ရူး
By kawkit_
43.9K 2.2K 45
အချစ်ကိုရှာဖွေတွေ့ရှိတဲ့အချိန်ဟာ ကျရှုံးချိန်ပါပဲ..... More
ရူး
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
19
18
20
21
22
23
24
25
26
28
27
29⚠️⚠️
30
31
32
33
34⚠️⚠️⚠️
35
36🔥🌚
37(part 1)
37(part2)
38
39
40
41
42(part1)
42(part2)
43
44
45(part 1)
45(part2)
46(part1)
46(part2)
47(Part 1)
11
836 48 0
By kawkit_
"မောင် .... အကို အိမ်ရှေ့ရောက်ပြီ ...."
"ဟုတ်အကို ....အိမ်ထဲ ခဏဝင်ထိုင်ပေးဦးနော် ...ကျွန်တော်ရေချိုးနေတုန်းမို့"
"ဟုတ်ပြီ...မောင်"
ရက်ပိုင်းအတွင်း မောင်နှင့်ပိုပြီး နီးစပ်လာတော့သည်။ မောင့်အနားမှာရှိတဲ့ အချိန်ဆို မော်ကွန်း အရမ်းပျော်သည်။ မောင်အနားမှာမရှိရင် လစ်ဟာနေသလိုခံစားချက်ကြီး ဖြစ်တည်နေတော့ သူမတွေ့ရမနေနိုင်။ မောင်နဲ့စကားတွေအများကြီး ပြောချင်သည်။ မောင်နှင့် အချိန်တိုင်းတူတူရှိချင်သည်။ မောင့်အချိန်တွေ အကုန်လုံးကို သူ့အတွက်ပဲဖြစ်စေချင်သည်။
"သား....ထိုင်...မြေးလေးမပြီးသေးဘူး"
"ဟုတ်ကဲ့ဗျ ဖွား...."
"ဖွားတို့ဒီနေ့ နယ်ပြန်ဖို့ရှိတယ် သား မြေးလေးအမနဲ့ဖွားနဲ့ ဖွားရဲ့ဝမ်းကွဲအမဆုံးသွားလို့လေ အဲ့ဒါ၃/၄ရက်လောက်သွားဖြစ်မယ် သားကပဲ မြေးလေးကိုဂရုစိုက်ပေးပါဦးနော် ..."
မောင့်ဖွားနှင့် မော်ကွန်းအတော်လေးပင်ရင်းနှီးလာတော့သည်။ ဖွားက မော်ကွန်းနှင့်ဆိုလျှင် ရတုကိုစိတ်ချသည်။ သူ့မြေးလေးအတွက် မော်ကွန်းကိုစောင့်ရှောက်ပေးဖို့ပင် အပ်ထားသေးသည်။
"ဟုတ်ကဲ့ပါဗျ...ဖွား.....ကျွန်တော့်အိမ် ခေါ်ထားလိုက်ရမလားဖွား...သူခြေထောက်မသက်သာသေးတော့ အဆင်ပြေမှာမဟုတ်ဘူး"
မော်ကွန်းမှာ မောင်နှင့်ပိုနီးစပ်ချင်တာကြောင့်လည်းပါသည်။ မော်ကွန်း မောင့်ကိုတစ်စကန့်မျှပင် အပျောက်မခံချင်တော့။
"အေး သား အဲ့လိုလုပ်လို့ရရင်လည်း ခေါ်ထားလိုက်ပါနော် ...သားအဆင်ပြေရင်....မြေးလေးကိုလည်းပြောလိုက်ပေါ့"
"ဟုတ်ကဲ့ပါဗျဖွား..... ကျွန်တော် ကားစီစဉ်ပေးမယ်ဗျ ဖွားဘာနဲ့သွားမှာလဲ"
"Expressနဲ့‌သား....ကားတော့ မလုပ်ပါနဲ့ကွယ် ....ဖွားအားနာလို့ပါ"
"ရတယ် ဖွား...ဖွားလည်းပင်ပန်းမယ်...ကျွန်တော်...ကားတစ်စီးလွှတ်လိုက်မယ်...အဲ့ဒါနဲ့ပဲသွားလိုက်ကြလေ "
