Find Love Because Of you (Com...

Pyoe_Ou_Yim द्वारा

100K 2.7K 9

ဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခ... अधिक

မိတ်ဆက်
Part(1) uni+zaw
Part (2)uni+zaw
Part(3) uni+zaw
Part(4)uni+zaw
Part(5)Uni+Zaw
Part(6)Uni+Zaw
Part(7)uni+zaw
Part(8)Uni+Zaw
Part(9)Uni+Zaw
Part (10) uni+zaw
Part(11)uni +zaw
Part(12)uni+zaw
Part(13)Uni+Zaw
Part(14) uni+zaw
Part(15)Uni+Zaw
Part(16)Uni+Zaw
Part(17)Uni+Zaw
Part(18)Uni+Zaw
Part(19)Uni+Zaw
Part(20)Uni+Zaw
Part(21)Uni+Zaw
Part(22)Uni+Zaw
Part (23) Uni+Zaw
Part(24)Uni+Zaw
Part(26)Uni+Zaw
Part(27)Uni+Zaw
Part(28)Uni+Zaw
Part(29)Uni+Zaw
❣️
Part(30)Uni+Zaw
Part(31)Uni+Zaw
Part(32)Uni+Zaw
Part(33)uni+zaw
Part(34)Uni+Zaw
Part(35)Uni+Zaw
part(36)Uni+Zaw
Part(37)Uni+Zaw
Part(38)Uni+Zaw
Final Uni+Zaw

Part(25)Uni+Zaw

2K 57 0
Pyoe_Ou_Yim द्वारा

Part(25)

"အချစ် ..."

ဝီလျှံရှိန်း အချစ်ကိုတွေ့၍ ခေါ်လိုက်သော်လည်း အချစ်က ပြန်လှည့်မလာသည်မို့ အမြန်လျှောက်ကာ အချစ်လက်အား ဆွဲလိုက်သည်။

ဝီလျှံရှိန်း အချစ်မျက်နှာကိုကြည့်မိတော့ မျက်ရည်များကျနေသည်။

"ဟာ အချစ်ရယ်"

ဝီလျှံရှိန်း အချစ်အာ ရင်ခွင်ထဲထည့်လိုက်သည်။

"ဝီလျှံရှိန်း ဖယ် လွှတ်လို့"

"အချစ်ကိုယ့်ကို သဝန်တိုတော့ ကိုယ်က ပျော်‌လို့ပါ"

"ဘယ်သူက သဝန်တိုနေလို့လဲ ဖယ် သွား"

"ကိုယ်က ဘယ်သွားရမှာလဲ"

"မင်းသွားချင်တဲ့နေရာသွား "

"အချစ်ကသွားဆိုတော့လဲ သွားရတာပေါ့"

ဝီလျှံရှိန်း စိုင်းစဝ်အား ပြောရင်း အစ်မရပ်ကြည့်နေသည့်အနားသို့ လျှောက်လာခဲ့သည်။

စိုင်းစဝ် ဝီလျှံရှိန်း၏ ကျောပြင်ကို ရိုက်ပစ်ချင်စိတ်များဖြစ်ပေါ်နေသည်။ စိုင်းစဝ်ကြည့်နေသည့် အချိန်မှာပင် ထိုမိန်းခလေးအား စိုင်းစဝ်အနားသို့ ခေါ်လာထဲ့သည်။

"အချစ် ဒါ ကိုယ့်အစ်မ ဒေါက်တာပိုးနွေနွယ်ရှိန်းတဲ့"

စိုင်းစဝ် ဝီလျှံရှိန်း၏ မိတ်ဆက်ပေးမှုကြောင့် လန့်သွားခဲ့သည်။ အခုစိုင်းစဝ်က ဝီလျှံရှိန်းကို သူ့အစ်မနဲ့အထင်လွဲမိသွားတာလား။

"တွေ့ရတာ ဝမ်းသာပါတယ်နော် မောင်လေး"

ဝီလျှံရှိန်း အစ်မဘက်သို့ မျက်လုံးပြူးကာ ကြည့်နေသော အချစ်ကို ကြည့်ကာပြုံးမိသည်။

"အချစ် အစ်မက မိတ်ဆက်နေတယ်"

