ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...
By TtTt04419
49.6K 2.2K 114
Yizhan More
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final
Ep_8
1.2K 75 1
By TtTt04419
မနေ့ညတည်းကဖေဖေနဲ့ဘိုးဘိုးကပြန်မရောက်လို့ ချူးမိန့်စိတ်ပူနေမိတယ်။ဖုန်းခေါ်တော့လည်း စိတ်ပိတ်ထားပါသည်တဲ့လေ။မေမေကလည်းဘာမှမဖြစ်ပါဘူးလို့ပြောနေပေမယ့် သူမစိတ်ထဲမှာတော့တစ်မျိုးကြီးရယ်။
တီ တီ တီ~~~~~~~
ဖုန်းကမြည်းလာတော့ဖေဖေများလာဆိုပြီး ကိုင်လိုက်တော့ ဖေဖေမဟုတ်ပဲ ရိပေါ်ရဲ့ဘိုးဘိုးဝမ်ကျိုးလင်ဆီကဖုန်းဖြစ်နေသည်။
မနက်စောစောကြီးဘာလုပ်ဖုန်းဆက်တာလဲဆိုတာသိချင်လို့ ဘိုးဘိုးဝမ်ကျိုးလင်ပြောမယ့်စကားကိုနားထောင်နေလိုက်တယ်။ဘိုးဘိုးဝမ်ကျိုးလင်စကားကြောင့် ချူးမိန့်တုန်လှုပ်သွားမိတယ်။
ဘိုးဘိုးပြောတာက ဖေဖေနဲ့ဘိုးဘိုးကကားတိုက်ပြီးဆုံးသွားတဲ့လေ။
ပထမဆုံးစိတ်ပူမိတာကရှောင်းကျန့်ကိုပါပဲ။ရှောင်းကျန့်ကသာဖေဖေဆုံးတယ်ဆိုတဲ့သတင်းသိသွားရင် ရှောင်းကျန့်လေး တစ်ခုခုဖြစ်သွားမှာ။ရှောင်းကျန့်ကဖေဖေနဲ့ငယ်ငယ်လေးတည်းကအတူတူနေလာတာလေ၊ဖေဖေဆုံးပြီးလို့အမှန်တိုင်းပြောရင် ရှောင်းကျန့်ကတအားငိုနေရှာမှာ။
ရှောင်းကျန့်နဲ့အတူတစ်အိမ်ထဲနေလာတာမကြာသေးဘူးဆိုပေမယ့်ရှောင်းကျန့်အကြောင်းကိုအမဖြစ်သူချူးမိန့်ကအသိဆုံးပါပဲ။
ဒီကိစ္စကိုရှောင်းကျန့်မသိအောင်လျှိုဝှက်ထားပေးပါကြောင်းပြောတော့ ဘိုးဘိုးဝမ်ကျိုးလင်က လျှိုဝှက်ပေးမယ်ဆိုမှ စိတ်အေးရတယ်။ဖုန်းချပြီးတော့ ဆိုဖာမှာထိုင်နေတဲ့မေမေကိုကြည့်လိုက်မိတယ်။
ချုးမိန့်ဖုန်းပြောပြီးတော့မေမေကဘာတဲ့လဲဆိုပြီးမေးလာတော့ လျှိုဝှက်မထားတော့ပဲအမှန်တိုင်းပြောလိုက်တော့ မေမေကစိတ်ပျက်စွာဖြင့် ထိုင်ချသည်။
မေမေကရုတ်တစ်ရက်ဆိုသလိုထငိုလာတော့
ချူးမိန့်မှာ ဖက်ပြီးနှစ်သိမ့်ပေးရုံသာ။
_____________________________
ဒေါက် ဒေါက်
ဒေါက် ဒေါက်
အခန်းတံခါးကိုလေးကြိမ်လောက်ခေါက်လာလည်း မွေ့ယာပေါ်မှာစောင်ကိုခေါင်မူးခြုံကာအိပ်နေတဲ့ရှောင်းကျန့်ကတော့ " ဘယ်သူလဲ " ဆိုပြီးတော့
