ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...

By TtTt04419

49.6K 2.2K 114

Yizhan More

Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final

Ep_7

1.3K 79 1
By TtTt04419


ကိုကိုကလည်းသူ့သူငယ်ချင်းမွေးနေ့ဆိုတော့ကမ်းခြေကိုညအိပ်ထွက်သွားတာတဲ့။ကိုကိုမရှိတော့ဝမ်အိမ်တော်မှာနေရတာအစိမ်းသက်သက်ကြီး။ကြားထဲကိုကို့ညီက ကျန့်ကျန့်ဆိုရင်အရမ်းမုန်းနေတာ၊ကျန့်ကျန့်ကိုဒီလိုတောင်ပြောလိုက်သေး၊အိမ်မှာလူပိုတဲ့လေ။

ကိုကို့အိမ်ကအစေခံတွေရော ကျန့်ကျန့်ကိုဝန်ထုတ်ဝန်ပိုးတဲ့။ဟုတ်ပါတယ်လေ ကိုယ်ကသူတို့ဆီမှာနေတာဆိုတော့ အိမ်ရှင်အတွက်လုပ်ပေးနေရတာကတမျိုး၊ဧည့်သည်ကိုပါအစအစအရာရာဂရုစိုက်လုပ်ပေးနေရတော့ သူတို့တွေအကုန်လုံးကဝန်ထုတ်ဝန်ပိုးလို့ပြောလည်းမဆန်းပါဘူး။ဒါပေမယ့်ကျန့်ကျန့်ကတော့ဂရုမစိုက်ပါဘူး၊မဟုတ်လည်းကျန့်ကျန့်ကကျန့်ကျန့်အိမ်ပြန်ရမယ့်သူပဲလေ။အဲ့တော့မကောင်းကြောင်းပြောနေတဲ့သူတွေကိုဂရုစိုက်ဖို့အချိန်ဆိုတာမရှိဘူး။

" သားလေး နိုးပြီးလား "

ထမင်းစားခန်းထဲကိုဝင်ပြီးထိုင်ခုံမှာထိုင်လာတဲ့သားလေးကျန့်ကျန့်ကို​မေးလိုက်တော့ ဒေါ်စုယွဲ့ယွဲ့ကိုသားကျန့်က " ဟုတ်ကဲ့ " ဆိုပြီးရိုရိုသေသေပြန်ပြောလာတာကြောင့် ဒေါ်စုယွဲ့ယွဲ့ကခေါင်းဆက်ဆက်ညိမ့်ပြလိုက်တယ်။

ဘိုးဘိုးဝမ်ကျိုးလင်ကထမင်းစားပွဲခုံရှေ့ဆုံမှာထိုင်ပြီးဘာမှဝင်မပြောပဲဆန်ပြုတ်ကိုသာစားနေသည်။
ဒေါ်စုယွဲ့ယွဲ့က သားကျန့်စားဖို့အတွက်ဆိုပြီးအစေခံကိုအော်ခေါ်လိုက်တယ်။အစေခံအဒေါ်ကြီးချိုးချိုးကရောက်လာပြီး ပြောသည်။

" သခင်မစုယွဲ့ ဘာများလိုပါသလဲ "

" သားကျန့်စားဖို့အတွက် ဆန်ပြုတ်ကိုပန်းကန်ထဲထည့်လာခဲ့ "

ဆန်ပြုတ်တဲ့လား၊ကျန့်ကျန့်ဘဝမှာဆန်ပြုတ်တစ်ခါမှမစားဖူးတာ၊ကျန့်ကျန့်ကဆန်ပြုတ်မကြိုက်တာကြောင့်အန်တီစုယွဲ့ယွဲ့ကိုပြန်ပြောလိုက်တယ်။

" ကျန့်ကျန့် ဆန်ပြုတ်မကြိုက်ဘူး ကော်ဖီနဲ့ပေါင်မုန့်မရှိဘူးလား ဖေဖေကမနက်ဆိုကျန့်ကျန့်အကြိုက်ကော်ဖီနဲ့ပေါင်မုန့်ကျွေးနေကျဆိုတော့ ကျန့်ကျန့်ကဆန်ပြုတ်မစားတက်လို့ပါ "

" အော် သားရယ် အန်တီတို့အိမ်ကလည်းကော်ဖီသိပ်သောက်တဲ့သူမရှိဘူးဆိုတော့အန်တီကလည်း ကော်ဖီမဝယ်ထားတာ၊ပေါင်မုန့်ကလည်းမဝယ်ထားမိပြန်ဘူး ဒီနေ့တစ်ရက်တော့ဆန်ပြုတ်စားလိုက်လေ အန်တီကမနက်ဖြန်ကျ ကော်ဖီအထုတ်လိုက်ရယ်ပေါင်မုန့်ထုတ်ရယ်ပါတစ်ခါတည်းဝယ်ထားလိုက်မယ်နော် "

" အော် အွန်းပါ ရပါတယ် "

ကိုကို့အိမ်ရောက်မှမစားဖူးတဲ့ဆန်ပြုတ်ကိုပထမဆုံးအကြိမ်စားလိုက်ရတာပဲ ကိုကိုရယ်။ဆန်ပြုတ်အရသာကလည်း ဘယ်လိုကြီးမှန်းမသိဘူး။ဆားတွေအထည့်လွန်သွားတာထင်တယ်၊ငန်ကျိကျိကြီးနဲ့

ကိုယ်ကအခုလက်ရှိသူများအိမ်မှာနေရတာဆိုတော့ဘာမှသာဆက်မငြင်းတော့ပဲ ငြိမ်ငြိမ်လေးအလိုက်တစ်သိ ဧည့်သည်ဆိုသည့်အတိုင်းနေလိုက်ရတယ်။

_____________________

" ဘယ်လိုဟာလေးလဲ မသိဘူး လူကြီးတွေကိုဒုက္ခပေးချင်နေတာ !!! "