ထိုအချိန် ရတု ‌ပြင်ဆင်ပြီး၍ အခန်းထဲကထွက်လာခဲ့သည်။
"အကို အဖွားကို ကားတစ်စီးစီစဉ်ပေးလိုက်မယ်...အသက်အရွယ်ရနေပြီဆိုတော့ Expressစီးရင် ပင်ပန်းမှာစိုးလို့"
"ဟုတ်အကို....အကိုအဆင်ပြေသလိုလုပ်ပေးပါ"
ရတုလည်း စကားအများကြီးထပ်မပြောတော့ဘဲ အကို့သဘောကိုပဲလက်ခံလိုက်သည်။ အားနာတယ်လို့‌ပင် ပြောလျှင်လည်း သူ့ကိုတကယ်မခက်သေးဘူးဖြစ်မှာစိုး၍ဖြစ်၏။
__
"ညနေ အကိုလာကြိုမယ်နော် ... မောင် အကို့အိမ် တစ်ခါထဲလိုက်ခဲ့"
"ဗျာ ...ဘာလို့လဲ"
"ဖွားကို အကိုပြောခဲ့ပြီ အကို့အိမ်ခေါ်သွားဖို့ကို"
ရတု တကယ်ပင်မသိသေး။ အကို့အိမ်လိုက်ဖို့ဆိုတာက ပြောသလောက်မလွယ်။ သူအိမ်မှာလည်း တစ်ယောက်ထဲနေလို့အဆင်ပြေတာမို့ ရတုလိုက်သွားဖို့ပင်တွေဝေနေမိသည်။
"ဟို ကျွန်တော် ခြေထောက်လည်း နည်းနည်းတော့သက်သာနေပါပြီအကို...အကို့အိမ်လိုက်နေရင်အကိုအလုပ်ရှုပ်.."
"တော်‌...တော်.. အကို ဖွားကိုလည်းပြောခဲ့ပြီး...ပြီးတော့မောင့်ခြေထောက်ကကောင်းဖို့လိုသေးတယ်...တစ်ယောက်ထဲဆို အဆင်မပြေဖြစ်မှာစိုးလို့ပါ.... မောင်သွားတော့လေ အကိုလည်းပြန်တော့မယ် "
အကိုက ဘာမျှပင် ဆက်အပြောမခံတော့။ သေချာနေသည့်ပုံစံနှင့်ပြောပြီးထွက်သွားလေသည်။ အကို့အကြောင်းသေသေချာချာရေရေရာရာမသိရသေးတဲ့အခြေအနေမှာ သူအိမ်ထိလိုက်ဖို့တော့ စိုးရွံ့မိပါသည်။ သို့ပေမယ့် ငြင်းဖို့ပင်အင်အားမရှိ။ အကိုက အဖွားကိုပါကြိုပြောခဲ့ပြီမို့ သူလိုက်သွားရတော့မည်။
_____
"ဟဲ့ ရတုမောင် ဒီရက်ပိုင်း မင်းအကိုကြီးနဲ့အဆင်ပြေနေပါ့လား ငါတို့ကိုတောင်မခေါ်ဘူး "
Tutorial ပြီးချိန်မို့ ရတုတို့သူငယ်ချင်းလေးယောက် ထိုင်ပြီး စကားပြောဖြစ်ကြ၏။ ပုံမှန်ဆို အပြင်ထွက် မုန့်စားနေကျ ပေမယ့် ရတုခြေထောက်က သိပ်မလျှောက်နိုင်သေးတဲ့အခြေနေမို့ အတန်းထဲမှာပဲနေဖြစ်၏။
"မဟုတ်ပါဘူးဟာ ဒီလိုပါပဲ ....မင်းတို့ကလည်း"
"ဟား....ဟား......တစ်ခုခုပဲ"
ရှင်းသန့်နဲ့စွမ်းက အတိုင်ဖောက်ညီညီ အရွှန်းဖောက်၏။ သူတို့ကလည်းအကိုက ရတုကိုစိတ်ဝင်စားနေတယ်ဆိုတာကိုပင်သိသည်။ ထို့အချိန် ဖုန်းကောလ်ဝင်လာသဖြင့် ...
"တွေ့လား...ပြောရင်းဆိုရင်း အကိုကြီးလာပြီ"
ရတုက စွမ်းကို မျက်လုံးပြူးပြကာ အသံတိတ်ဖို့ပြောလိုက်ပြီး
"ဟယ်လို....အကို"
"မောင်...."
