Strong Offense ( Book 2 mmtra...

By Bunny-Burning

18.1K 1.6K 140

Book 1 ကို wall ထဲမှာကြည့်ပါရန်။ 201 ကနေစပြီးတင်ပါ့မယ်ရှင့်။ More

Chapter 201
Chapter 202
Chapter 203
Chapter 204
Chapter 205
Chapter 206
Chapter 207
Chapter 208
Chapter 209
Chapter 210
Chapter 211
Chapter 212
Chapter 213
Chapter 214
Chapter 215
Chapter 216
Chapter 217
Chapter 218
Chapter 219
Chapter 220
Chapter 221
Chapter 222
Chapter 223
Chapter 224
Chapter 225
Chapter 226
Chapter 227
Chapter 228
Chapter 229
Chapter 230
Chapter 232
Chapter 233
Chapter 234
Chapter 235
Chapter 236
Chapter - 237
Chapter - 238

Chapter 231

303 36 1
By Bunny-Burning

Unicode

၂၃၁

သူ့တစ်ကိုယ်လုံးသည် အနည်းငယ် တုန်ယင်နေပြီး ဒူးခေါင်းကို လက်ဖြင့်ပိုက်ထားရင်း မျက်နှာအား လက်မောင်းကြားထဲတွင် မြုပ်နှံထားကာ ထိတ်လန့်ကြောက်ရွံမှုတွေနဲ့ ပြည့်နှက်နေ၏။

ချောင်ယွမ် သည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။

ပိုင်ချန်ယွီ သည် သူ၏ ကိုယ်ပိုင်ထိန်းချုပ်နိုင်သော အသိစိတ်ကို ဆုံးရှုံးသွားခဲ့ပြီး အရင်ကလိုမျိုး စံထားလောက်စရာကောင်းသည့် အရည်အချင်းရှိသော သူတစ်ယောက်မဟုတ်တော့ပေ။ ပိုင်ချန်ယွီသည် အားအလွန်နည်းနေသည့် သားရဲပေါက်စ လေးတစ်ကောင်လိုမျိုး နည်းနည်းလေး ထိမိယုံနဲ့တင် သေမင်းနဲ့မျက်နှာခြင်းဆိုင်ရတော့မလိုမျိုးဖြစ်နေ၏။

ပိုင်ချန်ယွီ ကြောက်လန့်နေတာကို မလိုချင်တော့တာကြောင့် ချောင်အန်းသည် မေးနေတာကို ရပ်လိုက်တော့သည်။

တစ်ဖက်လူကသူ့အား မှတ်မိတဲ့ပုံမရပေ။ အသိရှိနေသည့် အချိန်မှာတောင်မှ သူ့ကိုမော့ပြီးမကြည့်ရဲပေ။

သူသည် ပိုင်ချန်ယွီအား ဇွန်သေးသေးလေးတစ်ချောင်းဖြင့် ဆန်ပြုတ်များကို တဇွန်းခြင်း ခွံကျွေးလာသည်။ သူ ၏ အသံသည် အရမ်းကိုညင်သာနေပြီး မျက်နှာထားဟာလည်း အရမ်းကို နူးညံ့နေသည်။ ချောင်ယွမ် ကအလွန်စိတ်ပျက် အားငယ်စွာ ကြည့်မိလိုက်သည်။

ချောင်အန်းသည် ပိုင်ချန်ယွီ အား ဆန်ပြုတ်ကျွေးပြီးသောအခါ ချောင်ယွမ် ကိုလှမ်းကြည့်လိုက်ပြီး...
" မင်းဘာလို့ မသွားသေးတာလဲ? "

ချောင်ယွမ် က နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး ...
" ဒေါက်တာပိုင်ကိုလဲ ကြည့်ပါဦး ဒါက အသက်ရှိနေတဲ့ လူသားတစ်ယောက်တဲ့လား? "