အစေခံအဒေါ်ကြီးချိုးချိုးကစိတ်တိုတိုဖြင့်ပန်းကန်းတွေဆေးရင်းဘေးကသူ့တူမဖြစ်သူချင့်ချိုးကိုပြန်ပြောတယ်။တူရီးနှစ်ယောက်ကတော့အတင်းအမြဲပြောလေ့ရှိတာဆိုတော့ ကျန်တဲ့အစေခံတွေကသူတို့နှစ်ယောက်နဲ့သွားမပေါင်းရဲကြဘူး။

သွားပေါင်းရင် တူရီးနှစ်ယောက်ကဟိုလူမကောင်းကြောင်း ဒီလူမကောင်းကြောင်းတစ်နေ့ကုန်အလုပ်လုပ်ရင်းပြောတော့တာပဲ။အတင်းပြောတယ်ဆိုပေမယ့်တူရီနှစ်ယောက်စလုံးကအလုပ်လုပ်ရင်သေသပ်တော့၊အိမ်ကသခင်ကြီးဝမ်ကျိုးလင်နဲ့ သခင်စုယွဲ့တို့သားဖနှစ်ယောက်ကသဘောကျတာပေါ့။သခင်လေးဝမ်ရိပေါ်ကလည်းသဘောကျတယ်လို့ပြောရမယ်။သဘောမကျတာဆိုလို့သခင်လေးဝမ်ရိပေါ်ရဲ့ညီအငယ်လေးပဲ။

" ဘယ်လိုဒုက္ခပေးတာ ? "

တူမဖြစ်သူကလည်းအဒေါ်ကိုအလုပ်တွေကူလုပ်ရင်းပြောတော့ အဒေါ်ချိုးချိုးကလည်းပြန်ပြောတယ်။

" နင်ကလည်းအတာ ! အခုအိမ်မှာနေတဲ့အသစ်ကလေးလေ ဘာမှန်းမသိဘူး အဲ့ကောင်လေးရှောင်းကျန့်ရဲ့အဖေက ငါတို့သခင်ကြီးထက်ကြီးကြီးတက်ချမ်းသာတယ်ဆိုတိုင်း အဲ့ကောင်လေးကမာနကြီးနေတာ ဘာတဲ့ ဒီလိုတောင်ပြောသေးတာ ကျန့်ကျန့်ကမနက်ဆိုဆန်ပြုတ်မစားတက်ဘူးတဲ့ ဖေဖေကကော်ဖီနဲ့ပေါင်မုန့်ကျွေးနေကျတဲ့လေ "

" အဲ့ကောင်သေးသေးလေးကသူ့ကိုယ်သူ့ကျန့်ကျန့်လို့သုံးနှုန်းတာပေါ့ "

" သူနာမည်ကရှောင်းကျန့်ပါဆို နင်ကလည်းပြောသာပြောရတာ ကောင်လေးကရုပ်ရည်လေးတော့မဆိုးဘူး ချစ်တော့ချစ်စရာလေး ဒါပေမယ့်ငါတော့မကြိုက်ပါဘူးအေ "

" ကျမရော စလာတည်းကအဲ့ကောင်လေးပုံကိုမကြိုက်ဘူး "

အနောက်ကနေကျောချမ်းအောင်စိုက်ကြည့်နေသလားလို့ထင်လို့ လှည့်ကြည့်လိုက်တော့ ဟိုကောင်လေးရှောင်းကျန့်ဖြစ်နေတယ်။

ကိုယ်တွေတူရီးနှစ်ယောက်ကိုမျက်စောင်းထိုးပြီးအရုပ်ကလေးပိုက်ကာရပ်ကြည့်နေတဲ့ရှောင်းကျန့်​ကိုမြင်တော့ တူရီးနှစ်ယောက်စလုံးကလန့်ပြီးမသိချင်ယောင်ဆောင်ကာပန်းကန်တွေမြန်မြန်ဆေးနေလိုက်သည်။

ရှောင်းကျန့်ကခြေဆောင့်ပြီးအိမ်အပြင်ထွက်သွားတော့မှ တူရီးနှစ်ယောက်ကသက်ပြင်းချသွားရတယ်။

" အမယ် သူကကြီးခြေဆောင့်ရသေးတယ် "

" ဟုတ်ပ အန်တီရယ် အံ့ဩလိုက်တာ !!! "

_______________________

" မင်းထိုင်နေတာငါ့နေရာ "

ဒန်းပေါ်မှာအရုပ်ကလေးပိုက်ကာထိုင်နေတဲ့ရှောင်းကျန့်က " ဟင် " ဆိုပြီး သူ့ကိုကြောင်ကြည့်လာတယ်။

ကိုကိုရဲ့ညီဝမ်ရိချန်း! အေးတိအေးစက်လူသားကြီးပဲ!

" sorry ကျန့်ကျန့်က မသိလို့ ! "

စလာတည်းက မေမေကဒီကောင်လေးကိုပဲဂရုစိုက်ပြီးပြုစုနေတော့သူလုံးဝကြည့်မရခဲ့ဘူး။ကောင်လေးသတင်းကိုလည်းအကုန်ကြားပြီးပြီ၊သနားစရာလေးဆိုပေမယ့် မသနားနိုင်ဘူး။

သူ့အဘိဓ္ဓာန်မှာသနားပါတယ်ဆိုတဲ့အဘိဓ္ဓာန်ကလုံးဝမရှိဘူး။အိမ်မှာအငယ်ဆုံးပြီးဘယ်သူမှဘာမှမခိုင်းပဲအလိုလိုက်ထားတာကို၊အခုတော့ဒီကောင်လေးကရောက်လာတော့ သူ့နေရာကိုဒီကောင်လေးကဝင်လုသွားတော့ အမြင်ကပ်တယ်ရယ်။

" ကိုကိုလာပြီနော် baby ! "

" ဟင် ဘယ်ကို "

နားကြပ်တပ်ပြီးချစ်သူကောင်မလေးကိုပြောနေမှန်းမသိပဲ ဘေးကနေကောင်လေးရှောင်းကျန့်ကထပြောလာတော့ နားကြပ်ဖြုတ်ပြီး ထိုကောင်လေးကို ပြန်ပြောလိုက်ရတယ်။

