မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်...

By Ssinlet_aeri

17.4K 2.7K 223

Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Ho... More

Description
အပိုင်း ၁ : ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂ : ဂျန်နရေးရှင်းကွာဟချက်
အပိုင်း ၃ : စိတ်ဝိညာဉ်
အပိုင်း ၄ : ရှဲ့ဝမ်း
အပိုင်း ၅ : ပုံတူပန်းချီကား
အပိုင်း ၆ : အရုပ်
အပိုင်း ၇ : ကြည့်မှန်
အပိုင်း ၈ : အံဆွဲ
အပိုင်း ၉ : မှတ်စုစာအုပ်
အပိုင်း ၁၀ : ခန္ဓာကိုယ်‌ပြောင်းလဲခြင်း
အပိုင်း ၁၁ : ညှိုးရော်နွမ်းလျခြင်း
အပိုင်း ၁၂ : လှောင်အိမ်ဖြေရှင်းခြင်း
အပိုင်း ၁၃ : အဆက်အသွယ် ပြတ်တောက်ခြင်း
အပိုင်း ၁၄ : ဧည့်သည်ဖိတ်ခေါ်ခြင်း
အပိုင်း ၁၅ : သုံးဆောင်ခြင်း
အပိုင်း ၁၆ : ညဉ့်နက်လမ်း
အပိုင်း ၁၇ : အခက်ကြုံခြင်း
အပိုင်း ၁၈ : ကြမ္မာရေစက်
အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ
အပိုင်း ၂၀ : ဆန့်ကျင်ဘက်
အပိုင်း ၂၁ : ဒဏ္ဍာရီလာ
အပိုင်း ၂၂ : သုံးအုပ်စု ဝင်ရောက်လာခြင်း
အပိုင်း ၂၃ : အိမ်ပြန်ခြင်း
အပိုင်း ၂၅ : မမျှော်မှန်းထားသော
အပိုင်း ၂၆ : ရွှေ့ပြောင်းခြင်း
အပိုင်း ၂၇ : အတိတ်နေ့စွဲများ
အပိုင်း ၂၈ : ခြေရာလက်ရာ
အပိုင်း ၂၉ : ရေစက်ဆုံခြင်း

အပိုင်း ၂၄ : ကျန်းလန်

274 69 7
By Ssinlet_aeri

[Unicode]

သေဆုံးပြီးသား မျိုးဆက်တစ်ခုက အပေါ်သို့ ခုန်တက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း

ဝမ်းရှီ ပြောလိုက်သော "အဲ့နေ့"မှာ လှောင်အိမ်ထဲရှိလူများ၏ အချိန်အယူအဆအရ ပြောလိုက်ခြင်းသာဖြစ်ပြီး တကယ့်လက်တွေ့၌ ထိုမျှအချိန်အကြာကြီး မကုန်လွန်သွားသေးပါချေ ။

သူတို့ လှောင်အိမ်ထဲမှ ပြန်ထွက်လာချိန် မိုးစဲသွားကာစဖြစ်ပြီး သူတို့၏ထီးအနားစပ်များမှ မိုးရေစက်များက တတောက်တောက်ကျနေ၏ ။ သူတို့သည် ရှီဖျင်းပြခန်းအပြင်ဘက်ရှိ လမ်းပေါ်တွင် ရှိနေသေးဆဲ ။ လမ်းတစ်ဖက်တစ်ချက်စီရှိ ဆိုင်ခန်းများအားလုံး ပိတ်ထားလျက်ရှိရာ သည်ပတ်ဝန်းကျင်တစ်ဝိုက်မှာ အင်မတန် လူသူမဲ့ခြောက်ကပ်နေသင့်သည်ပေ ။

သို့တိုင် ဝမ်းရှီ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့် တစ်ခဏ--

သူ့ကိုပတ်လည်ဝန်းရံထားသော လူတစ်အုပ်ရှိနေ၏ ။

အကုန်လုံးက ခပ်ထူထူ အနက်ရောင်ဆံပင်ရှည်များနှင့် ဖြူစုပ်ပြာနှမ်းနေသော မျက်နှာရှိပြီး နဖူးထက်တွင် အဝါရောင်အင်းစာရွက်များ ကပ်ထားသည့် အမျိုးသမီးများပင် ။

သူတို့၏မျက်လုံးများမှာ ပကတိဖြူဖွေးလုနီးနီးဖြစ်ပြီး မျက်စိအလယ်တွင် နည်းနည်းလေးမှ မရွေ့လျားသည့် အနက်ရောင် အစက်တစ်စက်ရှိနေသည် ။ နှုတ်ခမ်းများမှာ နီစွေးတောက်ပနေလျက် အပေါ်သို့ ကွေးညွှတ်တက်နေပြီး သူတို့၏ဆံပင်ထက်ပင်ပို၍ ရှည်လျားသော လျှာများက ပါးစပ်ထဲမှ တန်းလန်းထွက်ကျနေ၏ ။

ရှချောင်မှာ ကျိုးရွှိနှင့် အချင်းများနေရာမှ နောက်တစ်စက္ကန့်အတွင်း အနှီအရာများနှင့် မျက်နှာချင်းဆိုင်သွားတော့သည် ။ သူသည် "ဖာခ့်"ဟု အော်ရင်း နေရာတွင်ပင် ပျော့ခွေယိုင်လဲကျသွား၏ ။

ထိုအမျိုးသမီးများက မလှုပ်ရှားပေ ။ ရှချောင်သည်လည်း မလှုပ်ရှားရဲ ။

သူသည် ဝမ်းရှီ၏ ဘယ်ဘက်လက်ကို အသံတိတ်ဖက်တွယ်လိုက်ရင်း သေမင်း၏တံခါးဝတွင် ရောက်နေသည့်အလား ။ "ကော...ကျွန်တော်တို့ လှောင်အိမ်ထဲက ထွက်လာပြီလား ? "

ဝမ်းရှီ ပြန်မပြောရသေးခင် ရှဲ့ဝမ်းက ကိုယ်စားဝင်ပြောပေးလာ၏ ။ "ထွက်လာပြီ "

ရှချောင်သည် ပို၍ပင် မူးဝေပျော့ခွေသွားတော့သည် ။ "ဒါဖြင့်ရင် ဒါတွေက ဘာကြီးတုန်း ? "

ဝမ်းရှီ ပါးစပ်ဖွင့်လိုက်သည် ။

ရှဲ့ဝမ်း : "သရဲတွေလေ "

ရှချောင်သည် စက္ကန့်ပိုင်းသာ ‌တောင့်ခံထားနိုင်ကာ ဝမ်းရှီ၏လက်မောင်းကို ဖက်တွယ်လျက်သား မြေကြီးပေါ်သို့ တိတ်တဆိတ် လျှောကျသွားလေသည် ။

ဝမ်းရှီ : "....."

ရှချောင်က အသက်ရှုရပ်သွားသည့်သူဖြစ်သော်လည်း ရှဲ့ဝမ်း ခလောက်ဆန်လိုက်သည့်သူက သူဟုသာ ဝမ်းရှီခံစားလိုက်ရသည် ။

"မင်းငါ့ကို အငြိုးတွေများ ရှိနေတာလား ? " ဝမ်းရှီသည် သူ့ဘယ်ဘက်လက်ကို ဆွဲမထုတ်နိုင်သဖြင့် ခေါင်းကိုစောင်းငဲ့လျက် ထီးလက်ကိုင်အား လည်ပင်းနှင့်ပခုံးကြားညှပ်ကာ ညာလက်ကို လွတ်အောင်လုပ်လိုက်ပြီး အနှီတစ္ဆေအမျိုးသမီးများအား ရှင်းလင်းရန်ပြင်ရတော့သည် ။

"ရှိစရာလားနော် " ရှဲ့ဝမ်းက စိတ်ပေါ့ပါးစွာ ငြင်းဆန်လာပြီး လက်လှမ်းကာ ဝမ်းရှီအတွက် ထီးလက်ကိုင်ကို ကိုင်ပေးလာသည် ။

ရှဲ့ဝမ်းသည် သူ၏အနက်ရောင်လက်အိတ်များကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ထီးလက်ကိုင်၏ အောက်ဆုံးအဖျားနားမှ ကိုင်ထားကာ ဝမ်းရှီမျက်နှာနှင့် သင့်တင့်‌လျော်ကန်သော အကွာအဝေးကို ထိန်းသိမ်းထားလေ၏ ။

သို့တိုင် အကြောင်းပြချက်တချို့ကြောင့် ထို‌ဖြူဖျော့ဖျော့လက်ကောက်ဝတ်ကို ဖျတ်ခနဲမြင်လိုက်သည့်တစ်ခဏ ရှဲ့ဝမ်း၏အနည်းငယ် အေးစက်နေသော လက်ချောင်းအထိအတွေ့ကို ဝမ်းရှီရုတ်တရက် အမှတ်ရသွားသည် ။ တစ္ဆေအမျိုးသမီးများထံ ကမ်းလင့်နေသော သူ့လက်မှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားတော့၏ ။

"ခေါင်းနည်းနည်းကြွပါအုံး " ရှဲ့ဝမ်းက ဝမ်းရှီကို ထီးလွှတ်ရန် အသိပေးလာသည် ။ "မိုးလဲတိတ်သွားပြီဆိုတော့ ထီးပိတ်လိုက်တော့မယ် "

တစ်စက္ကန့်ကုန်လွန်သွားသော်လည်း တုံ့ပြန်သံမကြားရသဖြင့် သူသည် ‌အသံဖွဖွဖြင့် မေးလာသည် ။ "ဘာတွေတွေးနေတာလဲ ? "

ဤသည်ကိုကြားသော် ဝမ်းရှီ ချက်ချင်းအသိပြန်ဝင်လာခဲ့သည် ။

သူသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ ခေါင်းပြန်ဆန့်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် ရှဲ့ဝမ်းကို ထီးယူခွင့်ပြုလိုက်သည် ။ ထို့နောက် တစ္ဆေအမျိုးသမီးတစ်ဦးကို ရွေးလိုက်ပြီး မျက်နှာထက်ရှိ အင်းစာရွက်ကို ဆွဲခွာလိုက်၏ ။

အင်းစာရွက် အဖြုတ်ခံလိုက်ရသည်နှင့် စက်ဝိုင်းပုံဝန်းရံထားသည့် တစ္ဆေအမျိုးသမီးများမှာ စတင်၍ တုန်ယင်တွန့်ဆတ်လာပြီး ချိတ်ပိတ်ထားရာမှ လွတ်မြောက်‌အောင် ရုန်းကန်ကာ သူ့ထံသို့ တည့်တည့်ပြေးဝင်လာချင်သည့်အလား ။

ဝမ်းရှီကမူ လုံးလုံး ဂရုမစိုက်ဘဲ နောက်ထပ်အင်းစာရွက်တစ်ခုထံ လက်လှမ်းလိုက်သည် ။

ရလဒ်အနေဖြင့် သူ့အနောက်ဘက်မှ တစ်စုံတစ်ယောက်၏ ရေရွတ်သံကို ကြားလိုက်ရသည် ။ "သူတို့က ထွက်တောင်လာကြပြီလား ? "

ထို့နောက်တွင်တော့ တစ္ဆေအမျိုးသမီးများမှာ ရုတ်ချည်းပင် မီးခိုးငွေ့များအဖြစ် အငွေ့ပျံကာ သူဘာမှမလုပ်ရသေးခင် ပျောက်ကွယ်သွားကြပြီး လေထဲဝေ့ဝဲနေသော အင်းစက္ကူ ၇ရွက်ကိုသာ ချန်ထားရစ်သည် ။ ထိုအင်းစာကွက်များကို တစ်စုံတစ်ယောက်က လှမ်းဖမ်းလိုက်လေ၏ ။

စက္ကူစများကို ဖမ်းလိုက်သူက အင်မတန်အရပ်မြင့်သော အမျိုးသားတစ်ယောက်ဖြစ်ပြီး ဂျုံဝါရောင်အသားအရည်ဖြင့် တောင့်တင်းကြံ့ခိုင်သော ကိုယ်ခန္ဓာရှိပြီး ကတုံးပြောင်နှင့်ပင် ။ တစ်ချက်ကြည့်ရုံဖြင့် သူသည် တိုက်ခိုက်ရေးကိုယ်ခံပညာ လေ့ကျင့်သူဖြစ်ကြောင်း သိသာသည် ၊ သို့သော် သူ၏မျက်နှာအမူအရာမှာတော့ အနည်းငယ် တောင့်တင်းမင်သေနေလျက် ။

ဝမ်းရှီ သူ့မျက်လုံးများကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် အမျိုးသား၏နှလုံးတည်နေရာသို့ အကြည့်ရွှေ့လိုက်သည် ။

အဝတ်အစားများက ဖုံးကွယ်နေသဖြင့် တစ်ဖက်လူ၏ရင်ဘက်ရှိ အမှတ်အသားကို ဝမ်းရှီ မမြင်ရချေ ။ သို့ပေသိ ဤသည်က ရုပ်သေးရုပ်တစ်ရုပ်မှန်း သူပြောနိုင်၏ ။ သက်ရှိလူသားတစ်ယောက်နှင့် အင်မတန်တူသည့် ရုပ်သေးတစ်ရုပ်ပင် ။

အင်းစာရွက်ကိုကိုင်လျက် ရုပ်သေးရုပ်သည် အနောက်သို့လှည့်ကြည့်ကာ မေးလိုက်သည် ။ "ကျွန်တော်ဖမ်းလိုက်ပြီ ။ ဘာလုပ်လိုက်ရမလဲ ? "

သူ့အနောက်တွင် ရပ်နေသူက ပခုံးထိအရှည်ရှိသော ဆံပင်ကို နားတစ်ဖက်နောက်တွင် သပ်ထားကာ နားရွက်တစ်လျှောက် တောက်ပပြောင်လက်နေသည့် နားကပ်အတန်းလိုက်အား ဖော်ပြထားလျက် ။ သူမသည် မျက်နှာထက် ဆေးရောင်ခြယ်ထားသည့်အလား မိတ်ကပ်ကို ပိုပိုသာသာ ထူပိန်းနေအောင် ခြယ်သထားပြီး သူမ၏မူလမျက်နှာသွင်ပြင်ကို ဖုံးကွယ်ထားကာ အသက်ကိုလည်း မသိရချေ ။ သို့သော်လည်း သူမ၏ခန္ဓာကိုယ် ပုံပန်းသွင်ပြင်အရ အလှပဂေးတစ်ယောက် ဖြစ်ဖို့များသည် ။

"မီးရှို့ပေး " သူမသည် ရုပ်သေး၏မေးခွန်းကို ဖြေပြီးနောက် သူမ၏ဖန်သလင်းအလား မျက်လုံးများကိုရွှေ့ကာ သူတို့ထံသို့ အကြည့်ရောက်လာသည် ။ သူမသည် ရှချောင်ကို တစ်ချက်သာကြည့်ပြီး သူမ၏အကြည့်များက ဝမ်းရှီထံတွင် ခဏကြာ ဝေ့ဝဲနေကာ နောက်ဆုံးတွင်တော့ ရှဲ့ဝမ်းဆီသို့ ရွှေ့သွားလေ၏ ။ ထို့နောက် သူမပြောလာသည်က "ဘယ်သူက ဒီ*ဘွားအေကြီးရဲ့ အင်းစာရွက်တွေကို ခွာလိုက်တာလဲ ? ထွက်လာခဲ့ "

『*ဘွားအေကြီးဆိုတာ အိမ်ကြီးသခင်မလို ကိုယ့်roleကိုယ်မြှင့်ပြီး ပြောလိုက်တာပါ ။ မခပ်ချေချေ မာနကြီးကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် သခင်မကြီးလို့ ပြောသလိုမျိုးပါ ။ အဆင်ပြေသလိုပဲ ပြန်လိုက်ပါတယ် 』

ဝမ်းရှီ : "....."

