Bittersweet

由 Loeykhune

6.5K 817 310

အချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် ​သေချာတာက "Love is a hole in the heart." ဆ... 更多

Champagne Problmes
Coming Home
Something
The Husband Thing
A night with Ex-husband
Down the past lane
A step to break up
Gossip
The Bar Night
Whose Mistake
Waking up in the old bedroom
A tree in my soul
Blue
Hard to hold on, hurt to let it go
The reason why we broke up
Bruises under the surface
💝
L O S T love
Promises
B I T T E R S W E E T🍒🍓
Hi Hi Hi

Beginning or The End

293 38 12
由 Loeykhune

ချန်းယောလ် အိမ်‌ရှေ့ကထွက်သွားတာကို
ခပ်အေးအေးစတိုင်လုပ်ပြီးကြည့်နေမိတဲ့
ဘက်ခဟျွန်းက

သတိရတာနဲ့ နောက်ဖေးတံခါးတွေအားလုံးကိုပါ အပြေးတစ်ပိုင်းသွားကာ သော့ချလိုက်သည်

*ဖူး*

တံခါးတွေကိုဖြတ်ပြီး ဝင်လာနိုင်မှာတော့ မဟုတ်ပါဘူး

စိတ်အေးသွားတာနဲ့ သက်ပြင်းမောတစ်ချက်ကို ဟူးခနဲ လွှတ်ထုတ်မိတော့သည်

၈နှစ်​လော်ကြာမှ ဝုန်းဆို​​ရောက်လာတဲ့ အမျိူးသား​ဖြစ်သူကြောင့် ရုတ်တရက်ကြီး တစ်ခုခုကို ဆာလောင်လာသလိုဖြစ်ကာ မီးဖိုချောင်ဘက် ပြေးမိသည်

“ ကျေးဇူးပြုပြီး ....ရှိပါစေ”

ဘက်ခဟျွန်းဟာ ပုံမှန်ဆို ဘီယာတွေဘာတွေထက် ကိုကာကိုလာလောက်သာ သောက်တတ်တဲ့သူဖြစ်တာမို့
ရေခဲသေတ္တာထဲမှာ ကံကောင်းထောက်မစွာ
တစ်ဘူးတည်းရှိနေသော ဘီယာကပင် သူ့အတွက် ဘုရား​​ပေးတဲ့ ​စိတ်ငြိမ်​ဆေးကြီးဖြစ်သည်

ဝမ်းသာအားရ ဘီယာဘူးကို ဖွင့်ကာ ယူမော့လိုက်သည်

*အဟွတ်..အဟွတ်..အဟွတ်*

“နောက်တစ်ခါ အိမ်ခန်းတံခါးတွေသော့ခတ်ပြီး ပုန်းမယ်ဆို ၊ အပိုသော့ကို အပြင်မှာ ထားတတ်တာမသိစေနဲ့လေ”

ရုတ်တရက်ထွက်လာတဲ့အသံနဲ့ အတူ အိမ်ခန်းထဲ ဝင်ရောက်လာတဲ့လူကြောင့် သောက်လက်စ ဘီယာတို့ သီးကာ တော်တော်နဲ့ စကားပြန်မပြောနိုင်ဘဲ မျက်လုံးပြူးနဲ့သာ ကြည့်နေရတဲ့ ဘက်ခဟျွန်းရယ်ပါ

မက်မွန်သီးပင်ခြေရင်းမှာ အပို​သော့တစ်​ချောင်းဖွက်ထားလေ့ရှိတာမို့ ရအောင်ရှာပြီး ဖွင့်ဝင်လာတဲ့ ချန်းယောလ်

“အဟွတ်..ဒါ.မင်းသူများအိမ်ထဲကို ပိုင်နက်ကျူးကျော်လာတာပဲ ..ငါ့အိမ်ထဲက....ခုထွက်”

“ဘာ ပိုင်နက်ကျူးကျော်တယ်ဟုတ်လား၊ တော်တော်လေး ဒရမာခင်းတာတော်တယ်နော်၊ အဲ့လိုပြောကြေးဆို ဒီအိမ်ဝယ်ထားတာ ငါ့နာမည်လည်းပါတာမို့ တစ်ဝက်ဆိုင်တာပဲ၊ ဒါပေမယ့် စိတ်မပူပါနဲ့ ငါဒီအိမ်စုတ်ကို ပြန်ယူဖို့လာတာမဟုတ်ပါဘူး၊ မင်းသာ လက်မှတ်ထိုးပေးရင် ခုချက်ချင်းထွက်သွားမှာ”

ချက်ချင်းပြန်အော်တဲ့ ချန်းယောလ်ကို ဘက်ခဟျွန်း စူးစိုက်သာကြည့်နေမိတော့သည်

“အဲ့လောက်တောင် ငါ့ကိုလက်မှက်ထိုးစေချင်တာ ဟုတ်လား”

“အေး ဟုတ်တယ်”

“ဒီကိုလာရတဲ့ တစ်ခုတည်းသောအကြောင်းအရင်းက အဲ့လက်မှတ်ကြောင့်ပဲပေါ့ ၊ မင်းမိဘတွေရော မင်းလာတာသိရဲ့လား”