" ငါ့ကောင်မလေး "

" အာ ဟုတ် "

ဂိမ်းဆော့နေတာကိုခေါင်းလေးစောင်းပြီးကြည့်လာသောသူလေးကို ဝမ်ရိချန်းသတိထားမိသည်။မသိချင်ယောင်ဆောင်ပြီးဂိမ်းသာဆက်ဆော့နေလိုက်တယ်။

အချိန်တော်ကြာတဲ့ဂိမ်းဆော့ပြီးလို့ မျက်လုံးတွေကိုက်လာတာကြောင့် ဖုန်းပိတ်ကာနားလိုက်သည်။ဘေးကကောင်လေးရှောင်းကျန့်ကိုကြည့်လိုက်တော့အရုပ်ကလေးပိုက်ပြီးသူ့ပခုံးပေါ်ခေါင်းမှီကာအိပ်ပျော်နေတယ်။အခုချိန်ထိုင်ရာကနေထလိုက်ရင် ကောင်လေးကနိုးသွားမှာစိုးတာကြောင့် ဒန်းပေါ်မှာသာဆက်ထိုင်နေပြီး ဖုန်းဖွင့်ကာအသံတိုးပြီးဂိမ်းဆော့နေလိုက်ရတယ်။

၂နာရီတိတိကိုယ့်ပခုံးမှာကောင်းကောင်းကြီးကြီးအိပ်ပျော်နေတဲ့ကောင်လေးရှောင်းကျန့်ကနိုးလာတော့သည်။အိပ်ယာထခါစဆိုတော့မျက်လုံးကိုလက်ဖြင့်ပွတ်နေသည်။မျက်လုံးကိုလက်ဖြင့်အားရပါရပွတ်လို့ပြီးမှ ကိုယ့်ကိုကြောင်တောင်တောင်စိုက်ကြည့်လာသောသူလေး။

" ငါ့ပခုံးတွေလည်းနာလှပြီ ! မကောင်းတက်လို့သာ မင်းကိုမနိုးတာ ! "

" တောင်းပန်ပါတယ် ကျန့်ကျန့်တကယ်တောင်းပန်ပါတယ် "

တောင်းပန်ပါတယ်လို့ပြောပြီးအရုပ်ကလေးပိုက်ကာထွက်ပြေးသွားတော့ ဝမ်ရိချန်းရဲ့ စိတ်ထဲတော့

ဘာလားပဲ~~~~~~

ဟုတွေးမိသား။
_______________________

" မင်းဘာလို့ ရှောင်းကျန့်ကို ဝမ်အိမ်တော်မှာနေခိုင်းရတာလဲ ဟမ် !!! "

အဖေဖြစ်သူရှောင်းဖုန်းက အကြီးကျယ်အော်ပြောလာတော့သားဖြစ်သူဉီးရှောင်းကျီမှာအတော်စိတ်ပျက်သွားရတယ်။

အဲ့တာတွေကြောင့်သူ့ကိုမပြောပြချင်တာ၊ပြောလိုက်ရင်နေရာတကာကိုပါတယ်၊တမင်သက်သက်ဝမ်အိမ်တော်ကိုနေခိုင်းတာလဲမဟုတ်ဘူး၊အကြောင်းရှိလို့
ရှောင်းကျန့်ကို ဝမ်အိမ်မှာနေခိုင်းရတာ။

အခုလည်းနားမထောင်ချင်တဲ့စကားတွေလာပြောနေတော့ ထိုင်ရာကထလိုက်ကာအဖြစ်မှန်သာပြောလိုက်ရတယ်။

" ကျန့်လုမေ သူ့ကလေးကိုပြန်ခေါ်သွားမယ်တဲ့ "

ရှောင်းကျန့်ရဲ့အမေကျန့်လုမေကသူဟာသူနိုင်ငံခြာမှာနောက်လင်နဲ့အေးဆေးနေတာကိုအခုကျမှဘာတွေစိတ်ကူးပေါက်ပြီးသူ့မြေးလေးရှောင်းကျန့်ကို ဘာလို့ခေါ်သွားမှာလဲ?

မပေးနိုင်ပါဘူး မိန်းမယုတ်လက်ထဲကို.... ပေးလိုက်ရင် ကလေးလေးပျက်စီးသွားမှာ!

" ကျွန်တော်ကလေးလေးကို နောက်လင်နေတဲ့မိန်းမလက်ထဲမပေးနိုင်လို့ ! ရှောင်းကျန့်ကို ဝမ်အိမ်တော်မှာခဏထားလိုက်ရတာပါ "

" မင်းလုပ်တာမှန်တယ် ငါ့သား ! စကားမဆပ် ချူးရင်တို့သားမိရော ဒီကိစ္စသိလား ! "

" ဟုတ်ကဲ့ ကျွန်တော်ပြောပြထားပါတယ် "

မြေးမချူးမိန့်ကသူသောက်ဖို့ဆိုပြီးရေနွေကြမ်းလေးလာချပေးတော့ " ကျေးဇူး ကွယ် " လို့အလိုက်တစ်သိပြန်ပြောလိုက်တယ်။

ရိပေါ်ကခါတိုင်းဆိုသူတို့အိမ်လာပြီးချူးမိန့်နဲ့အတူစာတွေလုပ်နေကျပါ၊အခုကျမှဘာလို့အိမ်ကိုမလာရတာလဲ?

