏ ပါဝါအလင်းရောင်က မှိတ်တုတ်...မှိတ်တုတ် လင်းလက်နေ၍ လက်ပ်တော့ အလုပ်လုပ်နေခြင်းကို ပြသနေလေသည်။
နှစ်ယောက်အိပ်ကုတင်သည် ဤအခန်း၏ အသန့်ရှင်းဆုံးသောအရာဝတ္ထုတစ်ခုဖြစ်သည်။ အိပ်ရာခင်းနှင့်ခေါင်းအုံးများကို သေသပ်စွာ ခင်းကျင်းထားသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို စက်ဆုပ်ရွံရှာစွာကြည့်ပြီး ယွမ်ကျိုးက ဗီရိုကြီးမှ သန့်ရှင်းသောအဝတ်အစားတချို့ကို ယူလိုက်သည်။ ဗီရိုတံခါးကို ဖွင့်ထားခဲ့ပြီး အဝါရောင်သစ်သားတံခါးဆီသို့ လမ်းလျှောက်သွားသည်။
အဝတ်အစားများကို ချွတ်လိုက်ပြီး ယွမ်ကျိုးက ဘေစင်မှာ မျက်နှာစသစ်သည်။ ဘေစင် အပေါ်မှာရှိသော မှန်ထဲတွင် အသက်၃၀အရွယ် အမျိုးသားတစ်ယောက်၏ပုံရိပ် ပေါ်နေသည်။
ရင့်ကျက်သောမျက်နှာအမူအရာနှင့် နှစ်လိုဖွယ်ကောင်းသောမျက်လုံးတစ်စုံကို ပိုင်ဆိုင်သည့် အသက်၃၀အရွယ် အမျိုးသားဖြစ်သည်။ သူမျက်နှာအမူအရာက ရင့်ကျက်မှု နှင့် တည်ငြိမ်မှုကို ပြသသော်လည်း သာမန်မျက်နှာအသွင်အပြင်ထက် နှစ်လိုဖွယ်ကောင်းသောအချက်များကို ဖြည့်စွက်ထားသည်။
ယွမ်ကျိုး၏လက်ပေါ်တွင် မထင်ရှားသော ရေနွေးပူလောင်ဒဏ်ရာနှင့် လက်ချောင်းကလေးများတွင် ဒဏ်ရာအချို့ ရှိနေသည်။ သူ့လက်ချောင်းလေးများက ကြည့်မကောင်းသော်လည်း သူ့လက်မောင်းကြွက်သားများက နှစ်လိုဖွယ်ကောင်းသည်။ တခြားသောအစိတ်အပိုင်းများက သာမန်မျှသာ ဖြစ်လေသည်။
မိန်းကလေးများ နှစ်သက်သော ကြွက်သားအဖုအထစ် ၆ခုကို လိုချင်ခဲ့၍ ၃လတာ ကြိုးစားအားထုတ်ခဲ့သော်လည်း
သူ့ဝမ်းဗိုက်က ပြောင်းလဲမှု မရှိခဲ့၍ စွန့်လွှတ်ခဲ့ရသည်။
မျက်နှာသစ်၊ရေချိုးပြီး၊အက်ျီအဝတ်အစားလဲပြီးသည့်နောက် သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။ ထိုစဥ် သူ၏မိုဘိုင်းဖုန်းမြည်လာခဲ့သည်။ သူ့လက်ကို ရေခြောက်အောင် သုတ်လိုက်ပြီး သူဌေးဝမ်ပို့ပေးသော စာတိုအသစ်ကို နှိပ်လိုက်သည်။ စာကြောင်းတစ်ကြောင်းထဲသာ ပါဝင်သည်။
"ယွမ်ကျိုးရေ အလုပ်လုပ်ဖို့အတွက် လူရှာပြီးသွားပြီ...မနက်ဖြန် မင်းအလုပ်လာစရာ မလိုအပ်တော့ဘူး။ မင်းရဲ့လဝက်စာ လခကို မင်းရဲ့အကောင့်ထဲ ထည့်ပေးလိုက်မယ်"
သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
လွန်ခဲ့သောလဝက်ခန့်ကတည်းက သူသည် အလုပ်ထွက်စာတင်ခဲ့သော်လည်း သူ့နေရာအစားထိုးမည့်ဝန်ထမ်းရောက်လာမှ အလုပ်ထွက်ရန် သူဌေးက တောင်းဆိုခဲ့၍ အလုပ်ဆက်လုပ်ခဲ့ခြင်းဖြစ်သည်။
အချိန်အတော်ကြာသည်အထိ ယွမ်ကျိုးက စိတ်ပျက်ဖွယ်ကောင်းသောနေရာမှ
လွတ်မြောက်ချင်သော ဆန္ဒရှိလေသည်။ ထိုမှသာ အပြင်လောကကြီးကို လှည့်ပတ်သွားလာခွင့် ရလိမ့်မည်။
