ရူး

Por kawkit_

35.7K 1.7K 42

အချစ်ကိုရှာဖွေတွေ့ရှိတဲ့အချိန်ဟာ ကျရှုံးချိန်ပါပဲ..... Más

ရူး
1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
19
18
20
21
22
23
24
25
26
28
27
29⚠️⚠️
30
31
32
33
34⚠️⚠️⚠️
35
36🔥🌚
37(part 1)
37(part2)
38
39
40
41
42(part1)
42(part2)
43
44
45(part 1)
45(part2)

12

714 40 0
Por kawkit_

"ဟဲ့ ရတု နင်ကြိုပြောတာမဟုတ်ဘူး ဒီလိုဟိုတယ်လ်မျိုးလာမယ်မှန်းသိရရင် ပြင်ဆင်လာမှာပေါ့"

ရှင်းသန့်ကတတွတ်တွတ်နဲ့ပင် ရတုကို လက်တို့ပြီး ပြောနေလေ၏။ ရတုကိုယ်တိုင်ပင် steakကျွေးမည်ဆိုသည်ကိုပဲသိထားတာမို့ ဒီလိုမျိုး ဟိုတယ်လ်ထိ လိုက်ကျွေးမည်ဟု သူမထင်။ ကျန်တဲ့ လင်းထွန်းနဲ့စွမ်းကပါ  ကျီးကန်းတောင်းမှောက်ကြည့်ပြီး ရတုကိုအနောက်ကနေ မျက်စပစ်ပြနေလေ၏။

သူတို့လေးယောက်ပုံစံကလည်း ကျောင်းဆင်းချိန်တန်းလာတာမို့ အနည်းငယ်တော့ ဂွမ်းနေသည်မှာအမှန်ပင်။ ရတုကတော့ လုံချည်နဲ့ shirt လက်ရှည်ရှည်လေးဝတ်ထားပြီး လွယ်အိတ်လေးကိုလွယ်ကာ ခြေထောက်က သိပ်မထောက်နိုင်သေးတာမို့ အကို့လက်ကို့တွဲပြီး ‌သွားရ၏။

"အကို..ကျွန်တော်တို့ပုံစံအဆင်ပြေပါတယ်နော်"

မျက်စိလေးပေကလပ်ပေကလပ်နှင့် ရတုကိုကြည့်ရသည်မှာ တကယ်ကိုကလေးလေးပင် ။ အခုမှရောက်ဖူးသည့်နေရာမို့ထင်သည် ။ မောင့်ပုံစံလေးက အနည်းငယ်နေရခက်နေဟန်ရှိ၏။ ကျန်တဲ့သုံးယောက်ကလည်း သူတို့နှစ်ယောက်ကိုသာ စိုက်ကြည့်နေလေသည်။

"ပြေပါတယ် မောင်ရဲ့ ... restaurant က rooftop မှာ အကိုကဒီဟိုတယ်လ်ပိုင်ရှင်နဲ့သူငယ်ချင်းမို့ လာနေကျ"

ဝါး....ဒီဟိုတယ်ပိုင်ရှင်နဲ့တောင်သူငယ်ချင်းဆိုတော့ ရတု အံ့ဩသွားသည်မှာအမှန်ပင်။ ခမ်းနားထည်ဝါတဲ့ ဟိုလ်တယ်ကြီးကိုသူတစ်ခါမျှပင်မရောက်ဖူး။ အကိုခေါ်လာမှသာ ပထမဆုံးရောက်ဖူးခြင်းဖြစ်၏။ steak ဆိုင်လေးသွားဖို့ကိုပင် vip cardနှင့်ဝင်ရသည့်နေရာဆိုတော့ တော်ရုံလူဆို ဒီလိုနေရာမျိုး တည်းနိုင်မည်မဟုတ်။

"ညီတို့ရော steakစားတယ်နော် အကိုက သေချာမမေးမိဘဲခေါ်လာလိုက်တာ"

မော်ကွန်းက နောက်ကနေ ကုပ်ချောင်းချောင်းနဲ့ လိုက်လာတဲ့ သုံးယောက်ကိုမေးလိုက်တော့ ...

