နာဟီးဆိုင်ထဲ ဝင်သွားတော့ ဘာဒါအပြင်မှာပဲ ရပ်စောင့်ကျန်ခဲ့တယ်။
ဒီနေ့လည်း libraryထပ်သွားကြဦးမှာလေ
မနေ့က စာအုပ်ပုံထဲ ထိုင်နေပေမယ့်
ဘာစာမှ မျက်လုံးထဲမဝင်တာကြောင့် ဒီနေ့ထပ်သွားမယ်လုပ်လိုက်တာ။
နာဟီးက ကြာနေတာကြောင့်
ဆိုင်ထဲဝင်ခေါ်မယ်ဆိုပြီး ဝင်လိုက်တယ်။
တံခါးဖွင့်ဝင်ပြီး နာဟီးကိုရှာလိုက်တော့
နာဟီးရပ်နေတဲ့ဝိုင်းမှာ
မမဂျယ်ဟီးနဲ့အတူတူထိုင်နေတဲ့
သူ့ရဲ့ကောင်မလေး။
အိပ်ပျက်ရခြင်းရဲ့အကြောင်းအရင်းတစ်ရပ်
စိတ်နဲ့လူနဲ့မကပ်ရခြင်းရဲ့ တရားခံ။
လည်ထောင်ကိုယ်ကျပ်အနက်လေးဝတ်ထားပြီး
ကိုယ်လုံးလေးက အဝေးကကြည့်တာတောင် ထင်းနေတာပဲ။
နာဟီးအနားသွားရပ်ပြီး မမဂျယ်ဟီးကို နှုတ်ဆက်တော့
မော့ကြည့်တယ်။
သူ့ကိုကြည့်တဲ့ မျက်လုံးတောက်တောက်လေးတွေကို သိမ်းထားချင်စိတ်ပေါက်သွားတယ်။
ဟိုရက်က အမူးသမားမျက်လုံးစင်းစင်းလေးကိုလည်း မမေ့နိုင်သေး။
ဘာဒါ့ကိုမှတ်မိမလားလို့ အကဲခတ်လိုက်ပေမယ့်
ဟိုရက်က မျက်စိမှိတ်ပြီးအခန်းထဲကထွက်သွားလားအောက်မေ့ရအောင် မမှတ်မိပုံများ ဇဝေဇဝါတောင်မဖြစ်။
ကောင်းပြီလေ။
ကိုယ်ပဲ ဖြစ်ပျက်နေတာသိလိုက်ရတာပေါ့။
နာဟီးကို ခေါ်ဖို့ဝင်လာရာကနေ
မမဂျယ်ဟီးက မုန့်စားသွားလို့ပြောတာနဲ့ စားမယ်လို့ကမန်းကတမ်းပြောလိုက်ရတယ်။
နာမည်လည်းမသိရသေးဘူးလေ
အခုတော့ မမျှော်လင့်ပဲ တွေ့လို့ ရင်ခုန်ပြီး ဂျွမ်းထိုးချင်စ်တ်ပေါက်လောက်အောင် ပျော်နေပေမယ့်
ကြာကြာနေရင် ဘယ်လိုလဲ သိချင်သေးတယ်။
အရေးထဲ နာဟီးမက မစားဘူးလုပ်နေသေးတယ်။
ဝင်ထိုင်တော့လည်း ရှေ့ကခုံကို အတင်းဝင်လုရတယ်။
ရှေ့တည့်တည့်က ငေးဦးမယ်လေ..
ပတ်ချယ်ယောင်းတဲ့
ပြုံးတာလေးက လှလိုက်တာ..
အဆုံးထိသွားဖူးတဲ့ဆက်ဆံရေးဆိုပေမယ့်
ပြုံးတာတောင် မမြင်ဖူးဘူးတဲ့..
ဆံပင်ကိုသပ်ရင်း မမဂျယ်ဟီးကိုလှည့်ကြည့်တော့
လက်နဲ့ထိပြီး ခေါက်သွားတဲ့ အင်္ကျီလည်ထောင်စလေးကြောင့်
လည်တိုင်က အနီကွက်လေးက လှစ်ခနဲ။
ရင်ထဲ ကျလိကျလိတွေဖြစ်လိုက်တာ..
အဲ့လည်တိုင်သွယ်သွယ်ကို ပြေးကိုက်ချင်စိတ်ကိုထိန်းထားရတယ်..
''ဘာဒါ အိမ်ပြောင်းတာအဆင်ပြေလား''
မမဂျယ်ဟီးကမေးတော့
''ပြေတယ် မမ''
တစ်ရှူးစကို လက်လှမ်းနေတဲ့ သူမလေးကို
ယူပေးရင်း ဖြေလိုက်တယ်။
''ဘာမှသိပ်ပြင်စရာလည်းမလိုလို့''
''ကျောင်းနားနီးသွားတော့ အဆင်ပြေတာပေါ့''
''ဟုတ်တယ် မမ
ဒါနဲ့ မမချယ်ယောင်းက ဘာလုပ်တာလဲဟင်''
သူတို့ပြောနေတာတွေစိတ်မဝင်စား
စိတ်ဝင်စားနေတာက သပ်သပ်ရှိတော့..
