Chapter 232

280 32 1
                                    

Unicode

၂၃၂

ပိုင်ချန်ယွီ နှုတ်ထွက်သွားပြီးတဲ့နောက်တွင်တော့ ဆေးရုံအတွင်းရှိ ဆက်ဆံရေးကောင်းကာ ခင်မင်ရင်းနှီးခဲ့သူများနှင့် အဆက်အသွယ်လုံးလုံးဖြတ်ပစ်ခဲ့ပြီး သူ့ရဲ့ Mobile Phone No ကိုတောင်မှ ပြောင်းပစ်လိုက်သည်။

ပထမကတော့ ပိုင်ချန်ယွီ သည် သူ့ ဘဝတက်လမ်းကောင်းကောင်းရရှိခဲ့သဖြင့် ဆေးရုံကနေထွက်သွားတာဟုပြောကြပေမဲ့ နောက်ပိုင်းတွင်တော့ ပိုင်ချန်ယွီဟာ L City တွင်သာရှိခဲ့ပြီး မျိုးတူ ယောကျာ်းတစ်ယောက်နဲ့အတူ နေထိုင်နေကြောင်း အတင်းအဖျင်းတွေထွက်ပေါ်လာသည်။ အကုန်လုံးက အတင်းအဖျင်းပါပဲ။ ပြီးသွားပါပြီ ။ ပိုင်ချန်ယွီ သည် ဆေးရုံ၌ နှစ်အတော်ကြာအောင် အလုပ်,လုပ်ခဲ့သည်။ တကယ်လို့သာ သူသည် ယောကျာ်းလေးတွေကိုပဲ သဘောကျတယ်ဆိုရင် အချိန်အတော်ကြာထဲက အလုပ်ထွက်သွားမှာလား ။ အခုအချိန်ထိ ဘယ်သူကစောင့်နေမှာလဲ?

ပိုင်ချန်ယွီအား နောက်တစ်ကြိမ်တွေ့လိုက်ရသောအခါ ထက်မြက်သည့်လူတစ်ဦးက ထိုသို့သောအခြေအနေမျိုးဖြစ်နေလိမ့်မည်ဟု ဘယ်သူကထင်မှာလဲ ။ သူ့ခန္ဓာကိုယ်ပေါ်တွင် အကြမ်းဖက်ခံထားရတဲ့သဲလွန်စ အရိပ်အယောင်တွေရှိနေသည်။ အဲ့တာတွေကလည်း တစ်ကြိမ်ထက်တောင်မကပေ။ ပိုင်ချန်ယွီ အလုပ်ထွက်သွားထဲက ဒီလိုမျိုးတွေ ကြုံတွေ့ခဲ့ရဆိုတာ ဖြစ်နိုင်ပါသည်။

ဆရာဝန်ဆီက စကားသံကိုမကြားရသောအခါ ချောင်အန်း ရဲ့မျက်နှာသည် အေးစက်လာပြီး ...
" ခင်များ ကျွန်တော် ပြောတာကို မကြားဘူးလား ဒါမှမဟုတ် ဆေးရုံမှာဆက်ပြီး အလုပ် မလုပ်ချင်တော့တာလား? "

ချောင်အန်း ကစိတ်သဘောထားကောင်းတဲ့သူတစ်ဦးမဟုတ်ပေ။ ကြင်နာသလို လုပ်ပြနေတာတွေက ဟန်ဆောင်မှုတွေသာဖြစ်သည်။

ထုံးစံအတိုင်းပင် ဆရာဝန်က ချောင်အန်း ၏ ဒေါသကိုဆွဖို့အလို့ငှာ မတတ်နိုင်တာကြောင့် ...
" အခု လူနာကအရမ်းအားနည်းနေတယ်  ကိုယ်ဝန်ဆောင်ဖို့ဆို နည်းနည်းတော့ ခက်ခဲမယ် သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အမျိုးသမီး မျိုးပွားတဲ့အရာက မဖွံဖြိုးလာတော့ဘူး သူ့ခန္ဓာကိုယ်က အမျိုးသားသဘာဝဖက်ကို ပိုနေတယ် "

Strong Offense ( Book 2 mmtran )Where stories live. Discover now