ချောင်ယွမ်ကို ကြည့်လိုက်သောအခါ ချောင်အန်း ရဲ့မျက်နှာပေါ်တွင် နူးညံ့ညင်သာမှုတွေပျောက်ဆုံးနေပြီးစိတ်မရှည်ဟန်ဖြင့်...
" ဒါပေါ့ သူက အသက်ရှိနေတဲ့လူတစ်ယောက်ပဲလေ သူဘယ်လိုပုံစံပဲ ဖြစ်နေပါစေ ငါ သူ့အနောက်မှာ အမြဲရှိတယ် "

" အဲ့ဒါဆို ဟိုတစ်ယောက်ကရော ဘာလဲ? "

" ကျန်းကျန့် က ငါ့ရဲ့ လက်ထောက် "

ချောင်ယွမ် ရဲ့မျက်နှာသည် အနည်းငယ်မဲ့ရှုံ့သွားသည်။ အိမ်မှာတစ်ယောက် Company မှာတစ်ယောက် တော်တော်လေးကို လုံလောက်နေပါပြီ...။

ချောင်ယွမ် ကရယ်လိုက်ပြီး...
" လက်ထောက်တစ်ယောက်ပေါ့?  ဒါဆို သူက အစ်ကို့ ကိုဘာလို့ Hotel လာ မလားမေးတာလဲ တစ်နေ့ကျရင် သူအစ်ကို့ရဲ့ အခန်းထဲကိုတောင် ဝင်လာမှာ စိုးရိမ်မိသား ဒီကိစ္စမှာလည်း အစ်ကို ဒေါက်တာပိုင် ကိုသူ့ရဲ့ပုံမှန်ဘဝလေး ပြန်ရအောင်စောစောစီးစီး လက်လွှတ်ပေးလိုက်ပါတော့ "

ချောင်အန်း ကမျက်မှောင်ကြုတ်လိုက်ပြီး.....
" သူ ငါ့အခန်းထဲဝင်နိုင်မှာမဟုတ်ဘူး "

" ဒါဆိုရင် အစ်ကို သူနဲ့ Company မှာ ဘာမဆိုလုပ်ပြီး အစ်ကိုရှေ့မှာ သူ ဒေါက်တာပိုင် ကိုဆဲဆိုနေရင်တောင် ကိစ္စမရှိဘူးပေါ့ ဟုတ်လား "

ချောင်အန်း ပြန်မဖြေရသေးခင်တွင် ပိုင်ချန်ယွီ ၏ ခန္ဓာကိုယ်သည် ဆေးရုံကုတင်ရဲ့ ဘေးအစွန်းသို့တိုးသွားပြီး သူ၏ လည်ချောင်းအတွင်း ၌ ပူပန်သောကတွေနဲ့သာ ပြည့်နှက်နေ၏။ ချောင်အန်း ကျွေးခဲ့သော ဆန်ပြုတ်များကို အန်ထုတ်ပစ်လိုက်သည်။ လေပြွန်တွင် တစ်စို့စို့ ဖြစ်နေသည့်အတွက် ချောင်းတောင်မဆိုးနိုင်တော့ပဲ တစ်ကိုယ်လုံးတုန်ယင်နေကာ မျက်နှာသည်လည်း အနည်းငယ်ဖြူဖျော့နေသည်။

ချောင်ယွမ် လည်းအပြင်သို့ အမြန်ထွက်သွားပြီး ဆရာဝန်ကို လှမ်းခေါ်လိုက်သည်။ သိပ်မကြာခင်တွင် ကြမ်းပြင်ပေါ်တွင်ရှိနေသော အညစ်အကြေးများကို ရှင်းလင်းရန်အတွက် Nurse များ ဝင်လာသည်။

စစ်ဆေးကြည့်ပြီးသွားသောအခါ ဆရာဝန်ကလာပြောလာသည်။
" လူနာရဲ့ ပင်မ အာရုံကြောစနစ်ကပျက်စီးသွားပြီ အရင်တုံးက သူ့ကိုဘေးထွက်ဆိုးကျိုးတစ်အားပြင်းတဲ့ဆေးမျိုး တိုက်ခဲ့ဖူးလား?  "