"ရတယ်...အကို....အကုန်စားတယ် ကျွန်တော်တို့က"

"အိုခေ ....ကောင်းပြီ"

လေးယောက်သားဆိုင်ထဲရောက်လာသည့်တိုင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်နှင့် ရှိန်နေသည်မှာအမှန်။ ရတုမျက်နှာကိုကြည့်တော့လည်း အကို့ကိုသာ ကြည့်နေသည်။ လမ်းတစ်လျှောက်လုံး ရတုကို အကိုက‌သာ ဂရုတစိုက်တွဲလာပေးသည်။

"Menu please!!!!"

အကိုက အရင်ဆုံး menu chartလှမ်းတောင်းလိုက်သည်။ အရှေ့ကစားပွဲဝိုင်းမှာတော့ ဝိုင်ခွက်လေးတွေချထားပြီး လက်ကိုင်ပဝါနှင့် ဇွန်းခရင်းအစီအရီချထား၏။ လူလည်းအများကြီးမရှိသည့်အပြင် ဆိုင်ရဲ့ပုံစံက အတော်လေး Luxury ဆန်သည်။ ဆိုင်ထဲ၌foreignerအချို့ပင် စားသောက်နေကျသေး၏။

ရတုတို့သူငယ်ချင်းလေးယောက်ကတော့ ကျောက်ရုပ်ပမာမလှုပ်မယှက်နဲ့ထိုင်နေကျသည့်။ စကားများသည့်ရှင်းသန့်တောင် အသံတိတ်နေသည်မှာ ထူးဆန်းနေ၏။  အကိုကတော့မောင့်ဘေးနားမှာထိုင်ထားပြီး ခုံကိုပင် အနည်းငယ် ရတုဘက်တိုးထားလေသည်။

"မောင်.....menuကြည့်ပြီးကြိုက်တာစားနော် "

ရတုရှေ့menuလေးထိုးပေးတော့ ရတုသူငယ်ချင်းသုံးယောက်ထံ အကြည့်ချက်ချင်းရောက်သွား၏။ အကိုကတခါမျှ သူ့ကိုသူငယ်ချင်းတွေရှေ့ "မောင်"လို့မခေါ်ဖူးသေး။ ကျန်တဲ့ သုံးယောက်က အကိုထိုသို့ခေါ်တော့ ပြုံးစိစိနှင့်ပင်ကြည့်နေလေတော့သည်။

"ဟုတ်..အကို"

"ရော့ ညီတို့...ကြိုက်တာစားနော် အကိုကျွေးမှာမို့...အားမနာနဲ့"

အကိုကအလိုက်သိစွာ ရတုသူငယ်ချင်းများကိုပင် မေးသေးသည်။ ရတုလည်းmenu chartကိုကြည့်နေရင်း ဘာမှာလို့မှာရမှန်းမသိဖြစ်နေလေ၏။

"မောင်....ဒီဆိုင်ကpastaနဲ့steakကောင်းတယ် မောင်ရွေးရခက်နေရင် အကို အကုန်မှာလိုက်ရမလား စမ်းစားကြည့်ပေါ့ ..."

ရတုနားကို အကိုကပ်ပြောတော့ အကို့ ဆီက ပူရှိန်းနံ့ သင်းသင်းကိုရသည်။ အကိုက အသန့်ကြိုက်ပုံပေါ်ကာ အမြဲလိုပင်ကျော့ရှင်းနေလေ၏။ ယခုလည်း Polo shirt နှင့် Pantလေးတွဲဝတ်ထားကာ  ခန့်ညားထည်ဝါမှုအပြည့်နှင့် အကို့ပုံစံသည် ရတုတွက် ငေးကြည့်နေချင်စရာကောင်းနေလေ၏။

"မောင်....ဘာတွေစဉ်းစားနေတာလဲ"

အကိုစကားထပ်ဆိုလာမှ ရတုတွေးလတ်စကိုရပ်လိုက်သည်။

"ဗျာ...ဟုတ်....အကုန်မမှာပါနဲ့အကို ....ဈေးတွေက dollarနဲ့ရှင်းရတာမလား ကျွန်တော်နှမျောလို့"

Menu chartထဲက စားစရာတွေအကုန်လုံးက dollarနှင့်ရှင်းရတာကြောင့် ရတုအတွက် တစ်ယောက်စာမျှကိုပင် အတော်လေး များလှပြီ။ အကို့အတွက်ကတော့ ထိုပိုက်ဆံပမာဏက ဘာမျှမဟုတ်သည့်ပုံစံ။

"မောင့်အတွက်ပဲဟာ...ဘယ်လောက်ကုန်ကုန်...‌အကိုကမမှုပါဘူး..."