အိပ်ချင်မူးတူးအသံဖြင့်ပြောလာသည်။
ဘိုးဘိုးပါလို့ပြောတော့ ရှောင်းကျန့်ကချက်ချင်းထ
ဖွင့်ပေးလာတယ်။
ခုမှအိပ်ယာထခါစဆိုတော့ရှောင်းကျန့်ဆံပင်တွေကရှုပ်ပွနေပြီး၊မျက်နှာကလည်းမရွှင်လန်းဆိုတော့ ဝမ်ကျိုးလင်မှာဆုံးမစကားပြောရမလား၊မပြောရမလားဆိုတာတွေးဝေနေမိတယ်။
" ဘိုးဘိုး ထိုင်လေ "
ရှောင်းကျန့်ကပြောပြီးတာနဲ့ထိုင်ခုံသေးလေးယူပေးလာတော့ ဘိုးဘိုးဝမ်ကျိုးလင်က ထိုင်ခုံသေးသေးလေးပေါ်ဖင်ချထိုင်သည်။ရှောင်းကျန့်က ခဏဆိုပြီးသန့်စင်ခန်းထဲဝင်သွားတယ်။
မျက်နှာသစ်၊သွားမြန်မြန်တိုက်လိုက်ပြီး ရှုပ်ပွနေတဲ့ဆံပင်တွေကို ခေါင်းဘီးဖြင့်ဘီးရင်း မှန်တစ်ချက်ကြည့်ကာသက်ပြင်းချရင်း သန့်စင်ခန်းထဲကနေထွက်လာလိုက်သည်။
" ဘိုးဘိုး ဘာများပြောစရာရှိလို့ "
" သားကျန့် လိမ္မာအောင်နေပါ ! သားကျန့်ရဲ့ဖေဖေကသားကျန့်အနားမှာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ကိုယ့်ဘာသာရပ်တည်နိုင်အောင်ကြိုးစားပါလို့ ဘိုးဘိုးပြောချင်တယ်။သားကျန့်ကငယ်လာမှာမဟုတ်ဘူးလေ တစ်ဖြေးဖြေးအရွယ်ရောက်လာမှာလေ အဲ့တော့ ကိုယ်ကိုယ့်ကိုယ်တစ်ယောက်တည်းရပ်တည်နိုင်ရမယ်။ "
ဘိုးဘိုးကရုတ်တစ်ရက်ကြီးအခန်းထဲလာပြီးတရားတွေလာချနေတော့ ရှောင်းကျန့်စိတ်ထဲသိပ်တော့မကျေနပ်ဘူး။
ဘိုးဘိုးကဘာလို့ခုလိုတွေဆုံးမတာလဲဆိုတာကိုပြောလိုက်ချင်ပေမယ့်လည်း ကိုကိုရဲ့ဘိုးဘိုးဖြစ်နေတော့ ငြိမ်နားထောင်နေလိုက်တယ်။
" ဘိုးဘိုး သွားပြီနော် သားကျန့် "
_______________________
နေ့လည်၁၂နာရီထိုးတဲ့သားကျန့်ကအောက်ဆင်းပြီး ထမင်းလည်းလာမစားတော့ စုယွဲ့ယွဲ့အလွန်စိတ်ပူမိတယ်။ဒီကောင်လေးကခဏတာအိမ်လာနေတဲ့
ဧည့်သည်ဖြစ်ပေမယ့် စုယွဲ့ယွဲ့ကအိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်ဝက်တရားကျေပွန်အောင်ထားပေးရမှာ သူမတာဝန်ပဲလေ။
အစေခံအဒေါ်ကြီးချိုးချိုးကိုအပေါ်ထပ်ပြီးသားကျန့်အခန်းထဲသွားကြည့်ခိုင်းတောလည်း အခန်းထဲမှာမရှိဘူးတဲ့လေ။
ဘုရားရေဘယ်များသွားတာပါလဲ!