''နင်က ဘာလုပ်ဖို့လဲ''
အရေးထဲ နာဟီးမကို ရှင်းပြနေရတာအလုပ်တစ်ခု။
''သိချင်လို့လေ''
''အေးလေ ဘာလို့လဲလို့''
sandwich ပလုတ်ပလောင်းနဲ့မေးနေပုံက ဖြတ်ရိုက်ချင်စရာ။
''သြော် ငါ ကျောင်းမှာတင်ဖို့ခေါင်းစဥ်မရသေးလို့လေ
တခြားcareerတွေက တစ်ခုခုများသိရမလားလို့''
''အမလေး ကြီးကျယ်တာ''
''ဘာဒါက စာတော်တယ်လေ ချယ်ယောင်းရဲ့''
မမဂျယ်ဟီးက လှည့်ပြောတော့
သူမက ဘာဒါ့ကို ပြုံးပြီး လှမ်းကြည့်တယ်။
သြော် ပြုံးပြန်ပြီ။
ဘာမှန်းမသိ ဆိုင်ကို ပတ်ပြေးချင်စိတ်ပေါက်တယ်။
ပေါင်ပေါ်တင်ထားတဲ့ လက်ကို လက်သီးဆုပ်ပြီး စိတ်ထိန်းရပြန်တယ်။
''ချယ်ယောင်းလည်း စာတော်တယ်လေ
ဘာဒါ့လိုပဲ''
''ဟုတ်လား''
ဘာရယ်မဟုတ် တူတယ်ပြောတော့
လူကပြုံးစိစိဖြစ်သွားတယ်။
''အမယ် သူ့ကိုစာတော်တယ်ပြောလို့ ကျေနပ်နေတာ''
''ငါမပြောပါဘူး မမပြောတာ''
''မမချယ်ယောင်း
နာဟီးတို့အိမ်လာလည်ဦး''
''အင်းပါ နာဟီးရဲ့ လာခဲ့မယ်''
''ချယ်ယောင်းကို ညအိပ်ခေါ်နေတာလေ''
''ဟုတ်လား ညလာအိပ်မှာလား ဒီညလား''
နားထောင်ရင်း နာဟီးဘက်ကနားက နည်းနည်းတောင် ကားသွားသလိုပဲ..
ဘဝမှာ ဆုန်နာဟီးဖြစ်ချင်သွားတဲ့အခိုက်အတန့်။
''ကဲ ကဲ ပြန်ရအောင်
ချယ်ယောင်းအိမ်လိုက်ခဲ့ဦး
ညနေမှပြန်''
''အင်း လိုက်ခဲ့မယ်လေ''
''အိမ်ရောက်ရင် တရေးအိပ်လိုက်
လူက အားမရှိသလိုပဲ''
အားမရှိအောင်လုပ်မိသူတစ်ယောက်ကတော့ မလုံမလဲတွေဖြစ်ရတယ်။
ဆိုင်အပြင်ရောက်ကြတော့
မမတို့က အိမ်က်ု လမ်းလျှောက်ပြန်ကြမှာတဲ့။
''နာဟီး ငါ နင့်အိမ်မှာ Toiletထဲ ဖုန်းကျန်ခဲ့လို့''
''ဟယ် နင်လည်း ဒီရက်တွေစိတ်နဲ့လူနဲ့ကိုမကပ်ဘူး သွားယူရအောင်''
ပြောပြီး နာဟီး ဘာဒါ့ကားပေါ်တက်မယ်ပြင်တယ်။
''လမ်းလျှောက်သွားရအောင်''
''ဟင်''
''မမတို့လည်း လမ်းလျှောက်ပြန်လို့လေ ငါတို့က ကားနဲ့ဆိုတော့ မကောင်းဘူးမလား''
''ဘာဆိုင်လို့လဲ''
နာဟီးက ပွစိပွစိနဲ့လိုက်လာတယ်။
မမဂျယ်ဟီးနဲ့ မမချယ်ယောင်းက ရှေ့ကလျှောက်တယ်။
ဘာဒါတို့က နောက်က။
ဘာဖုန်းမှမကျန်ခဲ့ပဲ ဘာလို့လမ်းလျှောက်ပြီး လိုက်ချင်နေမှန်းမသိ။
လမ်းလျှောက်နေတာလေးကို တနေကုန်လိုက်ကြည့်နေရလည်း ဖြစ်မယ်ထင်တယ်။
အာာာ..မဟုတ်သေးဘူး မဟုတ်သေးဘူး။
အီဘာဒါ ဘာဖြစ်ချင်နေတာလဲ..
အသိစိတ်ကပ်ဦး
ကိုယ့်ကိုယ်ကိုဆုံးမရင်းး
''မဟုတ်ဘူး မဟုတ်ဘူး ဖုန်းက အိတ်ထဲပါတယ် မေ့ခဲ့တယ်ထင်နေတာ''
ပြောပြီး ချက်ချင်းပြန်လှည့်ထွက်တော့
နာဟီးက ဗိုက်ခေါက်ကို လိမ်ဆွဲတယ်။
အဲလိုနဲ့ပဲ Library ရောက်လည်း
တစ်ယောက်ယောက်နောက်က လျှောက်လိုက်ချင်စိတ်တွေနဲ့.. ။
အိမ်ပြန်ရောက်လည်း
စကားပြောတဲ့နှုတ်ခမ်းလေးကိုမြင်ယောင်ပြီး
ကိုယ့်ကြောင့်အနည်းငယ်ဟသွားတဲ့ ဟိုအချိန်ခဏကို သတိရတယ်။
ခေါင်းအုံးကို မျက်နှာအပ်ပြီး
အာခေါင်ခြစ်အော်လိုက်မိတယ်။
ရူးနေပြီ..ရူးနေပြီ။
......
ဒီနေ့ ချယ်ယောင်း နယ်ဘက်ထွက်ရတယ်။
ဌာနမှူးနဲ့ပေါ့..
ငြင်းလို့လည်းမရဘူး..
