Spring Romance

By Eun_Jee

33.3K 5.2K 787

jeon jungkook x kim taehyung side couple - binhao (zb1) Started Date ~ Jan 6 , 2024 Ended Date ~ More

πŸƒ2πŸƒ
πŸƒ3πŸƒ
πŸƒ4πŸƒ
πŸƒ5πŸƒ
πŸƒ6πŸƒ
πŸƒ7πŸƒ
πŸƒ8πŸƒ
πŸƒ9πŸƒ
πŸƒ10πŸƒ
πŸƒ11πŸƒ
πŸƒ12πŸƒ
πŸƒ13πŸƒ
πŸƒ14πŸƒ
πŸƒ15πŸƒ
πŸƒ16πŸƒ

πŸƒ1πŸƒ

6.4K 559 100
By Eun_Jee

(Unicode)

"ရေသန့်‌ချပေးပါဦး"

"ဒီကို ဘီယာလေး ထပ်ဖြည့်ပေးပါ"

"ထမင်းဖြူတစ်လုံးလောက်"

ဆိုင်ခန်းသေးသေးလေးက မထင်ရက်လောက်စရာကောင်းအောင် စားသုံးသူတွေနဲ့ ပြည့်နှက်နေပြီး လူလွတ်သော စားပွဲဝိုင်းပင် မရှိတော့သလောက်ပင်။

ညနေခင်း ရုံးတွေကျောင်းတွေ ဆင်းချိန်မို့လည်း ပို၍ စည်ကားနေတာ ‌ဖြစ်လောက်ပါသည်။

စားသုံးသူတွေ ပြည့်နှက်နေသည်နှင့်အမျှ ဆိုင်ရှိ လူသုံးယောက်ဟာလည်း လက်ပင် မလည်တော့။

"ထယ်ယောင်း.. ဒီဟင်းပွဲတွေ စားပွဲနံပါတ်သုံးကို သွားချပေးပါဦး၊ နိုရာ.. ကင်ချီကုန်ခါနီး ပန်းကန်တွေ လိုက်ဖြည့်ပေး"

စားဖိုမှူး တစ်ဖြစ်လည်း ဆိုင်ပိုင်ရှင်က ဟင်းပွဲများကို ကောင်တာပေါ် ချပေးရင်း ပါးစပ်မှလည်း အဆက်မပြတ်ညွှန်ကြားနေလေသည်။

ထယ်ယောင်းနှင့် နိုရာဟာလည်း လက်မလည်အောင်ကို ဟိုပြေးဒီပြေးနှင့် စားပွဲထိုးတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေကြ၏။

ညစာစားချိန်လွန်သွားတော့မှ စားသုံးသူတွေပါးသွားကာ သုံးယောက်သား ခဏတစ်ဖြုတ် အနားယူနိုင်တော့သည်။

"ငါ့သားလေးရော လာကူလို့ပေါ့ မဟုတ်ရင် အမေနဲ့ နိုရာနှစ်ယောက်တည်း လက်ကိုလည်မှာမဟုတ်ဘူး"

ထယ်ယောင်းထိုင်နေသည့်နားကို လာထိုင်ရင်း ပြောလာသော အမေဖြစ်သူ။ တစ်နည်းအားဖြင့် ဒီကိုရီးယားစားသောက်ဆိုင်လေး၏ ပိုင်ရှင်။

"အဲ့ဒါကြောင့် အမေ့ကို ပြောတာ၊ စားပွဲထိုးအကူခေါ်ပါဆို၊ အခုခေတ်မှာ အချိန်ပိုင်းအလုပ်လိုနေတဲ့သူတွေ ဘယ်လောက်များလိုက်လဲ"

"အလကား ပိုက်ဆံထွက်တာပေါ့အေ၊ အလုပ်သမားကို ပိုက်ဆံပေးရတာနဲ့တင် ရတဲ့အမြတ်နည်းသွားမှာပေါ့"

အလုပ်သမားခေါ်ဖို့ စကားစတိုင်း ဒီလိုပဲ ပြန်ပြောနေကျ အမေကြောင့် ထယ်ယောင်း ဘာမှဆက်မပြောတော့ဘဲ ခေါင်းတခါခါသာ လုပ်လိုက်မိသည်။

"အစ်ကို.. ရေလေးသောက်ပါဦး"

ပြောပြောဆိုဆိုနဲ့ မိမိအတွက် ရေတစ်ခွက်ခပ်လာပေးတဲ့ နိုရာ။ ထယ်ယောင်း အပြုံးလေးနဲ့အတူ ထိုရေခွက်ကို ယူကာ မောမောနဲ့ သောက်လိုက်တော့သည်။

နိုရာဆိုတာ ထယ်ယောင်းထက် ၃နှစ်ငယ်သော ညီမလေး။ ညီမလေးဆိုပေမယ့် အရင်းတော့ မဟုတ်ပေ။ ထယ်ယောင်းငယ်စဉ်တုန်းက အမေက မိဘမဲ့ဂေဟာကနေ နိုရာကို သနားချစ်ခင်ပြီး မွေးစားခဲ့ခြင်းဖြစ်သည်။

ငယ်ငယ်တုန်းက နိုရာကို ထယ်ယောင်း သဘောမကျမိပေမယ့် အခုလို အရွယ်ရောက်လာတော့ သူမက အမေ့အတွက် မိန်းကလေးအဖော်လည်းရသလို အိမ်အလုပ်တွေလည်း နိုင်နင်းကာ ကူဖော်လောင်ဖက်ရသဖြင့် နိုရာကို ညီမတစ်ယောက်လို အသိအမှတ်ပြုနိုင်လာမိပြီ။

ထိုအချိန်မှာပဲ ဆိုင်ထဲကို အထက်တန်းကျောင်းသားဝတ်စုံများနှင့် ယောက်ျားလေးသုံးယောက် စကားတပြောပြောနဲ့ ဝင်လာကြလေသည်။

သုံးယောက်လုံးက အရပ်ရှည်ရှည်၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ အတော်လေး ချောကြတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မည်မထင်။

"ကျွန်တော် သွားလိုက်မယ်"

ထယ်ယောင်းက ပြောပြောဆိုဆိုနဲ့ ထိုင်ရာမှ ထကာ မီနူးစာရွက်လေးကို ယူ၍ ထိုကောင်လေးသုံးယောက်ဝိုင်းဆီကို လျှောက်သွားလေသည်။

"မင်္ဂလာပါ ဘာများသုံးဆောင်ချင်ပါလဲဗျ"

ထယ်ယောင်းစကားအဆုံး မျက်နှာရွှင်ရွှင်နှင့် ကောင်လေးတစ်ယောက်မှ မီနူးစာရွက်လေးကို လက်ညှိုးလေးနဲ့ထောက်ရင်း

"ထမင်းဖြူသုံးလုံး၊ ပဲကြာဇံသုပ်တစ်ပွဲ၊ ကင်ချီကျီဂယ်တစ်ပွဲ၊ ဝက်သားကြော်တစ်ပွဲပေးပါ"

"ပြီးတော့ ဆေးလိပ်တစ်ဘူး"

နောက်ထပ် ကျောင်းသားလေးတစ်ယောက်က ထပြောလေ၏။ သူ့အပြောကြောင့် ကျန်နှစ်ယောက်မှာ မျက်စိပျက် မျက်နှာပျက်ဖြစ်သွားကြပြီး

"ဟိတ်ကောင် ဂျောင်ဂု၊ အခု သောက်လို့ဘယ်ရမလဲ"

"ဘာလို့ မရရမှာလဲ"

သုံးယောက်သား အချင်းချင်း တိုးတိုးတိုးတိုး ပြောနေကြသည်ကို ထယ်ယောင်းကြားဖြတ်ရပေတော့မည်။

"တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဆိုင်က အသက်မပြည့်သေးတဲ့သူတွေကို ဆေးလိပ်၊ အရက်မရောင်းပါဘူး"

ထယ်ယောင်းစကားကြောင့် ဆေးလိပ်မှာတဲ့ ဂျောင်ဂုဆိုသည့် ကောင်လေးက ထယ်ယောင်းကို ဘုကြည့် မော့ကြည့်ပြီး

"ကျုပ်က နောက်နှစ် ၁၈နှစ်ပြည့်တော့မှာပဲ"

"အခုပြည့်သေးတာမဟုတ်ဘူးလေ၊ ပြီးတော့ အထက်တန်းကျောင်းသားတစ်‌ယောက်က ဆေးလိပ်သောက်လို့ မဖြစ်သေးပါဘူး"

"အခု ဘယ်သူက လာဆုံးမနေတာလဲ၊ ကြည့်တော့ လူကောင်က လက်တောက်လောက်နဲ့ အသက်ဘယ်လောက်လဲ မင်း"

"၁၈နှစ်ပါ"

ထယ်ယောင်းထံမှ အဖြေစကားကြောင့် ဂျောင်ဂု အနည်းငယ်ကိုယ်ရှိန်သတ်သွားပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားလေသည်။ သူ့အထင်မှာ မိမိကို သူ့ထက် ငယ်မည်ဟု ထွက်ထားသည့်ပုံ။

"ထားလိုက်ပါတော့ ဂျောင်ဂုရာ"

"အေးလေ အလကားပြဿနာရှာချင်နေ"