သည်လို မိန်းကလေးမျိုးက ပါးစပ်ပေါက်ပိတ်ထားတာပဲ ပိုကောင်းလိမ့်မည် ။

"လူမမာလေး...နင်လား ? " သူမက ရှဲ့ဝမ်းကို စိုက်ကြည့်လျက် မေးလာသည် ။

ဝမ်းရှီသည် နှုတ်ခမ်းများကို ဖွင့်ဟလိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည် ။ " မင်း ဒီဘွားအေကြီးကို သိလား ? "

ရှဲ့ဝမ်းက ရယ်မောလာ၏ ။

သူသည် မျက်နှာလွှဲကာ ချောင်းနှစ်ချက်မျှဆိုးပြီးနောက် နှာခေါင်းထိပ်သို့ လက်ဖြင့်ထိကပ်လိုက်ပြီး ပြန်အဖြေပေးလာသည် ။ "သိတယ်လို့တော့ ပြောလို့ရပါတယ် ။ သူက ကျန်းမိသားစုကလေ "

ကျန်းမိသားစုတွင် လူပေါင်းများစွာရှိပြီး နာမည်စာရင်းတွင်လည်း သူတို့မိသားစုဝင်များနှင့် ပြည့်သိပ်နေလေရာ ရှဲ့ဝမ်းပြောပြီးတာတောင် ဝမ်းရှီမသိသဖြင့် "ဪ"ဟုသာ ပြန်ဖြေလိုက်သည် ။

သူနားမလည်သေးကြောင်း ရှဲ့ဝမ်းမြင်သောအခါ ထပ်မံဖြည့်စွက်ပြောလာ၏ ။ "ခုနက လှောင်အိမ်ထဲမှာတုန်းက ကျန်းပိလင်ရဲ့သားက ကြုံတုန်းပြောသေးတယ်လေ ။ မင်းမှတ်မိမလားတော့မသိ ။ သူ့နာမည်က ကျန်းလန်တဲ့ "

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော 'ဘွားအေကြီး ' : "....."

ကျန်းလန်သည် အရင်က အခြေအနေပေါင်းမြောက်မြားစွာကို ကြုံတွေ့ခဲ့ပြီးဖြစ်ကာ လူ‌ပေါင်းစုံနှင့်လည်း တွေ့ဆုံခဲ့ဖူးပြီး နည်းလမ်းအထွေထွေဖြင့် မိတ်ဆက်ခံခဲ့ရဖူးသည် ။ အများစုမှာ....မဟုတ်သေး ၊ အကြိမ်တိုင်းဟုပင် ပြော၍ရနိုင်သည် ။ သူမ၏နာမည်ကို ပြောလိုက်သည်နှင့် ကြားလိုက်ရသူများမှာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသယောင် မျက်နှာမျိုး ဖြစ်သွားကြသည်သာ ။ သူတို့ သေချာပေါက် ဆက်ပြောလာကြသည်က "နာမည်စာရင်းရဲ့ထိပ်ဆုံးက အဲ့ဒီကျန်းလန်လား ?! "

အရိုးသားဆုံးပြောရပါက ခံစားလို့ကောင်းသည်ပေ ။

သို့သော် ကြိမ်ဖန်များစွာ ကြားရပြီးနောက် ဂုဏ်ယူဝံ့ကြွားစရာက တဖြည်းဖြည်းလျော့ပါးလာတော့သည် ။

ကျန်းလန်သည် သို့နှယ် ကိစ္စမျိုးအား ဂုဏ်ဆာမောက်မာတတ်သည့် အရွယ်ကို ကျော်လွန်သွားခဲ့ပြီးဟု မိမိကိုယ်ကို ထင်ခဲ့သည့်တိုင် ယနေ့ ရှဲ့ဝမ်း၏မိတ်ဆက်ပေးမှုကို ကြားလိုက်ရပြီးနောက် သူမသည် ငယ်ရွယ်သေးဆဲဖြစ်လောက်ကြောင်း နားလည်သွားတော့သည် ။

"ကြုံတုန်း ပြောသေးတယ် "ဆိုတာ ဘာအဓိပ္ပာယ်လဲ ?

"မင်းမှတ်မိမလားတော့မသိ "ဆိုတာ ဘာကိုဆိုလိုတာလဲလို့ ?

ကျန်းလန်သည် သူမ၏ဒေါက်မြင့်ဖိနပ်များဖြင့် တဆောင့်ဆောင့် ရောက်ချလာတော့သည် ။

သူမ နီးကပ်လာသောအခါ ရှဲ့ဝမ်းဘေး‌၌ ရှိနေသည့် အင်မတန်အေးစက်ကြည့်ကောင်းသောသူ ပြောလာသည်ကို ကြားလိုက်ရလေ၏ ။ "ခပ်ရေးရေးတော့ မှတ်မိသလိုပါပဲ "

ကျန်းလန်သည် ရေဆိုးမြောင်းအဖုံးအား တက်နင်းမိကာ ဖိနပ်ဒေါက်မှာ ကြားညပ်သွားခဲ့သည် ။

"ငါတို့ ဒီကိုမလာခင်က နင်ငါ့အတွက် ရှေ့ဖြစ်ဟောထားတာ ဘာတဲ့ ? " သူမသည် သက်တော်စောင့်အလား ရုပ်သေးရုပ်ကို လှည့်မေးလိုက်သည် ။

တစ်ဖက်လူက အတောင့်လိုက်ပြောလာ၏ ။ "၆-၅ : *ဟွမ်းချန် ၊ ယွမ်အားကောင်းတယ် "

သူသည် တဒင်္ဂမျှ တိတ်ဆိတ်သွားကာ ကျန်းလန်နားမလည်မည်ကို စိုးရိမ်သောကြောင့်ဖြစ်နိုင်သည် ။ သူသည် တာဝန်သိတတ်စွာဖြင့် ထပ်ပြောလိုက်၏ ။ "အထူးတလည် ကံကောင်းမယ်တဲ့ "

ကျန်းလန် : "ပေါက်ကရတွေ "

ရုပ်သေးရုပ်က သစ္စာရှိသည်ပေ ။ "အမှန်ပဲဗျ "

ကျန်းလန် : "....."

ဝမ်းရှီသည် သူတို့ကို ခဏလောက်ကြည့်နေလိုက်ပြီး ရှဲ့ဝမ်းကို လှည့်မေးလိုက်သည် ။ "သူက နာမည်ချွတ်စွပ်တူနေတဲ့သူ မဟုတ်ဘဲ အဲ့ကျန်းလန်ဟုတ်လို့လား ? "

ကျန်းလန်သည် နားပါးသူဖြစ်ရာ ခေါင်းကို ဆတ်ခနဲလှည့်လာပြီး "နင်ငါ့ကို လာပြောင်နေတာလား ? "

ဝမ်းရှီသည် မပြောင်းမလဲဖြင့် "မဟုတ်ပါဘူး ၊ အတည်ပြောနေတာ "

ရှဲ့ဝမ်းက ချောင်းထပ်ဆိုးသည်အထိ ရယ်မောနေပြန်၏ ။ အချိန်အတော်ကြာပြီးနောက် သူက ဝမ်းရှီဘက်လှည့်ကာ ပြောလာသည် ။ "ငါ ဒီညချောင်းအသေဆိုးသွားရင် မင်း အပြည့်အဝတာဝန်ယူရမယ်နော် "

ဝမ်းရှီသည် တာဝန်လည်း အမှန်တကယ် မယူလိုသဖြင့် ပါးစပ်သာ ပိတ်ထားလိုက်တော့သည် ။

မြေကြီးပေါ် အပုံလိုက် လဲကျနေသော ရှချောင်က နောက်ဆုံးတွင်တော့ ပြန်အသိစိတ်ကပ်လာပြီး ရေရွတ်နေ၏ ။ "သေအောင်လန့်သွားတာပဲ "

သူသည် ဘေးပတ်လည်ကို ဝေ့ဝိုက်ကြည့်ရင်း လက်ကျန်ကြောက်စိတ်ကလေးဖြင့် မေးလာသည် ။ "ကော...အဲ့တစ္တေအမျိုးသမီးတွေရော ? "

ကျန်းလန်က သူမမျက်နှာကို ပွတ်သပ်ကာ ထောင်လွှားမောက်မာသော ပုဂ္ဂိုဟ်တစ်ယောက်ဟန် ပြန်လည်လုပ်ယူလိုက်လေ၏ ။ "ဘာကို တစ္တေအမျိုးသမီးလဲ ? သူတို့ကို လှောင်အိမ်ဂိတ်ဝရှာဖို့အတွက် ငါလွှတ်ထားတာ "

ရှချောင်သည် ဂိတ်ဝဆို *ငါးကြင်းခုန်ထွက်လာသည့် နဂါးဂိတ်ဝကိုသာ သိသဖြင့် သူမကို အူတူတူ စိုက်ကြည့်လိုက်ပြီး "ခင်ဗျားလုပ်လိုက်တာလား ? ဒါဆိုလဲ ကျွန်တော်တို့ကိုဝိုင်းခိုင်းပြီး ဘာလုပ်တာလဲ ? "

"နင်တို့က လှောင်အိမ်ထဲမှာလေ ။ နင်တို့ကိုမှ မဝိုင်းခိုင်းရင် ငါကဂိတ်ပေါက်ကို ဘယ်နားသွားရှာရမှာလဲ ? ထားပါတော့ ၊ ငါဘာပြောနေတယ်ဆိုတာ နားလည်မှာလဲ မဟုတ်ပါဘူး "

တကယ်တမ်းတွင် ကျန်းလန်သည် ရှန်ချောင်ကြောင့် ရှချောင်နှင့် တစ်ခေါက်တွေ့ဖူးသော်လည်း သူမသည် သူ့ကို ယခုမမှတ်မိပါချေ ။

ကျန်းလန်က အလိုလိုက်အကြိုက်ဆောင်ခံရပြီး ကြီးပြင်းလာခဲ့ခြင်းပင် ။ သူမ၏မိသားစုဝင်များမှတစ်ပါး အထူးတလည် ကြည့်ကောင်းသော သို့မဟုတ် အင်မတန် အားကြီးသော လူများကိုသာ မှတ်မိသည် ။ ဆိုလိုသည်က သူမသည် လူတော်တော်များများကို မမှတ်မိပေ ။

ရှချောင်က အသေအချာကို သူမအာရုံထဲ စွဲထင်ကျန်နေမည့် လူအမျိုးအစားထဲတွင် ပါဝင်မနေခဲ့ ။

သူမသည် ရှချောင်နှင့် ဝမ်းရှီကို ရှဲ့ဝမ်း၏ဈေးဝယ်သူဧည့်သည်များဟုသာ အလိုအလျောက် မှတ်ယူလိုက်ပြီး ရှဲ့ဝမ်းနှင့်အတူ လှောင်အိမ်ထဲသို့ မတော်တဆ ကျရောက်သွားခဲ့သည့် သာမန်လူများဟုသာ ထင်နေသည်ပေ ။

သို့ဖြစ်၍ သူမသည် ရှည်ရှည်ဝေးဝေး ထပ်ရှင်းပြမနေတော့ဘဲ ရှဲ့ဝမ်းကိုသာ ပြောလိုက်၏ ။ "ငါ ဒီနေ့ည နျဉ်းကျိုးမှာ ကင်းလှည့်ဂျူတီကျလို့ ။ ကျိုးရွှိက လှောင်အိမ်ထဲ ဆွဲခေါ်ခံလိုက်ရတယ်ကြားတာနဲ့ လာကြည့်ဖို့ ရောက်လာတာ ။ ပြီးတော့ နင်တို့တွေ ဒီမှာ ရုတ်တရက်ကြီး ရပ်နေတာကို ငါမြင်လိုက်ရတာပဲ "

သူမသည် ကိစ္စမျိုးစုံ တွေ့ကြုံဆုံကြိုက်ခဲ့ပြီးဖြစ်ရာ တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့ လှောင်အိမ်ထဲသို့ ရောက်ခဲ့ကြောင်း ပြောနိုင်၏ ။

"နင်တို့ကို လိုက်ရှာဖို့အတွက် ငါလှောင်အိမ်ထဲဝင်ဖို့ပြင်နေတာ ။ ဒါပေမဲ့ ပြန်ထွက်လာမယ်လို့တော့ မထင်ထားခဲ့ဘူး " ကျန်းလန်သည် အင်မတန် အံ့အားသင့်နေသည့် အသံဖြင့် "နင်တို့ ဘယ်လိုလုပ် ထွက်လာကြတာလဲ ? လှောင်အိမ်ထဲမှာ တခြားသူရှိသေးလား ? "

