"ကျုပ်ညီမလေးက ဒီလောက်မကောင်းသလို မင်းသားရှောင်ရဲ့ ချီးမွှမ်းမှုမျိုးနဲ့ မထိုက်တန်ပါဘူး၊ ကျုပ်ညီမလေးက တခြားသူကို ကတိပေးပြီးသွားပါပြီ။ ဒီနေ့ သူမက အမေ့နဲ့အတူ လိုက်လာခဲ့တာပါ " ယုရန်ချန်က မကျေမနပ်ဖြစ်နေပေမယ့် သူပြန်ဖြေရင်း ပြုံးနေသေးတယ်။
"အိုး ၊ သူမ စေ့စပ်ထားပြီးပြီး ၊ အဲဒါ သနားစရာပဲ ။ မင်းအဲ့ဒါကို တမင်များလုပ်နေသလားလို့ ကျုပ်တွေးမိတယ် " ဖန်ယုလန်သည် သူမ စေ့စပ်ထားသော်လည်း အဝေးကို မကြည့်ခဲ့ပေ။ အဲဒီအစား သူကပြုံးပြီး ယုရန်ချန်ကို ဂရုမစိုက်ဘဲ လှည့်ကြည့်လိုက်တယ်။
ယုရန်ချန်၏ အမူအရာသည် ရုတ်တရတ် ပြောင်းလဲသွားပြီး စကားထစ်သွားခဲ့သည်။ "ဒီ... ဒါ....ဒါက...."
"ရှစ်ယောက်မြောက်ညီတော်၊ မြင့်မြတ်တဲ့အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာက အလွန်အရေးကြီးပါတယ် ။ မင်မြို့စားအိမ်တော်ရဲ့ အမျိုးသမီးက မြို့တော်မှာ ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး ထင်ရှားကျော်ကြားသောနာမည်ကျော် အမျိုးသမီးတစ်ဦးလည်းဖြစ်တယ် ။ ညီတော် နောက်ပြောင်ခြင်းမပြုပါနှင့်၊ သူမ၏ဂုဏ်သိက္ခာကို မထိခိုက်စေပါနှင့် " ဖန်ယုရှောင်သည် ယုရန်ချန်ကိုကူညီရင်း ပြုံးလိုက်သည် ။ သူက ဖန်ယုလန်ရဲ့ ယုရုံ အကြောင်း ဆွေးနွေးတာကို စကားလုံးအနည်းငယ်နဲ့ ဟာသတစ်ခုလို အသံထွက်စေပြီး ဖန်ယုလန် ကြောင့်ဖြစ်ရတဲ့ မုန်တိုင်းကို ငြိမ်သက်သွားစေခဲ့တယ်။
ယုရန်ချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖန်ယုရှောင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
"သခင်မလေးယုက မြို့တော်မှာ နာမည်ကြီးပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ် ။ ဒါကို အစ်ကိုကြီးလည်း သိပါတယ်။ ကျုပ်က မကြာသေးမိကမှ မြို့တော်ကိုပြန်လာခဲ့ပြီး ဒီအကြောင်းတွေကို မသိဘူး ။ ကျုပ်က မြင့်မြတ်တဲ့ မိန်းမတွေ အားလုံးက အတူတူပဲလို့ ထင်ခဲ့တာ ။ သူတို့ကို အိမ်မှာပဲ အမြဲသိမ်းထားလို့ သူတို့အကြောင်း ဘယ်သူမှမသိဘူး ။ အဲဒါကြောင့် ကျုပ် သခင်မလေးယုကို စတွေ့တုန်းက အရမ်းသဘောကျခဲ့တာ။ ဒါက ဒီလောက်ပါပဲ ၊ လူတိုင်းလည်း ဒီအကြောင်းကို သိကြမှာပါ "