စိတ်ညစ်ပေမယ့် အလုပ်ဆိုတော့လည်း လိုက်လာရတာပဲ။
တလောက အချိန်အခါမဟုတ်မိုးရွာပြီး ရေတွေလျှံလို့ ပင်လယ်လုပ်သားတွေလည်း ဒုက္ခရောက်တယ်လေ။
အဲဒါကို dataတွေကောက်ပြီး သတင်းလည်းယူမယ်ပေါ့။
အရင်က မိုးလေဝသဆိုင်ရာသတင်းက တစ်ခြားတစ်ယောက်တာဝန်ယူထားတာဆိုပေမယ့်
ဒီတခါတော့ ချယ်ယောင်းကို လုပ်ပေးပါတဲ့။
လုပ်ပေးတာက လုပ်နိုင်ပေမယ့်
သူနဲ့တော့မသွားချင်ဘူးလေ။
ဒါပေမယ့် ဌာနမှူးကတော့ အရမ်းဆိုးတာမျိုးတော့မဟုတ်ပါဘူး
ကိုယ်ကလည်းသိနေတယ်
သူကလည်းတမင်ခေါ်တာသိနေလို့ အဆင်မပြေဖြစ်ရုံပဲ။
အလုပ်လုပ်ရတာတော့ အဆင်ပြေပါတယ်။
တနေကုန်သတင်းလိုက်ယူပြီး
ညနေ ၃နာရီလောက်ရောက်တော့
''ဒီလောက်ဆို သေချာရေးလို့ရလောက်ပြီလား ချယ်ယောင်း''
''ရှင် ဟုတ် ဌာနမှူး ဒီလောက်ဆို ပြည့်စုံပြီ''
ရုံးမှာ ပတ်ချယ်ယောင်းလို့ခေါ်နေပေမယ့်
နှစ်ယောက်ထဲရှိချိန် ချယ်ယောင်းလို့ခေါ်တော့ နေရခက်လိုက်တာ။
''ကိုယ်တို့ ဒီမှာ ညအိပ်သွားကြမလား''
''ရှင်''
လန့်ပြီး ဌာနမှူးကိုကြည့်တော့
''သြော် ဒီနားမှာ hotelတစ်ခုရှိတယ်
တစ်ယောက်တစ်ခန်းယူပြီး မနက်ကျမှ ပြန်ကြမလားလို့ ကိုယ်လည်းနည်းနည်းပင်ပန်းသွားလို့''
အို တစ်ယောက်တစ်ခန်းယူတာ ဘယ်သူက သိမှာလဲ
ဌာနမှူးနဲ့ခရီးသွားပြီး တစ်ညအိပ်ခဲ့တာပဲ လူကသိမှာ
''ကျမတော့ ကိစ္စရှိလို့ အိမ်ပြန်ချင်တယ်
ဟို ဌာနမှူးပင်ပန်းရင် ကျန်ခဲ့လေ
ကားငှားသွားလိုက်မယ်''
''ဒီနေ့က ကားထွက်တဲ့ရက်မဟုတ်ဘူးထင်တယ်
Taxiတွေက ဟိုအထိမလိုက်ဘူး''
ဒုက္ခရောက်ပါပြီ။
မရ ရအောင် ငြင်းခဲ့ရမှာ..။
''အဆင်မပြေလို့လား ''
''ရှင် ဟုတ်''
''ဘာကိစ္စရှိနေလို့လဲ အိမ်မှာလည်း တစ်ယောက်ထဲနေတာဆို''
တစ်ယောက်ထဲနေတာထည့်ပြောစရာလိုလို့လား။
''ဟို''
''သြော် ချစ်သူကောင်လေးနဲ့ချိန်းထားလို့လား''
ချစ်သူကောင်လေးမရှိတော့တာတောင် ဖုံးဖိထားရပြန်တယ်။
''ဟုတ်တယ်''
''သူ့ကိုပြောလိုက်လေ ''
''အဲဒါက..''
''မမ မမချယ်ယောင်းး''
ခေါ်သံကြားလို့ ကြည့်လိုက်တော့
နာဟီးတို့ သူငယ်ချင်း သုံးယောက်။
''နာဟီး''
''မမ အလုပ်ကိစ္စလား''
''ဟုတ်တယ်.. နာဟီးတို့ရော''
နာဟီးတို့နဲ့ကပ်လိုက်ရမယ်..
ပြန်မှဖြစ်မယ်
ဌာနမှူးကတော့ နောက်မှာ ရပ်ပြီး အကဲခတ်နေတယ်
''ဟယ်ဝန်းstoryအတွက်
လေ့လာရေးလာကြတာ မမ''
''ညနေပြန်မှာလားဟင်''
''မပြန်ဖြစ်ဘူး မမ
မနက်မှ''
ချယ်ယောင်းစိတ်ညစ်သွားတယ်။
တကယ်တော့ ပြန်ချင်နေတာမဟုတ်ပေမယ့်
ပြန်ချင်တယ်ပြောထားတော့ အခက်တွေ့နေပြန်တယ်။
''ချယ်ယောင်း သူတို့လည်းမပြန်ဘူးဆို ကိုယ်တို့သွားရအောင်လေ''
''မမတို့က ဒီနေ့ပြန်မှာလား''
''ပြန်ချင်တာလေ ဒါပေမယ့် ဌာနမှူးကလည်း ပင်ပန်းနေတော့..မနက်မှသွားမယ်ဆိုလို့''
''ငါ ပြန်မှာ''
အားလုံးအကြည့်က ဘာဒါ့ဆီရောက်သွားတယ်။
ချယ်ယောင်းအားတက်သွားတယ်။
ဘာဒါ့ကို မျှော်လင့်တကြီးကြည့်မိတော့
''ငါ မနက်ကျမှ ပြန်လာခဲ့မယ်
အိမ်ကခေါ်လို့ နင်တို့ကို မပြောလိုက်ရတာ''
''ဟယ် ဟုတ်လား''
''ဟို အစ်မလည်း လိုက်လို့ရလားဟင်''
''ဟုတ် ရတယ်''
''ဌာနမှူး ရပြီ
ကျမ ကျမညီမလေးတွေနဲ့ပြန်လိုက်တော့မယ်
ကျေးဇူးပါနော်''
အနည်းငယ်သုန်မှုန်နေတဲ့ မျက်နှာကြောင့်
နောက်ရက် ရုံးမှာ တွေ့ရင် အဆင်ပြေမှာမဟုတ်မှန်းသိပေမယ့် မတတ်နိုင်ပါ။
ချက်ချင်း ဘာဒါ့အနားသွားရပ်လိုက်မိတယ်။
ဌာနမှူးက နှုတ်ဆက်ပြီး ကားထွက်သွားတော့
နာဟီးက ဘာဒါကိုမေးတော့တယ်။
''အဲ့တော့ နင်ကပြန်မယ်ပေါ့
ဒါဆိုလည်း ငါတို့တည်းမယ့်နေရာကိုပြန်
ပို့ပေးခဲ့ဦး''
''အေးပါ
ပို့ပေးမယ်''
ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားရင်းက
ချယ်ယောင်းကို ငုံ့ကြည့်ပြီး
''မမ အရမ်းအရေးကြီးလား အခုပြန်ရတော့မလား''
အရမ်းအနားကပ်ပြီး ရပ်နေမိလို့လားပဲ မော့ကြည့်လိုက်ရတာ..
