ဘက်ခဟျွန်းဟာ ဆိုင်ကယ်ကို လမ်းထဲကွေ့ဝင်လိုက်တာနဲ့ မီးရောင်လင်းနေတဲ့ သူ့အိမ်ကို လှမ်းမြင်ရသည်
မြို့ထဲမှာ နေရင် တစ်နေရာမှာ မဟုတ်တစ်နေရာ တွေ့နေရနိုင်တာမို့ မြို့စွန်က ရေကန်နားမှာ သူတစ်နေကုန်အချိန်သွားဖြုန်းလာခဲ့တာ
“ကျစ်”
စုတ်သတ်ရင်း ဆိုင်ကယ်ကို အိမ်ရှေ့မှာ ရပ်လိုက်ကာ အိပ်ထဲဝင်လာခဲ့လိုက်သည်
ဝင်လိုက်တာက သူ့အိမ်ဆိုပေမယ် သူ့အိမ်ထဲက ပစ္စည်းဟောင်းတွေ တစ်ခုမှ မရှိတော့ဘူး
အဲ့ဒီအစား သစ်လွင်တောက်ပြောင်နေတဲ့ ပရိဘောဂတွေ
မျက်နှာကျက်က မီးဆိုင်းက အစ ကပွဲခန်းမ က မီးဆိုင်းလိုမျိုး
သားရေ အကောင်းစားနဲ့ လုပ်ထားတဲ့ ဒီမြို့မှာ အကောင်းဆုံးဆိုတဲ ဆိုဖာတွေ
မွှေးပွကော်ဇောရဲ့ သစ်လွင်အိစက်မှုကြောင့် သူ့ဖိနပ်ကို ယောင်ပြီးတော့ ချွတ်မိတော့မတတ်ပဲ
မီးဖိုချောင်က ဘီရိုအဟောင်းတွေနဲ့ မီးဖိုတွေအစား Microwave အသစ်စက်စက်
အဲ့ဒါထက်
“ဟိုင်း ဟန်နီ ပြန်ရောက်ပြီလား”
“What the hell ပတ်ချန်းယောလ်”
အေပရွန်ပန်းရောင်ကို မလိုက်မဖက်ဝတ်ပြီး ဟင်းချက်နေတဲ့ ချန်းယောလ်
“အိုး ဟန်နီက ကိုယ့်ကို လန့်သွားတာလား၊ ဘယ်သူက အလုပ်ကလာရင် ကိုယ့်ယောင်္ကျားကို မြင်ရင် အဲ့လိုမျက်နှာနဲ့ နှုတ်ဆက်လို့လဲ၊ လာပါအုံး ကိုယ်လက်မအားသေးလို့ ဒီနားလာပြီး အာဘွားလာပေးပါအုံး”
“မင်း..မင်း ဘာတွေလုပ်နေတာလဲ”
“အော် ဒါလား ..ဟန်နီပြန်လာရင် အဆင်သင့်စားဖို့ ဟန်နီကြိုက်တတ်တဲ့ အမဲသားကင်”
“ထွက်သွားစမ်း ချန်းယောလ်”
“အိုး ကိုယ့်အမျိုးသားလေးကို ထားပြီး ဘာလို့ထွက်သွားရမှာလဲ”
ဘာတစ်ခုမှ အပြစ်မလုပ်ထားသလို အမြင်ကတ်စရာ မျက်နှာကို ဖန်တီးရင်း ချန်းယောလ်က ဖြေသည်
“ဘာ အဟက် ၊ အခုမှ ထွက်သွားပြီး ပြန်လာတာ မဟုတ်ဘူးလား၊နောက်တစ်ခေါက်ထွက်သွားလည်း ဘာမှ ထူးခြားမနေတော့ပါဘူး”
သူ့ဆီက စကားအကြားမှာ ချန်းယောလ်က စက္ကန့်ပိုင်းလောက် သူ့မျက်ဝန်းထဲကို အဖြေရှာသလို ကြည့်တာမို့
ဘက်ခဟျွန်းမျက်နှာ ဆက်ခနဲ လွှဲလိုက်မိသည်