ရှဲ့ဝမ်းက လှောင်အိမ်ကို မဖြေရှင်းနိုင်သည့် ငနုလေးဖြစ်ကြောင်း လူတိုင်းသိကြသဖြင့် ကျန်းလန်သည် မျက်စိရှေ့ရှိ လူသုံးယောက်ကို ဖြစ်နိုင်ချေအဖြစ် မတွေးခဲ့ချေ ။ အခြားလူတစ်ယောက်က ကူညီထုတ်ပေးလိုက်သည်ဟုသာ သဘာဝကျစွာ ယူဆလိုက်တော့သည် ။

ရှဲ့ဝမ်း ဘာမျှမပြောနိုင်သေးခင် ဝမ်းရှီ ဝင်ပြောလိုက်၏ ။ "ကျန်းပိလင် "

သူ၏တုံ့ပြန်ချက်မှာ အတော်လေး မရေမရာနိုင်လှပြီး လှောင်အိမ်ကို ဖြည်လိုက်သည့်သူကလည်း ကျန်းပိလင်ဟု အလိုအလျောက် တွေးထင်မိသွားစေသည် ။

အသေအချာကိုပင် ကျန်းလန်က "ဪ"ဟု အသံပြုလာသည် ။ "လင်ကျဲ (အစ်မလင်) လဲ လှောင်အိမ်ထဲဝင်သွားတာလား ? မဆန်းတော့ပါဘူး ။ အေးလေ ၊ သူ့သားက အထဲပါသွားတာကိုး "

"ကောင်းတယ် ...ငါလဲ အလုပ်ရှုပ်သက်သာသွားပြီ "

သူမသည် ထွက်ခွာရန် နောက်လှည့်လိုက်သော်လည်း တစ်စုံတစ်ရာကို ရုတ်ချည်းနားလည်သွားခဲ့သည်--အနှီသူစိမ်းနှစ်ယောက်က ရှဲ့ဝမ်းရော ၊ ကျန်းပိလင်ကိုရော သိနေသဖြင့် သာမန်လူမဟုတ်ဖို့များသည် ။

ကျန်းလန်သည် ခြေလှမ်းအနည်းငယ် ‌လှမ်းလိုက်ပြီးနောက် ထပ်မံရပ်တန့်သွားခဲ့သည် ။ သူမသည် နောက်လှည့်ကြည့်ကာ ဝမ်းရှီကို ခေါင်းစခြေဆုံးကြည့်လိုက်ပြီးနောက် မယုံသင်္ကာဖြင့် မေးလာသည် ။ "နေပါအုံး...နင်တို့လဲ ဒီအလုပ်လုပ်တာပဲလား ? "

သို့သော်လည်း မဖြစ်နိုင်ပေ ။ သူမသည် အမည်နာမစာရင်းထက်ရှိ လူအားလုံးနီးပါးကို မြင်ဖူးပြီး ဝမ်းရှီကဲ့သို့ ရုပ်ရည်ရူပကာနှင့်သူကို တွေ့ဖူးပြီး မမှတ်မိခြင်းမျိုးလည်း မဖြစ်နိုင်ပါချေ ။

ကျန်းလန် : "ဘယ်မိသားစုကလဲ ? "

ရှချောင်သည် နေရထိုင်ရခက်စွာဖြင့် "ရှန်မိသားစုကပါ "

သူသည် တကယ်တော့ ဘယ်မိသားစုမှလာလဲပြောရန် တော်တော်လေး ကြောက်ရွံ့ပြီး ရှန်ချောင်အား အရှက်ရစေသည်ဟု အမြဲလိုလိုခံစားရသည်ပေ ။ ကျန်းလန်၏ တစ်မျိုးတစ်ဖုံတင်းမာသော မျက်နှာထားနှင့် လေသံမာမာစကားပြောပုံကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏ ၊ သူ၏အနှီခံစားချက်မှာ အတော်လေး သိသာလာကာ ပျာယာခတ်လာသည်အထိ ။

သူ့ကို ပို၍ပင် မီးလောင်ရာလေပင့်လိုက်သည်က ကျန်းလန်တစ်ယောက် အချိန်တစ်ခုစာ ကြောင်အမ်းနေပြီးနောက် ပြောလာသည့်စကားပင် ။ "ဘယ်ရှန်မိသားစုလဲ ? "

ယခုတော့ ရှချောင်ခမျာ လုံးလုံးဆွံ့အသွားပြီး ဆက်လက်မဖြေကြားနိုင်တော့ပေ ။

ထိုတဒင်္ဂ၌ အကြံတစ်ခုက သူ့ခေါင်းထဲပေါ်လာ၏ ။ သူသည် ဝမ်းရှီထံမှ ပညာများကို သင်ယူရန် ကြိုးစားကြည့်ချင်ခဲ့သည် ။ သို့နှင့် အကယ်၍များ.....နာမည်စာရင်းထက် သူ့နာမည်ပါအောင် လုပ်နိုင်ခဲ့ရင်ရော ?

ဝမ်းရှီသည် ရှချောင်၏ အင်မတန်အပြစ်ရှိနေပုံရသော မျက်နှာထားကို သတိထားမိသွားပြီး ကျန်းလန်ကို ဖြေကြားလိုက်သည် ။ "ရှန်ချောင် "

ကျန်းလန်က ယခုတစ်ခေါက်တွင်တော့ ခပ်သွက်သွက် တုံ့ပြန်လာ၏ ။ "သိပြီ "

သူမသည် ရှန်ချောင်မည်သူမှန်းသိပြီး နာမည်ကိုလည်း အလွန် ရင်းနှီးနေသည် ။ သို့သော် ရှန်ချောင်ကိုယ်တိုင်ကြောင့်တော့ မဟုတ်ချေ ။ သူသက်ဆိုင်သည့် မိသားစုမျိုးရိုးကြောင့်သာ ။

ထိုမျိုးဆက်တွင် ဒဏ္ဍာရီလာပုဂ္ဂိုဟ်တစ်ဦးရှိပြီး အရေးပါအရာရောက်မှုမှာ တည်ထောင်သူအကြီးအကဲ ချန်ပူသောက်ပြီးလျှင် ဒုတိယမြောက်ပင် ။ နှောင်းပိုင်းမျိုးဆက်များမှ ရုပ်သေးပညာကို အထူးပြုသည့်အဖွဲ့ဝင်တိုင်း ထိုပုဂ္ဂိုဟ်ကို လေးစားကိုးကွယ်ကြသည် ။

သူမ၏မောင်ဖြစ်သူ ကျန်းရာလင်သည် ရုပ်သေးပညာကို စွဲလမ်းနေ၏ ။ ထိုအရူးကောင်က သေးငယ်သည့် ‌သစ်သား‌သေတ္တာတစ်ခုကို အင်မတန်ယုံကြည်သက်ဝင်စွာ ကိုးကွယ်နေပြီး သစ်သားတံခါးပေါ်၌ ဒဏ္ဍာရီလာပုဂ္ဂိုဟ်၏နာမည်ကို ထွင်းထားသည် --ဝမ်းရှီ ။ သေတ္တာထဲတွင်မူ စိတ်ဝိညာဉ်ပစ္စည်းအရောင်းဆိုင်များမှ ထိုအရူးဝယ်လာသည့် ရတနာများ ရှိသည် ။

ကျန်းလန်သည် အထဲကို ချောင်းကြည့်ရန် ခိုးဖွင့်ကြည့်ဖူးသည် ။ သေတ္တာထဲ၌ ကျောက်စိမ်းပမာ လက်အရိုးနှစ်ချောင်း ၊ မှိန်ဖျော့ဖျော့ မွှေးရနံ့ရှိသည့် ခပ်တိုတို ထင်းရှူးကိုင်း နှစ်ကိုင်းနှင့် ဘာပစ္စည်းဖြင့်လုပ်ထားမှန်းမသိရသော ချည်လုံးတစ်လုံးရှိနေသည် ။

အရူးကောင်ကတော့ ၎င်းတို့မှာ ဝမ်းရှီ၏ ရုပ်အကြွင်းအကျန်နှင့် အမွေအနှစ်များဟု ခိုင်ခိုင်မာမာယုံကြည်နေ၏ ။

သူ့ကို ငကြောင်ဟုပင် သတ်မှတ်လို့ရပေသည် ။

ကျန်းရာလင်ကို အသာထားဦး ၊ ကျန်းလန်သည် အင်းစက္ကူမန္တာန်များကို အထူးပြုသည့်တိုင် သူမသည်လည်း ဝမ်းရှီကို အတော်လေး စိတ်ဝင်စားသည် ။

ဦးစွာပထမ သူသည် အင်မတိအင်မတန် ကြည့်ကောင်းချောမောသည်ဟု ဆိုကြသည် ။ ဒုတိယံပိအနေဖြင့် သူမသည် တရားဝင်သမိုင်းကြောင်းမဟုတ်သည့် အတင်းအဖျင်းပေါင်းစုံကို ဖတ်ရသည်အား အလွန်စိတ်အားထက်သန်၏ ။ အစစ်အမှန်ဖြစ်ဖြစ် ၊ အတုအယောင်ဖြစ်ဖြစ် ကိစ္စမရှိပေ ။ စိတ်ဝင်စားစရာကောင်းပြီး အခြားလူများကို ရွှီးဖျန်းနိုင်သည်ကပင် လုံလောက်ပေ၏ ။ သူမသည် လူတိုင်း၏ ကောလာဟလများကို ဖတ်ရှူခဲ့ရသော်လည်း ဝမ်းရှီကသာ ကောလာဟလသိပ်မရှိသည် တစ်ဦးတည်းသောသူပင် ။

ကြားဖူးနားဝများအရ ထိုအချိန်က ချန်ပူသောက်ထံ၌ တပည့်တပန်းများစွာရှိသော်လည်း အများစုမှာ တောင်အပြင်ဘက်တွင် နေထိုင်ကြသည် ။ သူ့ကို အမှန်တကယ်တွေ့ဖူးသည့် တပည့်များမှာ လက်တစ်ဖက်စာ အရေအတွက်သာရှိပြီး နောက်ပိုင်းမျိုးဆက်များက ထိုသူအနည်းငယ်ကို တိုက်ရိုက်တပည့်ရင်းများဟု ခေါ်ကြသည် ။

တပည့်ရင်းများထဲတွင် ရုပ်သေးပညာကို အထူးပြုသော ဝမ်းရှီ ၊ ဂါထာမန္တာန်များကို အထူးပြုသော ကျုံးစစ် ၊ ဂမ္ဘီရပညာနှင့်စည်းချခြင်းအတတ်ကို အထူးပြုသော ပုနင်းနှင့် နည်းအတတ်‌မျိုးစုံကို ရောနှောလေ့လာခဲ့သော ကျွမ်းယဲ့တို့ပင် ။ ကျွမ်းယဲ့က လွယ်လင့်တကူ မိတ်ဆွေအပေါင်းအသင်းများ လုပ်တတ်သဖြင့် ချန်ပူသောက်၏ ပြင်ပတပည့်များနှင့် ဆက်ဆံရေးကောင်းပြီး ထိုထဲတွင် ကျန်းမိသားစု၏ ဘိုးဘေးလည်း အပါအဝင်ဖြစ်သည် ။

နောက်ပိုင်းတွင်မူ ချန်ပူသောက်မှာ မကောင်းဆိုးဝါး မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နှက်လာပြီး သူလျှောက်သွားသည့် နေရာတိုင်းတွင် သက်ရှိအရာအားလုံးကို ညှိုးရော်နွမ်းလျသွားစေခဲ့သည် ။ ထိုတပည့်များကသာ သူ့ကို ဖိနှိပ်ကာ အတူတကွ ချိတ်ပိတ်ခဲ့ကြသူများပင် ။ ကျန်းမိသားစု၏အကြီးအကဲဖြစ်သူက အများဆုံး အထောက်အကူပြုခဲ့သည့်အဖြစ်မှာ ကျန်းမိသားစု တဖြည်းဖြည်း တိုးပွားအောင်မြင်လာသည့် အကြောင်းအရင်းတစ်ခုဖြစ်သည် ။

ထိုအခြင်းအရာများက အတော်လေး လူသိများသော ကောလာဟလများပင် ။

သို့သော် ပုံမှန်မဟုတ်သော ကောလာဟလတချို့ကိုလည်း ကျန်းလန် ဖတ်ဖူးလေ၏--

ပြောကြသည်က တပည့်ရင်းများထဲတွင် တစ်ဦးကသာ ချန်ပူသောက်နောက်မှ ဧကန်အမှန် တကောက်ကောက် လိုက်ပါခဲ့သည်ဟူ၍ ။ ထိုတပည့်မှာ မကောင်းဆိုးဝါးတစ္ဆေ၏ မိစ္ဆာစိတ်ဝိညာဥ်အသွင်ဖြင့် မွေးဖွားလာသောကြောင့် ချန်ပူသောက်သည် အမြဲတစေ သူ့ဘေးနားတွင်သာ ထားကာ ထိုတပည့်ကို သူ့လက်နှင့် ကိုယ်တိုင် ပျိုးထောင်ပေးခဲ့ပြီး သာမန်လူသားတစ်ယောက်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာစေရန် အများအပြား သင်ကြားပေးခဲ့သည် ။

ဤကောလာဟလသည်တော့ အင်မတန် တွေ့ရခဲကာ ထိုတပည့်က မည်သူဖြစ်ကြောင်း လုံးဝ ဖော်ပြထားခြင်းမရှိပါချေ ။

သို့သော် အမှန်သာဖြစ်ပါက ထိုတပည့်က ဝမ်းရှီ ဖြစ်ဖို့များသည်ဟု ကျန်းလန် သံသယရှိသည် ။ ဝမ်းရှီကသာ သူမ သိပ်မသိသည့် တစ်ဦးတည်းသောတပည့် ဖြစ်နေသောကြောင့် ။

