ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...
By TtTt04419
49.6K 2.2K 114
Yizhan More
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final
Ep_11
1.1K 62 7
By TtTt04419
" ရှောင်းကျန့်က ဝမ်အိမ်တော်မှာဘယ်လောက်လောက်ကြာကြာနေမှာလဲ! "
သမီးလေးချူးမိန့်စကားကြောင့် သက်ပြင်းခပ်ဖွဖွချလိုက်မိပါရဲ့။
ယောင်္ကျားဖြစ်သူက " ကျန့်လုမေကနိုင်ငံခြားကိုမပြန်မချင်း ရှောင်းကျန့်ကိုအိမ်မှာမထားပါနဲ့ " ဆိုတဲ့ကတိပေးထားလို့ ချူးရင်ရင်က ရှောင်းကျန့်ကိုပြန်ခေါ်လာဖို့အဆင်သင့်မဖြစ်သေးဘူးရယ်။
ဝမ်အိမ်တော်မှာနေရင်လိမ္မာမှာပဲလေ။ရှောင်းကျန့်ကလည်းသိပ်ဆိုးတဲ့ကလေးမဟုတ်တော့ဝမ်အိမ်တော်မှာနေရတာသူ့ဟာနဲ့သူတစ်ယောက်တည်းနေရတာအဆင်ပြေတယ်လို့ထင်မိတယ်။
_______________________
ကျောင်းကပေးထားတဲ့အိမ်စာတွေမပြီးသေးလို့ အိမ်စာထိုင်လုပ်နေတုန်းကအောက်ထပ်ကနေမမချူးမိန့်အသံကြားတာကြောင့် ဘယ်သူမှအသံမကြားအောင်ရှောင်းကျန့်ကအောက်ထပ်ဆင်းလိုက်သည်။ထို့နောက်ကိုကိုနဲ့မမ မမြင်အောင် တိုင်နောက်မှာရပ်ကာချောင်းကြည့်နေလိုက်တယ်။
အောက်ထပ်မှာကိုကိုကမမချူးမိန့်နဲ့စကားတွေပြောရင်းအပြုံးတွေကအသက်ဝင်နေတယ်။ကိုကိုမေမေကလည်းမမအပေါ်ကျသမီးလေးသမီးလေးနဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ်။
ကျန့်ကျန့်အပေါ်ကျရော?
ကိုကိုမေမေကကောင်းကောင်းမွန်မွန်ဆက်ဆံမပေးနိုင်လည်းရပါတယ်။အဓိကကိုကိုကကျန့်ကျန့်တစ်ယောက်တည်းအပေါ်သာကောင်းကောင်းမွန်မွန်ဆက်ဆံပေးပြီးဂရုစိုက်ရင် ပြီးတာပဲကို။
မမနဲ့အတူတူကိုကိုကထိုင်ပြီးစာလုပ်နေတော့ ကျန့်ကျန့်စိတ်ထဲနည်းနည်းတော့မကြိုက်ဘူး။
စာလုပ်တာကဘာတွေများရီစရာပါလို့?ကိုကိုနဲ့မမကအားရပါရရီနေရတာလဲ?ပြီးတော့မမရီပုံရီနည်းကလည်းလက်ကလေးအုပ်ပြီးရယ်နေတာက ရှက်သလိုလိုဘာလိုလိုနဲ့~~~~~ဘာလားပဲ။
ကိုကိုအနားကိုဘယ်သူမှမကပ်စေရဘူး။
ကိုကိုအနားကပ်တဲ့သူမှန်သမျှကျန့်ကျန့်နဲ့တွေ့တာပေါ့လေ။
" ကိုကို ! "
စာအုပ်တွေအကုန်လုံးကိုလက်ထဲမှာပိုက်ပြီးအောက်ကိုဆင်းလာတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်ထဲမှာ"ဒီကလေးကစာအုပ်တွေသယ်ပြီးအောက်ကိုဘာလို့ဆင်းလာတာလဲ " ဟုတွေးမိသား။
" ကျန့်ကျန့်ကစာမတော်ဘူးလေ ကိုကိုကစာတော်တဲ့ကျန့်ကျန့်ကိုသင်ပြပေးပါလား "
" ဆယ်တန်းစာတွေကို ကိုကိုမမှတ်မိတော့ဘူး "
" အာ ကိုကိုကလည်း ဆယ်တန်းစာမြင်တာနဲ့ကိုကိုမှတ်မိမှာပါ နော် နော် "
သနားစရာပုံစံလေးဖြင့်လူကိုလာကြည့်နေတော့ မနေနိုင်လို့ " ဘေးနာလာထိုင် " ဆိုပြီးပြောလိုက်ရသည်။
" ကိုကို "