ထိုသို့ပြောလာတော့ ရတုရှက်သွားသည်။ ပါးလေးများပင်ရဲတက်လာကာ အကို့ဆီကနေ မျက်နှာလွှဲလိုက်မိသည်။

"အကိုကျေးဇူးပါနော် ကျွန်တော်တို့ကိုလိုက်ကျွေးလို့ ...."

စားပြီးသောက်ပြီးလို့ စွမ်းတို့သုံးယောက်သားကို အိမ်ရောက်သည်ထိပြန်လိုက်ပို့ပေးပြီး ရတုတို့နှစ်ယောက်အိမ်ပြန်လာကျသည်။ အိမ်အပြန်အကိုနှင့်တစ်ခါထဲ ပြန်လိုက်ရမည်ဆိုတော့ရတုအကိုနဲ့တစ်ခါတည်းလိုက်လာရသည်။

"မောင်..."

"ဗျာ"

ရတု ကအရှေ့ခုံမှာထိုင်နေတာကြောင့် အကို့အသံကို ထင်ထင်ရှားရှားကြားရ၏။

"မောင့်တွက် အင်္ကျီတွေမပါလာဘူးလေ....အကိုအခုအင်္ကျီဆိုင်သွားမလို့....မောင်လိုအပ်တာလေးတွေကြည့်ရအောင်"

ရတုလည်း ခုမှသတိရသည်။ ရက်ပိုင်းနေရမှာဆိုတော့ ကျောင်းအတွက် အင်္ကျီအဝတ်စားတော့လိုသည်။

"ဟုတ်...အကို.....အိမ်ပြန်ယူလိုက်ရမလား...."

"မယူနဲ့ ....အကို အသစ်ဝယ်ပေးချင်လို့..."

"ဟုတ်..."

အကိုကသေးသေးလေးကအစ အကုန်မမေ့မလျော့ သတိတရထားသည်။ ရတုပင်မေ့လျော့နေသည်ကို အကိုကသတိတရရှိ၏။

ဆိုင်ရောက်တော့လည်း ရတုတွက်ပင်ဆိုကာ ပုဆိုးနဲ့ အကျီ ဝမ်းဆက်များကို ဝယ်ပေးသည်။ မောင်က ပုဆိုးလေးနဲ့လိုက်သည်ဟုဆိုကာ အထည်ပေါင်းမရေတွက်နိုင်အောင် ရတုအတွက် ဝယ်ပေးလေသည်။ ရတုမှာ တားလို့လဲမရပေ။ သူကိုယ်တိုင်ပင် ရတုတွက်စိတ်ကြိုက်ရွေးနေလေ၏။ရတုမှာတော့နှမျောတသနှင့်ပြောလို့လည်းမရပေ။

_____

ထို့နောက် အိမ်သို့ပြန်လာခဲ့ကြသည်။ အကို့အိမ်သို့ရောက်တော့ အရင်ဆုံးရတုကို နေရာအထိုင်တကျဖြစ်အောင်ထိုင်ခိုင်းသည်။ ပစ္စည်းများကို အကိုကိုယ်တိုင်ပင်နေရာချကာ ရတုတွက် အလုပ်ရှုပ်‌နေလေတော့၏။

အကို့အိမ်က နှစ်ထပ်တိုက်အိမ်လေးဖြစ်သည်။ ရတုတို့အိမ်လိုမျိုးသေးသေးလေးတော့မဟုတ်။ ခြံဝန်းအကျယ်ကြိးရှိပြီး ကားနှစ်စီးရှိသည်။ သစ်ပင်မျိုးစုံစိုက်ထားသေးသည်ကိုလည်းမြင်ရ၏။