သိချင်စိတ်ဖြင့်မေးကြည့်လိုက်တော့မြေးမလေးချူးမိန့်ကပြန်ပြောလာတယ်။

ရိပေါ်ကသူ့သူငယ်ချင်းတွေနဲ့ကမ်းခြေကိုညအိပ်သွားတာတဲ့လေ~~~~~~

လူငယ်ဆိုတော့လွတ်လွတ်လပ်လပ်ပျော်ပါးကြတာမဆန်းပါဘူးလေ။အပြစ်လည်းမတင်ပါဘူး၊ကိုယ်တွေလူငယ်ဘဝတုန်းကလည်း သူငယ်ချင်းတွေနဲ့ခရီးသွားညအိပ်ကြတာပဲ။

ချူးမိန့်က အပေါ်တက်သွားတော့သားရှောင်းကျီနဲ့ပြောနေတဲ့စကားကိုပြန်ဆက်ကာမေးလိုက်တယ်။

" ကျန့်လုမေက မင်းကိုစာပို့ပြီးပြောတာလား "

" မဟုတ်ဘူး ဖုန်းဆက်ပြောတာ ကော်ဖီဆိုင်မှာလာတွေ့ပါတဲ့ "

" ဒါဆိုအဖေနဲ့ခုသွားရအောင်။ "

__________________________

ကျန့်လုမေချိန်းထားတဲ့ကော်ဖီဆိုင်ကိုရောက်တော့အထဲဝင်သွားလိုက်တယ်။ထောင့်နားလေးမှာခြေချိတ်ကာထိုင်နေတဲ့ကျန့်လုမေကိုတွေ့ပါပြီ။

ကျန့်လုမေက နေကာမျက်မှန်အထူကြီးတပ်ထားရာကနေချွတ်ပြီးစားပွဲပေါ်တင်လိုက်တယ်။ကိုယ်တွေသားဖနှစ်ယောက်အတွက်ဆိုပြီး ကော်ဖီအဆင်သင့်မှာထားတယ်ဆိုလို့~~~သားဖနှစ်ယောက်စလုံးက ကိုယ်စီကော်ဖီခွက်တွေနဲ့ ကိုင်ပြီးတစ်ငုံသောက်လိုက်တယ်။

ကျန့်လုမေကတော့မိန်းမသဘာဝအတိုင်း မှန်သေးသေးယူကြည့်ရင်း နီရဲတောက်နေတဲ့နှုတ်ခမ်းနီကြီးကိုနှုတ်ခမ်းပေါ်ဆိုးနေတော့ ဉီးရှောင်းကျီကအရင်စကားစလိုက်တယ်။

" ငါ့ကိုဘာလုပ်ဖို့ခေါ်တာလဲ? "

" ငါကနင်ကိုတကယ်တော့ခေါ်တာမဟုတ်ဘူး ငါ့သားကိုခေါ်ခိုင်းချင်လို့ နင့်ကိုခေါ်လိုက်တာ နင်ကတော့ နင်ရဲ့အသုံးမကျတဲ့အဖေကြီးကို ခေါ်လာပြန်တာနော် "

အသုံးမကျတဲ့အဖေကြီးလို့ပြောတော့ အဖေက မျက်လုံးတွေပြူးပြီး လက်သီးတွေတင်းတင်းကျပ်ကျပ်ဆုပ်ထားတော့ စိတ်လျှော့ဖို့သာ တိုးတိုးလေးပြောလိုက်ရတယ်~~~~

" နင်ဟာလေ ခိုင်းရင်တလွဲလုပ်တက်တဲ့လူမျိုး
လား ! "

" တလွဲလုပ်တာမဟုတ်ဘူး တမင်လုပ်တာ ! "

" အဟက် ငါလည်းသိပြီးသားမို့ ရွဲ့ပြောနေတာ ငပိန်းကောင်ရဲ့ နင်လိုလူမျိုးနဲ့ဆက်ပြီးတော့စကားပြောစရာမရှိလို့ ငါသွားတော့မယ် အာ စကားမဆပ် ငါ့သားကိုနင်သေချာပေါက် ငါ့ကိုပြန်ပေးရမှာ မဟုတ်ရင်တော့ မနက်ဖြန်နင့်အိမ်လာပြီးသောင်းကျန်းမှာ ဆိုတာသိထားလိုက်! "

" နင့်လိုမိခင်စိတ်မရှိတဲ့အမေက ကလေးကိုပြန်ပေးဆိုတဲ့စကားကိုဘာလို့ပြောထွက်ရဲတာလဲ? "

" အဲ့ဒါငါ့စောက်ကြောင်းပါ နင့်စောက်ကြောင်းမဟုတ်ဘူး ငါကအမေနော် "

" အမေဆိုပေမယ့် မိခင်မပီသတဲ့အမေ ! "

" ထင်ချင်သလိုသာ ထင်ပါ။ "

ကျန့်လုမေကတော့ပြောပြီးလို့ကော်ဖီဆိုင်ထဲကနေထွက်သွားတော့မှ ဖေဖေက ထပြောလာပြန်တယ်။

ကလေးကိုမပေးနိုင်ဘူးကြောင်း ဘာလို့မပြောတာလဲဆိုပြီးဘေးကနေဆူဆဲနေတော့ သက်ပြင်းချပြီးငြိမ်နားထောင်ရုံသာ။

_____________________

Zawgyi

ကိုကိုကလည္းသူ႕သူငယ္ခ်င္းေမြးေန႔ဆိုေတာ့ကမ္းေျခကိုညအိပ္ထြက္သြားတာတဲ့။ကိုကိုမ႐ွိေတာ့ဝမ္အိမ္ေတာ္မွာေနရတာအစိမ္းသက္သက္ႀကီး။ၾကားထဲကိုကို႔ညီက က်န္႔က်န္႔ဆိုရင္အရမ္းမုန္းေနတာ၊က်န္႔က်န္႔ကိုဒီလိုေတာင္ေျပာလိုက္ေသး၊အိမ္မွာလူပိုတဲ့ေလ။