အဖေကိုဖုန်းဆက်ပြီးလှမ်းအကြောင်းကြားချင်ပေမယ့်လည်းဖေဖေကအလုပ်ထဲမှာဆိုတော့အနှောက်ယှက်မပေးချင်ပါဘူး။
ဒီကောင်လေးနဲ့တော့ တစ်အိမ်လုံးကိုလိုက်ပြီးဒုက္ခများပေးနေသလားပဲ~~~~~~~~
" ဖေဖေဆီခဏသွားမို့ဆိုပြီး ရှောင်းကျန့်ကစာရေးပြီးစားပွဲပေါ်တင်ထားခဲ့တာတွေ့လို့ မေမေကိုလာ​ပြတာပါ "
သားအငယ်လေးဝမ်ရိချန်းကပြောပြီးစာရွက်လေးပြတော့ စုယွဲ့ယွဲ့ကတော့ ထိုစာလေးကိုဖက်လိုက်မိတယ်။ရှောင်းကျန့်ဖေဖေဆုံးသွားပြီဆိုတာကို ရှောင်းကျန့်မသိစေနဲ့လို့ စုယွဲ့ယွဲ့ရဲ့အဖေဖြစ်သူဝမ်ကျိုးလင်ကကြိုပြောထားတော့ဘာလုပ်ရမှန်းမသိ။
ဖေဖေသာသိသွားရင် တစ်အိမ်လုံးဒုက္ခရောက်တော့မှာပဲ။ဟူးးးး
သက်ပြင်းတစ်ချက်ချမိတော့ ဘေးမှာရပ်နေတဲ့အငယ်ကောင်လေးက မေမေဘာဖြစ်လို့လဲဆိုကာမေးလာတော့ သားကျန့်ကိုပဲရှာဖို့ပြောလိုက်ရတယ်။
သားလေးဝမ်ရိချန်းက ကားသော့ယူပြီးသားကျန့်ကိုရှာဖို့ထွက်သွားသည်။သားဝမ်ရိပေါ်ကိုသားကျန့်အဖေဆုံးသွားပြီဆိုတာပြောရမယ်ဟုတွေးကာ သားရိပေါ်ဆီဖုန်းဆက်လိုက်တယ်။
အကျိုးအကြောင်းပြောပြလိုက်တော့ သားဝမ်က ခုချက်ချင်းပြန်လာခဲ့မယ်ဆိုသည်။
ရှောင်းကျန့်ကိုတားနိုင်တာဆိုလို့ ဝမ်ရိပေါ်တစ်ယောက်တည်းပဲရှိတယ်ထင်ပါရဲ့။
_____________________
အိမ်ကိုမရောက်တာကြာတော့ အိမ်က တိတ်ဆိတ်နေတော့ ရှောင်းကျန့် စိတ်ထဲတစ်မျိုးကြီးရယ်။
ဘဲလ်ခေါင်းလောင်းကို နှိပ်လိုက်တော့မှ မမချူးမိန့်ကဖွင့်ပေးလာသည်။မမချူးမိန့်ကကိုယ့်ကိုမြင်တော့ ရုတ်တစ်ရက်ဆိုသလို လန့်သွားတော့ ရှောင်းကျန့် မသင်္ကာဖြစ်မိသည်။
" ဖေဖေကိုလာရှာတာ ဖေဖေအခုအိမ်မှာရှိတယ်မလား။ "
" ဖေဖေ အိမ် အိမ်မှာ မ မရှိဘူး "
မမချူးမိန့်ကစကားကိုထစ်ငေါ့ထစ်ငေါ့ဖြင့်ပြောပြီးမတည်ငြိမ်ဖြစ်နေတော့ ရှောင်းကျန့်စိတ်မရှည်ဘူး။ဖေဖေအိမ်မှာရှိနေတာကိုမရှိဘူးလို့ မမကတော့လိမ်နေတာပဲဟု တွေးရင်း အထဲဝင်ခါနီးမမကရှောင်းကျန့်ရှေ့ပိတ်ရပ်လာတော့ စကား​ပြောလိုက်တယ်။
" ဘာလဲ ! ဖယ်လေ "
" မမ မမနဲ့အတူ အ့ "
ပြောနေတာတောင်မဆုံးသေးဘူး၊ရှောင်းကျန့်က ချူးမိန့်ကိုမြေပြင်ပေါ်လဲကျအောင်တွန်းပြီး အထဲဝင်သွားတော့ နေပါအုံးလို့​အော်ပြောချိန်တောင်မရခဲ့။
မမကအော်ခေါ်နေလဲ လှည့်ပြန်မကြည့်မိခဲ့ဘူး။မမကမှ ကျန့်ကျန့်ကိုအထဲပေးမဝင်ချင်တာကိုအဲ့တော့ ကျန့်ကျန့်က အိမ်ထဲကိုမရရအောင်ဝင်ရမှာပေါ့။