" သူဘယ်တော့လောက် ပြန်ကောင်းလာမလဲ "
ချောင်အန်းမေးလိုက်သည်။

"...."
ဆရာဝန် သည်လည်း ဆေးရုံထဲ၌ လူမျိုးစုံကိုမြင်ဖူးသည်။ အရင်ကလည်း ပိုင်ချန်ယွီ ဆိုတာအားကြားဖူးပါသည်။ သူ့အရှေ့တွင် ရှိနေသော သူက ချောင်အန်း မဟုတ်ဘူးဆိုလျှင် ရဲတွေကို Phone လှမ်းဆက်ပြီးလောက်ပြီ။ ဒီအတောအတွင်း ဆေးရုံ၌ ပိုင်ချန်ယွီ ကိုသိသော သူနာပြုများသည် ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏ ပြောတတ်ကြသည်။

" ဒါက ကျွန်တော်လည်း သေချာမသိဘူး ကြည့်ရတာတော့ လူနာက သူ့ရဲ့ အခြေအနေပေါ်မူတည်ပြီး ဒီလိုပုံစံမျိုး အမြဲ ဖြစ်နေမှာပဲ " 

ဆေးဖြတ်ထားတာ တစ်လနီးပါးလောက်ကြာနေပြီဖြစ်ပေမဲ့ ပိုင်ချန်ယွီ ရဲ့အခြေအနေက လက်ရှိမှာ သက်သာလာပုံမရပေ။

ချောင်ယွမ် သည် Nurse နဲ့အတူ ဆေးယူဖို့အတွက် လိုက်သွားသည်။ ဆေးရုံအခန်းထဲ၌ သူတို့သာလျှင် ကျန်ရှိနေသည်။ ချောင်အန်း သည် ဆေးရုံကုတင်ပေါ်ရှိ ပိန်လှီဖျော့တော့ နေသည့်သူအား ကြည့်ကာ...
" သူ ကိုယ်ဝန် ဆောင်နိုင်သေးလား? "

ပိုင်ချန်ယွီ ကသူနဲ့အတူ အချိန်အတော်ကြာအောင်နေခဲ့သည်။ ပထမကတော့ ပိုင်ချန်ယွီ သည် ရေချိုးခန်းထဲ၌ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်နိုင်ပေမဲ့ အခုအခါမှတော့ သူ၏ ကိုယ်ပိုင်အသိစိတ်ကိုတောင် ဆုံးရှုံးသွားပြီဖြစ်သည်။ ပိုင်ချန်ယွီ သည် အချိန်အတော်ကြာထဲက သူ၏ ခန္ဓာကိုယ်အား မိန်းမတစ်ယောက်နဲ့မတူအောင် ပြုပြင် ခွဲစိတ်ခဲ့ပြီးဖြစ်သည်။

ဆရာဝန်သည်လည်း အံသြသွားပြီး သူ့ရှေ့တွင်ရှိနေသောသူက ပိုင်ချန်ယွီအား ဘာလုပ်မလဲ ဆိုတာကိုသိသွားသောအခါ သူကိုယ်တိုင်လည်း စိတ်ချမ်းသာမနိုင်တော့ပေ။

အစတုံးက တရုတ်တိုင်းရင်းဆေးရုံရှိ ဌာနမှူးသည် ပိုင်ချန်ယွီ အား သူ၏ ဆက်ခံသူအဖြစ် လေ့ကျင့်သင်ကြားပေးခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ငွေအမြောက်ပေးပြီး ရာထူးကနေ နှုတ်ပစ်လိုက်သည်။
________________________

Zawgyi Code

၂၃၁

သူ႕တစ္ကိုယ္လုံးသည္ အနည္းငယ္ တုန္ယင္ေနၿပီး ဒူးေခါင္းကို လက္ျဖင့္ပိုက္ထားရင္း မ်က္ႏွာအား လက္ေမာင္းၾကားထဲတြင္ ျမဳပ္ႏွံထားကာ ထိတ္လန့္ေၾကာက္႐ြံမႈေတြနဲ႕ ျပည့္ႏွက္ေန၏။