“ဟန်နီ က ဒီနေ့ စိတ်မကြည်နေဘူးပဲ၊ ဘီယာ သောက်မလား ကိုယ်ယူပေးမယ်နော်”
“ဘာဘီယာမှ သောက်စရာမလိုဘူး ငါ့အိမ်မှာလည်း ဘာဘီယာမှ မရှိဘူး၊ စိတ်ဒုက္ခပေးနေတဲ့ မင်းသာ ထွက်သွားစမ်းပါ”
“နိုးနိုး ဟန်နီက ဘီယာသောက်ချင်လာလိမ့်မယ်ဆိုတာ ကိုယ်သိလို့...ဒီမှာ ...စပရိုက်စ်စ်စ်စ်”
ချန်းယောလ်ဟာ ရေခဲသေတ္တာဆီသွားရင်း တံခါးကို ဖွင့်လိုက်တယ်
သူ့အရပ်လောက်ရှိတဲ့ ရေခဲသေတ္တာထဲမှာ နေရာလပ်မကျန် ဘီယာဘူးတွေစီရီပြီး ပြည့်သိပ်အောင်ထည့်ထားတာ
ဘက်ခဟျွန်းရဲ့ အသက်ရှုသံဟာ ဒေါသကြောင့် မြန်ဆန်လာတယ်
“ပတ်ချန်းယောလ် ငါ့ရေခဲ့သေတ္တာရော”
“အိုး စတစ်ကာတွေအပြည့်ကပ်ထားတဲ့ သံချေးတက်နေတဲ့သံလိုက်တုံးတွေ ကပ်ထားတဲ့တစ်ခုလား၊ စည်ပင်ကို ခေါ်ပြီး ပေးလိုက်ပြီလေ”
“ဘာ”
အဲ့ဒီစတစ်ကာတွေ၊ ပြီးတော့ ကပ်ထားတဲ့သံလိုက်တွေက ဘယ်လိုရခဲ့တဲ့ အမှတ်တရတွေ မို့လဲ၊ ဒင်းလုပ်ရက်လိုက်တာ
“ဟန်နီအိမ်က ဟောင်းနေတဲ့ အရာတွေက အကုန်လုံးကို ကိုယ်လှူလိုက်ပြီ”
“မင်း...မင်း”
တစ်စက်စက်တုန်နေတဲ့ ဘက်ခဟျွန်းက လူမသက်မိဖို့တော်တော်ကြိုးစားထားရတယ်
သူတို့ အတူတူလုပ်ထားတဲ့ သစ်သားစားပွဲကအစမရှိတော့
“ဘာလဲ အရမ်းအံ့သြသွားတာလား ဟန်နီ”
“ဘယ်သူ့ခွင့်ပြုချက်နဲ့ ငါ့ပစ္စည်းတွေကို တောက်”
“အို ဟန်နီကလည်း သူစိမ်းဆန်လိုက်တာ၊ ဘယ်သူ့ခွင့်ပြုချက်တောင်းရမှာလဲ၊ ကိုယ်က ဟန်နီ့ယောင်္ကျားပဲဟာ”
“ပတ်ချန်းယောလ် ဘာကိုယောင်္ကျားလဲ ”
“မင်း အဲ့ဒီစောက်စက္ကူတွေမှာ လက်မှတ်ထိုးမပေးသရွေ့ ငါက မင်းယောင်္ကျား ဖြစ်နေမှာပဲလေ”
နောက်ဆုံးတော့ ချန်းယောလ်ရဲ့ ရည်ရွယ်ချက်ကို ဘက်ခဟျွန်းသိသွားပြီ
“အဟား...အဲ့ဒီလက်မှတ်ရဖို့အတွက် ဒီလောက်ကိုကြိုးစား အားထုတ်နေတာလားဟင် အချစ်၊
ကျေးဇူးပါပဲ ချမ်းသာတဲ့ငါ့ယောင်္ကျားရဲ့ ငွေတွေနဲ့ ငါ့ အိမ်လေး သစ်လွင်သွားတာပေါ့”
ဘက်ခဟျွန်းက သူ့မျက်နှာကို အချိုသာဆုံးလုပ်ပြလိုက်တယ်
“အိုး ဟန်နီ ၊ ဟန်နီအထင်လွဲနေတာတစ်ခုရှိတယ်”