ထူးခြားချက်မှာ အကို့အိမ်တစ်အိမ်လုံးအစိမ်းရောင်သုတ်ထားခြင်းဖြစ်၏။ နေရာတိုင်း အစိမ်းရောင်များနှင့်ပင်ပြည့်နေသည်။ ရတုသေချာတစ်ခုချင်းဆီလိုက်ကြည့်မိတော့ အခန်းတစ်ခုလုံးက ရှင်းလင်းနေပြိး သူ့နေရာနှင့်သူ စနစ်တကျဖြစ်နေလေ၏။

"မောင်....အဆင်ပြေလား"

"ဟုတ်....အကို"

"အကိုက တစ်ယောက်တည်းနေတာကြာပြီ....အခုလိုအိမ်ကိုခေါ်လာဖူးတာ မောင်ပထမဆုံးပဲ"

ရတုက ခေါင်းလေးပြန်ညိတ်ပြပြီး ဘာမှပြန်မပြောဖြစ်။ အကို့အိမ်လေးကို နေရာအနှံလိုက်ကြည့်မိနေလေ၏။

"မောင်....မောင်ကလည်း အကို့ကိုဘာမှလည်းမမေးဘူး"

ဪ .. ရတုအိမ်ရောက်တည်းက ဘားစကားမျှပင် မပြောဖြစ်။အကို့အိမ်အခြေအနေကိုသာ လိုက်ကြည့်နေမိသည်မှာအမှန်။ တခြားအိမ်တွေနဲ့မတူတာတစ်ခုက အကို့အိမ်မှာ ဓာတ်ပုံ တစ်ပုံမျှပင်မတွေ့။

"အကို့မိဘတွေရော....ဘယ်မှာ‌နေတာလဲ"

"ဖေဖေက သူ့ဘာသာသက်သက်နေတာ အိမ်မှာ အကိုတစ်ယောက်တည်း "

အကိုကရတုမေးတော့ခပ်ပြတ်ပြတ်ပင်ပြန်ပြောလေသည်။

"မောင်က အပေါ်ထပ်မှာအိပ်ရမှာ...အကိုအပေါ်ထပ်လိုက်ပို့ပေးမယ်....နားတော့မလားမောင် ...ပင်ပန်းနေရောပေါ့"

ရတုမေးသည့်မေးခွန်းကို အကိုက စကားလွှဲလိုက်သည်။ ပြီးနောက်ရတုကို အိမ်ပေါ်ထပ်သို့လိုက်ပို့ပေးလေ၏။

ရတုအတွက်အခန်းကိုလည်း အကိုကသေချာပြင်ဆင်ပေးထားသေးသည်။ အကိုအိပ်တဲ့အခန်းက ရတုအခန်းရဲ့ ဘေးကပ်လျက်အခန်းဖြစ်သည်။ရတုလည်း အခန်းထဲခဏ နားပြီးရေချိုးဖို့ပြင်ဆင်လိုက်သည်။ အကိုကတော့ meeting တစ်ခုရှိလို့ဆိုပြီး laptop နှင့်အလုပ်လုပ်နေလေ၏။

ရတုသတိမထားမိလိုက်သည်ကတော့ ထိုအခန်းထဲတွင် cameraတစ်လုံးရှိနေပြီး အသံဖမ်းစက်ပါရှိနေသည်ကိုပင်........

(Zawgyi)

"ဟဲ့ ရတု နင္ႀကိဳေျပာတာမဟုတ္ဘူး ဒီလိုဟိုတယ္လ္မ်ိဳးလာမယ္မွန္းသိရရင္ ျပင္ဆင္လာမွာေပါ့"

ရွင္းသန႔္ကတတြတ္တြတ္နဲ႔ပင္ ရတုကို လက္တို႔ၿပီး ေျပာေနေလ၏။ ရတုကိုယ္တိုင္ပင္ steakေကြၽးမည္ဆိုသည္ကိုပဲသိထားတာမို႔ ဒီလိုမ်ိဳး ဟိုတယ္လ္ထိ လိုက္ေကြၽးမည္ဟု သူမထင္။ က်န္တဲ့ လင္းထြန္းနဲ႔စြမ္းကပါ  က်ီးကန္းေတာင္းေမွာက္ၾကည့္ၿပီး ရတုကိုအေနာက္ကေန မ်က္စပစ္ျပေနေလ၏။