''အရေးမကြီးပါဘူး
သူနဲ့အတူတူမတည်းချင်လို့''
ဘာဒါက မျက်ခုံးနည်းနည်းပင့်သွားပြီး
ခေါင်းတစ်ချက်စောင်းလိုက်ကာ
''သူက ဘယ်ကလဲ''
အနည်းငယ်မာသွားတဲ့ သူ့လေသံကြောင့်
ရုတ်တရက် ဘာပြောရမှန်းတောင်မသိဘူးဖြစ်သွားတယ်။
''ဟဲ့ ဘယ်ကဖြစ်မလဲ
အလုပ်ကဖြစ်မှာပေါ့ ဟုတ်တယ်မလား unnie''
''အင်း unnieတို့ ဌာနမှူး''
''နှာဘူးလား''
ဘာဒါမေးချလိုက်တာကြောင့်
အကုန်လုံးဝိုင်းရယ်ကြတယ်။
ချယ်ယောင်းလည်း တစ်နေကုန်မှာ အခုမှရယ်မိတော့တယ်။
မေးတဲ့လူကို မော့ကြည့်တော့ ခပ်တည်တည်ပဲ။
''အဲ့လိုတော့လည်းမဟုတ်ပါဘူး
ဒါပေမယ့် ဒီလိုပဲ စိတ်ထဲအဆင်မပြေလို့''
''မမကို ကြိုက်နေတာလား''
နာဟီးကမေးတော့
''ဟုတ်မှာပေါ့ ''
ချယ်ယောင်းမဖြေလိုက်ရပဲ
ဘာဒါဝင်ဖြေတယ်။
''ဟဲ့ နင်က အသားလွတ်ဘာလို့စိတ်တိုနေလဲ''
''သူ့အိမ်ကပြန်ခေါ်လို့ဖြစ်မှာပေါ့''
''အိမ်ကမခေါ်ပါဘူး
ဟိုဘဲကို ကြည့်ရတာ ပုံမလာလို့ညာလိုက်တာ''
ချယ်ယောင်းအံ့သြသွားတယ်။
ကလေးက အရိပ်အကဲမြန်လိုက်တာ။
''unnieက နာဟီးတို့နဲ့ဆို မနက်မှ ပြန်လည်းရပါတယ်''
''အဆင်ပြေသလိုလုပ်''
''ဒါဆို unnie ညီမတို့နဲ့လိုက်တည်းလို့ရတယ်
အခန်းက နှစ်ခန်းယူထားတာ
ဘာဒါက တစ်ခန်း
နာဟီးတို့က တစ်ခန်း''
''အင်း လိုက်ခဲ့မယ်''
''မနက်လည်းစောစောပြန်မှာ မမရုံးပြန်တက်လို့ရတယ်''
''ရပါတယ် နောက်ကျလည်းဘာမှမဖြစ်ဘူး''
''အခုတော့ နာဟီးတို့နောက်လျှောက်လိုက်နေရမှာ ပင်ပန်းနေမလားမသိဘူး
အခန်းကိုပြန်နားချင်လား''
''ရတယ် ရတယ်''
''ပင်ပန်းရင် hotelကို ပြန်ပို့ပေးခဲ့မယ်''
ဘာဒါကလည်း ဝင်ပြောတယ်။
''ရပါတယ် လိုက်ခဲ့မယ်နော်
အေးအေးဆေးဆေးသွားကြ''
ဒီလိုနဲ့ ချယ်ယောင်း နာဟီးတို့နောက် လျှောက်လိုက်ဖြစ်တယ်။
ကလေးသုံးယောက်က တော်တော်ချစ်ကြတယ်ထင်တယ်။
ပေါ့ပေါ့ပါးပါး ပြုံးလို့ရယ်လို့ ညနေလေးက အမောတောင်ပြေသွားသလိုပဲ။
ရှူခင်းလှလှလေးတွေလည်း အများကြီးတွေ့ရလို
ဘာဒါကလည်း ကင်မရာနဲ့ ဟိုရိုက်ဒီရိုက်။
.....
ဘာဒါ ကင်မရာနဲ့ ရှူခင်းတွေရိုက်တာက နည်းနည်း
တခြား အလှတရားကို ခိုးရိုက်တာက များများဖြစ်နေတယ်။
cameraကို ဟယ်ဝန်းပြန်ကြည့်မိရင် ဒုက္ခ
အိမ်ယူသွားပြီး ကူးပြီးမှ ပြန်ပြရမယ်။
ကမ်းနားမှာလေတဖြူးဖြူးတိုက်နေတာက
သူမဆံပင်လေးလွင့်မှ ပိုအေးသလိုလို။
အဲ့ဒီဆံပင်ကို နားနောက်ညှပ်ပေးလိုက်ရင်
ရင်ထဲ ကလိကလိဖြစ်နေတာများပျောက်သွားမလား။
ခေါင်းတချက်ခါလိုက်ရင်း
နာဟီးတို့ ကုန်းကုန်းကွကွနဲ့ ဘာတွေငုံ့ကြည့်နေမှန်းမသိတာကို စိတ်မပါပဲ လှည့်ရိုက်လိုက်ရတယ်။
ဟူးးးး
ဟိုနှာဘူးနဲ့တစ်ရုံးထဲဆိုတော့ ဘယ်လိုလုပ်ကြမလဲ။
သြော် ငါ့အပူမပါပါဘူးလေ..
