ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...
Da TtTt04419
49.5K 2.2K 114
Yizhan Altro
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final
Ep_9
1.2K 67 3
Da TtTt04419
ကတိပေးပါတယ်ဆိုတည်းကရှောင်းကျန့်ကတောက်လျှောက်သူ့အနားမှာကပ်တော့တာပဲ။စာလုပ်နေလည်းကိုကိုလို့ခေါ်လိုက်၊ဖုန်းကြည့်နေလည်း ကိုကိုရေ၊နေ့ခင်းကျတစ်ရေးလောက်အိပ်မယ်ကြံသေး ကိုကိုရေ ကျန့်ကျန့်အခန်းထဲလာလို့ရလား ​ပြောသေးတာ! အနားမှာပဲအမြဲကပ်နေတော့ ဘယ်လိုပထုတ်ရမှန်းမသိ။
အခုလည်း Tv ကြည့်နေတုန်းကျန့်ကျန့်ကညအိပ်ဝတ်စုံလေးဝတ်ပြီးခွေးအရုပ်လေးပိုက်ကာဘေးနားလာထိုင်တော့ဘာမှမပြောပဲtvကိုသာအာရုံစိုက်ကြည့်နေတာ။ကိုယ့်ကိုဘေးကနေပြုံးပြုံးကြီးထိုင်ကြည့်နေလည်းမသိချင်ယောင်ဆောင်ရတာ၊မနေနိုင်တော့လို့ ပြောလိုက်တော့မှ ကိုကို့ကိုငေးကြည့်တာသဘောကျလို့တဲ့လေ။
ကဲမပြောတော့ဘူး မင်းသဘောကွာ ၊
" ကိုကို ! "
ကိုကိုကTvကိုကြည့်ရင်း " အင်း ပြောလေ " ဆိုပြီးပြောတော့ ရှောင်းကျန့်စိတ်ထဲသိပ်မကျေနပ်ဘူး။ကိုကိုကTvပဲကြည့်နေတော့ Tvကလာတဲ့ဇာတ်လမ်းတွဲကအရေးကြီးတာလား၊ကျန့်ကျန့်ကအရေးကြီးတာာလားလို့မေးလိုက်ချင်ပေမယ့်လည်း ကိုကိုအနှောက်ယှက်ဖြစ်သွားမှာဆိုးလို့မမေးရဲ။
ဘာပဲဖြစ်ဖြစ်ကိုကိုအနားမှာအခုလိုငြိမ်ငြိမ်လေးနေနေရတာကိုပဲကျန့်ကျန့်ကျေနပ်ပါပြီ။
ကိုကိုပခုံးကျယ်ကြီးတွေပေါ်ကျန့်ကျန့်ခေါင်းမှီပြီအိပ်ချင်လိုက်တာကိုကိုရယ်။ကိုကိုပခုံးပေါ်ခေါင်းလေးမှီပြီးအိပ်ရရင်သိပ်ကောင်းမှာပဲ ကိုကို။
စဉ်းစားတာကြာတယ်၊လက်တွေ့ကိုကိုပခုံးပေါ်ခေါင်းမှီပြီးအိပ်လိုက်တော့မယ် ဟွန့် !
ကျန့်ကျန့်ကအရုပ်ကလေးပိုက်ရင်းကိုကို့ပခုံးပေါ်ခေါင်းလေးမှီတော့ ကိုကိုကစိုက်ကြည့်လာတာကို ကျန့်ကျန့်သတိထားမိသား။ကိုကိုကသူ့ပခုံးပေါ်ကျန့်ကျန့်ကခေါင်းမှီပြီအိပ်တာကိုဘာမှပြန်မပြောပဲ Tvပြန်ကြည့်တော့ အလွန်ပျော်သွားရတယ်။
ဒါကဒို့ကိုကိုလေ ! ဒို့ကိုကိုကသိပ်အလိုလိုက်တာပဲ
_________________________
" ရှောင်းကျန့်ကသူ့အိမ်သူမပြန်တော့တာလား မသိဘူး အန်တီ "
တူမဖြစ်သူကထိုသို့မေးလာတော့ အဒေါ်ဖြစ်သူမှာပြန်ဖြေဖို့စဉ်းစားရမလားဖြစ်နေတယ်။သူ့တူမပြောသလိုပဲ...ရှောင်းကျန့်ကသူ့အိမ်သူမပြန်တော့ဘူးလား? စလာတည်းကအချိုးမပြေတဲ့ပုံလေးမို့ကြည့်မရပါဘူးဆိုဒီတစ်သက်မပြန်ဘူးဆိုရင်လည်း သခင်မစုယွဲ့ယွဲ့နဲ့ရန်ဖြစအောင် မြောက်ပေးရမှာပဲ။
ဒီကောင်လေးအိမ်ပေါ်ကဆင်းသွားနိုင်ဖို့ကဒီတစ်နည်းပဲရှိတယ်။