သူတို႔ေလးေယာက္ပုံစံကလည္း ေက်ာင္းဆင္းခ်ိန္တန္းလာတာမို႔ အနည္းငယ္ေတာ့ ဂြမ္းေနသည္မွာအမွန္ပင္။ ရတုကေတာ့ လုံခ်ည္နဲ႔ shirt လက္ရွည္ရွည္ေလးဝတ္ထားၿပီး လြယ္အိတ္ေလးကိုလြယ္ကာ ေျခေထာက္က သိပ္မေထာက္ႏိုင္ေသးတာမို႔ အကို႔လက္ကို႔တြဲၿပီး ‌သြားရ၏။

"အကို..ကြၽန္ေတာ္တို႔ပုံစံအဆင္ေျပပါတယ္ေနာ္"

မ်က္စိေလးေပကလပ္ေပကလပ္ႏွင့္ ရတုကိုၾကည့္ရသည္မွာ တကယ္ကိုကေလးေလးပင္ ။ အခုမွေရာက္ဖူးသည့္ေနရာမို႔ထင္သည္ ။ ေမာင့္ပုံစံေလးက အနည္းငယ္ေနရခက္ေနဟန္ရွိ၏။ က်န္တဲ့သုံးေယာက္ကလည္း သူတို႔ႏွစ္ေယာက္ကိုသာ စိုက္ၾကည့္ေနေလသည္။

"ေျပပါတယ္ ေမာင္ရဲ႕ ... restaurant က rooftop မွာ အကိုကဒီဟိုတယ္လ္ပိုင္ရွင္နဲ႔သူငယ္ခ်င္းမို႔ လာေနက်"

ဝါး....ဒီဟိုတယ္ပိုင္ရွင္နဲ႔ေတာင္သူငယ္ခ်င္းဆိုေတာ့ ရတု အံ့ဩသြားသည္မွာအမွန္ပင္။ ခမ္းနားထည္ဝါတဲ့ ဟိုလ္တယ္ႀကီးကိုသူတစ္ခါမွ်ပင္မေရာက္ဖူး။ အကိုေခၚလာမွသာ ပထမဆုံးေရာက္ဖူးျခင္းျဖစ္၏။ steak ဆိုင္ေလးသြားဖို႔ကိုပင္ vip cardႏွင့္ဝင္ရသည့္ေနရာဆိုေတာ့ ေတာ္႐ုံလူဆို ဒီလိုေနရာမ်ိဳး တည္းႏိုင္မည္မဟုတ္။

"ညီတို႔ေရာ steakစားတယ္ေနာ္ အကိုက ေသခ်ာမေမးမိဘဲေခၚလာလိုက္တာ"

ေမာ္ကြန္းက ေနာက္ကေန ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ လိုက္လာတဲ့ သုံးေယာက္ကိုေမးလိုက္ေတာ့ ...

"ရတယ္...အကို....အကုန္စားတယ္ ကြၽန္ေတာ္တို႔က"

"အိုေခ ....ေကာင္းၿပီ"

ေလးေယာက္သားဆိုင္ထဲေရာက္လာသည့္တိုင္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ႏွင့္ ရွိန္ေနသည္မွာအမွန္။ ရတုမ်က္ႏွာကိုၾကည့္ေတာ့လည္း အကို႔ကိုသာ ၾကည့္ေနသည္။ လမ္းတစ္ေလွ်ာက္လုံး ရတုကို အကိုက‌သာ ဂ႐ုတစိုက္တြဲလာေပးသည္။

"Menu please!!!!"