ေခ်ာင္ယြမ္ သည္ ထိုျမင္ကြင္းကို ျမင္လိုက္ရၿပီး အသက္ရႉၾကပ္သလို ခံစားလိုက္ရသည္။

ပိုင္ခ်န္ယြီ သည္ သူ၏ ကိုယ္ပိုင္ထိန္းခ်ဳပ္နိုင္ေသာ အသိစိတ္ကို ဆုံးရႈံးသြားခဲ့ၿပီး အရင္ကလိုမ်ိဳး စံထားေလာက္စရာေကာင္းသည့္ အရည္အခ်င္းရွိေသာ သူတစ္ေယာက္မဟုတ္ေတာ့ေပ။ ပိုင္ခ်န္ယြီသည္ အားအလြန္နည္းေနသည့္ သားရဲေပါက္စ ေလးတစ္ေကာင္လိုမ်ိဳး နည္းနည္းေလး ထိမိယုံနဲ႕တင္ ေသမင္းနဲ႕မ်က္ႏွာျခင္းဆိုင္ရေတာ့မလိုမ်ိဳးျဖစ္ေန၏။

ပိုင္ခ်န္ယြီ ေၾကာက္လန့္ေနတာကို မလိုခ်င္ေတာ့တာေၾကာင့္ ေခ်ာင္အန္းသည္ ေမးေနတာကို ရပ္လိုက္ေတာ့သည္။

တစ္ဖက္လူကသူ႕အား မွတ္မိတဲ့ပုံမရေပ။ အသိရွိေနသည့္ အခ်ိန္မွာေတာင္မွ သူ႕ကိုေမာ့ၿပီးမၾကည့္ရဲေပ။

သူသည္ ပိုင္ခ်န္ယြီအား ဇြန္ေသးေသးေလးတစ္ေခ်ာင္းျဖင့္ ဆန္ျပဳတ္မ်ားကို တဇြန္းျခင္း ခြံေကြၽးလာသည္။ သူ ၏ အသံသည္ အရမ္းကိုညင္သာေနၿပီး မ်က္ႏွာထားဟာလည္း အရမ္းကို ႏူးညံ့ေနသည္။ ေခ်ာင္ယြမ္ ကအလြန္စိတ္ပ်က္ အားငယ္စြာ ၾကည့္မိလိုက္သည္။

ေခ်ာင္အန္းသည္ ပိုင္ခ်န္ယြီ အား ဆန္ျပဳတ္ေကြၽးၿပီးေသာအခါ ေခ်ာင္ယြမ္ ကိုလွမ္းၾကည့္လိုက္ၿပီး...
" မင္းဘာလို႔ မသြားေသးတာလဲ? "

ေခ်ာင္ယြမ္ က ႏွစ္စကၠန့္ေလာက္ တိတ္ဆိတ္ေနၿပီး ...
" ေဒါက္တာပိုင္ကိုလဲ ၾကည့္ပါဦး ဒါက အသက္ရွိေနတဲ့ လူသားတစ္ေယာက္တဲ့လား? "

ေခ်ာင္ယြမ္ကို ၾကည့္လိုက္ေသာအခါ ေခ်ာင္အန္း ရဲ႕မ်က္ႏွာေပၚတြင္ ႏူးညံ့ညင္သာမႈေတြေပ်ာက္ဆုံးေနၿပီးစိတ္မရွည္ဟန္ျဖင့္...
" ဒါေပါ့ သူက အသက္ရွိေနတဲ့လူတစ္ေယာက္ပဲေလ သူဘယ္လိုပုံစံပဲ ျဖစ္ေနပါေစ ငါ သူ႕အေနာက္မွာ အၿမဲရွိတယ္ "

" အဲ့ဒါဆို ဟိုတစ္ေယာက္ကေရာ ဘာလဲ? "

" က်န္းက်န့္ က ငါ့ရဲ႕ လက္ေထာက္ "