တွေးရင်း ခပ်ဝေးဝေးက လှမ်းငေးလိုက်မိတယ်။
ရုပ်ရှင်ရုံမှာမြင်တုန်းကလို ရှပ်အဖျော့သားကော်ဖီရောင်လေးနဲ့ ဘောင်းဘီအဖြူဝတ်ထားပေမယ့်
office wearနဲ့မှ ဘယ်နားက ကဗျာဆန်နေမှန်းမသိ။
hotelကိုလိုက်တည်းမယ်ပြောတော့
ရင်ကဒိန်းခနဲ။
ဘာဒါက တစ်ယောက်ထဲနဲ့
နှစ်ယောက်အိပ် တစ်ခန်းယူထားရတာကိုး။
အားလုံးပြီးသွားလို့
ပြန်ကြတော့
Hotelလည်းရောက်ရော..
''မမက နာဟီးနဲ့အိပ်
ဟယ်ဝန်းက ဘာဒါနဲ့သွားအိပ်လိုက်မယ်''
ကောင်းကျိုးမပေးတဲ့သူငယ်ချင်းမတွေက
ရုတ်တရက်ကြီး ဉာဏ်ကောင်းပြီး ထစီစဥ်ကြရော။
မဟုတ်ဘူး နင်မလာနဲ့ ဟိုအစ်မနဲ့ပဲ အိပ်မယ်လို့လည်း ပြောလို့မရဘူးမလား။
''ဟုတ်တယ် မမ
အဝတ်အစားတွေရော ပါရဲ့လား''
''မပါဘူး
ရပါတယ် ဒါနဲ့ပဲ..''
''ငါ့မှာ အပိုပါတယ်''
''နင့်တီရှပ် ဆင်လောက်ကြီးတာတွေလား''
''ဒါဆို နင်တို့မှာပါလို့လား''
အဲ့တော့မှ
နာဟီးက
''နာဟီးတို့အဝတ်တွေက ဝတ်ပြီးသားတွေဖြစ်နေမှာစိုးလို့''
''ရပါတယ် ဝတ်ပြီးသားလည်းရတယ်''
''မရပါဘူး
နာဟီး နင်လိုက်ယူ''
''အားနာစရာ''
နာဟီးလိုက်လာတော့
တီရှပ်တစ်ထည်နဲ့ ဘောင်းဘီရှည်တစ်ထည်ပေးလိုက်တယ်။
အပိုယူလာမိလို့တော်သေး။
သူမကိုယ်လုံးပိစိလေးနဲ့တော့
တော်တော်ပွနေမှာသေချာတယ်။
အခန်းထဲ တစ်ယောက်တစ်လှည့်ရေချိုးကြပြီးတော့
ဟယ်ဝန်းက
''ဘာဒါ ဟိုဘက်အခန်းကို သွားကြမယ်''
အခန်းချင်းကပ်ရပ်ဖြစ်တဲ့အပြင်
အပြင်မှာညအိပ်ကြတိုင်း
တစ်ခန်းထဲမှာ စုပြီး စကားထိုင်ပြောကြတာဆိုတော့..
ဒါပေမယ့် အခုသွားရင်
သူမက ပင်ပန်းပြီးများ အိပ်ချင်နေလောက်ပြီလား။
အာ အိပ်ခါနီးလေးတော့ တစ်ခေါက်လောက်သွားကြည့်ရအောင်..
နာဟီးတို့အခန်းကိုရောက်တော့
နာဟီးက ရေချိုးနေတုန်း။
တံခါးလာဖွင့်တာက
တစ်ယောက်သောသူ။
ဘာဒါ့တီရှပ်အဖြူက တင်ပါးဖုံးကာ လက်ကလည်းကျနေတယ်။
အောက်က ဘောင်းဘီရှည်ဝတ်မထားပါ။
တီရှပ်အောက်မှာ ဘောင်းဘီတိုလေးမြုပ်နေပုံထောက်တော့ နာဟီးဆီက ဘောင်းဘီယူဝတ်ထားပြီထင်တယ်..
ပေါင်တံလေးတွေက တီရှပ်အောက်ကနေ သွယ်စင်းပြီး ကျနေတယ်။
''မဝင်ပဲဘာလုပ်နေလဲ''
နောက်က ဟယ်ဝန်းတွန်းလိုက်တာကြောင့် ဖရိုဖရဲနဲ့ အခန်းထဲရောက်သွားတယ်။
စေ့စေ့မကြည့်မိအောင် ကြိုးစားရင်း
ဟိုကြည့် ဒီကြည့်လိုက်ကြည့်နေရတယ်။
ကိုယ့်တီရှပ်လေး သူဝတ်ထားတော့ ရင်ခုန်တာပေါ့။
နာဟီး ရေချိုးပြီးထွက်လာတော့
တဘက်ကြီး ရင်လျားလို့။
အရင်ကလည်း မြင်နေကျဆိုပေမယ့်
သူမရှိနေတော့
မျက်နှာပူသလိုလို။
နာဟီးက
''နင့်ဘောင်းဘီက unnieနဲ့ချောင်ပြီး အရမ်းရှည်နေလို့ ငါ့ဘောင်းဘီဝတ်ထားရတယ်''
ဟုတ်သားပဲ..
