ကျဉ်းမြောင်းလှတဲ့ လမ်းသွယ်ကြားမှာ Mercedes Benz ကားဟာ ခက်ခက်ခဲခဲ တိုးဝင်နေရတယ်
ဒီလမ်းနဲ့ ဒီကားလိုပဲ သူနဲ့ ဒီနေရာဟာ ဘယ်တော့မှ အံဝင်ခွင်ကျဖြစ်မနေဘူး
လမ်းခရီးတစ်လျှောက် ဖုန်လုံးတွေထဲ ဖြတ်မောင်းရတာကြောင့် အညိုနုရောင် သူ့ကားက
မဲသဲနေပြီ
“Shit” သူတသသ ထားရတဲ့ အကောင်းစားကားရဲ့မှန်ပေါ်တင်နေတဲ့ ဖုန်မှုန့်တွေကို ရွံရှာစွာကြည့်ရင်း ဆဲရေးမိတယ်
မတတ်သာလို့ လာခဲ့ရပေမယ့် အဆင်ပြေမနေဘူး
လမ်းတစ်လျှောက်မြင်ရတဲ့ အဆောာက်အအုံ အိုတွေ
ခမ်နွမ်းနွမ်းဝတ်စားထားကြတဲ့ ဖြတ်သွားဖြတ်လာတွေ
ဘာတစ်ခုမှ ပြောင်းလဲဖို့ စိတ်ကူးမရှိကြတဲ့ ငြီးငွေ့စရာပတ်ဝန်းကျင်
လမ်းဘေးက ထမ်းဆိုင်းနဲ့ ဖြတ်သွားသူတွေက လမ်းကျဉ်းကျဉ်းထဲ ကပ်သီးကပ်သပ်မောင်းဝင်လာတဲ့ ကားကို စပ်စုချင်သလိုကြည့်ကြတယ်
ချန်းယောလ်က ကားမှန်ကို သပ်သပ်မချပဲ ဆက်မောင်းနေလိုက်တယ်
တစ်ချို့ သူ့သိတဲ့သူတွေပါနေတာတောင် ကားထဲကနေ မမြင်ချင်ယောင်ဆောင်ပြီးနေလိုက်တော့တယ်
ဘာမှ မဟုတ်တဲ့သူတွေနဲ့ နှုတ်ဆက်ပြီး လေကုန်ခံမနေချင်ဘူး
ရောက်ပြီ...
ခြံစည်းရိုးတိုင်တွေကို ဆေးအဖြူရောင်တွေသုပ်ထားတဲ့ တစ်ထပ်အိပ်ဟောင်းဆီ
ကားထဲက မဆင်းသေးဘဲ နှုတ်ခေါင်းတစ်ချက်ရှုံ့မိတယ်
ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ ခြံစည်းရိုးတိုင်တွေကို ဒီထက်လုံလုံခြုံခြုုံကာဖို့စိတ်ကူးမရှိတာလား
ဒါမှမဟုတ် ပြုပြင်ဖို့ပဲ မတတ်နိုင်တာလား
ဒီအိမ်မှာ သူနေခဲ့တယ်ဆိုတာတောင် မယုံနိုင်ဘူး
ဒါပေမယ့်လည်း မတက်နိုင်ဘူးလေ..သူလာရင်းကိစ္စကိုတော့ ပြီးမြောက်အောင်လုပ်ရမှာပဲ
ကားထဲက ဆင်းလာပြီး တံခါးပေါက်တောင်မရှိတဲ့ ခြံဝင်းထဲ သူဝင်လာလိုက်သည်
ခြံထောင့်က မက်မွန်ပင်အောက်က သစ်ရွက်ဝါတွေဟာ ရှုပ်ပွနေလိုက်တာ
နှင်းစတစ်ချို့မခြောက်သေးတဲ့ မြက်ခင်းပြင်ကြောင့် ခြေလှမ်း လှမ်းတိုင်းသတိထားနေရတယ်
သူ့ချစ်သူဆီက လောလောလက်လက် လက်ဆောင်ရထားတဲ့ Limited Edition Nike Shoe အဖြူရောင်ကို
ဒီကို မစီးလာခဲ့ရင်ကောင်းသား
ရာသီဉတုဒဏ်ကြောင့် ...မှိုရောင်ပေါက်နေတဲ့ သစ်သားခုံတန်းဟာ ထိုင်လို့ရော ရသေးရဲ့လား
*ညနေတိုင်း ဒီသစ်ပင်အောက်မှာ တူတူထိုင်ကြမယ်*