ေခ်ာင္ယြမ္ ရဲ႕မ်က္ႏွာသည္ အနည္းငယ္မဲ့ရႈံ႕သြားသည္။ အိမ္မွာတစ္ေယာက္ Company မွာတစ္ေယာက္ ေတာ္ေတာ္ေလးကို လုံေလာက္ေနပါၿပီ...။

ေခ်ာင္ယြမ္ ကရယ္လိုက္ၿပီး...
" လက္ေထာက္တစ္ေယာက္ေပါ့?  ဒါဆို သူက အစ္ကို႔ ကိုဘာလို႔ Hotel လာ မလားေမးတာလဲ တစ္ေန႕က်ရင္ သူအစ္ကို႔ရဲ႕ အခန္းထဲကိုေတာင္ ဝင္လာမွာ စိုးရိမ္မိသား ဒီကိစၥမွာလည္း အစ္ကို ေဒါက္တာပိုင္ ကိုသူ႕ရဲ႕ပုံမွန္ဘဝေလး ျပန္ရေအာင္ေစာေစာစီးစီး လက္လႊတ္ေပးလိုက္ပါေတာ့ "

ေခ်ာင္အန္း ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး.....
" သူ ငါ့အခန္းထဲဝင္နိုင္မွာမဟုတ္ဘူး "

" ဒါဆိုရင္ အစ္ကို သူနဲ႕ Company မွာ ဘာမဆိုလုပ္ၿပီး အစ္ကိုေရွ႕မွာ သူ ေဒါက္တာပိုင္ ကိုဆဲဆိုေနရင္ေတာင္ ကိစၥမရွိဘူးေပါ့ ဟုတ္လား "

ေခ်ာင္အန္း ျပန္မေျဖရေသးခင္တြင္ ပိုင္ခ်န္ယြီ ၏ ခႏၶာကိုယ္သည္ ေဆး႐ုံကုတင္ရဲ႕ ေဘးအစြန္းသို႔တိုးသြားၿပီး သူ၏ လည္ေခ်ာင္းအတြင္း ၌ ပူပန္ေသာကေတြနဲ႕သာ ျပည့္ႏွက္ေန၏။ ေခ်ာင္အန္း ေကြၽးခဲ့ေသာ ဆန္ျပဳတ္မ်ားကို အန္ထုတ္ပစ္လိုက္သည္။ ေလႁပြန္တြင္ တစ္စို႔စို႔ ျဖစ္ေနသည့္အတြက္ ေခ်ာင္းေတာင္မဆိုးနိုင္ေတာ့ပဲ တစ္ကိုယ္လုံးတုန္ယင္ေနကာ မ်က္ႏွာသည္လည္း အနည္းငယ္ျဖဴေဖ်ာ့ေနသည္။

ေခ်ာင္ယြမ္ လည္းအျပင္သို႔ အျမန္ထြက္သြားၿပီး ဆရာဝန္ကို လွမ္းေခၚလိုက္သည္။ သိပ္မၾကာခင္တြင္ ၾကမ္းျပင္ေပၚတြင္ရွိေနေသာ အညစ္အေၾကးမ်ားကို ရွင္းလင္းရန္အတြက္ Nurse မ်ား ဝင္လာသည္။

စစ္ေဆးၾကည့္ၿပီးသြားေသာအခါ ဆရာဝန္ကလာေျပာလာသည္။
" လူနာရဲ႕ ပင္မ အာ႐ုံေၾကာစနစ္ကပ်က္စီးသြားၿပီ အရင္တုံးက သူ႕ကိုေဘးထြက္ဆိုးက်ိဳးတစ္အားျပင္းတဲ့ေဆးမ်ိဳး တိုက္ခဲ့ဖူးလား?  "