ကိုကို႔အိမ္ကအေစခံေတြေရာ က်န္႔က်န္႔ကိုဝန္ထုတ္ဝန္ပိုးတဲ့။ဟုတ္ပါတယ္ေလ ကိုယ္ကသူတို႔ဆီမွာေနတာဆိုေတာ့ အိမ္႐ွင္အတြက္လုပ္ေပးေနရတာကတမ်ိဳး၊ဧည့္သည္ကိုပါအစအစအရာရာဂ႐ုစိုက္လုပ္ေပးေနရေတာ့ သူတို႔ေတြအကုန္လုံးကဝန္ထုတ္ဝန္ပိုးလို႔ေျပာလည္းမဆန္းပါဘူး။ဒါေပမယ့္က်န္႔က်န္႔ကေတာ့ဂ႐ုမစိုက္ပါဘူး၊မဟုတ္လည္းက်န္႔က်န္႔ကက်န္႔က်န္႔အိမ္ျပန္ရမယ့္သူပဲေလ။အဲ့ေတာ့မေကာင္းေၾကာင္းေျပာေနတဲ့သူေတြကိုဂ႐ုစိုက္ဖို႔အခ်ိန္ဆိုတာမ႐ွိဘူး။

" သားေလး ႏိုးၿပီးလား "

ထမင္းစားခန္းထဲကိုဝင္ၿပီးထိုင္ခုံမွာထိုင္လာတဲ့သားေလးက်န္႔က်န္႔ကို​ေမးလိုက္ေတာ့ ေဒၚစုယြဲ႕ယြဲ႕ကိုသားက်န္႔က " ဟုတ္ကဲ့ " ဆိုၿပီး႐ို႐ိုေသေသျပန္ေျပာလာတာေၾကာင့္ ေဒၚစုယြဲ႕ယြဲ႕ကေခါင္းဆက္ဆက္ညိမ့္ျပလိုက္တယ္။

ဘိုးဘိုးဝမ္က်ိဳးလင္ကထမင္းစားပြဲခုံေ႐ွ႕ဆုံမွာထိုင္ၿပီးဘာမွဝင္မေျပာပဲဆန္ျပဳတ္ကိုသာစားေနသည္။
ေဒၚစုယြဲ႕ယြဲ႕က သားက်န္႔စားဖို႔အတြက္ဆိုၿပီးအေစခံကိုေအာ္ေခၚလိုက္တယ္။အေစခံအေဒၚႀကီးခ်ိဳးခ်ိဳးကေရာက္လာၿပီး ေျပာသည္။

" သခင္မစုယြဲ႕ ဘာမ်ားလိုပါသလဲ "

" သားက်န္႔စားဖို႔အတြက္ ဆန္ျပဳတ္ကိုပန္းကန္ထဲထည့္လာခဲ့ "

ဆန္ျပဳတ္တဲ့လား၊က်န္႔က်န္႔ဘဝမွာဆန္ျပဳတ္တစ္ခါမွမစားဖူးတာ၊က်န္႔က်န္႔ကဆန္ျပဳတ္မႀကိဳက္တာေၾကာင့္အန္တီစုယြဲ႕ယြဲ႕ကိုျပန္ေျပာလိုက္တယ္။

" က်န္႔က်န္႔ ဆန္ျပဳတ္မႀကိဳက္ဘူး ေကာ္ဖီနဲ႔ေပါင္မုန္႔မ႐ွိဘူးလား ေဖေဖကမနက္ဆိုက်န္႔က်န္႔အႀကိဳက္ေကာ္ဖီနဲ႔ေပါင္မုန္႔ေကြၽးေနက်ဆိုေတာ့ က်န္႔က်န္႔ကဆန္ျပဳတ္မစားတက္လို႔ပါ "

" ေအာ္ သားရယ္ အန္တီတို႔အိမ္ကလည္းေကာ္ဖီသိပ္ေသာက္တဲ့သူမ႐ွိဘူးဆိုေတာ့အန္တီကလည္း ေကာ္ဖီမဝယ္ထားတာ၊ေပါင္မုန္႔ကလည္းမဝယ္ထားမိျပန္ဘူး ဒီေန႔တစ္ရက္ေတာ့ဆန္ျပဳတ္စားလိုက္ေလ အန္တီကမနက္ျဖန္က် ေကာ္ဖီအထုတ္လိုက္ရယ္ေပါင္မုန္႔ထုတ္ရယ္ပါတစ္ခါတည္းဝယ္ထားလိုက္မယ္ေနာ္ "

" ေအာ္ အြန္းပါ ရပါတယ္ "

ကိုကို႔အိမ္ေရာက္မွမစားဖူးတဲ့ဆန္ျပဳတ္ကိုပထမဆုံးအႀကိမ္စားလိုက္ရတာပဲ ကိုကိုရယ္။ဆန္ျပဳတ္အရသာကလည္း ဘယ္လိုႀကီးမွန္းမသိဘူး။ဆားေတြအထည့္လြန္သြားတာထင္တယ္၊ငန္က်ိက်ိႀကီးနဲ႔

ကိုယ္ကအခုလက္႐ွိသူမ်ားအိမ္မွာေနရတာဆိုေတာ့ဘာမွသာဆက္မျငင္းေတာ့ပဲ ၿငိမ္ၿငိမ္ေလးအလိုက္တစ္သိ ဧည့္သည္ဆိုသည့္အတိုင္းေနလိုက္ရတယ္။

_____________________

" ဘယ္လိုဟာေလးလဲ မသိဘူး လူႀကီးေတြကိုဒုကၡေပးခ်င္ေနတာ !!! "

အေစခံအေဒၚႀကီးခ်ိဳးခ်ိဳးကစိတ္တိုတိုျဖင့္ပန္းကန္းေတြေဆးရင္းေဘးကသူ႕တူမျဖစ္သူခ်င့္ခ်ိဳးကိုျပန္ေျပာတယ္။တူရီးႏွစ္ေယာက္ကေတာ့အတင္းအၿမဲေျပာေလ့႐ွိတာဆိုေတာ့ က်န္တဲ့အေစခံေတြကသူတို႔ႏွစ္ေယာက္နဲ႔သြားမေပါင္းရဲၾကဘူး။