ချန်းယောလ်ရဲ့ ရယ်မြူးရိပ်သန်းနေတဲ့ မျက်နှာထားကြောင့် ဘက်ခဟျွန်း ကြောင်တောင်တောင်ဖြစ်သွားတယ်
“ကိုယ်တစ်ယောက်တည်းရဲ့ ငွေမဟုတ်ဘူးလေ”
“ဟမ်”
သူပြောတာကို ဘက်ခဟျွန်း နားမလည်
“ကိုယ်တို့ရဲ့ Joint Account လေ”
စိတ်လှုပ်ရှားရမှုနဲ့ ချုပ်တီးထားရတဲ့ ဒေါသကြောင့် ဘက်ခဟျွန်းရဲ့ ရင်ဘက် က နိမ့်ချည် မြင့်ချည်ဖြစ်နေတယ်
စိတ်ကို အတည်ငြိမ်ဆုံးထားပြီး အံကိုတင်းတင်းကျိတ်ကာ မေးလိုက်တယ်
“ဘယ်လောက်...ဘယ်လောက်ထုတ်လိုက်လဲ”
“အကုန်ပဲ”
ချန်းယောလ်က သူ့ပုခုံးကို တွန့်ရင်း လျှာထုပ်ကာ ဖြေတယ်
“ပတ်ချန်းယောလ် မင်း အဲ့ဒါ ငါ့ပိုက်ဆံတွေလေ၊ မင်းကို တရားစွဲမယ်”
ပြောပြောဆိုဆို ဘက်ခဟျွန်းက အိပ်ထဲက ဖုန်းကိုထုတ်ရင်း ဆက်လိုက်တယ်
“တစ်ယောက်ယောက်မသေစေချင်ရင်....ငါ့အိမ်ကို အခုချက်ချင်းလာခဲ့ပေးပါ”
“ဟား ....ဘယ်သူ့ကို ခေါ်လိုက်တာလဲ၊ မင်းရဲ့နောက်တစ်ယောက်လား၊ဘယ်သူလဲ”
“နောက်ထက်အိမ်ထောင်ပြုဖို့ ကွာရှင်းစာချုပ်ဓားပြလာတိုက်နေတဲ့သူရဲ့ အပူမဟုတ်ဘူးထင်တယ်”
“ဘာ”
“ကြားတဲ့ အတိုင်းပဲ”
“ငါ့ကိုရွဲ့နေစရာမလိုပါဘူး...ဒါနဲ့ မင်းမှာ ဒီလောက်ငွေအများကြီးရှိနေတာကို တစ်ခုခုကို ရင်းနှီးမြုပ်နံတာမျိုးမလုပ်ဘဲ ဒီအတိုင်းထားရတာလဲ”
“မင်းကိစ္စမဟုတ်ပါဘူး”
“ဟ ငါ့ကိစ္စမဟုတ်ပေမယ့် စဉ်းစားစရာပဲလေ အဲ့လောက်ငွေတွေကို တရားဝင်ရထားတာရော ဟုတ်ရဲ့လား၊ မင်းဘာအလုပ်တွေလုပ်နေတာလဲ”
“ဘာလို့လဲ ငါက အဲ့ငွေကို ငါ့အစွမ်းအစနဲ့ရှာနိုင်မယ့်သူ မဟုတ်လို့လား”
“အဲ့လိုပြောတာမဟုတ်..မင်းက အရင်ကဆို ပိုက်ဆံရှာဖို့ စိတ်မှမဝင်စားတာ”
“ပိုက်ဆံကြောင့် ပစ်သွားခံရပြီးတော့ ငွေအရေးကြီးမှန်းသိလာလို့လေ”
“ဘယ်လို ဘက်ခဟျွန်း ငါတို့နှစ်ယောက်ကိစ္စက ပိုက်ဆံကြောင့် မဟုတ်ဘူးလို့ ငါဘယ်နှစ်ကြိမ်ပြောရမှာလဲ”
နီရဲနေတဲ့ မျက်ဝန်းတို့ကြားမှာ တင်းမာမှုဟာ ပိုပြင်းထန်လာသည်
“ဘယ်နှစ်ကြိမ် ထပ်ပြောတော့ရော ဘာထူးမှာလဲ”
