**
မနက်ဖြန် လာခဲ့လို့ ဘက်ခဟျွန်းက ပြောလိုက်ပေမယ့်
နိုးနိုးချင်း ချက်ချင်းသွားဖို့အလုပ်ရှုပ်နေတယ်..ဒါမှမဟုတ် အားနာတဲ့စိတ်နဲ့ တွန့်ဆုတ်နေမိတယ်
မနက်စာစားပြီးတော့ သူ့ကားအဟောင်းစက်အဖုံးကို ဖွင့်ပြီး ပြင်နေတဲ့ ဖေဖေ့ကို ဝင်ကူလိုက်သေးတယ်
မီးဖိုထဲမှာ ဆိုလ်းကိုထည့်ပေးလိုက်ဖို့ ကင်မ်ချီသိပ်နေတဲ့ မေမေ့ကိုလည်း သူဝင်ကူပြီးပြီ
“ရောက်တုန်း ရောက်ခိုက် သွားစရာရှိတာ သွားစမ်းပါ” တဲ့ မေမေက အိမ်ထဲမှာ တစ်နေကုန် ကန့်လန့်ကန့်လန့်နဲ့ ကပ်နေတဲ့သူ့ကို ကြာတော့ ကြည့်မရဖြစ်လာဟန်တူတယ်
အဲ့ဒါနဲ့ပဲ သူထွက်လာခဲ့လိုက်တယ်
အိမ်ရှေ့က မြက်ခင်းပြင်မှာ တိုဘန်ကို ရေချိးပေးနေတဲ့ ဘက်ခဟျွန်း
သူ့ကို မြင်တော့ တိုဘန်က ဝမ်းသာအားရ ပြေးလာသည်
“ဟေး အဘိုးကြီး ခုထိပြေးနိုင်သေးတာလား”
ချန်းယောလ်က ပြေးလာတဲ့ တိုဘန်ခေါင်းကို ပွတ်ရင်း ရေပိုက်ရှိရာ ပြန်ခေါ်လာသည်
‘ညနေစောင်းနေပြီကို အေးကအေးနဲ့”
ရေချိုးတိုင်း အငြိမ်မနေတတ်တဲ့ တိုဘန်ကြောင့် ဘက်ခဟျွန်း အဝတ်တွေပါ ရွှဲစိုလျက်
ဘက်ခဟျွန်းက သူ့စကားကို မကြားလိုက်သလို
“တိုဘန်တော့ အအေးပတ်တော့မှာပဲ အခုမှ ရေချိုးပေးနေရသလား”
“လမ်းထဲက ကလေးတွေနဲ့ ရေကန်ဘက်ကို လိုက်သွားတာလေ၊ ရျွံ့တွေပေလာလို့..ကဲ ပြီးပြီ”
ရေစက်တွေခါထုတ်နေတဲ့ တိုဘန်ကြောင့် ချန်းယောလ်က နောက်ကို ဆုတ်လိုက်တာမို့ ရေတွေနဲ့ လျှောနေတဲ့ မြက်ခင်းပေါ် ဘိုင်းခနဲ နောက်ပြန်လဲသည်
“ဟာ ယောလ်လီ...ဟား ဟား ဟား ဟား ဟား ဟား”
တော်တော်နဲ့ အတောမသက်နိုင်ပဲ ရယ်နေတဲ့ ဘက်ခဟျွန်း
အဲ့လို အားရပါးရ ရယ်မောနေတဲ့ ဘက်ခဟျွန်းကို မမြင်ရတာ ဘယ်လောက်တောင် ကြာခဲ့ပါပြီလဲ
ဘက်ခဟျွန်းရယ်လိုက်တဲ့အခါတိုင်း အသံကျယ်ကြီးနဲ့ ဆူလိုက်တာကွာလို့ တစ်ခြားသူငယ်ချင်းတွေက ပြောပေမယ့်
ရယ်လိုက်တိုင်း ပိုလင်းလက်သွားတဲ့ မျက်လုံးကျဉ်းကျဉ်းတွေကို သူကတော့ သိပ်သဘောကျခဲ့ရတာ
“ဘက်ခဟျွန်းနီး ရယ်လိုက်တိုင်း ကြယ်တွေကို မြင်ရတယ်” လို့ ပြောမိလို့ အဲ့ဒီတုန်းက
“ယောလ်လီက အဲ့ဒါတော့ ပိုတာပေါ့လို့” ပြန်ပြောခဲ့တာ
သေချာပေါက်ကို ယောလ်လီ လို့ ခေါ်လိုက်တဲ့ နာမ်စားကရော ဘယ်တော့မှ ပြန်မကြားရဘူးတောင် ထင်ထားခဲ့တာ
ရုတ်တရက် နှလုံးသားတစ်ခုလုံးလေးလံလာသည်
ဒါဟာ အတိတ်ကို လွမ်းဆွတ်မှုသာဖြစ်ပါစေ
“နာသွားသေးလား.. ထနိုင်ရဲ့လား”
ရယ်လို့ ဝသွားတဲ့ ဘက်ခဟျွန်းက သူ့ကို လက်ကမ်းပေးရင်းထူတာမို့ လှမ်းဆွဲယူရင်း ထလိုက်သည်
“ဆောရီး၊ ငါအရမ်းရယ်မိသွားတာလား”