သူ့သူငယ်ချင်းနှစ်ယောက် ဝိုင်းမဲလိုက်မှ ဂျောင်ဂုဟာ အသံတိတ်သွားပြီး စူပုတ်ပြီး ထိုင်နေလေ၏။

ထယ်ယောင်းလည်း အဲ့တော့မှ လက်ထဲမှ မှတ်စုစာအုပ်လေးကို ကြည့်ရင်း

"အော်ဒါ ပြန်စစ်ပေးပါမယ်၊ ထမင်းဖြူသုံးလုံး၊ ပဲကြာဇံသုပ်တစ်ပွဲ၊ ကင်ချီကျီဂယ်တစ်ပွဲ၊ ဝက်သားကြော်တစ်ပွဲ ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ်"

"ဟုတ်ကဲ့ ခဏလေး စောင့်ပေးပါဗျ"

ထိုအခါမှ ထယ်ယောင်းလည်း စားပွဲဝိုင်းမှ လှည့်ထွက်ခဲ့ကာ အမေ့ကို အော်ဒါမှတ်ထားသော စာရွက်လေး ပေးလိုက်လေသည်။

"ကျောင်းယူနီဖောင်းတွေက သားနဲ့တူတူပဲနော်၊ ကျောင်းတူတဲ့ပုံပဲ၊ သူငယ်ချင်းတွေလား"

"မဟုတ်ပါဘူး ကျွန်တော့်ထက် တစ်နှစ်ငယ်ကြတယ်"

"သားက စီနီယာကြီးပေါ့"

အမေ့စကားကြောင့် ထယ်ယောင်းအနည်းငယ်ပြုံးလိုက်မိသည်။ ကျေနပ်လို့ ပြုံးတဲ့အပြုံးတော့ မဟုတ်။

ကိုယ့်ထက်အကြီးကို လေသံမာမာနဲ့ မင်းတွေတပ်ပြောသွားသော ဂျောင်ဂုဆိုတဲ့ ငနဲလေးကို မကျေနပ်သော အပြုံးပင်။

နောက်ပိုင်း သူတို့ဝိုင်းအား စားစရာတွေချတာ၊ ငွေရှင်းတာတွေကတော့ နိုရာသာ လုပ်သွားသည်မို့ ထယ်ယောင်းကတော့ တခြားစားသုံးသူတွေအတွက် ကင်ချီနဲ့ ဟင်းရည်တွေကိုသာ လိုက်ဖြည့်နေလိုက်သည်။

"သားရေ အမှိုက်လေး သွားလွှင့်ပစ်ပေးပါလား၊ ပြီးရင် သားလည်း နားတော့လေ လူပါးသွားပြီပဲ"

"ကျွန်တော် ဆိုင်ပါ ကူသိမ်းပေးပါမယ်"

"လိမ္မာလိုက်တာနော်"

အမေက ထယ်ယောင်းအား ကလေးတစ်ယောက်နှယ် ခေါင်းလေးကို အသာပုတ်ရင်းပြောလာသဖြင့် ထယ်ယောင်းလည်း အပြုံးလေးတွေနဲ့အတူ အမှိုက်ထုတ်ကိုဆွဲရင်း အပြင်ထွက်လာလိုက်တော့သည်။

အပြင်ထွက်လိုက်သည်နှင့် ‌မိမိဆိုင်ရှေ့တွင် ဆိုင်ကယ်စက်နှိုးမရဖြစ်နေတဲ့ ကောင်လေးတစ်ယောက်အား တွေ့လိုက်ရလေ၏။

သူက ခုနက ဂျောင်ဂုဆိုသည့်ကောင်လေးပင်။ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ ပြန်သွားပြီထင်၊ အနားတွင် မတွေ့တော့ပေ။ အခုတော့ သူတစ်ယောက်တည်းသာ။

မျက်ခုံးတန်းထူထူတို့က အတွင်းဘက်သို့ စုကျုံ့ကွေးညွတ်နေပုံထောက်ရင် ဒေါသထွက်နေမှန်း တပ်အပ်သိနိုင်ပေသည်။ သို့သော် ယခုလို ဒေါသတထောင်းထောင်းထွက်နေသည့်ပုံကပင် မျက်နှာအချိုးအစားတစ်ခုမကျန် ကြည့်ကောင်းပြီး ချောမောနေသေးတာတော့ ထယ်ယောင်း ချီးကျူးမိပါသည်။

စက်နှိုးမရသော ဆိုင်ကယ်ကို အကြိမ်ကြိမ် စက်နှိုးနေသူအား ထယ်ယောင်း ကြည့်မနေနိုင်တော့သဖြင့် အမှိုက်ထုတ်ကို အမြန်ပစ်ကာ ဂျောင်ဂုနားကို သွားလိုက်သည်။

"ဆိုင်ကယ် စက်နှိုးလို့ မရတော့လို့လား"

ဂျောင်ဂုက ဘာမှပြန်မဖြေ၊ မျက်ခုံးတန်းတို့ကို တွန့်ချိုးလျက်သားနဲ့ ထယ်ယောင်းကိုသာ သေချာစိုက်ကြည့်နေ၏။

"ငါကြည့်ပေးမယ်"

"တော်စမ်းပါ ခင်ဗျားအကူအညီမလိုဘူး"

"ဒါဆို ဆိုင်ကယ်ကို ဒီတိုင်းတွန်းသွားမှာလား"

အဲ့လိုကျလည်း ဘာမှပြန်မဖြေဘဲ စူပုတ်နေလျက်။ ဘာတွေ မခဲမကျေဖြစ်နေလည်း ထယ်ယောင်း စိတ်မဝင်စားပေမယ့် အခက်အခဲဖြစ်နေတာကို ကျော်မသွားရက်သည်မို့ ဆိုင်ကယ်နားကို ကပ်သွားလိုက်သည်။

ဆိုင်ကယ်အမျိုးအစားတွေကို အတော်အသင့် ထယ်‌ယောင်းသိပေမယ့် ဒီဘီးကိုတော့ ထယ်ယောင်း သေချာမသိ။ ကြည့်ရတာနဲ့တင်တော့ အတော်လေးကို ဈေးကြီးမည့်ပုံပင်။

ဒီတစ်ခါတော့ ထယ်ယောင်းလုပ်သည်ကို ဂျောင်ဂု မတားတော့ပေ။ ဘေးကနေ တိတ်ဆိတ်စွာနဲ့ ရပ်ကြည့်နေလေသည်။ ပိုင်ရှင်က ဘာမှမပြောလေတော့ ထယ်ယောင်းလည်း ဆိုင်ကယ်အား ဟိုဖြုတ်ဒီတပ်လုပ်လိုက်ပြီး

"ရသွားပြီထင်တယ် စက်နှိုးကြည့်"

ထယ်ယောင်းစကားအဆုံး ဂျောင်ဂုလည်း ‌ဆိုင်ကယ်ပေါ် တက်ခွကာ စက်နှိုးလိုက်တော့ အမှန်တကယ်ပင် စက်နှိုးလို့ရသွားချေပြီ။

သာမန်အထက်တန်းကျောင်းသားတွေက စက်ဘီးပဲ စီးကြတာများပေမယ့် ဒီကောင်လေးကျမှ ကျောင်းဝတ်စုံနဲ့ ဆိုင်ကယ်အနက်ရောင်အကောင်းစားကြီးကို တက်ခွထားပုံက သိပ်တော့ မအပ်စပ်လှ။

သို့ပေမဲ့ ဂျောင်ဂုနဲ့ကျ ကြည့်ကောင်းသလိုလိုပါပဲ။

"ငါက အရင်က ဝပ်ရှော့မှာလည်း အချိန်ပိုင်းလုပ်ဖူးတော့ နည်းနည်းလုပ်တတ်နေတာ"

"မေးလား"

"ဟင်"

ပြောပြီး ချက်ချင်း ဆိုင်ကယ်အား ဝူးခနဲ မောင်းထွက်သွားလေသော ကလေးစုတ်လေး။

ကျေးဇူးတင်စကားတစ်ခွန်းလောက် ပြောရင် မြွေကိုက်မှာမို့လို့လား။

"ယဉ်ကျေးမှုမရှိတဲ့ကောင်"

ထယ်ယောင်းလည်း ထိုကိစ္စအား စိတ်ထဲ မထားချင်တော့ဘဲ ခေါင်းတခါခါနဲ့သာ ဆိုင်ထဲ ပြန်ဝင်လာလိုက်တော့သည်။

.