အကိုက အရင္ဆုံး menu chartလွမ္းေတာင္းလိုက္သည္။ အေရွ႕ကစားပြဲဝိုင္းမွာေတာ့ ဝိုင္ခြက္ေလးေတြခ်ထားၿပီး လက္ကိုင္ပဝါႏွင့္ ဇြန္းခရင္းအစီအရီခ်ထား၏။ လူလည္းအမ်ားႀကီးမရွိသည့္အျပင္ ဆိုင္ရဲ႕ပုံစံက အေတာ္ေလး Luxury ဆန္သည္။ ဆိုင္ထဲ၌foreignerအခ်ိဳ႕ပင္ စားေသာက္ေနက်ေသး၏။

ရတုတို႔သူငယ္ခ်င္းေလးေယာက္ကေတာ့ ေက်ာက္႐ုပ္ပမာမလႈပ္မယွက္နဲ႔ထိုင္ေနက်သည့္။ စကားမ်ားသည့္ရွင္းသန႔္ေတာင္ အသံတိတ္ေနသည္မွာ ထူးဆန္းေန၏။  အကိုကေတာ့ေမာင့္ေဘးနားမွာထိုင္ထားၿပီး ခုံကိုပင္ အနည္းငယ္ ရတုဘက္တိုးထားေလသည္။

"ေမာင္.....menuၾကည့္ၿပီးႀကိဳက္တာစားေနာ္ "

ရတုေရွ႕menuေလးထိုးေပးေတာ့ ရတုသူငယ္ခ်င္းသုံးေယာက္ထံ အၾကည့္ခ်က္ခ်င္းေရာက္သြား၏။ အကိုကတခါမွ် သူ႔ကိုသူငယ္ခ်င္းေတြေရွ႕ "ေမာင္"လို႔မေခၚဖူးေသး။ က်န္တဲ့ သုံးေယာက္က အကိုထိုသို႔ေခၚေတာ့ ၿပဳံးစိစိႏွင့္ပင္ၾကည့္ေနေလေတာ့သည္။

"ဟုတ္..အကို"

"ေရာ့ ညီတို႔...ႀကိဳက္တာစားေနာ္ အကိုေကြၽးမွာမို႔...အားမနာနဲ႔"

အကိုကအလိုက္သိစြာ ရတုသူငယ္ခ်င္းမ်ားကိုပင္ ေမးေသးသည္။ ရတုလည္းmenu chartကိုၾကည့္ေနရင္း ဘာမွာလို႔မွာရမွန္းမသိျဖစ္ေနေလ၏။

"ေမာင္....ဒီဆိုင္ကpastaနဲ႔steakေကာင္းတယ္ ေမာင္ေ႐ြးရခက္ေနရင္ အကို အကုန္မွာလိုက္ရမလား စမ္းစားၾကည့္ေပါ့ ..."

ရတုနားကို အကိုကပ္ေျပာေတာ့ အကို႔ ဆီက ပူရွိန္းနံ႔ သင္းသင္းကိုရသည္။ အကိုက အသန႔္ႀကိဳက္ပုံေပၚကာ အၿမဲလိုပင္ေက်ာ့ရွင္းေနေလ၏။ ယခုလည္း Polo shirt ႏွင့္ Pantေလးတြဲဝတ္ထားကာ  ခန႔္ညားထည္ဝါမႈအျပည့္ႏွင့္ အကို႔ပုံစံသည္ ရတုတြက္ ေငးၾကည့္ေနခ်င္စရာေကာင္းေနေလ၏။

"ေမာင္....ဘာေတြစဥ္းစားေနတာလဲ"

အကိုစကားထပ္ဆိုလာမွ ရတုေတြးလတ္စကိုရပ္လိုက္သည္။

"ဗ်ာ...ဟုတ္....အကုန္မမွာပါနဲ႔အကို ....ေဈးေတြက dollarနဲ႔ရွင္းရတာမလား ကြၽန္ေတာ္ႏွေမ်ာလို႔"

Menu chartထဲက စားစရာေတြအကုန္လုံးက dollarႏွင့္ရွင္းရတာေၾကာင့္ ရတုအတြက္ တစ္ေယာက္စာမွ်ကိုပင္ အေတာ္ေလး မ်ားလွၿပီ။ အကို႔အတြက္ကေတာ့ ထိုပိုက္ဆံပမာဏက ဘာမွ်မဟုတ္သည့္ပုံစံ။

"ေမာင့္အတြက္ပဲဟာ...ဘယ္ေလာက္ကုန္ကုန္...‌အကိုကမမႈပါဘူး..."