စိုင်းစဝ် ဝီလျှံရှိန်း၏ ခေါ်သံကြောင့်လန့်သွားသည်။

"ဟုတ်ကဲ့ စိုင်းစဝ်ခွန်မျိုးပါ ခင်ဗျ"

"တို့မောင်လေးကို ဂရုစိုက်ပေးနော် သူက ဆိုးတယ်မလား"

"အရမ်းကြီးတော့ မဆိုးပါဘူးခင်ဗျ "

"ဟုတ်ပါပြီ မောင်လေး တို့မောင်လေးက ဖောက်ပြန်ရင် တို့ကိုလာပြောနော် တို့ဆုံးမပေးမယ်"

"ဟာ အစ်မ ငါက အချစ်ကိုထားပြီး တစ်ခြားတစ်ယာက်ကို တွဲစရာလား အချစ်ဆီကနေတောင် ရုန်းလို့မရတာကို"

"မင်းက ရုန်းထွက်ချင်သေးတာလား"

"မထွက်ချင်ပါဘူး အချ်ဆီမှာ ပိုပြီးနစ်မွန်းချင်လို့"

"မင်းကတော့"

"ဟီး...ဟီး"

စိုင်းစဝ် ဝီလျှံရှိန်းကို ပြန်ပြောရင်း အရှေ့တွင် ဝီလျှံရှိန်း၏ အစ်မရှိနေသေးသည်ကို မေ့သွားသည်။

"အစ်မသွားတော့မယ်နော် မောင်လေးဆီမှာ အစ်မရဲ့ မောင်ကိုအပ်တယ်နော် "

"ဟုတ်ကဲ့ ဂရုစိုက်သွားပါအစ်မ"

"အွန်း  မောင်လေးက ချစ်စရာလေးနော် အယ်... အစ်မမောင်က မပြောနဲ့လို့ မှာထားပေမယ့် အစ်မက မနေနိုင်လို့ပြောမိသွားပြီ"

"အစ်မ သွားတော့ ပြန်ဖို့အဆင်ပြေတယ်မလား"

"ရတယ် စိတ်မပူနဲ့ ကလေးလေး နောက်မှ တွေ့မယ်နော်"

"ဗျာ ဟုတ်... ဟုတ်ကဲ့ အစ်မ"

ဝီလျှံရှိန်း၏ အစ်မသည် စိုင်းစဝ်တို့ အနားမှ ထွက်သွားလိုက်သည်နှင့် စိုင်းစဝ် စာကြည့်တိုက် ဘက်သို့ သွားလိုက်သည်။

"ကိုယ့်ရဲ့အချစ် သဝန်တိုတာလေးကို ချစ်လိုက်တာကွာ သဝန်တိုနေတာလေးတောင် အချစ်က ချစ်ဖို့ကောင်းတယ်"

"သေလေ မင်းကို ဘယ်သူကမှ သဝန်မတိုဘူး"

"ကိုယ့်ကို မမြင်လို့‌တို့ ကိုယ်ခေါ်တာမကြားတာတို့ မပြောနဲ့နော် အချစ် ၊ အချစ်ကြားမှန်း ကိုယ်သိတယ် အကွာအဝေးကလဲ မဝေးတဲ့အတွက် အချစ်မြင်မှန်းလဲ ကိုယ်သိတယ် "

"မင်းသိလဲ သိတဲ့အတိုင်းနေလိုက် ငါ့ကိုလာမစနဲ့"

စိုင်းစဝ် ဝီလျှံရှိန်း၏ ရင်ဘတ်အား ထုရိုက်လိုက်သည်။

"အချစ် အချစ်လက်ထိပ်က ဘာဖြစ်တာလဲ"

စိုင်းစဝ်သည် စိတ်ထဲအလိုမကျလျှင်ဖြစ်ဖြစ် တစ်ခုခု စိတ်လှုပ်ရှားလျှင် ဖြစ်ဖြစ် လက်ထိပ်အား ဖဲ့နေတတ်သည်။ ယခုလဲ အခုနက ဒေါသထွက်လာ၍ လက်ထိပ်အား စိပ်ထားသည်မှာ သွေးစလေးပင် ထွက်နေသည်။