"တစ်ယောက်ယောက်က ရှာနေပါတယ် " ရုပ်သေးက ရုတ်တရက်ပြောလာ၏ ။

ကျန်းလန်သည် အသိပြန်ဝင်လာပြီး လှည့်မေးလိုက်သည် ။ "ဘာလဲ ? "

ရုပ်သေးက သူ့အိတ်ကပ်ထဲမှ တုန်ခါနေသည့်ဖုန်းကို ထုတ်၍ ကျန်းလန်ထံ ကမ်းပေးလာသည် ။

ကျန်းလန်သည် ဖုန်းစခရင်ကို အကြိမ်ရေအနည်းငယ် တောက်လိုက်ပြီးနောက် စာသမားပေသမား အသံတစ်သံက ညဉ့်အလယ် ထွက်ပေါ်လာ၏ ။ "ငါ့ရုပ်သေးကို ဘယ်ကိုလှည့်စားပြီး ခေါ်သွားပြန်တာလဲ ? "

ကျန်းလန်သည် ရုပ်သေးရုပ်ကို ကြည့်လိုက်ကာ စစ်ဆေးမေးမြန်းမှုကို ဖြတ်တောက်လိုက်ပြီး ပြန်ဖြေလိုက်သည် ။ "ဘာကို လှည့်စားပြီး ခေါ်သွားရမှာလဲ ? ငါသူ့ကို ပေါ်တင်ခေါ်လာတာ ။ ရှောင်ဟေးကလဲ ငါ့နောက်က လိုက်ဖို့ဆန္ဒရှိနေတာကို ။ နင်ငါ့ကိုမယုံရင် ပြန်လာမှ နင်ကိုယ်တိုင်ပဲ သူ့မေးကြည့်တော့ "

ရုပ်‌သေးရုပ်သည် ဘေးဘက်တွင် အင်မတန် အပြစ်ကင်းစွာဖြင့် တလေးတစားရပ်နေသည် ။

သူမက ရှချောင်တို့ကို အာရုံထဲ မထားတော့ချေ ။ သူမ ရှန်ချောင်ကို အရင်က ကြားဖူးနေသည်ကိုး ။ ရှန်ချောင်က တပည့်ဘယ်နှယောက် လက်ခံခဲ့မှန်း သူမ မသိသော်ငြား ထိုတပည့်တစ်ယောက်မှ နာမည်စာရင်းပေါ်တွင် မပါသည်ကိုတော့ သူမ သိသည် ။ ဆိုလိုသည်က အကုန်လုံးက ငနုလေးများပင် ။

"ကောင်းပြီ ။ လှောင်အိမ်လဲ ပွင့်သွားပြီ ။ ငါတို့လဲ စကားပြောပြီးပြီဆိုတော့ တခြားဘာမှမရှိတော့ရင် ဆက်ပြီးကင်းလှည့်လိုက်အုံးမယ် ။ နောက်မှတွေ့ကြတာပေါ့ " ကျန်းလန်သည် ရှဲ့ဝမ်းတို့ကို လက်ဝေ့ယမ်းပြကာ ရှောင်ဟေးနှင့်အတူ လမ်းထောင့်ကို ချိုးကွေ့သွားတော့သည် ။

သူမသည် ကျန်းပိလင်ထံမှ စာတစ်စောင် လက်ခံရရှိလိုက်ပြီး တစ်ဖက်လူ ဘယ်လိုနေလဲကြည့်ရန် ဝမ့်ချွမ်မသေမျိုးမြို့တော်သို့ စတင်ဦးတည်လိုက်သည် ။

သွားသည့်လမ်းတစ်လျှောက် ကျန်းပိလင်နှင့် အဆက်အသွယ်လုပ်နေရင်း တစ်ပြိုင်နက် သူမ၏မောင်ဖြစ်သူ ကျန်းရာလင်နှင့်လည်း တွတ်ထိုးနေကြသေးသည် ။ အချေအတင်ဖြစ်နေကြသည့်အလယ် ကျန်းရာလင်က ရုတ်တရက် ဗီဒီယိုကောလ်ခေါ်လာ၏ ။

"ဘာလုပ်တာလဲ ? အသံမက်ဆေ့နဲ့ပြောတာတင် မလုံလောက်လို့ ဩဝါဒမိန့်ခွန်းပါ ချွေတော့မှာလား ? " ကျန်းလန်က ဆိုသည် ။ "ငါနားမထောင်ဘူးနော် "

"မဟုတ်ဘူး " ကျန်းရာလင်၏အသံက ဗီဒီယို၏တစ်ဖက်မှ ထွက်ပေါ်လာသော်လည်း သူ့မျက်နှာသည်တော့ ပေါ်မလာခဲ့ ။ သူ့ကင်မရာမှာ နံရံကပ်ကားချပ်ထံ ဦးတည်နေပြီး ပုံမှန်အားဖြင့် ကျိုးကြောင်းသင့်တင့်ကာ တည်ငြိမ်သော သူ့အသံထဲတွင် တုန်လှုပ်သည့် အရိပ်အယောင်ရှိနေ၏ ။

"ငါအခုမှ တွေ့လိုက်တာ ။ မင်းလဲကြည့်ကြည့်လိုက် " ကျန်းရာလင်က ပြောသည် ။

ကျန်းလန်သည် ကင်မရာထဲတွင်ပြသနေသည်ကို ကြည့်လိုက်ကာ နားမလည်စွာဖြင့် "နာမည်စာရင်းလား ? နင်ဦးနှောက်မကောင်းတော့ဘူးလား ? ဘာလို့ ငါ့ကိုနာမည်စာရင်းကြီးလာပြနေတာလဲ ၊ ငါအရင်က တစ်ခါမှ မမြင်ဖူးလို့လား ? "

ကျန်းရာလင်က စိတ်ကိုထိန်းကာ ပြောပြလာ၏ ။ "နာမည်စာရင်းတစ်ခုလုံးကို ကြည့်ခိုင်းနေတာမဟုတ်ဘူးဟ ။ အောက်ဆုံးကိုကြည့်လိုက် ။ ဟိုးအောက်ဆုံး "

သူသည် ပြောရင်းဖြင့် ကျန်းလန် သေချာမကြည့်မည်စိုးသဖြင့် ကင်မရာကို အောက်သို့ ရွှေ့လိုက်သည် ။

သူ့ကင်မရာထဲ နာမည်ပေါင်း မြောက်မြားစွာ ဖြတ်သန်းသွားသည် ။ ကျန်းလန်သည်မျက်လုံးလှန်လိုက်ရင်း စာရင်းကို စစ်ဆေးကြည့်လိုက်သည်....သူမ အောက်ဆုံးစာကြောင်း အနည်းငယ်သို့ ရောက်သောအခါ ခြေကျင်းဝတ်ပင် ဂျွတ်ခနဲ လည်သွားတော့မလိုပင် ။

အကြောင်းမှာ မူလက စာရင်း၏အောက်ဆုံးတွင် ပြားပြားကပ်နေသည့် မျိုးဆက်--ရှန်ချောင် အိုမင်းလာသဖြင့် လှောင်အိမ်ထဲသို့ မဝင်တော့ကတည်းက ဆယ်နှစ်ကျော်ကြာအောင် ဟိုးအောက်ခြေ၌သာ စွဲမြဲနေခဲ့သော မျိုးဆက်မှာ ယခုတော့ မမျှော်လင့်ထားစွာပင် ကျန်းပိလင်၏အပေါ်တွင် မိန့်မိန့်ကြီး ရှိနေ၏ ။

ကျန်းလန် : "???"

"ဘယ်လိုဖြစ်တာလဲ ?! " သူမသည် အံ့ဩမင်သက်စွာ မေးလိုက်၏ ။

"မြင်တဲ့အတိုင်းပဲ " ကျန်းရာလင်က ပြောသည် ။ "ရှန်မိသားစုက ရုတ်တရက်ကြီး ကျန်းပိလင်အပေါ်ကို ခုန်တက်လာတာ "

"မဖြစ်နိုင်တာ " ကျန်းလန်မှာ ကြောင်အမ်းနေလျက်သား ။ "ဒီမျိုးဆက်က အကုန်သေသွားပြီ မဟုတ်ဘူးလား ? "

ကျန်းရာလင် : "အေး ။ အကုန်သေသွားပြီ ။ အသက်ရှင်တာ တစ်ယောက်မှမရှိဘူး "

ကျန်းလန် : "ရုတ်တရက်ကြီး ဘယ်လိုလုပ်အပေါ်တက်လာရတာလဲ ??? "

ကျန်းရာလင် : "ငါက ဘယ်လိုလုပ်သိမှာလဲ ။ အခုမှ တက်လာတာ မြင်လိုက်တာကို ။ ငါ့မျက်လုံးတွေနဲ့ကို အပေါ်တက်သွားတာ မြင်လိုက်တာ "

ကျန်းလန် : "....ဒီနာမည်စာရင်းက ရူးသွားတာများလား ? "

ကျန်းရာလင်သည် အနည်းငယ် တွေးတောလိုက်ပြီးနောက် "နာမည်စာရင်း ရူးမရူးတော့မသိဘူး ။ ငါတော့ ရူးသွားတော့မလို ခံစားနေရတယ် "

သေဆုံးပြီးသား မျိုးဆက်တစ်ခုက အပေါ်သို့ ခုန်တက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း --အံဖွယ်ပင် ။

***

T/N>>

*၆-၅ : ဟွမ်းချန် ဆိုတာ တရုတ်ဗေဒင်က အသုံးအနှုန်းတွေပါ ။၆-၅ဆိုတာ hexagram က လိုင်းတွေရဲ့တည်နေရာ‌တွေပါ ။ အဲ့ကနေမှ အရှေ့အနောက်တောင်မြောက် (ယွမ်ဟမ့် လိကျန်း) ယင်းယန်တွေနဲ့ တွက်ချက်ရတာပါ ။ ဟွမ်းချန်က ဟွမ်းက ကမ္ဘာမြေကြီးရဲ့အ‌အရောင်-အဝါ‌ရောင်ပါ ။ ချန်(ရှန်)ကတော့ အစီအရင်အခမ်းအနား‌တွေမှာ ဝတ်တဲ့အတွင်းဝတ်ပါ ။ ယွမ်အားကောင်းတာက‌တော့ ရှောင်ဟေးပြောသလို ကံကောင်းမယ်လို့ပြောတာပါ ။ ကိုယ်လဲ အဲ့ဘက်‌တွေ ရှာကြည့်ပေမဲ့ သိပ်နားမလည်လို့ ။

*ငါးကြင်းခုန်ထွက်လာတဲ့ နဂါးဂိတ်ဝ - ဒါက ကျန်းလန်ပြောလိုက်တဲ့ လှောင်အိမ်ဂိတ်ဝကို ရှချောင်က နဂါးဂိတ်ဝလို့ထင်သွားတာပါ ။ တရုတ်မှာ လှောင်အိမ်နဲ့နဂါးက အသံထွက်တူတူပါပဲ ။ "ငါးကြင်းက နဂါးဂိတ်ဝကနေ ခုန်ထွက်လာတယ်"ဆိုတဲ့ စကားပုံရှိပါတယ် ။ မြစ်ဝါမြစ်ရဲ့ နဂါးဂိတ်ရေတံခွန်ကို ခုန်ကျော်နိုင်တဲ့ ငါးကြင်းက အားကောင်းတဲ့ နဂါးတစ်ကောင်ဖြစ်လာနိုင်ပါတယ်တဲ့ ။ နှိမ့်ချပြီး ဇွဲရှိရှိကြိုးစားရင် ကြီးမားတဲ့ အောင်မြင်မှု ရနိုင်ပါတယ်ဆိုတဲ့ အဓိပွာယ်ပါ ။

***

[Zawgyi]

ေသဆုံးပီးသား မ်ိဳးက္စ္ခုက အေပၚသို႔ ခုန္က္သြားည္ကို မ်က္ဝါးင္င္ ျမင္ေတြ႕လိုက္ရျင္း

ဝမ္းရွီ ေျပာလိုက္ေသာ "အဲ့ေန႔"မွာ ေလွာင္အိမ္ထဲရွိလူမ်ား၏ အခ်ိန္အယူအဆအရ ေျပာလိုက္ျခင္းသာျဖစ္ၿပီး တကယ့္လက္ေတြ႕၌ ထိုမၽွအခ်ိန္အၾကာႀကီး မကုန္လြန္သြားေသးပါေခ် ။

သူတို႔ ေလွာင္အိမ္ထဲမွ ျပန္ထြက္လာခ်ိန္ မိုးစဲသြားကာစျဖစ္ၿပီး သူတို႔၏ထီးအနားစပ္မ်ားမွ မိုးေရစက္မ်ားက တေတာက္ေတာက္က်ေန၏ ။ သူတို႔သည္ ရွီဖ်င္းျပခန္းအျပင္ဘက္ရွိ လမ္းေပၚတြင္ ရွိေနေသးဆဲ ။ လမ္းတစ္ဖက္တစ္ခ်က္စီရွိ ဆိုင္ခန္းမ်ားအားလုံး ပိတ္ထားလ်က္ရွိရာ သည္ပတ္ဝန္းက်င္တစ္ဝိုက္မွာ အင္မတန္ လူသူမဲ့ေျခာက္ကပ္ေနသင့္သည္ေပ ။

သို႔တိုင္ ဝမ္းရွီ သူ႔မ်က္လုံးမ်ားကို ဖြင့္ၾကည့္လိုက္သည့္ တစ္ခဏ--

သူ႔ကိုပတ္လည္ဝန္းရံထားေသာ လူတစ္အုပ္ရွိေန၏ ။

အကုန္လုံးက ခပ္ထူထူ အနက္ေရာင္ဆံပင္ရွည္မ်ားႏွင့္ ျဖဴစုပ္ျပာႏွမ္းေနေသာ မ်က္ႏွာရွိၿပီး နဖူးထက္တြင္ အဝါေရာင္အင္းစာရြက္မ်ား ကပ္ထားသည့္ အမ်ိဳးသမီးမ်ားပင္ ။