ထိုသို႔ေျပာလာေတာ့ ရတုရွက္သြားသည္။ ပါးေလးမ်ားပင္ရဲတက္လာကာ အကို႔ဆီကေန မ်က္ႏွာလႊဲလိုက္မိသည္။

"အကိုေက်းဇူးပါေနာ္ ကြၽန္ေတာ္တို႔ကိုလိုက္ေကြၽးလို႔ ...."

စားၿပီးေသာက္ၿပီးလို႔ စြမ္းတို႔သုံးေယာက္သားကို အိမ္ေရာက္သည္ထိျပန္လိုက္ပို႔ေပးၿပီး ရတုတို႔ႏွစ္ေယာက္အိမ္ျပန္လာက်သည္။ အိမ္အျပန္အကိုႏွင့္တစ္ခါထဲ ျပန္လိုက္ရမည္ဆိုေတာ့ရတုအကိုနဲ႔တစ္ခါတည္းလိုက္လာရသည္။

"ေမာင္..."

"ဗ်ာ"

ရတု ကအေရွ႕ခုံမွာထိုင္ေနတာေၾကာင့္ အကို႔အသံကို ထင္ထင္ရွားရွားၾကားရ၏။

"ေမာင့္တြက္ အက်ႌေတြမပါလာဘူးေလ....အကိုအခုအက်ႌဆိုင္သြားမလို႔....ေမာင္လိုအပ္တာေလးေတြၾကည့္ရေအာင္"

ရတုလည္း ခုမွသတိရသည္။ ရက္ပိုင္းေနရမွာဆိုေတာ့ ေက်ာင္းအတြက္ အက်ႌအဝတ္စားေတာ့လိုသည္။

"ဟုတ္...အကို.....အိမ္ျပန္ယူလိုက္ရမလား...."

"မယူနဲ႔ ....အကို အသစ္ဝယ္ေပးခ်င္လို႔..."

"ဟုတ္..."

အကိုကေသးေသးေလးကအစ အကုန္မေမ့မေလ်ာ့ သတိတရထားသည္။ ရတုပင္ေမ့ေလ်ာ့ေနသည္ကို အကိုကသတိတရရွိ၏။

ဆိုင္ေရာက္ေတာ့လည္း ရတုတြက္ပင္ဆိုကာ ပုဆိုးနဲ႔ အက်ီ ဝမ္းဆက္မ်ားကို ဝယ္ေပးသည္။ ေမာင္က ပုဆိုးေလးနဲ႔လိုက္သည္ဟုဆိုကာ အထည္ေပါင္းမေရတြက္ႏိုင္ေအာင္ ရတုအတြက္ ဝယ္ေပးေလသည္။ ရတုမွာ တားလို႔လဲမရေပ။ သူကိုယ္တိုင္ပင္ ရတုတြက္စိတ္ႀကိဳက္ေ႐ြးေနေလ၏။ရတုမွာေတာ့ႏွေမ်ာတသႏွင့္ေျပာလို႔လည္းမရေပ။

_____

ထို႔ေနာက္ အိမ္သို႔ျပန္လာခဲ့ၾကသည္။ အကို႔အိမ္သို႔ေရာက္ေတာ့ အရင္ဆုံးရတုကို ေနရာအထိုင္တက်ျဖစ္ေအာင္ထိုင္ခိုင္းသည္။ ပစၥည္းမ်ားကို အကိုကိုယ္တိုင္ပင္ေနရာခ်ကာ ရတုတြက္ အလုပ္ရႈပ္‌ေနေလေတာ့၏။

အကို႔အိမ္က ႏွစ္ထပ္တိုက္အိမ္ေလးျဖစ္သည္။ ရတုတို႔အိမ္လိုမ်ိဳးေသးေသးေလးေတာ့မဟုတ္။ ၿခံဝန္းအက်ယ္ႀကိးရွိၿပီး ကားႏွစ္စီးရွိသည္။ သစ္ပင္မ်ိဳးစုံစိုက္ထားေသးသည္ကိုလည္းျမင္ရ၏။

ထူးျခားခ်က္မွာ အကို႔အိမ္တစ္အိမ္လုံးအစိမ္းေရာင္သုတ္ထားျခင္းျဖစ္၏။ ေနရာတိုင္း အစိမ္းေရာင္မ်ားႏွင့္ပင္ျပည့္ေနသည္။ ရတုေသခ်ာတစ္ခုခ်င္းဆီလိုက္ၾကည့္မိေတာ့ အခန္းတစ္ခုလုံးက ရွင္းလင္းေနၿပိး သူ႔ေနရာႏွင့္သူ စနစ္တက်ျဖစ္ေနေလ၏။