စာကြည့်တိုက်၏ ဒေါင့်ထဲတွင် ထိုင်လိုက်သည်။ စိုင်းစဝ် ဝီလျှံရှိန်းထံမှ လက်ကို ဆွဲယူလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး နည်းနည်းလေးဘဲ ခိုက်မိတာ"

ဝီလျှံရှိန်း အိတ်ထဲတွင် ဆောင်ထားသည့် အနာဂတ်လေးအားကပ်ပေးလိုက်သည်။

"နောက်ခါ ကိုယ့်အ‌ပေါ်ဘဲ ဖြစ်ဖြစ်၊ တစ်ခြားတစ်ယောက်အပေါ်ဘဲဖြစ်ဖြစ်ဒေါသတွက်တာတော့ တစ်ခုခုတို့ဆို အချစ်ကိုယ်အချစ် ထိခိုက်အောင်မလုပ်နဲ့နော် ကိုယ်က အချစ်ကို လုပ်တယ်ဆို ကိုယ့်ကို လာထိုးလိုက် နော်အချစ်"

"တစ်ခြားသူဆိုရင်ကော "

"အချစ်ပြန်လုပ်ခဲ့ မဟုတ်ဘူး အချစ်နာသွားမယ် ကိုယ့်ကိုလာပြော"

"ဘာလဲ လူမိုက်ကြီး သွားလုပ်ပြီး မင်းက ဒဏ်ရာရလာမလို့လား"

"အချစ်မထိခိုက်ရင်ရပြီ ကျန်တာကိုယ်ရှင်းမယ်"

"အဲ့လိုဆိုတိုင်း မင်းမှာ ဒဏ်ရာတွေ့တော့ ငါကကော စိတ်ချမ်းသာမယ်ထင်လို့လား "

"အချစ် ကိုယ်အချစ်ကို နမ်းချင်တယ်"

"ပြွတ်..."

ဝီလျှံရှိန်း ကိုယ်နှင့်မျက်လုံးချင်းစုံကာ စကားပြေယလာသူကြောင့် မနမ်းမိအောင် စိတ်ထိန်းထားသော်လည်း မထိန်းနိုင်တော့၍ ခွင့်တောင်းကာ နမ်းလိုက်သည်။

စိုင်းစဝ် နမ်းချင်တယ်ဟု ပြောလာကာ အဖြေကိုပင် မစောင့်ဘဲ နမ်းလာသူအား စိတ်မဆိုးရက်ပေ။

စိုင်းစဝ်မျက်လုံးမှိတ်ထားလိုက်‌တော့သည်။ ဝီလျှံရှိန်း၏ အနမ်းတိုင်းသည် စိုင်းစဝ်အား ပျော်ဝင်စေနိုင်သည်။

အချိန်အတော်ကြာသည်အထိ နမ်းနေသည်အား ရပ်မပေးသည်မို့ စိုင်းစဝ် အသက်ရှုကြပ်လာ၍ ရင်ဘတ်အား ထုကာ ရပ်ခိုင်းရသည်။

"ရပ်... ရပ်တော့ ... အသက်ရှု ကြပ်တယ်"

"ပြွတ်"

ဝီလျှံရှိန်း နောက်ဆုံးအနမ်းဖြင့် အချစ်၏ နှုတ်ခမ်းအား လွှတ်ပေးလိုက်သည်။ အချစ်၏ နှုတ်ခမ်းသည် ဝီလျှံရှိန်း ဘယ်လောက် နမ်းနမ်း နမ်းမဝပေ။ သောက်လေဪ ငတ်လေ ဖြင့် ပင်လယ်ရေကို သောက်နေရသကဲ့သို့ အချစ်၏ နှုတ်ခမ်းက ဆွဲဆောင်ထားသည်။ အချစ်က သတိပေးမှသာ ဝီလျှံရှိန်း လွတ်ပေးလိုက်သည်။

"စာမေးပွဲ‌နီးနေပြီ  စာလုပ်ကြမယ် ဘယ်လိုဘဲ ပထမတစ်ဖြတ်စာဘဲဆိုဆို အမှတ်ကောင်းမှ ဖြစ်မယ်"

"အချစ်က ဘယ်မှာ အလုပ်ဝင်ချင်တာလဲ"

"မင်းက ဘာလုပ်မလို့လဲ"