နောက်တစ်နေ့ မနက်။

ထုံးစံအတိုင်း ထယ်ယောင်း ကျောင်းသွားဖို့ ပြင်ရတော့သည်။ ဒီနှစ်ဟာ ထယ်ယောင်းအတွက် အထက်တန်းနောက်ဆုံးနှစ်မို့ နှစ်ချင်းပေါက်အောင်စေရန် စာကိုလည်း အာရုံစိုက်ရ၏။

သို့သော် အထူးတလည် အမှတ်ကောင်းနေဖို့တော့ စိတ်ကူးမရှိ။ တက္ကသိုလ်ဆက်တက်ရန် ရည်ရွယ်ချက်မရှိတာကြောင့်ပင်။

ကျောင်းပြီးရင် အမေနဲ့ နိုရာကို စောင့်ရှောက်ရင်း စားသောက်ဆိုင်ကို ပိုပြီး တိုးတက်အောင်လုပ်ဖို့သာ ရည်ရွယ်ထားသည်။

"ဒီနေ့ ကျွန်တော် ကျောင်းမှာ ညနေပိုင်း test ရှိလို့ အိမ်ကို အစောကြီး ပြန်မလာနိုင်လောက်ဘူး"

"ရပါတယ် သားရယ်၊ အမေနဲ့ နိုရာ နှစ်ယောက်တည်း လုပ်နိုင်ပါတယ်၊ သားက စာပဲကြိုးစား တက္ကသိုလ်တက်နိုင်အောင်လုပ်"

အမေ့စကားအဆုံး ထယ်ယောင်း အပြုံးရေးရေးလေးသာ ပြုံးလိုက်မိသည်။ တက္ကသိုလ်စားရိတ်တွေက များလွန်းတာကို ထယ်ယောင်း မတက်ရက်ပါဘူး။

"ကျွန်တော် သွားပြီ"

"အေးအေး"

ထယ်ယောင်းလည်း အမေ့ကို နှုတ်ဆက်ပြီး ကျောင်းကို ကိုယ်ပိုင်စက်ဘီး အပြာရောင်လေးနဲ့ ထွက်လာခဲ့တော့သည်။

ကျောင်းရောက်သည်နှင့် ထယ်ယောင်း ဘယ်ကိုမှ ဦးမတည်ဘဲ စာသင်ခန်းဆီသာ တန်းတန်းမတ်မတ်ဝင်လာလိုက်သည်။

အတန်းရှေ့ရောက်တာနဲ့ ကော်ရစ်တာမှာ ရစ်သီရစ်သီနဲ့ အတန်းထဲချောင်းနေသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူက မနေ့ညက ဂျောင်ဂုသူငယ်ချင်းတွေထဲမှ အော်ဒါမှာသော ကောင်လေးပင်။

ဒါဆို အရိုင်းအစိုင်းကောင်လေး ဂျောင်ဂုရော ဒီနားတစ်ဝိုက်မှာ ရှိနေနိုင်လား။

ထယ်ယောင်း အတွေးတွေနဲ့အတူ ‌အလိုလို ဘေးဘီကို ဝေ့ကြည့်လိုက်မိ၏။ မရှိဘူးပဲ။

"အာ.. မနေ့က စားသောက်ဆိုင်က အစ်ကို"

ထိုကောင်လေးက ထယ်ယောင်းကို တွေ့သွားကာ အပြုံးလေးနဲ့ အနားကို ကပ်လာ‌လေသည်။

"အဲ့ဒါကြောင့် မနေ့ကတည်းက မြင်ဖူးပါတယ်ဆိုပြီး တွေးနေတာ၊ အစ်ကိုဟာအိုရဲ့ သူငယ်ချင်းမလား"

"ဟုတ်.. ဟုတ်ပါတယ်"

ထယ်ယောင်းအဖြေကြောင့် ‌ထိုကောင်လေးမှာ ပိုမိုတောက်ပစွာပြုံးလာသည်မှာ သူ၏ မျက်လုံးလေးများ မှိတ်ကျလာသည်အထိပင်။

"‌မိတ်ဆက်ဖို့ မေ့နေတာ၊ ကျွန်တော်က ဟန်ဘင်းပါ၊ ဆောင်းဟန်ဘင်း"

"ကင်ထယ်ယောင်းပါ"

"ဟုတ် ဒါနဲ့ အစ်ကိုဟာအိုရောဟင်"

ထယ်ယောင်း အခုမှ ကျောင်းကိုရောက်တာ သိရဲ့သားနဲ့ မိမိသူငယ်ချင်းကို လာမေးနေတာကတော့ နည်းနည်းလွန်တယ်မဟုတ်ဘူးလား။

ဘယ်လိုလုပ်သိမှာလဲ။

"ဟန်ဘင်း.. မင်းကို လိုက်ရှာနေတာ"

ဒီအသံ။ ဒီအသံက ရင်းရင်းနှီးနှီးကို ထယ်ယောင်း ကြားဖူးနေတာ။

ထင်တဲ့အတိုင်း ဟန်ဘင်းပုခုံးကို ‌ဖက်ရင်း အနားကို ရောက်လာသူက ဂျွန်ဂျောင်ဂုပင်။

ထယ်ယောင်း သူနဲ့ မျက်နှာချင်းပင် ဆိုင်ချင်စိတ်မရှိသဖြင့် နှုတ်ပင်မဆက်မိဘဲ အတန်းထဲကို အမြန်ဝင်လိုက်မိတော့သည်။ ဒါတောင် အဲ့ငနဲလေးနဲ့ အကြည့်ချင်း ဆုံဖြစ်အောင် ဆုံသွားမိသေး၏။

ဒီလောက်ဆို သူလည်း မိမိ ဒီကျောင်းမှာ တက်မှန်း သိလောက်ပြီပေါ့။

မကြာခင် ကျောင်းတက်ခေါင်းလောင်းထိုးပြီဖြစ်ပြီး အတန်းထဲသို့ ကျောင်းသူကျောင်းသားများ အလျှိုလျှိုဝင်လာကြလေသည်။

ထိုထဲတွင် သူငယ်ချင်းဖြစ်သူ ကျန်းဟာအိုလည်း အပါအဝင်။ ဟာအိုက အတန်းခေါင်းဆောင်လည်းဖြစ်ပြီး အတန်းထဲတွင်သာမက တစ်ကျောင်းလုံးမှာပါ စာအတော်ဆုံးဖြစ်သည်။ ထို့ပြင် အမြဲတမ်း မျက်မှန်ဝိုင်းလေးလည်း တပ်ထားသေး၏။

ဘေးကို ဟာအိုဝင်ထိုင်လိုက်သည်နှင့် ထယ်ယောင်းလည်း ခုနက ကောင်လေးကို သတိရသွားကာ

"ခုနက မင်းကို ကောင်လေးတစ်ယောက် လာရှာနေသေးတယ်"

"ဟန်ဘင်းလား"

"သိတာလား"

"သိတာပေါ့"

ကျန်းဟာအိုကို စာနဲ့ ကျောင်းကိစ္စကလွဲပြီး ဘာမှမသိဘူးလို့ ထင်ထားခဲ့တာ။

"ဒါဆို သူ့သူငယ်ချင်းတွေနဲ့ရော သိလား"

ထယ်ယောင်း မရဲတရဲနဲ့ မဆိုင်တာတွေ မေးလိုက်မိပေမယ့် ဟာအိုကတော့ စိတ်ထဲထားသည့်ပုံမပေါ်။

"မသိဘူး ဟန်ဘင်းကိုပဲ သိတာ၊ သိတယ်ဆိုတာက သူလည်း အတန်းခေါင်းဆောင်မို့လို့လေ၊ အတန်းခေါင်းဆောင်စုဝေးပွဲတွေဆို မြင်နေရလို့"

"ဪ"

ဟာအိုက ပြောပြီးတာနဲ့ စာအုပ်ဖွင့်ကာ စာဖတ်နေသည်မို့ ထယ်ယောင်းလည်း ‌ဘာမှဆက်မပြော‌ဖြစ်တော့။

သူက စာဖတ်ပြီး မိမိက ဒီတိုင်းနေနေရမှာလည်း တစ်မျိုးကြီးမို့ ထယ်ယောင်းလည်း စာအုပ်တစ်အုပ်ထုတ်ကာ စာတွေပြန်ကြည့်နေမိ၏။

ဒါကြောင့် အပေါင်းအသင်းမမှားဖို့ ရှေးလူကြီးတွေ ပြောကြတာထင်သည်။ ဟိုငနဲလေးရဲ့ သူငယ်ချင်းတွေကတော့ သနားစရာပါပဲ။

ဒီနေ့တစ်နေ့လည်း သာမန်နေ့တွေလိုပင် အတန်းချိန်တွေက အဆင်ပြေပြေရှိလှပြီး test ကိုလည်း ထယ်ယောင်း အခက်အခဲမရှိ ဖြေနိုင်ခဲ့ပါသည်။

သို့သော် သာမန်မဟုတ်သည့်ပြဿနာက ကျောင်းဆင်းချိန်တွင်စ၏။

ည‌နေကျောင်းဆင်းချိန်ရောက်ပြီမို့ ပေါ့ပါးသော ခြေလှမ်းများနဲ့ စက်ဘီးလေး ရပ်ထားရာနေရာသို့ ထယ်ယောင်း လျှောက်လာခဲ့သည်။

"test က ထင်ထားတာထက် လွယ်သားပဲ"

ကျေနပ်အားရဟန် ပါးစပ်က ခပ်တိုးတိုးလေး ရေရွတ်ရင်း စက်ဘီးပေါ်တက်အခွ အနောက်ခုံက လေးခနဲ တစ်ချက်ဖြစ်သွားသဖြင့် ထယ်ယောင်း အနောက်ကို ကပြာကယာလှည့်ကြည့်မိသည်။

ထိုအချိန် တွေ့လိုက်ရတဲ့သူကြောင့် ထယ်ယောင်း မျက်လုံးလေးတွေ ဝိုင်းခနဲ။

အနောက်မှာ ရပ်နေသူက ဂျွန်ဂျောင်ဂုဖြစ်ပြီး သူ့ကျောပိုးအိတ်ကို ထယ်ယောင်း စက်ဘီးနောက်ခုံတွင် ပိုင်စိုးပိုင်နင်း တင်ထားလေသည်။

"ကျုပ်ကို အိပ်ပြန်ပို့ပေး"

"ဘာ"