ဖန်ယုလန်သည် ဖန်ယုရှောင်၏ အနှောင့်အယှက်ကြောင့် ဒေါသမထွက်ခဲ့ပေ။ အဲဒီအစား သူက ရယ်မောပြီး ဖန်ယုရှောင်ဘက်ကို လှမ်းကြည့်ရင်း သူနဲ့ တူညီတဲ့ အကျိုးစီးပွားရှိတဲ့သူတစ်ယောက်ကို တွေ့လိုက်ရသလိုပါပဲ။ “အကိုကြီး၊ ကျုပ်ကိုပြောစမ်းပါ ၊ သခင်မလေးယုက လွဲလို့ တခြားအမွန်မြတ်ဆုံးမိန်းမတွေကြားမှာ ဘယ်သူက အလှဆုံးလို ထင်လဲ” ဖန်ယုလန်ကပြောရင်း သူ့အသံကိုပင် ရည်ရွယ်ချက်ရှိရှိ နှိမ့်ချလိုက်သည် ။
သူသည် တိုးတိုးလေးပြောလိုက်သော်လည်း ဖန်ယုလိ ၊ ယုရန်ချန် နှင့် သူ့ရှေ့ရှိ အခြားသော မှူးမတ်များက ပြတ်ပြတ်သားသားကြားနိုင်လောက်အောင် အသံထွက်နေခဲ့သည်။
ယုရန်ချန်၏ မျက်နှာသည် နီမြန်းလာပြီး ဖန်ယုရှောင်၏ အပြုံးသည် အေးခဲသွားသည်။ သူ့လက်ထဲမှာ ဝှေ့ယမ်းနေတဲ့ ယပ်တောင် တောင် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ဘူး ။ ခဏအကြာတွင်၊ သူက ဖန်ယုလန်အား တိုးတိုးလေးတင်းတင်း ပြောလိုက်သည် "ညီတော် ၊ ခမည်းတော်က ငါတို့သုံးယောက်ကို ဒီညပွဲကြီးမှာ တာဝန်ခံခိုင်းလိုက်တာ။ ဒီမှာ မြင့်မြတ်တဲ့အမျိုးသမီးတွေအကြောင်း ဆွေးနွေးတာက မယဉ်ကျေးဘူး "
အထူးသဖြင့် ဖန်ယုလန်သည် အမျိုးသမီးတွေအကြောင်းပြောတဲ့အခါ နည်းနည်းလေးမှ လေးစားပုံမပေါက်ပေ ။ သူသည် ပြည့်တန်ဆာခန်းထဲက မိန်းကလေးတွေအကြောင်း သူပြောနေပုံရတယ်။ သူဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းသိပါတယ်။ မြင့်မြတ်သောမိန်းမတို့သည် ယခုအခါ အပြင်ထွက်၍ လူရှေ့သူရှေ့၌ ထင်ရှားရှိကုန်နေကြ၍ ကျင့်ဝတ်ကို မသိဟု ဆိုနေသည် ။ ယခု သူက ယုရုံကို အထူးပြောခဲ့ပြီးပြီမို့ ယုရန်ချန်က ရှက်ကိုးရှက်ကန်းဖြစ်ပြီး ဒီအခြေအနေက ဘယ်လိုမှ ရုန်းမထွက်နိုင်ပါဘူး။
ဖန်ယုရှောင်ပြောတာကို သူကြားတဲ့အခါ ဖန်ယုလန်ရဲ့ မျက်လုံးတွေဟာ ညကောင်းကင်မှာ ကြယ်တွေလို တောက်ပနေပါတယ်။ သူ့မျက်လုံးများက သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက်၊ သူက ဖန်ယုရှောင်အတွက် ဝိုင်တစ်ခွက်ကို လောင်းချပြီး သူ့ထံသို့ ပေးလိုက်သည်။ သူက ဖန်ယုရှောင်ကို မျက်လုံး မှိတ်ပြပြီး တိုးတိုးလေးပြောလိုက်သည် ။ သူက သူတို့ပြောနေတာတွေအားလုံးကို အတိအကျ သိနေပုံပါပဲ "အစ်ကိုကြီး စိတ်ချပါ ။ ကျုပ်ဘာမှ မပြောတော့ပါဘူးကွာ ။ မင်းရဲ့ အကြောင်းကိုပဲ ကျုပ်တို့ ပြောကြတာပေါ် ၊ မင်းရင်ထဲက ဒီအလှဆုံးကောင်မလေးအကြောင်း ကျုပ်ကိုအသေးစိတ်ပြောပြလို့ရတယ်။ "