စားပွဲပေါ် မှောက်ထားသော ဓာတ်ပုံကို ကြည့်လိုက်ပြီး ယွမ်ကျိုးအနည်းငယ် စိတ်သက်သာရာရသွားသည်။ မည်သို့ပင်ဆိုစေကာမူ မနက်ဖြန် ဤအိမ်ကိုလာကြည့်မည့် ဝယ်သူအကြောင်းတွေးမိ၍ အနည်းငယ် စိတ်ရှုပ်ထွေးမိသည်။ သူ့မိဘများက ဤဆိုင်ငယ်ကလေးကို
အမွေဆက်ခံရန် မျှော်လင့်ခဲ့ကြသော်လည်း ဟင်းချက်သည့်အတတ်ပညာကို မသင်ခဲ့၍ အမွေဆက်ခံရန် မဖြစ်နိုင်ချေ။
သို့သော်လည်း သူသည် သူ့မိဘများ သေဆုံးသွားကတည်းက ဤဆိုင်ကလေးကို ပြန်လည် ဖွင့်လှစ်ရန် ကြိုးစားခဲ့ခြင်း မရှိခဲ့ပေ။ ယခုတော့ တခြားသူကို ဆိုင်ခန်းငှားရမ်းရန် ဆုံးဖြတ်ခဲ့သည်။
ယွမ်ကျိုး အနည်းငယ် စိတ်လှုပ်ရှားစရာများကို တွေးပြီးနောက် ဓာတ်ပုံလေးကို အဝေးသို့ တွန်းထုတ်လိုက်လေသည်။
အိပ်ယာပေါ်မှာ လဲလျောင်းနေပြီး ပြတင်းပေါက်မှတစ်ဆင့် မည်းမှောင်နေသော အပြင်ဘက်ရှိ ကောင်းကင်ကြီးကို
လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်လွှာချလိုက်ပြီး ရှုပ်ထွေးနေသော သူ့စိတ်ကို ရှင်းလင်းအောင်ကြိုးစားပြီး အိပ်ပျော်ရန် ကြိုးစားနေခဲ့သည်။
...
'တီ...တီ...တီ'
'လက်ခံသူက စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ပြီး ပေါင်းစပ်ဖို့
သင့်တော်ပါတယ်...ပေါင်းစပ်နေပါပြီ...ပေါင်းစပ်နေပါပြီ...ပေါင်းစပ်ခြင်း အဆုံးသတ်ပါပြီ'
မမျှော်လင့်ထားသော လျှပ်စစ်သံက သူ့စိတ်ထဲ ပျံ့လွင့်လာသည်။ ယွမ်ကျိုးက မျက်လုံးပွင့်လာပြီး သူ့မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့နေသော်လည်း သူ့မျက်ဝန်းများက အံ့သြမှုများနှင့် ပြည့်နှက်နေသည်။
"စနစ်လား"
ယွမ်ကျိုးက တိုးလျသောအသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
"လက်ခံသူ ကျွန်တော်က ဒီမှာပါ" လေးနက်ပြီး အေးစက်သောလျှပ်စစ်အသံက သူ့စိတ်ထဲမှ သိလိုစိတ်ကို တုံ့ပြန်ခဲ့သည်။
"ဟမ်" ယွမ်ကျိုး တိုးတိုးကလေး ရေရွတ်လိုက်သည်။ "ဒါက ဘယ်လိုဖြစ်ရတာလဲ" ယွမ်ကျိုးက အိမ်ထောင့်နေရာတိုင်းကို လှည့်ပတ်ပြီး အသံအရင်းအမြစ်ကို ရှာဖွေသော်လည်း ဤအိမ်လေးရဲ့နေရာတိုင်းက မနေ့ကအတိုင်း ကွဲပြားခြားနားခြင်း မရှိပေ။
အမှိုက်ထဲ ပစ်လိုက်သော အသားဘူးမှလွဲ၍ ထူးခြားသည့်အရာကို ရှာမတွေ့ခဲ့ပေ။ ယနေ့ သူ့နေ့လည်စာကို လွှင့်ပစ်ခဲ့မိခြင်းဖြစ်သည်။
"လက်ခံသူ ကျွန်တော့်ကို မရှာပါနဲ့...ဒီစနစ်က သင့်ရဲ့ဦးနှောက်ထဲမှာပါ"ဟု လျှပ်စစ်အသံက သူ့ဦးနှောက်ကို ညွှန်ပြ၍ ယွမ်ကျိုးတစ်ယောက် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားရပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။
သို့သော်လည်း စနစ်က ဆက်လက်ပြောကြားသည်။
"ဒီစနစ်က ပကတိမျက်လုံးနဲ့ ကြည့်လို့မရဘူး။ အဏုကြည့်မှန်ပြောင်းတွေ ဘာတွေနဲ့လည်း ရှာလို့မရပါဘူး"
"ဒီစနစ်က စားဖိုမှူးစနစ်ပါ... လက်ခံသူက အရည်အချင်းပြည့်မီလို့ ပထမဦးဆုံး တာဝန်ကို စပေးပါ့မယ်..."