“ငါ့ အိမ်မက်ကို မင်းက ဘယ်တော့မှ နားလည်မပေးခဲ့ဘူး”
“အေးပေါ့ ငါ့လို ဘာရည်ရွယ်ချက် ဘာအစွမ်းအစမှာ မရှိတဲ့ကောင်က အိမ်မက်ဘယ်ရှိမလဲ”
“ကျစ်...မင်းက အမြဲတမ်းအဲ့လိုပဲ”
ဘာစကားမှ မပြောဖြစ်ဘဲ တိုက်ပွဲပြီးလို့ ခြေကုန်လက်ပန်းကျသွားသူလို နှစ်ယောက်လုံး နီးစပ်ရာ ထိုင်ခုံတစ်ခုဆီ ဝင်ထိုင်ရင်း တိတ်ဆိတ်နေမိကြသည်
***
*ကျွီ* ရဲကားတစ်စီး ခြံထဲကို ထိုးရပ်လာရင်း ကသောကမြောထွက်လာတဲ့ ရင်းနှီးနေတဲ့မျက်နှာ ဆူဟို
“ဟေး ဘက်ခဟျွန်း ဘာဖြစ်လို့လဲ”
“Shit မင်းတကယ်ကြီး ရဲခေါ်လိုက်တာလား၊ ဒါနဲ့ အဲ့ဘဝင်ရူးက တကယ်ကြီးရဲဖြစ်သွားတာလား”
“ဘယ်သူက ဘယ်သူ့ကို ဘဝင်ရူးလို့ ခေါ်နေတာလဲ”
ဘက်ခဟျွန်းက ပက်ခနဲ ပြန်ပြောသည်
စိတ်ဆိုးနေတဲ့ သူ့မျက်နှာကို အစွမ်းကုန် ပြုံးဖို့ ကြိုးစားရင်း
“ဟေး ဆူဟို ယူနီဖောင်းနဲ့ ခန့်လှချည်လား”
“ဟာ ချန်းယောလ်၊ ချန်းယောလ်မလား”
ဝမ်းသာအားရနဲ့ ပြေးလာကာ ဖက်လိုက်တဲ့ ဆူဟို ကြောင့် ပုခုံးတောင် အောင့်သွားရသည်
“ဂျုံဒယ်က မနေ့က ဘားမှာ ပြောနေတော့ သူမူးနေလို့ လျှောက်ပြောတာထင်နေတာ မင်းက တကယ်ရောက်နေတာပဲ ဝမ်းသာလိုက်တာ”
“ငါရောပဲ ပြန်တွေ့ရတာ ဝမ်းသာပါတယ်”
သူ့စကားကို ကြားတော့ ဘက်ခဟျွန်းက နှာခေါင်းရှုံ့ရင်း “လူလိမ်ကောင်” လို့ ပါးစပ်လုပ်ဆဲသည်
“စောက ဘက်ခဟျွန်းက အရေးတကြီးနဲ့ တစ်ယောက်ယောက်သေတော့မှာလို့ ပြောလို့ ငါ့မှာ စိုးရိမ်ပြီး ပြေးလာရတာ”
ဆူဟိုက ရယ်ရင်းပြောသည်
“တကယ်မသေသွားစေချင်ရင် သူ့ကို လက်ထိပ်ခက်ပြီး ခေါ်သွားလိုက်”
“ဟမ်”
“ဟမ် ဘာလို့လဲ”
ဆူဟိုနဲ့ ချန်းယောလ် နှစ်ယောက်လုံးဆီက ထွက်လာသံ
“ငါ့အိမ်ကို ငါမရှိပဲ ကျူးကျော်တယ်၊ ငါ့ပစ္စည်းတွေကို ရော ငါ့ပိုက်ဆံတွေရော ခိုးတယ်”
“ဟုတ်လား ချန်းယောလ်”
“တရားဝင်လက်ထက်ထားတဲ့ ယောင်္ကျားက သူ့အိမ်ထဲသူ ဝင်တာ အပြစ်ရှိလား ဆူဟို”
“အင်း မရှိဘူးပေါ့”
“နှစ်ယောက်အတူတူ မှတ်ပုံတင်ထားတဲ့ ငွေစုစာအုပ်ထဲက ပိုက်ဆံထုတ်တာရော”