ကိုင်လိုက်ရင် ဘာဒါ့လက်ချောင်းတွေ ဟိုဘက်ဒီဘက်ထိလုနီးပါးဖြစ်နေတဲ့ခါးလေးပဲ။
အဲ့ဘောင်းဘီနဲ့ ဘယ်တော်ပါ့မလဲ။
''အင်္ကျီကလည်း အကြီးကြီးပဲ
unnieအဆင်ပြေရဲ့လား''
ဟယ်ဝန်းကမေးတော့
''ရပါတယ် သက်တောင့်သက်သာရှိတယ်''
သက်တောင့်သက်သာရှိတယ်တဲ့။
ပြုံးလိုက်မိတာကို မဖုံးကွယ်လိုက်နိုင်။
''အဆင်မပြေရင် အပြင်ထွက်ပြီး တစ်စုံဝယ်ရအောင်''
''ရတယ် ရတယ်''
ပြောနေကြတုန်း
ဂျူဟျော့ဆီက ဖုန်းလာတယ်။
နည်းနည်းတော့ စိတ်ညစ်သလိုဖြစ်သွားတယ်။
ဝရန်တာဘက်ထွက်လိုက်ပြီး
''အင်း''
''အဆင်ပြေကြလား ဘာဒါ''
''ပြေတယ်''
''ဒီနေ့တစ်ရက်ထဲနဲ့ စုံအောင်ရလိုက်လား
မနက်ဖြန်နေရဦးမှာလား''
''မနက်ဖြန်မနက်ပြန်လာမှာ''
''အင်းပါ နားမယ်ဆို နားကြတော့လေ''
''အင်း ဒါဆို ဒါပဲနော်''
ဂျူဟျော့ဖုန်းကိုချလိုက်ပြီး
ဝရန်တာမှာ အတော်ကြာ တွေဝေနေမိတယ်။
ငါ ဘာတွေလုပ်နေမိပါလိမ့်ပေါ့..
ဂျူဟျော့ကွယ်ရာမှာ တစ်ခြားတစ်ယောက်ကို သာယာနေမိတာလား။
မဟုတ်ပါဘူး သာယာစရာလား မိန်းကလေးတစ်ယောက်ကို..
စိတ်ကစားတယ်ပြောရအောင်လည်း အသက်က နှစ်ဆယ်ကျော်နေပြီ..
မသက်မသာခံစားရလိုက်တာ..
ဆင်ခြင်ရမယ် ဆင်ခြင်ရမယ်
တဖက်မိန်းကလေးကိုလည်း အားမနာရာရောက်တယ်။
အထဲဝင်တော့ စကားတွေထိုင်ပြောကြပေမယ့်
တစ်ယောက်သောသူဘက် လှည့်မငေးမိအောင်ကြိုးစားနေရလို့ ဘာမှရေရေရာရာလိုက်မပြောမိ။
''ပြန်ရအောင်''
ဟယ်ဝန်းကိုခေါ်တော့
''ဟယ် အိပ်ချင်နေပြီလား ဒါကြောင့်ငြိမ်နေတာကိုး''
''အင်း''
ကိုယ်တော့မအိပ်ချင်ပါဘူး
သူများအိပ်ချင်နေပီလားလို့
အခန်းထဲရောက်တော့ ကုတင်ပေါ်က ခေါင်းအုံးကိုဆွဲပြီး ဆိုဖာပေါ်လှဲချလိုက်တယ်။
''ဘာဒါလာလေ အတူတူအိပ်မှာမလား''
''ငါ ဆိုဖာမှာအိပ်မယ် မွေ့ယာက ထင်သလောက်မကျယ်လို့''
''ကျယ်ပါတယ် အရင်လည်းဒီလိုပဲဟာကို''
''လျှာမရှည်နဲ့ ငါအိပ်ချင်ပြီ''
အိပ်ချင်ပြီပြောပြီး ငြိမ်နေလိုက်ပေမယ့်
တကယ်အိပ်ပျော်သွားတာက ဟယ်ဝန်းဖြစ်ပြီး
ဘာဒါကတော့ တစ်ညလုံးအိပ်မပျော်ပါ။
ကိုယ့်ကိုကိုယ်မကောင်းတဲ့လူတစ်ယောက်လိုခံစားနေရတယ်။
ဂျူဟျော့အပေါ်ရော..
မမအပေါ်ရော..
....
ချယ်ယောင်း ဟိုရက်က နာဟီးတို့နဲ့အတူတူလိုက်လာပြီး နောက်ရက်ရုံးတက်တော့ ဌာနမှူးကတော့ ဘာမှမပြောပါ။
တော်ပါသေးရဲ့။
အဲ့ဒီရက်က ယူခဲ့တဲ့ သတင်းကို ချယ်ယောင်းပဲရေးပြီး တင်လိုက်တယ်။
တုံ့ပြန်ချက်တွေလည်းကောင်းတော့
အားလုံးက ချီးကျူးနေကြတယ်။
ညနေတော့ အကိုဒုံဟာက တွေ့ပါရစေတဲ့..
ချယ်ယောင်းလည်း အပြတ်ဖြတ်ရမှာမို့ တွေ့ဖို့ လက်ခံလိုက်တယ်။
တနေကုန်လည်း သူက ဟိုရက်က ကိစ္စကို နင်းပြီးပြောရင်ဘယ်လိုလုပ်မလဲလို့တွေးနေမိတယ်။
ညနေရုံးဆင်းတော့
''ချယ်ယောင်း ကိုယ်ဒီမှာ''
သူထိုင်တဲ့ခုံရှေ့မှာ ဝင်ထိုင်လိုက်တယ်။
''ပိန်သွားသလိုပဲ..''
''ဘာပြောချင်လို့လဲ''
''ကိုယ်တောင်းပန်ပါတယ်
ကိုယ် ချယ်ယောင်းကို လွမ်းနေပြီ..