သူတို႔၏မ်က္လုံးမ်ားမွာ ပကတိျဖဴေဖြးလုနီးနီးျဖစ္ၿပီး မ်က္စိအလယ္တြင္ နည္းနည္းေလးမွ မေရြ႕လ်ားသည့္ အနက္ေရာင္ အစက္တစ္စက္ရွိေနသည္ ။ ႏႈတ္ခမ္းမ်ားမွာ နီေစြးေတာက္ပေနလ်က္ အေပၚသို႔ ေကြးညႊတ္တက္ေနၿပီး သူတို႔၏ဆံပင္ထက္ပင္ပို၍ ရွည္လ်ားေသာ လၽွာမ်ားက ပါးစပ္ထဲမွ တန္းလန္းထြက္က်ေန၏ ။

ရွေခ်ာင္မွာ က်ိဳးရႊိႏွင့္ အခ်င္းမ်ားေနရာမွ ေနာက္တစ္စကၠန႔္အတြင္း အႏွီအရာမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္သြားေတာ့သည္ ။ သူသည္ "ဖာခ့္"ဟု ေအာ္ရင္း ေနရာတြင္ပင္ ေပ်ာ့ေခြယိုင္လဲက်သြား၏ ။

ထိုအမ်ိဳးသမီးမ်ားက မလႈပ္ရွားေပ ။ ရွေခ်ာင္သည္လည္း မလႈပ္ရွားရဲ ။

သူသည္ ဝမ္းရွီ၏ ဘယ္ဘက္လက္ကို အသံတိတ္ဖက္တြယ္လိုက္ရင္း ေသမင္း၏တံခါးဝတြင္ ေရာက္ေနသည့္အလား ။ "ေကာ...ကၽြန္ေတာ္တို႔ ေလွာင္အိမ္ထဲက ထြက္လာၿပီလား ? "

ဝမ္းရွီ ျပန္မေျပာရေသးခင္ ရွဲ႕ဝမ္းက ကိုယ္စားဝင္ေျပာေပးလာ၏ ။ "ထြက္လာၿပီ "

ရွေခ်ာင္သည္ ပို၍ပင္ မူးေဝေပ်ာ့ေခြသြားေတာ့သည္ ။ "ဒါျဖင့္ရင္ ဒါေတြက ဘာႀကီးတုန္း ? "

ဝမ္းရွီ ပါးစပ္ဖြင့္လိုက္သည္ ။

ရွဲ႕ဝမ္း : "သရဲေတြေလ "

ရွေခ်ာင္သည္ စကၠန႔္ပိုင္းသာ ‌ေတာင့္ခံထားနိုင္ကာ ဝမ္းရွီ၏လက္ေမာင္းကို ဖက္တြယ္လ်က္သား ေျမႀကီးေပၚသို႔ တိတ္တဆိတ္ ေလၽွာက်သြားေလသည္ ။

ဝမ္းရွီ : "....."

ရွေခ်ာင္က အသက္ရႈရပ္သြားသည့္သူျဖစ္ေသာ္လည္း ရွဲ႕ဝမ္း ခေလာက္ဆန္လိုက္သည့္သူက သူဟုသာ ဝမ္းရွီခံစားလိုက္ရသည္ ။

"မင္းငါ့ကို အၿငိဳးေတြမ်ား ရွိေနတာလား ? " ဝမ္းရွီသည္ သူ႔ဘယ္ဘက္လက္ကို ဆြဲမထုတ္နိုင္သျဖင့္ ေခါင္းကိုေစာင္းငဲ့လ်က္ ထီးလက္ကိုင္အား လည္ပင္းႏွင့္ပခုံးၾကားညႇပ္ကာ ညာလက္ကို လြတ္ေအာင္လုပ္လိုက္ၿပီး အႏွီတေစၧအမ်ိဳးသမီးမ်ားအား ရွင္းလင္းရန္ျပင္ရေတာ့သည္ ။

"ရွိစရာလားေနာ္ " ရွဲ႕ဝမ္းက စိတ္ေပါ့ပါးစြာ ျငင္းဆန္လာၿပီး လက္လွမ္းကာ ဝမ္းရွီအတြက္ ထီးလက္ကိုင္ကို ကိုင္ေပးလာသည္ ။

ရွဲ႕ဝမ္းသည္ သူ၏အနက္ေရာင္လက္အိတ္မ်ားကို ဝတ္ဆင္ထားဆဲျဖစ္ၿပီး ထီးလက္ကိုင္၏ ေအာက္ဆုံးအဖ်ားနားမွ ကိုင္ထားကာ ဝမ္းရွီမ်က္ႏွာႏွင့္ သင့္တင့္‌ေလ်ာ္ကန္ေသာ အကြာအေဝးကို ထိန္းသိမ္းထားေလ၏ ။

သို႔တိုင္ အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ ထို‌ျဖဴေဖ်ာ့ေဖ်ာ့လက္ေကာက္ဝတ္ကို ဖ်တ္ခနဲျမင္လိုက္သည့္တစ္ခဏ ရွဲ႕ဝမ္း၏အနည္းငယ္ ေအးစက္ေနေသာ လက္ေခ်ာင္းအထိအေတြ႕ကို ဝမ္းရွီ႐ုတ္တရက္ အမွတ္ရသြားသည္ ။ တေစၧအမ်ိဳးသမီးမ်ားထံ ကမ္းလင့္ေနေသာ သူ႔လက္မွာ လမ္းတစ္ဝက္တြင္ ရပ္တန႔္သြားေတာ့၏ ။

"ေခါင္းနည္းနည္းႂကြပါအုံး " ရွဲ႕ဝမ္းက ဝမ္းရွီကို ထီးလႊတ္ရန္ အသိေပးလာသည္ ။ "မိုးလဲတိတ္သြားၿပီဆိုေတာ့ ထီးပိတ္လိုက္ေတာ့မယ္ "

တစ္စကၠန႔္ကုန္လြန္သြားေသာ္လည္း တုံ႔ျပန္သံမၾကားရသျဖင့္ သူသည္ ‌အသံဖြဖြျဖင့္ ေမးလာသည္ ။ "ဘာေတြေတြးေနတာလဲ ? "

ဤသည္ကိုၾကားေသာ္ ဝမ္းရွီ ခ်က္ခ်င္းအသိျပန္ဝင္လာခဲ့သည္ ။

သူသည္ ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ကာ ေခါင္းျပန္ဆန႔္လိုက္ၿပီး တိတ္ဆိတ္စြာျဖင့္ ရွဲ႕ဝမ္းကို ထီးယူခြင့္ျပဳလိုက္သည္ ။ ထို႔ေနာက္ တေစၧအမ်ိဳးသမီးတစ္ဦးကို ေရြးလိုက္ၿပီး မ်က္ႏွာထက္ရွိ အင္းစာရြက္ကို ဆြဲခြာလိုက္၏ ။

အင္းစာရြက္ အျဖဳတ္ခံလိုက္ရသည္ႏွင့္ စက္ဝိုင္းပုံဝန္းရံထားသည့္ တေစၧအမ်ိဳးသမီးမ်ားမွာ စတင္၍ တုန္ယင္တြန႔္ဆတ္လာၿပီး ခ်ိတ္ပိတ္ထားရာမွ လြတ္ေျမာက္‌ေအာင္ ႐ုန္းကန္ကာ သူ႔ထံသို႔ တည့္တည့္ေျပးဝင္လာခ်င္သည့္အလား ။

ဝမ္းရွီကမူ လုံးလုံး ဂ႐ုမစိုက္ဘဲ ေနာက္ထပ္အင္းစာရြက္တစ္ခုထံ လက္လွမ္းလိုက္သည္ ။

ရလဒ္အေနျဖင့္ သူ႔အေနာက္ဘက္မွ တစ္စုံတစ္ေယာက္၏ ေရရြတ္သံကို ၾကားလိုက္ရသည္ ။ "သူတို႔က ထြက္ေတာင္လာၾကၿပီလား ? "

ထို႔ေနာက္တြင္ေတာ့ တေစၧအမ်ိဳးသမီးမ်ားမွာ ႐ုတ္ခ်ည္းပင္ မီးခိုးေငြ႕မ်ားအျဖစ္ အေငြ႕ပ်ံကာ သူဘာမွမလုပ္ရေသးခင္ ေပ်ာက္ကြယ္သြားၾကၿပီး ေလထဲေဝ့ဝဲေနေသာ အင္းစကၠဴ ၇ရြက္ကိုသာ ခ်န္ထားရစ္သည္ ။ ထိုအင္းစာကြက္မ်ားကို တစ္စုံတစ္ေယာက္က လွမ္းဖမ္းလိုက္ေလ၏ ။

စကၠဴစမ်ားကို ဖမ္းလိုက္သူက အင္မတန္အရပ္ျမင့္ေသာ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ဂ်ဳံဝါေရာင္အသားအရည္ျဖင့္ ေတာင့္တင္းႀကံ့ခိုင္ေသာ ကိုယ္ခႏၶာရွိၿပီး ကတုံးေျပာင္ႏွင့္ပင္ ။ တစ္ခ်က္ၾကည့္႐ုံျဖင့္ သူသည္ တိုက္ခိုက္ေရးကိုယ္ခံပညာ ေလ့က်င့္သူျဖစ္ေၾကာင္း သိသာသည္ ၊ သို႔ေသာ္ သူ၏မ်က္ႏွာအမူအရာမွာေတာ့ အနည္းငယ္ ေတာင့္တင္းမင္ေသေနလ်က္ ။

ဝမ္းရွီ သူ႔မ်က္လုံးမ်ားကို တစ္ခဏမၽွ စိုက္ၾကည့္လိုက္ၿပီးေနာက္ အမ်ိဳးသား၏ႏွလုံးတည္ေနရာသို႔ အၾကည့္ေရႊ႕လိုက္သည္ ။

အဝတ္အစားမ်ားက ဖုံးကြယ္ေနသျဖင့္ တစ္ဖက္လူ၏ရင္ဘက္ရွိ အမွတ္အသားကို ဝမ္းရွီ မျမင္ရေခ် ။ သို႔ေပသိ ဤသည္က ႐ုပ္ေသး႐ုပ္တစ္႐ုပ္မွန္း သူေျပာနိုင္၏ ။ သက္ရွိလူသားတစ္ေယာက္ႏွင့္ အင္မတန္တူသည့္ ႐ုပ္ေသးတစ္႐ုပ္ပင္ ။

အင္းစာရြက္ကိုကိုင္လ်က္ ႐ုပ္ေသး႐ုပ္သည္ အေနာက္သို႔လွည့္ၾကည့္ကာ ေမးလိုက္သည္ ။ "ကၽြန္ေတာ္ဖမ္းလိုက္ၿပီ ။ ဘာလုပ္လိုက္ရမလဲ ? "

သူ႔အေနာက္တြင္ ရပ္ေနသူက ပခုံးထိအရွည္ရွိေသာ ဆံပင္ကို နားတစ္ဖက္ေနာက္တြင္ သပ္ထားကာ နားရြက္တစ္ေလၽွာက္ ေတာက္ပေျပာင္လက္ေနသည့္ နားကပ္အတန္းလိုက္အား ေဖာ္ျပထားလ်က္ ။ သူမသည္ မ်က္ႏွာထက္ ေဆးေရာင္ျခယ္ထားသည့္အလား မိတ္ကပ္ကို ပိုပိုသာသာ ထူပိန္းေနေအာင္ ျခယ္သထားၿပီး သူမ၏မူလမ်က္ႏွာသြင္ျပင္ကို ဖုံးကြယ္ထားကာ အသက္ကိုလည္း မသိရေခ် ။ သို႔ေသာ္လည္း သူမ၏ခႏၶာကိုယ္ ပုံပန္းသြင္ျပင္အရ အလွပေဂးတစ္ေယာက္ ျဖစ္ဖို႔မ်ားသည္ ။

"မီးရွို႔ေပး " သူမသည္ ႐ုပ္ေသး၏ေမးခြန္းကို ေျဖၿပီးေနာက္ သူမ၏ဖန္သလင္းအလား မ်က္လုံးမ်ားကိုေရႊ႕ကာ သူတို႔ထံသို႔ အၾကည့္ေရာက္လာသည္ ။ သူမသည္ ရွေခ်ာင္ကို တစ္ခ်က္သာၾကည့္ၿပီး သူမ၏အၾကည့္မ်ားက ဝမ္းရွီထံတြင္ ခဏၾကာ ေဝ့ဝဲေနကာ ေနာက္ဆုံးတြင္ေတာ့ ရွဲ႕ဝမ္းဆီသို႔ ေရႊ႕သြားေလ၏ ။ ထို႔ေနာက္ သူမေျပာလာသည္က "ဘယ္သူက ဒီ*ဘြားေအႀကီးရဲ့ အင္းစာရြက္ေတြကို ခြာလိုက္တာလဲ ? ထြက္လာခဲ့ "

『*ဘြားေအႀကီးဆိုတာ အိမ္ႀကီးသခင္မလို ကိုယ့္roleကိုယ္ျမႇင့္ၿပီး ေျပာလိုက္တာပါ ။ မခပ္ေခ်ေခ် မာနႀကီးႀကီးနဲ႔ ကိုယ့္ကိုယ္ကိုယ္ သခင္မႀကီးလို႔ ေျပာသလိုမ်ိဳးပါ ။ အဆင္ေျပသလိုပဲ ျပန္လိုက္ပါတယ္ 』

ဝမ္းရွီ : "....."