“အင်း အဲ့တာလည်း အပြစ်မရှိဘူးပေါ့”
ချန်းယောလ်က အသာစီးရသွားတဲ့ မျက်နှာနဲ့ ဘက်ခဟျွန်းကို ကြည့်လိုက်သည်
အကောင်ပေါက်က ဒေါသထွက်လွန်းလို့ မျက်နှာက စတော်ဘယ်ရီသီးဖြစ်နေပြီ
အဲ့လိုပြောမှ ဘက်ခဟျွန်းက စတော်ဘယ်ရီ အရမ်းကြိုက်တာကို သူသတိရသွားမိသေးသည်
“ရာ့ ဆူဟို ၊ ၈ နှစ်လုံး တစ်နှစ်တစ်ကြိမ်လောက် ကွာရှင်းစာချုပ်ကို ပို့နေတဲ့သူကို ယောင်္ကျားလို့ သတ်မှတ်လို့ရလား”
“ဒါတော့ မဖြစ်သင့်ဘူး”
“မင်းကရော ငါပို့လိုက်တိုင်း လက်မှတ်မထိုးပေးဘဲ ပြန်ပြန်ပို့နေတာပဲလေ၊ အဲ့စာချုပ်တစ်ခါပို့တိုင်း ရှေ့နေခ ဘယ်လောက်ကုန်တယ်မှတ်လဲ မင်းလက်မှတ်ထိုးမပေးသရွေ့ မင်းနဲ့ငါ က လက်ထက်ထားတာပဲ မဟုတ်ဘူးလား”
“သူပြောတာလဲ ဟုတ်တယ်”
“ဒါပေမယ့်..”
“ရာ..မင်းတို့ နှစ်ယောက်လုံးတော်လိုက်တော့ ၊ ငါ့ကို အလယ်မှာထားပြီး ရန်ဖြန်မနေနဲ့၊ ကိုယ့်ပြသနာ ကိုယ်ရှင်းကြ”
ဆူဟိုက ထွက်သွားဖို့ တံခါးရှိရာဆီ လှမ်းသည်
“အိုး ဟုတ်ပြီ၊ ငါတို့ ပြသနာ ငါတို့ရှင်းမယ်၊ ဒါနဲ့ ဆူဟို မင်းအဖိုးရဲ့ သမိုင်းဝင် မာစီးဒီးကို ထွန်စက်နဲ့ ဝင်တိုက်သွားတဲ့ တရားခံကို အခုထိ ဝရမ်းထုတ်ထားတုန်းမလား”
“ရာ့ ဗြောင်ဘက်ခဟျွန်း”
“ပြီးတော့ မင်းတို့အိမ်က ဝိုင်ဂိုဒေါင်ကို မီးရှို့ခဲ့တဲ့တရားခံကိုရော”
ဆူဟိုရဲ့ လက်သီးတို့က ဖြစ်ခနဲတောင်မြည်သည်
“အဲ့ဒါ ငါတစ်ယောက်တည်း မို့လို့လား မင်းလည်း ပါတယ်လေ”
“လာခဲ့ နှစ်ယောက်လုံး ၊ စခန်းကျမှ ရှင်းမယ်”
ရလဒ်ကတော့ နှစ်ယောက်လုံးကို လက်ထိပ်အတွဲလိုက်ခက်ကာ သေနတ်နဲ့ အချိန်ခံရပြီး ရဲစခန်းကို ရောက်သွားတာပါပဲ
ဗြောင်ဘက်ခဟျွန်းနဲ့ ပါတ်သတ်လိုက်တိုင်း သူ့ဘဝဟာ အဲ့သလို ရှုပ်ထွေးပါသည်
***
A/N : My Loveliesတွေ အားလုံးဖတ်ပြီးမှ နောက်တစ်ပိုင်းဆက်ပါမယ်နော်😚
ပြီးတော့ ဖတ်ရင်းနဲ့ ကာရိုက်တာလေးတွေအကြောင်းကို ခံစားပြီး Commentပြောပေးရင် ရေးတဲ့သူက အာရုံပိုရပါတယ်လို့