သြားေပါင္းရင္ တူရီးႏွစ္ေယာက္ကဟိုလူမေကာင္းေၾကာင္း ဒီလူမေကာင္းေၾကာင္းတစ္ေန႔ကုန္အလုပ္လုပ္ရင္းေျပာေတာ့တာပဲ။အတင္းေျပာတယ္ဆိုေပမယ့္တူရီႏွစ္ေယာက္စလုံးကအလုပ္လုပ္ရင္ေသသပ္ေတာ့၊အိမ္ကသခင္ႀကီးဝမ္က်ိဳးလင္နဲ႔ သခင္စုယြဲ႕တို႔သားဖႏွစ္ေယာက္ကသေဘာက်တာေပါ့။သခင္ေလးဝမ္ရိေပၚကလည္းသေဘာက်တယ္လို႔ေျပာရမယ္။သေဘာမက်တာဆိုလို႔သခင္ေလးဝမ္ရိေပၚရဲ႕ညီအငယ္ေလးပဲ။

" ဘယ္လိုဒုကၡေပးတာ ? "

တူမျဖစ္သူကလည္းအေဒၚကိုအလုပ္ေတြကူလုပ္ရင္းေျပာေတာ့ အေဒၚခ်ိဳးခ်ိဳးကလည္းျပန္ေျပာတယ္။

" နင္ကလည္းအတာ ! အခုအိမ္မွာေနတဲ့အသစ္ကေလးေလ ဘာမွန္းမသိဘူး အဲ့ေကာင္ေလးေ႐ွာင္းက်န္႔ရဲ႕အေဖက ငါတို႔သခင္ႀကီးထက္ႀကီးႀကီးတက္ခ်မ္းသာတယ္ဆိုတိုင္း အဲ့ေကာင္ေလးကမာနႀကီးေနတာ ဘာတဲ့ ဒီလိုေတာင္ေျပာေသးတာ က်န္႔က်န္႔ကမနက္ဆိုဆန္ျပဳတ္မစားတက္ဘူးတဲ့ ေဖေဖကေကာ္ဖီနဲ႔ေပါင္မုန္႔ေကြၽးေနက်တဲ့ေလ "

" အဲ့ေကာင္ေသးေသးေလးကသူ႕ကိုယ္သူ႕က်န္႔က်န္႔လို႔သုံးႏႈန္းတာေပါ့ "

" သူနာမည္ကေ႐ွာင္းက်န္႔ပါဆို နင္ကလည္းေျပာသာေျပာရတာ ေကာင္ေလးက႐ုပ္ရည္ေလးေတာ့မဆိုးဘူး ခ်စ္ေတာ့ခ်စ္စရာေလး ဒါေပမယ့္ငါေတာ့မႀကိဳက္ပါဘူးေအ "

" က်မေရာ စလာတည္းကအဲ့ေကာင္ေလးပုံကိုမႀကိဳက္ဘူး "

အေနာက္ကေနေက်ာခ်မ္းေအာင္စိုက္ၾကည့္ေနသလားလို႔ထင္လို႔ လွည့္ၾကည့္လိုက္ေတာ့ ဟိုေကာင္ေလးေ႐ွာင္းက်န္႔ျဖစ္ေနတယ္။

ကိုယ္ေတြတူရီးႏွစ္ေယာက္ကိုမ်က္ေစာင္းထိုးၿပီးအ႐ုပ္ကေလးပိုက္ကာရပ္ၾကည့္ေနတဲ့ေ႐ွာင္းက်န္႔​ကိုျမင္ေတာ့ တူရီးႏွစ္ေယာက္စလုံးကလန္႔ၿပီးမသိခ်င္ေယာင္ေဆာင္ကာပန္းကန္ေတြျမန္ျမန္ေဆးေနလိုက္သည္။

ေ႐ွာင္းက်န္႔ကေျခေဆာင့္ၿပီးအိမ္အျပင္ထြက္သြားေတာ့မွ တူရီးႏွစ္ေယာက္ကသက္ျပင္းခ်သြားရတယ္။

" အမယ္ သူကႀကီးေျခေဆာင့္ရေသးတယ္ "

" ဟုတ္ပ အန္တီရယ္ အံ့ဩလိုက္တာ !!! "

_______________________

" မင္းထိုင္ေနတာငါ့ေနရာ "

ဒန္းေပၚမွာအ႐ုပ္ကေလးပိုက္ကာထိုင္ေနတဲ့ေ႐ွာင္းက်န္႔က " ဟင္ " ဆိုၿပီး သူ႕ကိုေၾကာင္ၾကည့္လာတယ္။

ကိုကိုရဲ႕ညီဝမ္ရိခ်န္း! ေအးတိေအးစက္လူသားႀကီးပဲ!

" sorry က်န္႔က်န္႔က မသိလို႔ ! "

စလာတည္းက ေမေမကဒီေကာင္ေလးကိုပဲဂ႐ုစိုက္ၿပီးျပဳစုေနေတာ့သူလုံးဝၾကည့္မရခဲ့ဘူး။ေကာင္ေလးသတင္းကိုလည္းအကုန္ၾကားၿပီးၿပီ၊သနားစရာေလးဆိုေပမယ့္ မသနားႏိုင္ဘူး။

သူ႕အဘိဓၶာန္မွာသနားပါတယ္ဆိုတဲ့အဘိဓၶာန္ကလုံးဝမ႐ွိဘူး။အိမ္မွာအငယ္ဆုံးၿပီးဘယ္သူမွဘာမွမခိုင္းပဲအလိုလိုက္ထားတာကို၊အခုေတာ့ဒီေကာင္ေလးကေရာက္လာေတာ့ သူ႕ေနရာကိုဒီေကာင္ေလးကဝင္လုသြားေတာ့ အျမင္ကပ္တယ္ရယ္။

" ကိုကိုလာၿပီေနာ္ baby ! "

" ဟင္ ဘယ္ကို "

နားၾကပ္တပ္ၿပီးခ်စ္သူေကာင္မေလးကိုေျပာေနမွန္းမသိပဲ ေဘးကေနေကာင္ေလးေ႐ွာင္းက်န္႔ကထေျပာလာေတာ့ နားၾကပ္ျဖဳတ္ၿပီး ထိုေကာင္ေလးကို ျပန္ေျပာလိုက္ရတယ္။