ထိုစကားကြောင့် ဖန်ယုရှောင်၏အမူအရာသည် ရုပ်ဆိုးလာသည်နှင့်အမျှ ဖန်ယုလိ၏အမူအရာသည် ပို၍ပင် ရုပ်ဆိုးလာသည်။ ဖန်ယုလိ၏နဖူးပေါ်ရှိ အစိမ်းရောင်သွေးပြန်ကြောများ တဆတ်ဆတ်တုန်လာသည်။ သူသည် ရှေ့ကို ပြုံးပြုံးလေး ကြည့်နေသော်လည်း ဖန်ခွက်ကို သူ့လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
မြို့တော်မှာ အလှဆုံး မိန်းကလေးက ဘယ်သူလဲ။ ဒါက သေချာပေါက် တင်အိမ်တော်ရဲ့ လင်းဖန်ရန်ပဲ ၊ အဲ့ဒါက ဖန်ယုလိ ရွေးချယ်ထားတဲ့ ဘုရင်မပါပဲ ၊ သူတို့နှစ်ယောက်သည် ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြတာပါ။ ထို့ပြင် ဧကရီသည် သူနန်းတက်သရွေ့ လင်းမိသားစုမှ ဧကရီအဖြစ် သင့်လျော်မည့် ကိုယ်စားလှယ်လောင်းကို စေလွှတ်မည်ဟု အရိပ်အမြွက်ပြောခဲ့ဖူးသည်။ ထိုသူက လင်းဖန်ရန်ကလွဲလို့ တခြားဘယ်သူဖြစ်နိုင်မလဲ။ ထို့ကြောင့် သူသည် လင်းဖန်ရန် ကို သူ့မိန်းမအဖြစ် သဘောထားခဲ့ပြီးဖြစ်သည်။
သို့သော် ထိုနေ့တွင်၊ ဖန်ယုရှောင်သည် လင်းဖန်ရန်ကို ညဘက် မီးပုံးပွဲတော်သို့ ခေါ်ဆောင်လာသည်ဟု သူ့လူများက ပြောသည်ကို ကြားလိုက်ရသည်။ ထို့နောက် နှစ်ယောက်သား အမွှေးနံသာအိမ် ၏ သီးသန့် တဲတစ်ခုသို့ သွားကြသည်။ ဖန်ယုလိက ဒါကို ဘယ်လို ခံနိုင်ရည်ရှိနိုင်မလဲ။ သူသည် ဒေါသတကြီးဖြင့် သူ့လူတွေကို ခေါ်ကာ အမွှေးနံသာအိမ်သို့ သွားခဲ့သည် ။
ကံကောင်းထောက်မစွာ၊ သူသည် အမွှေးနံသာအိမ်ရှိ သီးသန့်တဲထိုးတံခါးကို တံခါးခေါက်ရန် သူ့လူများကို ခေါ်လာသောအခါတွင် သူသည် ဆင်ခြင်တုံတရားရှိနေဆဲဖြစ်ပြီး ကြင်နာစွာပြုမူတတ်သည်ကို သိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် အတွင်းဘက်တွင် စကားစမြည်ပြောနေကြပြီး သူစိတ်ကူးထားသည့်အတိုင်း မသင့်လျော်သောအရာတစ်ခုမျှ မဖြစ်ခဲ့ပေ။ သုံးယောက်သား ပျော်ရွှင်စွာ စကားစမြည်ပြောပြီး ကိုယ့်အိမ်ကိုယ်ပြန်သွားကြတယ်။ အဆင်မပြေတာ ဘာမှ မဖြစ်ခဲ့ဘူး။
သို့သော် သူ့နှလုံးသားထဲတွင် ထိုအရာက ဆူးတစ်ခုဖြစ်နေဆဲပင် ....