“ငါ့မိဘတွေကိစ္စက မင်းနဲ့မဆိုင်ပါဘူး၊ သိစရာမလိုဘူး”

“အေး..ငါသိဖို့မလိုပေမယ့် တစ်မြို့လုံးကတော့ မင်းမိဘတွေဆီတောင် လာမတွေ့တာ သိနေကြတာပဲ”

“သူတို့ဘာထင်ထင် စောက်ဂရုကိုမစိုက်ဘူး”

“ပတ်ချန်းယောလ်”

“နေပါအုံး ​​ဗြောင်ဘက်ခဟျွန်း မင်းဆီကနေ လက်မှတ်လေးပဲတောင်းတာကို မင်းကတရားဟောဆရာလုပ်ချင်နေတလား။ ဘာဖြစ်ချင်နေတာလဲ..ဘာလိုချင်လို့လဲ ပြော”

စစ်ခနဲနာကျင်ရတဲ့ ခံစားချက်ကို ဘက်ခဟျွန်းမျက်ကွယ်ပြုလိုက်သည်

“မင်းက ငါ့ဆီကနေ လွယ်လွယ်နဲ့ လက်မှတ်ကို ရမယ်ထင်တယ်ပေါ့..ကောင်းပြီလေ အဲ့လောက်မလွယ်မှန်းမင်းကိုသက်သေပြရတာပေါ့၊ ငါလိုချင်တာ လုပ်ပေးမှ ပေးနိုင်မယ်”

“အိုခေ ...နစ်နာကြေးလား၊ ဘယ်လောက်လဲ ပြောလိုက်”

“အဲ့ဒီကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးစေချင်ရင်..မင်းမိဘတွေကို သွားတွေ့ပြီး နှူတ်ဆတ်...”

“အဲ့တာလေးများ..အခုပဲသွားပြီးပြန်လာခဲ့မယ်”

ချန်းယောလ်က ပြောပြောဆိုဆို အိမ်ပြင်ကို ထွက်ဖို့ခြေလှမ်းလှမ်းလိုက်သည်

“နေအုံးငါပြောတာမဆုံးသေးဘူး...မြို့ထဲမှာ မင်းနဲ့ရင်းနှီးခဲ့တဲ့သူမှန်သမျှကို နှုတ်ဆက်ပြီးမှ ပြန်လာခဲ့၊ အဲ့တာသေချာရင် မင်းလိုချင်နေတဲ့ လက်မှက်ကို ထိုးပေးမယ်”

ဘက်ခဟျွန်းဟာ ချန်းယောလ်ကို ရှိသမျှအားနဲ့ အိမ်ပြင်တွန်းထုတ်ရင်း

ချန်းယောလ်ဘာမှမပြောနိုင်ခင် တံခါးတွေကို ပြန်ပိတ်လိုက်သည်

ဒီတစ်ခါတော့ ကုလားထိုင်တစ်လုံးကိုပါ ဆွဲယူရင်း တံခါး‌ရှေ့မှာ ကန့်လန့်ခံထားလိုက်သည်

***

ချန်းယောလ်နဲ့ ဘက်ခဟျွန်းဟာ လွန်ခဲ့တဲ့ ကိုးနှစ်လောက်‌က လက်ထက်ထားပြီး အတူမနေတာဖြင့်ကြာလှပြီ

တိတိကျကျပြောရရင် သူတို့ ခွဲနေတာ ၈ နှစ်တိတိပြည့်ပြီ

ချန်းယောလ်ဟာ Fashion Magazine တစ်ခုမှာ Chief Editor ဖြစ်ပြီး Instagram မှာလည်း Follower 24.1 Millionsအထိရှိတဲ့ Fashion Influencer တစ်ယောက်ဖြစ်လာခဲ့ပြီ

သူနောက်ဆုံး ဘက်ခဟျွန်းကို တွေ့ခဲ့တဲ့နေ့မှာပဲ ဒီမြို့လေးကနေ သူထွက်လာခဲ့တာဖြစ်သည်

သူဘက်ခဟျွန်းအကြောင်းကို အဲ့ဒီတည်းက
မသိတော့တာမို့ ဘက်ခဟျွန်းဘာအလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေလဲတောင် မသိပါ

ငယ်ရွယ်သေးတဲ့ ၁၈ နှစ်မှာ အိမ်ထောင်တစ်ခုကိုလွယ်လွယ်ကူကူပြုခဲ့မိတဲ့ သူ့အမှားပါပဲ

သူ့ရည်ရွယ်ချက်တွေဟာ ဒီလိုမြို့လေးမှာ လှောင်ပိတ်နေဖို့မှ မဟုတ်ခဲ့တာ

တော်သေးတာက ဘာပဲပြောပြော ဒီကနေရုန်းထွက်နိုင်ခဲ့တာ မှန်သည်

မဟုတ်ရင် ဘာရည်ရွယ်ချက်မှာ မရှိတဲ့ အမျိုးသားတစ်ယောက်ကိုသူစိတ်ကုန်စွာထိုင်ကြည့်နေရင်း ဘဝကြီးဘယ်လောက်အကျည်းတန်နေလိုက်မလဲ