သည္လို မိန္းကေလးမ်ိဳးက ပါးစပ္ေပါက္ပိတ္ထားတာပဲ ပိုေကာင္းလိမ့္မည္ ။

"လူမမာေလး...နင္လား ? " သူမက ရွဲ႕ဝမ္းကို စိုက္ၾကည့္လ်က္ ေမးလာသည္ ။

ဝမ္းရွီသည္ ႏႈတ္ခမ္းမ်ားကို ဖြင့္ဟလိုက္ကာ ခပ္တိုးတိုးေရရြတ္လိုက္သည္ ။ " မင္း ဒီဘြားေအႀကီးကို သိလား ? "

ရွဲ႕ဝမ္းက ရယ္ေမာလာ၏ ။

သူသည္ မ်က္ႏွာလႊဲကာ ေခ်ာင္းႏွစ္ခ်က္မၽွဆိုးၿပီးေနာက္ ႏွာေခါင္းထိပ္သို႔ လက္ျဖင့္ထိကပ္လိုက္ၿပီး ျပန္အေျဖေပးလာသည္ ။ "သိတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္ ။ သူက က်န္းမိသားစုကေလ "

က်န္းမိသားစုတြင္ လူေပါင္းမ်ားစြာရွိၿပီး နာမည္စာရင္းတြင္လည္း သူတို႔မိသားစုဝင္မ်ားႏွင့္ ျပည့္သိပ္ေနေလရာ ရွဲ႕ဝမ္းေျပာၿပီးတာေတာင္ ဝမ္းရွီမသိသျဖင့္ "ဪ"ဟုသာ ျပန္ေျဖလိုက္သည္ ။

သူနားမလည္ေသးေၾကာင္း ရွဲ႕ဝမ္းျမင္ေသာအခါ ထပ္မံျဖည့္စြက္ေျပာလာ၏ ။ "ခုနက ေလွာင္အိမ္ထဲမွာတုန္းက က်န္းပိလင္ရဲ့သားက ၾကဳံတုန္းေျပာေသးတယ္ေလ ။ မင္းမွတ္မိမလားေတာ့မသိ ။ သူ႔နာမည္က က်န္းလန္တဲ့ "

သူတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ရပ္ေနေသာ 'ဘြားေအႀကီး ' : "....."

က်န္းလန္သည္ အရင္က အေျခအေနေပါင္းေျမာက္ျမားစြာကို ၾကဳံေတြ႕ခဲ့ၿပီးျဖစ္ကာ လူ‌ေပါင္းစုံႏွင့္လည္း ေတြ႕ဆုံခဲ့ဖူးၿပီး နည္းလမ္းအေထြေထြျဖင့္ မိတ္ဆက္ခံခဲ့ရဖူးသည္ ။ အမ်ားစုမွာ....မဟုတ္ေသး ၊ အႀကိမ္တိုင္းဟုပင္ ေျပာ၍ရနိုင္သည္ ။ သူမ၏နာမည္ကို ေျပာလိုက္သည္ႏွင့္ ၾကားလိုက္ရသူမ်ားမွာ ႐ုတ္တရက္ ဉာဏ္အလင္းပြင့္သြားသေယာင္ မ်က္ႏွာမ်ိဳး ျဖစ္သြားၾကသည္သာ ။ သူတို႔ ေသခ်ာေပါက္ ဆက္ေျပာလာၾကသည္က "နာမည္စာရင္းရဲ့ထိပ္ဆုံးက အဲ့ဒီက်န္းလန္လား ?! "

အရိုးသားဆုံးေျပာရပါက ခံစားလို႔ေကာင္းသည္ေပ ။

သို႔ေသာ္ ႀကိမ္ဖန္မ်ားစြာ ၾကားရၿပီးေနာက္ ဂုဏ္ယူဝံ့ႂကြားစရာက တျဖည္းျဖည္းေလ်ာ့ပါးလာေတာ့သည္ ။

က်န္းလန္သည္ သို႔ႏွယ္ ကိစၥမ်ိဳးအား ဂုဏ္ဆာေမာက္မာတတ္သည့္ အရြယ္ကို ေက်ာ္လြန္သြားခဲ့ၿပီးဟု မိမိကိုယ္ကို ထင္ခဲ့သည့္တိုင္ ယေန႔ ရွဲ႕ဝမ္း၏မိတ္ဆက္ေပးမႈကို ၾကားလိုက္ရၿပီးေနာက္ သူမသည္ ငယ္ရြယ္ေသးဆဲျဖစ္ေလာက္ေၾကာင္း နားလည္သြားေတာ့သည္ ။

"ၾကဳံတုန္း ေျပာေသးယ္ "ဆိုတာ ဘာဓိပၸာယ္လဲ ?

"မင္းမွတ္မိလားေတာ့သိ "ဆိုတာ ဘာကိုဆိုလိုတာလဲလို႔ ?

က်န္းလန္သည္ သူမ၏ေဒါက္ျမင့္ဖိနပ္မ်ားျဖင့္ တေဆာင့္ေဆာင့္ ေရာက္ခ်လာေတာ့သည္ ။

သူမ နီးကပ္လာေသာအခါ ရွဲ႕ဝမ္းေဘး‌၌ ရွိေနသည့္ အင္မတန္ေအးစက္ၾကည့္ေကာင္းေသာသူ ေျပာလာသည္ကို ၾကားလိုက္ရေလ၏ ။ "ခပ္ေရးေရးေတာ့ မွတ္မိသလိုပါပဲ "

က်န္းလန္သည္ ေရဆိုးေျမာင္းအဖုံးအား တက္နင္းမိကာ ဖိနပ္ေဒါက္မွာ ၾကားညပ္သြားခဲ့သည္ ။

"ငါတို႔ ဒီကိုမလာခင္က နင္ငါ့အတြက္ ေရွ႕ျဖစ္ေဟာထားတာ ဘာတဲ့ ? " သူမသည္ သက္ေတာ္ေစာင့္အလား ႐ုပ္ေသး႐ုပ္ကို လွည့္ေမးလိုက္သည္ ။

တစ္ဖက္လူက အေတာင့္လိုက္ေျပာလာ၏ ။ "၆-၅ : *ဟြမ္းခ်န္ ၊ ယြမ္အားေကာင္းတယ္ "

သူသည္ တဒဂၤမၽွ တိတ္ဆိတ္သြားကာ က်န္းလန္နားမလည္မည္ကို စိုးရိမ္ေသာေၾကာင့္ျဖစ္နိုင္သည္ ။ သူသည္ တာဝန္သိတတ္စြာျဖင့္ ထပ္ေျပာလိုက္၏ ။ "အထူးတလည္ ကံေကာင္းမယ္တဲ့ "

က်န္းလန္ : "ေပါက္ကရေတြ "

႐ုပ္ေသး႐ုပ္က သစၥာရွိသည္ေပ ။ "အမွန္ပဲဗ် "

က်န္းလန္ : "....."

ဝမ္းရွီသည္ သူတို႔ကို ခဏေလာက္ၾကည့္ေနလိုက္ၿပီး ရွဲ႕ဝမ္းကို လွည့္ေမးလိုက္သည္ ။ "သူက နာမည္ခၽြတ္စြပ္တူေနတဲ့သူ မဟုတ္ဘဲ အဲ့က်န္းလန္ဟုတ္လို႔လား ? "

က်န္းလန္သည္ နားပါးသူျဖစ္ရာ ေခါင္းကို ဆတ္ခနဲလွည့္လာၿပီး "နင္ငါ့ကို လာေျပာင္ေနတာလား ? "

ဝမ္းရွီသည္ မေျပာင္းမလဲျဖင့္ "မဟုတ္ပါဘူး ၊ အတည္ေျပာေနတာ "

ရွဲ႕ဝမ္းက ေခ်ာင္းထပ္ဆိုးသည္အထိ ရယ္ေမာေနျပန္၏ ။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူက ဝမ္းရွီဘက္လွည့္ကာ ေျပာလာသည္ ။ "ငါ ဒီညေခ်ာင္းအေသဆိုးသြားရင္ မင္း အျပည့္အဝတာဝန္ယူရမယ္ေနာ္ "

ဝမ္းရွီသည္ တာဝန္လည္း အမွန္တကယ္ မယူလိုသျဖင့္ ပါးစပ္သာ ပိတ္ထားလိုက္ေတာ့သည္ ။

ေျမႀကီးေပၚ အပုံလိုက္ လဲက်ေနေသာ ရွေခ်ာင္က ေနာက္ဆုံးတြင္ေတာ့ ျပန္အသိစိတ္ကပ္လာၿပီး ေရရြတ္ေန၏ ။ "ေသေအာင္လန႔္သြားတာပဲ "

သူသည္ ေဘးပတ္လည္ကို ေဝ့ဝိုက္ၾကည့္ရင္း လက္က်န္ေၾကာက္စိတ္ကေလးျဖင့္ ေမးလာသည္ ။ "ေကာ...အဲ့တေစၲအမ်ိဳးသမီးေတြေရာ ? "

က်န္းလန္က သူမမ်က္ႏွာကို ပြတ္သပ္ကာ ေထာင္လႊားေမာက္မာေသာ ပုဂၢိဳဟ္တစ္ေယာက္ဟန္ ျပန္လည္လုပ္ယူလိုက္ေလ၏ ။ "ဘာကို တေစၲအမ်ိဳးသမီးလဲ ? သူတို႔ကို ေလွာင္အိမ္ဂိတ္ဝရွာဖို႔အတြက္ ငါလႊတ္ထားတာ "

ရွေခ်ာင္သည္ ဂိတ္ဝဆို *ငါးၾကင္းခုန္ထြက္လာသည့္ နဂါးဂိတ္ဝကိုသာ သိသျဖင့္ သူမကို အူတူတူ စိုက္ၾကည့္လိုက္ၿပီး "ခင္ဗ်ားလုပ္လိုက္တာလား ? ဒါဆိုလဲ ကၽြန္ေတာ္တို႔ကိုဝိုင္းခိုင္းၿပီး ဘာလုပ္တာလဲ ? "

"နင္တို႔က ေလွာင္အိမ္ထဲမွာေလ ။ နင္တို႔ကိုမွ မဝိုင္းခိုင္းရင္ ငါကဂိတ္ေပါက္ကို ဘယ္နားသြားရွာရမွာလဲ ? ထားပါေတာ့ ၊ ငါဘာေျပာေနတယ္ဆိုတာ နားလည္မွာလဲ မဟုတ္ပါဘူး "

တကယ္တမ္းတြင္ က်န္းလန္သည္ ရွန္ေခ်ာင္ေၾကာင့္ ရွေခ်ာင္ႏွင့္ တစ္ေခါက္ေတြ႕ဖူးေသာ္လည္း သူမသည္ သူ႔ကို ယခုမမွတ္မိပါေခ် ။

က်န္းလန္က အလိုလိုက္အႀကိဳက္ေဆာင္ခံရၿပီး ႀကီးျပင္းလာခဲ့ျခင္းပင္ ။ သူမ၏မိသားစုဝင္မ်ားမွတစ္ပါး အထူးတလည္ ၾကည့္ေကာင္းေသာ သို႔မဟုတ္ အင္မတန္ အားႀကီးေသာ လူမ်ားကိုသာ မွတ္မိသည္ ။ ဆိုလိုသည္က သူမသည္ လူေတာ္ေတာ္မ်ားမ်ားကို မမွတ္မိေပ ။

ရွေခ်ာင္က အေသအခ်ာကို သူမအာ႐ုံထဲ စြဲထင္က်န္ေနမည့္ လူအမ်ိဳးအစားထဲတြင္ ပါဝင္မေနခဲ့ ။

သူမသည္ ရွေခ်ာင္ႏွင့္ ဝမ္းရွီကို ရွဲ႕ဝမ္း၏ေဈးဝယ္သူဧည့္သည္မ်ားဟုသာ အလိုအေလ်ာက္ မွတ္ယူလိုက္ၿပီး ရွဲ႕ဝမ္းႏွင့္အတူ ေလွာင္အိမ္ထဲသို႔ မေတာ္တဆ က်ေရာက္သြားခဲ့သည့္ သာမန္လူမ်ားဟုသာ ထင္ေနသည္ေပ ။

သို႔ျဖစ္၍ သူမသည္ ရွည္ရွည္ေဝးေဝး ထပ္ရွင္းျပမေနေတာ့ဘဲ ရွဲ႕ဝမ္းကိုသာ ေျပာလိုက္၏ ။ "ငါ ဒီေန႔ည န်ဥ္းက်ိဳးမွာ ကင္းလွည့္ဂ်ဴတီက်လို႔ ။ က်ိဳးရႊိက ေလွာင္အိမ္ထဲ ဆြဲေခၚခံလိုက္ရတယ္ၾကားတာနဲ႔ လာၾကည့္ဖို႔ ေရာက္လာတာ ။ ၿပီးေတာ့ နင္တို႔ေတြ ဒီမွာ ႐ုတ္တရက္ႀကီး ရပ္ေနတာကို ငါျမင္လိုက္ရတာပဲ "

သူမသည္ ကိစၥမ်ိဳးစုံ ေတြ႕ၾကဳံဆုံႀကိဳက္ခဲ့ၿပီးျဖစ္ရာ တစ္ခ်က္ၾကည့္႐ုံႏွင့္ပင္ သူတို႔ ေလွာင္အိမ္ထဲသို႔ ေရာက္ခဲ့ေၾကာင္း ေျပာနိုင္၏ ။

"နင္တို႔ကို လိုက္ရွာဖို႔အတြက္ ငါေလွာင္အိမ္ထဲဝင္ဖို႔ျပင္ေနတာ ။ ဒါေပမဲ့ ျပန္ထြက္လာမယ္လို႔ေတာ့ မထင္ထားခဲ့ဘူး " က်န္းလန္သည္ အင္မတန္ အံ့အားသင့္ေနသည့္ အသံျဖင့္ "နင္တို႔ ဘယ္လိုလုပ္ ထြက္လာၾကတာလဲ ? ေလွာင္အိမ္ထဲမွာ တျခားသူရွိေသးလား ? "

ရွဲ႕ဝမ္းက ေလွာင္အိမ္ကို မေျဖရွင္းနိုင္သည့္ ငႏုေလးျဖစ္ေၾကာင္း လူတိုင္းသိၾကသျဖင့္ က်န္းလန္သည္ မ်က္စိေရွ႕ရွိ လူသုံးေယာက္ကို ျဖစ္နိုင္ေခ်အျဖစ္ မေတြးခဲ့ေခ် ။ အျခားလူတစ္ေယာက္က ကူညီထုတ္ေပးလိုက္သည္ဟုသာ သဘာဝက်စြာ ယူဆလိုက္ေတာ့သည္ ။

ရွဲ႕ဝမ္း ဘာမၽွမေျပာနိုင္ေသးခင္ ဝမ္းရွီ ဝင္ေျပာလိုက္၏ ။ "က်န္းပိလင္ "