အခုတွင် ဖန်ယုရှောင်သည် ဖန်ယုလန်နှင့်အတူ လင်းဖန်ရန် အကြောင်း ဆွေးနွေးလိုသေးကြောင်း ကြားသိရသဖြင့် ဖန်ယုလိသည် ဒေါသများ သူ့ခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ သူသည် ပေါက်ကွဲထွက်တော့မည်။
ဖန်ယုလိတစ်ဦးတည်းသာ ဒေါသပေါက်ကွဲမည့်သူ မဟုတ်ပေ။ ဖန်ယုရှောင် ၏နဖူးသည် တဆတ်ဆတ်တုန်နေပြီး သူ့မျက်လုံးများတွင် ဒေါသအရိပ်အမြွက်ပြသွားသည်။ ထို့နောက် သူတို့သည် တစ်ဖန် နူးညံ့သိမ်မွေ့လာပြီး ဖန်ယုလန်က သူ့အား ပေးသောဝိုင်ကို လက်ခံလိုက်သည်။ သူ ဖန်ခွက်ကို မလောင်းခင် စားပွဲပေါ်တင်ပြီး တစ်ကျစ်သောက်လိုက်တယ်။
"အဋ္ဌမမြောက်ညီလေး ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းရဲ့အိမ်မှာ အကသမားတွေနဲ့ အဆိုတော်တွေ တော်တော်များများကိုခေါ်ပြီး အောင်ပွဲခံခဲ့တာကို ဖေဖေက ဒေါသထွက်ခဲ့တယ်။ ခမည်းတော်က ဒီည အခမ်းအနားအတွက် မင်းကို အပြင်ထွက်ခွင့်ပြုဖို့ပဲ သဘောတူခဲ့တယ်။ သူ့ကို ထပ်ပြီး စိတ်ဆိုးအောင် မလုပ်ရဘူး။ မင်း ဒီလောက်တပ်မက်မနေဘဲနေတာ ပိုကောင်းပါတယ် "
သူ၏ ချောမောပြေပြစ်သော အသွင်အပြင်သည် ရိုးသားသော အပြုံးနှင့် ပေါ့ပါးသော သက်ပြင်းချမှုတို့နှင့်အတူ ဖန်ယုလန်၏ ပုခုံးကို ပုတ်လိုက်သောအခါတွင် သူသည် နှောင့်ယှက်သော ညီငယ်ကို ဖြားယောင်းသွေးဆောင်ရန် ကြိုးစားနေသော အကိုကြီးတစ်ဦး ဖြစ်ပုံရသည်။
"အဋ္ဌမမြောက်ညီတော် ၊ အကိုကြီးပြောတာ မှန်ပါတယ် ။ အဖေ့ကို နောက်မှတွေ့တဲ့အခါ ဒီလိုမျိုး ထပ်မပြောသင့်ဘူး။ ဒီညအတွက် မင်းရဲ့အကြံကောင်းကြောင့် အဖေက မင်းကို ဆုချဖို့ ရည်ရွယ်ထားတယ်။ အလှပဆုံး မီးပုံးပြုလုပ်ဖို့အတွက် အဖေက ပုလဲ ၉၉၉ လုံးကို အသုံးပြုခဲ့ကြောင်း ကြားသိခဲ့ရတယ် ။ ဘယ်သူကအနိုင်ရသွားပြီး ဒီမီးပုံးကို ဘယ်သူရမလဲဆိုတာ ကြည့်ကြရအောင် " ဖန်ယုလိက စိတ်ငြိမ်သွားပြီး ဖန်ယုရှောင်ကို ပြုံးပြပြီး ခေါင်းစဉ်ပြောင်းလိုက်တယ်။
“အစ်ကိုတို့၊ မင်းရဲ့သွန်သင်မှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ် ၊ အစ်ကိုတို့ ကျုပ်တော့ သေချာပေါက် မပြောတတ်ဘူး ၊ ဖေဖေက ကျုပ်ကို ဒီမီးပုံးပေးရမှာပေါ့ ။ အစ်ကိုကြီး ၊ တတိယအစ်ကို မင်းတို့နှစ်ယောက်က အဲ့ဒါအတွက် ကျုပ်နဲ့ မတိုက်ခိုက်ရဘူး ၊ ကျုပ် အရေးပေါ်ကိစ္စအတွက် မီးပုံးလိုတယ် " ဖန်ယုလန်သည် သူ၏ ချောမောသော မျက်လုံးများကို မှိတ်ထားလိုက်ပြီး အလျင်အမြန် ဝင်လာသော အစေခံတစ်ဦးထံကို သူ့အကြည့်များ လွင့်ပျံသွားသည်။