အပြင်ဘက်မှာခြေသည်းထိုင်ညှပ်နေတဲ့ရှောင်းကျန့်ကိုမြင်တော့အစေခံအဒေါ်ကြီးချိုးချိုးကအကြံရသွားတယ်။အကြံကတော့ဒီကောင်လေးအတင်းကိုဒီကောင်လေးကြားအောင်အော်ပြောရမှာပဲ။
အိမ်မှာရှိတာဆိုလို့သူတို့တူရီးနှစ်ယောက်ရယ်၊ကျန်တဲ့အိမ်စေရယ်၊ရှောင်းကျန့်ဆိုတဲ့ကောင်စုတ်လေးပဲရှိတယ်။အိမ်ကသခင်မစုယွဲ့ယွဲ့နဲ့သခင်လေးရိပေါ်နဲ့သခင်လေးရိချန်းကအပြင်ထွက်စျေးဝယ်တယ်တဲ့။သခင်ကြီးကအလုပ်မှာဆိုတော့အေးဆေးရယ်။
" ဟဲ့ နင်တို့သိလား ! တစ်ချို့ကောင်တွေများ အရှက်မရှိသူများအိမ်ပေါ်တက်နေနေတာ ! အိမ်ရှင်ကဖြင့်လက်မခံချင်တော့တာကိုဇွတ်ကိုအတင်းနေချင်လို့ သနားပြတဲ့သူရှိသေး "
" ဟုတ်ပ ဒေါ်လေးရယ် အဖေသေတယ်ဆိုပြီးသနားစရာဇာတ်လေးတွေလုပ်ကြံဇာတ်လေးတွေဖန်းတီးမယ် ဟုတ်တယ်မလား ဒေါ်လေး "
" အော်သိပ်ဟုတ်တာပေါ့ငါ့တူမရယ် "
အစကတော့ကိုယ့်ကိုမကောင်းကြောင်းပြောနေတော့ ရှောင်းကျန့်စိတ်ထိန်းလိုက်ရပါတယ်။ငါကဧည့်သည်ဆိုပြီးစိတ်ထိန်းထားပေမယ့်လည်းဖေဖေကိုလာဆွဲထည့်ပြောနေတော့ ရှောင်းကျန့်စိတ်မထိန်းနိုင်ခဲ့ဘူး။အလကားနေ လူကိုစိတ်တိုအောင်လာဆွတာဆိုလို့ဒီတူရီးနှစ်ယောက်ပဲရှိတယ်။ဖေဖေအကြောင်းကိုမပြောရဲအောင်ပညာပြကိုပြရမယ်။
ရှောင်းကျန့်အကြောင်းကိုမသိကြသေးဘူးထင်တယ်။
" ချိုးချိုး !!! "
ဟင်းချက်ဆောင်ထဲခြေဆောင့်ကာဝင်လာပြီးချိုးချိုးဆိုပြီးနာမည်တပ်ခေါ်လာတဲ့ရှောင်းကျန့်ကြောင့်ဒေါ်လေးချိုးချိုးအလွန်စိတ်တိုသွားရတယ်။
သူကများချိုးချိုးဆိုပြီးအော်ခေါ်ရဲသေးတာ! ကိုယ့်ထက်အဒေါ်ရွယ်လောက်ရှိတဲ့သူကိုနာမည်တပ်ခေါ်ရဲတဲ့ကောင်စုတ်လေးရှောင်းကျန့်ကိုတော်တော်လေးဒေါသထွက်မိသား။သူ့ကိုဘယ်သူကမှချိုးချိုးလို့ခေါ်တာမဟုတ်ဘူး၊အိမ်ရှင်တွေခေါ်တာလဲမဟုတ်ပဲ၊ဘာမဟုတ်တဲ့ပိစိကွေးလေးကနာမည်တပ်ခေါ်ရဲတယ်ဆိုတော့~~~~~~
" ဟဲ့ ငါကနင့်အဒေါ်ရွယ်လောက်ရှိတာနော် ! ငါ့ကိုအဒေါ်တစ်ယောက်လိုလေးစားစမ်း ! "
" ဟုတ်တယ် ဒေါ်လေး အဲ့လိုပြောပစ်လိုက် ! "
တူမကလည်း​ရန်ဖြစ်အောင်မြှောက်ချင်ပေမယ့်လည်းမမြှောက်တက်တော့ ရှောင်းကျန့်ရယ်ချင်မိသား။တကယ်ဟာတွေနဲ့တွေ့နေပြီ။
" ခင်ဗျားကဘာမို့လေးစားရမှာလဲ? အိမ်စေကို ကျန့်ကျန့်ကိုအဒေါ်တစ်ယောက်လိုလေးစားရမှာတဲ့လား အဟက် ! "
" အိမ်စေဖြစ်လည်းဘာဖြစ်လဲ နင့်ထက်အသက်အများကြီး ကြီးတယ်ဟဲ့ "
" ချိုးချိုးပြောတာမှန်ပါတယ်။ဒါပေမယ့် သူများမကောင်းကြောင်းပြောတက်တဲ့ချိုးချိုးစိတ်ဓာတ်အရင်ပြင်လိုက်အုံး ပြီးကျမှ ကျန့်ကျန့်ကိုသင်ပြပေါ့ အဲ့ခါကျရင်တစ်မျိုး ! "
" ဟဲ့ နင်ဘာစကားပြောတာ "
လက်မောင်းကိုပက်ခနဲအကြမ်းကြီးရိုက်လာပြီးချင့်ချိုးကပြောလာသည်။လက်အရင်ပါတာ နင်နော် ! ပီးကျမှ ငါလို့မပြောနဲ့ ချင့်ချိုး !