" ငါ့ေကာင္မေလး "

" အာ ဟုတ္ "

ဂိမ္းေဆာ့ေနတာကိုေခါင္းေလးေစာင္းၿပီးၾကည့္လာေသာသူေလးကို ဝမ္ရိခ်န္းသတိထားမိသည္။မသိခ်င္ေယာင္ေဆာင္ၿပီးဂိမ္းသာဆက္ေဆာ့ေနလိုက္တယ္။

အခ်ိန္ေတာ္ၾကာတဲ့ဂိမ္းေဆာ့ၿပီးလို႔ မ်က္လုံးေတြကိုက္လာတာေၾကာင့္ ဖုန္းပိတ္ကာနားလိုက္သည္။ေဘးကေကာင္ေလးေ႐ွာင္းက်န္႔ကိုၾကည့္လိုက္ေတာ့အ႐ုပ္ကေလးပိုက္ၿပီးသူ႕ပခုံးေပၚေခါင္းမွီကာအိပ္ေပ်ာ္ေနတယ္။အခုခ်ိန္ထိုင္ရာကေနထလိုက္ရင္ ေကာင္ေလးကႏိုးသြားမွာစိုးတာေၾကာင့္ ဒန္းေပၚမွာသာဆက္ထိုင္ေနၿပီး ဖုန္းဖြင့္ကာအသံတိုးၿပီးဂိမ္းေဆာ့ေနလိုက္ရတယ္။

၂နာရီတိတိကိုယ့္ပခုံးမွာေကာင္းေကာင္းႀကီးႀကီးအိပ္ေပ်ာ္ေနတဲ့ေကာင္ေလးေ႐ွာင္းက်န္႔ကႏိုးလာေတာ့သည္။အိပ္ယာထခါစဆိုေတာ့မ်က္လုံးကိုလက္ျဖင့္ပြတ္ေနသည္။မ်က္လုံးကိုလက္ျဖင့္အားရပါရပြတ္လို႔ၿပီးမွ ကိုယ့္ကိုေၾကာင္ေတာင္ေတာင္စိုက္ၾကည့္လာေသာသူေလး။

" ငါ့ပခုံးေတြလည္းနာလွၿပီ ! မေကာင္းတက္လို႔သာ မင္းကိုမႏိုးတာ ! "

" ေတာင္းပန္ပါတယ္ က်န္႔က်န္႔တကယ္ေတာင္းပန္ပါတယ္ "

ေတာင္းပန္ပါတယ္လို႔ေျပာၿပီးအ႐ုပ္ကေလးပိုက္ကာထြက္ေျပးသြားေတာ့ ဝမ္ရိခ်န္းရဲ႕ စိတ္ထဲေတာ့

ဘာလားပဲ~~~~~~

ဟုေတြးမိသား။
_______________________

" မင္းဘာလို႔ ေ႐ွာင္းက်န္႔ကို ဝမ္အိမ္ေတာ္မွာေနခိုင္းရတာလဲ ဟမ္ !!! "

အေဖျဖစ္သူေ႐ွာင္းဖုန္းက အႀကီးက်ယ္ေအာ္ေျပာလာေတာ့သားျဖစ္သူဉီးေ႐ွာင္းက်ီမွာအေတာ္စိတ္ပ်က္သြားရတယ္။

အဲ့တာေတြေၾကာင့္သူ႕ကိုမေျပာျပခ်င္တာ၊ေျပာလိုက္ရင္ေနရာတကာကိုပါတယ္၊တမင္သက္သက္ဝမ္အိမ္ေတာ္ကိုေနခိုင္းတာလဲမဟုတ္ဘူး၊အေၾကာင္း႐ွိလို႔
ေ႐ွာင္းက်န္႔ကို ဝမ္အိမ္မွာေနခိုင္းရတာ။

အခုလည္းနားမေထာင္ခ်င္တဲ့စကားေတြလာေျပာေနေတာ့ ထိုင္ရာကထလိုက္ကာအျဖစ္မွန္သာေျပာလိုက္ရတယ္။

" က်န္႔လုေမ သူ႕ကေလးကိုျပန္ေခၚသြားမယ္တဲ့ "

ေ႐ွာင္းက်န္႔ရဲ႕အေမက်န္႔လုေမကသူဟာသူႏိုင္ငံျခာမွာေနာက္လင္နဲ႔ေအးေဆးေနတာကိုအခုက်မွဘာေတြစိတ္ကူးေပါက္ၿပီးသူ႕ေျမးေလးေ႐ွာင္းက်န္႔ကို ဘာလို႔ေခၚသြားမွာလဲ?

မေပးႏိုင္ပါဘူး မိန္းမယုတ္လက္ထဲကို.... ေပးလိုက္ရင္ ကေလးေလးပ်က္စီးသြားမွာ!

" ကြၽန္ေတာ္ကေလးေလးကို ေနာက္လင္ေနတဲ့မိန္းမလက္ထဲမေပးႏိုင္လို႔ ! ေ႐ွာင္းက်န္႔ကို ဝမ္အိမ္ေတာ္မွာခဏထားလိုက္ရတာပါ "

" မင္းလုပ္တာမွန္တယ္ ငါ့သား ! စကားမဆပ္ ခ်ဴးရင္တို႔သားမိေရာ ဒီကိစၥသိလား ! "

" ဟုတ္ကဲ့ ကြၽန္ေတာ္ေျပာျပထားပါတယ္ "

ေျမးမခ်ဴးမိန္႔ကသူေသာက္ဖို႔ဆိုၿပီးေရေႏြၾကမ္းေလးလာခ်ေပးေတာ့ " ေက်းဇူး ကြယ္ " လို႔အလိုက္တစ္သိျပန္ေျပာလိုက္တယ္။

ရိေပၚကခါတိုင္းဆိုသူတို႔အိမ္လာၿပီးခ်ဴးမိန္႔နဲ႔အတူစာေတြလုပ္ေနက်ပါ၊အခုက်မွဘာလို႔အိမ္ကိုမလာရတာလဲ?