Fuck**…သစ်သားခုံတစ်လုံးကို မြင်တာနဲ့ ခေါင်းထဲ ပြန်ကြားယောင်လာတဲ့ အသံကြောင့် ကိုယ့်ဦးနှောက်ကို ဆဲရေးတိုင်းထွာမိသည်
အသုံးမဝင်လိုက်တာတွေ
“ဝုတ်..ဝုတ်”
ခြံဝန်းထဲမှာ စပ်စုနေတုန်း ခွေးဟောင်သံ ကြားတာမို့ အလန့်တကြား နောက်ဆုတ်မိသည်
ဒါပေမယ့်..သူ့ဆီဦးတည်ကာ နှုတ်ဆက်ဖို့ ပြေးလာတဲ့ ခွေးကို မြင်တော့ ချန်းယောလ် ပြုံးမိသည်
ဒီကောင်ကြီး အခုထိ ရှိသေးတာပဲ
“တိုဘန်ကြီး...နေကောင်းရဲ့လား”
ကျောကိုပွတ်သပ်ပေးလိုက်တော့ ခေါင်းတွေပါခွေ့ပြီး ပွတ်သပ်ကာ မှတ်မိကြောင်းပြနေတဲ့ တိုဘန်ကြောင့် သူ့ အကျီတွေ ပေရေကုန်ပြီ
“တိုဘန်ရေ ဧည့်သည့်ကို မကိုက်ရဘူးနော်”
အိမ်ရှေ့အခန်းတံခါးဖွင့်သံနဲ့အတူ သူရင်းနှီးနေကျ အသံထွက်ပေါ်လာသည်
ချန်းယောလ် မော့ကြည့်လိုက်တော့ အဲ့ဒီသူရဲ့ပြုံးလက်စနှုတ်ခမ်းတို့ ပျောက်ကွယ်သွားတာကို သတိထားမိသည်
“အော်...မင်းကိုး”
ဘက်ခဟျွန်းဟာ မျက်ခုံးတွန့်ကာ သူ့ကိုကြည့်ရင်း ရေရွတ်တယ်
အဲ့ဒီရေရွတ်သံဟာ ၈ နှစ်လောက်နေမှ အိမ်ကို ပြန်ရောက်လာတဲ့ ခင်ပွန်းသည်ကို ကြိုဆိုတဲ့အသံတော့ ဟုတ်မနေတာ ကျိန်းသေတယ်
အေးလေ ဘယ်သူကရော ကြိုဆိုတာခံချင်လို့လဲ
“အရမ်းကို တောက်ပြောင်နေတော့ ဘယ်သူလဲတောင် မမှတ်မိတော့တဲ့အထိပဲ..လာတိုဘန်၊ မင်းကြောင့် အဲ့ဒီတစ်ယောက် အကျီတွေပေကုန်ရင် ငါမလျော်ပေးနိုင်ဘူး”
တိုဘန်ကို တိုးဝှေ့လိုက်လို့ ပေသွားတဲ့ သူ့ဘောင်းဘီကို ခါနေတာကြောင့် ဘက်ခဟျွန်းက တိုဘန်ကို သူ့ဆီပြောင်းခေါ်ရင်း သရော်သလိုပြောတယ်
“အဟက် ...မင်းကတော့ ဘာမှမပြောင်းလဲဘူးပဲ”
ချန်းယောလ်က ဘက်ခဟျွန်းဝတ်ထားတဲ့ အရောင်လွင့်နေတဲ့ တီရှပ်အနက်ရောင်ခပ်ပွပွနဲ့ ဂျင်းကို ဝေဖန်သလိုကြည့်ရင်း ပက်ခနဲပြန်ပြောလိုက်တယ်
တိုဘန်ခေါင်းကို ပုတ်ရင်းချော့နေတဲ့ လက်ကို အမှတ်မထင်ကြည့်မိတော့ လက်သူကြွယ်မှာ ဝတ်ထားမြဲ ငွေရောင်လက်စွပ်ကို ဖြတ်ခနဲ မြင်မိသည်
မဟုတ်မှ ဘက်ခဟျွန်းက သူ့ကိုမျှော်လင့်နေသေးတာလား
ဒါတော့ မဖြစ်နိုင်...ဘာမှဝတ်စရာမရှိလို့ ဒီအတိုင်းဝတ်ထားတာသာဖြစ်လိမ့်မည်
“အင်းပေါ့ မင်းကတော့ တော်တော်ပြောင်းလဲသွားပြီဆိုတော့”
“မြင်တဲ့အတိုင်းပဲလေ..”