"သိချင်လို့ပါ အချစ်ရဲ့ "

"မပြောပြဘူး မင်းကငါနဲ့ပတ်သတ်ရင်အကုန်သိတယ်ဆို အဲ့ဒါလဲ သိအောင်လုပ်ပေါ့"

ဝီလျှံရှိန်း၏ စိတ်ထဲတွင် သန့်သူရကိုအား ဘာဘဲလုပ်ရလုပ်ရ သိရအောင်စုံးစမ်းမည်ဟု တွေးလိုက်သည်။

အချိန်များအတော်ပင်ကုန်လွန်ကာ စိုင်းစဝ်တို့ပင် ပထမစာမေးပွဲ ဖြေပြီး၍ ကျောင်းပိတ်ထားသည်။ စိုင်းစဝ်နှင့် ဝီလျှံရှိန်းတို့ ကြားထဲတင်အတော်ပင် အဆင်ပြေခဲ့သည်။ နှင်းပိုးကုဋေနှင့် ဝီလျှံရှိန်း၏ အစ်မတို့မှာလဲ အတော်ပင် အဆင်ပြေလာသည်ဖြစ်သည်။

စိုင်းစဝ်ပိတ်ရက်များတွင် ပျင်းနေသဖြင့် အိမ်ထဲတွင် အလှပင် စိုက်ခြင်း စာအုပ်ဖတ်ခြင်းတို့ဖြင့် အချိန်ကုန်နေသည်။ ဝီလျှံရှိန်းက အလှပန်းပင်တွေ့သည့် အခါတိုင်း ဝယ်လာပေးသည့်မို့ စိုင်းစဝ်၏ အိမ်ထဲတွင် အတော်ပင်များနေပြီဖြစ်သည်။

ယနေ့တွင် ဝီလျှံရှိန်းက အိမ်သို့ ပြန်မည့်နေဖြစ်သည်။ အမြဲလိုလို မိုးချုပ်ခါနီးမှ သူ၏အိမ်သို့ ပြန်လေ့ရှိသည်။ တစ်ခါတစ်လေ မပြန်ဘဲလဲ နေသည်မို့ ဝီလျှံရှိန်း၏ အစ်မမှ လာခေါ်ရသည်။

"ဝီလျှရှိန်း မင်းအိမ်ပြန်တဲ့အခါ ညမွှေးပန်းအိုး ယူသွားနော် မင်းရဲ့ အစ်မကို ပေးပေး"

"ဘာလို့လဲ အချစ်ရဲ့ အဲ့ဒါ အချစ်ကြိုက်တဲ့ ပန်းလေးမဟုတ်လား"

"ဟုတ်တယ်လေ ဒါပေမယ့် မင်းငါကြိုက်တယ်ဆိုပြီး အများကြီး ဝယ်လာတာလေ အခု ငါတို့တစ်ခန်းလုံးမှာ များနေပြီ မင်းအစ်မကလဲ မကြာခင်ဆေးခနဖွင့်တော့မှာလေ အဲ့မှာထားလို့ရအောင်ပေးလိုက်နော်"

"ဟုတ်ပါပြီ ကိုယ်ညနေပြန်တဲ့အခါ ယူသွားပါမယ် အချစ်စောင်တွေကို တစ်ယောက်ထဲမလျှော်နဲ့နော်"

"မလျှော်သေးပါဘူး ခနနေမှ မင်းနဲ့အတူလျှော်မယ်လေ"

စိုင်းစဝ်တို့ ကျောင်းလဲခဏပိတ်ထားသည်ဖြစ်၍ ဒီနေ့တွင် အခန်းတွင်းသန့်ရှင်းရေးလုပ်နေကြခြင်းဖြစ်သည်။  အိပ်ယာခင်းများကိုလဲ လျှော်ရသည်။ ဝီလျှံရှိန်းက စောင်ကို အတူလျှော်မည်ပြောထား၍ စိုင်းစဝ်စောင်ကိုတော့ ရေစိမ်ထားလိုက်သည်။

"အချစ် မုန့်လာစားတော့ ကိုယ်မှာထားတာရောက်လာပြီ"

"လာပြီ မင်းအများကြီးမှာထားတာလား"