"နားမကြားတာလား"

ဒီကောင်လေးက မဟုတ်သေးပါဘူး။ ဘယ်လိုတွေ ကြီးပြင်းလာလို့ အကြီးကို ဒီလောက် ရိုင်းစိုင်းနေရတာလဲ။

"မင်းနဲ့ငါ သိတောင် မသိဘူးလေ၊ ပြီးတော့ ငါညက မင်းဆိုင်ကယ်ကို ပြင်ပေးလိုက်တာပဲမလား"

"ဟုတ်တယ် ခင်ဗျား ညက လျှောက်လုပ်လိုက်တာ ဆိုင်ကယ်က ဒီမနက် လုံးဝပျက်သွားတာလေ၊ အဲ့တော့ ဒီနေ့ ခင်ဗျားက ကျုပ်ကို တာဝန်ယူပြီး အိမ်ပြန်ပို့ပေးရမယ်"

ရူးနေတာလား။

"ဘာပဲဖြစ်ဖြစ် ညက ငါ့ကြောင့် မင်းအိမ်ပြန်ရောက်သွားတာပဲလေ၊ မင်းဆိုင်ကယ်က အစတည်းက စုတ်နေတာကို"

"ဘာ"

"နားမကြားတာလား"

ကိုယ့်စကားနဲ့ကိုယ် ပြန်အပြောခံလိုက်ရသဖြင့် ဂျောင်ဂုမျက်နှာဟာ စိတ်တိုသွားပုံရ၏။ မျက်ခုံးတန်းတန်းတွေကလည်း မကျေနပ်ဟန် တွန့်ချိုးလာသည်ကို ထယ်ယောင်း သတိထားလိုက်မိသည်။

"ထားလိုက်.. ‌အခု အိမ်ပြန်ပို့ပေးရင် ခင်ဗျားကို ဆိုင်ကယ်ဖိုး အလျော်မတောင်းဘူး"

"ဦးနှောက်လွတ်နေတာထင်တယ်"

ထယ်ယောင်း မျက်စောင်းတစ်ချက်ထိုးရင်း ထွက်သွားမယ်အလုပ်၊ ဂျောင်ဂုက အသွားမခံဘဲ စက်ဘီးကို လက်တစ်ဖက်နဲ့ ကိုင်ထားကာ စူးစူးရဲရဲကြည့်နေလေသည်။ ထိုအကြည့်က ထယ်ယောင်း မျက်နှာတစ်ခုလုံး ပေါက်ကွက်မတတ်ဖြစ်ရကာ သေးသေးလေး ဖြစ်သွားသလိုပင် ခံစားရ၏။

အနားတွင်လည်း ဘယ်သူမှမရှိ။ မဟုတ်မှလွဲ အခု အနိုင်ကျင့်ခံနေရတာလား။ သူမကြိုက်ဘဲ အတင်းသွားရင် လူကို ဆွဲထိုးမှာလား။ ဒီလိုတော့ အဖြစ်မခံနိုင်၊ သွေးသံတွေနဲ့ အိမ်ပြန်သွားရင် အမေက စိတ်ပူမှာ။

ထယ်ယောင်း ပြာပြာသလဲနဲ့ အိတ်ကပ်ထဲကနေ ပိုက်ဆံတချို့ကို ထုတ်လိုက်ရင်း

"ဒီ.. ဒီမှာ ပိုက်ဆံပါ၊ သွားခွင့်ပေးပါနော်၊ ကျွန်တော့်အိမ်မှာ အမေနဲ့ ညီမလေးပဲရှိလို့၊ အဲ့.. အဲ့ဒါ ကျွန်တော်က တစ်ဦးတည်းသော ယောက်ျားလေးမို့"

ထယ်ယောင်း ဘာတွေပြောနေမိမှန်း ကိုယ့်ကိုယ်ကိုယ်လည်း မသိတော့။

"ဘာတွေပြောနေတာလဲ"

"ဟင်"

"ထားလိုက်တော့"

ဂျောင်ဂု မျက်နှာက စိတ်ကုန်သွားသည့်နှယ်၊ စက်ဘီးအား ကိုင်ထားသည့်လက်ကို လွှတ်လိုက်ရင်း ကျောပိုးအိတ်ပြန်လွယ်ကာ ‌ထယ်ယောင်းကို ကျောခိုင်းထွက်သွားလေတော့သည်။

ဘာလဲ အနိုင်ကျင့်မလို့ မဟုတ်ဘူးလား။

ထယ်ယောင်းမသွားသေးဘဲ ထွက်သွားသော ဂျောင်ဂု‌ကျောပြင်လေးကို လှမ်းကြည့်နေမိသည်။ ကြည့်ရတာ တကယ်ပဲ အိမ်ကို လမ်းလျှောက်ပြန်တော့မည့် ပုံစံနဲ့။

‌အိမ်က နီးတာလား။ ဒါမှမဟုတ် ဝေးလို့ပဲ မိမိစက်ဘီးနဲ့ လိုက်ချင်နေတာလား။ အသက်လည်းမပြည့်‌သေးဘဲနဲ့ လမ်းပေါ်မှာ တစ်ယောက်တည်းဖြစ်ပါ့မလား။

ထယ်ယောင်း ‌အတွေးတွေ အများကြီးဝင်လာပြီးမှ စက်ဘီးလေးအား ဂျောင်ဂုဆီကိုပဲ ဦးတည်နင်းသွားမိတော့သည်။

"တက်"

"မတက်ဘူး"

"ခုနကကျ အိမ်ပြန်ပို့ပေးဆို"

"မလိုဘူး"

ယောက်ျားလေးတွေ ဟော်မုန်းပြောင်းလဲကာစဆို ဒီလိုဖြစ်ကြတာလား။ ကိုယ်တိုင်တုန်းက ဘာမှမဖြစ်ခဲ့သလိုပဲ။

"တကယ်တစ်ယောက်တည်းဖြစ်လား"

"ဖြစ်တယ်"

"ပြီးတာပဲ"

သို့နှင့် ထယ်ယောင်းလည်း စက်ဘီးကို ပြန်လှည့်မယ်အလုပ်၊ ဂျောင်ဂုမှာ ချက်ချင်း စက်ဘီးနောက်ခုံကို လက်လေးနဲ့ အမြန်လှမ်းဆွဲလာလေသည်။ ဘာစကားမှတော့မပြော။

ဂျောင်ဂု ဘာမှမပြောပေမယ့် ဆိုလိုရင်းကို ထယ်ယောင်း တန်းသဘောပေါက်လိုက်ပါပြီ။

ဒီနေ့တော့ သူများအိမ်က သားလေးကြောင့် အမေ့ကို ဆိုင်မှာကူပေးလို့ရတော့မည် မထင်။

.
.
.

To be continued

လူကိုယုံရင် og လိုက်နိုင်ပါတယ်နော့်:3







(Zawgyi)

"ေရသန႔္‌ခ်ေပးပါဦး"

"ဒီကို ဘီယာေလး ထပ္ျဖည့္ေပးပါ"

"ထမင္းျဖဴတစ္လုံးေလာက္"

ဆိုင္ခန္းေသးေသးေလးက မထင္ရက္ေလာက္စရာေကာင္းေအာင္ စားသုံးသူေတြနဲ႔ ျပည့္ႏွက္ေနၿပီး လူလြတ္ေသာ စားပြဲဝိုင္းပင္ မရွိေတာ့သေလာက္ပင္။

ညေနခင္း ႐ုံးေတြေက်ာင္းေတြ ဆင္းခ်ိန္မို႔လည္း ပို၍ စည္ကားေနတာ ‌ျဖစ္ေလာက္ပါသည္။

စားသုံးသူေတြ ျပည့္ႏွက္ေနသည္ႏွင့္အမွ် ဆိုင္ရွိ လူသုံးေယာက္ဟာလည္း လက္ပင္ မလည္ေတာ့။

"ထယ္ေယာင္း.. ဒီဟင္းပြဲေတြ စားပြဲနံပါတ္သုံးကို သြားခ်ေပးပါဦး၊ ႏိုရာ.. ကင္ခ်ီကုန္ခါနီး ပန္းကန္ေတြ လိုက္ျဖည့္ေပး"

စားဖိုမႉး တစ္ျဖစ္လည္း ဆိုင္ပိုင္ရွင္က ဟင္းပြဲမ်ားကို ေကာင္တာေပၚ ခ်ေပးရင္း ပါးစပ္မွလည္း အဆက္မျပတ္ၫႊန္ၾကားေနေလသည္။

ထယ္ေယာင္းႏွင့္ ႏိုရာဟာလည္း လက္မလည္ေအာင္ကို ဟိုေျပးဒီေျပးႏွင့္ စားပြဲထိုးတာဝန္ကို ေက်ပြန္စြာ ေဆာင္႐ြက္ေနၾက၏။

ညစာစားခ်ိန္လြန္သြားေတာ့မွ စားသုံးသူေတြပါးသြားကာ သုံးေယာက္သား ခဏတစ္ျဖဳတ္ အနားယူႏိုင္ေတာ့သည္။

"ငါ့သားေလးေရာ လာကူလို႔ေပါ့ မဟုတ္ရင္ အေမနဲ႔ ႏိုရာႏွစ္ေယာက္တည္း လက္ကိုလည္မွာမဟုတ္ဘူး"