ချယ်ယောင်းမရှိပဲ လုံးဝမနေနိုင်ဘူး''
''တောင်းပန်လည်း ချယ်ယောင်းဘက်က အဆင်မပြေတော့ဘူး အကို
သူနဲ့ပဲတွဲလိုက်ပါ''
''မဟုတ်ဘူး သူနဲ့က အဲ့လိုမဟုတ်ဘူး
တွဲလည်းလက်ထပ်ဖို့စိတ်ကူးနှစ်ယောက်လုံးမရှိဘူး..ဒီတိုင်းပဲ..
သူက
ကိုယ် ချယ်ယောင်းကိုပဲ ချစ်တာပါ..
ကိုယ့်ကိုယုံပါ''
စိတ်ပျက်စရာကောင်းလောက်အောင်တောင်းပန်နေပေမယ့်
ဟိုညက ကိစ္စကိုထည့်မပြောတာတစ်ခုတော့ ယောင်္ကျားကောင်းဆန်သေးတယ်ပဲပြောရမလား..
''ဟင် ချယ်ယောင်း
တွဲခဲ့တဲ့ နှစ်တွေအတွင်း ဒီတခါလေးပဲ မှားတာပါ..ဒီတခါပဲ ခွင့်လွှတ်ပေးပါ
တကယ်နောက်တစ်ခါမလုပ်တော့ပါဘူး
သူနဲ့လည်း ပြတ်သွားပါပီ''
''ဟင့်အင်း ချယ်ယောင်းမတွဲချင်တော့ဘူး
လုံးဝပဲ သေချာတယ်''
''ဘာလဲ မင်း ရောဂါဖြစ်နေလို့လား
ယောင်္ကျားယူလို့မရဘူးတဲ့လား
အဲဒါကြောင့် စိတ်မပါတာလား''
ဘာ..
ဘာပြောချင်တာလဲ..
ဟိုညက အဲ့လိုဖြစ်ပြီးတာတောင်
သူက အဲ့လိုပြောနေတာလားး
ချယ်ယောင်း သူ့ကို အံ့သြတကြီးကြည့်မိတော့
''အံ့သြနေစရာမလိုဘူး
ဒီခေတ်မှာ ရည်းစားရှိတဲ့လူတိုင်း ၁၀၀မှာ ၉၉က အိပ်ပြီးသားပဲ..
အေး မအိပ်ရသေးရင်လည်း တခုခုချို့ယွင်းနေလို့ပဲဖြစ်မယ်..
ငါးနှစ်လောက်တွဲလာပြီး
အိပ်ယာပေါ်အရောက်မခံနိုင်ကတည်းက
ရိပ်မိပြီးသား
မင်းကိုချစ်လို့ ဘာမှအပြစ်မတင်ခဲ့ပဲ
လက်ထပ်မယ်လို့တောင် ငါမို့လို့ပြောနေတာ နားလည်လား''
သူမဟုတ်ဘူးလားး
ဘုရားရေ..
ဘယ်သူနဲ့အိပ်လိုက်ပြီလဲ
ဂန်ဒုံဟာပြောသမျှ နားထဲလည်း မဝင်တော့ပါ။
မိုးကြိုးအစင်းတရာပစ်ခံရသလို ခြောက်ခြားသွားတယ်။
''ဟို အခုအိမ်မှာ ဘယ်သူရှိလဲ''
''ဘယ်သူရှိရမှာလဲ ကိုယ်ပဲပေါ့
ဘာလဲ လိုက်မလို့လား ဒီည
သြော် မပြောရသေးတာ
ကိုယ်အိမ်ပြောင်းထားတာကြာပြီ..
ဒီတိုင်းပဲ မအားလို့မပြောဖြစ်တာ..''
သူနဲ့လိုက်အိပ်မယ်ထင်ပြီး စိတ်လိုလက်ရရှင်းပြနေပြန်တယ်။
''ဘယ်..ဘယ်တုန်းကလဲ''
''ကြာလှပြီလေ..''
''အခုဘယ်သူနေတာလဲဟင်''
''ဘယ်သိမလဲ
လာ သွားရအောင်''
''ဟင့်အင်း ပြတ်ပြီလို့ပြောနေတယ်လေ
လမ်းခွဲရအောင်
ပြီးတော့ ရောဂါလည်း မဟုတ်ဘူး
ရှင်နဲ့မို့လို့ကို မအိပ်နိုင်တာ ရှင်းပြီလား''
ပြောပြီး ထွက်ခဲ့လိုက်တယ်။
ဂန်ဒုံဟာနဲ့မအိပ်မိလို့ပဲ ပျော်ရမလား
တွေ့ရာလူနဲ့အိပ်လိုက်မိလို့ပဲ ငိုရမလား..
ပတ်ချယ်ယောင်းရယ်..။
အပိုင်း ၅ မျှော်
ဒီနေ့ စောစောUp လိုက်တယ်နော်
ချစ်တဲ့
lynn💙🌊✨
(နေမကောင်းပဲ scheduleအတိုင်းပုံမှန်လုပ်နေသူတစ်ယောက်ကြောင့် စိတ်တွေလည်းပူနေရတယ်😭)
(အီဘာဒါက ချောလိုက်တာ လူတွေရယ်)
Zawgyi
သူ့ရဲ့ကောင်မလေး။
မော့ကြည့်တယ်။
ဟိုရက်က မျက်စိမှိတ်ပြီးအခန်းထဲကထွက်သွားလားအေုက်မေ့ရအောင် မမှတ်မိပုံများ ဇဝေဇဝါတောင်မဖြစ်။
ကောင်းပြီလေ။
ပတ်ချယ်ယောင်းတဲ့
လက်နဲ့ထိပြီး ခေါက်သွားတဲ့ အင်္ကျီလည်ထောင်စီလေးကြောင့်
အဲ့လည်တိုင်ကို ပြေးကိုက်ချင်စိတ်ကိုထိန်းထားရတယ်..