" သူဘယ္ေတာ့ေလာက္ ျပန္ေကာင္းလာမလဲ "
ေခ်ာင္အန္းေမးလိုက္သည္။

"...."
ဆရာဝန္ သည္လည္း ေဆး႐ုံထဲ၌ လူမ်ိဳးစုံကိုျမင္ဖူးသည္။ အရင္ကလည္း ပိုင္ခ်န္ယြီ ဆိုတာအားၾကားဖူးပါသည္။ သူ႕အေရွ႕တြင္ ရွိေနေသာ သူက ေခ်ာင္အန္း မဟုတ္ဘူးဆိုလွ်င္ ရဲေတြကို Phone လွမ္းဆက္ၿပီးေလာက္ၿပီ။ ဒီအေတာအတြင္း ေဆး႐ုံ၌ ပိုင္ခ်န္ယြီ ကိုသိေသာ သူနာျပဳမ်ားသည္ ဒီကိစၥနဲ႕ပတ္သတ္ၿပီး မၾကာခဏ ေျပာတတ္ၾကသည္။

" ဒါက ကြၽန္ေတာ္လည္း ေသခ်ာမသိဘူး ၾကည့္ရတာေတာ့ လူနာက သူ႕ရဲ႕ အေျခအေနေပၚမူတည္ၿပီး ဒီလိုပုံစံမ်ိဳး အၿမဲ ျဖစ္ေနမွာပဲ " 

ေဆးျဖတ္ထားတာ တစ္လနီးပါးေလာက္ၾကာေနၿပီျဖစ္ေပမဲ့ ပိုင္ခ်န္ယြီ ရဲ႕အေျခအေနက လက္ရွိမွာ သက္သာလာပုံမရေပ။

ေခ်ာင္ယြမ္ သည္ Nurse နဲ႕အတူ ေဆးယူဖို႔အတြက္ လိုက္သြားသည္။ ေဆး႐ုံအခန္းထဲ၌ သူတို႔သာလွ်င္ က်န္ရွိေနသည္။ ေခ်ာင္အန္း သည္ ေဆး႐ုံကုတင္ေပၚရွိ ပိန္လွီေဖ်ာ့ေတာ့ ေနသည့္သူအား ၾကည့္ကာ...
" သူ ကိုယ္ဝန္ ေဆာင္နိုင္ေသးလား? "

ပိုင္ခ်န္ယြီ ကသူနဲ႕အတူ အခ်ိန္အေတာ္ၾကာေအာင္ေနခဲ့သည္။ ပထမကေတာ့ ပိုင္ခ်န္ယြီ သည္ ေရခ်ိဳးခန္းထဲ၌ သူ႕ကိုယ္သူ သန့္ရွင္းေရးလုပ္နိုင္ေပမဲ့ အခုအခါမွေတာ့ သူ၏ ကိုယ္ပိုင္အသိစိတ္ကိုေတာင္ ဆုံးရႈံးသြားၿပီျဖစ္သည္။ ပိုင္ခ်န္ယြီ သည္ အခ်ိန္အေတာ္ၾကာထဲက သူ၏ ခႏၶာကိုယ္အား မိန္းမတစ္ေယာက္နဲ႕မတူေအာင္ ျပဳျပင္ ခြဲစိတ္ခဲ့ၿပီးျဖစ္သည္။

ဆရာဝန္သည္လည္း အံၾသသြားၿပီး သူ႕ေရွ႕တြင္ရွိေနေသာသူက ပိုင္ခ်န္ယြီအား ဘာလုပ္မလဲ ဆိုတာကိုသိသြားေသာအခါ သူကိုယ္တိုင္လည္း စိတ္ခ်မ္းသာမနိုင္ေတာ့ေပ။

အစတုံးက တ႐ုတ္တိုင္းရင္းေဆး႐ုံရွိ ဌာနမႉးသည္ ပိုင္ခ်န္ယြီ အား သူ၏ ဆက္ခံသူအျဖစ္ ေလ့က်င့္သင္ၾကားေပးခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ေတာ့ ေငြအေျမာက္ေပးၿပီး ရာထူးကေန ႏႈတ္ပစ္လိုက္သည္။
________________________

Continue Reading

You'll Also Like

48.2K 118 16
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
212K 8.2K 30
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
48.3K 1.2K 176
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. ◆◇◆◇◆◇◆◇ The entire Yunzhou knew that the Ye Family h...
93.8K 2.6K 27
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...