ချန်းယောလ်က ပုခုံးတစ်ချက်တွန့်ရင်း မထီတရီပြုံးရင်း ပြောလိုက်တယ်..ဘက်ခဟျွန်းနဲ့ယှဉ်ပြီး ရန်ဖြစ် ငြင်းခုန် နေဖို့ သူလာခဲ့တာမဟုတ်ဘူးလေ
“ဒါနဲ့..ဘယ်လိုမျက်စိလည် လမ်းမှားပြီး ရောက်လာတာလဲ”
“ငါ့သဘောနဲ့ငါဆို ရောက်လာစရာ အကြောင်းမှမရှိတာ..မင်းကြောင့်နဲ့လေ...”
ဖြတ်ခနဲ့ မော့ကြည့်လာတာကြောင့်...အကြည့်ချင်းဆုံသွားတဲ့ မျက်ဝန်းတွေကို ရင်ဆိုင်ကြည့်ရင်း
တစ်လုံးချင်းပီသအောင် ပြောလိုက်သည်။
“ ဒီ ကွာ ရှင်း စာ ချုပ် တွေ ကို မင်းလက်မှက်မထိုးပေးလို့ ရောက်လာရတာလေ”
“သြော်..အဲ့တာကြောင့် ရောက်လာတာလား”
ဘက်ခဟျွန်းရဲ့ ခနဲ့တဲ့တဲ့အပြုံးကြောင့် သူလက်သီးကို ကျစ်နေအောင် ဆုပ်ထားမိတယ်
စိတ်ရှိတိုင်းသာတို အဲ့ဒီကျက်သရေမရှိတဲ့ မျက်နှာကို ဆွဲထိုးပစ်လိုက်ပြီ
“ငါ ဒီစာချုပ်မှာလက်မှတ်ထိုးပေးဖို့ ပို့တာ ဘယ်လောက်ကြာနေပြီလဲ၊ ဘာကိစ္စနဲ့ မင်းကလက်မှတ်ထိုးဖို့ ဒီလောက်တွန့်တိုနေရတာလဲ”
“အဟက်...မင်းက င့ါကို အဲ့ဒီစာချုပ်မှာ လက်မှတ်ထိုးပေးစေချင်တာ ဟုတ်လား၊ ငါ့ဆီက လိုချင်တာ အဲ့တာပဲလား”
“Shit တခြားဘာရှိရအုံးမှာလဲ”
ဘက်ခဟျွန်းက သူ့မျက်နှာကို တစ်ခဏတာ စိုက်ကြည့်တယ်
ပြီးတော့
“မထိုးပေးနိုင်ဘူး”
“ဘာ” ချန်းယောလ်ရဲ့ အသံက ဒေါသကြောင့် မိုးချိန်းသံလို ဟိန်းထွက်လာတယ်
“အဟက်..မင်းလိုချင်တိုင်း လုပ်ပေးရအောင် ငါကအရူးလား”
“စောက်ရေးမပါတာ ဗြောင်ဘက်ခဟွန်း ဒီလက်မှက်လေးထိုးပေးဖို့ကို ဘာတွေကြီးကျယ်နေတာလဲ”
“ဟား...စောက်ရေးမပါတဲ့ လက်မှက်ဆိုလည်း မယူနဲ့လေ”
ပြောရင်းဆိုရင်း တံခါးကို ဝုန်းခနဲပိတ်သွားတဲ့ ဘက်ခဟျွန်းကို ချန်းယောလ် မတားလိုက်နိုင်
“ဗြောက်ဘက်ခဟျွန်း တံခါးကို ခုချက်ချင်းဖွင့်စမ်း”
“သူများခြံထဲမှာ အော်ကြီးဟယ်ကျယ်လုပ်မနေနဲ့ သွားလိုက်တော့ ငါ့ခြံထဲကနေ ခုချက်ချင်းထွက်သွား”
တံခါးကို တဒုန်းဒုန်းထုနေတဲ့ ချန်းယောလ်ကြောင့် ဘက်ခဟျွန်းက တစ်ဖက်မှန်ပြူတင်းပေါက်ကနေ လှမ်းအော်သည်
ဖွင့်ထားတဲ့ မှန်ပြူတင်းပေါက်ဆီ သူပြေးလာတော့ ဘက်ခဟျွန်းက တံခါးကလန့်ရော လိုက်ကာတွေပါချသွားသည်
“အေးပါ တွေ့မယ် ဗြောင်ဘက်ခဟျွန်း ငါက ဒီအိမ်အကြောင်းကို မသိတာကျလို့”
အကြံနဲ့ သူအိမ်ရှေ့က ထွက်လာလိုက်သည်
***
A/N ကဲ ပြော ဆက်ရေးရမလား?