"ကောင်းပြီ ၊ အစ်ကိုကြီး မင်းအဲဒါကို လိုချင်တယ်ဆိုကတည်းက မင်းနဲ့ပြိုင်ပြီး လုမှာ မဟုတ်ပါဘူး။"
ဖန်ယုလန်၏ စိတ်ကို အနိုင်ယူရန် ထိုကဲ့သို့သော အရုပ်ကို အသုံးချနိုင်လျှင် မည်သူမျှ ကျဆုံးသွားမည်မဟုတ်ပေ။
ယနေ့ည မီးပုံးပွဲတော်တွင် မီးပုံးပင်လယ်အကြောင်း ပြောရလျှင် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့်မီးပုံးများသည် ရာနှင့်ချီသော မီးပုံးများဖြင့် ပြုလုပ်ထားသည်။ လူတိုင်းက ဒီအကြောင်းကို ပြောကြပြီး လှပတဲ့ မီးပုံးတွေအကြောင်း နဲ့ အပြင်မှာဘယ်လိုကွာခြားလဲဆိုတာကို ပြောပြကြတယ်။ ဤမီးပုံးများကို နန်းတော်မှ လက်သမားဆရာများက ထုလုပ်ကြသည်။ သူတို့အားလုံးဟာ ကွဲပြားပြီး အံဝင်ခွင်ကျနဲ့ အလွန်အထက်တန်းဆန်သည် ။
တခြားကျွန်းက အမျိုးသမီးတွေက ဖျော်ဖြေဖို့အတွက်အဆင်သင့်ဖြစ်နေကြသည် ။
အမျိုးသမီးများ၏ အရေအတွက်သည် များလွန်းသောကြောင့် လူတိုင်းမစွမ်းဆောင်နိုင်ပါ။ ဧကရီသည် အမျိုးသမီး အနည်းငယ်ကို ရွေးချယ်ခဲ့သည်။ အချို့က တူရိယာတီးခတ်ကြပြီး အချို့က ကဗျာရွတ်ဆိုကြသည်။
အချို့သော အမျိုးကောင်းသမီးများသည် ၎င်းတို့၏ ကဗျာများကို ဝေဖန်ခံရပြီး ကျဆုံးသွားကြသည်။
ဖျော်ဖြေမှု အသက်ဝင်စေရန်အတွက် ဖန်ယုရှောင်သည် လက်ဝဲဘက်ကျွန်းပေါ်ရှိ လူကြီးလူကောင်းများအား ၎င်းတို့၏ ဝေဖန်ချက်များအတွက် အမျိုးသမီးများထံ ကဗျာတစ်ပုဒ်စီ ရေးပေးရန် တောင်းဆိုခဲ့သည်။ နန်းတော် အစေခံများက ထိုစာရွက်များကို ယူ၍ သွားကြသည် ၊ တစ်ယောက်နဲ့တစ်ယောက် ဖြတ်သွားတိုင်း စာရွက်တစ်ရွက်ကို ကိုင်ပြီး သွားလာနေသည့် နန်းတော်က အိမ်အကူတွေကို မြင်နိုင်သည် ။
ဝေဖန်ရေးနည်းလမ်းက ရိုးရှင်းပါတယ်။ သူတို့သည် နာမည်တွေကို ဝှက်ထားပြီး စာရွက်တွေကို ကောင်မလေးတွေဆီ လွှဲပေးလိုက်တယ်။ သူမ၏ ကဗျာကို ကြိုက်ရင် သူတို့ အမှတ်ခြစ်ပေးမယ်။ အမှတ်အများဆုံးရတဲ့ ကဗျာက အနိုင်ရလိမ့်မယ်။ အမျိုးသမီးများ၏ကဗျာများကို လည်း ထိုနည်းအတိုင်း ကိုင်တွယ်ကြသည် ။ ကဗျာကို ဘယ်သူရေးခဲ့မှန်း ဘယ်သူမှ မသိနိုင်ကြပေ ။ ကဗျာတွေကို ပင်မစားပွဲပေါ်တင်ထားသူတွေက အရင်တုန်းကလို အကဲဖြတ်တာမျိုး မဟုတ်ဘူး၊ ဒါက ပိုလို့တောင် မျှတပုံရတယ်။