ဘေးနားကကလေးကအစောကလိုသနားစရာမျက်နှာလေးမဟုတ်တော့ပဲရွှင်လန်းနေတာပဲ။အသံကလည်းကိုကိုဆိုပြီးတက်တက်ကြွကြွခေါ်လာတော့ ရိပေါ်ပြန်ပြောလိုက်တယ်။
" ဘာလဲ ! "
" ကျန့်ကျန့်ကိုစာပြလေ "
" ဟုတ်ပြီ ဟုတ်ပြီ "
ကိုကိုကကျန့်ကျန့်ဘက်လှည့်လာတော့ မမချူးမိန့်မျက်နှာမသိသာပျက်သွားတာမြင်ကိုမြင်လိုက်တယ်။အမယ် သူကပဲမျက်နှာပျက်သွားတယ်ရှိသေး၊သူ့များကိုကိုလေ ! ဘာတွေလိုက်လုချင်တာလဲမသိဘူး။
" ရိပေါ် "
ကိုယ်ကခဏခဏ " ရိပေါ် " ဆိုပြီးခေါ်နေလည်း ရိပေါ်ကလှည့်တောင်မကြည့်ပဲ ရှောင်းကျန့်ကိုပဲစာပြပေးနေတော့ ချူးမိန့်ဝမ်းနည်းမိသား။ရှောင်းကျန့်မလာခင်တုန်းကရိပေါ်ကချူးမိန့်နဲ့စကားတွေအများကြီးပြောပြီးစာတူတူလုပ်နေတာလေ။
အခုရှောင်းကျန့်ကရောက်လာတော့ရိပေါ်ကကိုယ်ရှိမှန်းတောင်မသိတော့ဘူး။
" ငါပြန်ပြီနော် "
" ဟေ့ နေဉီးလေ "
အခုကျမှ ရိပေါ်ကစကားလာပြောတာဆိုတော့ချူးမိန့်ကစိတ်ဆိုးဆိုးဖြင့်ပြေးထွက်သွားလိုက်တယ်။
" ချူးမိန့် ! "
ကိုကိုကမမနာမည်အော်ခေါ်ပြီးမမရှိရာပြေးလိုက်သွားတော့ရှောင်းကျန့်လည်းတစ်ယောက်တည်းမနေချင်လို့ကိုကိုနောက်ကိုပြေးလိုက်လာမိတယ်။ကိုကိုနဲ့မမစကားပြောသံကြားမှ ရပ်ပြီးနားထောင်နေလိုက်တယ်။
" ချူးမိန့် ငါ့ကိုစိတ်ဆိုးတာလား။ "
မမချူးမိန့်ကခေါင်းလေးငုပ်ပြီးရပ်နေရင်း ပြောလာသည်။
" ဟင့်အင်း မဆိုးပါဘူးဟာ ငါတို့ကသူငယ်ချင်းတွေပဲကို "
" ဟာ မဟုတ်ဘူး နင်ငါ့ကိုချစ်တယ်လို့အဖြေပြီးထားတာလေ ပြော "
" ငါ ငါ "
" ဖြေလေ "
မရဘူး ကိုကိုကမမချူးမိန့်ကိုချစ်လို့မရဘူး။ကိုကိုနဲ့မမတို့နှစ်ယောက်ကြားသွားပြီး ရှောင်းကျန့်က မမကိုမြေပြင်ပေါ်လဲကျအောင်တွန်းလိုက်သည်။ထို့နောက်ကိုကိုဘေးရပ်ရင်းကိုကို့လက်မောင်းတွဲကာ​ပြန်ပြောလိုက်တယ်။
" ကျန့်ကျန့်က ကိုကို့ကိုချစ်တယ်ဆိုတာသိရက်နဲ့ မမကလုယူဖို့ကြိုးစားတာလား။ "
" ကျန့်ကျန့်ကို ကိုကိုမချစ်ဘူး "
ကိုကိုကကျန့်ကျန့်လက်ကိုဆွဲဖယ်ပြီးမြေပြင်ပေါ်လဲကျသွားတဲ့မမကိုထူပေးရင်းပြောလာသည်။
ကိုကိုကကျန့်ကျန့်ကိုမချစ်ဘူးတဲ့လား။အဲ့တာဆို ကျန့်ကျန့်နဲ့လက်ထပ်ပါမယ်လို့ပြောတာကရောဘာတွေလဲ? ကျန့်ကျန့်ကကလေးဆိုပြီးစကားကိုပြောချင်ပြောရာတယ်ဆိုပြီးလက်ထပ်ပါမယ်လို့အရူးလုပ်ပြောတာလား။
" မမချူးမိန့်ကိုမချစ်ရဘူး ကိုကိုပဲပြောတော့ ကျန့်ကျန့်ကိုချစ်တယ်ဆိုပြီးတော့ကျန့်ကျန့်နဲ့လက်ထပ်မယ်ဆို ? "
" ကျန့်ကျန့်ကလေးဆိုတော့ ကိုကိုက ကျန့်ကျန့်စိတ်ကျေနပ်အောင်ပြောပေးတာလေကွာ မှတ်ထားနော် ကိုကိုမင်းကိုဘယ်တုန်းကမချစ်ဖူးဘူး "
" ဒါပေမယ့် ကျန့်ကျန့်ကချစ်တယ် "
ကျန့်ကျန့်ကငိုနေရင်းပြောတော့ချူးမိန့်မကြည့်ရက်ဘူး။ကိုယ်သာဆက်ရှိနေရင်ကျန့်ကျန့်နဲ့ရိပေါ်ရန်ဖြစ်မှာအသေချာပဲမို့ ရိပေါ်ကိုသွားတော့မယ်ဆိုပြီးပြောကာဝမ်အိမ်တော်ကနေထွက်သွားလိုက်တယ်။