ထယ္ေယာင္းထိုင္ေနသည့္နားကို လာထိုင္ရင္း ေျပာလာေသာ အေမျဖစ္သူ။ တစ္နည္းအားျဖင့္ ဒီကိုရီးယားစားေသာက္ဆိုင္ေလး၏ ပိုင္ရွင္။

"အဲ့ဒါေၾကာင့္ အေမ့ကို ေျပာတာ၊ စားပြဲထိုးအကူေခၚပါဆို၊ အခုေခတ္မွာ အခ်ိန္ပိုင္းအလုပ္လိုေနတဲ့သူေတြ ဘယ္ေလာက္မ်ားလိုက္လဲ"

"အလကား ပိုက္ဆံထြက္တာေပါ့ေအ၊ အလုပ္သမားကို ပိုက္ဆံေပးရတာနဲ႔တင္ ရတဲ့အျမတ္နည္းသြားမွာေပါ့"

အလုပ္သမားေခၚဖို႔ စကားစတိုင္း ဒီလိုပဲ ျပန္ေျပာေနက် အေမေၾကာင့္ ထယ္ေယာင္း ဘာမွဆက္မေျပာေတာ့ဘဲ ေခါင္းတခါခါသာ လုပ္လိုက္မိသည္။

"အစ္ကို.. ေရေလးေသာက္ပါဦး"

ေျပာေျပာဆိုဆိုနဲ႔ မိမိအတြက္ ေရတစ္ခြက္ခပ္လာေပးတဲ့ ႏိုရာ။ ထယ္ေယာင္း အၿပဳံးေလးနဲ႔အတူ ထိုေရခြက္ကို ယူကာ ေမာေမာနဲ႔ ေသာက္လိုက္ေတာ့သည္။

ႏိုရာဆိုတာ ထယ္ေယာင္းထက္ ၃ႏွစ္ငယ္ေသာ ညီမေလး။ ညီမေလးဆိုေပမယ့္ အရင္းေတာ့ မဟုတ္ေပ။ ထယ္ေယာင္းငယ္စဥ္တုန္းက အေမက မိဘမဲ့ေဂဟာကေန ႏိုရာကို သနားခ်စ္ခင္ၿပီး ေမြးစားခဲ့ျခင္းျဖစ္သည္။

ငယ္ငယ္တုန္းက ႏိုရာကို ထယ္ေယာင္း သေဘာမက်မိေပမယ့္ အခုလို အ႐ြယ္ေရာက္လာေတာ့ သူမက အေမ့အတြက္ မိန္းကေလးအေဖာ္လည္းရသလို အိမ္အလုပ္ေတြလည္း ႏိုင္နင္းကာ ကူေဖာ္ေလာင္ဖက္ရသျဖင့္ ႏိုရာကို ညီမတစ္ေယာက္လို အသိအမွတ္ျပဳႏိုင္လာမိၿပီ။

ထိုအခ်ိန္မွာပဲ ဆိုင္ထဲကို အထက္တန္းေက်ာင္းသားဝတ္စုံမ်ားႏွင့္ ေယာက္်ားေလးသုံးေယာက္ စကားတေျပာေျပာနဲ႔ ဝင္လာၾကေလသည္။

သုံးေယာက္လုံးက အရပ္ရွည္ရွည္၊ ႐ုပ္ရည္သန႔္သန႔္ျပန႔္ျပန႔္နဲ႔ အေတာ္ေလး ေခ်ာၾကတာကိုေတာ့ ဘယ္သူမွ ျငင္းႏိုင္မည္မထင္။

"ကြၽန္ေတာ္ သြားလိုက္မယ္"

ထယ္ေယာင္းက ေျပာေျပာဆိုဆိုနဲ႔ ထိုင္ရာမွ ထကာ မီႏူးစာ႐ြက္ေလးကို ယူ၍ ထိုေကာင္ေလးသုံးေယာက္ဝိုင္းဆီကို ေလွ်ာက္သြားေလသည္။

"မဂၤလာပါ ဘာမ်ားသုံးေဆာင္ခ်င္ပါလဲဗ်"

ထယ္ေယာင္းစကားအဆုံး မ်က္ႏွာ႐ႊင္႐ႊင္ႏွင့္ ေကာင္ေလးတစ္ေယာက္မွ မီႏူးစာ႐ြက္ေလးကို လက္ညႇိဳးေလးနဲ႔ေထာက္ရင္း

"ထမင္းျဖဴသုံးလုံး၊ ပဲၾကာဇံသုပ္တစ္ပြဲ၊ ကင္ခ်ီက်ီဂယ္တစ္ပြဲ၊ ဝက္သားေၾကာ္တစ္ပြဲေပးပါ"

"ၿပီးေတာ့ ေဆးလိပ္တစ္ဘူး"

ေနာက္ထပ္ ေက်ာင္းသားေလးတစ္ေယာက္က ထေျပာေလ၏။ သူ႔အေျပာေၾကာင့္ က်န္ႏွစ္ေယာက္မွာ မ်က္စိပ်က္ မ်က္ႏွာပ်က္ျဖစ္သြားၾကၿပီး

"ဟိတ္ေကာင္ ေဂ်ာင္ဂု၊ အခု ေသာက္လို႔ဘယ္ရမလဲ"

"ဘာလို႔ မရရမွာလဲ"

သုံးေယာက္သား အခ်င္းခ်င္း တိုးတိုးတိုးတိုး ေျပာေနၾကသည္ကို ထယ္ေယာင္းၾကားျဖတ္ရေပေတာ့မည္။

"ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္တို႔ ဆိုင္က အသက္မျပည့္ေသးတဲ့သူေတြကို ေဆးလိပ္၊ အရက္မေရာင္းပါဘူး"

ထယ္ေယာင္းစကားေၾကာင့္ ေဆးလိပ္မွာတဲ့ ေဂ်ာင္ဂုဆိုသည့္ ေကာင္ေလးက ထယ္ေယာင္းကို ဘုၾကည့္ ေမာ့ၾကည့္ၿပီး

"က်ဳပ္က ေနာက္ႏွစ္ ၁၈ႏွစ္ျပည့္ေတာ့မွာပဲ"

"အခုျပည့္ေသးတာမဟုတ္ဘူးေလ၊ ၿပီးေတာ့ အထက္တန္းေက်ာင္းသားတစ္‌ေယာက္က ေဆးလိပ္ေသာက္လို႔ မျဖစ္ေသးပါဘူး"

"အခု ဘယ္သူက လာဆုံးမေနတာလဲ၊ ၾကည့္ေတာ့ လူေကာင္က လက္ေတာက္ေလာက္နဲ႔ အသက္ဘယ္ေလာက္လဲ မင္း"

"၁၈ႏွစ္ပါ"

ထယ္ေယာင္းထံမွ အေျဖစကားေၾကာင့္ ေဂ်ာင္ဂု အနည္းငယ္ကိုယ္ရွိန္သတ္သြားၿပီး မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားေလသည္။ သူ႔အထင္မွာ မိမိကို သူ႔ထက္ ငယ္မည္ဟု ထြက္ထားသည့္ပုံ။

"ထားလိုက္ပါေတာ့ ေဂ်ာင္ဂုရာ"

"ေအးေလ အလကားျပႆနာရွာခ်င္ေန"

သူ႔သူငယ္ခ်င္းႏွစ္ေယာက္ ဝိုင္းမဲလိုက္မွ ေဂ်ာင္ဂုဟာ အသံတိတ္သြားၿပီး စူပုတ္ၿပီး ထိုင္ေနေလ၏။

ထယ္ေယာင္းလည္း အဲ့ေတာ့မွ လက္ထဲမွ မွတ္စုစာအုပ္ေလးကို ၾကည့္ရင္း

"ေအာ္ဒါ ျပန္စစ္ေပးပါမယ္၊ ထမင္းျဖဴသုံးလုံး၊ ပဲၾကာဇံသုပ္တစ္ပြဲ၊ ကင္ခ်ီက်ီဂယ္တစ္ပြဲ၊ ဝက္သားေၾကာ္တစ္ပြဲ ဟုတ္ပါတယ္ေနာ္"

"ဟုတ္ပါတယ္"

"ဟုတ္ကဲ့ ခဏေလး ေစာင့္ေပးပါဗ်"

ထိုအခါမွ ထယ္ေယာင္းလည္း စားပြဲဝိုင္းမွ လွည့္ထြက္ခဲ့ကာ အေမ့ကို ေအာ္ဒါမွတ္ထားေသာ စာ႐ြက္ေလး ေပးလိုက္ေလသည္။

"ေက်ာင္းယူနီေဖာင္းေတြက သားနဲ႔တူတူပဲေနာ္၊ ေက်ာင္းတူတဲ့ပုံပဲ၊ သူငယ္ခ်င္းေတြလား"

"မဟုတ္ပါဘူး ကြၽန္ေတာ့္ထက္ တစ္ႏွစ္ငယ္ၾကတယ္"

"သားက စီနီယာႀကီးေပါ့"

အေမ့စကားေၾကာင့္ ထယ္ေယာင္းအနည္းငယ္ၿပဳံးလိုက္မိသည္။ ေက်နပ္လို႔ ၿပဳံးတဲ့အၿပဳံးေတာ့ မဟုတ္။

ကိုယ့္ထက္အႀကီးကို ေလသံမာမာနဲ႔ မင္းေတြတပ္ေျပာသြားေသာ ေဂ်ာင္ဂုဆိုတဲ့ ငနဲေလးကို မေက်နပ္ေသာ အၿပဳံးပင္။