မမဂျယ်ဟီးကမေးတော့
''ပြေတယ် မမ''
''ဟုတ်တယ် မမ
ဒါနဲ့ မမက ဘာလုပ်တာလဲဟင်''
''နင်က ဘာလုပ်ဖို့လဲ''
''သိချင်လို့လေ''
''အေးလေ ဘာလို့လဲလို့''
''အမလေး ကြီးကျယ်တာ''
သြော် ပြုံးပြန်ပြီ။
ဘာဒါ့လိုပဲ''
''ဟုတ်လား''
''မမချယ်ယောင်း
''ကဲ ကဲ ပြန်ရအောင်
ညနေမှပြန်''
''အင်း လိုက်ခဲ့မယ်လေ''
လူက အားမရှိသလိုပဲ''
မမတို့က အိမျကျု လမ်းလျှောက်ပြန်ကြမှာတဲ့။
''ဟင်''
''ဘာဆိုင်လို့လဲ''
ဘာဒါတို့က နောက်က။
အသိစိတ်ကပ်ဦး
အိမ်ပြန်ရောက်လည်း
ရူးနေပြီ..ရူးနေပြီ။
......
ဌာနမှူးနဲ့ပေါ့..
ငြင်းလို့လည်းမရဘူး..
ကိုယ်ကလည်းသိနေတယ်
''ရှင်''
ကားငှားသွားလိုက်မယ်''
ဒုက္ခရောက်ပါပြီ။
''အဆင်မပြေလို့လား ''
''ရှင် ဟုတ်''
''ဟို''
''ဟုတ်တယ်''
''သူ့ကိုပြောလိုက်လေ ''
''အဲဒါက..''
''မမ မမချယ်ယောင်းး''
''နာဟီး''
''မမ အလုပ်ကိစ္စလား''
''ဟုတ်တယ်.. နာဟီးတို့ရော''
ပြန်မှဖြစ်မယ်
''ဟယ်ဝန်းstoryအတွက်
လေ့လာရေးလာကြတာ မမ''
''ညနေပြန်မှာလားဟင်''
''မပြန်ဖြစ်ဘူး မမ
မနက်မှ''
''ငါ ပြန်မှာ''
''ဟယ် ဟုတ်လား''
''ဟုတ် ရတယ်''
''ဌာနမှူး ရပြီ
ကျေးဇူးပါနော်''
ပို့ပေးခဲ့ဦး''
''အေးပါ
ပို့ပေးမယ်''
''အရေးမကြီးပါဘူး
''သူက ဘယ်ကလဲ''
''ဟဲ့ ဘယ်ကဖြစ်မလဲ
''နှာဘူးလား''
''မမကို ကြိုက်နေတာလား''
နာဟီးကမေးတော့
''ဟုတ်မှာပေါ့ ''
ဘာဒါဝင်ဖြေတယ်။
''အိမ်ကမခေါ်ပါဘူး
''အဆင်ပြေသလိုလုပ်''
ဘာဒါက တစ်ခန်း
နာဟီးတို့က တစ်ခန်း''
''အင်း လိုက်ခဲ့မယ်''
''ရတယ် ရတယ်''
ဘာဒါကလည်း ဝင်ပြောတယ်။
အေးအေးဆေးဆေးသွားကြ''
.....
ဟူးးးး
ရင်ကဒိန်းခနဲ။
ဘာဒါက တစ်ယောက်ထဲနဲ့
အားလုံးပြီးသွားလို့
ပြန်ကြတော့
Hotelလည်းရောက်ရော..
''မမက နာဟီးနဲ့အိပ်
''ဟုတ်တယ် မမ
''မပါဘူး
ရပါတယ် ဒါနဲ့ပဲ..''
''ငါ့မှာ အပိုပါတယ်''
အဲ့တော့မှ
နာဟီးက
''မရပါဘူး
နာဟီး နင်လိုက်ယူ''
''အားနာစရာ''
နာဟီးလိုက်လာတော့
ဟယ်ဝန်းက
ဒါပေမယ့် အခုသွားရင်
တံခါးလာဖွင့်တာက
တစ်ယောက်သောသူ။
''မဝင်ပဲဘာလုပ်နေလဲ''
တဘက်ကြီး ရင်လျားလို့။
သူမရှိနေတော့
မျက်နှာပူသလိုလို။
နာဟီးက
ဟုတ်သားပဲ..
unnieအဆင်ပြေရဲ့လား''
ဟယ်ဝန်းကမေးတော့
''ရတယ် ရတယ်''
ပြောနေကြတုန်း
''အင်း''
''အဆင်ပြေကြလား ဘာဒါ''
''ပြေတယ်''
မနက်ဖြန်နေရဦးမှာလား''
''အင်း ဒါဆို ဒါပဲနော်''
''ပြန်ရအောင်''
ဟယ်ဝန်းကိုခေါ်တော့
''အင်း''
ဂျူဟျော့အပေါ်ရော..
မမအပေါ်ရော..
....
တော်ပါသေးရဲ့။
ညနေရုံးဆင်းတော့
''ပိန်သွားသလိုပဲ..''
''ဘာပြောချင်လို့လဲ''
''ကိုယ်တောင်းပန်ပါတယ်
သူနဲ့ပဲတွဲလိုက်ပါ''
သူက
ကိုယ့်ကိုယုံပါ''
''ဟင် ချယ်ယောင်း
လုံးဝပဲ သေချာတယ်''
ဘာ..
ဘာပြောချင်တာလဲ..
''အံ့သြနေစရာမလိုဘူး
ရိပ်မိပြီးသား
သူမဟုတ်ဘူးလားး
ဘုရားရေ..
သြော် မပြောရသေးတာ
''ဘယ်..ဘယ်တုန်းကလဲ''
''ကြာလှပြီလေ..''
''အခုဘယ်သူနေတာလဲဟင်''
''ဘယ်သိမလဲ
လာ သွားရအောင်''
လမ်းခွဲရအောင်
ပတ်ချယ်ယောင်းရယ်..။
အပိုင်း ၅ မျှော်
ချစ်တဲ့
lynn