" ချူးမိန့် ! နေအုံးလေ "
ကိုကိုကမမနောက်ကိုလိုက်မသွားအောင်အနောက်ကနေကိုကို့ကျောပြင်ကိုအတင်းဖက်ထားမိတော့ ကိုကိုကရုန်းကန်းနေတယ်။ကိုကိုကကျန့်ကျန့်ကိုမြေကြီးပေါ်လဲကျအောင်တွန်းထုတ်လိုက်ပြီး ပြောလာသည်။
" ကျန့်ကျန့်ကို ကိုကိုမချစ်ဘူး "
" ဟင့်အင်း ကျန့်ကျန့်ကကိုကို့ပဲချစ်တာ။ကိုကိုမှမဟုတ်ရင်ဘယ်သူကိုမှလက်မထပ်ချင်သလိုဘယ်သူကိုမှလည်းပြန်မချစ်နိုင်လို့ ကျန့်ကျန့်ကိုပြန်ချစ်ပါနော် "
သူ့ကိုပြန်ချစ်ဖို့လက်အုပ်ချီကာငိုရင်းတောင်းဆိုနေတဲ့ကျန့်ကျန့်ကြောင့်စိတ်ပျက်မိတယ်။ကိုယ်ကကိုယ့်ညီလေးတစ်ယောက်လိုသဘောထားပြီးကောင်းပေးနေတာကို၊သူ့ကိုချစ်လို့ကောင်းပေးပါတယ်ဆိုပြီးထင်နေပါရဲ့။
" ကျန့်ကျန့်ကိုမချစ်ရင် ကျန့်ကျန့်နဲ့လက်ထပ်ပါနော် ကိုကို "
" နားထောင်နော် ငါမင်းကိုမချစ်ဘူး ကမ္ဘာပေါ်မှာမင်းနဲ့ငါနှစ်ယောက်တည်းပဲရှိရင်မင်းကိုလည်းပြန်ချစ်မှာမဟုတ်သလို လုံးဝလက်မထပ်ဘူး "
ကိုကိုလို့မသုံးနှုန်းတော့ပဲအခုတော့ကိုယ်ကိုယ့်ကို"ငါ"ဟုဆိုကာသုံးနှုန်းတဲ့အပြင် ကျန့်ကျန့်လို့လည်းမခေါ်တော့ပဲ " မင်း " လို့တောင်ပြောနေပြီပေါ့လေ။
ကျန့်ကျန့်ကမျက်ရည်တွေကိုသုတ်ပြီးမတ်တပ်ထရပ်လာတယ်။ငိုထားလို့မျက်ဝန်းလေးတွေနီနေပြီး ချွေးတွေကလည်းထွက်နေတော့ ရိပေါ်အကြည့်ရှောင်လွှဲလိုက်တယ်။
အွန့် !
သူ့မျက်နှာကိုကျန့်ကျန့်ကကျန့်ကျန့်ရဲ့လက်သေးသေးလေးနှစ်ဖက်ကဆွဲယူပြီးနောက်ကျန့်ကျန့်ကခြေဖျားနှစ်ဖက်ထောက်ကာ၊ကိုကို့နှုတ်ခမ်းပါးလေးကို ထိရုံလေးဖြင့်နမ်းလိုက်တော့ ကိုကို့က ကျန့်ကျန့်ကိုထပ်ပြီးမြေပြင်ပေါ်လဲကျအောင်တွန်းပြန်ပြီ။
" ကိုကို ! "
" ငါမင်းနဲ့မျက်နှာချင်းဆိုထပ်မတွေ့ချင်ဘူး။ "
" ကိုကို ကိုကို "
ကျန့်ကျန့်ကငိုယိုရင်းအော်ခေါ်နေလည်း ကိုကိုကယောင်လို့တောင်လှည့်မကြည့်ခဲ့ပေ။
________________________
Zawgyi
_______________________
" ကိုကို ! "
" ကိုကို "
" ဘာလဲ ! "
" ကျန့်ကျန့်ကိုစာပြလေ "
" ဟုတ်ပြီ ဟုတ်ပြီ "
" ရိပေါ် "
" ငါပြန်ပြီနော် "
" ဟေ့ နေဉီးလေ "
" ချူးမိန့် ! "
" ငါ ငါ "
" ဖြေလေ "
" ချူးမိန့် ! နေအုံးလေ "
အွန့် !
" ကိုကို ! "
" ကိုကို ကိုကို "
________________________
Continue Reading
You'll Also Like
82K 1.9K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
241K 11.1K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
219K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
165K 5.8K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...