အရာအားလုံးသည် ရှုပ်ယှက်ခတ်နေတာကြောင့် ဧကရီက ဖျော်ဖြေနေတဲ့ အမျိုးသမီးတွေကို တခြားကျွန်းကို ပို့ဖို့ ပြင်ဆင်နေချိန်မှာ တခြားအမျိုးသမီးတွေက သူတို့ရဲ့ ကဗျာတွေကို ဆက်လုပ်ဖို့ ဧကရီက ခွင့်ပြုခဲ့ပါတယ်။ ၎င်းသည် အချို့က မစွမ်းဆောင်နိုင်သော်လည်း အချို့က ၎င်းကို မကောင်းကြောင်း ခံစားရခြင်းမှ ကယ်တင်နိုင်မည်ဖြစ်သည်။
မို့ရွှမ်မင်က စိတ်မသက်မသာ ဖြစ်နေခဲ့သည် ။ တကယ်တော့ သူမသည် အလွန် စိတ်မသက်မသာ ခံစားခဲ့ရသည်။ သူမလက်ထဲတွင် လက်ကိုင်ပုဝါကို ကောက်ကိုင်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် နူးညံ့သောအပြုံးကို ထိန်းမထားနိုင်လုနီးပါးပင်။ သူမသည် သူမကိုယ်သူမ လှပပြီး ဉာဏ်ရည်ထက်မြက်သည်ဟု အမြဲတွေးခဲ့ပြီး မြို့တော်ရှိ ပို၍ထူးချွန်သော မြင့်မြတ်သော မိန်းကလေးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သည်။ သို့သော် ဧကရီသည် ယနေ့ သူမကို မခေါ်သေးပေ ၊ ထို့ကြောင့် သူမမျက်နှာပေါ်ရှိ အပြုံးသည် မည်သို့မျှ မတင်းမာပဲ မနေနိုင်တော့ပေ။
စောစောက သူမနှင့်အတူ ရပ်နေသော မြင့်မြတ်သော အမျိုးသမီးအားလုံးနီးပါးကို သူမမှလွဲ၍ ရွေးချယ်ခဲ့သည်။ ကဗျာတစ်ပုဒ်ရေးဖို့ မရွေးချယ်ရသေးတဲ့ မြင့်မြတ်တဲ့အမျိုးသမီးတွေအကြောင်း ဧကရီ အကြံပြုတာကို ရုတ်တရက်ကြားလိုက်ရချိန်မှာတော့ သူမဟာ အတော်လေးကို စိတ်မကောင်းဖြစ်နေတုန်းပါပဲ။ သူ့တို့ဖျော်ဖြေတဲ့ဟာကို ဝေဖန်ဖို့ တခြားကျွန်းက အမျိုးသားတွေဆီကို ပို့တယ်။ မို့ရွှမ်မင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
မို့ရွှမ်မင်သည် မကန့်ကွက်ဘဲ ချက်ချင်း ကဗျာတစ်ပုဒ် ရေးချလိုက်သည် ။
"အစ်မအကြီးဆုံး၊ မင်းဘာရေးထားတာလဲ ၊ တို့ကိုပြပေးနိုင်မလား" မို့ရွှီတုန်းက မို့ရွှမ်မင် အနားမှာ အပြုံးလေးတစ်ခုနဲ့ ဝင်ထိုင်လိုက်တယ်။ သူမသည် မခေါက်ရသေးသော မို့ရွှမ်မင်၏ ကဗျာဆီကို သူမ မျက်လုံးများ ရောက်သွားသည် ။ မို့ရွှီတုန်း၏ ပြုံးနေသော အကြည့်များသည် ချက်ချင်း နက်ရှိုင်းလာကာ ခဏလေးအတွင်းမှာပင် အမုန်းနှင့် ဒေါသများ ပြည့်နှက်သွားသည်။ သူမ၏လက်ချောင်းများသည် သူမ၏လက်ဖဝါးအောက်ရှိ လက်ဖဝါးထဲသို့ ထိုးသွင်းကာ သူမ၏အမူအရာမှာ အေးစက်သွားသည် ။