မမကိုလည်းတမင်လဲကျအောင်တွန်းခဲ့တာမဟုတ်ရပါဘူး။
အိမ်ထဲရောက်တော့ရဲတွေ၃ယောက်၄ယောက်လောက်ကို ရှောင်းကျန့်တွေ့လိုက်ရလို့ လန့်သွားတယ်။အိမ်မှာတစ်ခုခုဖြစ်လို့ ရဲတွေများရောက်နေတာလား။ဒေါ်ချူးရင်ကအမည်းရောင်ဝတ်စုံကြီးဝတ်ပြီး၊တစ်ရှိုက်ရှိုက်ငိုရင်း ရဲတစ်ယောက်ကမေးမြန်းစစ်ဆေးနေတော့ အနားသွားကာ နားထောင်လိုက်တယ်။
" ကျန့်လုမေကို တရားစွဲချင်ပါတယ်။ကျွန်မအထင် ကျွန်မခင်ပွန်းရှောင်းကျီကကားမောင်းတော်တော်လေးကျွမ်းတဲ့သူပါ။ဘယ်လိုလုပ်ကားတိုက်ပြီးသေဆုံးမှာလဲ ? "
ဟင် ဖေဖေကကားတိုက်ပြီးဆုံးတာတဲ့လား။မေမေကျန့်လုမေကိုရောတရားစွဲမယ်ဆိုတာကရော ဘာတွေလဲ? တကယ်နားမလည်နိုင်ဘူး။
" ဟင့်အင်း ဖေဖေမသေဘူး ဟင့်အင်း "
ကျန့်ကျန့်ကအသားတွေတစ်ဆတ်ဆတ်တုန်ခါနေအောင်ပြောပြီး၊စကားပြောနေရင်း တစ်ဖြေးဖြေးမောရှိုက်လာတော့ ချူးရင်စိတ်ပူကာ ရှူဆေးလေးကို ကျန့်ကျန့်နှာခေါင်းနဲ့တေ့ပြီး ရှုခိုင်းလိုက်မှ ချူးရင်ရဲ့ရင်ခွင်မှာ ကျန့်ကျန့်ကငြိမ်ကျသွားသည်။
ကျန့်ကျန့်ကခေါင်းလေးထောင်ပြီး ပါးပြင်ပေါ်ကမျက်ရည်တွေတစ်ဖြေးဖြေးစီးကျရင်း" ဒေါ်လေး ဖေဖေကတကယ်ကားတိုက်ပြီးဆုံးသွားတာလား" ဟု မေးတော့ ဘယ်လိုဖြေရမှန်းမသိ။သူမအလွန်သနားမိတယ်။
ကလေးလေးကအဖေဖြစ်သူကိုသိပ်ခင်တွယ်ရှာတာ၊ဘယ်လိုလုပ်ပြီးသူသိပ်ချစ်ရတဲ့အဖေကိုလောကကြီးကနေဆွဲခေါ်သွားရက်တာလဲ?
" ကျန့်ကျန့် ! "
ကိုကို !
ကျန့်ကျန့်ကသူ့ကိုမြင်တော့အားကိုးတစ်ကြီး​ပြေးဖက်လာပြီးငိုနေတော့ ခေါင်းလေးပွတ်ပြီးနှစ်သိမ့်မိသား။
" အဟင့် အဟင့် မဟုတ်ဘူးမလားကိုကို "
အဖေကိုသိပ်ချစ်တာမို့အဖေဆုံးတာကိုလက်မခံနိုင်တာကိုရိပေါ်နားလည်ပါတယ်။ရိပေါ်လည်း သူအရမ်းချစ်ရတဲ့အဖေဆုံးသွားတည်းကလည်း ကျန့်ကျန့်လိုပဲ၊အမှန်တရားကိုလက်မခံနိုင်ဘူးလေ။တစ်ဖြေးဖြေးနေသားကျလာမှဖေဖေဆုံးတယ်ဆိုတဲ့အမှန်တရားကိုလက်ခံနိုင်ရတယ်။ကျန့်ကျန့်လည်းတစ်နေ့တစ်ချိန်ကျကိုယ်ဘာသာအေးဆေးနေသားကျလာရင် သူ့ဖေဖေဆုံးတာကိုသူလက်ခံနိုင်မှာပါ။အမေကလည်းအဝေးမှာဆိုတော့ စောင့်ရှောက်ပေးမယ်သူဆိုလို့ ဒေါ်လေးချူးရင်နဲ့ချူးမိန့်တို့ရှိသေးတယ်ဆိုတော့ နည်းနည်းလေးတော့ စိတ်အေးရပါတယ်။ဒါပေမယ့်အခုလိုသူ့ကိုအားကိုးတစ်ကြီးဖက်ရင်းငိုနေတော့ သနားတော့သနားမိသည်။
" ကျန့်ကျန့် ! "