"ေမာင္....အဆင္ေျပလား"

"ဟုတ္....အကို"

"အကိုက တစ္ေယာက္တည္းေနတာၾကာၿပီ....အခုလိုအိမ္ကိုေခၚလာဖူးတာ ေမာင္ပထမဆုံးပဲ"

ရတုက ေခါင္းေလးျပန္ညိတ္ျပၿပီး ဘာမွျပန္မေျပာျဖစ္။ အကို႔အိမ္ေလးကို ေနရာအႏွံလိုက္ၾကည့္မိေနေလ၏။

"ေမာင္....ေမာင္ကလည္း အကို႔ကိုဘာမွလည္းမေမးဘူး"

ဪ .. ရတုအိမ္ေရာက္တည္းက ဘားစကားမွ်ပင္ မေျပာျဖစ္။အကို႔အိမ္အေျခအေနကိုသာ လိုက္ၾကည့္ေနမိသည္မွာအမွန္။ တျခားအိမ္ေတြနဲ႔မတူတာတစ္ခုက အကို႔အိမ္မွာ ဓာတ္ပုံ တစ္ပုံမွ်ပင္မေတြ႕။

"အကို႔မိဘေတြေရာ....ဘယ္မွာ‌ေနတာလဲ"

"ေဖေဖက သူ႔ဘာသာသက္သက္ေနတာ အိမ္မွာ အကိုတစ္ေယာက္တည္း "

အကိုကရတုေမးေတာ့ခပ္ျပတ္ျပတ္ပင္ျပန္ေျပာေလသည္။

"ေမာင္က အေပၚထပ္မွာအိပ္ရမွာ...အကိုအေပၚထပ္လိုက္ပို႔ေပးမယ္....နားေတာ့မလားေမာင္ ...ပင္ပန္းေနေရာေပါ့"

ရတုေမးသည့္ေမးခြန္းကို အကိုက စကားလႊဲလိုက္သည္။ ၿပီးေနာက္ရတုကို အိမ္ေပၚထပ္သို႔လိုက္ပို႔ေပးေလ၏။

ရတုအတြက္အခန္းကိုလည္း အကိုကေသခ်ာျပင္ဆင္ေပးထားေသးသည္။ အကိုအိပ္တဲ့အခန္းက ရတုအခန္းရဲ႕ ေဘးကပ္လ်က္အခန္းျဖစ္သည္။ရတုလည္း အခန္းထဲခဏ နားၿပီးေရခ်ိဳးဖို႔ျပင္ဆင္လိုက္သည္။ အကိုကေတာ့ meeting တစ္ခုရွိလို႔ဆိုၿပီး laptop ႏွင့္အလုပ္လုပ္ေနေလ၏။

ရတုသတိမထားမိလိုက္သည္ကေတာ့ ထိုအခန္းထဲတြင္ cameraတစ္လုံးရွိေနၿပီး အသံဖမ္းစက္ပါရွိေနသည္ကိုပင္........

Seguir leyendo

También te gustarán

191K 20.3K 56
"කේතු දන්නවද මම කේතුට කොච්චරක් ආදරෙයි කියල ?" "හැමතිස්සෙම වචනෙන් නොකිව්වත් සර්ගෙ ඇස් මගේ ඇස් එක්ක පැටලෙනකොට ඒ දිලිසෙන ඇස්වලින් මට පේනවා සර් මට කොච්...
17.5K 1K 30
အိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထ...
57.2K 1.2K 26
.. a story, of a girl who has a condition that could change her life for the greater good. Loni has a medical condition that stopped her from develop...
13.9K 1.3K 86
" දන්නවද අභී..! එයා හරියට වැස්සක් වගේ...!" " වැස්සක් !?...'' '' ඔව් වැස්සක්...එයාගෙ ආදරෙත් හරියට වැස්සක් වගේ...කාලයක් මාව ඒ වැස්සෙන් තෙම්මලා....එයා ය...