" ခမ်းနားထည်ဝါတဲ့ ဝတ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင် ၊အနီရောင်သည် မညီမညာ ပျံ့နှံ့သွားသည်။ သူမသည် ရောင်စုံဝတ်စုံကိုဝတ်ကာ မိုးဖွဲဖွဲလေးထဲတွင် တစ်ယောက်တည်း မတ်တပ်ရပ်ကာ သူပြန်လာမယ့်အချိန်ကို စောင့်မျှော်နေသည်"
စကားတစ်ခွန်းကွာသော်လည်း ဒီကဗျာကို သူမ ဘယ်လိုလုပ် မမှတ်မိဘဲနေမှာလဲ ။ ထိုကဗျာသည် သူမရဲ့အတိတ်ဘဝတုန်းက သူမနှင့် စီမာလင်းရန်တို့နှစ်ယောက် ပထမဆုံးစတွေ့တဲ့အချိန် စီမာလင်းရန် ရေးစပ်ခဲ့တဲ့ ကဗျာနဲ့ အတူတူပါပဲ။ စီမာလင်းရန်သည် သူမကရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသော်လည်း၊ သူမသည် သူ့အတွက် အလှပဆုံးအမျိုးသမီးဖြစ်နေဆဲဟု ဆိုခဲ့သည်။ ယခင်ဘဝက သူမသည် ထိုအချိန်၌ လိပ်ပြာနှစ်ကောင်ပါသော ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမသည် ဝမ်းနည်းပူဆွေးသောကာလမှ ထွက်လာခြင်းဖြစ်သော်လည်း တောက်ပသောရောင်စုံဝတ်စုံကို ဝတ်ဆင်ရန် မိခင်ရှုက တောင်းဆိုခဲ့သည်။ မို့ရွှမ်ချောင်သည် ထိုအကြောင်းကြောင့်ပင် သူမအား ရုပ်ဆိုးသောသူများသည် အပိုအရာများကို အမြဲပြုလုပ်လေ့ရှိသည်ဟု ဆိုကာ လှောင်ပြောင်ခဲ့သည်။ သူမကို မို့ရွှမ်ချောင်က ကြာပန်းကန်ထဲသို့ တွန်းချလုနီးပါးပင် ဖြစ်ခဲ့သေးသည် ။
စီမာလင်းရန်သည် ထိုအချိန်က သူမ၏နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့သည်။ သူမသည် မို့ရွှမ်ချောင်၏ မြေပြင်ပေါ်သို့ တွန်းချခံရပြီးနောက်တွင် သူသည် လူကြီးလူကောင်းတစ်ယောက်လို ပေါ်လွင်လာပုံကို သူမ သတိရမိသည်။ သူသည် သူမကို ဘေးနားက မဏ္ဍပ်မှာ အနားယူဖို့ ခေါ်သွားပြီး ချီးမွမ်းပြောဆိုခဲ့သည် ။ အဲဒီ့ကဗျာကို သူရေးခဲ့ပြီးတော့ အားနည်းပြီး အားကိုးရာမဲ့ဖြစ်နေတဲ့ သူမဟာ သူ့အပေါ် မြင်မြင်ချင်း သဘောကျသွားခဲ့တယ်။ ထို့နောက် အဒေါ်ဖန်၏ လှုံ့ဆော်မှုကြောင့် အဘိုးအဘွားများနှင့် ဖခင်တို့၏ ကန့်ကွက်မှုများကြားမှ သူမသည် သူ့ကို လက်ထပ်ရန် သူ့အဖေအား အခိုင်အမာ တောင်းဆိုခဲ့သည်။
မို့ရွှမ်မင်ရဲ့လက်ထဲမှာ ဒီကဗျာကို သူမမြင်တဲ့အခါ အရာအားလုံးကို သူမနားလည်ခဲ့တယ်။