အခုတော့ သူ့မှာ သူလိုချင်တဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်လည်း လျှောက်နိုင်ပြီ

ပြီးတော့ ဘက်ခဟျွန်းနဲ့ ယှဉ်ဖို့တောင် အားနာရမယ့် သူ့ကိုအရာရာဖြည့်ဆည်းပေးမယ့်ချစ်သူလည်း ရှိနေပြီ

ဘက်ခဟျွန်းလို မြို့သေးသေးလေးက ကုန်စုံဆိုင်မှာအလုပ်လုပ်တဲ့ ဝန်ထမ်းနဲ့
SM Group ရဲ့ Managing Director တစ်ယောက်ကို နှိုင်းဖို့ရာ အဆင့်ကွာဝေးလွန်းသည်မဟုတ်လား

အဲ့ဒါထက်ပိုတာက သူ့ချစ်သူ ဂျွန်ဟီးက ရည်ရွယ်ချက်ကြီးပြီးထက်မြက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်ပါပဲ

ပြီးတော့ တီရှပ်တစ်ထည်ထပ်ပိုမဝတ်တတ်တဲ့ ဘက်ခဟျွန်းနဲ့ ကွဲပြားစွာ

သူဆင်ပေးတဲ့ ဖက်ရှင်ဒီဇိုင်းတိုင်းကို စမက်ကျစွာဝတ်ဆင်ပေးတတ်တာပါပဲ

ဂျွန်ဟီးနဲ့ တွဲနေတဲ့ကာလအတွင်းမှာ ချန်းယောလ်ဟာ ဘက်ခဟျွန်းဆီ ကွာရှင်းစာချုပ်ကို အကြိမ်ကြိမ်ပို့ခဲ့ပေမယ့် အမြဲတမ်း ဘက်ခဟျွန်းဟာ လက်မှတ်မထိုးပေးဘဲ ပြန်ပို့ပေးခဲ့တာ

ဂျွန်ဟီးဟာ သူ့အပေါ်အရာရာနားလည်ပေးပြီး ဂရုစိုက်တတ်တဲ့သူဆိုတာ သေချာလာပြီးနောက်မှာ ချန်းယောလ်ဟာ လက်ထက်ခွင့်တောင်းခံခဲ့တော့တာပါပဲ

သူတို့နှစ်ယောက်တွဲနေတာကို မီဒီယာဆီပေါက်ကြားပြီး သတင်းထွက်လာတော့မှ

တရားဝင်မကွာရှင်းရသေးတာကို သတိရတော့တာ၊ တစ်ယောက်ယောက်သာ ဒီအကြောင်းကိုအစဖော်လိုက်ရင် သူ့ Image သွားပြီလေ

တော်သေးတာက သူလက်ထက်ထားဖူးတာကို ဘယ်သူမှ သိမနေကြသေးလို့...ဂျွန်ဟီးကိုတောင် သူမ‌ပြောပြဖြစ်တဲ့အထိ

လက်ထက်စာချုပ်အသစ်မှာ လက်မှတ်ထိုးဖို့ အတွက်၊ အဟောင်းကို တရားဝင်အဆုံးသတ်ဖို့ အတွက်

မိဘတွေဆီ လက်ထပ်ပွဲအတွက်ခွင့် အရင်
သွားတောင်းမယ်ဆိုပြီး ဂျွန်ဟီးကို ညာပြီးထွက်လာခဲ့လိုက်တာပဲ

ဒါပေမယ့် သူ့အရင်အမျိူးသားဖြစ်တဲ့သူကတော့  ဗြောင်ဘက်ခဟျွန်းပီသစွာ စိတ်အနှောက်အယှက်ပေးဖို့ အဆင်သင့်စောင့်နေပုံရပါသည်

စိတ်ကုန်လိုက်တာ။

***
A/N ယူတို့​တွေပတ်ချန်း​ယောလ်ကို အရမ်းချစ်​နေကြပြီမလား😝

继续阅读

You'll Also Like

67.6K 1.8K 35
♡︎𝐈𝐍 𝐖𝐇𝐈𝐂𝐇| Leilani Jackson, a 17 year old who's the ex of sugarhillddot whom left on bad terms. but they have to be civil because.. ...they h...
328K 10.7K 11
#Unicode စစ်ရှူံးကာ ကျိန်စာမိသွားရသော ဘီလူး တိုင်းပြည်ရဲ့ ဘုရင်ဟာ..မီးခွက်ပုံစံ လက်စွပ် အတွင်း လှောင်ပိတ်ခြင်း ခံခဲ့ရသည်... တစ်နေ့တွင် ထို ဘီလူးအား က...
1.1M 45.5K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
3.4K 536 16
[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] (zawgyi) ကိုယ့်အတွက်တော့ မင်းဟာလည်း တစ်ရက်မှာ မသောက်ရရင် အသက်မရှင်နိုင်တဲ့ espresso လိုပဲ ... (unicode) ကိုယ့်အတွက်တော့ မင်းဟာလည...