"မမှာထားပါဘူး အချစ်ကြိုက်တဲ့ ကြက်ကြော်ရယ် မာလာမောက်ချိုက်ရယ်ဘဲ မှာထားတာ"

"မင်း တစ်မျိုးဘဲမှာပါဆို "

စိုင်းစဝ် လက်ဆေးကာ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။

"ကိုယ် မောက်ချိုက်ကို အချစ်ကြိုက်တဲ့ ကြက်မဲနဲ့ဝယ်ထားပေးတယ် ကိုယ်တော်တယ်မလား"

"ငါနဲ့အတူနေနေပြီး ငါကြိုက်ဆော့ သိသင့်တယ်မလား"

"အချစ်ကော ကိုယ်ဘာကြိုက်လဲသိလား"

"အွန်း ... မင်းကြိုက်တာ ငါလေ"

"ဟား...အချစ်ကို ကိုယ်အသဲယားလာပြီ"

"မင်း မြန်မြန်စားပြီးရင်ခနနားပြီး စောင်လျှော်ကြမယ်"

စိုင်းစဝ် ကြက်ကြော်နဲ့ မောက်ချိုက်ကို ‌အတော်ပင်ကြိုက်သည်မို့ နှစ်ခုလုံးကို အတော်ပင်စားလိုက်သည်။ စားပြီးချိန်တွင် ဧည့်ခန်းတွင် ခနနားလိုက်သသည်။

"အချစ်မှာ စာအုပ်ဖတ်စရာ ကျန်သေးလား"

"ရှိသေးတယ် ပြီးမှ ဝယ်မယ် ငါနဲ့သွားမယ် ငါရချင်တဲ့စာအုပ်ရှိတယ်"

"ဟုတ်ပါပြီ ကိုယ်အချစ်ကို ခေါ်သွားပါမယ်"

"သွားကြစို့ စောင်သွားလျှော်ကြမယ် "

စိုင်းစဝ် ဝီလျှံရှိန်းကို ရေချိုးခန်းထဲသို့ ခေါ်လာခဲ့သည်။ စိုင်းစဝ် စောင်စိမ်ထားသည့် ဇလုံထဲသို့ ဝင်ကာ ခြေထောက်ဖြင့်နင်းလိုက်သည်။ ဝီလျှံရှိန်းက စိုင်းစဝ်အား ကြည့်နေသည်။

"ဝီလျှံရှိန်း မင်းကော လာနင်းလေ မြန်မြန်ပြီးအောင် "

အချစ်က ပြောလာသည်မို့ ဝီလျှံရှိန်း ဇလုံထဲဝင်ကာ ခုန်လိုက်သည်။ အချစ်ထံသို့ ဆပ်ပြာရေများ ပေသွားသည်။

"ဝီလျှံရှိန်း ဖြည်းဖြည်းနင်းလေ မင်းလုပ်လို့ ငါ့မှာစိုသွားပြီ"

"မကျေနပ်ရင် အချစ်လဲ ပြန်လုပ်လေ"

စိုင်းစဝ် ဝီလျှံရှိန်းအား ဆပ်ပြာရေ စင်စေရန် အကြမ်းနင်းလိုက်သည်။ စိုင်းစဝ်ကနင်းလိုက် ဝီလျှံရှိန်းက ပြန်၍ နင်းလိုက်နှင့် စောင်လျှော်ပြီးချိန်တွင် နှစ်ယောက်လုံး စိုရွှဲကုန်၍ ရေချိုးလိုက်ကြရသည်။

ဝီလျှံရှိန်းနှင့် စလိုက်နောက်လိုက်ဖြင့် စိုင်းစဝ် တစ်နေ့လုံးမပျင်းခဲ့ရပါ။

See you Soon 🔜🔜🔜

Alison_Ahsaw
28/12/2023







(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤








Part(25)

"အခစြျ ..."



































































































See you Soon 🔜🔜🔜

Alison_Ahsaw
28/12/2023





पढ़ना जारी रखें

आपको ये भी पसंदे आएँगी

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
48.3K 2.1K 37
သူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။
4.2K 76 15
ချစ်​ခဲ့မိတာကို အပြစ်​လို့ဆိုရင်​ချစ်​ဖို့​ကောင်း​အောင်​နေတဲ့မင်းကတရားခံပဲ
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...