သူမ၏အတိတ်ဘဝတွင် စီမာလင်းရန်၏ကဗျာစာအုပ်မှ ထိုကဗျာသည် တကယ်တော့ သူကိုယ်တိုင်ရေးသားခြင်းမဟုတ်ကြောင်း အမှတ်တမဲ့သာ သူမ သိလိုက်ရသည် ။ သူသည် သူတပါးလုပ်အား၏ အသီးအနှံကိုအသုံးပြုခဲ့သည်။ ထို့အပြင်၊ ဤအရာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ခဲ့သည်။ စီမာလင်းရန်သည် မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ၎င်းကို ကိုယ်တိုင်ရေးသားခဲ့သည်ဟု ဆိုထားသည်။ သူသည် ထိုအရာကို မြို့စားကြီးရဲ့ အိမ်ကြီးကို ပိုကောင်းအောင် လုပ်ထားတာဖြစ်လို့ ဘယ်သူမှ မသိခဲ့ရပါဘူး။
သို့သော် မို့ရွှမ်မင်သည် သူ့ကဗျာကို ခိုးယူသွားကြောင်း သိလိုက်ရသောအခါ စီမာလင်းရန် မည်ကဲ့သို့ တုံ့ပြန်မည်ကို သူမ မသိခဲ့ပေ။
ထို့အပြင် ထိုသူသည်လည်း အခုပွဲ၌ ရှိနေသည် ။
မို့ရွှီတုန်း၏ အပြုံးသည် နွေဦးတွင် ပွင့်လန်းသော ပန်းများကဲ့သို့ တစ်ဖန် တောက်ပလာသည်။ သူမ၏ အပြုံးသည် အံ့မခန်း ဖြစ်နေသဖြင့် လှည့်ကြည့်လိုက်သော မို့ရွှမ်မင်သည် မို့ရွှီတုန်း၏ပုံစံကို အမှန်ပင် ကောက်မချနိုင်ပေ။
"အဆင်ပြေပါတယ် ။ တို့က အဲ့ဒါကိုတွေးပြီး ရေးချလိုက်တာပါ " မို့ရွှမ်မင်က ပြုံးပြီး နှိမ့်ချစွာ ပြန်ပြောသည် ။ သူမသည် သူမပတ်ဝန်းကျင်ကို တွေးတောဆဲဖြစ်သော အခြားမြင့်မြတ်သော မိန်းမပျိုများကို ကြည့်ပြီး ပြုံးရုံသာ မနေနိုင်ဘဲ သူ့ကိုယ်သူ ကျေနပ်နေမိသည်။ သူမသည် အရှိန်အဟုန်ဖြင့် အသာစီးရနေပြီဖြစ်သည်။ ထို့အပြင် ဒီကဗျာသည် ယခုအချိန်တွင် တကယ်ကို သင့်လျော်သည်ဟု သူမ ခံစားမိသည်။ ထိုကဗျာထဲတွင် ဒီမြင်ကွင်းနဲ့ ဒီခံစားချက်တွေ၊ ခမ်းနားတဲ့ ဝတ်စားဆင်ယင်မှုနဲ့ လှပတဲ့ မိန်းကလေး အရာအားလုံး ရှိနေခဲ့တယ်။
သူမရဲ့ကဗျာကို သဘောကျတဲ့ မြင့်မြတ်တဲ့ မိန်းမတွေ အများကြီး ရှိမှာ သေချာပါတယ်။
သူမသည် ကဗျာကို လက်နှင့်အုပ်ကာ မို့ရွှီတုန်း၏ မြင်ကွင်းမှ ပိတ်ဆို့ကာ ခေါက်လိုက်သည်။ စာရွက်ကို သူမအနားရှိ နန်းတော်အစေအပါးထံ ပေးပြီးနောက် လက်ဆေးရန် ဘေးနားသို့ လျှောက်သွားခဲ့သည်။ မြင့်မြတ်သော မိန်းကလေး အများစုသည် ဤအချိန်၌ ၎င်းတို့၏ ကဗျာများကို ပြီးမြောက်စွာရေးပြီးပြီးဖြစ်သည်။ မို့ရွှီတုန်းသည်လည်း သူမလက်ကို ဆေးဖို့သွားပြီး ထိုင်ခုံဆီသို့ ပြန်လာခဲ့သည် ။