ဘေးနားကသူငယ်ချင်းသုံးယောက်က ရတုကို ပြုံးစိစိနှင့် ကြည့်နေလေတော့ ရတု နေရခက်လှသည်။ သမီးရီးစားပုံစံပင်ဖြစ်နေကာ ရတုမှာတော့ ဖုန်းပြောရတာပင်မလွတ်လပ်တော့။
"မောင်.....အကို ဒီနေ့ညနေပိုင်း ဂျူတီမရှိဘူး steak သွားစားကြမလား သူငယ်ချင်းတွေပါခေါ်ခဲ့ အကိုပြန်လိုက်ပို့ပေးမယ်"
ရတု သူငယ်ချင်းတွေဖက်လှည့်ကြည့်တော့လည်း ဘာပြောတာလဲ ဆိုသည့်သဘောနှင့် ရတုကိုမျက်စပစ်ပြလေ၏။
"ဟုတ်အကို ....ကျွန်တော်ကအဆင်ပြေပါတယ်"
"ကောင်းပြီ အဆင်သင့်ပြင်ထားလိုက်"
"ဟုတ် အကို"
အကိုဖုန်းချသွားသည်နှင့်
"ဟဲ့...ဟဲ့....ဘာပြောတာလဲ"
"အကိုက steak ဝယ်ကျွေးမို့တဲ့ နင်တို့ကိုပါ"
"ဝါးးးးးမိုက်တယ် စားရပြီ ရတုလေးကောင်းမှုနဲ့"
သူငယ်ချင်းလေးယောက်လုံး steakစားရမယ်ဆိုတော့ ပျော်သွားသည်။ ရတုကတော့ သူ့သူငယ်ချင်းတွေကိုပါ အကိုက အသိမှတ်ပြုတယ်ဆိုတော့ စိတ်ထဲကနေ ပို၍ပင် ဝမ်းသာမိသည်။ အကိုနှင့်ဆက်ဆံရေးက ရည်းစားအဆင့် မဟုတ်သေးသော်ငြား အကို့ရဲ့ဂရုစိုက်မှုတွေကိုတော့ ရတုအထင်းသားမြင်နေရ၏။ အကိုက ရတုအတွက်ဆို သေးသေးလေးကအစ အလိုက်တသိနဲ့ ဂရုစိုက်ပေးလေသည်။
အကိုက ရတု ရင်ထဲသို့ တဖြည်းဖြည်းချင်း စိုက်ဝင်နေသည့် ဆူးလေးတစ်ချောင်းနှင့် တူလေသည်။
—————
ဇာတ်လမ်းလေးက အခုမှ အစပျိုးတုန်းရှိပါသေးတယ်နော် .. နောက်ပိုင်းတွေအတွက် ဇာတ်အိမ်ကို သေသေချာချာလေး ချထားတာမို့ ဖတ်ရှုတဲ့ လူတွေ သဘောကျအောင် ကြိုးစားရေးထားပါတယ်။ ဖတ်ပေးတဲ့ လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
update ကိုလည်း မှန်မှန်လေးတင်ပေးသွားမှာမို့ စောင့်မျှော်ပေးကြပါအုံး 🖤
"ဟုတ်ပြီ...မောင်"
"ဟုတ်ကဲ့ဗျ ဖွား...."
__
"ဗျာ ...ဘာလို့လဲ"
_____
"ဟား....ဟား......တစ်ခုခုပဲ"
"ဟယ်လို....အကို"
"မောင်...."
"ဟုတ် အကို"
"ဟဲ့...ဟဲ့....ဘာပြောတာလဲ"
—————
Continue Reading
You'll Also Like
22.6M 694K 29
"Ethan." Aiden pauses. "I want you." He softly bites my ear. "I want to kiss you more than you will ever know." Trying to avoid the daily beatings of...
816K 18.6K 21
He couldn't break his gaze off me. The depths of his midnight blue eyes indulged in seeing me squirm under their cold, unforgiving gaze. He had his g...
371K 4.1K 102
[Completed- Season one & two] Author... Blackclock
126M 3.1M 49
Keeley accidentally swaps cell phones with a rivaling high school's star quarterback. Unable to switch back until a week later, she must interact wit...