သူ၏တုံ႔ျပန္ခ်က္မွာ အေတာ္ေလး မေရမရာနိုင္လွၿပီး ေလွာင္အိမ္ကို ျဖည္လိုက္သည့္သူကလည္း က်န္းပိလင္ဟု အလိုအေလ်ာက္ ေတြးထင္မိသြားေစသည္ ။

အေသအခ်ာကိုပင္ က်န္းလန္က "ဪ"ဟု အသံျပဳလာသည္ ။ "လင္က်ဲ (အစ္မလင္) လဲ ေလွာင္အိမ္ထဲဝင္သြားတာလား ? မဆန္းေတာ့ပါဘူး ။ ေအးေလ ၊ သူ႔သားက အထဲပါသြားတာကိုး "

"ေကာင္းတယ္ ...ငါလဲ အလုပ္ရႈပ္သက္သာသြားၿပီ "

သူမသည္ ထြက္ခြာရန္ ေနာက္လွည့္လိုက္ေသာ္လည္း တစ္စုံတစ္ရာကို ႐ုတ္ခ်ည္းနားလည္သြားခဲ့သည္--အႏွီသူစိမ္းႏွစ္ေယာက္က ရွဲ႕ဝမ္းေရာ ၊ က်န္းပိလင္ကိုေရာ သိေနသျဖင့္ သာမန္လူမဟုတ္ဖို႔မ်ားသည္ ။

က်န္းလန္သည္ ေျခလွမ္းအနည္းငယ္ ‌လွမ္းလိုက္ၿပီးေနာက္ ထပ္မံရပ္တန႔္သြားခဲ့သည္ ။ သူမသည္ ေနာက္လွည့္ၾကည့္ကာ ဝမ္းရွီကို ေခါင္းစေျခဆုံးၾကည့္လိုက္ၿပီးေနာက္ မယုံသကၤာျဖင့္ ေမးလာသည္ ။ "ေနပါအုံး...နင္တို႔လဲ ဒီအလုပ္လုပ္တာပဲလား ? "

သို႔ေသာ္လည္း မျဖစ္နိုင္ေပ ။ သူမသည္ အမည္နာမစာရင္းထက္ရွိ လူအားလုံးနီးပါးကို ျမင္ဖူးၿပီး ဝမ္းရွီကဲ့သို႔ ႐ုပ္ရည္႐ူပကာႏွင့္သူကို ေတြ႕ဖူးၿပီး မမွတ္မိျခင္းမ်ိဳးလည္း မျဖစ္နိုင္ပါေခ် ။

က်န္းလန္ : "ဘယ္မိသားစုကလဲ ? "

ရွေခ်ာင္သည္ ေနရထိုင္ရခက္စြာျဖင့္ "ရွန္မိသားစုကပါ "

သူသည္ တကယ္ေတာ့ ဘယ္မိသားစုမွလာလဲေျပာရန္ ေတာ္ေတာ္ေလး ေၾကာက္ရြံ့ၿပီး ရွန္ေခ်ာင္အား အရွက္ရေစသည္ဟု အျမဲလိုလိုခံစားရသည္ေပ ။ က်န္းလန္၏ တစ္မ်ိဳးတစ္ဖုံတင္းမာေသာ မ်က္ႏွာထားႏွင့္ ေလသံမာမာစကားေျပာပုံေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္၏ ၊ သူ၏အႏွီခံစားခ်က္မွာ အေတာ္ေလး သိသာလာကာ ပ်ာယာခတ္လာသည္အထိ ။

သူ႔ကို ပို၍ပင္ မီးေလာင္ရာေလပင့္လိုက္သည္က က်န္းလန္တစ္ေယာက္ အခ်ိန္တစ္ခုစာ ေၾကာင္အမ္းေနၿပီးေနာက္ ေျပာလာသည့္စကားပင္ ။ "ဘယ္ရွန္မိသားစုလဲ ? "

ယခုေတာ့ ရွေခ်ာင္ခမ်ာ လုံးလုံးဆြံ့အသြားၿပီး ဆက္လက္မေျဖၾကားနိုင္ေတာ့ေပ ။

ထိုတဒဂၤ၌ အႀကံတစ္ခုက သူ႔ေခါင္းထဲေပၚလာ၏ ။ သူသည္ ဝမ္းရွီထံမွ ပညာမ်ားကို သင္ယူရန္ ႀကိဳးစားၾကည့္ခ်င္ခဲ့သည္ ။ သို႔ႏွင့္ အကယ္၍မ်ား.....နာမည္စာရင္းထက္ သူ႔နာမည္ပါေအာင္ လုပ္နိုင္ခဲ့ရင္ေရာ ?

ဝမ္းရွီသည္ ရွေခ်ာင္၏ အင္မတန္အျပစ္ရွိေနပုံရေသာ မ်က္ႏွာထားကို သတိထားမိသြားၿပီး က်န္းလန္ကို ေျဖၾကားလိုက္သည္ ။ "ရွန္ေခ်ာင္ "

က်န္းလန္က ယခုတစ္ေခါက္တြင္ေတာ့ ခပ္သြက္သြက္ တုံ႔ျပန္လာ၏ ။ "သိၿပီ "

သူမသည္ ရွန္ေခ်ာင္မည္သူမွန္းသိၿပီး နာမည္ကိုလည္း အလြန္ ရင္းႏွီးေနသည္ ။ သို႔ေသာ္ ရွန္ေခ်ာင္ကိုယ္တိုင္ေၾကာင့္ေတာ့ မဟုတ္ေခ် ။ သူသက္ဆိုင္သည့္ မိသားစုမ်ိဳးရိုးေၾကာင့္သာ ။

ထိုမ်ိဳးဆက္တြင္ ဒ႑ာရီလာပုဂၢိဳဟ္တစ္ဦးရွိၿပီး အေရးပါအရာေရာက္မႈမွာ တည္ေထာင္သူအႀကီးအကဲ ခ်န္ပူေသာက္ၿပီးလၽွင္ ဒုတိယေျမာက္ပင္ ။ ေႏွာင္းပိုင္းမ်ိဳးဆက္မ်ားမွ ႐ုပ္ေသးပညာကို အထူးျပဳသည့္အဖြဲ႕ဝင္တိုင္း ထိုပုဂၢိဳဟ္ကို ေလးစားကိုးကြယ္ၾကသည္ ။

သူမ၏ေမာင္ျဖစ္သူ က်န္းရာလင္သည္ ႐ုပ္ေသးပညာကို စြဲလမ္းေန၏ ။ ထိုအ႐ူးေကာင္က ေသးငယ္သည့္ ‌သစ္သား‌ေသတၱာတစ္ခုကို အင္မတန္ယုံၾကည္သက္ဝင္စြာ ကိုးကြယ္ေနၿပီး သစ္သားတံခါးေပၚ၌ ဒ႑ာရီလာပုဂၢိဳဟ္၏နာမည္ကို ထြင္းထားသည္ --ဝမ္းရွီ ။ ေသတၱာထဲတြင္မူ စိတ္ဝိညာဥ္ပစၥည္းအေရာင္းဆိုင္မ်ားမွ ထိုအ႐ူးဝယ္လာသည့္ ရတနာမ်ား ရွိသည္ ။

က်န္းလန္သည္ အထဲကို ေခ်ာင္းၾကည့္ရန္ ခိုးဖြင့္ၾကည့္ဖူးသည္ ။ ေသတၱာထဲ၌ ေက်ာက္စိမ္းပမာ လက္အရိုးႏွစ္ေခ်ာင္း ၊ မွိန္ေဖ်ာ့ေဖ်ာ့ ေမႊးရနံ့ရွိသည့္ ခပ္တိုတို ထင္းရႉးကိုင္း ႏွစ္ကိုင္းႏွင့္ ဘာပစၥည္းျဖင့္လုပ္ထားမွန္းမသိရေသာ ခ်ည္လုံးတစ္လုံးရွိေနသည္ ။

အ႐ူးေကာင္ကေတာ့ ၎တို႔မွာ ဝမ္းရွီ၏ ႐ုပ္အႂကြင္းအက်န္ႏွင့္ အေမြအႏွစ္မ်ားဟု ခိုင္ခိုင္မာမာယုံၾကည္ေန၏ ။

သူ႔ကို ငေၾကာင္ဟုပင္ သတ္မွတ္လို႔ရေပသည္ ။

က်န္းရာလင္ကို အသာထားဦး ၊ က်န္းလန္သည္ အင္းစကၠဴမႏၲာန္မ်ားကို အထူးျပဳသည့္တိုင္ သူမသည္လည္း ဝမ္းရွီကို အေတာ္ေလး စိတ္ဝင္စားသည္ ။

ဦးစြာပထမ သူသည္ အင္မတိအင္မတန္ ၾကည့္ေကာင္းေခ်ာေမာသည္ဟု ဆိုၾကသည္ ။ ဒုတိယံပိအေနျဖင့္ သူမသည္ တရားဝင္သမိုင္းေၾကာင္းမဟုတ္သည့္ အတင္းအဖ်င္းေပါင္းစုံကို ဖတ္ရသည္အား အလြန္စိတ္အားထက္သန္၏ ။ အစစ္အမွန္ျဖစ္ျဖစ္ ၊ အတုအေယာင္ျဖစ္ျဖစ္ ကိစၥမရွိေပ ။ စိတ္ဝင္စားစရာေကာင္းၿပီး အျခားလူမ်ားကို ရႊီးဖ်န္းနိုင္သည္ကပင္ လုံေလာက္ေပ၏ ။ သူမသည္ လူတိုင္း၏ ေကာလာဟလမ်ားကို ဖတ္ရႉခဲ့ရေသာ္လည္း ဝမ္းရွီကသာ ေကာလာဟလသိပ္မရွိသည္ တစ္ဦးတည္းေသာသူပင္ ။

ၾကားဖူးနားဝမ်ားအရ ထိုအခ်ိန္က ခ်န္ပူေသာက္ထံ၌ တပည့္တပန္းမ်ားစြာရွိေသာ္လည္း အမ်ားစုမွာ ေတာင္အျပင္ဘက္တြင္ ေနထိုင္ၾကသည္ ။ သူ႔ကို အမွန္တကယ္ေတြ႕ဖူးသည့္ တပည့္မ်ားမွာ လက္တစ္ဖက္စာ အေရအတြက္သာရွိၿပီး ေနာက္ပိုင္းမ်ိဳးဆက္မ်ားက ထိုသူအနည္းငယ္ကို တိုက္ရိုက္တပည့္ရင္းမ်ားဟု ေခၚၾကသည္ ။

တပည့္ရင္းမ်ားထဲတြင္ ႐ုပ္ေသးပညာကို အထူးျပဳေသာ ဝမ္းရွီ ၊ ဂါထာမႏၲာန္မ်ားကို အထူးျပဳေသာ က်ဳံးစစ္ ၊ ဂမၻီရပညာႏွင့္စည္းခ်ျခင္းအတတ္ကို အထူးျပဳေသာ ပုနင္းႏွင့္ နည္းအတတ္‌မ်ိဳးစုံကို ေရာေႏွာေလ့လာခဲ့ေသာ ကၽြမ္းယဲ့တို႔ပင္ ။ ကၽြမ္းယဲ့က လြယ္လင့္တကူ မိတ္ေဆြအေပါင္းအသင္းမ်ား လုပ္တတ္သျဖင့္ ခ်န္ပူေသာက္၏ ျပင္ပတပည့္မ်ားႏွင့္ ဆက္ဆံေရးေကာင္းၿပီး ထိုထဲတြင္ က်န္းမိသားစု၏ ဘိုးေဘးလည္း အပါအဝင္ျဖစ္သည္ ။

ေနာက္ပိုင္းတြင္မူ ခ်န္ပူေသာက္မွာ မေကာင္းဆိုးဝါး မိစၧာစြမ္းအင္မ်ားျဖင့္ ျပည့္ႏွက္လာၿပီး သူေလၽွာက္သြားသည့္ ေနရာတိုင္းတြင္ သက္ရွိအရာအားလုံးကို ညႇိုးေရာ္ႏြမ္းလ်သြားေစခဲ့သည္ ။ ထိုတပည့္မ်ားကသာ သူ႔ကို ဖိႏွိပ္ကာ အတူတကြ ခ်ိတ္ပိတ္ခဲ့ၾကသူမ်ားပင္ ။ က်န္းမိသားစု၏အႀကီးအကဲျဖစ္သူက အမ်ားဆုံး အေထာက္အကူျပဳခဲ့သည့္အျဖစ္မွာ က်န္းမိသားစု တျဖည္းျဖည္း တိုးပြားေအာင္ျမင္လာသည့္ အေၾကာင္းအရင္းတစ္ခုျဖစ္သည္ ။

ထိုအျခင္းအရာမ်ားက အေတာ္ေလး လူသိမ်ားေသာ ေကာလာဟလမ်ားပင္ ။

သို႔ေသာ္ ပုံမွန္မဟုတ္ေသာ ေကာလာဟလတခ်ိဳ႕ကိုလည္း က်န္းလန္ ဖတ္ဖူးေလ၏--

ေျပာၾကသည္က တပည့္ရင္းမ်ားထဲတြင္ တစ္ဦးကသာ ခ်န္ပူေသာက္ေနာက္မွ ဧကန္အမွန္ တေကာက္ေကာက္ လိုက္ပါခဲ့သည္ဟူ၍ ။ ထိုတပည့္မွာ မေကာင္းဆိုးဝါးတေစၧ၏ မိစၧာစိတ္ဝိညာဥ္အသြင္ျဖင့္ ေမြးဖြားလာေသာေၾကာင့္ ခ်န္ပူေသာက္သည္ အျမဲတေစ သူ႔ေဘးနားတြင္သာ ထားကာ ထိုတပည့္ကို သူ႔လက္ႏွင့္ ကိုယ္တိုင္ ပ်ိဳးေထာင္ေပးခဲ့ၿပီး သာမန္လူသားတစ္ေယာက္အျဖစ္ တျဖည္းျဖည္း ေျပာင္းလဲလာေစရန္ အမ်ားအျပား သင္ၾကားေပးခဲ့သည္ ။