ချင့်ချိုးရဲ့ဘယ်ဘက်လက်ကိုအမှီရဆွဲယူပြီးကျောနောက်မှာခပ်နာနာလေးလှိမ်ချိုးပေးလိုက်တော့ ချင့်ချိုးကအကျယ်ကြီးအော်လာတယ်။
" အား ငါနာတယ်နော် "
" အဲ့တော့ ငါကဘာလုပ်ရမှာတုန်း !!! "
" နင် ငါ့တူမကိုခုလွှတ်လိုက်စမ်း "
" တောင်းပန် ! "
" ငါကနင့်ဘာလို့တောင်းပန်ရမှာလဲ ဟဲ့ ရှောင်းကျန့် "
အဒေါ်ဖြစ်သူကခါးထောက်ကာအကြီးကျယ်ပြောတော့ ရှောင်းကျန့်လည်းသူ့အလှည့်ကျပိုပြီးအကြီးအကျယ်အော်ပြောလိုက်တယ်။
" မတောင်းပန်နိုင်ရင် ခင်ဗျားတူမကဆေးရုံရောက်သွားစေရမယ် "
" ဘာတွေဖြစ်နေကြတာလဲ !!! "
မီးဖိုးချောင်တစ်ခုလုံးလည်းရှုပ်ပွနေတာပဲ၊အိမ်ထဲစဝင်တည်းကအိမ်စေအဒေါ်ကြီးချိုးချိုးနဲ့ရှောင်းကျန့်အသံတွေကြီးပဲ၊ဆူညံ့နေလိုက်တာများ၊ကြားထဲချင့်ချိုးရဲ့အော်သံတွေပါကြားလို့ စုယွဲ့ယွဲ့တော်တော်လေးလန့်သွားတာ။အခုလည်းသုံးယောက်သားရန်တွေဖြစ်နေတာလက်တွေ့မြင်လိုက်ရတော့မေ့လဲချင်သလိုဖြစ်လာတယ်။
ကိုကိုကစိုက်ကြည့်နေတာမြင်တော့ရှောင်းကျန့်လန့်သွားပြီးချင့်ချိုးလက်ကိုလှိမ်ချိုးထားရာကနေလွှတ်ပေးလိုက်မိတယ်။ထို့နောက်ကိုကိုကအနားလာပြီးကျန့်ကျန့်လက်ကိုဆွဲပြီးကိုကိုကဧည့်ခန်းထဲကိုခေါ်သွားတော့တာပဲ။
____________________________
" သုံးယောက်သားဘယ်လိုစဖြစ်ကြတာလဲ "
ဒေါ်လေးစုယွဲ့မေးတာကဘယ်လိုစဖြစ်ကြတာလဲဆိုပြီးသုံးယောက်စလုံးကိုမေးတာ။ဖြေနေတာကတူရီးနှစ်ယောက်။အဲ့တော့ကျန့်ကျန့်ကတော့မသိသလိုပဲ နရံထောင့်နားလေးမှာမသိသာငြိမ်ငြိမ်လေးရပ်နေရုံပေါ့။
ဒေါ်လေးစုယွဲ့ဘေးမှာထိုင်နေတဲ့ကိုကိုကတော့ဒေါသတစ်ကြီးစိုက်ကြည့်နေတာသိပေမယ့်လည်း ရှောင်းကျန့်မသိချင်ယောင်ဆောင်ပြီးဟိုကြည့်ဒီကြည့်နေရသေးတာ။
" ကျွန်မတို့ကသနားပါတယ်ဆိုပြီးအကောင်းလေးပြောတာကို ကျွန်မတူမလေးလက်ကိုသခင်မမြင်တဲ့အတိုင်းလက်ကိုလှိမ်ချိုးတယ် "
" ဒီမှာ စကားကြည့်ပြော ! "
ရှောင်းကျန့်ကဖြတ်ပြောလာတော့ စုယွဲ့ယွဲ့စိတ်ပျက်မိသည်။လူကြီးစကားပြောနေရင်းဖြတ်​မပြောရဘူးဆိုတာကိုသူမသိတာလား။
" ဘယ်လိုကလေးလဲ! ယဉ်ကျေးမှုမရှိလိုက်တာ ! "
ကိုယ်ကပြောတော့ဒေါ်ချိုးချိုးရဲ့တူမချင့်ချိုးကနောက်ကနေဝင်ပြောလာတယ်။
" ဟုတ်ပ မေမေကြီးရယ် အဖေအမေတွေမဆုံးမတဲ့အတိုင်းပါပဲ "
အ့ !