...
"နေပါဦး...နေပါဦး...ဘာစနစ်" ယွမ်ကျိုးက ဆက်လက်ရှာဖွေခြင်းမရှိဘဲ အိပ်ယာပေါ်ပြန်ထိုင်လိုက်ကာ မေးမြန်းလိုက်သည်။
"စားဖိုမှူးစနစ်ဟုတ်လား"
"မလိုအပ်ဘဲ စွမ်းအင်သုံးတာကို လျော့ချဖို့အတွက် ကျွန်တော်ပြောချင်နေတဲ့စကားတွေကို သင့်ရဲ့စိတ်ထဲမှာ ရေးထားသောပုံစံဖြင့် ဖော်ပြထားပါမယ်"
"အာရုံစိုက်ပြီးတော့ ကြည့်ရင် မြင်ရမှာပါ"
အေးစက်စက်လျှပ်စစ်အသံက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
တာဝန် :
အဓိကတာဝန် : စနစ်က အနောက်တိုင်းဟင်းလျာများနှင့် ရိုးရာတရုတ်ဟင်းလျာများကို
နှံံ့နှံ့စပ်စပ် ဗဟုသုတရစေရန် ကူညီပေးသွားမည်ဖြစ်ပြီး
ဒီကမ္ဘာလောကကြီးရဲ့ ထိပ်တန်းစားဖိုမှူးဖြစ်အောင် ကူညီထောက်ပံ့ပေးမည်။
စာသားဖော်ပြချက် - ဤစနစ်သည် သင်မသိနိုင်သော ဂလက်ဆီတစ်ခုမှ လာခဲ့သည်။ လူသားများကို ဝိညာဥ်ရေးရာပျော်ရွှင်မှုများ ပိုမိုရရှိစေရန်အတွက် ကျော်ကြားသော ဒေါက်တာAမှ တီထွင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀က ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရပြီး
လက်ခံသူ ၁၀ဦးကို ကြုံဖူးခဲ့သည်။မင်းက နံပတ် ၁၁"
လက်ခံသူ : ယွမ်ကျိုး(သာမန်လူသား)
နိုင်ငံသား : ဟန်တရုတ်လူမျိုး
လိင် : ယောက်ျား
အသက် : ၂၄
ရုပ်ပိုင်းဆိုင်ရာအရည်အသွေး - C (အလိုအလျောက်တုံ့ပြန်မှု ၊ ခွန်အား ၊ ညှိနှိုင်းမှုနှင့်လက်စွမ်းစသဖြင့်)
အချက်အပြုတ်ကျွမ်းကျင်မှု - မသိသေး
ကျွမ်းကျင်မှု - မသိသေး
ကိရိယာများ - မသိသေး
ချက်ပြုတ်မှုကိုရှုထောင့်(၅)ခုမှ
နေ၍ အကဲဖြတ်ခြင်း - လူသစ်
(မင်းက ဟင်းချက်တဲ့နယ်ပယ်မှာ လူသစ်တစ်ယောက်ဖြစ်ပြီး ချက်ပြုတ်ရေးနယ်ပယ်တွင်အတွေ့အကြုံ၂နှစ်ရှိခဲ့သော်လည်း ကြက်ဥထမင်းကြော် ချက်ပြုတ်နည်းကို မကျွမ်းကျင်သေးပါ )
[မစ်ရှင်]...
အပိုင်း (၁)
ပြီးပါပြီ။