ေနာက္ပိုင္း သူတို႔ဝိုင္းအား စားစရာေတြခ်တာ၊ ေငြရွင္းတာေတြကေတာ့ ႏိုရာသာ လုပ္သြားသည္မို႔ ထယ္ေယာင္းကေတာ့ တျခားစားသုံးသူေတြအတြက္ ကင္ခ်ီနဲ႔ ဟင္းရည္ေတြကိုသာ လိုက္ျဖည့္ေနလိုက္သည္။

"သားေရ အမႈိက္ေလး သြားလႊင့္ပစ္ေပးပါလား၊ ၿပီးရင္ သားလည္း နားေတာ့ေလ လူပါးသြားၿပီပဲ"

"ကြၽန္ေတာ္ ဆိုင္ပါ ကူသိမ္းေပးပါမယ္"

"လိမၼာလိုက္တာေနာ္"

အေမက ထယ္ေယာင္းအား ကေလးတစ္ေယာက္ႏွယ္ ေခါင္းေလးကို အသာပုတ္ရင္းေျပာလာသျဖင့္ ထယ္ေယာင္းလည္း အၿပဳံးေလးေတြနဲ႔အတူ အမႈိက္ထုတ္ကိုဆြဲရင္း အျပင္ထြက္လာလိုက္ေတာ့သည္။

အျပင္ထြက္လိုက္သည္ႏွင့္ ‌မိမိဆိုင္ေရွ႕တြင္ ဆိုင္ကယ္စက္ႏႈိးမရျဖစ္ေနတဲ့ ေကာင္ေလးတစ္ေယာက္အား ေတြ႕လိုက္ရေလ၏။

သူက ခုနက ေဂ်ာင္ဂုဆိုသည့္ေကာင္ေလးပင္။ သူ႔သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ ျပန္သြားၿပီထင္၊ အနားတြင္ မေတြ႕ေတာ့ေပ။ အခုေတာ့ သူတစ္ေယာက္တည္းသာ။

မ်က္ခုံးတန္းထူထူတို႔က အတြင္းဘက္သို႔ စုက်ဳံ႕ေကြးၫြတ္ေနပုံေထာက္ရင္ ေဒါသထြက္ေနမွန္း တပ္အပ္သိႏိုင္ေပသည္။ သို႔ေသာ္ ယခုလို ေဒါသတေထာင္းေထာင္းထြက္ေနသည့္ပုံကပင္ မ်က္ႏွာအခ်ိဳးအစားတစ္ခုမက်န္ ၾကည့္ေကာင္းၿပီး ေခ်ာေမာေနေသးတာေတာ့ ထယ္ေယာင္း ခ်ီးက်ဴးမိပါသည္။

စက္ႏႈိးမရေသာ ဆိုင္ကယ္ကို အႀကိမ္ႀကိမ္ စက္ႏႈိးေနသူအား ထယ္ေယာင္း ၾကည့္မေနႏိုင္ေတာ့သျဖင့္ အမႈိက္ထုတ္ကို အျမန္ပစ္ကာ ေဂ်ာင္ဂုနားကို သြားလိုက္သည္။

"ဆိုင္ကယ္ စက္ႏႈိးလို႔ မရေတာ့လို႔လား"

ေဂ်ာင္ဂုက ဘာမွျပန္မေျဖ၊ မ်က္ခုံးတန္းတို႔ကို တြန႔္ခ်ိဳးလ်က္သားနဲ႔ ထယ္ေယာင္းကိုသာ ေသခ်ာစိုက္ၾကည့္ေန၏။

"ငါၾကည့္ေပးမယ္"

"ေတာ္စမ္းပါ ခင္ဗ်ားအကူအညီမလိုဘူး"

"ဒါဆို ဆိုင္ကယ္ကို ဒီတိုင္းတြန္းသြားမွာလား"

အဲ့လိုက်လည္း ဘာမွျပန္မေျဖဘဲ စူပုတ္ေနလ်က္။ ဘာေတြ မခဲမေက်ျဖစ္ေနလည္း ထယ္ေယာင္း စိတ္မဝင္စားေပမယ့္ အခက္အခဲျဖစ္ေနတာကို ေက်ာ္မသြားရက္သည္မို႔ ဆိုင္ကယ္နားကို ကပ္သြားလိုက္သည္။

ဆိုင္ကယ္အမ်ိဳးအစားေတြကို အေတာ္အသင့္ ထယ္‌ေယာင္းသိေပမယ့္ ဒီဘီးကိုေတာ့ ထယ္ေယာင္း ေသခ်ာမသိ။ ၾကည့္ရတာနဲ႔တင္ေတာ့ အေတာ္ေလးကို ေဈးႀကီးမည့္ပုံပင္။

ဒီတစ္ခါေတာ့ ထယ္ေယာင္းလုပ္သည္ကို ေဂ်ာင္ဂု မတားေတာ့ေပ။ ေဘးကေန တိတ္ဆိတ္စြာနဲ႔ ရပ္ၾကည့္ေနေလသည္။ ပိုင္ရွင္က ဘာမွမေျပာေလေတာ့ ထယ္ေယာင္းလည္း ဆိုင္ကယ္အား ဟိုျဖဳတ္ဒီတပ္လုပ္လိုက္ၿပီး

"ရသြားၿပီထင္တယ္ စက္ႏႈိးၾကည့္"

ထယ္ေယာင္းစကားအဆုံး ေဂ်ာင္ဂုလည္း ‌ဆိုင္ကယ္ေပၚ တက္ခြကာ စက္ႏႈိးလိုက္ေတာ့ အမွန္တကယ္ပင္ စက္ႏႈိးလို႔ရသြားေခ်ၿပီ။

သာမန္အထက္တန္းေက်ာင္းသားေတြက စက္ဘီးပဲ စီးၾကတာမ်ားေပမယ့္ ဒီေကာင္ေလးက်မွ ေက်ာင္းဝတ္စုံနဲ႔ ဆိုင္ကယ္အနက္ေရာင္အေကာင္းစားႀကီးကို တက္ခြထားပုံက သိပ္ေတာ့ မအပ္စပ္လွ။

သို႔ေပမဲ့ ေဂ်ာင္ဂုနဲ႔က် ၾကည့္ေကာင္းသလိုလိုပါပဲ။

"ငါက အရင္က ဝပ္ေရွာ့မွာလည္း အခ်ိန္ပိုင္းလုပ္ဖူးေတာ့ နည္းနည္းလုပ္တတ္ေနတာ"

"ေမးလား"

"ဟင္"

ေျပာၿပီး ခ်က္ခ်င္း ဆိုင္ကယ္အား ဝူးခနဲ ေမာင္းထြက္သြားေလေသာ ကေလးစုတ္ေလး။

ေက်းဇူးတင္စကားတစ္ခြန္းေလာက္ ေျပာရင္ ေႁမြကိုက္မွာမို႔လို႔လား။

"ယဥ္ေက်းမႈမရွိတဲ့ေကာင္"

ထယ္ေယာင္းလည္း ထိုကိစၥအား စိတ္ထဲ မထားခ်င္ေတာ့ဘဲ ေခါင္းတခါခါနဲ႔သာ ဆိုင္ထဲ ျပန္ဝင္လာလိုက္ေတာ့သည္။

.

ေနာက္တစ္ေန႔ မနက္။

ထုံးစံအတိုင္း ထယ္ေယာင္း ေက်ာင္းသြားဖို႔ ျပင္ရေတာ့သည္။ ဒီႏွစ္ဟာ ထယ္ေယာင္းအတြက္ အထက္တန္းေနာက္ဆုံးႏွစ္မို႔ ႏွစ္ခ်င္းေပါက္ေအာင္ေစရန္ စာကိုလည္း အာ႐ုံစိုက္ရ၏။

သို႔ေသာ္ အထူးတလည္ အမွတ္ေကာင္းေနဖို႔ေတာ့ စိတ္ကူးမရွိ။ တကၠသိုလ္ဆက္တက္ရန္ ရည္႐ြယ္ခ်က္မရွိတာေၾကာင့္ပင္။

ေက်ာင္းၿပီးရင္ အေမနဲ႔ ႏိုရာကို ေစာင့္ေရွာက္ရင္း စားေသာက္ဆိုင္ကို ပိုၿပီး တိုးတက္ေအာင္လုပ္ဖို႔သာ ရည္႐ြယ္ထားသည္။

"ဒီေန႔ ကြၽန္ေတာ္ ေက်ာင္းမွာ ညေနပိုင္း test ရွိလို႔ အိမ္ကို အေစာႀကီး ျပန္မလာႏိုင္ေလာက္ဘူး"

"ရပါတယ္ သားရယ္၊ အေမနဲ႔ ႏိုရာ ႏွစ္ေယာက္တည္း လုပ္ႏိုင္ပါတယ္၊ သားက စာပဲႀကိဳးစား တကၠသိုလ္တက္ႏိုင္ေအာင္လုပ္"

အေမ့စကားအဆုံး ထယ္ေယာင္း အၿပဳံးေရးေရးေလးသာ ၿပဳံးလိုက္မိသည္။ တကၠသိုလ္စားရိတ္ေတြက မ်ားလြန္းတာကို ထယ္ေယာင္း မတက္ရက္ပါဘူး။

"ကြၽန္ေတာ္ သြားၿပီ"

"ေအးေအး"