သုန်မှုန်နေတဲ့ ချန်းယောလ်ကြောင့် ဘက်ခဟျွန်းက အားနာသွားပုံရတယ်
“ရပါတယ်..တိုဘန်ကို ငါ ရေသုတ်ပေးလိုက်မယ်၊ မင်းမြန်မြန် ရေသွားချိုးလိုက်လေ”
စိုနေတဲ့ ဘက်ခဟျွန်းရဲ့ အဝတ်အစားတို့ကို မေးငေါ့ပြရင်း ချန်းယောလ် က ပြောတယ်
“အင်း ဒါဆို ခဏနော်”
***
“ပေးလေ..စာရွက်ဘယ်မှာလဲ”
ရေချိုးပြီး အဝတ်အစားလဲကာ ထွက်လာတဲ့ဘက်ခဟျွန်းက မေးလိုက်ရင်း တိုဘန်နဲ့ ဆော့နေတဲ့ ချန်းယောလ်ကို တွေ့သည်
“အင်း...အဲ့ဒီမှာ”
ချန်းယောလ် က စားပွဲပေါ်မှာ တင်ထားတဲ့ စာရွက်ကို လှမ်းပြသည်
“မင်းအတွက်ရယ်၊ ငါ့အတွက်ရယ် ၊ရှေ့နေအတွက်ရယ် သုံးစုံလုံးထိုးရမှာ”
“အင်း”
ဘက်ခဟျွန်းက စာရွက်ချထားတဲ့ စားပွဲရှေ့က ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်
စာချုပ်မှာ ပါတဲ့ စာတစ်ချို့ကို ဘက်ခဟျွန်း ကြည့်နေတုန်း ဘာကြောင့်မှန်းမသိ တုန်လှုန်လာသည်
အကြာကြီးလိုချင်နေတဲ့ လက်မှတ်ကို ရတော့မှာကြောင့် ဖြစ်ပါလိမ့်မယ်
ဒါကို ဘက်ခဟျွန်းသိသွားလို့ မဖြစ်တာကြောင့် တည်ငြိမ်ဖို့ ကြိုးစားလိုက်သည်
“တစ်ဦးနဲ့တစ်ဦးသဘောထား မတိုက်ဆိုင်ပါသဖြင့် တဲ့လား”
ကွာရှင်းရသည့်အကြောင်းအရင်းကို ဘက်ခဟျွန်းက တိုးတိုးရေရွတ်သည်
“ဒါဖြင့် ဘာထည့်ရမလဲ”
“ဟင့်အင်း ရပါတယ်”
“မင်းအတွက် တစ်ခြားတောင်းဆိုချင်တာရှိရင် အချပ်ပိုမှာ ဖြည့်လို့ရတယ်နော်”
ဘက်ခဟျွန်းက သူ့ကို မော့ကြည့်သည်
“ဘယ်လို အရာမျိုးလဲ”
“ဉပမာ နစ်နာကြေးတို့ ကွာရှင်းစရိတ်တို့ပေါ့”
လက်မှတ်ထိုးဖို့ ပြင်ထားတဲ့ ဘောပင်ကို ဘက်ခဟျွန်း က ချလိုက်ပြီး နာရီကို ကြည့်တယ်
“ဟုတ်သား.. ဒါနဲ့ ချန်းယောလ် ငါအခုမှ သတိရတယ်”
“ဟင်..ဘာလဲ”
“ငါ ဒီနေ့ညနေ ချိန်းထားတဲ့ ဒိတ်ရှိတာ၊ ဒါကို ပြန်လာမှ ထိုးပေးတော့မယ်”
“ဘာ”
“ နောက်ကျနေလို့ ပြန်လာရင် သေချာပေါက်ထိုးပေးမယ်”
“ရာ့ အဲ့လို ဘယ်မှာရှိလို့လဲ၊ အခုထိုးလိုက်ရင် တစ်စက္ကန့်တောင်မကြာတာကို”
“ချမ်းသာတဲ့ ငါ့ယောကျ်ားက နောက်အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတာကို
နစ်နာကြေး ဘယ်လောက်တောင်းရမလဲ ဆိုတာ ငါစဉ်းစားရအုံးမယ်လေ”
"ဗြောက်ဘက်ခဟျွန်း"
"ငါ ၈ နှစ်လုံးတောင် မင်းပြန်လာဖို့ စောင့်ခဲ့သေးတာပဲ၊ တစ်ရက်လောက်မင်းဘက်ကတော့ ထပ်စောင့်လိုက်ပါအုံး"
ဘက်ခဟျွန်းက လှောင်သံပါတဲ့ ခပ်ထေ့ထေ့အပြုံးနဲ့ ပြောကာ အိမ်တံခါးကို စောင့်ပိတ်ရင်း ထွက်သွားတော့တယ်...
***
A/N ယူတို့ကသာ ဆရာပတ်ကိုကြည့်မရနေတာနော် သူချည်းပဲ ခံနေရတာလားလို့🤭
BBH နဲ့အတူတူ ရယ်လိုက်ကြရအောင်