ဤေကာလာဟလသည္ေတာ့ အင္မတန္ ေတြ႕ရခဲကာ ထိုတပည့္က မည္သူျဖစ္ေၾကာင္း လုံးဝ ေဖာ္ျပထားျခင္းမရွိပါေခ် ။

သို႔ေသာ္ အမွန္သာျဖစ္ပါက ထိုတပည့္က ဝမ္းရွီ ျဖစ္ဖို႔မ်ားသည္ဟု က်န္းလန္ သံသယရွိသည္ ။ ဝမ္းရွီကသာ သူမ သိပ္မသိသည့္ တစ္ဦးတည္းေသာတပည့္ ျဖစ္ေနေသာေၾကာင့္ ။

"တစ္ေယာက္ေယာက္က ရွာေနပါတယ္ " ႐ုပ္ေသးက ႐ုတ္တရက္ေျပာလာ၏ ။

က်န္းလန္သည္ အသိျပန္ဝင္လာၿပီး လွည့္ေမးလိုက္သည္ ။ "ဘာလဲ ? "

႐ုပ္ေသးက သူ႔အိတ္ကပ္ထဲမွ တုန္ခါေနသည့္ဖုန္းကို ထုတ္၍ က်န္းလန္ထံ ကမ္းေပးလာသည္ ။

က်န္းလန္သည္ ဖုန္းစခရင္ကို အႀကိမ္ေရအနည္းငယ္ ေတာက္လိုက္ၿပီးေနာက္ စာသမားေပသမား အသံတစ္သံက ညဉ့္အလယ္ ထြက္ေပၚလာ၏ ။ "ငါ့႐ုပ္ေသးကို ဘယ္ကိုလွည့္စားၿပီး ေခၚသြားျပန္တာလဲ ? "

က်န္းလန္သည္ ႐ုပ္ေသး႐ုပ္ကို ၾကည့္လိုက္ကာ စစ္ေဆးေမးျမန္းမႈကို ျဖတ္ေတာက္လိုက္ၿပီး ျပန္ေျဖလိုက္သည္ ။ "ဘာကို လွည့္စားၿပီး ေခၚသြားရမွာလဲ ? ငါသူ႔ကို ေပၚတင္ေခၚလာတာ ။ ေရွာင္ေဟးကလဲ ငါ့ေနာက္က လိုက္ဖို႔ဆႏၵရွိေနတာကို ။ နင္ငါ့ကိုမယုံရင္ ျပန္လာမွ နင္ကိုယ္တိုင္ပဲ သူ႔ေမးၾကည့္ေတာ့ "

႐ုပ္‌ေသး႐ုပ္သည္ ေဘးဘက္တြင္ အင္မတန္ အျပစ္ကင္းစြာျဖင့္ တေလးတစားရပ္ေနသည္ ။

သူမက ရွေခ်ာင္တို႔ကို အာ႐ုံထဲ မထားေတာ့ေခ် ။ သူမ ရွန္ေခ်ာင္ကို အရင္က ၾကားဖူးေနသည္ကိုး ။ ရွန္ေခ်ာင္က တပည့္ဘယ္ႏွေယာက္ လက္ခံခဲ့မွန္း သူမ မသိေသာ္ျငား ထိုတပည့္တစ္ေယာက္မွ နာမည္စာရင္းေပၚတြင္ မပါသည္ကိုေတာ့ သူမ သိသည္ ။ ဆိုလိုသည္က အကုန္လုံးက ငႏုေလးမ်ားပင္ ။

"ေကာင္းၿပီ ။ ေလွာင္အိမ္လဲ ပြင့္သြားၿပီ ။ ငါတို႔လဲ စကားေျပာၿပီးၿပီဆိုေတာ့ တျခားဘာမွမရွိေတာ့ရင္ ဆက္ၿပီးကင္းလွည့္လိုက္အုံးမယ္ ။ ေနာက္မွေတြ႕ၾကတာေပါ့ " က်န္းလန္သည္ ရွဲ႕ဝမ္းတို႔ကို လက္ေဝ့ယမ္းျပကာ ေရွာင္ေဟးႏွင့္အတူ လမ္းေထာင့္ကို ခ်ိဳးေကြ႕သြားေတာ့သည္ ။

သူမသည္ က်န္းပိလင္ထံမွ စာတစ္ေစာင္ လက္ခံရရွိလိုက္ၿပီး တစ္ဖက္လူ ဘယ္လိုေနလဲၾကည့္ရန္ ဝမ့္ခၽြမ္မေသမ်ိဳးၿမိဳ႕ေတာ္သို႔ စတင္ဦးတည္လိုက္သည္ ။

သြားသည့္လမ္းတစ္ေလၽွာက္ က်န္းပိလင္ႏွင့္ အဆက္အသြယ္လုပ္ေနရင္း တစ္ၿပိဳင္နက္ သူမ၏ေမာင္ျဖစ္သူ က်န္းရာလင္ႏွင့္လည္း တြတ္ထိုးေနၾကေသးသည္ ။ အေခ်အတင္ျဖစ္ေနၾကသည့္အလယ္ က်န္းရာလင္က ႐ုတ္တရက္ ဗီဒီယိုေကာလ္ေခၚလာ၏ ။

"ဘာလုပ္တာလဲ ? အသံမက္ေဆ့နဲ႔ေျပာတာတင္ မလုံေလာက္လို႔ ဩဝါဒမိန႔္ခြန္းပါ ေခၽြေတာ့မွာလား ? " က်န္းလန္က ဆိုသည္ ။ "ငါနားမေထာင္ဘူးေနာ္ "

"မဟုတ္ဘူး " က်န္းရာလင္၏အသံက ဗီဒီယို၏တစ္ဖက္မွ ထြက္ေပၚလာေသာ္လည္း သူ႔မ်က္ႏွာသည္ေတာ့ ေပၚမလာခဲ့ ။ သူ႔ကင္မရာမွာ နံရံကပ္ကားခ်ပ္ထံ ဦးတည္ေနၿပီး ပုံမွန္အားျဖင့္ က်ိဳးေၾကာင္းသင့္တင့္ကာ တည္ၿငိမ္ေသာ သူ႔အသံထဲတြင္ တုန္လႈပ္သည့္ အရိပ္အေယာင္ရွိေန၏ ။

"ငါအခုမွ ေတြ႕လိုက္တာ ။ မင္းလဲၾကည့္ၾကည့္လိုက္ " က်န္းရာလင္က ေျပာသည္ ။

က်န္းလန္သည္ ကင္မရာထဲတြင္ျပသေနသည္ကို ၾကည့္လိုက္ကာ နားမလည္စြာျဖင့္ "နာမည္စာရင္းလား ? နင္ဦးေႏွာက္မေကာင္းေတာ့ဘူးလား ? ဘာလို႔ ငါ့ကိုနာမည္စာရင္းႀကီးလာျပေနတာလဲ ၊ ငါအရင္က တစ္ခါမွ မျမင္ဖူးလို႔လား ? "

က်န္းရာလင္က စိတ္ကိုထိန္းကာ ေျပာျပလာ၏ ။ "နာမည္စာရင္းတစ္ခုလုံးကို ၾကည့္ခိုင္းေနတာမဟုတ္ဘူးဟ ။ ေအာက္ဆုံးကိုၾကည့္လိုက္ ။ ဟိုးေအာက္ဆုံး "

သူသည္ ေျပာရင္းျဖင့္ က်န္းလန္ ေသခ်ာမၾကည့္မည္စိုးသျဖင့္ ကင္မရာကို ေအာက္သို႔ ေရႊ႕လိုက္သည္ ။

သူ႔ကင္မရာထဲ နာမည္ေပါင္း ေျမာက္ျမားစြာ ျဖတ္သန္းသြားသည္ ။ က်န္းလန္သည္မ်က္လုံးလွန္လိုက္ရင္း စာရင္းကို စစ္ေဆးၾကည့္လိုက္သည္....သူမ ေအာက္ဆုံးစာေၾကာင္း အနည္းငယ္သို႔ ေရာက္ေသာအခါ ေျခက်င္းဝတ္ပင္ ဂၽြတ္ခနဲ လည္သြားေတာ့မလိုပင္ ။

အေၾကာင္းမွာ မူလက စာရင္း၏ေအာက္ဆုံးတြင္ ျပားျပားကပ္ေနသည့္ မ်ိဳးဆက္--ရွန္ေခ်ာင္ အိုမင္းလာသျဖင့္ ေလွာင္အိမ္ထဲသို႔ မဝင္ေတာ့ကတည္းက ဆယ္ႏွစ္ေက်ာ္ၾကာေအာင္ ဟိုးေအာက္ေျခ၌သာ စြဲျမဲေနခဲ့ေသာ မ်ိဳးဆက္မွာ ယခုေတာ့ မေမၽွာ္လင့္ထားစြာပင္ က်န္းပိလင္၏အေပၚတြင္ မိန႔္မိန႔္ႀကီး ရွိေန၏ ။

က်န္းလန္ : "???"

"ဘယ္လိုျဖစ္တာလဲ ?! " သူမသည္ အံ့ဩမင္သက္စြာ ေမးလိုက္၏ ။

"ျမင္တဲ့အတိုင္းပဲ " က်န္းရာလင္က ေျပာသည္ ။ "ရွန္မိသားစုက ႐ုတ္တရက္ႀကီး က်န္းပိလင္အေပၚကို ခုန္တက္လာတာ "

"မျဖစ္နိုင္တာ " က်န္းလန္မွာ ေၾကာင္အမ္းေနလ်က္သား ။ "ဒီမ်ိဳးဆက္က အကုန္ေသသြားၿပီ မဟုတ္ဘူးလား ? "

က်န္းရာလင္ : "ေအး ။ အကုန္ေသသြားၿပီ ။ အသက္ရွင္တာ တစ္ေယာက္မွမရွိဘူး "

က်န္းလန္ : "႐ုတ္တရက္ႀကီး ဘယ္လိုလုပ္အေပၚတက္လာရတာလဲ ??? "

က်န္းရာလင္ : "ငါက ဘယ္လိုလုပ္သိမွာလဲ ။ အခုမွ တက္လာတာ ျမင္လိုက္တာကို ။ ငါ့မ်က္လုံးေတြနဲ႔ကို အေပၚတက္သြားတာ ျမင္လိုက္တာ "

က်န္းလန္ : "....ဒီနာမည္စာရင္းက ႐ူးသြားတာမ်ားလား ? "

က်န္းရာလင္သည္ အနည္းငယ္ ေတြးေတာလိုက္ၿပီးေနာက္ "နာမည္စာရင္း ႐ူးမ႐ူးေတာ့မသိဘူး ။ ငါေတာ့ ႐ူးသြားေတာ့မလို ခံစားေနရတယ္ "

ေသဆုံးၿပီးသား မ်ိဳးဆက္တစ္ခုက အေပၚသို႔ ခုန္တက္သြားသည္ကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕လိုက္ရျခင္း --အံဖြယ္ပင္ ။

***

T/N>>

*၆-၅ : ဟြမ္းခ်န္ ဆိုတာ တ႐ုတ္ေဗဒင္က အသုံးအႏႈန္းေတြပါ ။၆-၅ဆိုတာ hexagram က လိုင္းေတြရဲ့တည္ေနရာ‌ေတြပါ ။ အဲ့ကေနမွ အေရွ႕အေနာက္ေတာင္ေျမာက္ (ယြမ္ဟမ့္ လိက်န္း) ယင္းယန္ေတြနဲ႔ တြက္ခ်က္ရတာပါ ။ ဟြမ္းခ်န္က ဟြမ္းက ကမၻာေျမႀကီးရဲ့အ‌အေရာင္-အဝါ‌ေရာင္ပါ ။ ခ်န္(ရွန္)ကေတာ့ အစီအရင္အခမ္းအနား‌ေတြမွာ ဝတ္တဲ့အတြင္းဝတ္ပါ ။ ယြမ္အားေကာင္းတာက‌ေတာ့ ေရွာင္ေဟးေျပာသလို ကံေကာင္းမယ္လို႔ေျပာတာပါ ။ ကိုယ္လဲ အဲ့ဘက္‌ေတြ ရွာၾကည့္ေပမဲ့ သိပ္နားမလည္လို႔ ။

*ငါးၾကင္းခုန္ထြက္လာတဲ့ နဂါးဂိတ္ဝ - ဒါက က်န္းလန္ေျပာလိုက္တဲ့ ေလွာင္အိမ္ဂိတ္ဝကို ရွေခ်ာင္က နဂါးဂိတ္ဝလို႔ထင္သြားတာပါ ။ တ႐ုတ္မွာ ေလွာင္အိမ္နဲ႔နဂါးက အသံထြက္တူတူပါပဲ ။ "ငါးၾကင္းက နဂါးဂိတ္ဝကေန ခုန္ထြက္လာတယ္"ဆိုတဲ့ စကားပုံရွိပါတယ္ ။ ျမစ္ဝါျမစ္ရဲ့ နဂါးဂိတ္ေရတံခြန္ကို ခုန္ေက်ာ္နိုင္တဲ့ ငါးၾကင္းက အားေကာင္းတဲ့ နဂါးတစ္ေကာင္ျဖစ္လာနိုင္ပါတယ္တဲ့ ။ ႏွိမ့္ခ်ၿပီး ဇြဲရွိရွိႀကိဳးစားရင္ ႀကီးမားတဲ့ ေအာင္ျမင္မႈ ရနိုင္ပါတယ္ဆိုတဲ့ အဓိပြာယ္ပါ ။

***

Continue Reading

You'll Also Like

6.3K 760 22
ခပ်ကြောင်ကြောင် gong (ယန်ကျင်းဇီ) နဲ့ shou (ဆုမော့ရှိုး) တို့ဟာ အမြဲမြင်မြင်ချင်းချစ်မိကြသတဲ့။ သူတို့ကအတူတကွဝိညာဥ်ကူးပြောင်းကြပြီး တစ်ယောက်ကိုတစ်ယောက...
384K 51.2K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
358K 38.1K 124
Book-2 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
12.2K 1.4K 23
လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ❄️ native title...