ထယ္ေယာင္းလည္း အေမ့ကို ႏႈတ္ဆက္ၿပီး ေက်ာင္းကို ကိုယ္ပိုင္စက္ဘီး အျပာေရာင္ေလးနဲ႔ ထြက္လာခဲ့ေတာ့သည္။

ေက်ာင္းေရာက္သည္ႏွင့္ ထယ္ေယာင္း ဘယ္ကိုမွ ဦးမတည္ဘဲ စာသင္ခန္းဆီသာ တန္းတန္းမတ္မတ္ဝင္လာလိုက္သည္။

အတန္းေရွ႕ေရာက္တာနဲ႔ ေကာ္ရစ္တာမွာ ရစ္သီရစ္သီနဲ႔ အတန္းထဲေခ်ာင္းေနေသာ ေကာင္ေလးတစ္ေယာက္ကို ေတြ႕လိုက္ရ၏။ သူက မေန႔ညက ေဂ်ာင္ဂုသူငယ္ခ်င္းေတြထဲမွ ေအာ္ဒါမွာေသာ ေကာင္ေလးပင္။

ဒါဆို အ႐ိုင္းအစိုင္းေကာင္ေလး ေဂ်ာင္ဂုေရာ ဒီနားတစ္ဝိုက္မွာ ရွိေနႏိုင္လား။

ထယ္ေယာင္း အေတြးေတြနဲ႔အတူ ‌အလိုလို ေဘးဘီကို ေဝ့ၾကည့္လိုက္မိ၏။ မရွိဘူးပဲ။

"အာ.. မေန႔က စားေသာက္ဆိုင္က အစ္ကို"

ထိုေကာင္ေလးက ထယ္ေယာင္းကို ေတြ႕သြားကာ အၿပဳံးေလးနဲ႔ အနားကို ကပ္လာ‌ေလသည္။

"အဲ့ဒါေၾကာင့္ မေန႔ကတည္းက ျမင္ဖူးပါတယ္ဆိုၿပီး ေတြးေနတာ၊ အစ္ကိုဟာအိုရဲ႕ သူငယ္ခ်င္းမလား"

"ဟုတ္.. ဟုတ္ပါတယ္"

ထယ္ေယာင္းအေျဖေၾကာင့္ ‌ထိုေကာင္ေလးမွာ ပိုမိုေတာက္ပစြာၿပဳံးလာသည္မွာ သူ၏ မ်က္လုံးေလးမ်ား မွိတ္က်လာသည္အထိပင္။

"‌မိတ္ဆက္ဖို႔ ေမ့ေနတာ၊ ကြၽန္ေတာ္က ဟန္ဘင္းပါ၊ ေဆာင္းဟန္ဘင္း"

"ကင္ထယ္ေယာင္းပါ"

"ဟုတ္ ဒါနဲ႔ အစ္ကိုဟာအိုေရာဟင္"

ထယ္ေယာင္း အခုမွ ေက်ာင္းကိုေရာက္တာ သိရဲ႕သားနဲ႔ မိမိသူငယ္ခ်င္းကို လာေမးေနတာကေတာ့ နည္းနည္းလြန္တယ္မဟုတ္ဘူးလား။

ဘယ္လိုလုပ္သိမွာလဲ။

"ဟန္ဘင္း.. မင္းကို လိုက္ရွာေနတာ"

ဒီအသံ။ ဒီအသံက ရင္းရင္းႏွီးႏွီးကို ထယ္ေယာင္း ၾကားဖူးေနတာ။

ထင္တဲ့အတိုင္း ဟန္ဘင္းပုခုံးကို ‌ဖက္ရင္း အနားကို ေရာက္လာသူက ဂြၽန္ေဂ်ာင္ဂုပင္။

ထယ္ေယာင္း သူနဲ႔ မ်က္ႏွာခ်င္းပင္ ဆိုင္ခ်င္စိတ္မရွိသျဖင့္ ႏႈတ္ပင္မဆက္မိဘဲ အတန္းထဲကို အျမန္ဝင္လိုက္မိေတာ့သည္။ ဒါေတာင္ အဲ့ငနဲေလးနဲ႔ အၾကည့္ခ်င္း ဆုံျဖစ္ေအာင္ ဆုံသြားမိေသး၏။

ဒီေလာက္ဆို သူလည္း မိမိ ဒီေက်ာင္းမွာ တက္မွန္း သိေလာက္ၿပီေပါ့။

မၾကာခင္ ေက်ာင္းတက္ေခါင္းေလာင္းထိုးၿပီျဖစ္ၿပီး အတန္းထဲသို႔ ေက်ာင္းသူေက်ာင္းသားမ်ား အလွ်ိဳလွ်ိဳဝင္လာၾကေလသည္။

ထိုထဲတြင္ သူငယ္ခ်င္းျဖစ္သူ က်န္းဟာအိုလည္း အပါအဝင္။ ဟာအိုက အတန္းေခါင္းေဆာင္လည္းျဖစ္ၿပီး အတန္းထဲတြင္သာမက တစ္ေက်ာင္းလုံးမွာပါ စာအေတာ္ဆုံးျဖစ္သည္။ ထို႔ျပင္ အၿမဲတမ္း မ်က္မွန္ဝိုင္းေလးလည္း တပ္ထားေသး၏။

ေဘးကို ဟာအိုဝင္ထိုင္လိုက္သည္ႏွင့္ ထယ္ေယာင္းလည္း ခုနက ေကာင္ေလးကို သတိရသြားကာ

"ခုနက မင္းကို ေကာင္ေလးတစ္ေယာက္ လာရွာေနေသးတယ္"

"ဟန္ဘင္းလား"

"သိတာလား"

"သိတာေပါ့"

က်န္းဟာအိုကို စာနဲ႔ ေက်ာင္းကိစၥကလြဲၿပီး ဘာမွမသိဘူးလို႔ ထင္ထားခဲ့တာ။

"ဒါဆို သူ႔သူငယ္ခ်င္းေတြနဲ႔ေရာ သိလား"

ထယ္ေယာင္း မရဲတရဲနဲ႔ မဆိုင္တာေတြ ေမးလိုက္မိေပမယ့္ ဟာအိုကေတာ့ စိတ္ထဲထားသည့္ပုံမေပၚ။

"မသိဘူး ဟန္ဘင္းကိုပဲ သိတာ၊ သိတယ္ဆိုတာက သူလည္း အတန္းေခါင္းေဆာင္မို႔လို႔ေလ၊ အတန္းေခါင္းေဆာင္စုေဝးပြဲေတြဆို ျမင္ေနရလို႔"

"ဪ"

ဟာအိုက ေျပာၿပီးတာနဲ႔ စာအုပ္ဖြင့္ကာ စာဖတ္ေနသည္မို႔ ထယ္ေယာင္းလည္း ‌ဘာမွဆက္မေျပာ‌ျဖစ္ေတာ့။

သူက စာဖတ္ၿပီး မိမိက ဒီတိုင္းေနေနရမွာလည္း တစ္မ်ိဳးႀကီးမို႔ ထယ္ေယာင္းလည္း စာအုပ္တစ္အုပ္ထုတ္ကာ စာေတြျပန္ၾကည့္ေနမိ၏။

ဒါေၾကာင့္ အေပါင္းအသင္းမမွားဖို႔ ေရွးလူႀကီးေတြ ေျပာၾကတာထင္သည္။ ဟိုငနဲေလးရဲ႕ သူငယ္ခ်င္းေတြကေတာ့ သနားစရာပါပဲ။

ဒီေန႔တစ္ေန႔လည္း သာမန္ေန႔ေတြလိုပင္ အတန္းခ်ိန္ေတြက အဆင္ေျပေျပရွိလွၿပီး test ကိုလည္း ထယ္ေယာင္း အခက္အခဲမရွိ ေျဖႏိုင္ခဲ့ပါသည္။

သို႔ေသာ္ သာမန္မဟုတ္သည့္ျပႆနာက ေက်ာင္းဆင္းခ်ိန္တြင္စ၏။

ည‌ေနေက်ာင္းဆင္းခ်ိန္ေရာက္ၿပီမို႔ ေပါ့ပါးေသာ ေျခလွမ္းမ်ားနဲ႔ စက္ဘီးေလး ရပ္ထားရာေနရာသို႔ ထယ္ေယာင္း ေလွ်ာက္လာခဲ့သည္။

"test က ထင္ထားတာထက္ လြယ္သားပဲ"

ေက်နပ္အားရဟန္ ပါးစပ္က ခပ္တိုးတိုးေလး ေရ႐ြတ္ရင္း စက္ဘီးေပၚတက္အခြ အေနာက္ခုံက ေလးခနဲ တစ္ခ်က္ျဖစ္သြားသျဖင့္ ထယ္ေယာင္း အေနာက္ကို ကျပာကယာလွည့္ၾကည့္မိသည္။

ထိုအခ်ိန္ ေတြ႕လိုက္ရတဲ့သူေၾကာင့္ ထယ္ေယာင္း မ်က္လုံးေလးေတြ ဝိုင္းခနဲ။

အေနာက္မွာ ရပ္ေနသူက ဂြၽန္ေဂ်ာင္ဂုျဖစ္ၿပီး သူ႔ေက်ာပိုးအိတ္ကို ထယ္ေယာင္း စက္ဘီးေနာက္ခုံတြင္ ပိုင္စိုးပိုင္နင္း တင္ထားေလသည္။