ကိုယ့်ရှေ့တင်ကိုယ်အိမ်စေချင့်ချိုးရဲ့ပါးကိုရှောင်းကျန့်ကဖြောင်းခနဲခပ်ကြမ်းကြမ်းရိုက်ချတော့စုယွဲ့ယွဲ့ရင်ထဲဘုရားတမိသား။တော်တော်ရိုင်းတာပဲ၊ပြောလေပိုဆိုးလေဆိုတာဒါကိုပြောတာ။
" ဟဲ့ နင်ငါ့အစေခံကိုဘာလို့ပါးရိုက်တာလဲ ရှောင်းကျန့် "
" ဒေါ်လေးစုယွဲ့ယွဲ့ ! အသိစိတ်ကပ်ပါအုံး ကိုယ့်အစေခံဆိုပေမယ့်လည်းပြန်ကိုက်နိုင်တယ် ! သူတို့တူရီးနှစ်ယောက်ကဒေါ်လေးအလုပ်သမားဆိုပြီးဘက်လိုက်ပြီးဆုံးမဖြတ်ပါနဲ့ ကျန့်ကျန့်ကချင့်ချိုးကိုပါးရိုက်တယ်ဆိုတာလည်းမမေးပါနဲ့ သူကဘာလို့
ကျန့်ကျန့်ရဲ့ဖေဖေမေမေကိုဘာလို့အဲ့ပြောရတာလဲ? ကိုယ့်မျက်စိရှေ့တင်ကိုယ့်မိဘကိုစော်ကားပြောဆိုတာကိုကျန့်ကျန့်ကတော့ငြိမ်ခံနေမှာမဟုတ်ဘူး ဒေါ်လေးစုယွဲ့ယွဲ့ !! "
ဘယ်လိုဟာလေးလဲ! သူပဲအားရပါရပြောချင်တာတွေပြောပြီးအိမ်ပေါ်ကိုခြေဆောင့်တက်သွားတာ။မထိလေးစားမခန့်လေးစားလာလုပ်နေတာ၊မိဘတွေကလည်းကွာရှင်းပြီးအမေကပစ်သွားတော့အဖေကစောင့်ရှောက်တော့ဒီကောင်လေးဆိုးသွမ်းတာကိုစုယွဲ့ယွဲ့လက်ခံပါတယ်။
အခုတော့အဖေလုပ်သူကလည်းကားတိုက်ပြီးဆုံးသွားပြီလေ။အရင်ကအကျင့်တွေပြင့်ပြီး၊ကောင်းကောင်းမွန်မွန်လိမ္မာအောင်နေအုံးပေါ့။သူ့စိတ်ကြီးပဲအချိန်ပစ်။ဒီကလေးလေးကိုကြာလာတော့ ဒေါ်စုယွဲ့ယွဲ့အမြင်ကပ်လာပြီ။အစကတော့သနားစရာလေးဆိုပြီးသနားလိုက်ရတာ၊အခုတော့တော်တော်လေးကိုအမြင်ကပ်ဖို့ကောင်းတယ်။
__________________________
Zawgyi
" ကိုကို ! "
_________________________
" ချိုးချိုး !!! "
" ဟဲ့ နင်ဘာစကားပြောတာ "
" အား ငါနာတယ်နော် "
" တောင်းပန် ! "
" ဘာတွေဖြစ်နေကြတာလဲ !!! "
____________________________
" ဒီမှာ စကားကြည့်ပြော ! "
အ့ !
Continua a leggere
Ti piacerà anche
217K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
240K 8.5K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
661K 33.3K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
616K 18.6K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...