သိခ်င္စိတ္ျဖင့္ေမးၾကည့္လိုက္ေတာ့ေျမးမေလးခ်ဴးမိန္႔ကျပန္ေျပာလာတယ္။

ရိေပၚကသူ႕သူငယ္ခ်င္းေတြနဲ႔ကမ္းေျခကိုညအိပ္သြားတာတဲ့ေလ~~~~~~

လူငယ္ဆိုေတာ့လြတ္လြတ္လပ္လပ္ေပ်ာ္ပါးၾကတာမဆန္းပါဘူးေလ။အျပစ္လည္းမတင္ပါဘူး၊ကိုယ္ေတြလူငယ္ဘဝတုန္းကလည္း သူငယ္ခ်င္းေတြနဲ႔ခရီးသြားညအိပ္ၾကတာပဲ။

ခ်ဴးမိန္႔က အေပၚတက္သြားေတာ့သားေ႐ွာင္းက်ီနဲ႔ေျပာေနတဲ့စကားကိုျပန္ဆက္ကာေမးလိုက္တယ္။

" က်န္႔လုေမက မင္းကိုစာပို႔ၿပီးေျပာတာလား "

" မဟုတ္ဘူး ဖုန္းဆက္ေျပာတာ ေကာ္ဖီဆိုင္မွာလာေတြ႕ပါတဲ့ "

" ဒါဆိုအေဖနဲ႔ခုသြားရေအာင္။ "

__________________________

က်န္႔လုေမခ်ိန္းထားတဲ့ေကာ္ဖီဆိုင္ကိုေရာက္ေတာ့အထဲဝင္သြားလိုက္တယ္။ေထာင့္နားေလးမွာေျခခ်ိတ္ကာထိုင္ေနတဲ့က်န္႔လုေမကိုေတြ႕ပါၿပီ။

က်န္႔လုေမက ေနကာမ်က္မွန္အထူႀကီးတပ္ထားရာကေနခြၽတ္ၿပီးစားပြဲေပၚတင္လိုက္တယ္။ကိုယ္ေတြသားဖႏွစ္ေယာက္အတြက္ဆိုၿပီး ေကာ္ဖီအဆင္သင့္မွာထားတယ္ဆိုလို႔~~~သားဖႏွစ္ေယာက္စလုံးက ကိုယ္စီေကာ္ဖီခြက္ေတြနဲ႔ ကိုင္ၿပီးတစ္ငုံေသာက္လိုက္တယ္။

က်န္႔လုေမကေတာ့မိန္းမသဘာဝအတိုင္း မွန္ေသးေသးယူၾကည့္ရင္း နီရဲေတာက္ေနတဲ့ႏႈတ္ခမ္းနီႀကီးကိုႏႈတ္ခမ္းေပၚဆိုးေနေတာ့ ဉီးေ႐ွာင္းက်ီကအရင္စကားစလိုက္တယ္။

" ငါ့ကိုဘာလုပ္ဖို႔ေခၚတာလဲ? "

" ငါကနင္ကိုတကယ္ေတာ့ေခၚတာမဟုတ္ဘူး ငါ့သားကိုေခၚခိုင္းခ်င္လို႔ နင့္ကိုေခၚလိုက္တာ နင္ကေတာ့ နင္ရဲ႕အသုံးမက်တဲ့အေဖႀကီးကို ေခၚလာျပန္တာေနာ္ "

အသုံးမက်တဲ့အေဖႀကီးလို႔ေျပာေတာ့ အေဖက မ်က္လုံးေတြျပဴးၿပီး လက္သီးေတြတင္းတင္းက်ပ္က်ပ္ဆုပ္ထားေတာ့ စိတ္ေလွ်ာ့ဖို႔သာ တိုးတိုးေလးေျပာလိုက္ရတယ္~~~~

" နင္ဟာေလ ခိုင္းရင္တလြဲလုပ္တက္တဲ့လူမ်ိဳး
လား ! "

" တလြဲလုပ္တာမဟုတ္ဘူး တမင္လုပ္တာ ! "

" အဟက္ ငါလည္းသိၿပီးသားမို႔ ႐ြဲ႕ေျပာေနတာ ငပိန္းေကာင္ရဲ႕ နင္လိုလူမ်ိဳးနဲ႔ဆက္ၿပီးေတာ့စကားေျပာစရာမ႐ွိလို႔ ငါသြားေတာ့မယ္ အာ စကားမဆပ္ ငါ့သားကိုနင္ေသခ်ာေပါက္ ငါ့ကိုျပန္ေပးရမွာ မဟုတ္ရင္ေတာ့ မနက္ျဖန္နင့္အိမ္လာၿပီးေသာင္းက်န္းမွာ ဆိုတာသိထားလိုက္! "

" နင့္လိုမိခင္စိတ္မ႐ွိတဲ့အေမက ကေလးကိုျပန္ေပးဆိုတဲ့စကားကိုဘာလို႔ေျပာထြက္ရဲတာလဲ? "

" အဲ့ဒါငါ့ေစာက္ေၾကာင္းပါ နင့္ေစာက္ေၾကာင္းမဟုတ္ဘူး ငါကအေမေနာ္ "

" အေမဆိုေပမယ့္ မိခင္မပီသတဲ့အေမ ! "

" ထင္ခ်င္သလိုသာ ထင္ပါ။ "

က်န္႔လုေမကေတာ့ေျပာၿပီးလို႔ေကာ္ဖီဆိုင္ထဲကေနထြက္သြားေတာ့မွ ေဖေဖက ထေျပာလာျပန္တယ္။

ကေလးကိုမေပးႏိုင္ဘူးေၾကာင္း ဘာလို႔မေျပာတာလဲဆိုၿပီးေဘးကေနဆူဆဲေနေတာ့ သက္ျပင္းခ်ၿပီးၿငိမ္နားေထာင္႐ုံသာ။

Continue Reading

You'll Also Like

618K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
81.3K 3.6K 20
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
665K 33.5K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...