"က်ဳပ္ကို အိပ္ျပန္ပို႔ေပး"

"ဘာ"

"နားမၾကားတာလား"

ဒီေကာင္ေလးက မဟုတ္ေသးပါဘူး။ ဘယ္လိုေတြ ႀကီးျပင္းလာလို႔ အႀကီးကို ဒီေလာက္ ႐ိုင္းစိုင္းေနရတာလဲ။

"မင္းနဲ႔ငါ သိေတာင္ မသိဘူးေလ၊ ၿပီးေတာ့ ငါညက မင္းဆိုင္ကယ္ကို ျပင္ေပးလိုက္တာပဲမလား"

"ဟုတ္တယ္ ခင္ဗ်ား ညက ေလွ်ာက္လုပ္လိုက္တာ ဆိုင္ကယ္က ဒီမနက္ လုံးဝပ်က္သြားတာေလ၊ အဲ့ေတာ့ ဒီေန႔ ခင္ဗ်ားက က်ဳပ္ကို တာဝန္ယူၿပီး အိမ္ျပန္ပို႔ေပးရမယ္"

႐ူးေနတာလား။

"ဘာပဲျဖစ္ျဖစ္ ညက ငါ့ေၾကာင့္ မင္းအိမ္ျပန္ေရာက္သြားတာပဲေလ၊ မင္းဆိုင္ကယ္က အစတည္းက စုတ္ေနတာကို"

"ဘာ"

"နားမၾကားတာလား"

ကိုယ့္စကားနဲ႔ကိုယ္ ျပန္အေျပာခံလိုက္ရသျဖင့္ ေဂ်ာင္ဂုမ်က္ႏွာဟာ စိတ္တိုသြားပုံရ၏။ မ်က္ခုံးတန္းတန္းေတြကလည္း မေက်နပ္ဟန္ တြန႔္ခ်ိဳးလာသည္ကို ထယ္ေယာင္း သတိထားလိုက္မိသည္။

"ထားလိုက္.. ‌အခု အိမ္ျပန္ပို႔ေပးရင္ ခင္ဗ်ားကို ဆိုင္ကယ္ဖိုး အေလ်ာ္မေတာင္းဘူး"

"ဦးေႏွာက္လြတ္ေနတာထင္တယ္"

ထယ္ေယာင္း မ်က္ေစာင္းတစ္ခ်က္ထိုးရင္း ထြက္သြားမယ္အလုပ္၊ ေဂ်ာင္ဂုက အသြားမခံဘဲ စက္ဘီးကို လက္တစ္ဖက္နဲ႔ ကိုင္ထားကာ စူးစူးရဲရဲၾကည့္ေနေလသည္။ ထိုအၾကည့္က ထယ္ေယာင္း မ်က္ႏွာတစ္ခုလုံး ေပါက္ကြက္မတတ္ျဖစ္ရကာ ေသးေသးေလး ျဖစ္သြားသလိုပင္ ခံစားရ၏။

အနားတြင္လည္း ဘယ္သူမွမရွိ။ မဟုတ္မွလြဲ အခု အႏိုင္က်င့္ခံေနရတာလား။ သူမႀကိဳက္ဘဲ အတင္းသြားရင္ လူကို ဆြဲထိုးမွာလား။ ဒီလိုေတာ့ အျဖစ္မခံႏိုင္၊ ေသြးသံေတြနဲ႔ အိမ္ျပန္သြားရင္ အေမက စိတ္ပူမွာ။

ထယ္ေယာင္း ျပာျပာသလဲနဲ႔ အိတ္ကပ္ထဲကေန ပိုက္ဆံတခ်ိဳ႕ကို ထုတ္လိုက္ရင္း

"ဒီ.. ဒီမွာ ပိုက္ဆံပါ၊ သြားခြင့္ေပးပါေနာ္၊ ကြၽန္ေတာ့္အိမ္မွာ အေမနဲ႔ ညီမေလးပဲရွိလို႔၊ အဲ့.. အဲ့ဒါ ကြၽန္ေတာ္က တစ္ဦးတည္းေသာ ေယာက္်ားေလးမို႔"

ထယ္ေယာင္း ဘာေတြေျပာေနမိမွန္း ကိုယ့္ကိုယ္ကိုယ္လည္း မသိေတာ့။

"ဘာေတြေျပာေနတာလဲ"

"ဟင္"

"ထားလိုက္ေတာ့"

ေဂ်ာင္ဂု မ်က္ႏွာက စိတ္ကုန္သြားသည့္ႏွယ္၊ စက္ဘီးအား ကိုင္ထားသည့္လက္ကို လႊတ္လိုက္ရင္း ေက်ာပိုးအိတ္ျပန္လြယ္ကာ ‌ထယ္ေယာင္းကို ေက်ာခိုင္းထြက္သြားေလေတာ့သည္။

ဘာလဲ အႏိုင္က်င့္မလို႔ မဟုတ္ဘူးလား။

ထယ္ေယာင္းမသြားေသးဘဲ ထြက္သြားေသာ ေဂ်ာင္ဂု‌ေက်ာျပင္ေလးကို လွမ္းၾကည့္ေနမိသည္။ ၾကည့္ရတာ တကယ္ပဲ အိမ္ကို လမ္းေလွ်ာက္ျပန္ေတာ့မည့္ ပုံစံနဲ႔။

‌အိမ္က နီးတာလား။ ဒါမွမဟုတ္ ေဝးလို႔ပဲ မိမိစက္ဘီးနဲ႔ လိုက္ခ်င္ေနတာလား။ အသက္လည္းမျပည့္‌ေသးဘဲနဲ႔ လမ္းေပၚမွာ တစ္ေယာက္တည္းျဖစ္ပါ့မလား။

ထယ္ေယာင္း ‌အေတြးေတြ အမ်ားႀကီးဝင္လာၿပီးမွ စက္ဘီးေလးအား ေဂ်ာင္ဂုဆီကိုပဲ ဦးတည္နင္းသြားမိေတာ့သည္။

"တက္"

"မတက္ဘူး"

"ခုနကက် အိမ္ျပန္ပို႔ေပးဆို"

"မလိုဘူး"

ေယာက္်ားေလးေတြ ေဟာ္မုန္းေျပာင္းလဲကာစဆို ဒီလိုျဖစ္ၾကတာလား။ ကိုယ္တိုင္တုန္းက ဘာမွမျဖစ္ခဲ့သလိုပဲ။

"တကယ္တစ္ေယာက္တည္းျဖစ္လား"

"ျဖစ္တယ္"

"ၿပီးတာပဲ"

သို႔ႏွင့္ ထယ္ေယာင္းလည္း စက္ဘီးကို ျပန္လွည့္မယ္အလုပ္၊ ေဂ်ာင္ဂုမွာ ခ်က္ခ်င္း စက္ဘီးေနာက္ခုံကို လက္ေလးနဲ႔ အျမန္လွမ္းဆြဲလာေလသည္။ ဘာစကားမွေတာ့မေျပာ။

ေဂ်ာင္ဂု ဘာမွမေျပာေပမယ့္ ဆိုလိုရင္းကို ထယ္ေယာင္း တန္းသေဘာေပါက္လိုက္ပါၿပီ။

ဒီေန႔ေတာ့ သူမ်ားအိမ္က သားေလးေၾကာင့္ အေမ့ကို ဆိုင္မွာကူေပးလို႔ရေတာ့မည္ မထင္။

.
.
.

To be continued

လူကိုယုံရင္ og လိုက္ႏိုင္ပါတယ္ေနာ့္:3

Continue Reading

You'll Also Like

618K 59.1K 36
Taekook πŸ’œ ( Own Creation )
947K 108K 58
ကျွန်တော်က မောင့်ရဲ့ α€α€…α€Ία€•α€„α€Ία€α€Šα€Ία€Έα€žα€±α€¬ Cactus...။ KTH & JJK
63.8K 8.7K 34
ApΓ³s a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiΓ£o do Caribe, Mon assume como capitΓ£ do navio Concorde. Bem qu...
60.3K 4.6K 62
αž•αŸ‚αž“αžŠαžΈαž€αŸ’αžšαž‘αžΆαž”αŸ‹αž…αžΆαž€αŸ‹ αž˜αž“αž»αžŸαŸ’αžŸαžŸαŸ’αž’αžΈαžαžΆαŸ†αž„αž–αžΈαž€αŸ†αž›αŸ„αŸ‡αž˜αž€αžŠαž›αŸ‹αž–αŸ„αŸ‡αž˜αŸ‰αžΆαž™αž€αžΌαž“αž”αŸ’αžšαžΆαŸ†αž αžΎαž™ αžšαž€αž”αŸ’αžšαž–αž“αŸ’αž’αž‡αžΆαž”αŸ‹αž›αžΆαž”αŸ‹αž“αž·αž„αž‚αŸαŸ‘αž€αŸαž‚αŸ’αž˜αžΆαž“ αž˜αž·αž“αž˜αŸ‚αž“αž›αŸ‚αž„αž›αŸ‡αž‘αŸ…αž―αžŽαžΆαž‘αŸ αž‚αžΊαž–αž½αž€αž‚αŸαž“αž·αž„αžŸαŸ’αž›αžΆαž”αŸ‹αžŠαŸ„αž™αž‚αŸ’αž˜αžΆαž“αž˜αžΌαž›αž αŸαžαž»αž“αŸ…αžŠαŸ‚αž›...