ကျန့်ကျန့်ကငိုနေရင်းထပ်ပြီးမောရှိုက်လာကာသတိလစ်သွားတော့ စိုးရိမ်မိတယ်။ကျန့်ကျန့်ကိုယ်လေးကိုပွေ့ချီကာ သူ့အိမ်ကိုခေါ်သွားလိုက်တယ်။
______________________
မွေ့ယာပေါ်အသာလေးချလိုက်ပြီးစောင်လေခြုံပေးလိုက်တယ်။နိုးလာရင်ခေါင်းကြည်အောင်ဆိုပြီးသံပုရာရည်လေးဖျော်ပေးကာစားပွဲခုံပေါ်တင်ပေးရင်း ဘေးနားကနေထိုင်ပြီးစောင့်ပေးနေလိုက်တယ်။
ဟင့်အင်း ကျန့်ကျန့်အနားကနေဖေဖေထွက်မသွားပါနဲ့ ဟင့်အင်း ~~~~~~
အိပ်မက်ထဲမှာသူ့အဖေကိုမြင်ယောင်ပြီးထွက်မသွားပါနဲ့ဆိုပြီးညည်းညူနေတော့ လက်ကလေးကိုင်လိုက်မှ ညည်းညူးရာကနေရပ်သွားပြီး နိုးလာသည်။
နိုးလာတော့" ဖေဖေမသေဘူးမလား "ဆိုပြီးငိုရင်းပြောလာတော့ ရိပေါ်စိတ်မကောင်း။ပါးပြင်လေးကို လက်ကလေးဖြင့်နူးညံ့စွာကိုင်ရင်း ရိပေါ်ပြန်ပြောလိုက်တယ်။
" ကျန့်ကျန့် နားထောင်နော်။ကိုကိုတို့တွေက အမှန်တရားကိုဘယ်သူမှလက်ခံချင်ကြတာမဟုတ်ဘူး။ဒါမဟုတ်ပါဘူးဆိုပြီးထိုင်ငိုပြီးငြင်းလို့လဲမရဘူး၊ကိုကိုတို့တွေငြင်းနေပေမယ့်၊ကြာလာရင် ကိုကိုတို့လည်း အမှန်တရားကိုလက်ခံနိုင်ရမယ်။ကိုကိုတို့ချစ်တဲ့သူတွေကသေဆုံးသွားရင်သူတို့အကြောင်းတွေဆက်တွေးမနေတော့ပဲ သူတို့အတွက်ကောင်းမွန်တာလေးတွေလုပ်ပေးရမယ်။သူတို့အတွက်အကျိုးပြုတာလေ၊အဲ့တော့ဘာမှဆက်မတွေးပါနဲ့ "
" ကိုကို့စကားနားထောင် "
" စကားနားထောင်ရင် ကျန့်ကျန့်အနားကနေထွက်မသွားဘူးမလား "
" အင်း ထွက်မသွားဘူး "
" စကားကိုပြီးစလွယ်မပြောပါနဲ့ ကတိပေးပါ "
မျက်ရည်ဝဲတဲတဲလေးနဲ့ကြည့်ပြီးပြောလာတော့ ရိပေါခင်ဗျာ " ကတိပေးပါတယ် " ဆိုပြီးအမြန်ပြောလိုက်ရတယ်။
_____________________
Zawgyi
တီ တီ တီ~~~~~~~
_____________________________
ဒေါက် ဒေါက်
ဒေါက် ဒေါက်
ဖွင့်ပေးလာတယ်။
" ဘိုးဘိုး ထိုင်လေ "
_______________________
_____________________
" ဘာလဲ ! ဖယ်လေ "
" မမ မမနဲ့အတူ အ့ "
" ကျန့်ကျန့် ! "
ကိုကို !
" ကျန့်ကျန့် ! "
______________________
" ကိုကို့စကားနားထောင် "
" အင်း ထွက်မသွားဘူး "
_____________________
Continue Reading
You'll Also Like
191K 19K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
618K 18.6K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
164K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...